Channel Myanmar

Horror

Lot No. 249 (2023) 5.9
Lot No. 249 (2023) ဒီဇာတ်ကားလေးကတော့ 1892 မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ Horror Short Story လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.စမစ်ဟာ Oxford မှာ ဆေးပညာကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ သူနဲ့ တစ်ဆောင်တည်းနေတဲ့ ဘယ်လီဂန်ကတော့ အီဂျစ် ရှေးဟောင်းသုတေသနတွေကို လေ့လာနေတဲ့သူပေါ့။ ဘယ်လီဂန်တစ်ယောက် သတိမေ့နေတာကို စမစ် သွားရောက်ကုသပေးတဲ့အချိန် ဘယ်လီဂန်ရဲ့ အခန်းထဲမှာ မံမီတစ်ကောင်ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Oxford ကျောင်း ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့အရာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် File size…(384 GB)/(146 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:29:00 Genre...Horror, TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban 
movie

Lot No. 249 (2023)

The Outwaters (2022) 4.0
The Outwaters (2022) Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ...
movie

The Outwaters (2022)

Wolfkin (2022)
Wolfkin (2022)  Twilight လိုသမန်းဝံပုလွေကားမျိုးတွေကိုကြိုက်တဲ့သူတွေအတွက်Wolfkin ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.5 ရရှိထားပြီး ကြည့်ရတာမဆိုးဘူးလို့ပြောလို့ရပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ တခမ်းတနားရိုက်ကူးထားတာမျိုးတော့မဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုးတာမို့လက်ခံလို့ရတဲ့အနေအထားတစ်ခုမှာတော့ရှိပါတယ်။ယောက်ျားထားသွားတာကိုခံခဲ့ရပြီးနောက်မှာ အီလိန်းကသူ့ရဲ့သားလေးဖြစ်တဲ့ မာတင်နဲ့ အမေတစ်ခုသားတစ်ခုပဲ ကျန်ခဲ့ပါတော့တယ်။ငွေကြေးမပြည့်စုံတဲ့အပြင် မိဘတွေပါမရှိတော့တဲ့အီလိန်းအတွက်ကလေးတစ်ယောက်ကို သူတစ်ယောက်တည်းပြုစုပျိုးထောင်ပေးဖို့ဆိုတာကခက်ခဲခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ ကျောင်းမှာ မာတင်ကတခြားကလေးတွေနဲ့ရန်ဖြစ်တဲ့အခါမှာတော့ ကျောင်းကခေါ်တွေ့တာတွေလည်းခံခဲ့ရပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်းချင်းအခြေအနေပိုဆိုးလာပြီးမာတင်လည်းကလေးတစ်ယောက်အနေနဲ့ အရမ်းစိတ်ညစ်နေတဲ့အခါမှာတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် သူ့အဖေဘက်ကအဖိုးအဖွားတွေဆီအတူတူသွားခဲ့ကြပါတော့တယ်။ဟိုရောက်တဲ့အခါမှာတော့ သူတို့သားမှာမာတင်လေးရှိနေတာကိုသိတောင်မသိခဲ့ပေမဲ့ အီလိန်းတို့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီအိမ်မှာနေရင်းနဲ့မှထူးဆန်းတဲ့အရာတွေကြုံတွေ့လာပြီး မာတင်လဲတဖြည်းဖြည်းနဲ့ထူးဆန်းလာတဲ့အခါမှာတော့ သူတို့မသိနိုင်တဲ့ဘယ်လိုနက်နဲ ထူးဆန်းတဲ့အရာတွေရှိနေမယ်ဆိုတာကို လျှို့ဝှက်နက်နဲစွာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.11 GB / 503 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Wolfkin (2022)

Count Magnus (2022)
Count Magnus (2022) " A ghost story for christmas count magnus " ဆိုတာ Horror အမျိုးအစားဇာတ်လမ်းတိုလေးဖြစ်ပါတယ်။1863 ခုနှစ်ဆွီဒင်မြို့က‌လေးဟာ လူသိပ်မသိကြဘဲ လာလည်တဲ့လူ သိပ်မရှိတဲ့ဒေသလေးဖြစ်ပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့ မစ္စတာဝက်စ်ဟောက လမ်းမှားရင်းဆွီဒင်ကိုရောက်သွားပြီး အဲ့ဒီက မျိုးရိုးမြင့် ဒယ်လာဂါဒီဆိုတဲ့မိသားစုရဲ့ဘိုးဘေး ကွယ်လွန်သွားပြီဖြစ်တဲ့မြို့စားမင်းကြီးရဲ့အကြောင်းကိုသိချင်မိပြီး သူဘာတွေများအောင်မြင်ခဲ့သလဲ ဘယ်လိုအရာမျိုးတွေလုပ်တတ်တဲ့လူမျိုးလဲဆိုတာကို ရိုးရိုးသားသားသိချင်စိတ်နဲ့ လိုက်လံပြီးစုံစမ်းစပ်စုမိရာကနေ နောက်ဆုံးမှာ မစ္စတာဝက်စ်ဟောတစ်ယောက်ဟာ တန်ကြေးကြီးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ File size…(465 MB)/(189 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:32:00 Genre... Horror, Tv Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris 
movie

Count Magnus (2022)

Adalynn (2023)
Adalynn (2023)  " Adalynn " ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိထားပြီး Horror mystery အမျိုးအစားဖြစ်ပါတယ်။ကိုယ်ဝန်တစ်ခေါက်ပျက်ကျခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ဒုတိယကလေးနဲ့သူမကိုယ်တိုင်အသက်ရှင်နိုင်ဖို့အတွက် စိတ်ကျရောဂါတွေ ပူဆွေးသောကတွေနဲ့ အတွင်းစိတ်တစ္ဆေ ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ။ သူမယောကျာ်းအလုပ်ခရီးသွားပြီး သူမနဲ့မွေးကင်းစကလေးငယ်လေးနှစ်‌ယောက်ထဲ အိမ်ထဲမှာကျန်ခဲ့တုန်း သူမကိုစိတ္တဇဖြစ်အောင်လုပ်နေတဲ့အရာဆီကနေ အနိုင်ရနိုင်ဖို့မိခင်တစ်ယောက်ဟာသူမရဲ့ကလေးဖြစ်သူနဲ့ဘယ်လို ရုန်းကန်မလဲဆိုတာကြည့်ရမယ့် Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(514 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Horror Mystery, Drama. Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris 
movie

Adalynn (2023)

Kajiman: Iblis Terkejam Penagih Janji (2023) 7.4
Kajiman: Iblis Terkejam Penagih Janji (2023) Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Kajiman: Iblis Terkejam Penagih Janji (2023)

2023
The Vampire Next Door (2024) 4.4
The Vampire Next Door (2024) ဒီတစ်ခေါက်မှာတော့ ဒီနှစ်မှာမှ ထွက်ရှိထားတဲ့ Horror ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကမ်မရွန်က အနေအေးတဲ့ introvert လေးတစ်ယောက်ဖြစ်ပြီး လှပ ဆွဲဆောင်မှုရှိတဲ့ ဒိုင်ယန့်ကို အထက်တန်းကျောင်းကတည်းက ကြိတ် crush နေရသူပါ။ ဒိုင်ယန့်ကို သဘောကျပေမဲ့ ဖွင့်မပြောဖြစ်ဘဲ သူငယ်ချင်းစည်းထဲမှာပဲ နေနေရာကနေ သူ့ဘေးအိမ်ကို ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီကောင်မလေးက တကယ်တမ်း ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ပါ ပတ်သက်ဆက်နွယ်လာခဲ့ချိန်မှာတော့...ကမ်မရွန်တစ်ယောက် crush အလှလေးဒိုင်ယန်နဲ့ အိမ်နီးချင်း အကိတ်ဗန်ပိုင်းယား မမ နှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာနဲ့ ဘေးအိမ်ကဗန်ပိုင်းယားက သူနဲ့ဒိုင်ယန့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(861 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily
movie

The Vampire Next Door (2024)

Night Swim (2024)
Night Swim (2024) Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။  ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ‌ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆို‌တော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး ...
movie

Night Swim (2024)

2024
4K HEVC
Spring Lakes (2023) 4.6
Spring Lakes (2023) (function(f,b,n,j,x,e){})();ဒီတစ်ခါမှာတော့ 2020ကထွက်ရှိခဲ့တဲ့ Spring Lakes ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တစ်နေ့မှာ မားကတ်စ်ဆီကို မယ်ရီကဖုန်းဆက်ပြီး မားကတ်စ်ရဲ့ညီမရှီလာပျောက်ဆုံးနေတာငါးရက်လောက်ရှိပြီလို့ပြောလာပါတယ် မားကတ်စ်တစ်ယောက် မယ်ရီရဲ့အိမ်ကိုသွားပြီး မေးမြန်းတဲ့အခါ ရှီလာကသူ့ရည်းစားရိုင်းလီနဲ့အတူ Spring Lakes ကို စခန်းချခရီးထွက်သွားတယ်လို့ပြောပါတယ် အဲ့ဒီSpring Lakes ဆိုတဲ့တောအုပ်ဟာ ဒဏ္ဍာရီဆန်ဆန်ရှီနေပြီး အဲ့ထဲကိုဝင်သွားတဲ့သူတိုင်း ပြန်ထွက်လာလို့မရဘူးဆိုတဲ့ ဆိုရိုးစကားလည်းရှိနေပြန်ပါတယ် မားကတ်စ်တစ်ယောက် အဲ့ဒီကိုသွားတဲ့သူ့ညီမကိုရှာဖို့ သူကိုယ်တိုင် Spring Lakes တောအုပ်ကိုလိုက်သွားရပါတော့တယ်အဲ့ဒီSpring Lakes မှာဘာတွေရှိနေမလဲ သူ့ညီမကရောဘယ်မှာလဲ မယ်ရီကရော ထိုတောအုပ်ကြီးနဲ့ ဘယ်လိုပက်သက်နေမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ  File size…(1.29 GB)/(658 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Spring Lakes (2023)

Hellraiser: Hellseeker (2002)
Hellraiser: Hellseeker (2002) Hellraiser: Hellseeker (2002)Hellraiser Franchise ရဲ့ ခြောက်ကားမြောက်ဖြစ်တဲ့ Hellseeker က ငါးကားမြောက် Inferno နဲ့ ခပ်ဆင်ဆင်တော့တူနေပါတယ်။ ဒီဇာတ်ကားမှာတော့ ပထမဆုံး ဇာတ်ကား Hellraiser (1987) က အဓိကဇာတ်ကောင် ခရစ္စတီ ပြန်ပါလာပါတယ်။ ဒါရိုက်တာက နာမည်ကျော် စီးရီးဖြစ်တဲ့ Supernatural ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Rick Bota ပါ။Inferno မှာ ပြောမထားတဲ့ ဆီနိုဘိုက်တွေရဲ့ သဘောသဘာဝတွေကို ဒီမှာ ပြန်ဖြည့်ထည့်ထားထားသလိုပါပဲ။ ဒီဇာတ်ကားမှာလည်း Body Horror ကို ဦးစားပေးမထားဘဲ ဇာတ်လမ်းကို အဓိကထားပြီး တင်ဆက်သွားပါတယ်။ အဓိကဇာတ်ဆောင်က ထင်ယောင်ထင်မှားဖြစ်တာတွေ များနေတော့ ဇာတ်လမ်းက နည်းနည်းတော့ လည်သွားနိုင်ပါတယ်။ Inferno မှာ ပြထားတဲ့ ငရဲဆိုတာကို ပိုပြီး ထင်ရှားသွားအောင် အရောင်တင်ပေးလိုက်သလိုဆိုတော့... တော်တော်လေးလှတဲ့ ဇာတ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Hellraiser: Hellseeker (2002)

2002
Lake Placid (1999) 5.6
Lake Placid (1999) (function(f,b,n,j,x,e){})();ဧရာမသတ္တဝါကြီးတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုကြိုက်တဲ့လူတွေ အကြိုက်တွေစေမယ့် Old But Gold ကားကောင်းလေးဖြစ်ပါတယ်နယူးအင်္ဂလန်ပြည်နယ် မိန်းမြို့လေးမှာ...ဘယ်ကမှန်းမသိတဲ့ ပေ ၃၀ ရှည် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ပေါ်လာပြီး လူတွေရဲ့ အသက်အန္တရာယ်ကို တစ်စတစ်စ ခြိမ်းခြောက်လာပါတယ်... ဒီလိုဧရာမကောင်ကြီးတွေ မျိုးတုန်းသွားပြီလို့ ယူဆရပေမယ့် ပေါ်လာခဲ့တာကြောင့် စူးစမ်းလိုစိတ်နဲ့ နယူးယောက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီစကော့ဟာ မိန်းမြို့သို့ ရောက်လာပါတယ်... ဒီမိကျောင်းကြီးက ဘယ်ကနေရောက်လာတာလဲ လူတွေကို ဘာကြောင့်ရန်ပြုနေတာလဲဆိုတာကိုတော့ ကယ်လီနဲ့ မိန်းမြို့က တောခေါင်း ရဲမှူးတစ်ယောက်ပူးပေါင်းပြီး အဖြေရှာနှိမ်နင်းပုံကို သည်းထိတ်ရင်ဖို ရိုက်ပြထားပါတယ်(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:22:00 Genre...Action / Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
movie

Lake Placid (1999)

Friday the 13th: The New Blood (1988) 5.2
Friday the 13th: The New Blood (1988) Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie

Friday the 13th: The New Blood (1988)

1988
Odavum Mudiyadhu Oliyavum Mudiyadhu (2023) 6.5
Odavum Mudiyadhu Oliyavum Mudiyadhu (2023) Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး(function(f,b,n,j,x,e){})();အတည်ပေါက်ကားတွေ ကြည့်ရတာများပြီး ပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက် တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ် ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်….. အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကို CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.67GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Odavum Mudiyadhu Oliyavum Mudiyadhu (2023)

2023
Hellraiser: Inferno (2000) 5.4
Hellraiser: Inferno (2000) Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie

Hellraiser: Inferno (2000)

2000
Friday the 13th Part VI: Jason Lives (1986) 6
Friday the 13th Part VI: Jason Lives (1986) Friday the 13th Part VI: Jason Lives (1986)~ IMDb - 6/10, Rotten Tomatoes - 50% ~၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ...
movie

Friday the 13th Part VI: Jason Lives (1986)

1986
Hellraiser: Bloodline (1996) 5.1
Hellraiser: Bloodline (1996) Hellraiser: Bloodline (1996)သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

Hellraiser: Bloodline (1996)

1996
Ninja vs Shark (2023) 6.8
Ninja vs Shark (2023) Ninja vs Shark (2023)*********************** Serious ဖြစ်တဲ့ကားကြီးတွေပဲကြည့်ရတာပျင်းလာပြီးပေါ့ပေါ့ပါးပါးကားလေးတွေပဲကြည့်ချင်သူတွေအတွက် ဂျပန်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Ninja Vs Shark ဖြစ်ပြီး IMDb Rating 6.8 အထိရရှိထားပါတယ်။ဇာတ်လမ်းနာမည်ကြည့်ပြီးတော့ဇာတ်ကားရဲ့အရိပ်အမြွက်ကိုတော့ နည်းနည်းပါးပါးသိနေလောက်မှာပါ။အိုကစ်ဆူဆိုတဲ့တံငါရွာလေးမှာထူးဆန်းလှတဲ့ကံဆိုးမိုးမှောင်ကျမှုတစ်ခုကိုကြုံတွေ့နေရပါတယ်။အဲ့ဒါကတော့ဘယ်သူမှငါးထွက်မျှားလို့မရသလို သူတို့ဆီမှာထွက်တဲ့အဖိုးတန်ရတနာဖြစ်တဲ့ပုလဲတွေကိုလည်းဆင်းရှာလို့မရတာပဲဖြစ်ပါတယ်။ဒီတော့တံငါရွာဆိုပေမဲ့ငါးဖမ်းစားလို့မရတဲ့တံငါရွာဖြစ်နေခဲ့တာပေါ့။အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီကိုကြက်သွေးရောင်မိစ္ဆာဂိုဏ်းရောက်ရှိလာပြီး သူတို့ရဲ့ပုလဲတွေကိုလိုချင်တဲ့အတွက်ကျိန်စာတိုက်ခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ရွာသူကြီးကရွာကိုကာကွယ်ဖို့အတွက် ကိုယ်ရံတော်တစ်ယောက်ငှားခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီကိုယ်ရံတော်ကသာမန်လူမဟုတ်ဘဲနင်ဂျာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းနဲ့အိုကစ်ဆူရွာကြားမှာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။Size - 2.54GB, 1.02GB Quality - 1080p, 720p Format - mp4 Duration - 1H 17Min Genre - Action, History, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Saw Lay Encoded by Phyo Pyae 
movie

Ninja vs Shark (2023)

Friday the 13th: A New Beginning (1985) 4.7
Friday the 13th: A New Beginning (1985) Friday the 13th: A New Beginning (1985)ငါးကားမြောက် ဇာတ်လမ်း။ ဂျေဆင်အတွက်တော့ မျက်နှာပျက်စရာပဲဗျာ။ တကယ်။ကလေးတန်မဲ့နဲ့ ဂျေဆင်ကို အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တဲ့ တွန်မီဟာ စိတ္တဇညတွေကျော်ဖြတ်ရင်း အရွယ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ စိတ်ရောဂါကုဆေးရုံမှာပဲ အရွယ်ရောက်ခဲ့ရတာမျိုးပါ။ဒီတော့ အရူးဆေးရုံတွေ ပြောင်းရင်းနဲ့ ဂျေဆင် နေတဲ့နေရာနားကိုပဲ ပြန်ရောက်လာပြန်တာပေါ့။ ဒီလိုနဲ့ အရူးတွေကြားထဲမှာ ဖြတ်သန်းရင်း အရူးတစ်ယောက်က အရူးတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရတဲ့မြင်ကွင်းက အားလုံးကို ခြောက်ခြားသွားစေတယ်။ဒီလိုနဲ့ သူတို့အဖွဲ့ရယ်၊ ခပ်ကဲကဲ လိင်မှုကိစ္စ အရူးအမူးလုပ်ကြတဲ့ စုံတွဲတွေရယ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် သေချင်းဆိုးနဲ့ သေကုန်ကြပြန်ပါပြီ။တွန်မီက သူသတ်ခဲ့တဲ့ ဂျေဆင်ကို နောက်တစ်ခါ ပြန်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ အဆုံးစွန် ပြန်ခံစားရပြီး အဆိပ်ကိုအဆိပ်နဲ့ကုလိုက်သလိုပဲ သူ့စိတ်ဝေဒနာတွေ သက်သာသွားတယ်ပေါ့။ ဒီလိုနဲ့ လူသတ်သမားကြီးကို ဝိုင်းဝန်းရင်ဆိုင်ကြရင်းနဲ့ ဂျေဆင်ကြီး မျက်နှာဖုံးကျွတ်သွားတဲ့အခါမှာ မထင်တာတွေ ဖြစ်လာပါလေရော။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Friday the 13th: A New Beginning (1985)

1985
Hellraiser III: Hell on Earth (1992) 5.5
Hellraiser III: Hell on Earth (1992) Hellraiser III: Hell on Earth (1992)Hellraiser Franchise ရဲ့ တတိယမြောက်ဇာတ်ကားကတော့ ပိုပြီး ဇာတ်လမ်းက မြိုင်လာပါတယ်။ ရှေ့နှစ်ကားနဲ့ ဆက်စပ်နေတယ်ဆိုပေမဲ့ နည်းနည်းတော့ ဝေးသွားပါတယ်။ဒီတစ်ခါမှာတော့ လူတွေကို ငရဲကိုခေါ်သွားပြီး၊ ငရဲကို ရောက်သွားတာမဟုတ်ဘဲ ငရဲက ကမ္ဘာပေါ်ကိုရောက်လာတာပါ။ Cenobite တွေထဲက ဆရာကြီး Pinhead ရဲ့ လူသားစိတ်လုံးဝမရှိတော့ဘဲ ရက်စက်မှုတွေပြည့်နေတဲ့ အပိုင်းက ကမ္ဘာပေါ်ကို ရောက်လာပါတယ်။လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ သာယာမှုအသစ်အဆန်းတွေကို ရှာဖွေလိုတဲ့စိတ်က သူ့ကို ပြန်အသက်သွင်းပေးလိုက်တဲ့အချိန်မှာ ငရဲကအလုပ်တွေကို ကမ္ဘာပေါ်မှာ ဆက်လုပ်ဖို့ ကြိုးစားပါတော့တယ်။ဒါရိုက်တာကတော့ House of Wax ရဲ့ မူရင်းဇာတ်ကား Waxwork (1988) ကို ဖန်တီးခဲ့သူ Anthony Hickox ပါ။ ရှေ့နှစ်ကားနဲ့ ယှဉ်ရင်တော့ သူက အလယ်မှာ ထားရမယ်ထင်ပါတယ်။ Star Trek: ...
movie

Hellraiser III: Hell on Earth (1992)

1992
Saving Grace (2022)
Saving Grace (2022) ဆာရာဆိုတဲ့ အမျိုးသမီးလေးက ကလေးဘ၀က နာကျင်စရာတွေနဲ့အတူ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ လူနာစောင့်အဖြစ်လုပ်ကိုင်နေတဲ့သူ။ စွန့်စားမှုအသစ်တစ်ခုအနေနဲ့ လူတွေတဲ့ဝေးတဲ့ ကျွန်းလေးတစ်ခုပေါ်က ဂရေ့စ်ဆိုတဲ့ အမျိုးသမီးကြီးကို သွားပြီးစောင့်ရှောက်ပေးဖို့ တာဝန်ယူလိုက်တဲ့အခါမှာတော့။တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိတဲ့ ဂရေ့စ်ဆိုတဲ့အဘွားအိုကြီးက မလှုပ်မရှား ခံစားချက်မဲ့နေတဲ့အပြင် နောက်ဖေးအိမ်မှာကလည်း ဂရေ့စ်နဲ့ အမျိုးမကင်းတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေပြန်ရော။ စိတ်ဒဏ်ရာတွေအများကြီးနဲ့ ဆာရာတစ်ယောက် ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာလား။ ထိတ်လန့်စရာကောင်းလို့ လူနာစောင့်တွေ တပတ်တောင်မခံဘူးဆိုတဲ့ ဒီအိမ်လေးမှာရော ဆာရာ့ကို ဘာတွေက စောင့်မျှော်နေမှာလဲ။ဇာတ်လမ်းနာမည်အတိုင်း ဆာရာတစ်ယောက် ဂရေ့စ်ကို ဘယ်အရာဆီက ကယ်တင်ရမှာလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.4 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Saving Grace (2022)