Channel Myanmar

Horror

Poultrygeist: Night of the Chicken Dead (2006) 6.0
Poultrygeist: Night of the Chicken Dead (2006) Poultrygeist: Night of the Chicken Dead (2006) Genre – Comedy, Horror, Musical IMDB – 6.0/10(ရုပ်ရှင် မကြည့်ခင် သတိပေးလိုတာကတော့၁၈ နှစ်အောက်မကြည့်ကြပါနဲ့၊ ထမင်းစားရင်း မကြည့်ကြပါနဲ့)Troma Entertainment ဆိုတာက ဘတ်ဂျတ်နည်းနည်းIndependent ရုပ်ရှင်မျိုးတွေ ထုတ်ပေးတဲ့ ကုမ္ပဏီပါ။သူ့ဆီက ထွက်လာတဲ့ကားတွေက လူကြီးတွေအတွက်သာ ရည်ရွယ်ထားပြီး၁၉၅၀ ခုနှစ်စတိုင် Horror-Comedy တွေဖြစ်ပြီးသွေးသံတရဲရဲ သတ်တာဖြတ်တာ ပါမယ်ကိုယ်လုံးတီးတွေ ဗုံးဗောလအော ပါမယ်သောက်တလွဲဇာတ်လမ်း ဇာတ်ကောင်တွေ ပါမယ် ဒါ သူ့ ထူးခြားမှုပေါ့။သူတို့ဆီက ရုပ်ရှင်တွေကြည့်မယ်ဆို ယုတ္တိဆန်တာတွေတွေးခေါ်တာတွေ အကုန်မေ့ပစ်လိုက်ပါ ဘာလို့လဲဆိုတော့သူတို့ကားတွေက Fuk-up ဖြစ်ပြီး သောက်ဆန်းတွေမို့လို့ပါ။သူတို့ဆီက နာမည်ကြီးကား ၁၉၈၄ ထွက် Toxic Avenger ကိုတောင်ဒီနှစ်ထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ Elijah Wood တို့ Kevin Bacon တို့ Peter ...
movie

Poultrygeist: Night of the Chicken Dead (2006)

2006
Trauma Therapy: Psychosis (2023) 4.0
Trauma Therapy: Psychosis (2023) Trauma Therapy: Psychosis (2023) =========================တိုဘင်ဗန့်စ်ဟာ "အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့ ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့ ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့"ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး 'ရလဒ်'တွေကိုပဲ အာ ရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါ အမျိုးမျိုးခံစား‌နေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေး တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင် တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့ တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကု‌သရေးစင်တာ က တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကို အခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်း ကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1 GB) / (359 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator......Ngwe Zin Encoder..........SWM
movie

Trauma Therapy: Psychosis (2023)

2023
The Devil’s Rejects (2005) 6.7
The Devil’s Rejects (2005)  Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Devil’s Rejects (2005)

Bloodlust: Subspecies III (1994) 5.6
Bloodlust: Subspecies III (1994)  Bloodstone; subspecies ဆိုတဲ့ဗန်ပိုင်းယား ရုပ်ရှင်ဇာတ်လမ်းတွဲအဆက်ဖြစ်ပြီး IMDb 5.6/10 ရရှိထားတာပါ။Horror & thriller အမျိုးအစားဖြစ်ပြီး ရုတ်ရုတ်သဲသဲကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပေမဲ့ သွေးပျက်စရာအခန်းတွေအများကြီးပါပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရေဘက်ကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညီမလေးကိုရှာဖို့နဲ့ သူ့ညီမရဲ့ဝိဉာဉ်ကိုသိမ်းယူသွားတဲ့ဗန်ပိုင်းယားနဲ့ရင်ဆိုင်ဖို့ ထွက်လာခဲ့ပါတော့တယ် ဗန်ပိုင်းယားကြီးကသူ့ညီမလေးကို တပည့်မွေးသလိုမွေးထားပြီးဗန်ပိုင်းယားစစ်စစ်ဖြစ်စေချင်နေတာပါ ရေဘက်ကာတို့ညီအစ်မနှစ်ယောက်သား ဗန်ပိုင်းယားလက်အောက်ကနေ ဘယ်လိုလွတ်မြောက်အောင်ဘယ်လိုထွက်ပြေးကြမလဲ ရက်စက်တဲ့ဗန်ပိုင်းယားနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Fantasy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

Bloodlust: Subspecies III (1994)

The Haunting at Saint Joseph’s (2023) 5.5
The Haunting at Saint Joseph’s (2023)  လီလီခေါ် လီလယ်နာဟာ အများကချစ်ခင်ကြတဲ့ဆရာဝန်မလေးတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူ ကစ်တ်ဟာလည်းဆရာဝန်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပါတယ်။ကစ်တ်မှာတော့ ညီမတစ်ဦး ရှိပြီး ကစ်တ်ရဲ့ညီမဟာ သူ့အစ်ကိုရဲ့ရည်းစားတိုင်းနဲ့သူ့အစ်ကိုပြတ်အောင် လုပ်တတ်လို့ အခုလို လက်ထပ်ခါနီး ကျမှလက်ထပ်တော့မယ့်အကြောင်းကိုသိရသူပါ။ ဂျက်စ်ကတော့ လီလီရဲ့အခင်ဆုံးကောင်းတူဆိုးဖက် သူငယ်ချင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ၄ယောက်နဲ့အတူတခြားသူငယ်ချင်း ၂ဦးကိုပါ ခေါ်လာပြီး ရှေးခေတ်က စိန့်ဂျိုးဆက်ပ်ဘုရားကျောင်းနားမှာရှိတဲ့ စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာကို အပျော်ခရီးထွက်လာကြပါတယ်။စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာပတ်ဝန်းကျင်မှာကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေ ပုံပြင်တွေ မနည်း မနောရှိပေမယ့်သူတို့ကတော့ ဒါတွေကို သိပ်အယုံအကြည်မရှိပါဘူး။ ဒါပေမယ့်စိန့်ဂျိုးဆက်ပ်ကိုရောက်ပြီး သိပ် မကြာခင်မှာပဲ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ဝုန်းခနဲ ဒိုင်းခနဲ ခြောက်ခြားစရာတွေမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ ကျောချမ်းစရာဖြစ်တဲ့ဇာတ်လမ်းမျိုးကို ကြိုက် နှစ်သက်တွေ သဘောကျမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။  File size…1.63GB / 813MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Haunting at Saint Joseph’s (2023)

The Poughkeepsie Tapes (2007) 6
The Poughkeepsie Tapes (2007)  Serial Killer Documentry တွေ True event တွေအခြေခံရိုက်ထားတဲ့ ရုပ်ရှင်တွေမှအသည်းစွဲတွေအတွက် 2007 ခုနှစ်ကထွက်ထားတဲ့ သက်ငယ်မုဒိန်းကောင်ကွင်းဆက်လူသတ်သမား အက်ဒ်ဝပ်ကာဗာရဲ့ သရုပ်မှန်မဖော်ပဲ လူသတ်ကျူးလွန်ပုံတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ကြည့်ရမှာပါ။The Poughkeepsie Tapes လို့နာမည်ပေးထားတဲ့အကြောင်းက ဒီလူသတ်သမားက သူအမှုတစ်ခုကျူးလွန်တိုင်း ကျူးလွန်ရင်း ကင်မရာထောင်ပြီး ရိုက်ထားတာ တိတ်ခွေပေါင်း ၈၀၀ ကျော်ထိရှိလို့ပါ။သူ့ကို တစ်မူထူးခြားစေတာက သူ့ရဲ့ဉာဏ်ရည်ပါ၊ တခြားကောင်တွေလို လိုက်ဖမ်းတာနဲ့မိ မဟုတ်ဘဲ၊ အာဏာပိုင်တွေ မစဉ်းစားနိုင်လောက်တဲ့ထိ လေးငါးကွက်လောက်ကျော်တွေးပြီး လက်ညှိုးလေးပေါ်တင်ပြီး ဆော့သွားနိုင်တာပါပဲ။ ဒါပေမဲ့လည်း လူယုတ်မာဟာ လူယုတ်မာဖြစ်တဲ့ အလျောက် ဉာဏ်ကောင်းလည်း ကျီးကန်းက ဒေါင်းဖြစ်မလာပါဘူး ။ ပထမဆုံးအမှုမှာ တင် ၈နှစ်အရွယ်ကလေးမလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့ရကနေစခဲ့ပါတယ် ၊ နောက်ပိုင်းတော့ ပိုဆိုး ပိုအကျည်းတန်၊အနိဌာရုံ ဆန်တဲ့လုပ်ရပ်တွေထပ်ကျုးလွန်ခဲ့ပါတယ် ၊ သူ့ရဲ့ရက်စက်မှုတွေကို သေချာ ပြထားတဲ့ ကားမို့လို့ အမှုအခင်းတွေကြိုက်တတ်တဲ့ဖန်ဆို ပိတ်နေတဲ့ ...
movie

The Poughkeepsie Tapes (2007)

Beneath Us All (2023)
Beneath Us All (2023) ဒီလမှာမှ ထွက်ရှိထားတဲ့ Horror, Mystery & thriller အမျိုးအစား ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို ရိုက်ကူးပြီး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာကတော့ မင်းသား Harley Wallen (The Devil's Left Hand)ဖြစ်ပြီး မင်းသမီး Angelina Danielle Cama (Ash and Bone), မင်းသမီး Kaiti Wallen (A Bennett Song Holiday)နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ Cinematography နဲ့ အသံပိုင်းဆိုင်ရာဆုတွေအပြင် စုစုပေါင်း ဆု ၂၃ ဆုရရှိခဲ့ပြီး ဇကာတင်ဆုတွေလည်းဝင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ နယ်မြို့လေးက တောအုပ်လေးနားမှာ မိသားစုဝင်တွေအများကြီးနဲ့ အိမ်ကြီးတစ်အိမ်ရှိပါတယ်။ အဲဒီအိမ်က လင်မယားက ကလေးတွေကို ခေါ်ယူမွေးစားထားပြီး သူတို့အရွယ်ရောက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အထိ စောင့်ရှောက်ထားပေးကြတာပေါ့လေ။ အဲဒီကလေးတွေထဲ မကြာခင် ၁၈ ...
movie

Beneath Us All (2023)

Dark House (2014)
Dark House (2014)  Horror ဇာတ်ကားကိုမှ လျှို့ဝှက်ဆန်းကြယ်ရမယ် ကျောချမ်းစရာကောင်းရမယ်စိတ်ဝင်စားစရာလဲကောင်းရမယ်ဆိုရင် Dark House ဆိုတဲ့ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ လူတစ်ယောက်ယောက်ကို ထိကိုင်လိုက်တာနဲ့သူတို့ရဲ့အသေဆိုးနဲ့ သေဆုံးမှုတွေကိုမြင်နိုင်တဲ့ နစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့မှာရိုင်ယန်လို့ ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဘားမှာတွေ့ခဲ့တဲ့ အီဗီဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုက်ပြီး ကိုယ်ဝန်ရပြီးတဲ့အထိတောင် သူတို့သုံးယောက်က အတူတူနေနေကြတုန်းပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့စိတ်ရောဂါဝေဒနာရှင် အမေကဆုံးပါးသွားခဲ့ပြီး သူ့အတွက်သေတမ်းစာထဲမှာ အိမ်တစ်လုံးချန်ထားပေးခဲ့ပါတယ်။အဲ့ဒီအိမ်က နစ်ခ်ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ဆွဲလာတဲ့အိမ်ပုံတွေနဲ့တစ်ပုံစံတည်းဖြစ်နေပါတယ်။ဒီလိုနဲ့ နစ်ခ်တို့ သုံးယောက် အဲ့ဒီအိမ်ရှိရာကိုသွားခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအိမ်မှာ သူတို့သုံးယောက်ကို မမျှော်လင့်ထားတဲ့အရာတွေနဲ့ မမျှော်လင့်ထားတဲ့ လူတွေစောင့်နေခဲ့တဲ့အခါမှာတော့ဘာတွေဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ဖြဲမခြောက်တဲ့Horror ကားပဲဖြစ်ပါတယ်။  File size…1.85GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dark House (2014)

Sins of the Father (2022) 4.2
Sins of the Father (2022) Sins of the Father (2022) ===================ဆာရာနဲ့ အေဒန်တို့သားအမိနှစ်ယောက်ဟာဆိုရင် စွန့်ခွာခဲ့တာ နှစ်ပေါင်း များစွာကြာပြီဖြစ်နေတဲ့ အေဒန့်ဖခင်ဖြစ်သူနဲ့အတူ သူတို့တွေ အရင်ကနေ ထိုင်ခဲ့တဲ့အိမ်ကြီးကို အေဒန့်ဖခင်ဖြစ်သူသေဆုံးအပြီးမှာ ဆာရာတစ်ယောက် အေဒန်နဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါတယ်။ အဲဒါဟာလည်း ဆာရာ တစ်ယောက်ငွေလိုအပ်နေလို့ အိမ်ရောင်းချဖို့အတွက် အပြီးသတ်လုပ်စရာ လေးတွေလုပ်ဖို့ ပြန်လာခဲ့ရတာပါ။ရောက်ရောက်ချင်းမှာပဲ အိမ်တံခါးဝရှေ့မှာ အစားအသောက် ခြင်းတောင်း လေးချထားတာကို ဆာရာတစ်ယောက် ထူးဆန်းစွာနဲ့ပဲ အထိတ်တလန့်ဖြစ်ပြီး အေဒန့်ကို အိမ်ထဲအတင်းဝင်ခိုင်းခဲ့ပါတယ်။ အဲဒီလိုနဲ့နောက်တစ်ရက်မှာ အိမ် ကူရှင်းပေးကြဖို့ဆိုပြီး ဆာရာ့သူငယ်ချင်းတွေနဲ့ အေဒန့်အရွယ်ကောင်မလေး တစ်ယောက်ပါ ရောက်လာခဲ့ကြတာပေါ့။ ရောက်ပြီးသိပ်မကြာခင်မှာပဲ အနီး အနားပတ်ဝန်းကျင်က လူကြီးတစ်ယောက်နဲ့ သားဖြစ်သူစကားပြောနေတာကို တွေ့ပြီး ဆာရာတစ်ယောက် အထိတ်တလန့်ထပ်ဖြစ်ရပြန်ပါတယ်။ဘာလို့များ ဆာရာတစ်ယောက် ဒီလိုမျိုးထိတ်လန့်တကြားတွေဖြစ်ဖြစ်နေရတာ လဲ။ သူတို့ကိုအန္တရာယ်ပြုနိုင်မယ့်အရာတွေများ ရှိနေတာလား။ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာတုန်းကရော ဘယ်အကြောင်းကိစ္စတွေကြောင့် ဆာရာဟာ အေဒန့်ကိုခေါ်ပြီး အဝေးကိုထွက်သွားခဲ့ရတာလဲ။ ဆာရာတစ်ယောက် အေဒန်မသိအောင် ဘာတွေ ကိုများ လျှို့ဝှက်ချက်အနေနဲ့ ထားထားနေတာလဲဆိုတာကိုတော့ ဒီကားလေးကြည့် ပြီးဆက်လက်အဖြေရှာကြည့်ကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.6 GB) / (608 MB) Quality............WEB-DL 1080p ...
movie

Sins of the Father (2022)

2022
Tulah 6/13 (2022) 5
Tulah 6/13 (2022) Tulah (2023) ဇာတ်လမ်းအစမှာတင်လန့်သွားရတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို ကြည့်ရှုဖို့ အသင့်ပဲလား...ဇာတ်လမ်းအစက ဗိုက်ကြီးနေတဲ့အမေဖြစ်သူရဲ့ နောက်ပိုင်းဇာတ်ကွက်မြှုပ်ထားပြီး ထူးခြားဆန်းပြားတဲ့အရာတွေကို တွေ့မြင်နေရတဲ့ ဂီလန်းတစ်ယောက်... မွေးနေ့မှာပဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေစခန်းချခရီးလေးထွက်ပြီး မွေးနေ့ပွဲလေးကျင်းပကြမယ်လို့ စီစဉ်ထားတဲ့သူတို့သုံးယောက်ဆီကို ရောက်လာတဲ့ မကြိုဆိုချင်ဘဲ ကြိုဆိုလိုက်ရတဲ့ နောက်ထပ် သူငယ်ချင်းနှစ်ယောက်...ဒီလိုနဲ့ သူတို့ငါးယောက်စတင်ခဲ့တဲ့ မွေးနေ့ပွဲခရီးစဉ်လေးမှာ ရေတံခွန်သွားဖို့ တောင်ဖြတ်လမ်း‌တစ်လျှောက်က မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေ... ဒီပုံရိပ်တွေနဲ့ မသိခြင်းများစွာက ဘယ်ကနေများ စတင်လာခဲ့တာလဲ ... နောက်ပိုင်းမှာရော ဘယ်လိုစိတ်လှုပ်ရှားစရာတွေကို ဆက်တွေ့ရမလဲကဲကဲ ဒါတွေကို သိချင်လာပြီဆိုရင်တော့ ကြောက်စိတ်ပြေအောင် ချစ်ရသူရဲ့လက်ကိုကိုင်ထားပြီး ကြည့်ရှုလိုက်ကြပါစို့.. ဒီဇာတ်လမ်းလေးကိုတော့ BpL~ ToMo~Dee မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 561MB Quality…720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ToMo~Dee
movie

Tulah 6/13 (2022)

2023
The House at the End of Time (2013) 6.7
The House at the End of Time (2013) The House at the End of Time (2013) Original Title - La casa del fin de los tiempos Genre – Drama, Fantasy, Horror IMDB – 6.7/10၁၉၈၁ ခုနှစ် နိုဝင်ဘာလမှာ အိမ်ကြီးတစ်အိမ်ထဲ မိသားစုတစ်ခုထူးခြားတဲ့ ကြမ္မာဆိုးငင်ခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဇနီးသည်က ဓားနဲ့ ထိုးသတ်လိုက်တယ်တဲ့၊ သားဖြစ်သူကလည်းပျောက်ဆုံးနေတဲ့အတွက် သတ်ပစ်တယ်ဆိုပြီး ဇနီးသည်ကြီးကိုထောင်ဒဏ်အများကြီး ချမှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ အနှစ် ၃၀ လောက်ကြာလာတဲ့အချိန်မှာတော့ အစိုးရရဲ့ လျှော့ပေါ့မှုအရအသက်ကြီးနေတဲ့အတွက် ကိုယ့်အိမ်ကိုယ်ယာမှာပဲအကျယ်ချုပ် ပုံစံမျိုး ထားပေးလိုက်တော့ ဒီအိမ်ကြီးကို ပြန်ရောက်လာခဲ့ရတော့တယ်။အဲဒီမှာ ဖာသာတစ်ပါးကလည်း ဒီ အမျိုးသမီးကြီးကိုဘာတွေဖြစ်ပျက်သလဲ လာမေးမြန်းရင်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို သိရှိလာတယ်။လွန်ခဲ့တဲ့အနှစ် ၃၀ က ဒီ မိသားစုရဲ့ အဖြစ်မှန်တွေကိုလည်း ပြန်သိရှိလာရင်းခုလက်ရှိ အဘွားကြီးလည်း ဒီအိမ်ကြီးမှာ ...
movie

The House at the End of Time (2013)

2013
Island Escape (2023)
Island Escape (2023) Island Escape (2023)Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက "Elite Soldier" တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ငှားပါတော့တယ်။ ဒီအဖွဲ့ထဲမှာဆိုရင် ဇာတ်လမ်းရဲ့ မင်းသားဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ချေ့စ်နဲ့ ရပ်စ်ဆိုပြီးပါလာပါတယ်။ သူတို့နှစ်ယောက်က ဒီစစ်ဆင်ရေးမတိုင်ခင် အရင်စစ်ဆင်ရေးတစ်ခုမှာအတူလုပ်ခဲ့ဖူးကြပေမဲ့ အဲဒီစစ်ဆင်ရေးမှာဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကြောင့် ချေ့စ်ဟာ အတိတ်မေ့ရောဂါဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ရပ်စ်ကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချေ့စ်တို့နှစ်ယောက်ဟာ စစ်ဆင်ရေးအတူထွက်ဖြစ်ခဲ့ကြတာပေါ့။လူမသိသူမသိကျွန်းကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆင်ရေးထဲပါသွားတဲ့သူတွေအားလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့စတင်ကြုံတွေ့လာရပါတော့တယ်။ ကျွန်းပေါ်မှာ သုတေသီတစ်ယောက်မှ ရှာမတွေ့တော့တဲ့အပြင် အလောင်းများစွာကို ရှာတွေ့ကြပါတယ်။ ...
movie

Island Escape (2023)

2023
She Came from the Woods (2023) 4.5
She Came from the Woods (2023) She Came from the Woods (2023) =========================Horror ရုပ်ရှင်ကြည့်နေကျသူတွေဆို ဇာတ်ကားနာမည်မြင်လိုက်ရုံနဲ့ ခန့်မှန်းမိကြမယ်ထင်ပါတယ်။ဟုတ်ပါတယ်... အမေရိကန် Horror ရုပ်ရှင်တစ်ကားပါ။ သွေးရဲရဲသံရဲရဲတွေနဲ့ အမှန်အကန် ကြောက်စရာ ကောင်းတာမို ကြောက်တတ်သူများ မကြည့်ကြဖို ကြိုသတိပေးထား ပါရစေ။ဇာတ်လမ်းအကျဥ်းတော့... ကျောင်းသားအရွယ် ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တစ်စုဟာ မက်ကာလစ်စတာမိသားစုရဲ့ဦးဆောင်မှုနဲ့ နွေရာသီစခန်းချခရီးထွက်ခဲ့ ကြပါတယ်။ ကန့်ပ်၀င်နေတဲ့ တစ်လျှောက်လုံး ပျော်ပျော်ပါးပါးရှိခဲ့ကြပေမဲ့ ပြဿနာက ခရီးစဉ်နောက်ဆုံးညမှာ စတင်ခဲ့ပါတယ်။ အဲဒါကတော့ သ ဘာ၀လွန်ကိစ္စတွေကို မယုံတတ်ဘဲ စူးစမ်းချင်တဲ့ လူငယ်တိုရဲ့ထုံးစံအတိုင်း ပီတာတိုလူငယ်တစ်စုဟာ ရှေးရိုးအစီအရင်တစ်ခုကို အပျော်သဘော လုပ် မိသွားတာပါ။ အဲဒီကစလို ပျော်နေတဲ့ လူငယ်လေးတွေဆီ ဂြိုလ်ဆိုးတွေ စတင်၀င်ရောက်လာပါတော့တယ်။အဲဒီအခါ မက်ကာလစ်စတာမိသားစုနဲ့ ပီတာတိုသူငယ်ချင်းတစ်စုဟာ အသက်ရှင်သန်ရေးအတွက် ကြိုးစားကြရပြီပေါ့။ ဒီလိုနဲ့ ဘာတွေရုန်းကန် ရင်ဆိုင်ရပြီး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်မလဲ...။ သွေးသံရဲရဲဆိုပေမဲ့ လည်း သူ့မြှုပ်ကွက်ဇာတ်ကြောင်းလည်း ရှိတာကြောင့် အသည်းတအေး အေးနဲ့ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.21 GB) / (543 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar ...
movie

She Came from the Woods (2023)

2022
Slotherhouse (2023) 6.1
Slotherhouse (2023) Slotherhouse (2023)~ IMDb - 6.1/10, Rotten Tomatoes - 64% ~ကာတွန်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေထဲမှာ အရမ်းကို နှေးတဲ့အကောင်လေးတွေအဖြစ် ပုံဖော်ထားတဲ့ စလော့သ်ဟာ ဒီရုပ်ရှင်ထဲမှာ မြန်ဆန်ပြီး လူလို ဉာဏ်ကောင်းနေပါတယ်။ ပြီးတော့မှ စိတ္တဇလည်းဖြစ်နေပြီး လူတွေကို လိုက်သတ်တဲ့ ကားမျိုးပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ သားသတ်ရုံကို slaughterhouse လို့ ခေါ်ပြီး အဲဒီစာလုံးကိုမှ မျောက်မောင်းမတွေနဲ့ ဆင်တဲ့ စလော့သ်အကောင်လေးနာမည်နဲ့ ပေါင်းပြီး Slotherhouse လို့ ပေးထားတာပါ။ ဓားတွေသေနတ်တွေနဲ့ ချတာတွေပါပြီး Scary movie ဆန်ဆန် အခွီတွေလည်းပါပါတယ်။~ ဇာတ်လမ်းအကျဉ်း ~အထက်တန်းကျောင်းက မိန်းကလေးဆောင်တစ်ခုမှာ နောက်ဆုံးနှစ် တက်နေတဲ့ အမ်မလီဆိုတဲ့ ကျောင်းသူလေးဟာ တောထဲက မုဆိုးတစ်ယောက်ဖမ်းလာတဲ့ စလော့သ်လေးတစ်ကောင်ကို ခေါ်လာမိပါတယ်။ သူ့ကို တစ်ဆောင်လုံးက သဘောတွေကျပြီး ...
movie

Slotherhouse (2023)

2023
John and the Hole (2021) 5.2
John and the Hole (2021) John and the Hole (2021) ===================ဒီဇာတ်ကားကို လူစိတ်ဝင်စားနေကြတာ တော်တော်များနေကြတယ်။ ဖြစ်ချင်ရာ ဖြစ်တဲ့ လောကကြီးထဲက ကိစ္စရပ်တစ်ခုပဲပေါ့။ မိသားစုကို မရ ရတဲ့နည်းနဲ့ စွန့်ပစ် ခဲ့တဲ့ လူမမည် ကောင်လေးတစ်ယောက်ရယ်၊ သမီးလုပ်သူကို တာဝန်မဲ့စွာ စွန့်လွှတ် ထားပစ်ခဲ့တဲ့အမေရယ်။ လောကကြီးက ရယ်ရတယ်‌ဗျ။ သူ့ချိုချဉ်ကို ဝိုင်းလုနေကြတဲ့ လူ‌ဆိုးလေးတစ်သိုက်ကိုတော့ အနာခံပြီး ချိုချဉ်မပေးခဲ့တဲ့ ကောင်မလေးက သူ့ကို ကူညီရင်း အရိုက်ခံ ဝိုင်းသေးပန်းခံလိုက်ရတဲ့ ကောင်လေးကိုတော့ ရက်ရက်ရော ရောကြီး သွားပေးနေပြန်ရော။ စတီဖင်ချောင်ရဲ့ဇာတ်ကားပြောပါတယ်။အခုလည်းပဲ လာမယ့်ဘေး ပြေးတွေ့ပြီး ဘာပဲဖြစ်ဖြစ် မကြောက်ဘဲ အမေ၊ အဖေနဲ့ အစ်မကို တွင်းကြီးထဲ ပစ်ချခဲ့တဲ့ကောင်လေး။ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ နေချင် တယ်။ လူကြီးတစ်ယောက်လို လုပ်ချင်ရာလုပ်ပြီး ‌ဘဝကိုဖြတ်သန်းချင်တယ်။ လွတ် လပ်မှုကို ရချင်တဲ့ ၁၃ နှစ်သား။ကောင်မလေးကတော့ သူ့ကို ပိုက်ဆံတစ်နှစ်စာပေးပြီးစွန့်သွားတော့မယ့် အမေကို အတင်းဖက်တွယ်လို့ အမေနဲ့ နေရပါမယ့်အကြောင်း တောင်းပန်တိုးလျှိုးနေပြန်ရော။ နင်လုပ်ချင်တာလုပ်၊ နင့်ဆုံးဖြတ်ချက်နဲ့နင်။ ဒါပေမဲ့ သူကတော့ ...
movie

John and the Hole (2021)

2021
No One Will Save You (2023) 6.5
No One Will Save You (2023)     ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလိုအတုလိုလို စဉ်းစားရခက်နေတာပါ။ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရောဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့The Divergent Series: Insurgent တို့ Love and Monsters တို့ကိုဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable  ဆိုတဲ့စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။သူနာမည်ကြီးခဲ့တဲ့ Unbelievable  စီးရီးကိုလည်းချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲသူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ကြည့်လိုက်ကြပါဦး။  File size…  3 GB / 1 GB ...
movie

No One Will Save You (2023)

2023
4K HEVC
Spirit of Fear (2023)
Spirit of Fear (2023)  ဒီဇာတ်ကားကထွက်ဖူးသမျှကားတွေထဲမှာ တော်တော်ထူးဆန်းတဲ့Horror ကားပဲဖြစ်ပါတယ်။A Quiet Place တို့လိုအသံတိတ်တိတ်နေရပြီးစကားမပြောရတဲ့ဇာတ်ကားတွေတောင်မှ ဒီထက်ပိုပြောရပါသေးတယ်။ဒီမှာကတော့စကားတွေပြောနေတာကို အာရုံစိုက်နေရတာထက် ဘယ်သူမှမရှိတဲ့အိမ်တစ်အိမ်ထဲမှာ လက်မှာသွေးတွေစွန်းပြီး နိုးလာခဲ့တဲ့ လူတစ်ယောက်ကဘာလို့သူအဲ့လို သွေးတွေစွန်းပြီးနိုးလာရတာလဲ။ အိမ်ထဲမှာရော ဘာလို့ဘယ်သူမှမရှိတာလဲ။အပြင်ရော ဘာလို့သွားလို့မရတာလဲ။ခြောက်ခြားစရာအဖြစ်အပျက်တွေရော ဘာလို့ဖြစ်နေရတာလဲ။အဲ့ဒီအိမ်ထဲမှာ သော့နဲ့ပိတ်ထားတဲ့မီးခံသေတ္တာတစ်လုံးကရော ဘာလို့ရှိနေရတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာကိုသူတစ်ယောက်တည်း အိမ်ထဲမှာလျှောက်သွားပြီးတော့ အဖြေရှာနေပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။  File size…691 MB / 318MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Spirit of Fear (2023)

Grindhouse (2007) 7.5
Grindhouse (2007) ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့  ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie

Grindhouse (2007)