Channel Myanmar

Horror

Neelavelicham (2023) 6.4
Neelavelicham (2023) Neelavelicham (2023) IMDb 6.5ဟောင်းနွမ်းပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လျှောက်လမ်းကိုတောင် ဖုံးအုပ်နေတဲ့ ခြံကြီးတစ်ခြံ... ဒီခြံကြီးထဲမှာ နွယ်တွေရစ်ပတ်နေတဲ့အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး...ညဘက်အမှောင်ထဲကြည့်လိုက်မိရင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုး ချောက်ချားဖွယ်အတိပေါ့ အဲဒီမြိုထဲကလူတွေဆို ဒီခြံရှေ့ နေ့ခင်းကြောင်တောင်တောင် ဖြတ်မသွားရဲလောက်အောင် အခြောက်အလှန့်ကလည်း ကြမ်းမှကြမ်း..ဒီအိမ်ကြီးမှာ ဇာတ်လမ်းကလည်းရှိခဲ့တာကိုး အချစ်ကို ဆုံးရှုးခဲ့ရလို ခြံပိုင်ရှင်သမီးလေးတစ်ယောက် ရေတွင်းထဲခုန်ချပြီး အစိမ်းသေသေခဲ့ရတယ် အဲဒီနောက်ပိုင်း ယောကျာ်းတွေကို မုန်းတီးပြီး သရဲအနေနဲ့ ခြံကိုလည်း စောင့်ရှောက် တွေ့သမျှလူတိုင်းလည်း ခြောက်လှန့်တယ်လို ဆိုကြတယ်ဒီခြံကို မအူမလည်နဲ့ ငှားမိသွားတာက စာရေးဆရာပေါက်စ ..ဈေးကလည်းအတော်တန်တော့ ၂လစာငွေချေပြီး ငှားလိုက်မိတယ် သူဒီခြံထဲကို ပြောင်းလာတာပါလိုမိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြတယ် ဒီလိုနဲ့ သူတစ်စတစ်စတွေ့တွေ့လာရတဲ့ ချောက်ခြားမှုတွေ...ခြံကလည်းထပ်ငှားဖိုရာ ပိုက်ဆံမရှိလေတော့ ဒီခြံထဲက မမြင်ရတဲ့ အစိမ်းသေနဲ့သူဘယ်လိုနှစ်ပါးသွားမလဲ...ဇာတ်လမ်းက မပေါ့သွားမဲ့ဇာတ်လမ်းဖြစ်တာမို သရဲကားကြိုက်ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲရှင် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,Khin နဲ့ BpL တိုပဲဖြစ်ပါတယ်) File ...
movie

Neelavelicham (2023)

2023
Ghost Is All Around (2016) 7.3
Ghost Is All Around (2016) "Ghost Is All Around 2016"သာ့ အဖြစ် Weir Sukollawat Kanarot ခက် အဖြစ် Gypso Ariigantha Mahapreukping အော့တ် အဖြစ် Best Nathasit Kotimauswanich မွတ် အဖြစ် Jesse Mekwattanaဇာတ်လမ်းအကျဉ်းဒီကားထဲမှာတော့ ထိုင်းသင်္ကြန်ပိတ်ရက်ရှည် 11.12.13 ကို ဇာတ်လမ်း ၃ ခုပေါင်းပြီးပြသထားတာပါ11 မှာတော့ သာ့ဆိုတဲ့ပလေးဘွိုင်းဟာ သူ့ရဲ့လက်ရှိစော်နဲ့ပြတ်ချင်နေပေမယ့် မပြတ်သားနိုင်တဲ့ကောင်မလေးဘက်က သူနဲ့ပြတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့တော့တယ်ဒီလိုကနေကောင်မလေးကသတ်သေသွားပြီး သူ့ကိုဘယ်လိုတွေလိုက်ပြီးခြောက်လှန့်နေဦးမလဲ....12 မှာတော့ မွတ် ဒိန် ကေ အော့တ်တို့သူငယ်ချင်းတစ်ဖွဲ့ဟာ အတူနေအတူစားတဲ့ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့တစ်နေ့မှာ မွတ်ကားမတော်တဆဖြစ်ပြီး သူ့သူငယ်ချင်းတွေက သူ့ကိုသေသွားပြီထင်ကြပြီးကြောက်လန့်နေခဲ့ကြတယ်ဒီလိုနဲ့သူတို့သူငယ်ချင်းကိုကောင်းရာမွန်ရာရောက်အောင် ဘယ်လိုလုပ်ပေးရမှာလဲ နည်းလမ်းရှာကြရင်း ဘယ်လိုတွေထိတ်လန့်စရာတွေကြုံကြရမလဲ မွတ်ကရောတကယ်ပဲသေသွားသလား....13 မှာတော့ ဂျိန်နဲ့ခက်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ချင်းမိုင်သင်္ကြန်သွားလည်ဖို့ချိန်းဆိုကြရင်းဂျိန်ကလေဆိပ်အသွားမှာ ကားမတော်တဆဖြစ်ပြီးပွဲချင်းပြီးသေသွားပါတယ်ဒါပေမဲ့ ဂျိန်ဟာ သူ့ကိုယ်သူသေသွားတာလဲမသိပါဘူး သူ့သူငယ်ချင်းမလေးခက်နဲ့ချင်းမိုင်ထိလိုက်သွားလည်ခဲ့တာပေါ့သရဲကြောက်တတ်တဲ့ခက်က သူ့သူငယ်ချင်းသေသွားပြီး သရဲဖြစ်နေတယ်ဆိုတာဘယ်အချိန်မှာဘယ်လိုသိသွားမလဲသူတို့တည်းတဲ့ဟိုတယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းပြီးခြောက်ခြားနေရမလဲဆိုတာတွေကိုဇာတ်လမ်းထဲကြည့်ရှုလိုက်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ ...
movie

Ghost Is All Around (2016)

The Rise of the Beast (2022)
The Rise of the Beast (2022) 2022ထွက် horror ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်ကားခေါင်းစဉ်ကြည့်ပြီးတော့တော့ transformer ရဲ့နောက်ဆုံးထွက်မဲ့ကားနဲ့တော့မမှားပါနဲ့ဦး ဇာတ်လမ်းအကျဉ်းကတော့ သဘာ၀ပတ်၀န်းကျင်တက်ကြွလှုပ်ရှားသူတစ်စုက company တစ်ခုရဲ့လျှို့ဝှက်စမ်းသပ်ခန်းတစ်ခုကို ခိုး၀င်ပြီး သူတို့ရဲ့တရားမ၀င်စမ်းသပ်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ကြတာပါ ဒါပေမဲ့ အဲဒီစခန်းမှာ စမ်းသပ်ခံတိရိစ္ဆာန်ကြီးတစ်ကောင်လွတ်‌နေပြီး သူတို့ထင်ထားတာနဲ့ မတူတဲ့အရာတွေကိုကြုံတွေ့ကြရတဲ့အချိန်မှာတော့...... သူတို့သူငယ်ချင်းတစ်စုဘာတွေတွေ့ကြုံရမလဲ အဲဒီစခန်းထဲကရောလွတ်မြောက်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမှာပါ ဒါရိုက်တာ Jack Ayersရိုက်ကူးထားပါတယ်။File size…(1 GB)/(500 MB)/(230 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre...Horror, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing
movie

The Rise of the Beast (2022)

Bayi Ajaib(2023) 6.6
Bayi Ajaib(2023) Bayi Ajaib(2023)**************ကိုဆင်တစ်ယောက် မြစ်ထဲမှာ ရွေကျင်ရင်း ရွှေတုံးကြီးကြီးရပြီးနောက် သူဌေးဖြစ်သွားပါတယ်။ ငွေကြေးပြည့်စုံပြီဆိုတော့ ဇနီးဖြစ်သူလာရာနဲ့ ရွာမှာပဲအခြေချကာ ရွာကောင်းကျိုးပဲ သယ်ပိုးဖို့ကြံပါတော့တယ်။ ဇနီးသည်လေးကလည်း ကိုယ်လေးလက်ဝန် နေ့စေ့လစေ့မီးဖွားခါနီးကြီးပါ။ တစ်နေ့ ဇနီးသည်ဟာ မီးနေသည်ပြပြီးပြန်အလာ လမ်းမှာ ခွေးလိုက်ဆွဲတာနဲ့ ပြေးရင်းပြေးရင်း တောနက်ထဲရောက်မှန်းမသိရောက်သွားပါတယ်။ ရောက်သွားတဲ့နေရာမှာ လူတစ်ယောက်ရဲ့ အုတ်ဂူရှိနေပြီး အချိန်က လကြတ်ည။ လကြတ်ညမှာ ကလေးတွေနဲ့မိန်းမတွေ အပြင်မထွက်ရပါဘူး၊ နတ်ဆိုးဖမ်းစားတတ်လို့ပါ။ အခုတော့ ကိုယ်ဝန်ဆောင်တစ်ယောက် လကြတ်ည အုတ်ဂူတစ်ခုဘေးမှာ....။ ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလိုရိုက်ကွင်းရိုက်ကွက်၊သရုပ်ဆောင်မှုတွေလည်း ခပ်ပေါ့ပေါ့မဟုတ်တဲ့အတွက် Horror ကြိုက်သူများမြည်းစမ်းကြည့်သင့်ပါကြောင်း...File Size :(1.6GB) and (652MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Bayi Ajaib(2023)

Rupture (2016)
Rupture (2016) Rupture (2016)ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ...အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, ...
movie

Rupture (2016)

2016
Wolf Mountain (2022)
Wolf Mountain (2022) Wolf Mountain (2022)~ Rotten Tomatoes - 83% ~လွန်ခဲ့တဲ့နှစ် ၂၀ က ဇနီးမောင်နှံတစ်တွဲဟာ ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ သားလေးကတော့ Aj ပါပဲ။ Aj ဟာ အိပ်မက်ဆိုးတွေအမြဲမက်တတ်ပါတယ်။ အိပ်မက်ထဲမှာ သူအမြဲမြင်နေတဲ့အရာတွေကတော့ သူ့အဖေနဲ့ အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်က တွန်းချလိုက်တာပါပဲ။ ဒါကို Aj ဟာ Psychiatrist တစ်ယောက်နဲ့ ကုသနေရပါတယ်။ ဒီ ဆရာဝန်ဟာ Aj ကို ဒီထက်ရှင်းသွားချင်ရင် ဒီကိစ္စတွေဖြစ်ခဲ့တဲ့ ဝံပုလွေတောင်ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဖို့ အကြုံပြုလိုက်ပါတယ်။Aj ကို မိဘတွေဆုံးပါးသွားကတည်းက သူ့မိဘတွေရဲ့ မွေးစားခဲ့တဲ့ အကိုဖြစ်သူ Max ကနေ လူလားမြောက်အောင် ပြုစုပျိုးထောင်လာခဲ့တာပါ။ ခုချိန်မှာတော့ Aj ဟာ မိန်းမဖြစ်သူ Sam နဲ့အတူ မိသားစုလေးတစ်ခုတောင် ရတော့မှာပါ။ ဒါပေမဲ့ ...
movie

Wolf Mountain (2022)

2022
Perempuan Bergaun Merah (2023) 5.6
Perempuan Bergaun Merah (2023) Perempuan Bergaun Merah (2022)IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူ ကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။ အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီး ခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File ...
movie

Perempuan Bergaun Merah (2023)

2023
Hair-Trigger(2022) 6.5
Hair-Trigger(2022)  IMDb Rating/(6.5)ဖောက်ထွင်းဝိဇ္ဇာ ဂျန်နာ ဆိုတဲ့ အမျိုးသမီးဟာ ထောင်ကျပြီး ကောင်းကောင်းမွန်မွန်နေထိုင်တာမို့ ထောင်ကလွတ်လာတာ မကြာသေးပါဘူး လောလောဆယ် စားပွဲထိုးအလုပ်ကိုလုပ်ကိုင်နေပေမယ့် မိသားစုဝင်တစ်ယောက်ရဲ့ ဆေးဖိုးစရိတ်ကို ကူထမ်းနိုင်ဖို့အရေး ငွေကြေးခက်ခဲနေသူ... သူ့ဆီကို လူတစ်ယောက်ယောက်လာပြီး ရတနာဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းဖို့ ကမ်းလှမ်းလာခဲ့တယ် မက်မက်မောမော ငွေကြေးရမယ်ဆိုတော့ သူလည်း သူစိမ်းအုပ်စုနဲ့တူ လုပ်ကိုင်ပါတော့တယ် ဖောက်ထွင်းပြီးနောက် သူတို့အုပ်စုဟာ စီစဉ်ထားတဲ့အတိုင်း မိုတယ်မှာ မရှောင်ဖြစ်ဘဲ ဘယ်ကမှန်းမသိတဲ့ အိမ်တစ်လုံးမှာ ခေတ္တခိုလှုံကြတဲ့အခါ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်လာရပါတော့တယ်... Rating လည်း 6.5 အထိရရှိထားတာမို့ ကြည့်ကောင်းမယ့်  movieတစ်ကား ဖြစ်ပါကြောင်း...(ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်သူကတော့ Mugiwara Yaဖြစ်ပါတယ်။) File size…(1.3 GB)/(527 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:23:20 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Mugiwara Ya 
movie

Hair-Trigger(2022)

End Call (2008) 5.1
End Call (2008) အကယ်၍ သင်သာ ဖုန်းတစ်ကောလ် ခေါ်ရုံနဲ့ လိုချင်တဲ့ တောင်းဆုတစ်ခု ပြည့်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ...‌ခေါ်လိုက်မှာလား...ဒီဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူတွေအကြား ပျံ့နှံ့နေတဲ့ ကောလဟာလလေး တစ်ခုရှိနေပါတယ်...အဲ့ဒါကတော့ နတ်ဆိုးတစ်ပါးဆီ ဖုန်းဆက်ပြီး လိုချင်တဲ့ ဆုလေးတောင်းမယ် အပြန်အလှန်အနေနဲ့ ဖုန်းခေါ်တဲ့ ကြာချိန်ကို ကိုယ့်အသက်ထဲက ဖဲ့ပေးမယ်ဆိုတာပါပဲ...ကြားရတဲ့အတိုင်းဆို သိပ်ကို လွယ်ကူရိုးရှင်းလွန်းပါတယ်... နတ်ဆိုးဆိုတဲ့အမျိုးက ဒီလောက်နဲ့တင် အလဲအလှယ်လုပ်မယ်တဲ့လား… ဆုတောင်းသူတွေကို နတ်ဆိုးက ဘယ်လိုတွေ ချုပ်ကိုင်သွားမလဲ... ဘယ်အတိုင်းအတာထိ ခံစားစံစားကြရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2GB) / (850MB) Quality__WebDL_1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:34:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

End Call (2008)

House of Inequity (2023)
House of Inequity (2023) အကြောက်တရားဆိုတာ ကိုယ့်ရဲ့ရန်သူပါပဲတဲ့။ ဒါဆိုရင် အကြောက်တရားဆိုတဲ့အရာကဘာများပါလဲ။ လောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ အကြောက်တရားလည်းအပါအ၀င်ဖြစ်ပါတယ်။ ဘာလို့ဆို အကြောက်တရားက လူတွေရဲ့စိတ်ကိုသာမက ရုပ်ပိုင်းဆိုင်ရာအထိပါထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။ လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတာပါပဲ။ ဒီအကြောက်တရားကိုရင်ဆိုင်မလား အရှုံးနိမ့်ခံမလားကတော့ ကိုယ်ကိုယ်တိုင်ရဲ့ရွေးချယ်မှုပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အင်တာနက်မှာ ခေတ်စားနေတဲ့အိမ်အိုကြီးဆီ ခရီးထွက်လာတဲ့သူငယ်ချင်းတစ်စုကိုမြင်ရမှာဖြစ်ပါတယ်။ အစက ဓါတ်ပုံရိုက်ဖို့အတွက်သာဆိုပေမဲ့ အိမ်ထဲ၀င်စပ်စုကြရင်း ‌ညမှောင်သွားတဲ့အခါ ဘယ်လိုအကြောက်တရားတွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သာမန်horrorဇာတ်ကားတွေလို ခေါက်ရိုးကျိုးဇာတ်လမ်းဖြစ်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကြောက်စိတ်နဲ့နှိုင်းယှဉ်ရင်း အတွေးများစေတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။  File size…(1.52 GB)/(790 GB)/(390 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe  
movie

House of Inequity (2023)

Angel Heart (1987)
Angel Heart (1987)   လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် ...
movie

Angel Heart (1987)

Mandao Returns (2022) 7.2
Mandao Returns (2022) Mandao Returns (2022) ================== IMDb Rating - 7.2/10 Genre - Comedy, Horrorဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Mandao of the Dead ရဲ့ အဆက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေမှာ အဓိက ဦးစားပေးထားတာကတော့ ကျွန်တော်တို့အရှေ့တိုင်း သားတွေနဲ့ မစိမ်းတဲ့ စိတ်ပြောင်းကိုယ်ခွာ ဒါမှမဟုတ် လိပ်ပြာ လွင့်တယ်ခေါ်မလား ဝိဉာဉ်လွှင့်တယ်ခေါ်မလား အဲဒီ အယူ အဆအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဟာသဆန်ဆန် ထိတ် လန့်သည်းဖိုပေါ့။၂၀၁၈ ရုပ်ရှင်ထဲမှာ ဂျေးတို့ အမျိုးတသိုက် ဟော်လိုဝေးပွဲထဲ လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိဉာဉ်လွှင့်ပြီး ကယ်တင် ပြီးတဲ့နောက် ဂျက်ဆန်လုပ်လို့ အိမ်မီးလောင်ကာ ဝမ်းကဲဖြစ်တဲ့ အန်ဒီ့ဆီ ရောက်လာပါတယ်။ ဒီကားက ဒီမှာစတင်ပါတယ်။အန်ဒီ့ဆီမှာနေနေတုန်း ဂျေးတစ်ယောက် ထူးဆန်းတဲ့အိပ်မက် တွေ မက်ပါတယ် ဒီ ဝိဉာဉ်လွှင့်တာကို ဆက်ပြီး မလုပ်တော့ဖို့ ပေါ့။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ကလည်း မူးယစ်ဆေးလွန်ပြီး သေတဲ့အထိ ဖြစ်ပျက်သွားခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင်ပဲဆိုသလို ဒီမင်းသမီးရဲ့ မန်နေဂျာဖြစ်သူဟာ အန် ဒီ့ဆီကို (သူကလည်း ...
movie

Mandao Returns (2022)

2022
Medusa (2021) 6.0
Medusa (2021) Medusa (2021) =========== IMDb Rating - 6.0/10ခေါင်းကဆံပင်နေရာမှာ မြွေတွေအများကြီးရှိပြီး သူ့ကိုကြည့် လိုက်ရင် ကျောက်ရုပ်ဖြစ်သွားတဲ့ မက်ဒူဆာအကြောင်း ကြား ဖူးမယ်ထင်ပါတယ်နော်။ ဂရိဒဏ္ဍာရီအရတော့ မက်ဒူဆာဟာ ကတိပျက်ကွက်လို့ အေသီနာနတ်ဘုရားမက သူ့ကို ခေါင်းမှာ မြွေတွေနဲ့ ကြောက်စရာသွင်ပြင်ကို ပြောင်းလဲပစ်လိုက်တာလို့ ဆိုပါတယ်။ဒီဇာတ်လမ်းကတော့ မက်ဒူဆာအကြောင်းထက် ခေတ်သစ် မက်ဒူဆာလို့ သွယ်ဝိုက်ခေါ်ဝေါ်ရမယ့် မိန်းကလေးတွေအကြောင်း ပါ။ အစွန်းရောက် ဘာသာရေးနဲ့ မိန်းကလေးတွေရဲ့လိင်မှုရေးရာ လွတ်လပ်ခွင့်မရှိတဲ့အဖြစ်ကို မီးမောင်းထိုးပြထားတယ်လို့ ‌ဆိုရ မယ်ထင်ပါတယ်။ဇာတ်လမ်းထဲမှာ‌ မာရီနဲ့မီရှဲလ်ဟာ ဘာသာရေးအလွန်ကိုင်းရှိုင်းပြီး အယူသည်းတဲ့ဘာသာရေးကြားမှာ လှောင်ပိတ်ခံထားရတဲ့ မိန်းက လေးတွေပေါ့။ မာရီ၊ မီရှဲလ်နဲ့မိန်းကလေးတချို့ဟာ နေ့ဘက်မှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားကြပေမဲ့ ညဘက်မှာတော့ အဖြူ ရောင်မျက်နှာဖုံးတွေ တပ်ပြီး လျှို့ဝှက်လှုပ်ရှားကြပါတယ်။သူတို့ အလုပ်က သူတို့စံနှုန်းနဲ့အကျင့်ပျက်တယ်လို့ ယူဆထားတဲ့ မိန်း ကလေးတွေကို လိုက်ဖမ်းပြီး ရိုက်နှက်ဆုံးမကြတာပါ။ အုပ်စုဖွဲ့ပြီး အကြမ်းနည်းနဲ့ သူတို့အယူဝါဒထဲ အတင်းသွတ်သွင်းတဲ့သဘော မျိုးပါပဲ။ တစ်နေ့တော့ မိန်းကလေးတစ်ယောက်ကိုလိုက်ဖမ်းရင်း မာရီရဲ့မျက်နှာဟာ အမာရွတ်ကျန်တဲ့အထိ ရုပ်ပျက်သွားခဲ့ပါတယ်။ အဲဒီကစလို့ မာရီ့ဘ၀ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့ တယ်။အဲဒီနောက်ပိုင်း သူတို့ရဲ့လှောင်ချိုင့်ထဲက ဘ၀နဲ့ အယူလွဲမှုတွေကို မြင်လာတဲ့ မာရီနဲ့မီရှဲလ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ အယူသည်း လွန်းတဲ့ သူတို့ရဲ့အသိုင်းအဝိုင်းနဲ့ ဘယ်လိုတွေရင်ဆိုင်ကြရမလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ...
movie

Medusa (2021)

2021
Bestseller(2010) 7.4
Bestseller(2010) Bestseller(2010)***************သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာသူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလိုတစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်ကလွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ....လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ......တရားခံက ဘယ်သူဖြစ်မလဲ......အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား.....လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။File Size :(2.7GB) and (929MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Bestseller(2010)

KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) 5.5
KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) KKN di Desa Penari: Luwih Dowo, Luwih Medeni (2023)KKN di Desa Penari က အင်ဒိုနီးရှားရုပ်ရှင်မှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ဖြစ်ရပ်မှန် horror ဇာတ်ကားပါ။ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။ တွစ်တာမှာ Simpleman ဆိုတဲ့အကောင့်ကနေ ဒီဇာတ်လမ်းကိုစတင်ရေသားခဲ့တာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး လူတွေစိတ်ဝင်စားမှုများလာလို့ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းကတော့ ကျောင်းသား၆ ယောက်အကြောင်းပါ။ သူတို့က ရွာတစ်ရွာမှာ ရပ်ရွာဝန်ဆောင်မှုပရောဂျက်ကိုသွားလုပ်ခဲ့ပါတယ်။ သူတို့အတွက်ဒီပရောဂျက်အောင်မြင်ပြီးမှပဲဘွဲ့ရမှာပါ။ ဒီရွာနာမည်နဲ့တည်နေရာကိုတော့ ချန်လှပ်ပြသထားပါတယ်။ ဒီရွာရောက်ရောက်ချင်းမှာပဲ ရွာသူကြီးကသူတို့ကို ဆောင်ရန်ရှောင်ရန်တွေညွှန်ကြားပေမယ့် သူကလဲသိပ်တော့မပွင့်လင်းခဲ့ပါဘူး။ ကျောင်းသားတွေကလဲ သူများအကျိုးဆောင်ဖို့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကျိုးတွေဆန္ဒတွေကိုရှေ့တန်းတင်ပြီး မဖောက်သင့်တဲ့စည်းတွေကိုဖောက်မိတဲ့အခါ ဘာတွေဖြစ်ကြမလဲကြည့်ရှုရမှာပါ။ မြန်မာမှာလဲလူကြီးတွေပြောတာကြားဖူးတဲ့ ကျတ်ရွာတို့ အစောင့်လဲတယ်တို့ အစောင့်အရှောက်ရှိတယ်တို့ ဆိုတဲ့အကြောင်းအရာတွေကို ကြားဖူးနားဝကနေ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာတဲ့အထိ ကြက်သီးတဖျင်းဖျင်းနဲ့ကြည့်ရမယ့်ကားပါပဲ။ ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီရွာကိိုလိုက်ရှာကြ ဒီကြုံခဲ့ရတဲ့လူတွေကိုလိုက်ရှာကြတဲ့အထိဖြစ်ခဲ့လောက်အောင်ပါပဲ။ (မူရင်း KKN di Desa Penari ကိုလဲ CM မှာတင်ဆက်ပေးထားပြီးသားပါ။)ဒီဇာတ်လမ်းကဘာကွာသွားလဲဆိုရင် Luwih Dowo Luwih Medeni ဆိုတာက ...
movie

KKN di Desa Penari: Luwih Dowo, Luwih Medeni (2023)

2023
KKN, Curse Of The Dancing Village (2022) 6.2
KKN, Curse Of The Dancing Village (2022) KKN, Curse of the Dancing Village (2022) SynopsisIMDB - 6.2/10ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :'Pဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက် ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ...
movie

KKN, Curse Of The Dancing Village (2022)

2022
Social Distancing ( 2023 ) 6
Social Distancing ( 2023 ) ဒီတစ်ခါမှာတော့ Covidကာလအစောပိုင်းကိုအခြေခံပြီးရိုက်ထားတဲ့ ဟောင်ကောင်ဟော်ရာကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။Covid pandemicမှာလူတွေအားလုံးအိမ်တွင်းအောင်းကြရတော့ စိတ်ထွက်ပေါက်အဖြစ်နဲ့ လက်ကိုဖုန်းတွေကိုပဲပိုသုံးမိကြတာပေါ့။ နိုင်ငံခြားကပြန်လာတဲ့ချူထုံဟာ Youtube ချန်နယ်ဖွင့်ပြီး ကြည့်ရှုနှုန်းများအောင်ကြိုးစားနေပါတယ်။ သရဲတစ္ဆေအကြောင်းစိတ်လှုပ်ရှားစရာတွေရိုက်ရင် လူကြည့်များတယ်ဆိုကြလို့ သေသွားတဲ့သူတစ်ယောက်ရဲ့ဖုန်းကို Live လွှင့်ပြီးဖွင့်ပြတာပေါ့.....အဲဒီအချိန်ကစပြီးသူ့ဘေးနားမှာထူးဆန်းတာတွေဖြစ်လာပါတော့...... Digital spiritသရဲရှိတယ်ဆိုတာကစပြီးယုံလာပါတော့တယ်...... ဒီကားလေးမှာ လူငယ်တွေလက်ကိုင်ဖုန်းကိုအရမ်းစွဲလမ်းလွန်းလို့ဖြစ်ရတဲ့ဆိုးကျိုးတွေ...... မိသားစုကိုလစ်လျူရှုခဲ့မိလို့နောင်တရခဲ့ရပြီး တကယ်နောက်ပြန်လှည့်ချိန်မှာ ပြန်ဆုပ်ကိုင်ဖို့ အချိန်မမီတော့တာတွေကိုပါဖော်ပြသွားပါတယ်..... ဟော်ရာတွေရဲ့ထုံးစံအတိုင်း တကယ်သရဲလား ဘယ်လိုထူးဆန်းတဲ့အရာတွေကြောင့်ဖြစ်လာတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ကားကောင်းလေးဖြစ်ပါတယ်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Social Distancing ( 2023 )

Evil Dead (2013) 6.5
Evil Dead (2013) Evil Dead 2013 ကို ဆင်ဆာတွေမဖြတ်ထားတဲ့ BluRay Extended Version အသစ်နဲ့တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့....ဒီဇာတ်ကား စစချင်းမှာဆို လူငယ်ငါးယောက်ဟာ တောနက်ထဲက သစ်လုံးအိမ်တစ်ခုကို အကြောင်းကိစ္စတစ်ခုနဲ့အတူ ရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ထိုအိမ်ထဲမှာ အိပ်ပျော်နေတဲ့ မကောင်းတဲ့အရာတစ်ခုကို မထင်မှတ်ဘဲ သွားလှုပ်နိုးမိတဲ့ အခါမှာတော့ အဲ့ဒီမကောင်းဆိုးရွားရဲ့ လက်ကနေ ဘယ်လို အသက်ရှင် ရုန်းကန်လွတ်မြောက်ကြဖို့ ကြိုးစားကြမလဲ ဆိုတာ အရမ်းကို စောင့်ကြည်ချင်စရာ ကောင်းပါတယ်။ အောက်မှာ Review လေးကို ဆက်ဖတ်ကြည့်လိုက် ကြရအောင်ပါ။ **** Evil Dead 2013 ဟာဆိုရင် အရမ်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ Horror movie တစ်ခုလို့ပြောလာရင် ငြင်းစရာ မရှိပါဘူး။ ဇာတ်လမ်း ဇာတ်ကွက်ကို သေချာထောင့်စိအောင် ပုံဖော် ဖွဲ့စည်းထားတာကိုလဲတွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Possession ဆိုတဲ့ ပြင်သစ် drama/ horror ဇာတ်ကားကို ပြေးမြင်မိရလောက်အောင် ပီပီပြင်ပြင်နဲ့ ကြောက်ရွံ့စိတ်လှုပ်ရှားဖို့ ကောင်းတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ စိတ်မသက်မသာ ...
movie

Evil Dead (2013)

2013
4K HEVC
The Craft (1996)
The Craft (1996) လော့စ်အိန်ဂျလိစ်ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ နန်စီ၊ ဘွန်နီနဲ့ ရိုချယ်ဆိုတဲ့ ထူးထူးဆန်းဆန်း ကောင်မလေးသုံးယောက်ရှိတယ်။ ကျောင်းက တခြားသူတွေက သူတို့ကို စုန်းမတွေလို့ စွပ်စွဲခံထားရတဲ့ ကောင်မလေးသုံးယောက်ပေါ့။ တစ်နေ့တော့ သူတို့ကျောင်းကို ဆာရာဆိုတဲ့ ခပ်ချောချော ကျောင်းသူအသစ်တယောက် ပြောင်းလာတယ်။ ဆာရာကတော့ နဂိုကတည်းက စုန်းဗီဇပါလာတဲ့ ဝမ်းတွင်းစုန်းပေမဲ့ သူ့ကိုယ်သူ စုန်းလို့ မခံယူထားတဲ့သူ။ ဆာရာကျောင်းကို ရောက်ပြီး မကြာဘူး။ သူ့ကို နန်စီတို့က သတိထားမိသွားပြီး သူတို့နဲ့ ပေါင်းမိသွားတယ်။ လေးယောက်စုံသွားတဲ့ ဆယ်ကျော်သက်စုန်းမလေးတွေဟာ အစီအရင်တွေကို အပျော်စမ်းသပ်ရာကနေ ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်ပါတော့တယ်။ The Craft ဆိုတဲ့ ဒီရုပ်ရှင်ဟာဆိုရင် 1996 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တော်တော်လေးကို ကြည့်လို့မိုက်တဲ့ Teen, horror, fantasy ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်းတဲ့အပြင် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးပီပြင်ပြီး မင်းသမီးတွေကလည်း ...
movie

The Craft (1996)

Muoi: The Curse Returns (2023) 5.4
Muoi: The Curse Returns (2023) Muoi : The Curse Returns (2023)လင်းက မြို့ပေါ်က ပန်းချီပြခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ သူမရဲ့သူငယ်ချင်းကောင်လေးဟာ ရုတ်တရက်ဆုံးသွားခဲ့လို့ စျာပနအခမ်းအနားကို တက်ရောက်တဲ့အချိန်မှာ ငယ်ငယ်က သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟမ် နဲ့ပြန်ဆုံခဲ့ပါတော့တယ်။ ဟမ် က အနီးနားမှာရှိတဲ့ မြို့ဟောင်းတစ်ခုရဲ့အိမ်အိုကြီးမှာနေပြီး ပန်းချီဆွဲရင်း အချိန်ကုန်ဆုံးနေခဲ့တာပါ။ စျာပနအခမ်းအနားမှာ လင်း နဲ့ဆုံတွေ့ပြီးနောက် ဟမ်ဟာ သူမရဲ့နေရာကို အလည်လိုက်ဖို့ လင်းကို တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ လင်းက နှစ်ပေါင်းများစွာ သရဲခြောက်နေတဲ့မူအွိုင်ရဲ့ပုံတူပန်းချီနဲ့ ကျိန်စာကို ရှာဖွေတွေ့ရှိပြီး လင်းဟာ သူမရဲ့သူငယ်ချင်းကောင်လေးနဲ့ဖောက်ပြန်မိတာကို ဝန်ခံရင်း ထွက်ပြေးဖို့ကြိုးစားရာကနေ သူမရဲ့သူငယ်ချင်းခန္ဓာကိုယ်ဟာ မူအွိုင်ဝင်ပူးတာခံရတာကို သိရှိခဲ့ပါတယ်။ လင်းက သူမရဲ့သူငယ်ချင်းကိ ကယ်ဖို့ထွက်ပြေးမှာလား ဒါမှမဟုတ် ကျိန်ဟာနဲ့ရင်ဆိုင်ဖို့အတွက် အသက်ပေးမလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီသရဲခြောက်တဲ့ပုံတူပန်းချီရဲ့နောက်ကွယ်က အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်ကို ဖြည်းညှင်းစွာဖော်ထုတ်ရင်း သူမ သိရသလောက် လင်းက ကြောက်မက်ဖွယ်အကောင်းဆုံးထောင်ချောက်ထဲကို နက်ရှိုင်းစွာ ကျရောက်သွားခဲ့တော့တယ် လင်းက သူမရဲ့သူငယ်ချင်းကို ကယ်တင်နိုင်မှာလား ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ...
movie

Muoi: The Curse Returns (2023)

2023