Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
Natty Knocks (2023)
ဒီဇာတ်ကားက ၂၀၂၃ ထွက် horror / Thriller ဇာတ်ကားသစ်ပါ။ဇာတ်လမ်းက Slasher themeလည်းပါသလို witch craftတွေနဲ့Horrorအငွေ့အသက်တွေလည်း အစုံပါတယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဝိုင်းယက်နဲ့ဂျိုလီ မောင်နှမ၂ယောက်နဲ့သူ့ရဲ့ကလေးထိန်း ဘရစ်တို့ဟာ မမျှော်လင့်ဘဲနဲ့ လူသတ်မှုတစ်ခုကိုမျက်မြင်တွေ့ခဲ့ပြီးနောက် လူသတ်သမားရဲ့ လိုက်လံအငြိုးထားမှုကိုခံခဲ့ရပါတယ်။ သူ့လက်က လွတ်အောင်ကြိုးစားရင်း လူသတ်သမားဖြစ်သူရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့ရဲ့မြို့လေးမှာ အရင်ကဖြစ်ခဲ့တဲ့မှုခင်းတခုအကြောင်းပါ မီးခိုးကြွက်လျှောက်ပေါ်လာပါတော့တယ်။သူတို့၃ယောက် လူသတ်သမားဆီက လွတ်အောင် ပြေးနိုင်မှာလား။အဲဒီလူကဘာလို့လူသတ်နေတာလဲ၊ သူ့နောက်ကြောင်းကို သူတို့တွေဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။ File size…1.58 GB / 653MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Natty Knocks (2023)
7.0
30 Days of Night(2007)
30 Days of Night(2007)********************ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလိုဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်...ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်းပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်...အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် ...နိုဝင်ဘာလပေါ့...ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းကတောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်..အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ မြို့ခံလူတွေဟာ တဖြည်းဖြည်းအကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်..အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်းမြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်..နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာမြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့...File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre : Action, Adventure, Horror Subtitle : Myanmar ...
movie
30 Days of Night(2007)
6.0
Til Death Do Us Part (2023)
Til Death Do Us Part (2023) ==================== IMDb Rating - 6.0/10သတို့သမီးတစ်ယောက်နဲ့ လူသတ်သမားသတို့သားတစ်ဖွဲ့လုံး ချရတဲ့ ကားပါ။ ဇာတ်ကားနာမည်က မင်္ဂလာဆောင်တွေမှာ သစ္စာဆိုတဲ့စကား ပါပဲ။ သေမှပဲ တို့တွေခွဲမယ်တို့ သက်ဆုံးတိုင်မခွဲဘူး ဘာညာပေါ့။ ဒီကား ကိုကြည့်ရင် Kill Bill ကို ပြေးမြင်မိမယ်ထင်ပါတယ်။ သတို့သမီးက လုပ် ကြံရေးအဖွဲ့ကြီးတစ်ခုရဲ့ အဖွဲ့ဝင်ပါ။ အဲဒီအဖွဲ့ကနေ အရှင်ထွက်ခွင့်မရှိပါ ဘူး။ဒါပေမဲ့ သတို့သမီးက သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ တွဲဘက်လူသတ်သမားနဲ့ ကြိုက်သွားပြီး မင်္ဂလာမဆောင်ခင်ရက်ပိုင်းမှာပဲ ဒီအဖွဲ့ထဲကနေ ထွက်ချင် လို့ ထွက်ပြေးပါတော့တယ်။ ဒါကို သတို့သားနဲ့ သတို့သားအရံ၊ သူငယ်ချင်း လူသတ်သမားတွေက အုပ်လိုက်ကြီးပြန်လိုက်ဖမ်းတာပါ။ အဲဒီတော့ တစ် ကားလုံး အပြန်အလှန်သတ်ဖို့ကြိုးစားကြတာပေါ့။ ဟာသ၊ အက်ရှင်၊ ဟော် ရာဖြစ်လို့ ခပ်ပြောင်ပြောင်အခန်းတွေလည်း မြင်ရမှာပါ။ အတော်လေး ဖျော် ဖြေမှုပေးတဲ့ ရုပ်ရှင်ပါပဲ ကြည့်ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (490 MB) Quality............WEB-DL ...
movie
Til Death Do Us Part (2023)
2023
6.5
Tumbal Kanjeng Iblis(2022)
Tumbal Kanjeng Iblis(2022)*************************မတူညီကြတဲ့ယုံကြည်ကိုးစားမှုတွေက ဒီကမ္ဘာမှာဒုနဲ့ဒေးရှိသလိုကိုယ်လိုချင်တာတစ်ခုအတွက် အခြားသူတွေကိုချနင်းစတေးဖို့ ဝန်မလေးတဲ့လူတွေလည်း အများအပြားရှိပါတယ် ...မိသားစုလေးတစ်ခုမှာ ပူတရီနဲ့တီအာဆိုတဲ့ညီအမနှစ်ယောက်ရှိတယ် ပူတရီကောလိပ်တက်ဖို့ တစ်ခြားမြို့ကိုသွားပြီးနောက် ၂နှစ်ကြာတဲ့အထိ သတင်းအဆက်အသွယ်မရ ပျောက်ဆုံးသွားခဲ့တယ်,,,,ကျန်းမာရေးယိုယွင်းလာတဲ့ ဖခင်ကို ဆေးရုံတင်ထားခဲ့ရပြီးတီအာ သူ့အစ်မကိုရှာဖို့ ထွက်လာခဲ့တယ် ...သူ့အစ်မနေခဲ့တယ်လို့ ယူဆရတဲ့အဆောင်မှာ နေပြီး သူ့အစ်မသတင်းကိုစုံစမ်းဖို့ကြိုးစားတယ်...အဆောင်ပိုင်ရှင် ရိုဆာက ရှေ့မှာအင်မတန် ဖော်ရွေလှပေမယ့် နောက်ကွယ်ကမူမမှန်တာတွေကို တွေ့ပြီး တီအာ သံသယတွေဝင်လာတယ် အဆောင်ရောက်ပြီးညတိုင်းအိပ်မက်ဆိုးတွေမက်နေပြန်တယ် သူ့အစ်မပျောက်ဆုံးမှုနောက်ကွယ်မှာဘယ်လိုအရာတွေ ရှိနေတာလဲ.... သူမအဖေရဲ့ အဖြေရှာမရ ဆိုးဝါးလှတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ဇစ်မြစ်ကဘာလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာဆိုးကြီးကနေတီအာ လွတ်မြောက်နိုင်မလားဆိုတာ...။ ဒီဇာတ်လမ်းလေးက ကြောက်တတ်တဲ့သူတွေဆို တစ်ယောက်ထဲမကြည့်သင့်ပါဘူးအသည်းယားစရာကောင်းတဲ့ သွေးသံရဲရဲ ကြောက်စရာမြင်ကွင်းတွေ ပါတာမို့လို့ပါ။File size… 995MB& 416MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Horror , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by AOI
movie
Tumbal Kanjeng Iblis(2022)
6.5
Brightburn (2019)
IMDb Rating (6.1)ဒါကတော့ စူပါဟီးရိုး ဟော်ရာ အမျိုးအစားပါဇာတ်လမ်းအကျဉ်းကတော့ လယ်သမားလင်မယားနှစ်ယောက်ဆီကိုအာကာသယာဉ်နဲ့အတူ ကလေးလေး တစ်ယောက် ပါလာခဲ့တယ်။သူတို့ အဲဒီကလေးကို မွေးစားခဲ့တယ်။အခြားဂြိုလ်က လာတဲ့ ဒီကလေးဟာ ကမ္ဘာသားတွေနဲ့မတူပဲ ထူးခြားတဲ့အစွမ်းတွေရှိနေခဲ့တယ်။ ဒီဇာတ်လမ်းမျိုး ထပ်ခါထပ်ခါ ကြားဖူးကြမှာပါ။ဒါဟာ စူပါမန်းရဲ့ ဇာတ်လမ်းပါပဲ။အခြားဂြိုလ်က လာတဲ့ စွမ်းအားရှင်လေးဟာ ကမ္ဘာကြီးကို ကာကွယ်သူဖြစ်လာခဲ့တယ်ပေါ့။တကယ်လို့ အဲဒီလိုအစွမ်းနဲ့ လူတစ်ယောက်ကဆိုးသွမ်းသွားရင် ဘာတွေဖြစ်လာမလဲ။ကမ္ဘာကြီးကို ကာကွယ်မယ့်အစား ဖျက်ဆီးဖို့ကြိုးစားရင် ဘာဖြစ်လာမလဲ။ဒီမှာ ကြည့်ရမှာပါ။စာတန်းထိုးအပြီးမှာ အခန်းအပိုပါ ပါသေးတယ်။စောင့်ကြည့်ဖို့မမေ့ပါနဲ့။အခြား ဟီးရိုးတွေရဲ့ အရိပ်အယောင်ကိုပါ မြင်ရပါလိမ့်မယ်။ File size…(3 GB)/ (1 GB)/(685 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:30:30 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo
movie
Brightburn (2019)
2019
4K HEVC
5.3
The Unbinding (2023)
The Unbinding (2023) ================သိပ္ပံနယ်လွန်၊ သဘာ၀လွန်၊ ပရလောက၊ တစ္ဆေသရဲကိစ္စတွေ စိတ်၀င် စားတဲ့သူဆိုရင်တော့ ဒီ Documentary ကို ကြည့်ကိုကြည့်သင့်ပါတယ်။ လက်တွေ့ဖြစ်ရက်တွေကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတာမို့ ပုံမှန်သရဲ ကားတွေထက် ပိုရင်ခုန်စရာကောင်းပါတယ်။ ဒါရိုက်တာစာရေးဆရာ လည်းဖြစ် သိပ္ပံနယ်လွန်ကိစ္စတွေကို စူးစမ်းထောက်လှမ်းသူလည်းဖြစ်တဲ့ ဂရက်ဂ် နဲ့ ဒေနာနယူးကတ်တို့ဇနီးမောင်နှံရဲ့ လက်တွေ့စွန့်စားခန်းတွေကို စိတ်၀င်စားစရာ ရိုက်ပြထားတာပါ။ဇာတ်ကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်တော့ တစ်နေ့မှာ ဂရက်ဂ်တို့ဆီ ကျိန်စာတိုက်ခံထားရသလိုမျိုး ကြောက်စရာသစ်သားရုပ်တုတစ်ခု ရောက် ရှိလာတာက စပါတယ်။ ရုပ်တုရောက်လာတဲ့နေ့ကစလို့ ခြောက်ခြားစရာ အဖြစ်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေနဲ့ပေါင်း ပြီး ရုပ်တုကိုပြန်ပို့ဖို့၊ ရုပ်တုမှာပူးကပ်နေတဲ့အရာကို ဖယ်ရှားဖို့ နည်းအမျိုး မျိုးနဲ့ ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ ကျိန်စာမိနေတဲ့ရုပ်တုကို ဘယ်လို ရင်ဆိုင်ဖြေရှင်းလဲ၊ နောက်ကွယ်ကအမှန်တရားတွေကို ဘယ်လိုရှာကြမလဲ ဆိုတာတွေကို လက်တွေ့ကျကျကြည့်ရမှာမို့လည်း ပိုစိတ်၀င်စားစရာကောင်း ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.23 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator......C'mon Encoder..........SWM
movie
The Unbinding (2023)
2023
4.9
Sorry About the Demon (2023)
Sorry About the Demon (2023) =======================သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း တစ်ချိန်တည်းမှာပဲ ပြုံးတုံ့တုံ့အခိုက်အတန့်လေးတွေပါ ခံစားစေရမဲ့ ဇာတ်လမ်းမျိုး လိုက်ရှာ နေတယ်ဆိုရင်တော့ ဒီကားလေးက အသင့်တော်ဆုံးလို့ပဲ ပြောပါရစေ။ နောက်ပြီး အခုမှ လောလောလတ်လတ် ထွက်ရှိထားတာဆိုတော့ ကားအ သစ်မှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ။ ဆိုးဝါးလှတဲ့ သွားတိုက်ဆေးကုမ္ပဏီတစ်ခုရဲ့ customer service နေရာမှာ အလုပ်လုပ်နေတဲ့ ဝဲလ် ဆိုတဲ့ ကောင်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ် ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ အေမီ ဆိုတဲ့ ကောင်မလေးတို့ကတော့ ချစ်သူစုံ တွဲတွေပါ။ဒီလိုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲ ကြမှုအပြီးမှာတော့ ဝဲလ်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ သရဲတွေ ပျော်မြူး နေတဲ့ အိမ်ကြီးတစ်အိမ်မှာ နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ရောက်နေတဲ့ နတ်ဆိုးက ငရဲပြည်ကို ခေါ်သွားလို့ရမဲ့ ဝိညာဉ်တွေကို စုဆောင်း နေတဲ့ တအားကြမ်းတဲ့နတ်ဆိုးတစ်ကောင်ပါ။ ဒီတော့ နတ်ဆိုးတွေ သရဲတွေ ဝိညာဉ်တွေအများကြီးနဲ့ ကခုန်ရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိုးအကွေ့လေးတွေမှာလည်း ဘဝင်အေးရပါစေလိမ့်မယ်။ ...
movie
Sorry About the Demon (2023)
Elevator Game (2023)
ကြောက်စရာသရဲဂိမ်းတွေကို ဆော့ပြပြီး ကြည့်ရှုသူတွေအားပေးထောက်ခံမှုကိုအတော်ထားရတဲ့ အထက်တန်းကျောင်းပြီးခါစသူငယ်ချင်းငါးယောက်ဟာသူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီရှိုးကို အသက်မွေးဝမ်းအကြောင်းတစ်ခုအနေနဲ့လုပ်ဖို့ရည်ရွယ်ထားကြတယ်။ ငါးယောက်ထဲမှာ ကယ်ဗင်က စပွန်ဆာရအောင်ရှာဖွေရပြီးခရစ်၊မက်တီနဲ့ ကလိုဝီတို့ကတော့ လူတွေစိတ်ဝင်စားလာအောင် သရဲဂိမ်းတွေကိုဆော့ပြရတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အစ်ဇီကတော့ တည်းဖြတ်ရေးပိုင်းကိုတာဝန်ယူရတယ်။တစ်နေ့ သူတို့ကုမ္ပဏီကိုအထက်တန်းကျောင်းတက်လက်စ ကျောင်းသားတစ်ယောက်ကvolunteer အနေနဲ့ကူညီပေးဖို့ရောက်လာတယ်။တစ်ဖွဲ့လုံးက အပိုင်းသစ်ရိုက်ကူးဖို့အတွက်အကြံကုန်နေကြတဲ့အတွက် လူသစ်လေး Elevator Game ကိုကစားလို့ရကြောင်းပြောလာတယ်။ အရင်က ခရစ်က ဒီဂိမ်းအကြောင်းကိုပြောခဲ့ပေမယ့် ကြည့်ရှုသူတွေပျင်းမှာစိုးလို့ မလုပ်ချင်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ရှေ့အပိုင်းမှာ စပွန်ဆာ productကို သေချာရိုက်မပြခဲ့တဲ့အတွက် စပွန်ဆာ ကုမ္ပဏီကတင်းပြီးတော့ တစ်ပတ်အတွင်းအပိုင်းသစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ရင် ငွေကြေးမထောက်ပံ့တော့ဘူးဆိုပြီး ပြောလာတဲ့အတွက် လူသစ်လေးရဲ့အကြံအတိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ Elevator Game ဟာအွန်လိုင်းပေါ်မှာနာမည်ကြီး ဆော့တဲ့သူတွေဟာ ဂိမ်းဆော့နေရင်းနဲ့ပျောက်သွားကြောင်းကလိုဝီတို့အဖွဲ့သိလိုက်ကြတယ်။ သရဲကားတို့ထုံစံအတိုင်း Elevator Game ရဲ့သံမဏိစည်းမျဉ်းကို ကလိုဝီတို့အဖွဲ့ချိုးဖောက်လိုက်တဲ့အခါမှာတော့........ File size…1.05 GB / 624 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h ...
movie
Elevator Game (2023)
6.2
Blood Punch (2014)
ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ပြောရမယ့်ကားမျိုးပါ။သွေးသဲရဲရဲဇာတ်ဝင်ခန်းတွေ အတော်လေးပါသလို အပြောအဆိုအတော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြုပေးပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်းပေမယ့် ကျောင်းဓါတ်ခွဲခန်းမှာဆေးချက်မိလို့ ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်ယောက်မူးယစ်ဆေးနဲ့ ကံမကုန်ချင်တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂ယောက်နဲ့ကြုံခဲ့ရပါတယ်။ဆေးချက်ရမယ့် နေရာရောက်တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့ဆေး၈၅ပေါင်ကို တစ်ဦးတည်းမောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့မီလ်တန်ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါပေမဲ့အဲဒီနေ့အပြီး နောက်တစ်နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်ယောက်အသက်ရှင်နေသေးသလို သူတို့ ကြုံတွေ့နေရတာတွေက မနေ့ကဖြစ်ခဲ့တဲ့အရာတွေအတိုင်း Deja vuလိုဖြစ်နေတာမျိုး ကြုံလိုက်ရပါတယ်။အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး နောက်နေ့ကူးသွားလည်း သူကပြန်အသက်ရှင်နေသေးသလို ဖြစ်ပြီးသားကိစ္စတွေပဲ ထပ်တလဲလဲပြန်ဖြစ်နေလို့ မီလ်တန်နဲ့ စကိုင်လာတို့ ၂ ယောက် သူတို့ရဲ့ စိတ်ကပဲလှည့်စားနေတာလား၊ တကယ်ပဲ အချိန်သံသရာထဲ ၂ယောက်လုံးရောက်နေတာလား အဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ နောက်ဆုံးအဲဒီအချိန်ကျော့ကွင်းထဲ လွတ်မြောက်နည်းကို ရှာတွေ့သွားမလား၊ဘယ်သူလွတ်မြောက်သွားမှာလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…2.07 GB / 787MB Quality…Blu-Ray 1080p ...
movie
Blood Punch (2014)
5.2
Quarantine 2: Terminal (2011)
ကွာရန်တင်း 2က တော့ 2008မှာထွက်ရှိထားတဲ့ ကွာရန်တင်းရုပ်ရှင်ရဲ့ နောက်ဆက်တွဲအပိုင်းဖြစ်ပြီးတော့ ဒါရိုက်တာ ဂျွန်ပုဂ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လေယာဉ်ပေါ်မှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်ပျံ့သွားပြီး လေဆိပ်မှာ ပိတ်မိသွားတဲ့အခါဘာဆက်ဖြစ်မလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။File size…(1.8 GB)/(969 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Mystery, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nang Aye Myat Phoo
movie
Quarantine 2: Terminal (2011)
The Roommate (2011)
ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ File size…(1.3 GB)/(642 MB) Quality….Webrip ...
movie
The Roommate (2011)
5.5
Earwig (2021)
2021 မှာထွက်ရှိထားတဲ့ ပြင်သစ်အမျိုးသမီးဒါရိုက်တာ Lucile Hadzihalilovic ရဲ့ပထမဦးဆုံးသော အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး စားရေးဆရာ Brian Catling ရဲ့ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်း1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူအဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကိုသူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ...တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန်ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig ကအကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ..... File size…1.19GB / 476MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 54m Genre ….. Drama , Fantasy , Horror Subtitle….Myanmar ...
movie
Earwig (2021)
The Way Out (2022)
လောကကြီးမှာ လူမျိုးစုံ စရိုက်မျိုးစုံရှိကြပါတယ် အဲဒီလိုပဲ ကြုံရတဲ့ လောကဓံတွေကလည်း မျိုးစုံပါပဲ မတူတဲ့ လောကဓံတွေကို တုံ့ပြန်ကြတဲ့ ပုံစံကလည်း အမျိုးမျိုအထွေထွေကိုရှိနေတာပါ။ဒီကားလေးထဲမှာတော့ အဖေနဲ့ အဆင်မပြေ အနိုင်ကျင့်ခံရလို့ စိတ်ညစ်ပြီး အရက်သောက်နေရာကနေ အရက်ဖြတ်ပြီး ၁နှစ်ကျော်ကြာတဲ့အချိန်မှာ အဖေ့ဆီပြန်သွားတော့ အဖေက အိမ်ထဲမှာ အသတ်ခံထားရတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ ကိုယ်နဲ့ဘယ်လောက်ပဲ မတည့်မတည့် ဖခင်အရင်းတစ်ယောက် အသတ်ခံလိုက်ရတာကိုတော့ အနည်းနဲ့အများ ဝမ်းနည်းကြတာချည်းပါပဲ။ အဲဒီလိုနဲ့ အဖေ့ရဲ့ အမွေအဖြစ် အိမ်ကြီးရော ကားတစ်စီးပါ ရသွားပေမဲ့ အပိုဆောင်းအနေနဲ့ အကြွေး ဒေါ်လာ ၅၀၀၀ပါ ကျန်ခဲ့သေးတာဆိုတော့ ပိုက်ဆံရှာဖို့အတွက် အိမ်ကြီးဆီမှာ လူငှားတင်ရတော့တာပါပဲ။အိမ်လာငှားတဲ့ လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့် အားကစားနည်းပြ ငှားပေးတဲ့သူကလည်း လောလောလတ်လတ် အဖေဆုံးပါးသွားရတဲ့ လိင်တူချစ်တဲ့သူ သူတို့တွေ့သွားချိန်မှာတော့ အားကစားနည်းပြရဲ့ အသွန်အသင်တွေနဲ့ လောကဓံကြီးကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာတွေကို တဝကြီးကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size…(950 Mb)/(440 ...
movie
The Way Out (2022)
Captive (2023)
"Night of the living dead" ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း..... Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီးအေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Captive (2023)
5.8
Absentia (2011)
Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ...
movie
Absentia (2011)
5.3
The Elderly (2022)
The Elderly (2022)~ IMDb - 5.3/10, Rotten Tomatoes - 100% ~ဒီကားလေးကတော့ 2022 ခုနှစ်ထွက် စပိန် ဟော်ရာ ဖန်တစီကားလေးဖြစ်ပါတယ်။ Award တစ်ခုလည်းရထားပြီး Nomination လေးခုလည်း ၀င်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာ ရိုဆာဆိုတဲ့အဖွားအိုတစ်ယောက်က ၀ရန်တာပေါ်က ခုန်ချသတ်သေသွားပြီး ခင်ပွန်းသည်ဖြစ်သူ မန်နျူရယ်တစ်ယောက်သာကျန်ခဲ့လို့ သားဖြစ်သူက အိမ်ပေါ်ခေါ်တင်စောင့်ရှောက်ထားပါတယ်။ ဒါပေမဲ့ မန်နျူရယ်က စိတ်ကျရောဂါကိုခံစားနေရပြီး ထင်ယောင်ထင်မှားတွေဖြစ် အသံတွေကြားနေရတယ်လို့ပြောပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို စတင်လုပ်လာတော့ နဂိုမကြည်ဖြူရင်းစွဲရှိသူချွေးမဖြစ်သူက ပိုမုန်းလာပါတယ်။ အဲဒီနောက်ပိုင်းကဖြစ်ရပ်တွေကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဒီကားလေးက သာမန်ဟော်ရာကားတစ်ကားထက်ကိုပိုပါတယ်။ လက်ရှိကာလဖြစ်ရပ်တချို့တွေကို ထင်ထင်ရှားရှားကို မီးမောင်းထိုးပြနေပြီး တချို့ Scene တွေက တကယ်ကိုစိတ်ညစ်ညူးစရာကောင်းလောက်အောင် ကြောက်စရာမွန်းကျပ်စရာကောင်းပါတယ်။ IMDb မှာ 5.3/10 ပဲ ရထားပေမယ့် ခရမ်းချဉ်သီးကတော့ 100% အပြည့်ရထားလို့ ကြည့်ရှုသူတွေအတွက် အရွေးမမှားလောက်တဲ့ဇာတ်ကားလေးပါပဲ။ အားလုံးပဲ ...
movie
The Elderly (2022)
2022
6.0
Bloodsucking Bastards (2015)
ဇာတ်လမ်းလေးကတော့ အရောင်းကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့အဲဗန်ဟာ စိတ်သဘောထားကောင်းတဲ့အတွက် သူ့လက်အောက် သူငယ်ချင်းဝန်ထမ်းတွေဟာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတယ်။ သူ့ရည်မှန်းချက်ဖြစ်တဲ့ ယာယီအရောင်းမန်နေဂျာကနေ တရားဝင် အရောင်းမန်နေဂျာဆိုတဲ့ရာထူးကိုရဖို့အတွက်ကြိုးစားနေသူတစ်ယောက်ပါ။ အထက်ကနေအမျိုးသားလိင်အားတိုးဆေးရောင်းဖို့အတွက် တင်ပြချက်တစ်ခုကို လုပ်ဖို့အထက်လူကြီး တက်ဒ်က အဲဗန်ကိုတာဝန်ပေးလိုက်ပါတယ်။ အဲ့နေ့တစ်ဆက်တည်းမှာပဲကုမ္ပဏီမှာရာထူးတစ်နေရာ ကြေညာစရာရှိတဲ့အတွက် ရုံးကဝန်ထမ်းအကုန်လုံးကိုတက်ဒ်ရဲ့ရုံးခန်းထဲကိုလာခိုင်းလိုက်ပါတယ်။ အဲဗန်က သူ့ကိုမန်နေဂျာရာထူးကြေညာပေးတော့မယ်အထင်နဲ့ ပျော်ရွှင်နေပါတယ်။ တကယ်ကြေညာလိုက်တဲ့အခါမှာကောလိပ်ကျောင်းတုန်းက ရန်ဖက်ဖြစ်တဲ့ မက်စ် ကိုကုမ္ပဏီမှာခန့်လိုက်ပါတယ်။မက်စ်ကုမ္ပဏီကိုရောက်လာတဲ့အချိန်ကစပြီးတော့ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ဗန်ပိုင်းယားတွေဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ သတိထားမိလာတဲ့အဲဗန်ဟာ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ တင်မ်နဲ့အတူဗန်ပိုင်းယားတွေကိုရှင်းလင်းပစ်တဲ့အခါမှာတော့...... File size…1.17 GB / 512MB Quality… Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Bloodsucking Bastards (2015)
5.9
Quarantine (2008)
Horrorရုပ်ရှင်ရိုက်တဲ့နေရာမှာ နာမည်ကြီးဖြစ်တဲ့ ဒါရိုက်တာ John Eric Dowdle ရဲ့ 2008ခုနစ်က ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ တီဗီသတင်းတင်ဆက်သူနဲ့ သူမရဲ့ကင်မရာမန်းက မီးသတ်ဌာနမှာ လေ့လာရေးအစီအစဉ်သွားရိုက်ရင်း ထူးဆန်းတဲ့ဗိုင်းရပ်စ် ပျံ့နေတဲ့ အဆောက်အအုံထဲ ပိတ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(1.8 GB)/(958 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nang Aye Myat Phoo
movie
Quarantine (2008)
5.6
Here Alone (2016)
အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီhorror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပိုအကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်းသူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကိုလိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲအခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီးရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲအေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက်ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။ File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , ...
movie
Here Alone (2016)
6.1
The Untamed (2016)
ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horrorအမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။အိမ်ထောင်ရေးသုခ မပြည့်စုံတဲ့ လင်မယား၂ယောက်၊ ခင်ပွန်းဖြစ်သူက ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်နေချိန် ဗာရိုနီကာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က သူတို့ကြားကို ဝင်လာချိန်ကစပြီး ပြဿနာတွေမျိုးစုံ ဖြစ်လာပါတော့တယ်။ဗာရိုနီကာက တောတွင်းတစ်နေရာက သစ်လုံးအိမ်ထဲမှာ နေသူဖြစ်ပြီး ထိုအိမ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အစမှာ မောင်ဖြစ်သူ ဖေဘီယန်ကို အဲဒီကိုခေါ်သွားပြီး ကိုမာရောဂါရပြီးဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို နောက်ပိုင်းမှာ အစ်မဖြစ်တဲ့အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကိုခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်နေမလဲ။ ဘယ်လိုပြဿနာတွေကို ဇာတ်လိုက်မိသားစု၃ယောက်ကြား ယူဆောင်လာမလဲဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။ File size…1.69GB / 791MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Untamed (2016)
First
42
43
44
45
46
Last
Previous
Next