Channel Myanmar

Horror

The Seventh Day (2021) 4.5
The Seventh Day (2021) The Seventh Day (2021) =================ဖာသာပီတာဟာ ဂုဏ်သတင်းကြီးတဲ့အပနှင်သူတစ်ဦးဖြစ်ပြီး ကျောင်းဆင်းကာစ လူငယ်လက်သင်တစ်ယောက်ဖြစ်တဲ့ ဖာသာ ဒင်နီယယ်ကိုလေ့ကျင့်ပေးဖို့အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ပထမဆုံးနေ့မှာပဲ မကောင်းဆိုးဝါးပူးပြီး တစ်မိသားစုလုံးကို သတ် လိုက်တဲ့ ချာလီဆိုတဲ့ ကလေးငယ်တစ်ယောက်ကိုအပနှင်ပေးရမယ့် အမှုနဲ့ကြုံရပါတယ်။ဖာသာဒင်နီယယ်က ဒီအမှုတစ်ခုလုံးကို သူ့လက်ထဲပုံအပ်ပြီးဘေး ကနေလမ်းကြောင်းပေးတာလောက်ပဲလုပ်ဆောင်ပေးတဲ့အတွက် ဒင်နီယယ်တစ်ယောက်တည်း အစအဆုံးဖြေရှင်းဖို့ကြိုးစားရာကနေ ဒီအမှုရဲ့ထူးခြားချက်တွေကိုတွေ့မြင်လာတဲ့အခါမှာတော့။ အပနှင်တဲ့ ကားဆိုပေမယ့် စုံထောက်ကားတစ်ကားလို သဲလွန်စရှာပုံ ထောက်လှမ်း ပုံတွေလှည့်ကွက်တွေနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် horror ကား ကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(973 MB) / (342 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery Translator.......Alias Encoder..........SWM
movie

The Seventh Day (2021)

2021
Ring of Desire (2021) 4.1
Ring of Desire (2021) Ring of Desire (2021) ================= Horror လို ဆိုပေမဲ့ အထွေအထူးကြောက်စရာလန့်စရာမျိုးတော့ မပါပါဘူး။ ရှေးဟောင်း မှော်၀င်လက်စွပ်တစ်ကွင်းကို အခြေတည်ပြီး ဇာတ်လမ်းကို စိတ် ၀င်စားစရာ ပုံဖော်ထားတာပါ။ဇာတ်လမ်းအကျဉ်း - ဟိုးရှေးရှေးတုန်းက‌ စုန်းမနှစ်ယောက် မှော်လက်စွပ်တစ်ကွင်းကိုလုရင်း တိုက် ခိုက်ကြရာက ဇာတ်လမ်းစပါတယ်။ နောင်နှစ်ပေါင်းရာချီအကြာမှာ အဲဒီ‌‌မှော် လက်စွပ်ဟာ တိုနီနဲ့မာရီယာတို့ လင်မယားဆီ မထင်မှတ်ဘဲ ရောက်ရှိလာပါ တယ်။ တစ်နေ့မှာ တိုနီနဲ့မာရီယာဟာ လင်မယားပြန်အဆင်ပြေဖို့ တောအုပ်ထဲ က အိမ်လေးဆီ ဒုတိယမြောက်ဟန်နီးမွန်းဆန်ဆန် ခရီးထွက်လာကြပါတယ်။ ဖြစ်ချင်တော့ တိုနီ့ညီမဖြစ်သူဂျန်နီဖာနဲ့ သူ့ရည်စားမလေးဟော်လီတိုလည်း အဲဒီအိမ်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပါတယ်။အဲဒီမှာ သူတို့လေးယောက်လက်ထဲကို ရမ္မက်လက်စွပ်လို လူသိများတဲ့ မှော်လက် စွပ်ရောက်လာတဲ့အခါ... ဘာတွေဆက်ဖြစ်လာမလဲ၊ လက်စွပ်က ဘယ်လိုတွေ ပတ်မွှေမလဲဆိုတာကို ကြည့်ကြရမှာပါ။ (ဒီနေရာမှာ 18+ ဆန်ဆန်ဇာတ်၀င်ခန်းတွေ ပါ၀င်တဲ့အကြောင်း ကြိုသတိပေးထားပါရစေနော်။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.26 GB) / (448 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM
movie

Ring of Desire (2021)

2021
Stir of Echoes: The Homecoming (2007) 4.5
Stir of Echoes: The Homecoming (2007) Stir of Echoes: The Homecoming (2007) =============================တက်ဒ်ကိုဂန်ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီးစစ်ပွဲမှာ သူ့ဆုံးဖြတ် ချက်အမှားကြောင့် ဒေသခံတစ်မိသားစုလုံး မီးလောင်သေဆုံးခဲ့တဲ့ ကိစ္စနဲ့ စိတ်ဖိစီးမှုဝေဒနာခံစားနေရသူပါ။ အဲ့ဒီစိတ်ဒဏ်ရာကို ပိုပြီး မီးလောင်ရာလေပင့်စေတဲ့ဖြစ်ရပ်ကတော့ အိမ်ပြန်ရောက်ကတည်း က သူ့နားမှာ အရိပ်လိုလိုက်နေတဲ့ မီးလောင်သေဆုံးထားပုံရတဲ့ တစ္ဆေတစ်ကောင်ပါပဲ။အဲ့ဒီကိစ္စကိုရောက်တတ်ရာရာအဖြေရှာစုံစမ်းရင်း ဝိဉာဉ်တွေကိုမြင် နိုင်တဲ့ ဂျိတ်ခ်ဝစ်ဇ်ကီးဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလူရဲ့အဆိုအရ ဒီဝိဉာဉ်ဟာ သူ့ကိုဖြေရှင်းပေးစေချင်တဲ့ ကိစ္စတစ်ခုရှိနေပြီး အဲ့ဒါကို အချိန်မှီဖြေရှင်းမပေးနိုင်ရင် သူနဲ့တကွတစ်မိသားစုလုံးကိုရန်ရှာတော့ မယ်ဆိုတာကိုသိလိုက်ရပါတယ်။ အဲ့ဒီတိုင်းပဲ ဝိဉာဉ်ရဲ့ခြောက်လှန့်မှု တွေက ပိုမိုကြမ်းတမ်းလာခဲ့ပြီး သူနဲ့သူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပြု လာတဲ့အထိဖြစ်လာတဲ့အခါမှာတော့..။Stir of Echoes ရဲ့နောက်ဆက်တွဲကားဆိုပေမယ့် တွမ်ရဲ့သားဂျိတ်ခ်က ဝိဉာဉ်တွေမြင်နိုင်တဲ့ ပုဂ္ဂိုလ်အဖြစ်ပြန်လည်ပါဝင်ထားတာကလွဲလို့ အဆက်အစပ်မရှိလို့ တစ်ကားတည်းကြည့်လို့လည်းအဆင်ပြေတဲ့ဇာတ် ကားပါ။ပထမဇာတ်ကားလိုပဲ underrated ဖြစ်နေတဲ့ horror ဇာတ်ကား ကောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.54 GB) / (516 MB) Quality............BLU-RAY L 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie

Stir of Echoes: The Homecoming (2007)

2007
Stir of Echoes (1999) 6.9
Stir of Echoes (1999) Stir of Echoes (1999) ================ IMDb Rating - 6.9/10တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.72 GB) / (636 MB) Quality............BLU-RAY L 1080p / ...
movie

Stir of Echoes (1999)

1999
An Ideal Host (2020) 5.6
An Ideal Host (2020) An Ideal Host (2020) ================An Ideal Host 2020 ကို ဒါရိုက်တာ Robert Woods က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 5.6 ရရှိထားပါတယ်။ Best Horror Comedy Feature ဆု နဲ့ Best Screenplay ဆု winner ဆုနှစ်ခုဆွတ်ခူးနိုင်ခဲ့ပြီး တင်သွင်းခံရတဲ့အဆင့် အနေနဲ့က ၁ ခါရှိခဲ့ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပေမယ့် မိသားစုနှင့် အတူ ကြည့်လို့ရပါတယ်။ ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ငယ်သူငယ်ချင်းတွေက ငယ်ငယ်ကတည်းကသူတို့နေခဲ့တဲ့နေရာမှာပဲ ပြန်ဆုံကြ ပါတယ်။ အဲဒီအချိန်မှာ ဒေစီဆိုတဲ့မိန်းကလေးက လစ်ဇ်ကို စိတ်တိုနေခဲ့ပါတယ်။ လစ်ဇ်က ထက်မြက်သူဖြစ်တော့ တစ်ခုခုမှာတော့ အောင်မြင်အောင်လုပ်နိုင်လောက် မယ်လို့ သူက မျှော်လင့်ထားတာပါ။ ဒါပေမယ့် သူမျှော်လင့်သလိုဖြစ်မလာတဲ့အ ခါမှာတော့။ အဲဒီအချိန်မှာ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုရင်ဆိုင်ကြ မလဲဆိုတာကိုတော့ Horror ပရိတ်သတ်တွေ ကြည့်ရှုခံစားကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2 GB) / ...
movie

An Ideal Host (2020)

2020
Conjuring Kannappan (2023) 6.5
Conjuring Kannappan (2023) Conjuring Kannappan (2023) "အိပ်မက် ခေါ်သံ" ============================== IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ် တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ ...
movie

Conjuring Kannappan (2023)

2023
Thanksgiving(2023) 7.0
Thanksgiving(2023) Thanksgiving(2023)******************(ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး...)ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက်ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာတစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီးလူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင်ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက်လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်းအသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေအရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။File size…3.36GB /1.6 GB  / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar ...
movie

Thanksgiving(2023)

4K HEVC
Doghouse (2009)
Doghouse (2009)  သူငယ်ချင်း အုပ်စုတစ်စုဟာ ကွာရှင်းလိုက်တဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျေးလက်တောရွာလေးတစ်ခုမှာ သောက်စား‌ပျော်ပါးဖို့ ခေါ်သွားရာက ဇာတ်လမ်းစပါတယ်။သူတို့သွားတဲ့ကျေးလက်ရွာလေးက Moodley လို့ အမည်ရပြီး ယောက်ျား၊ မိန်းမအချိုး 1:4 ရှိတဲ့ ‌ရွာတစ်ရွာဖြစ်တယ်။ ပြီးတော့ ကံမကောင်းစွာပဲ ဗိုင်းရက်စ်ကူးစက်ခံနေရတဲ့ ရွာတစ်ရွာလဲဖြစ်နေခဲ့တယ်။ ဗိုင်းရက်စ်က ထူးထူးဆန်းဆန်းပဲ အမျိုးသမီးတွေကိုပဲ ကူးစက်တတ်ပြီး ကူးစက်ခံအမျိုးသမီးတွေက ရွာမှာရှိသမျှ ယောက်ျားတိုင်းကို စားပစ်ကြတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ ယောက်ျားတွေကို အမဲလိုက်နေတဲ့ အမျိုးသမီးဇွန်ဘီးတွေကြားထဲ ဘယ်လိုမျာ အသက်ရှင်သန်အောင် ရုန်းထွက်ကြမလဲ❓ File size…(1.5 GB)/(849 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi
movie

Doghouse (2009)

Rest Stop (2006) 4.5
Rest Stop (2006) Rest Stop (2006) =============ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။ အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟော လိဝုဒ်ကိုဦးတည်ပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာ တော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ် သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။နီးစပ်ရာမှာ အကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကို တွေ့မိလို့ ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသား စုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ် အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိ နောက်ကျခဲ့ရပါတယ်။ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေ ကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rolling stones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက် ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ် တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာ သူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိ လာချိန်မှာတော့..။Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာ ကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ် တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက် မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယို တွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ် နှစ်သိမ့်ကြမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ...
movie

Rest Stop (2006)

2006
The Cell (2000) 6.4
The Cell (2000)  ဒီရုပ်ရှင်လေးက ၂၀၀၀ခုနှစ်ထွက် Sci-Fi Horrorကားလေးပါ...။သရုပ်ဆောင်တွေအနေနဲ့က Jennifer Lopez၊ Vince Vaughnတို့ပါဝင်ပြီး ဆုတံဆိပ်တွေအများကြီးရရှိခဲ့သလို Makeupနဲ့ Hairstyleပိုင်းမှာအော်စကာဇကာတင်အဖြစ်ပါခဲ့ပါသေးတယ်။ရုံဝင်ငွေကလည်း ဘတ်ဂျက်၃၃မီလီယံမှာ ၁၀၄မီလီယံအထိရရှိခဲ့တဲ့ကားလေးဖြစ်ပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ဒီလိုဇာတ်အိမ်မျိုးကို ဒီလိုရိုက်ပြခဲ့ပါလားဆိုပြီး မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းလေးကလည်း ခပ်ဆန်းဆန်း၊ တိုတိုရှင်းရှင်းပြောရရင်ကိုမာဝင်နေတဲ့လူရဲ့စိတ်ထဲကဝင်ပြီး ကိုယ်သိချင်တဲ့အချက်အလက်တွေဝင်ရှာပြီးရာဇဝတ်အမှုလိုက်သွားတဲ့ကားလေးပါ...။Inceptionလို မူဗီမျိုးကိုကြိုက်တတ်ရင်တော့ ဒီကားလေးကလည်းအရသာတစ်မျိုးတွေ့ဦးမှာပါ၊ ထပ်ပြီးထူးတာက ဒီကားထဲမှာhorror vibeကိုလည်းခံစားရဦးမှာပါ....၊ဇာတ်လမ်းအကျဥ်းလေးက ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိတယ်...သူ့သတ်ဖြတ်နည်းက ခပ်ဆန်းဆန်း၊အမျိုးသမီးတွေကိုပဲ ပြန်ပေးဆွဲကာတစ်နေရာမှာဖွက်ထားပြီး ရေနှစ်သေအောင်လုပ်တယ် ပြီးမှ အရုပ်မဖြစ်အောင်အရောင်ချွတ်ဆေးတွေနဲ့မွမ်းမံပြီး ရဲတွေတွေ့အောင်ပစ်သွားတာ...။ရဲတွေကသူ့ကိုတော်တော်နဲ့မဖမ်းနိုင်ခဲ့ဘူး...။ဘယ်အချိန်မှ ဖမ်းမိသွားလဲဆိုတောအဲ့ဒီလူသတ်သမားကိုမာဝင်သွားမှ ဖမ်းမိတယ်...။အဖမ်းခံရတဲ့အချိန်မှာလည်း အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသား...၊ဒီတော့ ပြန်ပေးဆွဲခံတဲ့အမျိုးသမီးရဲ့တည်နေရာကို သူ့ကိုမေးဖို့အတွက်ခုနကပြောတဲ့ တစ်ဖက်လူရဲ့စိတ်ထဲဝင်လို့ရတဲ့နည်းပညာတွေလိုလာပြီပေါ့။အဲ့ဒီနည်းပညာတွေနဲ့ လူသတ်သမားရဲ့စိတ်ထဲကိုဝင်ကြည့်မိတဲ့အခါမှာတော့....။အဲ့ဒီခေတ်အခါက ဇာတ်အိမ်ဆန်းဆန်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေကိုတစ်ဖန်ပြန်ခံစားချင်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ။  File size…1.90 GB / 840 MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Horror , Sci-Fi Subtitle….Myanmar Subtitle ...
movie

The Cell (2000)

Run Sweetheart Run (2022) 5.5
Run Sweetheart Run (2022) Run Sweetheart Run (2022) =====================လော့အိန်ဂျလိစ်မြို့ရဲ့ မှောင်မိုက်တဲ့ လမ်းမတွေပေါ်မှာ ကောင်မလေး တစ်ယောက် ပြေးလွှားနေရတယ်။ သူ့စိတ်ထဲမှာကတော့ ဒါတွေ ဘယ် လိုလုပ်ပြီး ဒီအခြေအနေဖြစ်လာခဲ့သလဲဆိုတာပဲ တွေးမိနေတယ်။ ချယ် ရီလို့ ခေါ်တဲ့ ဒီ ကောင်မလေးက သူ့သူဌေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ ညစာစားဖို့ ထွက်လာခဲ့တာ။ အခုလိုမျိုး ကိုယ့်အသက်ကိုဖက်နဲ့ထုပ်ပြီး ဒီ မိတ်ဆွေဆိုတဲ့လူဆီကနေ တစ်ညလုံး ပြေးနေရလိမ့်လို့ မထင်ထားခဲ့ဘူး။သူ့ကို အသည်းလေးဆိုတာ ပါးစပ်ကမချတဲ့ ဒီလူက ဘယ်လိုလူမျိုးလဲ။ ဘာဖြစ်လို့ သူ့နောက်ကနေ လိုက်နေရတာလဲ။ သူ့ကိုဘာဖြစ်လို့ လူတိုင်းက ကြောက်ကြတာလဲ။ သူ့သူဌေးနဲ့ ဒီလူတို့ကြား ဆက်ဆံရေးက ဘာတွေလဲ။ သူ့ရဲ့ ကြောင်နဲ့ကြွက်လို ကစားပွဲမှာရော ချယ်ရီတစ်ယောက် အသက်ရှင် နိုင်ပါ့မလား။ ဒါတွေတော့ ချယ်ရီ မသိဘူး သူသိတာကတော့ ဒီလူ ဖမ်းမိဖို့ နီးကပ်လာတိုင်း "ပြေးထား အသည်းလေး ပြေးထား"ဆိုတာပဲ ကြားနေမိ တယ်။ ချယ်ရီ တစ်ယောက် မနက်မိုးသောက်တဲ့အထိ ဒီလူရဲ့လက်ကနေ ပြေးနိုင်ပါ့မလားဆိုတာကိုတော့.....ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့် ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်)File Size..........(1.3 ...
movie

Run Sweetheart Run (2022)

2022
Bubba Ho-tep (2002) 6.9
Bubba Ho-tep (2002) Bubba Ho-tep (2002)တစ်ချိန်က နာမည်ကျော် အဆိုတော် အဲလ်ဗစ်စ်ပရက်‌စလေရော၊ ပရက်စလေ အယောင်ဆောင်ရော၊ သမ္မတ ကနေဒီအယောင်ဆောင်ရော၊ မံမီတွေရော စုံအောင်ပါတဲ့ လူအိုကြီးတွေကားဖြစ်ပါတယ်။တက္ကဆက်ပြည်အရှေ့ပိုင်းက လူအိုရုံမှာ သူ့ကိုယ်သူ အဲလ်ဗစ်စ်လို့ ဆိုတဲ့ ဆီဘက်ရှန်ဆိုတဲ့ ဘိုးတော်နဲ့ သမ္မတကနေဒီပါလို့ ပြောတဲ့ ဂျက်တို့ နှစ်ယောက်က သူငယ်ချင်းဖြစ်နေပါတယ်။ ဒါအဆန်းတော့မဟုတ်ပါဘူး လူအိုရုံက အဘိုးအဘွားတွေက အနည်းနဲ့အများ စိတ်ပုံမှန်မရှိကြတာများပါတယ်။ဆီဘက်ရှန်ရဲ့ ဇာတ်လမ်းအရ သူက အဲလ်ဗစ်စ်ဖြစ်ပြီး စတိတ်စင်ပေါ်က ပြုတ်ကျလို့ အနှစ် ၂၀ ကိုမာ၀င်နေခဲ့တာပါတဲ့။ သူအောင်မြင်နေတုန်း ကျော်ကြားမှုကို စိတ်ကုန်သွားလို့ ဆီဘက်ရှန်ဆိုတဲ့ အဲလ်ဗစ်စ်အတုခိုးတဲ့သူနဲ့ စာချုပ်ချုပ်ပြီး ဘ၀ချင်းလဲထားတာပါတဲ့။ သူ့လိုပဲ ဂျက်ကလည်း သူ့ကို လုပ်ကြံနေတဲ့သူတွေဆီက ရှောင်နေတာ၊ သူလူမည်းဖြစ်တာ လူဖြူတွေက သူ့ကို အရောင်ဆိုးပစ်တာဆိုပြီး ဆိုပြန်ပါတယ်။ပြသာနာက သူတို့လူအိုရုံမှာ တစ်နေ့တခြား သေဆုံးမှုတွေတိုးလာပြီး ဂျက်က အိမ်သာနံရံက အီဂျစ်စာကြောင့် ...
movie

Bubba Ho-tep (2002)

2002
Calling Sahasra (2023) 8.1
Calling Sahasra (2023) Calling Sahasra (2023) "ခေါ်သံ" IMDb 8/10သွေးအိုင်ရဲရဲထဲက ပြတ်ကျနေတဲ့လက်တစ်စုံ အော်ဟစ်နေတဲ့လူတွေရဲ့အသံတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဒီလူတွေအော်ဟစ်သံကိုမြိန်ရေရှက်ရေနဲ့ နားသောတဆင်နေကြတဲ့လူ့အဖွဲ့အစည်းကလည်းရှိသကိုး စာရင်းသွင်းပြီးမှသာဒီဝဘ်ဆိုဒ်ထဲဝင်ခွင့်ရှိတဲ့လူ့အဖွဲ့အစည်းတွေကိုခြေရာခံဖို့ကမလွယ် သူတို့ကဒီဝဘ်ဆိုဒ်ကိုလူစီဖာလို့ခေါ်ကြသတဲ့လူစီဖာရဲ့နှိပ်စက်ခန်းကနေ လွတ်မြောက်လာတဲ့လူတွေရှိပေမဲ့ ထရော်မာတွေများနေတာကြောင့်မေးမြန်းလို့မရတော့ ဘဲဥအစရှာမရဖြစ်နေကြတဲ့ပြည်သူတွေ..အာဂျေးကတော့ အက်ပ်တီထွင်သူတစ်ဦးပါ သူ့ညီမဖြစ်သူက ရဲတွေကိုယ်တိုင်တောင် လုပ်လာတဲ့သက်တမ်းတစ်လျှောက်ဒီလိုရက်စက်တဲ့လူသတ်မှုမျိုးမကြုံဖူးဘူးလို့ပြောရလောက်တဲ့အထိ လူမဆန်စွာအသတ်ခံခဲ့ရလို့ တခြားမိန်းကလေးတွေပါဒီလိုဖြစ်မယ်စိုးပြီး ကယ်ဆယ်ရေးဆိုတဲ့အက်ပ်တစ်ခုတီထွင်နေသူပေါ့ဟိုက်ဒရာဘတ်ကရုံးမှာတာဝန်ကျလို့ ဟိုက်ဒရာဘတ်ဆီပြန်လာရင်းနဲ့လမ်းမှာဆင်းကတ်ဝယ်မိပါတယ် ဒီဆင်းကတ်ကိုရှုထောင့်မျိုးစုံက ရိုက်ပြထားတဲ့ရိုက်ကွင်းကြောင့် ဒီဆင်းကတ်ကဘာများဖြစ်နေမလဲ သူ့ဘဝထဲဒီဆင်းကတ်ရောက်လာပြီးတော့မှ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.1GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Calling Sahasra (2023)

2023
Mangalavaaram (2023) 6.8
Mangalavaaram (2023) Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း ‌နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie

Mangalavaaram (2023)

2023
Pamali (2022) 5.5
Pamali (2022)  ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game "Pamali"ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ...အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ"Pamali"ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်မလုပ်အပ်သည်ကို ညွှန်းချင်တာပါ...။ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ...ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်သုံးခါရွတ်တို့ ဘာတို့ပေါ့....။မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့....။ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ...။အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ... File size…1.51 GB / 554 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Pamali (2022)

The Eye’s Dream (2016) 6.4
The Eye’s Dream (2016) The Eyes Dream 2016 အညွှန်းMystery, Fantasy, Thriller, Documentary တွေလိုမျိုး ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Hisayasu Sato ရဲ့ ၂၀၁၆ က ထွက်ရှိခဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကတော့ ကြည့်ရတာနည်းနည်းတော့ရှုပ်ပေမယ့် ကြည့်ရတာ အဆင်ပြေတယ်ဆိုရုံလောက်ပါပဲ။ဇာတ်လမ်းထဲမှာကတော့ ဓာတ်ပုံဆရာမတစ်ယောက်က မျက်လုံးတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ပါ။ လမ်းမှာမြင်သမျှလူတွေကိုလည်း မျက်လုံးဓာတ်ပုံတွေကို လိုက်ရိုက်တတ်ပါတယ်။ တစ်နေ့မှာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်က သူ့ရဲ့ မျက်လုံးတွေကို စွဲလမ်းတတ်တဲ့ရောဂါကို ရုပ်ရှင်ရိုက်ကူးချင်တယ်လို့ ပြောလာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ဒါရိုက်တာနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားမလဲ Psycho ဆန်ဆန်လေးကို ၁၈+ တစ်မျိုးလေး ကြည့်ရှုရမှာဆိုတော့ ပုရိသတို့ အကြိုက်တွေ့စေမှာ အမှန်ပါပဲလို့ပြောရင်း ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 2.1GB | 874MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle ...
movie

The Eye’s Dream (2016)

2016
Suzzanna: Kliwon Friday Night (2023) 5.8
Suzzanna: Kliwon Friday Night (2023) Suzzanna Kilwon Friday Night 2023CM ပရိသတ်ကြီးအတွက် ခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ငယ်ငယ်တုန်းက ကြည့်နေကျ မလေးရှားစုန်းဇာတ်ကားတွေလိုမျိုး အောက်လမ်းပညာတွေ စုန်းကဝေတွေအကြောင်း ပါဝင်တဲ့ အင်ဒိုသရဲကားလေးပဲ ဖြစ်ပါတယ်ဆူဇနာနဲ့ ဆူရာဟာအရမ်းချစ်မြတ်နိုးကြတဲ့ စုံတွဲလေးပါ မကြာခင်မှာလက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီး စေ့စပ်ပြီးကြပါပြီ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်စီမံသလိုဖြစ်မလာပဲ လောင်းကစားမက်တဲ့ ဆူဇနာရဲ့အဖေကြောင့် ဆူဇနာဟာ ရွာသူဌေး ရာဒန်ရဲ့အကြွေးနဲ့သိမ်း မယားငယ်လုပ်ခြင်းကို ခံလိုက်ရပါတော့တယ် ဒါကိုပဲ မယားကြီးဖြစ်သူက မကျေနပ်လို့ အောက်လမ်းနဲ့ပြုစားတဲ့ ဘာတွေဖြစ်လာမလဲ ဆူဇနာကိုဆုံးရှုံးလိုက်ရပေမယ့် အချစ်မပြယ်သေးတဲ့ ဆူရာကရော ဘာတွေဆက်လုပ်မလဲဆိုတာ ရင်နာနာနဲ့ မျက်ရည်လဲဝဲ ကြောက်လဲကြောက်ရင်း ကြည့်ရှုရမှာမို့ ဒီလိုမျိုး ဖျော်ဖြေမှုအသားပေး ငယ်ဘဝအမှတ်တရ စုန်းသရဲကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Fantasy, Horror Quality…. 1080p | 720p File size… 1.6GB | 841MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar ...
movie

Suzzanna: Kliwon Friday Night (2023)

2023
Mother (2014)
Mother (2014) Mother 2014Manga artist ဖြစ်တဲ့ ကာဇူအို အူမဲဇုက မန်ဂါလောကရဲ့ နာမည်ကျော်ဆရာတစ်ူ ဖြစ်ပါတယ်။ တစ်နေ့မှာ သူပရိသတ်တဖြစ်လဲ၊ တည်းဖြတ်သူပေါက်စလေး ဆာကူရာက သူ့အတ္ထုပတ္တိအကြောင်းကို စာအုပ်ထုတ် ဖြန့်ဝေဖို့ လာညှိုနှိုင်းပါတော့တယ်။ ဒီလိုနဲ့ မန်ဂါဆရာတစ်ယောက် သူကြုံတွေ့ခဲ့ ဘဝဖြတ်သန်းမှုအကြောင်း ပြောပြရာကနေ ထူးဆန်းမှုတွေကို သတိပြုမိလာတာပါပဲ။ အတိတ်ကို တူးဆွရင်း သူ့မိခင်ရဲ့ သေဆုံးမှုကနေ မဖြေရှင်းနိုင်ခဲ့တဲ့ ပဟေဠိကားချပ်ကို ဆက်စပ်ရင်း အဖြေထုတ်ဖို့ ဖြစ်လာတဲ့အခါ... လက်တွေ့နဲ့ စိတ်ကူးယဉ်ပုံပြင်ကို ဆက်စပ်ရင်း သူတို့တွေ အဖြေရှာတွေ့မလားဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲဖြစ်ပါတယ်Genre..... Horror Quality…. 720p File size… .. 485MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie

Mother (2014)

2014
Hellhole (2022) 5.8
Hellhole (2022) Hellhole [2022](IMDb 5.8/10, RT 57%)ဇာတ်လမ်းအစမှာ ဖာသာတစ်ယောက် မွေးကင်းစကလေးတစ်ယောက်ကို ဓားနဲ့ထိုးပြီး သတ်ဖို့ ဟန်ပြင်နေတယ်... ဒီအခိုက်မှာပဲ ရဲတွေ ရောက်လာပြီး ဖမ်းစီးသွားခဲ့တယ်... ဇာတ်လမ်းဟာ ဒီကစပေမယ့် နောက်အနှစ် ၃၀အကြာကို ရောက်သွားပါတယ်... ဖာသာ မာရက်ကို ခရီးဦးကြိုပြုတာကနေ စတာပါပဲ... ဖာသာမာရက်ဟာ ပိုလန်ကျေးလက်တစ်နေရာက နာတာရှည်သမားတွေကို ကုသပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ရောက်လာခဲ့ပါတယ်... ရောက်တာနဲ့ သူ့ထဲက ပစ္စည်းတွေကို စစ်ဆေးပါတော့တယ်.. ပြင်ပကမ္ဘာက ပစ္စည်းတွေကြောင့် ကျောင်းတော်ထဲက ဟာမိုနီဖြစ်မှုကို ပျက်ပြားမှာစိုးလို့တဲ့လေ... သည်နောက်မှာတော့ ဖာသာ မာရက်ဟာ သူလာရခြင်း အကြောင်းအရင်းဖြစ်တဲ့ မကောင်းဆိုးဝါးနှင်တဲ့ ကိစ္စတွေမှာ ပါဝင်ပက်သက် ရပါတော့တယ်... တကယ်တော့ မာရက်ဟာ ဖာသာအစစ်မဟုတ်ပါဘူး... အယောင်ဆောင်ထားတဲ့ ရဲတစ်ယောက်သာ ဖြစ်ပါတယ်... ဒီကျောင်းတော်ရှိတဲ့ ဧရိယာမှာ မိန်းမငယ်‌ ၈ယောက်ပျောက်ဆုံးတာဟာ ဒီကျောင်းတော်ကို အပနှင်ဖို့ စေလွှတ်ခံရပြီးနောက် ပြန်ပေါ်မလာတာလို့ သတင်းပေးလာတဲ့အတွက် မာရက်ဟာ အသွင်ယူပြီး စုံစမ်းနေတာပဲ ဖြစ်ပါတယ်.. အထဲရောက်သွားမှ ဖြစ်စဉ်ဟာ သူထင်သလောက် မရိုးရှင်းသလို ထူးဆန်းမှုတွေလည်း ...
movie

Hellhole (2022)

2022