Channel Myanmar

Horror

1922 (2017) 6.3
1922 (2017)  1922 (2017) IMDb Rating (6.2) / Rotten Tomatoes (91%)Stephen King ရဲ့ ဝတ္ထု​ကို အသက်​သွင်း​ထားတဲ့ Horror​/Drama​ အမျိုး​အစား​ရုပ်ရှင်​ ဖြစ်ပါ​တယ်။ 2017 အောက်​တို​ဘာ​ ၂၀ ရက်​မှာ Netflix​ ကနေ ထုတ်​လွှင့်​ခဲ့ပါတယ်။ The​ Punisher နဲ့ The Mist ရုပ်ရှင်​တွေရဲ့ မင်းသား​ကြီး Thomas Jane က အဓိက​ ပါဝင်​သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Wilfred James ဆိုတဲ့​ လယ်သမား​တစ်ဦး​ဟာ ဇနီး​ဖြစ်သူ​ Arlette နဲ့ သား​ဖြစ်သူ​ Henry တို့​နဲ့အတူ​ နီဘရားစကားပြည်နယ်မှာ နေထိုင်​ပါတယ်။ ဇနီး​ဖြစ်သူ​ Arlette က အမွေရထားတဲ့ လယ်​ဧကတစ်ရာကို ရောင်း​ပြီး မြို့​ပြောင်း​ချင်​ပေမဲ့ James နဲ့ Henry တို့သားအဖကတော့ မပြောင်း​ချင်တဲ့အတွက် စကား​များ​ရန်​ဖြစ်​ကြကာ သား​အဖနှစ်ဦးပေါင်းပြီး Arlette​ ကို အပျောက်​ရှင်း​ပါတော့တယ်။ ဒီကိစ္စ​ ဒီမှာ​တင်ပြီးပြီလို့ ...
movie

1922 (2017)

2017
4K HEVC
The Beast Within (2024)
The Beast Within (2024)  Game of Throne ထဲက ဂျွန်စနိုးတဖြစ်လဲ Kit Harington ပါဝင်သရုပ်ဆောင်ထားတဲ့ လပြည့်ညတိုင်း အူရတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်......ဒီဇာတ်ကားထဲမှာ ဝဲလ်လိုဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးဟာ သူ့အဖေရယ် အမေရယ် အဖိုးရယ်နဲ့ပဲ တသီးတသန့် တောထဲမှာကြီးပြင်းလာရာကနေ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တာတွေကို သတိထားမိလာပါတယ်......သူ့အဖေက ပျောက်ပျောက်သွားပြီး ပြန်လာရင်ပုံမှန်လူတစ်ယောက်လို မဟုတ်တာကို သူသိလာခဲ့တာပါ....နောက်ပိုင်းတော့ သူ့အမေဖုံးကွယ်ထားတွေကို ဟိုတစ်စ ဒီတစ်စ သိလာပြီး သူ့အဖိုးကပါ သူ့ကိုကာကွယ်ဖို့အတွက် သူ့အဖေ အမေနဲ့ အတိုက်အခံလုပ်ပြီးနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဘာတွေဖုံးကွယ်ထားကြတာလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie

The Beast Within (2024)

The Platform (2019) El hoyo 7.0
The Platform (2019) El hoyo The Platform (2019) El hoyoIMDb Rating (7.0) / Rotten Tomatoes (81%)ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ဇာတ်လမ်းကတော့...Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး...... သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ... အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ... လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ...စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။ File size…(1.4 GB )/(680 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lucille
movie

The Platform (2019) El hoyo

The Eye 2 (2004)
The Eye 2 (2004) ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်‌ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

The Eye 2 (2004)

Casshern (2004)
Casshern (2004) ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip  720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie

Casshern (2004)

The Scarehouse (2014)
The Scarehouse (2014) ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ကားလေးကတော့ သည်းထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့သူတွေ လက််မလွတ်သင့်တဲ့ကားလေးပါဇာတ်ကားနာမည်လေးက The Scarehouseလို့ ခေါ်ပြီး ၂၀၁၄ကထွက်ထားတာမို့ ထွက်တာကြာပြီးဖြစ်တဲ့ကားဟောင်းလေးပါ နာမည်ကြီးဒါရိုက်တာနဲ့ ထုတ်လုပ်သူ Gavin Michael Boothက ရိုက်ကူးထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ လွန်ခဲ့တဲ့နှစ်နှစ်မှာ ကောလိပ်ကျောင်းသူတစ်စု ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ် နှစ်နှစ်အကြာ ကောလိပ်ကျောင်းသူ၆ယောက်ဟာ သရဲအိမ်ပါတီပွဲကို ဖိတ်ကြားခြင်းခံရပါတယ် ဒါပေမဲ့ သရဲအိမ်ထဲရောက်သွားချိန်မှာတော့ သူတို့ထင်သလို ပါတီပွဲက ပျော်စရာမကောင်းနေတဲ့အခါ သူတို့ကို ဘယ်သူဖိတ်တာလဲ ဘာကြောင့်ဖိတ်ခံရတာလဲ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို The Scarehouse ကားမှာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာမို့ သွေးထွက်သံယိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်ဇာတ်လမ်းအညွှန်းရေးသားသူ April Snow File size…(1.1 GB)/(583 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow 
movie

The Scarehouse (2014)

Blade: Trinity (2004) Blade 3 5.8
Blade: Trinity (2004) Blade 3  Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့်  vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel  ဒေါင်းပါ။ File size…(6 ...
movie

Blade: Trinity (2004) Blade 3

4K HEVC
Blade II (2002) Blade 2 6.7
Blade II (2002) Blade 2 Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့်  vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel  ဒေါင်းပါ။ File size…(9.2 ...
movie

Blade II (2002) Blade 2

4K HEVC
Blade (1998) 7.1
Blade (1998) Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့်  vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel  ဒေါင်းပါ။ File size…(8.4 ...
movie

Blade (1998)

1998
4K HEVC
GirlHouse (2014)
GirlHouse (2014) "Girl House" ဆိုတဲ့ ရုပ်ရှင်ဟာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းနဲ့ ကြည့်ရတာကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။"Girl House" ဟာ အွန်လိုင်းတွင် လူကြီးအကြည့် စီစဉ်မှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ လူငယ်မိန်းကလေးတွေကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒီအလုပ်ကို လုပ်ရင်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့် ကောင်မလေး Kylie (Ali Cobrin) ရဲ့ အတွေ့အကြုံကို ပုံဖော်ပြထားပါတယ်။ Kylie သည် သူ့အမေရဲ့ ကုန်ကျစရိတ်များတဲ့အတွက်Girl House လို့ခေါ်တဲ့ အွန်လိုင်းအိမ်တွင် အလုပ်လုပ်ရင်း ဇာတ်လမ်းစတင်ပါတယ်။ Kylie က သူ့ရဲ့ အလုပ်ကို သာမာန်အလုပ်တစ်ခုလိုလုပ်ရင်း အမိုက်စား အိုင်တီနည်းပညာတွေနဲ့ အွန်လိုင်းဘဝကို ဖြတ်သန်းနေစဉ်၊ လျှို့ဝှက်သော ပုရိသတစ်ယောက်ဖြစ်တဲ့ "Loverboy" (Slaine) ဟာ အစီအစဉ်ကို ကြည့်ရှုနေပြီး ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ သူ့ကို ရင်ဆိုင်စေတဲ့အခါမှာ ဇာတ်လမ်းက ပိုမိုစိတ်ဝင်စားစရာဖြစ်လာပါတယ်။"Girl House" ...
movie

GirlHouse (2014)

Shallow Ground (2004)
Shallow Ground (2004) ဒီတစ်ခါမှာတော့ Shallow Ground ဆိုတဲ့Horror ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့...... တောအုပ်ထဲမှာတည်ရှိတဲ့ရဲစခန်းတစ်ခုကိုပိတ်သိမ်းပစ်တော့မှာဖြစ်လို့ အဲ့ဒီစခန်းမှာတာဝန်ထမ်းဆောင်တဲ့ရဲအရာရှိတွေကလည်း အဲ့မြို့လေးကနေထွက်သွားကြတော့မှာပါ ပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်နေတဲ့နေ့မှာ စခန်းမှာ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ စတူးဝါ့ထ်နဲ့လော်ရာတို့နှစ်ယောက်တည်းရှိနေစဥ် လူငယ်ကောင်လေးတစ်ယောက်က အဝတ်အစားမပါဘဲ တစ်ကိုယ်လုံးသွေးတွေပေကျံပြီး စခန်းကိုရောက်လာပါတယ် လက်ထဲမှာလည်းဓားတစ်ချောင်းကိုကိုင်ထားတာကြောင့် စတူးဝါ့ထ်နဲ့လော်ရာတို့လည်း ကောင်လေးကိုဖမ်းထားပြီး ရဲမှူးဂျက်ကိုသွားခေါ်ရပါတယ်အဲ့ဒီကောင်လေးရဲ့သရုပ်မှန်ကဘာဖြစ်မလဲ............ အဲ့ဒီကောင်လေးအကြောင်းကိုစုံစမ်းရင်းနဲ့ အဲ့နယ်မြေတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့လူပျောက်အမှုတွေနဲ့ ဆက်စပ်နေတာကိုတွေ့လိုက်ရပါတယ် နောက်ပိုင်းမှာ ပိုပြီးပဟေဠိဆန်လာပြီး လူပျောက်မှုတွေကိုနောက်ကွယ်ကကြိုးကိုင်နေတာဘယ်သူလဲဆိုတာကို ရဲမှူးဂျက်တစ်ယောက် အဖြေရှာတွေ့သွားမလား........ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Shallow Ground (2004)

The Mouse Trap (2024) 5.5
The Mouse Trap (2024)  အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်းတစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံစိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမားလက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုလွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြောထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။ File size…1.22GB / 682MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The Mouse Trap (2024)

Kiss of the Damned (2012) 5.5
Kiss of the Damned (2012)      ပါလိုဆိုတဲ့ဇာတ်ညွှန်းရေးဆရာလေးဟာ နယ်မြို့လေးတစ်ခုကို ပရောဂျက်အသစ်တစ်ခုအတွက် အေးအေးဆေးဆေးစာရေးဖို့ရောက်လာခဲ့ပါတယ်။မိုးတွေသည်းတဲ့ ညတစ်ညမှာတော့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒီယွန်နာဆိုတဲ့ မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီးဇာတ်လမ်းအရှိန်တက်တော့မယ့်အချိန်မှာ ဒီယွန်နာက ရှောင်ဖယ်ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပါလိုဟာ ဒီယွန်နာကိုမှ အရူးအမူးဖြစ်သွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ လက်ခံရင်ဆိုင်ပါတော့မယ်ဆိုတဲ့ အနေအထားနဲ့ သူ့ဘ၀တစ်ခုလုံးကိုပုံအပ်လိုက်ပါတော့တယ်။အဲ့ဒီမှာပဲ သူ့အတွက်အသစ်အဆန်းဖြစ်နေတဲ့လောကတစ်ခုနဲ့တွေ့ဆုံခဲ့ရတော့တာပါပဲ။ ဒီယွန်နာဟာသွေးစုပ်ဖုတ်ကောင် တစ်ဦးဖြစ်ပြီး သူတို့လိုသွေးစုပ်ဖုတ်ကောင်တွေဟာလည်းမြေအောက်လောကတစ်ခုလို ကမ္ဘာအနှံ့စိမ့်ဝင်ပျံ့နှံ့ပြီးလူတွေကြားထဲမှာ ရောနှောနေထိုင်ကြပါတယ်။သွေးစုပ်ဖုတ်ကောင် အများစုက လူတွေကိုရန်မရှာတော့ပဲ တိရိစ္ဆာန်သွေးလူလုပ်သွေးတွေနဲ့ အသက်ဆက်နေကြပေမယ့် စိတ္တဇဆန်ဆန် လူသားတွေကိုအုပ်စိုးလိုတဲ့၊ ရန်မူလိုတဲ့ အနည်းစုကလည်းရှိနေပြန်ပါသေးတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီယွန်နာရဲ့ညီမ မီမီဖြစ်ပြီး သူတို့လက်ရှိနေထိုင်နေတဲ့ စံအိမ်ကြီးကိုရောက်လာပြီး သူတို့ကိုဒုက္ခပေးပါတော့တယ်။မြင်ဖူးနေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ကွဲထွက်ပြီး ပုံစံအသစ်နဲ့ချဉ်းကပ်ထားတဲ့ drama/horror ဇာတ်လမ်းကောင်းလေးတစ်ခုပါ။ Heroes မင်းသား Milo Ventimiglia နဲ့ အရမ်းမိုက်တဲ့ ပြင်သစ် မင်းသမီးချောတွေဖြစ်တဲ့ Joséphine de La Baume နဲ့ Roxane Mesquida တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ခံစားကြည့်ကြပါဦး။ (မိသားစုနဲ့ကြည့်ဖို့အဆင်မပြေတဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်ပါတယ်)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, ...
movie

Kiss of the Damned (2012)

It Remains ( 2023 ) 5.9
It Remains ( 2023 ) သဲထိတ်ရင်ဖိုကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် ထိုင်ဝမ်သရဲကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ။ ဒီကားလေးကတော့ အားလုံးကြိုက်လောက်မဲ့ Jump scare တွေအများကြီးမပါဘဲ အသဲတထိတ်ထိတ်နဲ့ကြည့်ရပြီး အဆုံးကျမှ plot twist တွေကိုသိရမဲ့ဇာတ်ကားမျိုးပါ ။ကျိကျယ်ဆိုတဲ့ကောင်လေးဟာ ချစ်သူကိုချစ်ပေမဲ့ အလုပ်များတဲ့သူဖြစ်တဲ့အလျောက် အလေးအနက်သိပ်မထားခဲ့ပါဘူး။ သူတို့ရဲ့ချစ်သူသက်တမ်း ၅နှစ်ပြည့်မှာ ချစ်သူကောင်မလေးက ကားတိုက်ပြီးဆုံးပါးသွားခဲ့ပါတယ် ။ကျိကျယ်တစ်ယောက် ကောင်မလေးရဲ့ သေဆုံးမှုက သူ့အပြစ်တွေကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးဖြစ်နေခဲ့ပါတယ် ။ ဒီလိုနဲ့စိတ်ဓာတ်ကျမှိုင်တွေနေတဲ့ကျိကျယ်ကို သူငယ်ချင်းတွေက ကျွန်းတစ်ကျွန်း‌ပေါ်က လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးဆီကိုအလည်သွားခရီးထွက်ဖို့ပြောလာချိန်မှာတော့...ကျွန်းပေါ်မှာ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ? ကျိကျယ်ရဲ့ချစ်သူသေဆုံးမှုက ကျိကျယ်နဲ့ဘယ်လိုပတ်သတ်နေမလဲ ? သရဲကားဆိုတဲ့အတိုင်း ဒီကားရဲ့အဓိကသရဲက ဘယ်အရာများဖြစ်နေမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါအုံးနော်။ Filesize : 1.48 GB / 758 MB Quality : Bluray 1080p , 720p Format : mkv Genres : Horror Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie

It Remains ( 2023 )

You Should Have Left (2020) 5.6
You Should Have Left (2020) ဒီနှစ်ထဲ Horror ကား ကောင်းကောင်း မျှော်နေခဲ့တာ ဒီကားလေးလဲ မဆိုးဘူး ပြောရမယ် IMdb တော့ 5 လောက်ပဲ ရတယ် Dear John ထဲက မင်းသမီး Amanda Seyfried နဲ့ Hollow Man လိုနေရာ ကောင်းကောင်း သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီး Kevin Bacon တို့ ပါဝင် သရုပ်ဆောင်ထားတယ် ဇတ်လမ်း ပုံစံ ကတော့ သီအို ဆိုတဲ့ ပိုက်ဆံချမ်းသာတဲ့ ဘဲကြီးက ဆူဆန် ဆိုတဲ့ ငယ်ငယ်ချောချော မင်းသမီး တစ်ယောက်ကို ယူထားတယ် သူတို့မှာ အယ်လာ ဆိုတဲ့ သမီးလေး တစ်ယောက်လဲ ရှိတယ် တစ်ရက်မှာတော့ မြို့ပြနဲ့ ဝေးတဲ့ အိမ်ကြီးတစ်ခုကို ဝယ်ပြီး မိသားစု ခရီးထွက်လာခဲ့တယ် အတော်လေး စိတ်ငြိမ်တဲ့နေရာ အိမ်ကြီးကလဲ လှပပြီး ပြည့်စုံလွန်းတယ်ပေါ့ ဒါပေမဲ့ သီအိုကတော့ အိပ်မက်ဆိုးတွေ ဆက်တိုက် မက်နေခဲ့သလို အိမ်ထဲမှာလဲ တစ်ခါတစ်ရံ အရိပ်တွေက ပြေးနေတက်တယ် ပိုထူးဆန်းတာက အဲ့ဒီအိမ်ပိုင်ရှင်ကို တစ်ခါမှ ...
movie

You Should Have Left (2020)

Mystery Writers ( 2024 ) 6.4
Mystery Writers ( 2024 ) တရုတ်နိုင်ငံရဲ့ ပေါ်လစီကြောင့် တရုတ်သရဲကားကောင်းတွေ မရှိသလောက် ရှားပါးနေတဲ့ အချိန်မှာ ထိုင်ဝမ်က ဖြစ်ရပ်မှန် သဲထိတ်ရင်ဖိုရုပ်ရှင်ကို အကောင်းဆုံး တင်ဆက်သွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ထိုင်ဝမ်မှာ နာမည်ကြီးနေတဲ့ တစ္ဆေတိုက်ကြီး တစ်တိုက်ရှိနေပါတယ်။ အဲဒီတိုက်ကြီးမှာ လွန်ခဲ့တဲ့ ၁၉၈၀ ဝန်းကျင်လောက်က မီးလောင်မှုကြီး ဖြစ်ပြီး လူ ၁၉ ယောက် သေဆုံးသွားခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း လူသေမှုများစွာ ဖြစ်နေခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်က အချစ်ရေး အဆင်မပြေတဲ့အတွက် တိုက်ပေါ်မှ ခုန်ချရာ အောက်က ဈေးသည်လေးတစ်ယောက်ပေါ်ကျပြီး နှစ်လောင်းပြိုင် သေဆုံးမှုတစ်ခုက အဲဒီတိုက်ကိုနာမည် ပြန်ကြီးလာစေခဲ့ပါတယ်။ဖေ့ကျီးဟာ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မီးလောင်မှုရဲ့ အမှန်တရားကို ရှာဖွေပြီး သေဆုံးသူဝိညာဉ်တွေကို လမ်းပြပေးဖို့အတွက် တစ္ဆေတိုက်ကို ပြောင်းနေခဲ့ပါတယ်။ အဲဒီမှာ သူက သရဲဝတ္ထုရေးဖို့ ဇာတ်လမ်းရှာဖို့ တိုက်မှာ လုံခြုံရေးလာလုပ်နေတဲ့ ရှောက်ကျွင်းနဲ့ တွေ့ခဲ့ပြီး သူတို့နှစ်ယောက် အမှန်တရားကို ရှာဖွေဖို့ ပူးပေါင်းလိုက်ကြပါတယ်။တစ္ဆေတိုက်ကြီးမှာ မကျွတ်မလွတ်တဲ့ သရဲတွေက ဘယ်လို အကူအညီတောင်းခံကြမလဲ...... လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဒီတိုက်ကြီးမှာ ဘယ်လို ရက်စက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Filesize : ...
movie

Mystery Writers ( 2024 )

Toolbox Murders (2004)
Toolbox Murders (2004)  ဒီရုပ်ရှင်ကတော့ 1978 တုန်းကထွက်ရှိခဲ့တဲ့ Classic လူသတ် horror / mystery ရုပ်ရှင်ဖြစ်တဲ့ Toolbox Murders ကို remake ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ကောင်းတယ်လည်းပြောရခက် ဆိုးတယ်လည်းပြောရခက်ပါတယ်။ဇာတ်လမ်းကတော့ ဂျက်လက်စ်မန်းလို့အမည်ရတဲ့ ဟောလီးဝုဒ်ဆယ်လီတစ်ယောက်တည်ဆောက်ခဲ့တဲ့ သမိုင်း၀င်အဆောက်အအုံကြီးမှာဇာတ်အိမ်တည်ထားပါတယ်။ လက်စ်မန်းမရှိတော့တဲ့နောက်မှာ ဒီတိုက်ကြီးကို အငှားချထားလိုက်ပြီး ဒုတိယကမ္ဘာစစ်အပြီးကတည်းကတည်ဆောက်ထားခဲ့တဲ့ဒီတိုက်ကြီးဟာ ပျက်စီးယိုယွင်းနေပြီဖြစ်တာကြောင့် ကန်ထရိုက်တာတွေက ပြုပြင်မွမ်းမံမှုတွေလုပ်နေကြပါတယ်။ ကံဆိုးချင်တော့ ဒီလိုပြုပြင်မွမ်းမံမှုတွေစလုပ်လိုက်တဲ့အချိန်မှာပဲ တိုက်ကြီးမှာ လူသေဆုံးမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာတာပါ။ကံဆိုးဖို့အကြောင်းဖန်လာတဲ့ စတီဗင်နဲ့ ဘာရိုလို့အမည်ရတဲ့လင်မယားနှစ်ယောက်ဟာ ဒီအချိန်မှာပဲ ဒီတိုက်ကြီးထဲကအခန်းတစ်ခန်းဆီပြောင်းလာခဲ့ကြပါတယ်။ ဘာရိုဟာ အိမ်နီးချင်းတွေ တစ်ဦးပြီးတစ်ဦး ပျောက်ချင်းမလှပျောက်လာတာ၊ ညဘက်တွေဆိုရင် ဘေးအခန်းတွေကနေ စူးစူးဝါးဝါးအော်ဟစ်‌သံတွေကိုကြားရတာ စသဖြင့် ဒီတိုက်ကြီးရဲ့ သဘာ၀လွန်လက္ခဏာတွေကို သတိထားမိလာတဲ့အခါ ဒီတိုက်ကြီးရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို စပ်စုမိလိုက်တဲ့နောက်မှာတော့ ကြမ္မာဆိုးဟာ သူမနောက်ကိုပါလိုက်လာပါတော့တယ်။ဒီလိုနဲ့ ဘာရိုနဲ့ စတီဗင်ဟာ ဒီတိုက်ကြီးထဲကလူသတ်မှုတွေရဲ့နောက်ကွယ်က တရားခံကိုဖော်ထုတ်နိုင်လိုက်ပြီး ဒီတိုက်ကြီးကနေ လွတ်မြောက်သွားကြမလား ဒါမှမဟုတ် သူတို့လင်မယားနှစ်ဦးလည်း လျှို့ဝှက်ဆန်းကြယ်တိုက်ကြီးရဲ့ သားကောင် ...
movie

Toolbox Murders (2004)

Dead Sea (2024)
Dead Sea (2024)  အသစ်ထွက်ရှိလာတဲ့ အမေရိကန်ဟော်ရာမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် မောင်လေးရယ် စိတ်ဓာတ်ကျနေတဲ့အဖေရယ်နဲ့ပဲ ဘ၀ကိုမြှုပ်နှံထားတဲ့ ဆယ်ကျော်သက်မလေး ကာယာ။ တရက် ကာယာရဲ့အချစ်ဆုံးသူငယ်ချင်း တက်ဆာမဲဆွယ်ကောင်းမှုကြောင့် ဂျက်စကီတစ်စီးစီ ကောင်လေးတစ်ယောက်စီနဲ့ ဘဟားမားကျွန်းတွေဆီကိုသွားခဲ့ကြတယ်။အိမ်အပြန်လမ်း ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာ အပျော်လွန်ပြီး မတော်တဆမှုကြုံရပါတော့တယ်။ လေးယောက်မှာ သုံးယောက်ပဲကျန်တော့တဲ့ချိန် တံငါလှေတစ်စီးနဲ့တွေ့ပြီး သူတို့ကိုကူညီရာကစ ထင်မှတ်မထားတဲ့ အန္တရာယ်‌နဲ့ကြုံတွေ့လာရတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller, Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Dead Sea (2024)

Even Lambs Have Teeth (2015)
Even Lambs Have Teeth (2015)  ဒီကားက နည်းနည်းတော့စားတယ်ဗျ။ စလုန်း နဲ့ ကေတီဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်။ သူတို့က နွေရာသီပိတ်ရက်မှာ နယ်ဘက်က အော်ဂဲနစ်ခြံလေးမှာ အလုပ်လေးဘာလေးလုပ်ဖို့ ထွက်လာကြတာပေါ့။အဲဒီလိုနဲ့ လမ်းမှာတွေ့တဲ့ ကောင်လေး နှစ်ယောက်နောက်ကို ပါသွားပြီး သူတို့ဘဝက ဇောက်ထိုးမိုးမျှော်တွေ စဖြစ်တော့တာပါပဲ။ သူတို့ကိုနှိပ်စက်နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး တစ်ရက် နှစ်ယောက်သား ထွက်ပြေးလွတ်မြောက်လာကြတဲ့အခါမှာတော့ သူတို့ကို နှိပ်စက်ခဲ့တဲ့သူတွေ တစ်ယောက်ချင်းကို ဘယ်လိုလက်စားချေကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(765 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Thriller, Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie

Even Lambs Have Teeth (2015)

Nightwatch: Demons Are Forever (2023)
Nightwatch: Demons Are Forever (2023)  Game of Thronesစီးရီးထဲမှာ ဂျေမီလန်နက်စတာနေရာကပါခဲ့တဲ့ မင်းသားကြီး Nikolaj Coster-Waldauနဲ့ ဒိန်းမတ်မင်းသမီးချောလေး Fanny Bornedalတို့ ပါဝင်ထားတဲ့ ထိတ်လန့်သည်းဖိုအမျိုးအစား ဒိန်းမတ်ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အရှင်လတ်လတ် ဦးခေါင်းခွံတွေလှန်ပြီး သိမ်းထားလေ့ရှိတဲ့ စိတ္တဇလူသတ်သမားကြီးမရှိတော့တဲ့အချိန်မှာ ပုံတူကူးတဲ့ အမှုတစ်ခုဖြစ်သွားခဲ့တယ်။ အဲဒီစိတ်တ္တဇလူသတ်သမားလက်က လွတ်ခဲ့ရပေမဲ့ စိတ်ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့ မာတင်နဲ့ အမ်မာဆိုတဲ့ သားဖနှစ်ယောက်။ မိခင်ဖြစ်သူကလည်း ဒီအဖြစ်အပျက်ကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့။စိတ်ဒဏ်ရာတွေနဲ့ပဲမနေချင်တဲ့ အမ်မာက သူ့အဖေတားနေတဲ့ကြားကပဲ အဖေဖြစ်သူတစ်ချိန်ကလုပ်ခဲ့တဲ့ မှုခင်းဆေးပညာဌာနက အလောင်းတိုက်မှာ ညစောင့်သွားလုပ်ခဲ့ပါတယ်။ ဒီမှာပဲ သူ့တို့မိသားစုကို စိတ်ဒဏ်ရာတွေပေးခဲ့တဲ့လူသတ်သမား မသေသေးဘူးဆိုတာသိလိုက်ရတဲ့အခါ...။ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(821 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre... Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Nightwatch: Demons Are Forever (2023)