Channel Myanmar

Horror

Bloodlust Zombies (2011) 4.3
Bloodlust Zombies (2011) Bloodlust Zombies (2011) ===================ဆေးဝါးထုတ်လုပ်ရေး ဓာတ်ခွဲခန်း တစ်ခုမှာ အလုပ်လုပ်တဲ့ ဂျုဒီဆိုတဲ့ သိပ္ပံပညာရှင် အမျိုးသမီး တစ်ယောက်ဟာ စစ်ပွဲမှာ အသတ်ခံလိုက်ရတဲ့ သူ့ယောင်္ကျားအတွက် ပြန်ပြီးကလဲ့စား ချေပေးဖို့ပဲ အမြဲတမ်းတွေးနေခဲ့ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လူတွေကိုသွေးဆာတဲ့ မကောင်း ဆိုးရွား Zombie တွေအဖြစ်ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့ virus ကို စမ်းသပ် အောင်မြင်သွားပြီး အမှားအယွင်းတစ်ခုကြောင့် virus ကပြန့်နှံ့သွားပါတော့တယ်။ virus ကိုပြန်ပြီး ထိန်းချုပ် နိုင်မလား၊ အားလုံးပဲသေသွားမလား ဘယ်သူ​တွေလွတ်မြောက် သွားမလဲဆိုတာကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ ဟာသလေး တွေလဲပါလို့ ပေါ့ပေါ့ပါးပါးလေးကြည့်ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်)File Size..........(1.61 GB) / (615 MB) / (375 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Momo Encoder..........SWM
movie

Bloodlust Zombies (2011)

2011
Waking Karma (2023) 4.5
Waking Karma (2023) Waking Karma (2023) =================ခါမာဆိုတဲ့ ကောင်မလေးဟာ သူ့မိခင်ဖြစ်သူဆန်နီနဲ့ နှစ်ယောက်တည်းနေထိုင်ပါတယ်။ သူတို့သားအမိနှစ် ယောက်ဟာ တစ်စုံတစ်ယောက်လက်ကနေလွတ်အောင် ပုန်းရှောင်ပြီးနေနေရတာပါ။ ပုန်းနေတာလုံပြီထင်ခါမှ တစ်နေ့ကျတော့ သူတို့ကိုလိုက်ဖမ်းနေတဲ့သူဆီကနေ စာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာ ပါတော့တယ်။သူတို့ ဘာကြောင့် ထွက်ပြေးနေရတယ်၊ သူတို့ကိုဘယ်သူက ဘာလို့လိုက်ဖမ်းနေတယ်၊ နောက်ဆုံးမှာ သူတို့ တကယ်ရော လွတ်မြောက်သွားနိုင်မှာလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ One time watch အနေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကား လေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.34 GB) / (451 MB) / (271 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie

Waking Karma (2023)

2023
Alone at Night (2022) 3.6
Alone at Night (2022) ဗစ်ကီဆိုတဲ့ကောင်မလေးဟာ Only fans ဗွီဒီယိုတွေရိုက်တဲ့ကိစ္စကြောင့် ဘဲနဲ့ပြတ်ပြီး နယူးယော့ခ်ကနေ သူ့သူငယ်ချင်းရှိတဲ့ နယ်မြို့လေးဆီကို စိတ်ပြေလက်ပျောက်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ နယူးယော့ခ်မှာ ကိုဗစ်လူနာတွေ အရမ်းများတာကြောင့် နယူးယော့ခ်ကနေလာတဲ့ ဗစ်ကီဟာ သူ့သူငယ်ချင်းဆီမှာ နေလို့မရဘဲ မြို့အစွန်အဖျား တောအုပ်ထဲက သူ့သူငယ်ချင်းရဲ့အမျိုးတွေပိုင်တဲ့ သစ်လုံးအိမ်တစ်ခုမှာ တစ်ပတ်တိတိ တစ်ယောက်တည်းနေရဖို့ ဖြစ်လာပါတယ်ဗျ။ သူဟာ တစ်ယောက်တည်း သစ်လုံးအိမ်ထဲမှာ only fans ဗွီဒီယိုတွေရိုက်ရင်း သူ့ရဲ့ ရက်သတ္တပတ်ကို ကုန်ဆုံးဖို့ စိတ်ကူးထားပေမဲ့ သံတူရွင်းတစ်ချောင်းနဲ့ မိန်းမငယ်လေးတွေကို လိုက်သဝာ်နေတဲ့ လူသဝာ်သမားတစ်ယောက် အဲ့ဒီ တောအုပ်ထဲကိုရောက်လာတဲ့အခါမှာတော့...။ Alone at night ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ဟာ သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လိုက်မင်းသမီး အက်ရှလေဘန်ဆင်ကလည်း တော်တော်လေးကို ဟော့တဲ့အပြင် ဘာခန်းညာခန်းအပျော့စားတချို့လည်း ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်မယ်ဆို သတိထားပြီးကြည့်ကြဖို့ ကြိုပြီးသတိပေးချင်ပါတယ်...။File size…(1.4GB)  / (771.64MB) / (529.79MB) Quality…. ...
movie

Alone at Night (2022)

The Purge (2013) 5.7
The Purge (2013) The Purge (2013)ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။~ ဇာတ်လမ်းအညွှန်း ~အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး ...
movie

The Purge (2013)

2013
Infinity Pool (2023) 6.7
Infinity Pool (2023) ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံကကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ်အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်..တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို ..ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် ...ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှားသောက်စားမူးရူးပြီး အပြန်လမ်းမှာနယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် ...ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့်စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ်နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကိုသေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် ..ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာသရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် ..ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင်သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ ...
movie

Infinity Pool (2023)

2023
4K HEVC
Bunshinsaba vs Sadako ( 2016 ) 6.8
Bunshinsaba vs Sadako ( 2016 ) ဂျပန် နိုင်ငံကနေပြီးတော့ ပြန်နှံ့လာခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်တစ်ခု...! ပိုပြီး ထူးဆန်းဖွယ်ကောင်းတာက အဲဒီ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတိုင်းဟာ ၇ ရက်အတွင်းမှာ အသေဆိုးနဲ့ သေဆုံးကြရတဲ့အခါ...?ဒီသတင်းဟာ အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့ပြီးလူတွေရဲ့ စိတ်ကို ဂယက်ထအောင် ခြောက်လန့်လို့နေခဲ့ပါတယ် ။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ကျောင်းတစ်ခုမှာ အဲဒီ ထိတ်လန့်ဖွယ် ကျိန်စာသင့် ဗီဒီယိုနဲ့ပတ်သတ်ပြီး ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတော့တယ် ။ အဲဒီအရာကတော့...?ဒီကျိန်စာဆိုးကြီးကို ဖြေရှင်းနိုင်ပါ့မလား ? ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာအတွင်းမှာ သူတို့တွေ ဘယ်အရာတွေ စတေးကြရဦးမှာလဲ ? ဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှူလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Bunshinsaba vs Sadako ( 2016 )

The 3rd Guest (2023) 4.2
The 3rd Guest (2023) The 3rd Guest (2023) ================အီဗီကန်းနက်သ်ဟာ စာရေးဆရာမတစ်ယောက်။ ဟာ့တ်ကန်းနက်သ်က ဓာတ်ပုံဆရာတစ်ယောက်။ သူတို့လင်မယားနှစ်ယောက်က သမီးလေးဆုံးပြီး တဲ့နောက် ဝိညာဉ်တွေနဲ့လိုက်ဆက်သွယ်ဖို့လုပ်ရင်း ဇာတ်လမ်းယူပြီး စာအုပ်ရေးကြတဲ့သူတွေပေါ့။တစ်နေ့ကျ သူတို့ကို အမျိုးသမီးတစ်ယောက်က အလုပ်လာအပ်ပါလေရော။ အဲ့အမျိုးသမီးရဲ့ ဆုံးသွား တဲ့ အဖေ့အမွေအိမ်ကို သူတို့ရောက်သွားပြီးနောက် ကြုံတွေ့လိုက်ရတဲ့အရာတွေက သူတို့ဘဝကိုတဖြည်း ဖြည်းနဲ့ ကမောက်ကမဖြစ်လာစေတဲ့အခါ....။(18+ဇာတ်ဝင်ခန်းအနည်းငယ်ပါတာကြောင့် မိသားစု နဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.34 GB) / (472 MB) / (263 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie

The 3rd Guest (2023)

2023
Entropy (2022) 5
Entropy (2022) ကင်ဆာရောဂါဖြစ်နေတဲ့ Abbey ဆိုတဲ့ကောင်မလေးဟာ တစ်ညမှာသူ့ချစ်သူ Miranda ရဲ့ သူငယ်ချင်းတွေနဲ့အတူညစာစားဖို့စီစဉ်လိုက်ပါတယ်ထိုအုပ်စုဟာလဲသာမာန်တွေမဟုတ်ဘဲနဲ့ အားလုံးဟာကိုယ့်ရောဂါနဲ့ကိုယ်ပါပဲ သူတို့ဟာ Cult တစ်ခုရဲ့အောက်လမ်းလိုလို ယဇ်ပူဇော်တာလိုလို နည်းလမ်းတစ်ခုကိုကျင့်သုံးပြီးတော့ Abbey ကိုပါဆွဲထည့်ဖို့ကြံစည်နေတာပါအဲဒီထဲကမှ Scott ဟာ အဲဒါရဲ့မူလအစကိုရှာဖွေလေ့လာကြည့်လိုက်တော့ နည်းလမ်းအမှားတွေဖြစ်ကြေညင်း အန္ဓာရာယ်များတဲ့နည်းလမ်းဖြစ်ကြောင်း သိလိုက်ရတော့ သူ့သူငယ်ချင်းတွေနဲ့ Abbey ကိုပြန်လည်ကယ်တင်နိုင်မလားဆိုတာ...File Size__(1.5GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt
movie

Entropy (2022)

Devil in the Lake (2022) 4.8
Devil in the Lake (2022) Devil in the Lake (2023)ရေကန်ရှိရင် ရေသရဲရှိတတ်ကြတာပဲဆိုပြီးတော့ ပြောကြတာပဲမလား... အင်းပိုင်ကြီးတို့ ကန်ပိုင်ကြီးတို့ ဆိုတာမျိုးတွေဆို မြန်မာမှာ ရှိတာပဲ။ အခုလည်း ဒီလိုပါပဲ ကိုရီးယားက ကန်ပိုင်ကြီးကားပဲ ဖြစ်မလားပေါ့ ကိုရီးယားက Horror ဆို တစိမ့်စိမ့်တွေး တရေးရေးပေါ်နေအောင် ရိုက်ပြတတ်လွန်းလို့ ဒီကားကို ညဘက်မကြည့်ဖို့တော့ တိုက်တွန်းပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ ..... ဘိုယောင်းက အကြွေးတွေပိနေလို့ အလုပ်ရှာရင်း အဘွားတစ်ယောက်ကို ပြုစုပေးဖို့ ရွာတစ်ရွာကို ရောက်လာခဲ့တယ် ဒါပေမဲ့ ကလေး ခေါ်မလာရဘူး ဆိုတဲ့ ကန့်သတ်ချက်ကြောင့် သမီးလေးကို ခိုးခေါ်ခဲ့တယ်ရွာကပဲ ကျိန်စာသင့်နေသလား? အပြင်လူ မခေါ်ရဘူးဆိုတာကြောင့်ပဲလား? တကယ်ပဲ ကန်က လူစားတာလားတော့မသိ ခဏခဏရေနစ်ပြီးသေကြတာပဲ...ဘိုယောင်းကလည်း အဘွားကိုပြုစုရင်းနဲ့ သူဌေးဖြစ်တဲ့အဘွားရဲ့ စိန်လက်စွပ်ကိုတိတ်တဆိတ်ရှာနေခဲ့တာ.. ဒါပေမဲ့ နောက်ဆုံးကျ လာခဲ့တာကိုပဲ နောင်တရနေခဲ့ရပါပြီဘိုယောင်းနေရာမှာ မင်းသမီး Park Ha Na သရုပ်ဆောင်ထားပြီး ဒါက movie ကိုမှ KBS ကနေ drama special series အနေနဲ့ပြန်တင်ဆက်ထားပါသေးတယ်ဘိုယောင်းနဲ့သမီးလေးတို့ ...
movie

Devil in the Lake (2022)

2022
Those Who Call (2023)
Those Who Call (2023)   မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် အနေဝေးနေခဲ့ကြတဲ့ ညီမနှစ်ယောက်ဟာ ဆက်ဆံရေးတွေ ပြန်လည်နွေးထွေးလာအောင် နှစ်ယောက်အတူ ခရီးထွက်ခဲ့ကြပါတယ်လမ်းတစ်ဝက်အရောက်မှာ မောင်းလာတဲ့ ကားဓာတ်ဆီကုန်ခါနီးမလို့ ဆီဆိုင် လိုက်ရှာရင်း ထူးဆန်းခြောက်ခြားဖွယ် မြို့ဟောင်း တစ်မြို့ကို ရောက်သွားပါတော့တယ်ဆီဆိုင်မပြောနဲ့ အိမ်တောင် တစ်အိမ်မှ မတွေ့ရတဲ့ ဒီမြို့ထဲ အရောက်မှာတော့ ဖုန်းလိုင်းတွေပါ ပျောက်သွားပါတော့တယ်ကံကောင်းစွာပဲ ညီအစ်မနှစ်ယောက်ဟာ ဆီဆိုင်ဟောင်းတစ်ဆိုင်ကို ရှာတွေ့သွားပါတယ် ဒါပေမယ့် ဆိုင်ပိုင်ရှင်ဟာ ညီအစ်မနှစ်ယောက်ကို တွေ့တွေ့ချင်းမှာပဲ ခါးခါးသီးသီးငြင်းလွှတ်ပြီး မြို့က အမြန်ဆုံးထွက်သွားဖို့ ပြောပါတော့တယ်အဲ့ဒီမြို့ဟောင်းကအထွက် သစ်တောတစ်တောထဲအရောက် ညအချိန်မှာတော့ ကားဆီပြတ်သွားကာ ညီအစ်မနှစ်ယောက် ကားထဲမှာ ထိုင်နေစဥ် ညီမဖြစ်သူက လူရိပ်တစ်ခုကို ခြောက်ခြားဖွယ် တွေ့ရှိလိုက်ပါတော့တယ်မနက်မိုးလင်း နိုးထလာချိန်မှာတော့ ညီအစ်မနှစ်ယောက်ဟာ ကားပေါ်မှာ မဟုတ်ဘဲ အောက်လမ်းပစ္စည်းတွေ ပတ်လည်ဝိုင်းနေတဲ့ တောလယ်တစ်နေရာကို ရောက်ရှိနေခဲ့ပါတယ်ထို့နောက် လူမမြင်ရဘဲ ကျောချမ်းဖွယ် တီးတိုးသံတွေကိုသာ မကြာခဏကြားနေရပါတော့တယ်ပျောက်သွားတဲ့ကားကို လိုက်ရှာရင်း ဆီဆိုင်ဟောင်းမှ လူရဲ့သွေးတစ်စက်စက် ကျနေတဲ့အလောင်းကို သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတာကို ...
movie

Those Who Call (2023)

Feast(2005) 6.2
Feast(2005) Feast(2005) ===========ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင်ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲသောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီးအပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကိုဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ်ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာမထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့်ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ  ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Feast(2005)

Cooties(2014) 5.7
Cooties(2014) Cooties(2014)============ကလင့်တ်ဟဒ်တ်ဆန်(Clint Hadson)ဆိုတဲ့ ကျောင်းဆရာတစ်ဖြစ်လဲစာရေးဆရာတစ်ယောက်ဟာ စာသင်ဖို့အတွက် သူငယ်ငယ်ကတက်ဖူးခဲ့တဲ့ကျောင်းကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီကျောင်းမှာ ရောဂါရှိနေတဲ့ ကြက်သားတုံးတွေစားမိတာကြောင့် ခူးတီစ်(cooties)လို့ခေါ်တဲ့ရောဂါဖြစ်ပြီး ကလေးတွေဟာဇွန်ဘီ (zombie)တွေဖြစ်ကုန်ကြပါတယ်။ ဒီခူးတီစ်ဖြစ်နေတဲ့ကလေးတွေက ကလင့်တ်နဲ့တခြားဆရာတွေကိုလိုက်ပြီးသတ်ကြတဲ့အခါမှာ သူတို့လက်ထဲကနေလွတ်အောင်ဘယ်လိုပြေးကြပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲဆိုတာကို သွေးသံရဲရဲတွေနဲ့အတူ ဟာသလေးနှောပြီးကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.62GB / 634MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

Cooties(2014)

5G: The Reckoning [Ascension] (2023) 4.5
5G: The Reckoning [Ascension] (2023) 5G: The Reckoning [Ascension] (2023) ============================="ညတွေဆို လေလွင့်လိုက်တာ တီတီတာတာလုပ်စရာလည်း မရှိဘူး" ဆိုပြီး လောင်နေကြတဲ့ FA ပရိသတ်ကြီးတို့အတွက် လောင်စရာအချိန်မရှိအောင် ပဟေဠိတွေ အများကြီးပေးမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကျောင်းတစ်ကျောင်းထဲမှာ ကျောင်းသူကျောင်းသား ရှစ်ယောက် ပိတ်မိနေကြရာကနေ စတင်လာတာပါ။ သူတို့အကုန်လုံး ပြင်ပကမ္ဘာ ကြီးနဲ့ လုံးဝအဆက်အသွယ်မရဘဲ အချင်းချင်းပဲ ဆက်သွယ်လို့‌ရနေ ကြတာ ထူးဆန်းစရာတစ်ခုဖြစ်လို့နေပါတယ်။ပိုလို့ထူးဆန်းတာက တစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ကူးစက် ခံလာရပြီး ဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ပျံ့လို့ပျံ့မှန်းမသိတွေ ဖြစ်နေ ကြတာပါ။ အကြောင်းရင်းမရှိ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေ လူသေဆုံးမှုတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ ဒွိဟတွေနဲ့ တွေးလေတွေးလေ လိုက်မမီလေဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပဲ ဆိုပါတော့။အဲဒီဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ကူးစက်လာတာလဲ ? သူတို့က ဘာကြောင့် ပိတ်လှောင်ခံထားရတာလဲ ? အသက်ရှင်ကျန်နေရစ်မဲ့သူက ဘယ်သူလဲ ? စတဲ့ မေးခွန်းပေါင်းများစွာကတော့ ဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့ အချိန်မှာ တက်လာခဲ့တဲ့ မေးခွန်းတွေပါပဲ။ ဒီတော့ ခေါင်းစားရတာ ကြိုက်တဲ့ CM ပရိသတ်တို့ အကြိုက်တွေ့ကြမဲ့ ဇာတ်လမ်းမျိုးမို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie

5G: The Reckoning [Ascension] (2023)

2023
Kisaragi Station (2022) 5.7
Kisaragi Station (2022) ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ်ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ...သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar ...
movie

Kisaragi Station (2022)

The Leech (2022) 5.5
The Leech (2022) The Leech (2022) =============အခုတင်ဆက်ပေးမယ့်ကားလေးက အစပိုင်းမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဟာသလေးတွေ ထည့်သွင်းတင်ဆက်ထားပြီး ဇာတ်လမ်း အရှိန်ရလာတာနဲ့ တစ်ပြိုင်နက် Horror ဖက်ကို ကူးပြောင်းသွားတဲ့ ပုံစံကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အစနဲ့အဆုံးဟာ အတော်ကိုမှ မထင် မှတ်ထားလောက်အောင် ကွာခြားသွားတာကို မြင်တွေ့ရမှာပါ။ဇာတ်လမ်းအစမှာ ဘာသာရေးအရမ်းကိုင်းရှိုင်း ပြီး တစ်ဘဝလုံးကို ဘုရားသခင်ဆီပုံအပ်ထားတဲ့ ဖာသာ ဒေးဗစ်က တရားဟောပွဲ ထဲမှာ လာအိပ်နေတဲ့ တယ်ရီကို တွေ့ဆုံရပြီး အမျိုးမျိုး အကူအညီပေးရာက နေစလို့ ဇာတ်အိမ်တည်ထားတယ်လို့ပြောရပါမယ်။ ဘာသာရေးအလွန် ကိုင်းရှိုင်းပြီး သဘောကောင်းလှတဲ့ ဖာသာဒေးဗစ်နဲ့ ဖြစ်သလိုနေဖြစ်သ လိုစား ဟစ်ပီဆန်ဆန် တယ်ရီတို့ရဲ့ အမြင်၊ စိတ်ကူး၊ စောင့်ထိန်းမှုတွေက အလွန့်အလွန်ကိုကွဲပြားလှပါတယ်။သို့သော်လည်း တယ်ရီ နဲ့ လက်ဆီ(တယ်ရီရဲ့ရည်းစား) ကို သဘောကောင်း လှတဲ့ ဖာသာဒေးဗစ်က နေစရာနေရာပေးခဲ့ပါတယ်။ အဲဒီကစလို့ ဖြစ်ပျက် လာမယ့် အလွဲလေးတွေနဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဇာတ်လမ်းကျော ရိုးကိုတော့ အောက်ကလင့်တွေကနေ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်)File Size..........(1.1 GB) / (350 MB) ...
movie

The Leech (2022)

2022
The Loved Ones(2009) 6.6
The Loved Ones(2009) The Loved Ones(2009)==================အထက်တန်းကျောင်းသား ဘရန့်ဟာ ကားမတော်တဆမှုတစ်ခုမှာသူ့အဖေကို ဆုံးရှုံးပြီးကတည်းက စိတ်ဒဏ်ရာနဲ့ ဘဝကို ပစ်စလက်ခတ်ဖြတ်သန်းနေတဲ့ သူပါ။သူ့အဖေဟာ သူ့ကြောင့်သေရတာဆိုပြီးကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်နဲ့ ဆေးခြောက်တွေချတဲ့အပြင်ကိုယ့်ကိုကိုယ်လည်း ဘလိပ်ဓားနဲ့ မွှန်းတတ်ပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက်က သူ့ကိုမေ့ဆေးအုပ်ပြီး ပြန်ပေးဆွဲသွားပါတယ်။ဘရန့်နိုးလာတဲ့ အချိန်မှာတော့ သူဟာ သူ့အတန်းထဲကကောင်မလေး လိုလာ တို့အိမ်မှာရောက်နေတာကို တွေ့လိုက်ရပါတယ်။လိုလာဟာ ဘရန့်ကို ကြိုက်နေသူဖြစ်ပြီး ဘရန့်ကိုလည်း ကျောင်းကပွဲကိုသူနဲ့ အတူသွားမလားလို့ မေးခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဘရန့်ကတော့ငြင်းလိုက်ပါတယ်။ သူငြင်းလိုက်တဲ့ လိုလာနဲ့ သူ့အဖေဟာ စိတ္တဇလူသတ်သမားတွေဖြစ်ကြပြီး လူတွေကို ရက်ရက်စက်စက်အမဲဖြတ်ရတာကိုပျော်ရွှင်တဲ့လူတွေဖြစ်ကြောင်း ဘရန့်သိလိုက်ရတဲ့ အချိန်မှာတော့သူဟာ သူတို့သားအဖရဲ့ အကျဉ်းသားဖြစ်နေပါပြီ။ဘရန့်တစ်ယောက် စိတ္တဇသားအဖနှစ်ယောက်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာအသည်းတယားယားနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။Horror/Thriller အမျိုးအစားဖြစ်ပြီး သွေးသံတရဲရဲနဲ့ စိတ်ညစ်ညူးဖွယ်အခန်းတွေများတာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ၊နှလုံးရောဂါအခံရှိသူတွေတော့ သတိထားကြည့်သင့်ပါတယ် ခင်ဗျ။ (ဘာသာပြန်နှင့်အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.16GB / 484MB Quality…Blu-Ray ...
movie

The Loved Ones(2009)

Phone ( 2002 ) 6.1
Phone ( 2002 ) Ha Ji-won ရဲ့ 2002 က ထွက်ရှိခဲ့တဲ့ Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဒီကားလေးလေးဟာဆိုရင် ကွာလတီက ဒီလောက်ပဲရနိုင်လို့ ရနိုင်သမျှ အကောင်းဆုံး ကွာလတီနဲ့တင်ဆက်ပေးလိုက်ရပါတယ်ဂျီဝန်းတစ်ယောက် သတင်းထောင်ဘဝကနေအနားယူချိန်ကစပြီး အမည်မသိခြိမ်းခြောက်ဖုန်းတွေ ဝင်လာခြင်းကိုကြုံရပါတော့တယ် စာရေးဆရာမဖြစ်ချင်တဲ့သူ့ရဲ့စိတ်ကူးကိုအ​ကောင်အထည်ဖော်ဖို့ သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာ စာရေးရင်း အမည်မသိဖုန်းနံပါတ်ကနေ မိန်းကလေးတစ်ဦးရဲ့အသံကိုကြားခဲ့ရပါတယ်တစ်နေ့ ဖုန်းလာတဲ့အချိန် ဂျီဝန်းသူငယ်ချင်းရဲ့သမီးဖြစ်သူက ဖုန်းကိုကိုင်လိုက်ရာကနေ သူတို့မိသားစုမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေ စပြီးဖြစ်လာတော့တာပဲဂျီဝန်းတစ်ယောက် ဖုန်းရဲ့နောက်ကွယ်ကအကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုထူးဆန်းတဲ့လှည့်ကွက်တွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာ ကျောချမ်းချမ်းနဲ့စောင့်ကြည့်လိုက်ကြပါဦး [ Reviewed By Shoon Thu Thu Chain ] Quality : DvdRip Format : mp4 Genres : Horror , Mystery , Thriller Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Phone ( 2002 )

Haunted Valley (2022) 4.3
Haunted Valley (2022) Haunted Valley (2022) =================သရဲခြောက်တယ်လို့ သတင်းကြီးတဲ့ Haunted Valley လေးကို ခံစားကြည့်ကြပါဦး။ အဲ့ဒီတောင်ကြားမြို့ရဲ့ လမ်းမထက်မှာ ဒါမှ မဟုတ် လမ်းကြိုလမ်းကြားမှာ လေလွင့်နေတဲ့ဝိဉာဉ်တွေ သွားလာ နေတတ်ကြပါတယ်။ သူတို့ဝင်ပူးလို့ရမယ့်သူကို ရှာနေရင်းနဲ့ မကောင်း ဆိုးဝါးတွေကို ဗိုင်းရပ်ပိုးလို ဖြန့်ဖို့အခွင့်ကောင်းကို စောင့်နေကြတယ် လို့ဆိုပါတယ်။ဘက်သနီတို့အိမ်က သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးအိမ်တွေ ထဲကတစ်အိမ်နဲ့ တစ်လမ်းတည်းရှိပါတယ်။ စစဦးဆုံးသတိထားမိတာ ကတော့ ဘက်သနီရဲ့ သားနဲ့သမီးပေါ့။ တစ်ခါတစ်လေ ပုံစံမမှန်တဲ့ဝိဉာဉ် ကိုတွေ့ရသလို၊ တစ်ခါတစ်လေ မိန်းမကြီးပုံစံလည်းတွေ့ရတတ်ပါတယ်။ဘက်သနီကလည်း သူ့ခင်ပွန်းကနောက်အိမ်ထောင်ပြုတော့မှာမို့ စိတ် ရှုပ်နေပြီး စိတ်ဓါတ်အကျဆုံးအချိန်ကိုရောက်နေတာမို့ လေလွင့်နေတဲ့ ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုမျိုးအခွင့်အရေးရှာပြီး ဝင်ပူးဖို့လုပ် မလဲဆိုတဲ့အဖြေကို စောင်လေးခြုံ၊ မီးလေးပိတ်ပြီး ကြည့်ကြည့်လိုက်ပါ တော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.79 GB) / (660 MB) / (424 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Jo Jo Va Encoder..........SWM
movie

Haunted Valley (2022)

2022
Legions (2022) 5.1
Legions (2022) Legions (2022) ============Horror ဇာတ်ကားကောင်း ကြိုက်သူများအတွက် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ဇာတ်ကားတစ်ကား တင်ဆက်ပေး လိုက်ပါတယ်။အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ် ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီး လေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ် အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တို နီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူး ထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီး အယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစား လာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လို တားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ဒီဇာတ်ကားက မိစ္ဆာတွေ နတ်ဆိုးတွေ အပနှင်တာတွေပါတဲ့ Horror ကားမျိုးကြိုက်နှစ်သက်တွေအတွက် ...
movie

Legions (2022)

2022
Viking Wolf (2022) 5.4
Viking Wolf (2022) Viking Wolf (2022)လွန်ခဲ့သော နှစ်တစ်ထောင်က ဗိုက်ကင်းမျိုးနွယ်စု အကြီးအကဲ ဂတ်ဘရန်ဟာ သင်္ဘောအစင်း ၂၀ နဲ့ အတူ နော်မန်ဒီကို ဓားပြတိုက်ဖို့ ခရီးဆက်ခဲ့တယ်...ဘုရားကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ခန်းတစ်ခုကို တွေ့ခဲ့တယ်။ ဘုန်းတော်ကြီးတွေက အထဲကို မဝင်ဖို့ တောင်းပန်ကြပေမယ့် လောဘသား ဗိုက်ကင်းတို့ဟာ စကားကို နားမဝင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ငရဲခွေးကြီးဟာ လွတ်သွားတယ်။ အပြန်လမ်းထိ ဗိုက်ကင်းတွေနဲ့အတူ လိုက်ပါလာခဲ့ပြီး သူတို့သင်္ဘော နော်ဝေကို မဆိုက်ခင်မှာ ဗိုက်ကင်းတွေအကုန် သေသွားခဲ့တယ်။ ဒီသတ္တဝါကြီးတစ်ကောင်တည်းသာ ကုန်းပေါ်ကို ရောက်ပြီး နော်ဒစ်အမည်ရတဲ့ တောနက်ကြီးထဲကို ဝင်သွားခဲ့သတဲ့...---------------------ယခုလက်ရှိအချိန်... လစ်ဗ်နဲ့ သာလာတို့ သားအမိဟာ နီဘိုဆိုတဲ့ မြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာတဲ့သူတွေပေါ့။ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ပထွေးနဲ့ နေရတဲ့ သာလာဟာ မြို့သစ်လေးမှာ စိတ်ပြေလက်ပျောက် ဂျိုးနက်စ်ဆိုတဲ့ ကောင်လေးနဲ့ အပေါင်းအသင်းဖွဲ့မိပါတယ်။တစ်နေ့တော့... လူငယ်တွေဟာ ပင်လယ်အော်တစ်နေရာမှာ စခန်းချရင်း သောက်ကြစားကြ ...
movie

Viking Wolf (2022)

2022