Channel Myanmar
Horror
Visher (2024) 5.0
Visher (2024)  ညဖက်စောင်ခြုံမီးပိတ် Horror ကားကြည့်‌ချင်သူတွေအတွက်Paranormal Activity လို Vibe မျိုးရစေမဲ့ Visher ဆိုတဲ့Horror ဇာတ်ကားအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Production အကြီးကြီးတွေ နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့တော့မဟုတ်ပေမဲ့ ကြည့်ရင်းနဲ့ကျောချမ်းစေမဲ့ခံစားချက်တွေဘယ်အချိန်မှာကင်မရာရှေ့မှာ Jumpscare ကောက်ပေါ်လာမလဲဆိုတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတဲ့ခံစားချက်မျိုးတွေတော့ပေးစွမ်းနိုင်မှာပါ။အွန်လိုင်းကျားဖြန့်လိမ်လည်မှုတို့ ဖုန်းဆက်လိမ်လည်တာတို့ကဘယ်နိုင်ငံမှာမဆိုရှိကြတဲ့တရားမဝင်လုပ်ငန်းတွေပါပဲ။အမေရိကန်နိုင်ငံလို ဥပဒေစိုးမိုးတဲ့နိုင်ငံကြီးတွေမှာတောင်ဒါမျိုးတွေကမှိုလိုပေါက်နေတာပါ။အခုဇာတ်ကားရဲ့အစမှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ဖုန်းခေါ်ဆိုသူ တစ်ယောက်က သူ့သားကောင်တွေကိုတစ်ယောက်ပြီးတစ်ယောက်လိုက်လိမ်နေတာကိုတွေ့ရမှာပါ။သူ့ရဲ့လိမ်လည်မှုတွေကရုသ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့မှပဲရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ဘယ်လိုဖြစ်ရတာလဲဆိုတော့ သူ့အလုပ်ထုံးစံအတိုင်းရုသ်ကိုလိမ်ဖို့ဖုန်းဆက်အချက်အလက်တွေတောင်းပြီး ရုသ်ရဲ့ကင်မရာတွေထဲဝင်ခွင့်ရသွားတဲ့အချိန်မှာသူ့ကိုတွေ့ပြီး ကြွေဆင်းသွားခဲ့လို့ပါပဲ။သူကလည်းမိန်းမလိုချင်နေတဲ့သူဆိုတော့ ရုသ်နဲ့သူ့ပုံကိုတောင်တွဲပြီး မင်္ဂလာဆောင်ဓာတ်ပုံကောက်လုပ်လိုက်ပါသေးတယ်။ဒါပေမယ့် သူမသိခဲ့တာကတော့ရုသ်ကို ဆက်သွယ်ခဲ့တဲ့အဲ့ဒီညမှာသူရောရုသ်အတွက်ပါ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ်ဆိုတာပါပဲ။ဒီတော့သူတို့နှစ်ယောက်ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲ အဲ့ဒီတစ်ညတာကရော ဘယ်လိုမထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အဆုံးသတ်သွားမယ်ဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 379MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Visher (2024)
Starve Acre (2023) 5.5
Starve Acre (2023)  ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက်ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့တစ်ဦးတည်းသောသားလေး ရှိပါတယ်။သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်....သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေစလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ...သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူကဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်...အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ရှိခဲ့ရာကနေ..အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှသူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း...သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကိုစတင်ရှာဖွေပါတော့တယ်...အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကိုရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေးရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.24GB / 644MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Starve Acre (2023)
Killer Klowns from Outer Space (1988) 6.2
Killer Klowns from Outer Space (1988)  1988 က ထွက်ခဲ့တဲ့ Classic Horror ကားတစ်ကားဖြစ်တဲ့ Killer Klowns from outerspace ကိုတင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက အရမ်းနာမည်ကြီးခဲ့ပြီး နောက်ဆက်တွဲရုပ်ပြစာအုပ်တွေ ဂိမ်းတွေ ထုတ်ခဲ့တဲ့အထိပါပဲ။နာမည်အတိုင်းပါပဲ အာကာသအပြင်က ဂြိုလ်သားလူပြက်တွေ ကမ္ဘာပေါ်ရောက်လာတာပါ။ Crescent Coveဆိုတဲ့မြို့ငယ်လေးမှာ မိုက်ခ်နဲ့ဒက်ဘီတို့အပါအဝင် လူငယ်တွေညဘက်သောက်စားပျော်ပါးနေကြတုန်း ကြယ်ကြွေကျလာတာကို မြင်လိုက်ရပါတယ်။ ဒက်ဘီနဲ့ မိုက်ခ်တို့သွားကြည့်တဲ့အခါ ကြယ်ကြွေတဲ့နေရာမှာ ဆပ်ကပ်တဲကြီးပဲရှိနေပြီး အထဲမှာ လူပြက်ပုံစံသတ္တဝါတွေနဲ့ လူသေအလောင်းတွေကိုတွေ့လိုက်ရပါတယ်။မြို့ကရဲစခန်းကိုသွားပြောတော့လည်း မယုံပေမယ့် ရဲတစ်ယောက်ဖြစ်တဲ့ ဒက်ဘီရဲ့ ရည်းစားဟောင်း ဒေ့ဗ်က လိုက်ကြည့်မယ်ဆိုပြီး လာခဲ့ကြပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆပ်ကပ်တဲကြီးလည်းမရှိပဲ လူပြက်သတ္တဝါတွေက မြို့ထဲမှာ သောင်းကျန်းလို့နေပါပြီ။ ဒါ့အပြင် ဒက်ဘီကပါအဖမ်းခံလိုက်ရတော့ မိုက်ခ်နဲ့ ဒေ့ဗ်တို့နှစ်ယောက် ဒက်ဘီနဲ့ မြို့ကိုကယ်တင်ဖို့ကြိုးစားပုံကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:28:00 Genre... C0medy, ...
movie
Killer Klowns from Outer Space (1988)
Wake (2024)
Wake (2024)  Horror/Thriller ရုပ်ရှင်တစ်ခုပါ။ လိတ်ခ်လို့အမည်ရတဲ့မိန်းကလေးတစ်ယောက်က ဟောလီးဝုဒ်မှာ နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်တဲ့ Wake ဆိုတဲ့ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးမယ့်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးနေရာမှာပါ၀င်ရဖို့ အသည်းအသန်ဖြစ်နေပါတယ်။လိတ်ခ်ဟာ Wake မူလရုပ်ရှင်ရဲ့ သရုပ်ဆောင်ဖြစ်ခဲ့ဖူးတဲ့ အကယ်ဒမီဆုရှင်အမျိုးသမီးကြီးဖြစ်တဲ့ မစ္စအေဘယ်လ်ဆိုသူဆီသွားပြီးတော့ သူမ ခေါင်းဆောင်မင်းသမီးနေရာကို ရနိုင်ရေးအတွက် ကူညီပေးဖို့တောင်းဆိုပါတော့တယ်။ ဒါပေမဲ့ မင်းသမီးကြီးက သူမကို ကိုယ့်ရဲ့ဇာတ်ကောင်နဲ့တသားတည်းကျအောင် ဘယ်လိုပေါင်းစည်းရမလဲဆိုတဲ့ သရုပ်ဆောင်နည်းနာတွေကိုပဲ သင်ပေးဖို့ကမ်းလှမ်းလာတဲ့အခါမှာတော့ လိတ်ခ်တစ်ယောက်လည်း မင်းသမီးကြီးရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ လိတ်ခ်တစ်ယောက် မင်းသမီးကြီးနားကနေ ဒီနည်းလမ်းကိုသင်ယူနေတဲ့အချိန်မှာ သူမရဲ့စိတ်ထဲက ကွယ်ပျောက်နေတဲ့မှတ်ဉာဏ်တွေ တစတစပြန်ပေါ်လာတဲ့နောက်မှာတော့ လိတ်ခ်နဲ့ မင်းသမီးကြီးအေဘယ်လ်တို့က ဘယ်လိုဆက်စပ်နေကြတာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(890 Mb)/(400 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Wake (2024)
MaXXXine (2024) 6.8
MaXXXine (2024) MaXXXine (2024) Pearl (2022) X (2022)နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး ...
movie
MaXXXine (2024)
4K HEVC
The Cursed (2024)
The Cursed (2024) ကျိန်စာသင့် ရိုးရာ (၂၀၂၄)ဒီတစ်ခါမှာတော့ ထိုင်းဟော်ရာဖန်တွေရဲ့အကြိုက် ဟော်ရာကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ မျိုးရိုးစဉ်ဆက် ဆက်ခံလာခဲ့တဲ့ နိုရာအကဆိုတဲ့ ဓလေ့ထုံးတမ်းအကတစ်ခုကို ဆက်ခံသူမရှိတဲ့အချိန်မှာ ချာထရီဟာ သူ့မှာသာ သားယောက်ျားလေးမွေးဖွားလာခဲ့ရင် နိုရာအက အမွေကို ဆက်ခံခိုင်းမယ်ဆိုပြီးတော့ နိုရာဘိုးဘေးတွေဆီမှာ ကတိကဝတ်ပြုခဲ့ပါတယ်။ သူတောင်းဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဩဂတ်ကို ဖွားမြင်လာတဲ့အခါမှာ သားလေးကို ဓလေ့ထုံးတမ်းအတိုင်းထားခဲ့ရာကနေ မိန်းမဖြစ်သူက ချာထရီ့ကို အစွဲအလမ်းကြီးသူအဖြစ် သတ်မှတ်ပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏရန်ဖြစ်ရာကနေ ကွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ ချာထရီတစ်ယောက် နေမကောင်းဖြစ်ကာ ကွယ်လွန်ခါနီးအချိန်မှာ သားဖြစ်သူကို မိုအီထုံးတမ်းကို လမ်ပမ်အိမ်မှာ လုပ်ဖြစ်အောင်လုပ်ဖို့ မှာကြားနေရင်းကနေ အသက်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ဆုံးပါးသွားတဲ့နောက် ဩဂတ်နဲ့ သူ့အမေဟာ လမ်ပမ်အိမ်ကို သွားဖို့ ဖြစ်လာရာကနေ ........ ဘယ်လို ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ဖြစ်ပေါ်လာမလဲ .... သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကရော ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ ........ မိုအီဓလေ့ကိုရော လုပ်နိုင်လိုက်မှာလား ..... ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. ...
movie
The Cursed (2024)
Peninsula – Train to Busan 2 (2020) 6.0
movie
2020
Train To Busan (2016) 7.8
Train To Busan (2016)  ဂုံယူ, မာဒုံဆော့, ချွဲအူရှစ် စတဲ့မင်းသားကြီးတွေပါဝင်ထားပြီးဇွန်ဘီကားလို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိလောက်တဲ့အထိ အောင်မြင်ပြီးတေ့ာ ဆုကြီးတွေ အများကြီးရရှိခဲ့တဲ့"Train to Busan" ရုပ်ရှင်ကားကြီးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ဆော့ဝူ(Gong Yoo)ဟာ ငွေကြေးစီမံမန်နေဂျာတစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ အရမ်းဦးစားပေးလွန်းတဲ့အတွက်သမီးလေးကို အချိန်မပေးနိုင်ဖြစ်နေပါတယ်တစ်နေ့မှာတော့ သမီးဖြစ်သူက သူ့မွေးနေ့မှာ ဘူဆန်မှာရှိတဲ့အမေဆီကို သွားချင်တယ်လို့ အတင်းပူဆာတဲ့အတွက်အလုပ်‌တွေကိုပစ်ပြီး လိုက်ပို့ရပါတော့တယ်အဲဒီနေ့မှာပဲ ဇွန်ဘီပိုးက နိုင်ငံအနှံ့စတင်ပျံ့နှံ့နေပြီးသူတို့စီးတဲ့ ရထားပေါ်မှာလည်း ဇွန်ဘီအကိုက်ခံထားရတဲ့သူတစ်ယောက် ပါလာပါတယ်အဲဒီသူကနေတစ်ဆင့် ရထားတစ်စီးလုံးနီးပါးပါ ဇွန်ဘီပိုးကူးစက်သွားတဲ့အတွက်သူတို့ ဒီရထားပေါ်ကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားကြမလဲမင်းသား၃‌ယောက် ပူးပေါင်းပြီး ဇွန်ဘီတွေကို ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီးရသပေါင်းစုံပေးစွမ်းနိုင်တဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ် File size…    8.21GB / 2.48 GB / 1.09GB Quality… WEB DL 4K HEVC 1080p / 720p Format… mp4 Duration…. 1 hr. 58 ...
movie
Train To Busan (2016)
2016
4K HEVC
Dancing Village: The Curse Begins (2024) 6.2
Dancing Village: The Curse Begins (2024) ကချေသည်ရွာ - ကျိန်စာများ၏ နိဒါန်း (၂၀၂၄)2022 ခုနှစ်က ကချေသည်သရဲကားဆိုပြီး အတော်လေးနာမည်ကြီးခဲ့တဲ့ စံချိန်တင် အင်ဒိုသရဲကား KKN, Curse of dancing village လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီတုန်းကတော့ ရွာမှာ ပရဟိတလာလုပ်တဲ့ ကျောင်းသားတစ်သိုက်နဲ့ ထူးဆန်းတဲ့ရွာလေးအကြောင်းကို အဓိကရိုက်ကူးပြခဲ့တာဖြစ်ပြီး အခု 2024 Dancing Village, The Curse Beginsမှာတော့ ဒီကျောင်းသားတွေ သွားခဲ့တဲ့ရွာလေးရဲ့အကြောင်းကို နောက်ကြောင်းပြန်ရှင်းမယ့် prequelလေးပါ။ ဒီကားလေးကို မသိကြသေးသူတွေရော သဘောကျလို့ အဆက်ကိုမျှော်နေသူတွေရောအတွက် ဒီဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။မစ်လာရဲ့အမေက အကောင်းကြီးကနေ ရုတ်တရက်ဆိုသလို အိပ်ရာထဲလဲသွားပြီး ဆေးခန်းပြတော့လည်း ဆရာဝန်တွေလည်း အဖြေမရှာနိုင်တာဖြစ်လို့ နတ်ဆရာတစ်ယောက်နဲ့ခေါ်ပြတော့တာပေါ့။ ဒီနတ်ဆရာက မစ်လာ့အမေဆီမှာ ဂျာဗားကျွန်းအရှေ့စွန်းက ပစ္စည်းတစ်ခုရှိနေကြောင်း ဒီပစ္စည်းက ဒီကျွန်းပေါ်ကပိုင်ရှင်ဆီပြန်အပ်မှပဲ အမေဖြစ်သူက ပြန်လည်ကောင်းမွန်လာမယ်ဆိုပြီး ပြောသွားတော့ မစ်လာလည်း အစ်ကိုဝမ်းကွဲနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းပြရှာပြီး ကချေသည်ရွာကို ခရီးထွက်လာပါတော့တယ်။ဒါပေမဲ့ သူတို့မသိလိုက်တာက ဒီကချေသည်ရွာလေးဟာ ကျိန်စာသင့်နေတဲ့ရွာလေးဖြစ်ပြီးတော့ မစ်လာပြန်လာပေးဖို့ ယူလာခဲ့တဲ့လက်ကောက်က ကျွန်းပေါ်ကနတ်ဆိုး ဘာဒရာဝူဟီရဲ့လက်ကောက်ဖြစ်နေချိန်မှာတော့.....KKN မှာ အကျယ်တဝင့် ...
movie
Dancing Village: The Curse Begins (2024)
2024
4K HEVC
Pandemonium (2024) 5.4
Pandemonium (2024) Pandemonium ( 2023 )ဒီပြင်သစ်ကားက စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဇာတ်ကတော့ စစအဖွင့်မှာတင် လူနှစ်ယောက် စကားပြောတာနဲ့ စထားတယ်။ သူတို့နှစ်ယောက်စလုံးက သေပြီးသား တစ်ယောက်က သေမှန်းသိတယ်။ တစ်ယောက်က သေမှန်းမသိသေးဘူး။ သေမှန်းသိတဲ့လူရဲ့ဆိုင်ကယ်ကို သေမှန်းမသိတဲ့လူက ကားနဲ့တိုက်မိလို့ သူတို့နှစ်ယောက်စလုံးသေသွားကြတာ။ ဒီလိုနဲ့ သူတို့စကားပြောကြတယ်။ ခဏနေတော့ တစ်ယောက်က သူတို့တွေဂီတသံကြားရတယ်။ ကောင်းကင်ဘုံတံခါးလို့ထင်ရတဲ့ တံခါးတစ်ခု ပေါ်လာတယ်။ သူတို့ထဲကတစ်ယောက်က ဝင်ဖို့ကြိုးစားကြည့်ပေမဲ့ ဝင်လို့မရဘူး။ ခဏနေတော့ သူတို့အော်သံတွေကြားလာရတယ်။ ငရဲတံခါးကပေါ်လာတယ်။ ဒီကားမှာ ကောင်းဘုံတံခါးရော ငရဲတံခါးရောရှိပေမဲ့ ငရဲဘက်ခြမ်းကိုပဲ အဓိက ပြသွားတယ်။ ကောင်းကင်ဘက်ခြမ်းမှာ ဘာတွေဖြစ်လာမလဲတော့မပြသွားပေမဲ့ ငရဲရဲ့ ရက်စက်မှုကို သေချာပြသွားခဲ့တယ်။ ငရဲကလူတွေ ဘာလို့ငရဲရောက်လာသလဲလည်း ပြသွားခဲ့တယ်။ သေချာတာတော့ ဟော်ရာကားပေမဲ့ ငရဲကိုပြသွားတဲ့ ကြည့်ကောင်းတဲ့ဟော်ရာကားပါပဲ။ ဒါပေမဲ့ ငရဲသားရဲ့စကားအတိုင်းဆို ဒီရက်စက်မှုတွေဟာ ငရဲရဲ့အစပဲရှိသေးတယ်လို့ဆိုတယ်။ ကျန်တဲ့ငရဲ ဘယ်လောက်ထိ ရက်စက်မလဲတော့ တွေးကြည့်လို့တောင်ရဲချင်စရာမရှိပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.02GB } ...
movie
Pandemonium (2024)
2024
Horny House of Horror (2010) 4.3
Horny House of Horror (2010) Horny House of Horror (2010) review(လိင်ပိုင်းဆိုင်ရာ နှင့် သွေးထွက်သံယို ဇာတ်ဝင်ခန်းများပါရှိသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။)မကြာခင် လက်ထပ်တော့မှာဖြစ်တဲ့ နာကတ်စု တစ်ယောက်ဟာ နှစ်ပေါင်းများစွာ ခင်လာခဲ့တဲ့ သူငယ်ချင်း ၂ ယောက် ဖြစ်တဲ့ အူနို နဲ့ တိုရှီဒါ တို့ရဲ့ ဘေ့စ်ဘောအသင်းကို စွန့်ခွာပြီး အိမ်ထောင်သည်ဘဝကို ခြေစုံပစ်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။သူတို့ရဲ့ နောက်ဆုံး ဘေ့စ်ဘောပွဲကအပြန် Shogun Massage Parlours ဆိုတဲ့ အနှိပ်ခန်းအသစ်တစ်ခုကို လူပျိုဘဝ နောက်ဆုံးအကြိမ် ကဲဖို့ နာကတ်စုကို အတင်းတိုက်တွန်းကြရင်း ဝင်ရောက်ခဲ့ကြပါတယ်။သူတို့မသိသေးတာတစ်ခုကတော့ ဒီအနှိပ်ခန်းက သာမန်အနှိပ်ခန်းတစ်ခု မဟုတ်ဘဲ ယောက်ျားသားတွေကို လိင်ကိစ္စသာယာမှုကိုပေးရင်း သတ်ဖြတ်နေတဲ့ အနှိပ်ခန်းတစ်ခု ဖြစ်နေခဲ့တာပါပဲ။သူတို့စိတ်ကြိုက် ကိုင်ရှူရွေးချယ်ထားတဲ့ နာဂီစာ၊ နိုနိုကို နဲ့ ကာအိုရီတို့ ၃ ယောက်နဲ့ တူရဂျီမူစကီလုပ်ဖို့ စိတ်ကူးနေတဲ့ သူတို့ ၃ယောက်ကို ဘယ်လိုကံကြမ္မာဆိုးတွေက စောင့်ကြိုနေမလဲဆိုတာ ...
movie
Horny House of Horror (2010)
Clickbait: Unfollowed (2024) 5.2
Clickbait: Unfollowed (2024)  ဆိုရှယ်ပလက်ဖောင်းတစ်ခုရဲ့ တီထွင်သူတစ်ဦးက နယ်ပယ်အသီးသီးမှာ followers 250k စီရှိတဲ့ Influencers ငါးယောက်ကို အိမ်ကြီးတစ်ခုထဲမှာ ဂိမ်းလာကစားဖို့ ဖိတ်ကြားလိုက်ပါတယ်။သူချပေးတဲ့ ခေါင်းစဉ်နဲ့အညီ contents တွေကို မြန်မြန်ဆန်ဆန် ဗီဒီယိုရိုက်တင်ကာ ပြိုင်ဆိုင်ရတာဖြစ်ပြီး အိမ်ကြီးထဲကနေ အနိုင်ရသူတစ်ဦးတည်းကသာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။လာရောက်ပြိုင်ဆိုင်တဲ့ Influencers ငါးယောက်ထဲက ဘယ်သူက အနိုင်ရပြီး ဘယ်သူတွေကတော့ ကြောက်မက်ဖွယ် ပြစ်ဒဏ်တွေကို ခံရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw
movie
Clickbait: Unfollowed (2024)
A Quiet Place: Day One (2024) 6.7
A Quiet Place: Day One (2024)  WEB-DL ရုပ်သံအကြည်ထွက်လာလို့ Update ထားပါတယ်။A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ နှစ်ကားရဲ့ အဆက်မဟုတ်ပါဘူး။ပထမဆုံး ဂြိုလ်သားတွေစဆင်းလာတဲ့အချိန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။အရင်နှစ်ကားကိုလည်း Channel Myanmar Web နဲ့ App မှာကြည့်ရှုနိုင်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီး Lupita Nyong'oကတော့ 12 Years A Slave, Black Panther, Us တို့လိုကားကြီးတွေမှာ ပါဝင်ခဲ့တဲ့သူမျိုး ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်း ***************ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ဆာမီရာဟာ မြို့ထဲကိုပီဇာစားဖို့ နောက်ဆုံးတစ်ခေါက်အဖြစ်ထွက်လာပါတယ်။အဲဒီအချိန်မှာပဲ အသံထွက်တာနဲ့ လိုက်သတ်တဲ့ ဂြိုလ်သားတွေဆင်းလာပြီး ကမ္ဘာစပျက်တော့တာပါပဲ။အားလုံး လွတ်ရာကို ပြေးဖို့ကြိုးစားနေတုန်းမှာ ဆာမီရာတစ်ယောက် မသေခင် ပီဇာစားနိုင်ဖို့ ဘယ်လိုရုန်းကန်သွားမလဲဆိုတာမြင်ရမှာပါ။ ထုံးစံအတိုင်း သည်းထိပ်ရင်ဖို အသက်ရှင်ဖို့ကြိုးစားရတဲ့ စွန့်စားခန်းတွေကို ကြည့်သွားရမှာပါ။ကြည့်လိုက်ကြပါဦး....A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(2.4 ...
movie
A Quiet Place: Day One (2024)
4K HEVC
Soft Liquid Center (2023)
Soft Liquid Center (2023)  မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ ဒီနေ့မှာ "Soft Liquid Center" ဆိုတဲ့ ၂၀၂၃ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိတ်သတ်ကို စိတ်လှုပ်ရှားစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး၊ အထူးသဖြင့် စိတ်ပညာရေးသဘောထားပါဝင်တဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ အဆင်မပြေတာကြောင့်ချစ်သူဖြစ်သူနဲ့ ခွဲခွာပြီးတဲ့အမျိုးသမီးတစ်ဦးအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပါတယ်။ ဒီဇာတ်လမ်းဟာ ပရိတ်သတ်ကို စိတ်ဖိစီးမှုနဲ့ တစ်ချိန်တည်းမှာ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးမှာပါ။စိတ်ကူးယဉ်ဆန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို ချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေကြည့်ရှူးပေးကြဖို့ညွန်းချင်ပါတယ်။ကြည့်ရှုပေးကြပါဦး။ File size…(1.6 GB)/(731 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut
movie
Soft Liquid Center (2023)
The Wendigo (2022)
The Wendigo (2022)  နာမည်ကြီး ယူကျူဘာတစ်ယောက်ဖြစ်တဲ့ လိုဂန်တစ်ယောက် သူ့ပရိသတ်တွေရဲ့ မဲပေးတာကနေပြီး မြောက်ကယ်ရိုလိုင်းနားက တောအုပ်ထဲမှာ တစ်ယောက်ထဲစခန်းချသွားခဲ့ပါတယ်။ တောထဲကိုရောက်တဲ့ညမှာ တိုက်ရိုက်လွှင့်နေရင်းနဲ့ လိုဂန်တစ်ယောက် ကင်မရာရှေ့က ပျောက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်သံတွေနဲ့အတူ တိုက်ရိုက်လွှင့်တာရပ်သွားခဲ့ပါတယ်။လိုဂန်ပျောက်သွားတာကြောင့် သူ့ရဲ့သူငယ်ချင်း ယူကျူဘာတွေကလည်း ရဲမတိုင်ပဲ တောအုပ်ထဲကို ဗလော့ရိုက်ရင်းနဲ့ လာရှာခဲ့ကြပါတယ်။ တောအုပ်ထဲရောက်ပြီးသိပ်မကြာလိုက်ပဲ နေ့လည်ခင်းအချိန်မှာ တဖြည်းဖြည်းအမှောင်ကျလာခဲ့ပြီး တီးတိုးပြောသံတွေကြားလာရတဲ့အခါ လိုဂန်ကိုလိုက်ရှာကြတဲ့ သူငယ်ချင်းတစ်သိုက်ရော တောအုပ်ရဲ့ ကျိန်စာကိုဘယ်ရင်ဆိုင်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:08:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
The Wendigo (2022)