Channel Myanmar

Horror

Dylan Dog: Dead of Night (2010) 5.6
Dylan Dog: Dead of Night (2010) Dylan Dog (2010)ဒီဇာတ်လမ်းကတော့ Italian Supernatural horror တစ်ကားဖြစ်ပြီး လူသားလောကနဲ့ ဇွန်ဘီ၊ ဗန်ပိုင်းယား၊ သမန်းဝံပုလွေတွေ စုနေတဲ့ သေလူအမျိုးအစားလောကကြားက အမှုတွေကို လိုက်စုံစမ်းစစ်ဆေးပေးရတဲ့ စုံထောက် Dylan Dog ရဲ့ လျှိဝှက်ဆန်းကြယ်အမှုတွေအကြောင်းကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့အမှုဖြေရှင်းသူ လက်တွဲဖော်ဖြစ်တဲ့ သူ့သူငယ်ချင်း Marcus က ဇွန်ဘီအကိုက်ခံရပြီး  ဇွန်ဘီတစ်ကောင်ဖြစ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့အမှုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်တဲ့ မကောင်းဆိုးဝါးကို လိုက်ဖမ်းပြီးအဖြေရှာဖို ကြိုးစားပါတော့တယ်။အခုမှ ဇွန်ဘီအသစ်လေးစဖြစ်တဲ့  သူ့သူငယ်ချင်း Marcus နဲ့ အခွီတွေကို dark humor နှောပြီးကြည့်ရမဲ့အပြင် သေလူလောကကြားက စွန့်စားခန်းတွေကို Psychological depth နဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:47:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ...
movie

Dylan Dog: Dead of Night (2010)

Hillock Haunting (2024)
Hillock Haunting (2024)  ဟင်နရီတယောက် မွေးမြူရေးခြံပိုင်ရှင် အဖေဖြစ်သူ ရုတ်တရက် သေဆုံးသွားတဲ့အခါမှာတော့ ..........သူ့အဖေရဲ့ နောက်ဆုံးဆန္ဒအရ မွေးမြူရေးခြံကို လက်လွဲယူဖို သူ့သမီးလေးနှစ်ယောက်နဲ့ ခြံကို ပြောင်းရွေ့သွားကြတဲ့အခါ မြိုပေါ်မှာ ကြီးပြင်းလာတဲ့ သမီးနှစ်ယောက်ကတော့ အိမ်အကြီးကြီး ခြံအကြီးကြီး သဘာဝတောတောင်တွေနဲ့နေရမှာကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ်ဒါပေမယ့် ညဘက်ဆို ထူးဆန်းတဲ့အဖြစ်အပျက်တွေ စတင်ဖြစ်ပျက်လာချိန်မှာ........သူတိုအဘိုးရေးခဲ့တဲ့ ဒိုင်ယာရီတွေ သူတို့ ညဘက်ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ နဲ့.....ချိတ်ဆက်တွေးတောကြည့်လိုက်တဲ့အခါမှာတော့ ...........မွေးမြူရေးခြံရဲ့ အလေ့အထတွေ တောတောင် အငွေ့အသက်တွေနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်းခန်းတွေကိုပါ ကြည့်ရှုရမှာမို Horror သမားတွေအဖို့လက်မလွတ်သင့်တဲ့ဇာတ်ကားပါ .... File size…(1.3 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:23:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Hillock Haunting (2024)

Oddity (2024) 7.4
Oddity (2024)  သဘာဝလွန်ဟော်ရာအမျိုးအစား ရုပ်ရှင်သစ်တစ်ခု ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဟော်ရာတွေထဲမှာ rating 7.4ရထားတာမို့ အတော်လေးကောင်းတယ်ပြောရမှာပါပဲ။ဇာတ်လမ်းကတော့အရမ်းကြီးမရှုပ်ထွေးပါဘူး။ ဒါပေမဲ့ကြောက်ရပါတယ်။ ဒါရိုက်တာ Damian Mc Carthy ကတော့အရင်က ရုပ်ရှင်တိုတွေလောက်ပြ အဓိကရိုက်ဖူးတာမို့သူ့လက်ရာအသစ်အနေနဲ့ အတော်လေး အလားအလာရှိတယ်လို့ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း*****************ဒေါက်တာ တက်ဒ်ဟာ စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ညဘက်တွေ တာဝန်ကျနေတဲ့သူပါ။ တစ်ညမှာတော့သူ့ရဲ့ ဇနီးကို သူ့လူနာတစ်ယောက်က ညဘက်ကြီးမှာ သတ်သွားပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ နောက်အမျိုးသမီးနဲ့ အဲဒီအိမ်မှာနေနေပါတယ်။ တစ်နေ့မှာတော့ သူ့ဇနီးရဲ့ အမွှာညီမ မျက်မမြင်အကြားအမြင် ရောက်လာပြီး သူ့ဇနီးကိုသတ်တာ သူ့လူနာမဟုတ်ဘူးဆိုပြီး ထုတ်ပြောလာပါတယ်။အဲဒီကနေ တဖြည်းဖြည်းအမှန်တရားပေါ်လာပြီး ကြောက်စရာကိစ္စတွေ ဖြစ်လာပါတော့တယ်။ဇာတ်လမ်းက အစပိုင်းမှာ နည်းနည်းလေး ကျောချမ်းစရာလောက်ပဲပြပြီး နောက်ပိုင်းမှာတော့ ဝုန်းခနဲခြောက်တာမျိုးတွေ ပါလာပါတယ်။ကြောက်ချင်တဲ့သူတွေရော ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေရောကြည့်သင့်တဲ့ကားပါပဲ။ File size…4.29GB / 1.14GB / 531MB Quality…WEB-DL 4K HEVC 1080p  / 720p Format…mkv / ...
movie

Oddity (2024)

4K HEVC
Seven Days (2010) 7 Days (Aka) Les 7 jours du talion 6.5
Seven Days (2010) 7 Days (Aka) Les 7 jours du talion 7 Days (2010) Les 7 jours du talionIMDb Rating (6.5) / Rotten Tomatoes (86%)ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ...ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့......ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ......တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး......အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်.......အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း ...
movie

Seven Days (2010) 7 Days (Aka) Les 7 jours du talion

Don't Watch
OMG: O Manchi Ghost (2024) 5.3
OMG: O Manchi Ghost (2024) O.Manchi Ghost 2024 သရဲခြောက်တဲ့အိမ်ကြီးImdb 6.3ရေစက်ဆိုတာ ရှောင်မရသလို တစ်နေရာစီနေကြတဲ့လူတွေစုပြီး ဒုက္ခတစ်ခုတည်းခံစားရဖို့ဖြစ်လာတဲ့အခါ...ပိတ်ရက်မှာအနားယူရင်းကြည့်ဖို့ ရယ်လည်းရယ်ရ ကြောက်လည်းကြောက်ရမဲ့ သရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ဘဝမှာ ကြုံဆုံခဲ့ရတဲ့လူတွေက သူငယ်ချင်းဖြစ်နိုင်သလို ချစ်သူအပြင် ရန်သူပါဖြစ်လာနိုင်ကြတဲ့လောကကြီးမှာ ပြဿနာကိုယ်စီနဲ့ ရဲစခန်းမှာ‌လာဆုံကြတဲ့လူ၄ယောက် အမတ်ပိုစတာကို နွားချေးနဲ့ပက်သူကတစ်ဦး ရဲကားဆီတိုင်ကီထဲ သေးပေါက်ထည့်သူတစ်ဦး ရဲကားကိုဝင်တိုက်သူကတစ်တွဲနဲ့ တွေ့ဆုံမိကြတယ်သူတို့အားလုံးရဲ့ဆုံမှတ်က ပိုက်ဆံကြောင့်ပါပဲ ဘုံဖြစ်နေတဲ့ပိုက်ဆံကို မသမာနည်းနဲ့ရှာဖွေဖို့ ၄ယောက်သားခေါင်းချင်းဆိုင်ပြီး စဉ်းစားတော့ အမတ်သမီးကိုပြန်ပေးဆွဲရင်းငွေညှစ်မယ်ပေါ့ ပြန်ပေးဆွဲပြီဆို ထားဖို့နေရာလိုတာကြောင့် လူမနေတဲ့အိမ်ကြီးကိုရွေးလိုက်မိတယ် သူတို့မသိတာက ဒီအိမ်ကြီးမှာနှစ်ရှည်လများကပ်တွယ်နေတဲ့ သရဲမတစ်ကောင်ရှိတယ်ဆိုတာပါပဲ ဒီအိမ်ထဲဝင်လာသူမှန်သမျှ သူ့လက်ကမလွတ်သလို အဝင်ပဲရှိပြီး ထွက်လမ်းမရှိတဲ့ ဒီအိမ်ကြီးထဲ သူတို့ဘယ်လို၂ပါးသွားကြမယ်ဆိုတာ ကြည့်ရှုလိုက်ပါဦးရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn တို့ပဲဖြစ်ပါတယ် ) File size…2.28GB / 1.10GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo ~ Alex ~ KKKZ ~ ...
movie

OMG: O Manchi Ghost (2024)

2024
Darling (2024) 7.6
Darling (2024) Darling 2024 (ဒါလင်)စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ....... မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team 
movie

Darling (2024)

2024
Mom, If I Were a Vampire ( 2022 ) 5.7
Mom, If I Were a Vampire ( 2022 ) ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ GL နည်းနည်းဆန်ပါတယ်နော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေ ဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့ မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲ ကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့ သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုပြန်လက်စားချေကြမလဲ ? ‌သူဖြစ်ချင်နေတဲ့ ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော် ။ Filesize : 355 MB Quality : WEB-DL 1080p  Format : mp4 Genres : Horror , Thriller Runtime : 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

Mom, If I Were a Vampire ( 2022 )

Consumed (2024) 5.0
Consumed (2024)  သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီးမျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horrorဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့အခြေအနေမှာရှိပါတယ်။ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကိုတွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက်စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီးထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရောအတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.64GB / 821MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Consumed (2024)

Para Betina Pengikut Iblis (2023)
Para Betina Pengikut Iblis (2023) Para Betina Pengikut Iblis (2023) အသက်လုပွဲသမီးဖြစ်သူဆူမီကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှိပ်စက်တတ်လို့ ဆူမီတစ်ယောက်အိမ်ကထွက်ပြေးချင်နေခဲ့တယ်ဒါပေမဲ့နေမကောင်းတဲ့ဖခင်ကိုလည်းမထားခဲ့နိုင် ရွာကထွက်သွားဖို့ကလည်း ပိုက်ဆံမရှိနေတဲ့ဆူမီတစ်ယောက် ဆုပ်လည်းစူး စားလည်းရူးအခြေအနေပေါ့ အဖေဖြစ်သူကြောင့် ဆယ်ကျော်သက်ဆိုတဲ့ငယ်ရွယ်မှုကို အလုပ်တွေ နှိပ်စက်မှုဒဏ်တွေနဲ့ပဲဖြတ်သန်းနေခဲ့ရပြီး ဖခင်အပေါ် တစ်နေ့တစ်ခြားအမုန်းတရားတွေတိုးပွားလာခဲ့တယ်ဒီလိုမုန်းတီးမှုကြောင့်ပဲ နတ်ဆိုးကိုလှုပ်နှိုးမိခဲ့တာပေါ့ နိုးထလာတဲ့နတ်ဆိုးက ဆူမီ့အမေကိုလည်းရှာပေးမယ် အဖေ့ဒဏ်ကနေလွတ်ပြီး ပျော်ရွှင်ရတဲ့ ဆယ်ကျော်သက်ဘဝကိုပြန်ပေးမယ် သူနဲ့သူငယ်ချင်းလုပ်ပါဆိုပြီး မက်လုံးပေးလာမိတဲ့အခါ ထွက်ပေါက်ပိတ်နေခဲ့တဲ့ဆူမီတစ်ယောက် ဒီနတ်ဆိုးကိုလက်ခံလိုက်မိရာက ဘယ်လိုဆိုးဝါးမှုတွေ ဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာဖြစ်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Para Betina Pengikut Iblis (2023)

2023
The Coffee Table (2022) 6.7
The Coffee Table (2022) The coffee table ဇာတ်ကားလေးက 2022 မှာထွက်ရှိခဲ့ပြီးIMDb 6.7 ရရှိထားပြီး Rotten tomatoes 86%ရရှိထားတဲ့စပိန်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဟက်စွပ်နဲ့မာရီယာတို့ဇနီးမောင်နှံဟာ ပူပူနွေးနွေး မိဘတွေဖြစ်လာတဲ့သူတွေပါ။တစ်နေ့မှာ အိမ်အတွက် ကော်ဖီစားပွဲသွားဝယ်ကြပါတယ်။စားပွဲဝယ်လိုက်ကတည်းက တစ်ဆစ်ချိုးပြောင်းသွားတဲ့သူတို့ရဲ့ဘဝကို ရှုစားရမှာပါ။ ကံဆိုးမှုဆိုတာ တစ်ကောင်တည်းမလာဘူးအဖော်အပေါင်းနဲ့လာတယ်ဆိုတာဒီကားကိုကြည့်ရင်သိရမှာပါ။ဒါကြောင့် သဲထိတ်ရင်ဖိုကြိုက်တဲ့ပရိသတ်ကြီးတို့အတွက် Channelmyanmar ကနေThe coffee table ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။  File size…    1  GB /  490 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie

The Coffee Table (2022)

Sars Wars: Bangkok Zombie Crisis (2004)
Sars Wars: Bangkok Zombie Crisis (2004) SARs War : Bangkok Zombie Crisis (2004)ဆားဗိုင်းရပ်စ်နံပါတ်၄ အာဖရိကမှာ ဖြစ်ပွားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီရောဂါကို ကူးစက်လိုက်တဲ့သူတွေဟာ သွေးဆာနေတဲ့ ဇွန်ဘီတွေဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ ရောဂါဟာ ပျံ့နှံ့လာရင်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်ဟာ အဆောက်အဦတစ်ခုတည်းမှာ ပြန်ပေးဆွဲခံထားရပါတယ်။ အဲဒီကောင်မလေး ပြန်ပေးဆွဲခံထားရတဲ့ အဆောက်အဦဟာ ဆားဗိုင်းရပ်စ်ပျံ့နှံ့ရာရဲ့ အစကနဦးဖြစ်နေတဲ့အခါမှာတော့ ဒီကောင်မလေး အဆောက်အဦထဲကနေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ ...... ပြန်ပေးဆွဲတဲ့သူတစ်သိုက်နဲ့ ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဇွန်ဘီတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ... ပြန်ပေးဆွဲခံရတဲ့ကောင်မလေးကို လာကယ်တဲ့ကောင်လေးကရော ဘယ်လိုတွေစွန့်စားကယ်ထုတ်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ထိုင်းဇွန်ဘီကားလေးတစ်ကားဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Fantasy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB ...
movie

Sars Wars: Bangkok Zombie Crisis (2004)

2004
Chompy & the Girls (2021) 5.5
Chompy & the Girls (2021)  ဒီတစ်ခါ cm ပရိသတ်ကြီး အပျင်းပြေ ကြည့်ရှုလို့ရမယ့်Dark Humour & Horror ဟာသဇာတ်ကားလေး တစ်ကားဖြစ်တဲ့Chompy and The Girls ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျက်ဆင်ဆိုတဲ့ ကောင်မလေးဟာ ဆေးစွဲနေပြီး စိတ်ဓာတ်ကျ၊အထီးကျန်နေတဲ့သူ တစ်ယောက်ပါ။ အမေဖြစ်သူနဲ့လည်း ဆက်ဆံရေးအဆင်မပြေသလို အဖေကလည်း သူ့မှာ သမီးရှိတယ် ဆိုတာတောင်မသိထားပါဘူး။ တစ်နေ့တော့ ဂျက်ဆင်ဟာ စိတ်ကူးပေါက်ပေါက်နဲ့ဖခင်ရင်းဖြစ်တဲ့ ဆမ်ကို မက်ဆေ့ကနေတစ်ဆင့် အသိပေးရင်းအပြင်မှာ ပထမဆုံး ဆုံဖြစ်ကြဖို့ ချိန်းလိုက်ပါတယ်။သားအဖနှစ်ယောက် ပန်းခြံမှာ ထိုင်ပြီး မိတ်ဆက် စကားပြောနေရင်း...ပန်းခြံထဲမှာ လူကြီးတစ်ယောက်က ကလေးမလေးတစ်ယောက်ကိုအရှင်လတ်လတ် မြိုချလိုက်တာကို တွေ့လိုက်ရတဲ့အခါမှာတော့.....။သူတို့တွေ ဒီလူကြီးလက်ကနေ လွတ်အောင် ပြေးကြရင်း ကသိကအောက်အနေခက်နေတဲ့ ဖအေနဲ့သမီး ဆက်ဆံရေးကနေ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံကြမလဲဆိုတာ ဟာသလေးတွေ နှောပြီး ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.1GB / 491MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h ...
movie

Chompy & the Girls (2021)

Sana aka Minna no Uta (2023) 5.3
Sana aka Minna no Uta (2023) Minna No Uta (2023) Imdb -5.3ကက်ဆက်သံကြားမိသူတိုင်း ဆန်းကြယ်မှုထဲပတ်သက်မိပြီး ပျောက်ဆုံးကုန်ကြတဲ့ ထူးခြားဆန်းကြယ်ကက်ဆက်..ဇာတ်လမ်းအစကတော့ ရေဒီယိုအသံလွှင့်ရုံကနေ နားဆင်သူတွေနဲ့ လိုက်ဖ်ရှိုးလုပ်နေတုန်း လူတစ်ယောက်က ကက်ဆက်အကြောင်းမေးခဲ့တယ် ကက်ဆက်တိပ်ခွေရောက်လားပေါ့ စတူဒီယိုအဖွဲ့သားတွေက ဒါကိုရိုးရိုးတိပ်ခွေပဲထင်ကြပေမဲ့ ဒီဟာမှာကပ်ပါလာတဲ့ အမှောင်လောကသားကိုတော့ သူတို့မမြင်ခဲ့ကြ ဒီကက်ဆက်တိတ်ခွေနောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ လိုက်ဖ်ရှိုးလွှင့်ဖို့ရက်သိပ်မကျန်တော့တဲ့ Generations ဆိုတဲ့အဖွဲ့ထဲက အဆိုတော်ပျောက်ဆုံးသွားတာပါမပျောက်ဆုံးခင် ဒီအဆိုတော်က သီချင်းညည်းသံတွေကြားခဲ့ရပြီး လေ့ကျင့်ချိန်မှာလည်း သူမဟုတ်သလို သူပဲထူးဆန်းတာတွေတွေ့‌သလိုဖြစ်နေတော့ အဖွဲ့သားတွေစိတ်ပူနေချိန်မှာပဲ ပျောက်ဆုံးသွားခဲ့တာပါ ဒီအမှုကို အစကလိုက်ရင်းကနေ ကက်ဆက်တိပ်ခွေရဲ့အတိတ်အကြောင်းပါ စုံစမ်းမိသွားပါတယ် ဒါကတော့ဘာများဖြစ်မလဲ မမြင်ရတဲ့ပရလောကသားကရော ဘာလိုချင်တာလဲဆိုတာကိုတော့( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 1.6GB  / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Alex ~ ToMo
movie

Sana aka Minna no Uta (2023)

2023
Tucker and Dale vs. Evil (2010) 7.6
Tucker and Dale vs. Evil (2010) Tucker & Dale vs. Evil (2010)IMDb Rating (7.5) / Rotten Tomatoes (85%)သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေပိုကြိုက်တက်ကြပါတယ်။ အဲ့လို ကြိုက်တတ်ကြတဲ့အတွက်လည်း အချင်းချင်းစနောက်ပြီး ချောက်တက်လှန့်တတ်ကြပါတယ်။ အဲ့လို ချောက်လှန့်ရာကနေ မတော်တဆဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေရှိပါတယ်။ အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီးထွက်ရာမှာ မတော်တဆမှုတွေနဲ့ ကြုံရတာကို ဟာသဆန်ဆန်နဲ့ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းကတော့.... အယ်လီဆန်တို့ ကျောင်းသားတစ်သိုက်က တောအုပ်ထဲမှာအပန်းဖြေဖို့ ခရီးထွက်လာကျပါတယ်။ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ကလည်း ငါးမြှားရင်း အနားယူဖို့ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းသားတွေနားက အိမ်ကိုပဲ ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်လုပ်လက်စား တက်ကာ နဲ့ ဒေးလ် တို့ရဲ့ မတောက်ပြောင်တဲ့ဖိုသီဖပ်သီ အဝတ်အစား နဲ့ အတီးအတ အမူအယာတွေကြောင့် ကျောင်းသားတစ်သိုက်က သူတို့က လူဆိုးတွေလို့ ထင်နေကြပါတယ်။ဒီလိုနဲ့ ကျောင်းသားလေးတွေ ...
movie

Tucker and Dale vs. Evil (2010)

2010
Deliver Us (2023)
Deliver Us (2023)  "Deliver Us" ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ "ယေရှုခရစ်တော်" က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ "မာရိ" ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ "အန္တိခရစ်" ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ရပ်ဝေးဒေသတစ်ခုမှာရှိတဲ့ သီလရှင်စစ္စတာတစ်ယောက်ကနေပြီးတော့ သံဝါသမပြုဘဲ ကိုယ်ဝန်လွယ်ထားရပါတယ်လို့ သတင်းထွက်လာပါတယ်။ ဒီကိစ္စက ကျမ်းစာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စ သမိုင်းတစ်ကျော့ပြန်လာတာလားဆိုတာကို ဟုတ်မဟုတ်အတည်ပြုဖို့အတွက် ဗာတီကန်ကနေ ဘာသာဗေဒပညာရှင် ခရစ်ယာန်ဘုန်းကြီးတွေကိုစေလွှတ်လိုက်ပါတယ်။ တကယ်ကတော့ စစ္စတာယူလီယာက ကလေးတစ်ယောက်မဟုတ်ဘဲ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာပါ။ သူကနေပြီးတော့ လာရောက်အတည်ပြုတဲ့ဘုန်းကြီးတွေကို ...
movie

Deliver Us (2023)

2023
Chime (2024) 6.7
Chime (2024) Chime ( 2024 )  Kiyoshi Kurosawaရဲ့ အသစ်ပေါ့။ သူ့အကြောင်း ထပ်မိတ်ဆက်ရရင် ခိရိုရှိက တိုကျိုအနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ, Drive MY Carနဲ့ အော်စကာရခဲ့တဲ့ ရူဆုခဲဟမဂုချိက   အဲဒီကကျောင်းဆင်းခဲ့တဲ့ သူ့တပည့်အရင်းကြီးပဲ။ ခိရိုရှိက ဂျပန်ရဲ့  psychological horrorတွေနဲ့ပတ်သက်ရင် နတ်ဘုရားလို့ ပြောရမယ်။ Cure တို့ Pulse တို့ Charisma တို့လို ဂန္တဝင်ဟော်ရာကားတွေကို ရိုက်ခဲ့ဖူးတယ်။ ပြောရရင် ဂျပန်ဟော်ရာတွေ thrillerတွေနဲ့ပတ်သက်ရင် ခိရိုရှိက ကဝေတစ်ပါးပဲ။၂၀၂၀တုန်းက  Wife of a Spy ဆိုတဲ့ Thrillerတစ်ကားထွက်ခဲ့ပြီး ခု၂၀၂၄ကျ runtimeတော်တော်လေးတိုတဲ့ Horrorကားထွက်လာတယ်။ ဒီ၂ကားမှာ ထူးလာတာက တော်တော်လေး စည်းကပါးလာတာပါပဲ။ ဟော်ရာကား Thrillerကား ရိုက်ထားတယ်လို့ မထင်ရအောင်ကို အရင်ထက် တော်တော်လေးသိမ်မွေ့လာတယ်။ ခု  Chimeမှာတော့ ဇာတ်အိမ်တောင်မပါသလောက်ဖြစ်သွားတယ်။ ...
movie

Chime (2024)

The Visit (2015) 6.3
The Visit (2015)  The Visit ဟာ Horror/Documentary အမျိုးအစားရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီး M. Night Shyamalan ဇာတ်ညွှန်းရေးရိုက်ကူးကာ Olivia DeJonge, Ed Oxenbould, DeannaDunagan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Budget $5M နဲ့ရိုက်ကူးပြီး ရုံတင်ငွေ $100M နီးပါးပြန်လည်ရရှိခဲ့တဲ့ ဝေဖန်ချက်ကောင်းတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးဒါရိုက်တာ Shamalan အတွက် တစ်ကျော့ပြန်လည် ‌အောင်မြင်မှုရစေခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။Becca နဲ့ Tyler တို့မောင်နှမနှစ်ယောက်ဟာ သူတို့တစ်ခါမှမတွေ့ဘူးတဲ့ အဘိုးအဘွားတွေဆီ ငါးရက်သွားနေဖို့ Masonvilleဆိုတဲ့မြို့လေးဆီ အလည်သွားကြပါတယ်။ သူတို့ရဲ့ ငါးရက်တာခရီးစဥ်မှာ သူတို့အဘိုးအဘွားတွေရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကြောင့် တစ်စစထိတ်လန့်လာရရင်း နောက်ဆုံးမှာတော့ ဒီခရီးစဥ်ဟာသူတို့ဘဝအတွက် ကြောက်ရွံ့တုန်လှုပ်စရာအကောင်းဆုံးအဖြစ်အပျက် ဖြစ်သွားပါတော့တယ်..... File size…2.01GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Mystery , Thriller Subtitle….Myanmar ...
movie

The Visit (2015)

Handsome Guys (2024) 6.9
Handsome Guys (2024) Handsome Guys (2024)************************ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကိုremake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။သရုပ်‌ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ...
movie

Handsome Guys (2024)

The Abandon (2022)
The Abandon (2022)  အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

The Abandon (2022)

The Retreat (2021)
The Retreat (2021)  Renee နဲ့ Valerie တို့ couple ဟာ သူတို့ မိတ်ဆွေတွေ ဖြစ်တဲ့ Connor နဲ့ Scott တို့ရဲ့ ဖိတ်ကြားမှု အရ ကျေးလက်ဒေသမှာ ရှိတဲ့ အပန်းဖြေ ရိပ်သာကို ခရီးထွက်လာပါတယ်။ လမ်းမှာ စတိုး တစ်ခုထဲ ဝင်ကြရင်းနဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ အဲ့ဒီလူက Valerie ကို အတင်းလိုက်ရောနေတာ ဖြစ်တာကြောင့် Valerie က သူ့မှာ ကောင်မလေး ရှိတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။သူတို့ တည်းရမယ့် နေရာကိုရောက်တော့ Connor နဲ့ Scott ကို မတွေ့ပါဘူး။ ဒါနဲ့ တောအုပ်တစ်ပတ် လျှောက်ရင်း ပျော်ပွဲစား ထွက်နေတုန်း တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေတာကြောင့် ရိပ်သာကို ပြန်လာခဲ့ပါတယ်။ Renee ရဲ့ ကားကလည်း ပျောက်နေတဲ့ အပြင် သူတို့ ...
movie

The Retreat (2021)