Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
Wintertide (2023)
ကမ္ဘာကြီးရဲ့ မြောက်ပိုင်းစွန်း မြို့လေးတစ်မြို့ဟာ နေရောင်ခြည်ကိုလုံးဝမရရှိတော့ဘဲ အဆုံးမရှိတဲ့ ဆောင်းရာသီကို ဖြတ်သန်းရင်းအခြားဒေသတွေနဲ့လည်း အဆက်အသွယ်ပြတ်တောက် သွားခဲ့ပါတယ်နေအလင်းရောင် မရတာကြာတဲ့အခါမှာ လူတွေမှာ စိတ်ကျဝေဒနာနဲ့အတူပင်ကိုယ်စိတ် လွတ်ကင်းစေတဲ့ အမျိုးအမည်မသိ ရောဂါလည်း ဖြစ်ပွားလာခဲ့ပါတယ်ဘတ်သ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူကို ဒီရောဂါနဲ့ဆုံးရှုံးလိုက်ရပြီး ဖခင်ကလည်း အိမ်ကိုပြန်မလာခဲ့တော့ပါဘူး..မြို့လေးမှာကင်းလှည့်တာဝန်ကို ယူရင်း ဖခင်ကို လိုက်လံရှာဖွေနေခဲ့ပါတယ်တဖြည်းဖြည်းနဲ့ လူကောင်းတွေ မရှိတော့သလောက် လျော့နည်းလာသလိုရောဂါဖြစ်ပွားတဲ့ သူတွေဟာ သူမကို မြင်တာနဲ့ ဒေါသတကြီး ရန်မူတော့တာပါပဲဒီလိုမျိုး ဖြစ်ပွားလာခဲ့တဲ့ ရောဂါဟာ သူမတို့ မိသားစုနဲ့ ဘယ်လိုများ ဆက်စပ်မှုရှိနေသလဲ လူတွေကို ပြန်ကောင်းအောင် လုပ်နိုင်မယ့် သော့ချက်ကိုသူမ ရှာဖွေတွေ့ရှိနိုင်မလား .......... File size…1.41GB / 519MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
Wintertide (2023)
5.6
Ghosts ( 2002 )
အလုပ်သင်ဆရာဝန်မလေးနဲ့ သူငယ်ချင်းတစ်စုဟာ နယ်ကဘုရားကျောင်းတစ်ကျောင်းမှာယာယီဆေးခန်းဖွင့်ဖို့ရောက်လာခဲ့ပါတယ်။ အနီးနားကမြို့လေးမှာ ပလိပ်ရောဂါပြန့်နှံနေပြီး လူနာတွေကဆေးကုဖို့လက်မခံပါဘူး။အဲဒီလိုလက်မခံအောင် ဘုရားကျောင်းကဘုန်းတော်ကြီးက ချုပ်ကိုင်ထားတာဖြစ်နေပါတယ်။ ဘုရားသခင်ကိုယုံကြည်မှသာ စောင့်ရှောက်ခံရမယ်လို့ဆိုပါတယ်။ အဲဒီနေရာမှာ ရောဂါထပ်ပိုပြီးကြောက်စရာကောင်းတာကတော့ တစ္ဆေပါ။ တစ္ဆေတွေဟာ သူတို့ရဲ့တာဝန်မပြီးမြောက်မချင်း လူတွေကိုလိုက်သတ်နေတယ်လို့ဆိုပါတယ်။သိပ္ပံပညာကိုပဲယုံတဲ့ ဆရာဝန်အဖွဲ့ဟာ ဒီလိုရှေးရိုးဆန်တဲ့အယူသည်းမှုတွေကြားမှာရောက်လာတဲ့အခါ ပြဿနာကိုသိပ္ပံနည်းကျဖြေရှင်းဖို့ ကြိုးစားရင်း တစ္ဆေနဲ့ရင်ဆိုင်ကြရပါတော့တယ်။ ဒီဘေးဒုက္ခအရာအားလုံးဟာ လူတစ်ယောက်ရဲ့အစွန်းရောက်တဲ့ စွဲလန်းစိတ်ကြောင့်လို့သိလိုက်ရတဲ့အချိန်မှာ တော်တော်နောက်သွားပါပြီ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Horror Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Ghosts ( 2002 )
5.6
Enchanted Doll ( 2014 )
ဒီတခေါက် CM ရဲ့ ပရိသတ်တွေအတွက် စိတ္တဇသဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စာရေးဆရာ ပိုင်လန်တုက ဇနီးနဲ့ကွာရှင်းပြီးနောက် သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးလေး Zippo ဟာ အမေနဲ့နေထိုင်ခဲ့ပါတယ်။ သမီးကိုချစ်တဲ့ ပိုင်လန်တုဟာ သူ့အပေါ် အမြင်မကြည်တဲ့ သမီးနဲ့ ဆက်ဆံရေးကောင်းအောင် ဆောင်းရာသီကျောင်းပိတ်ရက်မှာ အပန်းဖြေစံအိမ်မှာ အပန်းဖြေဖို့ ခေါ်သွားခဲ့ပါတယ်။အပန်းဖြေစံအိမ်ဟာ တောင်ကြားအတွင်းမှာရှိပြီး ဥယျာဉ်မှူးတစ်ယောက်ပဲ နေထိုင်ပါတယ်။ ပိုင်လန်တု ဝိန်ရှန်းနဲ့ သမီးလေးတို့ စံအိမ်ထဲမှာ နေထိုင်တဲ့အချိန်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ တခြားဧည့်သည်တွေ ရောက်လာပြီးနောက်မှာတော့ အရာအားလုံးဟာ မထိန်းချုပ်နိုင်တော့တဲ့ အဆင့်ကို ရောက်သွားပါတော့တယ်။သမီးလေး ထူးထူးဆန်းဆန်းပျောက်သွားခြင်း၊ ပစ္စည်းပို့သူရဲ့ ဗီဒီယိုဖိုင်တစ်ခု၊ အိမ်ရှင်ညီမလေးရဲ့ အလန့်တကြားထွက်ပြေးမှုတွေမှာ သူတို့ကံကြမ္မာက ဘယ်လိုဖြစ်မလဲ...... ဘယ်သူကရော ဒီအရာအားလုံးကို ထိန်းချုပ်နေတာလဲ...... ဆိုတာကို ရုပ်ရှင်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Horror Runtime : 1h ...
movie
Enchanted Doll ( 2014 )
5.5
Monster Inside: America’s Most Extreme Haunted House (2023)
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင်အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။Monster Inside America's Most Extreme Haunted House ဆိုတဲ့နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်းဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကိုလာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖိုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်းဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှသူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြားရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ်သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေအများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ်အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့်လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင်ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေအထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့အတွက်အကြံပေးလိုက်ချင်ပါတယ်။ File size…1.60GB / 681MB Quality…WEB-DL 1080p 5.1 ...
movie
Monster Inside: America’s Most Extreme Haunted House (2023)
Pet (2016)
ခွေးထိန်းသိမ်းရေးဌာနမှာ အလုပ်လုပ်နေတဲ့ ဆက် ဆိုတဲ့ကောင်လေးတစ်ယောက် စားပွဲထိုးမလေး ဟော်လီ ကိုအရူးအမူးစွဲလမ်းသွားခဲ့တယ် ကောင်မလေးကလည်း အချေတစ်လိုင်းဆိုတော့ ကြာတော့ ဆိုက်ကိုဖောက်လာတာပေါ့လေ.....အချစ်ကြီးတော့ အမျက်ကြီးတယ် ဆိုတဲ့အတိုင်း ဆိုက်ကိုပါဖောက်လာတော့ မလုပ်သင့်တာတစ်ခုကို သူလုပ်လိုက်မိတယ်လေအဲဒီအမှားကနေ နောက်ဆက်တွဲဖြစ်လာတာတွေကို ဖြေရှင်းနိုင်ဖို့ကြိုးစားရင်းနဲ့ နောက်ဆုံး ဇာတ်လမ်းရဲ့အလှည့်အပြောင်းက မထင်မှတ်ထားလောက်အောင် ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမယ် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(537 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller , Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
Pet (2016)
Johnny Z (2023)
ဒီတစ်ခေါက် ဇွန်ဘီ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ သာမန် ဇွန်ဘီရုပ်ရှင်တွေက ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် တီထွင်ဆန်းသစ်မှုကြောင့်ပဲဖြစ်ဖြစ် ဇွန်ဘီ ဗိုင်းရက်စ်က ပြန်နှံ့ပြီး ရောဂါ Outbreak ဖြစ်တတ်တာပါ။ ဒါပေမယ့် အခု ရုပ်ရှင်မှာကတော့ ရှုထောင့်အသစ်ကနေ အမြင်အသစ်နဲ့ ကြည့်ရှု့လို့ ရမယ့် ဇွန်ဘီ ရုပ်ရှင်လေးပါ။ကမ္ဘာကြီးမှာ ရောင်ခြည်ကြောင့် လူတွေနဲ့ ဓာတ်ပြုပြီး လူသားတွေကို မကောင်းဆိုးဝါး မိစ္ဆာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ဒါပေမယ့် နော်ဒက်ခ် ဆေးဝါးကုမ္ပဏီက ဇွန်ဘီတွေကို စမ်းသပ်ပြီး ကုသဆေးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်က အခုမှ စမှာပါ။နော်ဒက်ခ် ဆေးကုမ္ပဏီက လူတစ်ပိုင်း၊ ဇွန်ဘီတစ်ပိုင်းဖြစ်နေတဲ့ လူနာဇီကို စမ်းသပ်ပြီး ဆေးတွေဖော်နေတာပါ။ ကုသဆေးပေါ်တာကောင်းပေမယ့် ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ရောဂါကို အမြဲတမ်း လုံးဝ ကာကွယ်နိုင်မယ့် ဆေးမျိုးကို မထုတ်ဘဲ တစ်ပါတ်တစ်ခါ ဆေးပြန်ထိုးရတဲ့ ကုသဆေးမျိုးကိုပဲ ...
movie
Johnny Z (2023)
After.Life (2009)
အန်နာဟာ မိုးသည်းထန်တဲ့ညတညမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဟာ အီလီယက်ဒီကန်လို့အမည်ရတဲ့ အလောင်းပြင်ပေးတဲ့လူကြီးနေတဲ့ စံအိမ်ရဲ့ အောက်ထပ်ကိုရောက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ အီလီယက်က အန်နာကို သူ(မ)ရဲ့သေလက်မှတ်ကိုပြလိုက်ပါတယ်။ဒါပေမဲ့ အန်နာဟာ အသက်ရှူနေသေးပြီး သာမန်လူတယောက်လို လှုပ်ရှားသွားလာလို့ရနေသေးတာကို သတိထားမိလိုက်တဲ့နောက်မှာတော့ အီလီယက်အပေါ် စပြီးသံသယ၀င်လာပါတယ်။ တချိန်တည်းမှာပဲ အန်နာရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းဖြစ်သူ ပေါလ်ကိုးလ်မန်းဟာလည်း အန်နာသေဆုံးသွားတာကိုမယုံကြည်ဘဲ အန်နာကို အပူတပြင်းလိုက်ရှာနေပါတယ်။ဒီလိုနဲ့ အန်နာဟာ တကယ်သေဆုံးသွားခဲ့တာလား အန်နာသေဆုံးသွားတာမှန်ရင်တောင် အီလီယက်ဒီကန်ဆိုတဲ့လူကြီးကရော ဘာလို့ အန်နာနဲ့ စကားပြောနေနိုင်တာလဲ အန်နာရဲ့ခင်ပွန်း ပေါလ်ကရော အန်နာကို လိုက်ရှာလို့တွေ့သွားပါ့မလား နောက်ဆုံးမှာ အန်နာက သေဆုံးသွားခဲ့တာလား မသေဆုံးသွားခဲ့ဘူးလား ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စတွေရဲ့ အဖြေကဘာများလဲဆိုတာ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(616 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
After.Life (2009)
5.9
Paper Bride ( 2023 )
မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာ ရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးက အသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးက စက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့ တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။၁၁ နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီး လက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက် ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ...... လွန်ခဲ့တဲ့ ၁၁ နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie
Paper Bride ( 2023 )
Carriers (2009)
ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader
movie
Carriers (2009)
5.4
Horror in the High Desert (2021)
Horror in the High Desert (2021)Documentary အမျိုးအစားကို နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ 2021 ထွက် Horror Documentary တစ်ကားဖြစ်ပါတယ်။ Gary Hinges ဆိုတဲ့ တောင်တက်သမား YouTuber တစ်ယောက် ပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ်ပုံစံကိုရိုက်ကူးထားတာဖြစ်ပြီးတော့ ဇာတ်လမ်းအစမှာဆိုရင် ဂယ်ရီ စတင်ပျောက်ဆုံးသွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ အစပျိုးထားပါတယ်။ဂယ်ရီက နီဗာဒါပြည်နယ်ရဲ့ မြို့သေးသေးလေး ရုသ်မှာ နေထိုင်တဲ့ လူငယ်တောင်တက်သမားတစ်ယောက် ဖြစ်ပြီးတော့ ရထားပုံစံငယ်တွေ လုပ်ရတာနဲ့ တောထဲမှာ စွန့်စားသွားလာပြီး အသက်ရှင်နေထိုင်ရတဲ့ Survivalist ဘဝကို တော်တော်လေး နှစ်သက်ပါတယ်။ သူ့မှာ နာမည်ရင်းနဲ့မဟုတ်ဘဲ ဖွင့်ထားတဲ့ YouTube Channel တစ်ခုရှိပြီးတော့ Survival နဲ့ပတ်သက်တဲ့ Tips တွေကို Video ရိုက်ကာ မျှဝေလေ့ရှိပါတယ်။တစ်ခေါက်မှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုကို ထိတ်လန့်ဖွယ်ရာ ကြုံတွေ့လာရပြီးတော့ အဲဒီအကြောင်းကို ...
movie
Horror in the High Desert (2021)
2021
6.4
Onyx the Fortuitous and the Talisman of Souls (2023)
Onyx the Fortuitous and the Talisman of Souls (2023)~ IMDb - 6.4/10, Rotten Tomatoes - 64% ~အခုနှစ်စပိုင်းလေးမှ ထွက်လာတဲ့ကားလေးပါ။ Comedy Horror အမျိုးအစားဆိုတော့ စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ကားလေးပါပဲ။အော့နစ်ကတော့ Fast Food ဆိုင် မိ့(တ်)လုဖ်မှာ အလုပ်လုပ်ပြီး ဒီအသက်အရွယ်အထိ အပေါင်းအသင်းမရှိတဲ့အပြင် အမေ့အိမ်မှာကပ်နေရတဲ့ လူပျိုရည်မပျက်သေးတဲ့အရှုံးသမားလို့ပြောလို့ရတဲ့သူမျိုးပါ။ သူ့ရဲ့ Idol ကလည်း ဘားတော့ဆိုတဲ့ အောက်လမ်းဆရာလို မှော်ဆရာလိုလိုလူပါတဲ့။ တစ်ရက်တော့ ဘားတော့က မသေမျိုးဘ၀ကိုရဖို့ နတ်ဆိုးအစီအရင်လုပ်ဖို့အတွက် နောက်လိုက်ငါးယောက်ရွေးတော့ အော့နစ်ပါသွားပြီး ဘားတော့ရဲ့စံအိမ်ကိုရောက်သွားပါတယ်။ဒါပေမဲ့ ဘားတော့ရဲ့အစီအရင်က ထင်သလောက်မရိုးရှင်းတဲ့အခါ အော့နစ်နဲ့ သူ့အပေါင်းအပါတစ်သိုက် အစီအရင်အကြောင်းစုံစမ်းပုံတွေကို ဟာသပေါင်းများစွာနဲ့တကွ ကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, ...
movie
Onyx the Fortuitous and the Talisman of Souls (2023)
2023
5.8
Meet The Evil Spirits ( 2023 )
CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိ ခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကို တောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီး ဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာ လီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။ နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းက လွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့......အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား...... အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie
Meet The Evil Spirits ( 2023 )
Impuratus (2022)
အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar ...
movie
Impuratus (2022)
6.6
The Forbidden Door (2009)
IMDB - 6.6ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာnomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလိုကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေကnegative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက်ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ်ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်းလာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီကရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်းမြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်.... File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , ...
movie
The Forbidden Door (2009)
5.7
Sometimes They Come Back (1991)
Sometimes They Come Back (1991) ==========================အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King's Cat's Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ '90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie
Sometimes They Come Back (1991)
1991
HORROR MATE (2023)
Horror Mate (2023)ဒီတစ်ခေါက်ကို သည်းထိတ်ရင်ဖို ကျောင်းသားဇာတ်လမ်းလေးတင်ဆက်ပေးချင်ပါတယ်သူငယ်ချင်းသုံးယောက်က အတူတူ ဂိမ်းတီထွင်ခဲ့ပြီးတော့ ဆုတွေလည်းရခဲ့ပါတယ်... ဒါပေမဲ့ သူတို့တီထွင်တဲ့ဂိမ်းက သည်းထိတ်ရင်ဖို ဂိမ်းဖြစ်ပြီးတော့ ကျော်ဖြတ်ရမယ့်အဆင့်တွေလည်း တစ်ခုနဲ့တစ်ခု မတူပါဘူးအဲလိုနဲ့တစ်နေ့မှာ အပြင်လက်တွေ့မှာပါ အဲဒီဂိမ်းကို ကိုယ်တိုင်ဆော့ဖို့ဖြစ်လာတဲ့အချိန်ရောက်လာတော့ ကိုယ်တိုင်တီထွင်ထားတဲ့ ဂိမ်းကို ဘယ်လိုဖြေရှင်းမလဲလက်တွေ့မှာပါ ဂိမ်းကိုဖြေရှင်းရမှာဖြစ်တဲ့အတွက် သူငယ်ချင်းသုံးယောက် ဘယ်လိုတွေတိုင်ပင်ပြီး ဒီဂိမ်းကိုအဆုံးသတ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 450MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie
HORROR MATE (2023)
2023
5.3
Hell House LLC II: The Abaddon Hotel (2018)
Hell House LLC II: The Abaddon Hotel (2018)ဒီကားက Hell House Franchise ရဲ့ ဒုတိယကားဆိုပေမဲ့ ပထမနဲ့ တတိယကားကို ကြည့်ပြီးရင်တော့ ပိုနားလည်လွယ်ပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ Abaddon Hotel အကြောင်း အဓိကပါဝင်ထားပါတယ်။Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခု... ခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ်တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုးဝင်လေ့ရှိတယ်။ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက်ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်းကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်းထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ်ထစ်ချငြင်းတယ်။သူတို့ရဲ့ အငြင်းအခုံတွေ ...
movie
Hell House LLC II: The Abaddon Hotel (2018)
2018
(18+) Debbie Does Demons (2023)
အီးဂဲလ်တစ်သိုက် သရဲခေါ်ဂိမ်းကစားပြီး ရင်သားကြီးကြီး စုန်းမကြီးကို ဆင့်ခေါ်မိတဲ့အခါ???ဒီဇာတ်ကားလေးမှာတော့ လော်ရန်ဆိုတဲ့ကောင်မလေးဟာ သဘာဝလွန်ဖြစ်ရပ်တွေကိုတင်ဆက်တဲ့ ဒက်ဘီနှင့်နတ်ဆိုးများဆိုတဲ့အစီအစဉ်ကို ကြည့်ပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းတွေနဲ့ သရဲခေါ်ဘုတ်ပြားကို အသုံးပြုပြီး လွန်ခဲ့တဲ့နှစ်သုံးရာက အထန်စုန်းမကြီးကို ဆင့်ခေါ်မိသွားပါတော့တယ်။ဒီစုန်းမက သူ့သူငယ်ချင်းတွေကို ပြုစားလိုက်ပြီး ဆိုးသွမ်းလာတဲ့အခါ လော်ရန်တစ်ယောက် သူဆင့်ခေါ်မိတဲ့အထန်စုန်းမကြီးကို ဘယ်လိုပြန်ပို့မလဲဆိုတာကို ရင်ဖိုလိုက်မောစွာ ကြည့်ရမှာဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(1.3 GB)/(745 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:14:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Mutu
movie
(18+) Debbie Does Demons (2023)
4.0
The Abode (2023)
The Abode (2023) ==============ဒီဇာတ်လမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက အမေရိကန်လူမျိုး နယ်သစ်ချဲ့ထွင်သူ ပင်လယ်ဓားပြခေါင်းဆောင်က မြို့တစ်မြို့ကိုသိမ်း ပြီး အဲဒီကမြို့သား အိန္ဒိယန်လူမျိုးတွေအကုန်လုံးကို သတ်ပစ်ရာက နေစတာပါပဲ။ အဲဒီအချိန်တုန်းက ပင်လယ်ဓားပြ ရဒ်ဘတ်ရဲ့အိမ်ဖော် လာရာက အိန္ဒိယန်လူမျိုး တလာကိုကို သူ့သခင် မသိအောင် ကယ်တင် လိုက်ပါတယ်။နောက်ပိုင်းမှာ လာရာနဲ့ တလာကိုတို့ အချင်းချင်းချစ်သွားကြချိန် ရဒ် ဘတ်ကမိပြီး တလာကိုကို သတ်လိုက်ပါတယ်။ ဒီလိုနဲ့ အခုခေတ်ကို ရောက်လာတော့ လာရာက ရဒ်ဘတ်ရဲ့သမီးအဖြစ် လူပြန်ဝင်စားပြီး သူ့အဖေကိုမုန်းနေတော့တာပါပဲ။ နောက်တော့ အိန္ဒိယန်လူမျိုးတွေ အသတ်ခံရတဲ့မြို့ကို လာရာ သူ့သူငယ်ချင်းတွေနဲ့ တလာကိုအကြောင်း စုံစမ်းဖို့သွားပြီး ရဒ်ဘတ်အပါအဝင် လူတွေအများကြီးသေခဲ့တဲ့ သရဲ ခြောက်လို့နာမည်ကြီးတဲ့အိမ်မှာ တည်းကြပါတယ်။ ဒီလိုနဲ့ သရဲကား ထုံးစံအတိုင်း အိမ်ကြီးထဲ ဘယ်လိုတွေအခြောက်ခံရမလဲဆိုတာကို ခြောက်ခြားစွာ ကြည့်ရှုနိုင်မယ့် လူဝင်စားတာနဲ့ပတ်သက်တဲ့ သရဲကား တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.6 GB) / (616 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Thwal Htoo ...
movie
The Abode (2023)
2023
7.0
REC 2. (2009 )
ဒီကားလေးကတော့ Rec (2007) လေးရဲ့အဆက်လေးပါ ပထမကားမှာ ရောဂါကူးစက်မှုတွေကြောင့် အဆောက်အအုံတစ်ခုကို ပိတ်ထားလိုက်ရပြီး အထဲမှာ နေထိုင်သူများနဲ့ ကယ်ဆယ်သူများရဲ့ အသက်ရှင်သန်နိုင်ဖို့ ရုန်းကန်လှုပ်ရှားမှုများကို တွေ့ခဲ့ရမှာဖြစ်ပြီး ဒီတစ်ပိုင်းမှာတော့ ဒီကူးစက်ရောဂါရဲ့ နောက်ကွယ်က ဇာတ်မြစ်ကို ရှာဖွေဖော်ထုတ်ကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကူးစက်ရောဂါ သက်သက်ပဲလား ဒါမှမဟုတ် အခြားရှုပ်ထွေးတဲ့ အကြောင်းအရင်းကြောင့်လား ဆိုတာကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio LA
movie
REC 2. (2009 )
First
31
32
33
34
35
Last
Previous
Next