Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
5.6
Los Habitantes (2023)
ကားမတော်တဆမှုဖြစ်ပြီးတဲ့နောက် ငါးနှစ်ကြာအတိတ်မေ့နေတဲ့ အမ်မလီယာနိုဟာ သူ့မိသားစုနဲ့အတူ မွန်တူရေးကို ပြောင်းရွှေ့လာခဲ့ပါတယ် အိမ်အသစ်ကိုရောက်ရောက်ချင်း အမ်မလီယာနိုတစ်ယောက် ဆက်တိုက်ခြောက်လှန့်ခြင်း ခံရတဲ့အခါ အိမ်ရဲ့ အကြောင်းကိုသေချာစုံစမ်းကြည့်တဲ့ပါတော့တယ် အိမ်အကြောင်းကိုစုံစမ်းရင်းကနေ ဘယ်လိုအကြောင်းတွေသိလာရမလည်းဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် File size…(1 GB)/(501 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Los Habitantes (2023)
6.9
Home for Rent (2023)
Home for Rent (2023)~ IMDb - 6.9/10, MyDramaList - 7.8/10 ~ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ...
movie
Home for Rent (2023)
2023
The Unseen (2023)
The Unseen (2023)အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ ...
movie
The Unseen (2023)
2023
6.3
Grabbers (2012)
IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး ...
movie
Grabbers (2012)
5.8
Brooklyn 45 (2023)
ဝိညာဥ်/သရဲတွေ တကယ်ရှိတယ်ဆိုတာကို သိပ်မယုံချင်ကြတဲ့ စစ်ပြန်သူငယ်ချင်းတစ်သိုက်မှ ပရလောကဟာ တကယ်ရှိ,မရှိ စမ်းသပ်ကြတဲ့အနေနဲ့ ဝိညာဉ်ခေါ်ပွဲပြုလုပ်ကြတဲ့အခါ............ ဒီဇာတ်ကားလေးဟာတော့ ပထမကမ္ဘာစစ်ကြီးပြီးသွားချိန် ၁၉၄၅ခုနှစ် vibeကိုအပြည့်အဝရရှိစေမယ့် ၁နာရီ၃၄မိနစ်ကြာ Drama\Horror movie လေးပဲဖြစ်ပါတယ်။File size…(1 GB)/(590 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dave
movie
Brooklyn 45 (2023)
5.9
[18+] Flux Gourmet (2022)
Flux Gourmet (2022)* သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ *~ IMDb - 5.9/10, Rotten Tomatoes - 85% ~ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ...
movie
[18+] Flux Gourmet (2022)
2022
7.5
You’re Next (2011)
IMDb - 6.6/10 ~ Rotten tomatoes - 79%ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်းသူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက်ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်းမိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကိုအောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီးလူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလားသူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဒီလူသ-တ်သမားတွေကရော ဘယ်ကနေပြီး ဘာကြောင့်ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။ File size… 1.2 GB / 500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie
You’re Next (2011)
2011
Disquiet (2023)
ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖို့ကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖို့ကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တို့ကိုတားဆီးဖို့ဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တို့အဖွဲ့အသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။ File size…(930 MB)/(520 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Disquiet (2023)
6.9
Bhuvanavijayam (2023)
Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie
Bhuvanavijayam (2023)
2023
5.8
Found (2012)
ဒီကားကတော့ဆု25ဆုရထားပြီး စံကာတင်8ဆုအထိပါထားတဲ့ Horror ကားလေးဘဲဖြစ်ပါတယ် Horror ကားတွေကြိုက်တဲ့ကောင်လေးတစ်ယောက် သူအကိုကွင်းဆက်လူသတ်သမားမှန်းမထင်မှတ်ပဲသိလိုက်တဲ့အခါ သူအကိုလှို့ဝှက်ချက်ကိုသူဖုံးကွယ်ထားနိုင်မှာလား သူ့လှို့ဝှက်ချက်ကိုသိသွားတဲ့ညီဖြစ်သူကိုကောအကိုဖြစ်သူကဘယ်လိုတုံ့ပြန်မှာလဲဆိုတာတွေကိုကြည့်ရှူရမှာဘဲဖြစ်ပါတယ် သတ်ခန်းဖြတ်ခန်းတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.4 GB)/(751 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Zar Ni Oo
movie
Found (2012)
The Resurrection of Charles Manson (2023)
The Resurrection of Charles Manson (2023)~ Rotten Tomatoes - 78% ~ဒီကားလေးကို တကယ့်အဖြစ်အပျက်အပေါ်မှာ အခြေခံပြီးရိုက်ထားတယ်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို ချားလ်မေဆန်ဆိုတဲ့သူက ၁၉၆၀ခုနှစ်၀န်းကျင်က အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး ဇာတ်ကားထဲကအကြောင်းအရာတချို့ကလည်း တကယ်ဖြစ်ပျက်ခဲ့တာတွေ ပါ၀င်တာကြောင့်မလို့ပါ။ဒီချားလ်မေဆန်ဆိုတဲ့ပုဂ္ဂိုလ်က နှယ်နှယ်ရရတော့မဟုတ်ပါဘူး ဘာသာရေးဂိုဏ်းအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်လိုက်တွေက ဂျီးဆပ်ပြန်၀င်စားတယ်လို့တောင်ယုံကြည်ကြတဲ့သူပါ။ သွေးပျက်စရာကတော့ သူ့နောက်လိုက်တချို့က အဲဒီခေတ်က နာမည်ကြီးမင်းသမီး Sharon Tate နဲ့ မိတ်ဆွေတချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဓါးနဲ့ဆယ့်ခြောက်ချက်လောက်အထိုးခံခဲ့ရတဲ့အပြင် ကြိုးနဲ့ပါ ကြိုးဆွဲချပြီးအသတ်ခံခဲ့ရတဲ့မင်းသမီးဟာ သေဆုံးချိန်မှာ အသက်(၂၆)နှစ်ပဲ ရှိပါသေးတယ်။ဒီကားထဲမှာတော့ ချားလ်မေဆန်ကို အသက်ပြန်သွင်းဖို့ သူ့ရဲ့နောက်လိုက်အပေါင်းအပါတွေ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အားလုံးသိကြတဲ့ မင်းသားကြီး Frank Grillo ပါဝင်ထားပြီး လတ်တလောမှထွက်ရှိထားတဲ့ ဒီ Thriller ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
The Resurrection of Charles Manson (2023)
2023
7.4
The Goat and Her Three Kids (2022)
The Goat and Her Three Kids (2022)~ IMDb rating - 7.4/10 ~၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ''The Goat and Her Three Kids'' ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်... အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, ...
movie
The Goat and Her Three Kids (2022)
2022
Sync (2023)
Sync (2023) IMDb - 7.3/10အခုတစ်ခါမှာတော့ Rating ကောင်းပြီး ဇာတ်လမ်းတင်ဆက်ပုံ ထူးထူးခြားခြားနဲ့ကြည့်ရမဲ့ Horror/ thriller ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း အလုပ်မှာ အဆင်မပြေတာတွေအမြဲကြုံနေကြတော့ သူငယ်ချင်းလေးယောက် စိတ်လွတ်ကိုယ်လွတ်ပျော်ဖို့ နေ့ချင်းပြန်ခရီးတစ်ခု စီစဉ်ခဲ့ကြပါတယ်။ သို့ပေမဲ့ လမ်းခရီးမှာ ကားချို့ယွင်းချက်ကြောင့် လူတစ်ယောက်ကို မတော်တဆတိုက်မိပြီး ထွက်ပြေးခဲ့ကြတဲ့အချိန်မှာတော့ ...အပြစ်ရှိတဲ့သူတွေဟာ အပ်ကျရင်တောင်ကြောက်တတ်ကြတာမလို့ သူတို့လေးယောက်ကို ဘယ်လိုအရာတွေကခြောက်လှန့်နေမှာလဲ အရင်နဲ့မတူ တမူထူးတဲ့ ခြောက်နည်းခြောက်ဟန်တွေကြား သူတို့ကိုယ်လွတ်ရုန်းဖို့ ဘယ်လိုတွေချောက်တွန်းကြမလဲဆိုတာ ထင်မှတ်မထားတဲ့ Plot twist နဲ့ စိတ်ခြောက်ခြားဖွယ် ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ V တို့ပဲဖြစ်ပါတယ်) File size…875MB / 389MB Quality…1080p WEB DL/ 720p Format…mp4 Duration….1h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ ...
movie
Sync (2023)
2023
5.8
The Divide (2011)
2011 ခုနှစ်ထွက် Science-Fiction ကားတစ်ကား တင်ဆက်ပေးပါရစေ။အမေရိကန်နိုင်ငံကို နျူကလီးယားဗုံးကျဲအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေဟာတိုက်ခန်းမြေအောက်ထပ်မှာ စုပြုံနေကြပါတယ်။ နျူကလီးယားလက်နက်အစွမ်းကြောင့် ဓာတုအဆိပ်သင့်မှုမပြီးမချင်း မြေအောက်ခန်းမှာပဲအလုံပိတ်နေကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအချိန်မှာ ဇာတ်လမ်းစပါပြီ။ လူဆိုတာကတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့အတိုင်းအရေးကြုံလာရင် တစ်ကိုယ်ကောင်းဆန်တာတွေ ကတုံးပေါ်ထိပ်ကွက်တာတွေလုပ်ချင်ကြစမြဲပါပဲ။ အစားအစာခွဲတမ်းတွေ၊ ရေခွဲတမ်းတွေစတာတွေနဲ့အချင်းချင်းစမန်ခုတ်ကြနဲ့ အချင်းချင်း သံသယတိုးပွားလာမှုတွေအပြင်ပြင်ပကရန်ပြုသူတွေပါ ထပ်ရောက်လာတဲ့အခါ...။ ပြင်ပရန်သူကိုတိုက်ထုတ်ဖို့နေနေသာသာ မိမိတို့အဖွဲ့ထဲမှာတင် စိတ်ဝမ်းကွဲနေပါရော။မြေအောက်ခန်းထဲမှာ သူတို့ဘယ်လောက်ကြာကြာဆက်နေနိုင်မလဲ၊ရန်သူတွေကိုရော ဘယ်လိုရင်ဆိုင်မလဲ၊ ပြင်ပကိုရော အန္တရာယ်ကင်းစွာထွက်လာနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူလိုက်ပါဦးနော်။ File size…2.43GB/ 765MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JANE
movie
The Divide (2011)
Wild Bones (2022)
ဒီဇာတ်ကားကတော့ အိမ်တွင်းရေးပြဿနာတွေနဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေအကြောင်းကိုရိုက်ပြထားတဲ့ Psychological Horror Dramaကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ညီအမနှစ်ယောက် အိပ်မက်ဆိုးတစ်ခုအကြား သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားကြပုံကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်အကျဉ်းကတော့ ဖေး နဲ့ အဲလစ်တို့ဟာ ရှုပ်ထွေးလှတဲ့အတိတ်ကိုယ်စီနဲ့ ညီအမနှစ်ယောက်ပါ။ ဒီရှုပ်ထွေးလှတဲ့အရာတွေဟာ သူတို့နှစ်ယောက်ရဲ့ အဖေဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ ဖေးကတော့ သူ့အဖေပျောက်ဆုံးသွားရခြင်းကို လွဲမှားစွာမှတ်ယူထားပြီး သူမရဲ့ဘ၀ကို တိုက်စားခွင့်ပေးထားပါတယ်။ ဒါပေမယ့် ညီမဖြစ်သူ အဲလစ်ကတော့ ဖေးကိုဆက်သွယ်လာပြီး သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့အဖေဟာ သူတို့အတွက် အိမ်တစ်လုံးထားခဲ့ပေးတယ်ဆိုတာကို ထုတ်ဖော်ပြောလာပါတယ်။သူ့အဖေရဲ့ အိမ်ကို အမွေဆက်ခံဖို့အတွက် ဖေး ဟာ သူမကို အတိတ်က စိတ်ဒဏ်ရာတွေပေးခဲ့တဲ့ တရားခံဖြစ်သူ သူမရဲ့မိခင်ရင်းနဲ့ ရင်ဆိုင်ရမှာပါ။ ညီအမနှစ်ယောက်ဟာ သူတို့ရဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြရင်း သူတို့ဟာ လိမ်ညာမှုတွေနဲ့ပြည့်နှက်နေတဲ့ ပင့်ကူအိမ်ထဲမှာ ဖမ်းခံထားရပြီး ဘယ်သူ့ကိုယုံရမလဲ ဘယ်အရာကိုယုံကြည်ရမလဲဆိုတာ မသေချာ ...
movie
Wild Bones (2022)
Cabin Girl (2023)
ပုံမှန်သရဲကားတွေလိုမဟုတ်ဘဲပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ horror thriller film လေးဖြစ်ပါတယ်... အေဗာရော်ဘင်ဆိုတဲ့ကောင်မလေးကကားနဲ့ခရီးတွေသွားရင်းဘလော့ဂ်ရိုက်ရတာကိုဝါသနာပါတဲ့ဘလော့ဂါလေးပါ တစ်နေ့မှာတော့သူကားအက်စီးဒင့်ဖြစ်ပြီးခရီးမသွားတော့ဘဲမြို့ငယ်လေးတစ်မြို့မှာအခြေချဖို့ဆုံးဖြတ်လိုက်ပါတော့တယ် မြို့စွန်ကသစ်သားအိမ်လေးကိုဝယ်ခဲ့ပေမဲ့ ဖြစ်ချင်တော့အရင်ကသတ်သေသွားဖူးတဲ့ဟန်နာဆိုတဲ့ကောင်မလေးတစ်ယောက်နေသွားတဲ့အိမ်ဖြစ်နေပြီး အေဗာကတော့အိမ်ထဲမှာလည်းသရဲမကိုခနခနတွေ့နေရတာကြောင့်အဲ့အကြောင်းကိုအရမ်းစိတ်ဝင်စားသွားခဲ့ပါတယ် အေဗာတစ်ယောက် ဟန်နာရဲ့အမှုအကြောင်းကိုလိုက်စုံစမ်းရင်းဘလော့တွေရိုက်ရင်းနဲ့ဘာတွေရှာတွေ့သွားမလဲ အိမ်မှာရှိနေတဲ့သရဲကရောတကယ်ဟန်နာဟုတ်ရဲ့လား သူအေဗာ့ဆီကဘာတွေလိုချင်နေတာလဲဆိုတာကိုကြည့်ရှုရမှာပါ ။ File size…(828 MB) Quality….Webrip 720p Format…mp4 Duration….01:28:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Cabin Girl (2023)
Jagged Mind (2023)
Jagged Mind (2023)အချစ်နဲ့စစ်မှာမတရားတာမရှိပေမဲ့ ပိုင်ဆိုင်လိုစိတ်တွေက အစွန်းရောက်လာပြီဆိုခဲ့ရင် တစ်ဖက်လူရဲ့ဆန္ဒမပါဘဲ ပြန်လည်ပြင်ဆင်နေရုံနဲ့ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အချစ်တစ်ခုကို ပြန်တည်ဆောက်နိုင်မှာလား။ လုပ်ယူထားတဲ့ ဖန်တီးထားတဲ့အချစ်တစ်ခုကရော အချစ်စစ်လို့ ခေါ်နိုင်မှာလား။အခုတစ်ခါတင်ဆက်ပေးမှာကတော့ psychological thriller ချစ်သူတို့ အကြိုက်တွေ့စေမယ့် Jagged Mindဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 18 ယောက်စုကြည့်ရတဲ့ကားလေးဆိုတော့ 18 ယောက်မပြည့်ရင်တောင် အဖော်များများနဲ့ကြည့်ဖို့တော့ Recommended ပါတယ်။ဘစ်လီဆိုတဲ့ကောင်မလေးမှာ ခရစ်စတင်းဆိုတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ toxicဆန်နေတဲ့rsတစ်ခုမှန်း သိသိကြီးနဲ့ red flag မှ ခိုက်တာဆိုတဲ့ အချောလေးတို့ထုံးစံအတိုင်း ဘစ်လီတစ်ယောက် ခရစ်စတင်းကခေါ်တိုင်း ပါပါသွားတတ်သူပေါ့။ ဒါပေမဲ့ ဘစ်လီတစ်ယောက် သတိမေ့တဲ့ရောဂါလိုလို Deja vuလိုလိုနဲ့ သူ့ဘဝရဲ့ တချို့အချိန်တွေက သူမသိလိုက် မမှတ်မိလိုက်ဘဲ ပျောက်ဆုံးနေပါတယ်။ တစ်ခါတစ်ရံမှာ Blackoutဖြစ်ပြီး ပေါ်ပေါ်လာတဲ့ တစ်စစီဖြစ်နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကြောင့် ရိုးရှင်းမလိုဘဝကြီးက ရှုပ်ထွေးနေတာပေါ့။ဒီလိုနဲ့ ထုံးစံအတိုင်း ခရစ်စတင်းက ပလစ်သွားလေပြန်တဲ့တစ်ညမှာ ရုတ်ချည်းဝင်ရောက်လာခဲ့တဲ့ Miss Perfect အဲလက်စ်၊ အဲလက်စ်ကိုခုမှမြင်ဖူးတာပေမယ့် ရုတ်တရက်ပေါ်လာတဲ့ မှတ်ဉာဏ်အပိုင်းအစတွေထဲက ...
movie
Jagged Mind (2023)
2023
WarHunt (2022)
Genre – Action, Horror, Thriller ၁၉၄၅ ခုနှစ်မှာ ဂျာမနီရဲ့အမည်းရောင်တောအုပ်ထဲ အမေရိကန် စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်။ ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်းတစ်ခုပါနေတယ်။ ဒီတော့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ ၁၂ ယောက်ပါ တပ်ဖွဲ့လေးကဒီ လေယာဉ်ပျက်ကို သွားပြီး စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ မေဂျာကလည်းရောက်လာပြီး ဒီလေယာဉ်ပေါ်က ပစ္စည်းပြန်ယူဖို့ သူ့လူ ဝပ်ရှ်ဆိုတာကို အမိန့်အာဏာသုံးပြီးအတင်းလာပို့သွားတယ်။ ဒီလိုနဲ့ ၁၃ ယောက်ပါ တပ်ဖွဲ့လေးက အမည်းရောင်တောအုပ်ထဲ လေယာဉ်ပျက်လိုက်ရှာကြတဲ့အချိန်မှာတော့ ဆာဂျင်ထင်နေသလို မရိုးရှင်းပဲ သဘာဝလွန်ထူးခြားဆန်းကြယ်တာတွေ ပါဝင်လာတဲ့အခါ…..။ တောထဲက သွေးစုပ်ခံရတဲ့အလောင်းကောင်တွေကဘာလဲ၊ ထူးခြားတဲ့အမျိုးသမီးတွေရော ဘယ်သူလဲ၊အမေရိကန်ရော ဂျာမန်ရော လိုချင်နေကြတဲ့ လျှို့ဝှက်ပစ္စည်းဆိုတာရော ဘာတွေဖြစ်နေမလဲ၊ အကုန်လုံး ဒီတောထဲကနေ ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ကြပါ့မလားဆိုတာသည်းထိတ်ရင်ဖို ကြည့်ရမယ့်ကားပါ။ဆာဂျင်နေရာကတော့ ကျွန်တော်တို့ရဲ့ Prison Break ထဲက လူဆိုးကျော်ကြီး T-Bag ပဲဖြစ်ပါတယ်ဗျ။ File size…1.35GB / ...
movie
WarHunt (2022)
Quicksand (2023)
လင်မယားနှစ်ယောက် အပျော်ခရီးထွက်ရင်း ခွေးချေးပုံနင်းမိတဲ့ Quicksand ဆိုတဲ့ (2023) ထွက် Thriller movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျော့ရှ်နဲ့ ဆိုဖီယာဟာ ပြိုလဲခါနီးအိမ်ထောင်ရေးတစ်ခုကို လူသူမသိအောင်ဖုံးဖိရင်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ညီလာခံနေ့မတိုင်ခင်မှာပဲ နှစ်ယောက်သားတောင်တက်ခရီးတစ်ခု အတူတူထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ သေမင်းတမန်တောနက်ကြီးထဲရောက်ရှိသွားပြီး Quicksand လို့ခေါ်တဲ့ ရုန်းလေနစ်လေ နွံအိုင်ကြီးထဲကို လင်မယားနှစ်ယောက် ပြုတ်ကျသွားပါတော့တယ်။ နွံအိုင်ထဲရောက်သွားပေမဲ့လည်း ငယ်ငယ်ကဖတ်ဖူးတဲ့ တြိစက္ကဝတ္ထုတွေထဲကလို လူကိုချက်ချင်းဝါးမြိုသွားတာမျိုးတော့ မဟုတ်ပါဘူးဗျ။နွံအိုင်တွေရဲ့ တကယ့်သဘောတရားမှာက သူ့ထဲမှာပါဝင်တဲ့ ဗွက်တွေသဲတွေရေတွေရဲ့ သိပ်သည်းဆက လူထက်ကိုများတာမို့ လူခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အဓိကသက်ရောက်နေတဲ့ ခြေထောက်ပိုင်းပဲနစ်မြုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဆုတ်ထဲကလေတွေကြောင့် ပေါလောပေါ်နေမှာပါ။ ဒါပေမဲ့လည်းအဲဒါကြောင့် လုံးဝအသက်အန္တရာယ်မရှိတာမျိုးမဟုတ်ဘဲ အစာငတ်သေတာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်တွေလည်း ရှိသေးတာပေါ့နော်။ ဒီလိုနဲ့လင်မယားနှစ်ယောက် တောနက်ထဲက နွံအိုင်ကြီးထဲမှာနစ်နေရင်း ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ။ဒါတွေကို ...
movie
Quicksand (2023)
5.9
The Puppet ( 2023 )
အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် The Puppet ဆိုတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းသူလေး ရှောင်မန့်ဟာ သူမအဖေရှိရာ ရွာပြန်ပြီး သိပ်မကြာခင်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သမီးကို အချစ်ကြီးတဲ့ အဖေခမျာ သူ့သမီးရဲ့ ဝိညာဉ်ကို အရုပ်ထဲထည့်ဖို့ ပူဇော်ပွဲကြီးလုပ်ပါတော့တယ်။ ထိုပူဇော်ပွဲမှာ အလောင်းစစ်ဆေးသူ ၂ ဦးနဲ့ ဦးလေးကျိုတို့ သေဆုံးခဲ့ပြီးနောက် တစ်ရွာလုံးမှာ ရှောက်မန့်ရဲ့ ဝိညာဉ်ပါတဲ့ အရုပ်က လူသတ်ကြောင်း သတင်းပျံ့သွားပါတော့တယ်။ရှောင်မန့်ရဲ့ သူငယ်ချင်းဖြစ်သူ ချန်းချန်းဟာ ဆရာနဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ ယွမ်ယောင်ရွာသို့ ရှုခင်းကြည့်ရှုလေ့လာရန် ရောက်လာခဲ့ပါတယ်။ တကယ်တော့ သူမဟာ စကားမပြောတတ်တဲ့ ရှောင်မန့်သေဆုံးရတဲ့ အကြောင်းရင်းကို လာရောက်ရှာဖွေပြီး ကလဲ့စားချေရန် ဖြစ်ပါတယ်။သူမတို့အဖွဲ့ သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ ဟွမ်အိမ်မှာ တည်းခိုရဖို့ အကြောင်းဖန်လာပြီး ထူးဆန်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ သူတို့တစ်ဖွဲ့လုံး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ပြဇာတ်အဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ရှောင်မန့်တစ်ယောက် ဘာလို့ အရုပ်ကိုပွေ့ပြီး မြစ်ထဲမှာ သေနေရတာလဲ...... ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလား အကြံအစည်တွေ ရှိနေတာလား...... တရားခံအစစ်က ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်လေးကြည့်ပြီး ...
movie
The Puppet ( 2023 )
First
47
48
49
50
51
Last
Previous
Next