Channel Myanmar

Horror

Sumpahan Syaitan / Satan’s Curses (2023)
Sumpahan Syaitan / Satan’s Curses (2023) Sumpahan Syaitan / Satan's Curse (2023) "စေတန်ရဲ့ကျိန်စာ"Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ မလေးရှားသရဲဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။မစ္စတာဆမ်ဆိုသူက ဇနီးချောလေးနဲ့ ချစ်စရာသမီးကလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်။ သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဂိုဏ်းစတားကြီး ဘရန်ကိုဆီက ငွေတိုးချေးပြီး စီးပွားရေးလုပ်ရာမှာ အလိမ်ခံလိုက်ရပါတော့တယ်။ဘရန်ကိုဆိုတာ သူ့ဆီက ပိုက်ဆံချေးသွားပြီးလို့ အချိန်မှီပြန်မဆပ်ရင် တစ်မိသားစုလုံးကိုသတ်ပစ်တဲ့လူ။ ဒီမှာပဲ သူငယ်ချင်းဖြစ်သူက ဂိုဏ်းစတားကြီးဘရန်ကို လာသတ်တဲ့ရန်ကလည်းလွတ်အောင် သူ ဝယ်ဖို့စီစဉ်ထားတဲ့ ဟိုတယ်မှာ စီမံခန့်ခွဲရင်း သွားနေဖို့အကြံပေးပါတယ်။ အဲဒီဟိုတယ်ကို ပြန်ရောင်းဖို့စီစဉ်ထားပြီး ရောင်းလို့ရတဲ့ပိုက်ဆံက အကျိုးအမြတ်ကိုလည်း ဘရန်ကိုကို ပြန်ဆပ်ဖို့ ဆမ့်ကိုပေးမယ်လို့ပြောတဲ့အတွက် ဆမ်တို့မိသားစု သူငယ်ချင်းဖြစ်သူဝယ်မဲ့ ဟိုတယ်ကြီးဆီကိုရောက်လာကြပါတော့တယ်။ ဒီမှာပဲ ဟိုတယ်ကြီးက မမြင်အပ်မြင်အပ်တဲ့ သတ္တဝါတွေ တစ်ညပြီးတစ်ညသောင်းကျန်းလာတဲ့အခါမှာတော့...။ Comedyအမျိုးအစားဖြစ်တာမို့ ပရိသတ်တို့ အပျင်းတော်ပြေစေဖို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်)Genre..... Comedy, Horror Quality…. 1080p | 720p File size…  1.5GB | 792MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Sumpahan Syaitan / Satan’s Curses (2023)

Midnight Peepshow (2022)
Midnight Peepshow (2022) Midnight Peepshow [2022] ( IMDb 4.7/10, RT 100% )ဂရေဟမ်က စီးပွားရေးရင်းနှီးမြှုပ်နှံရေးသမား... သူ လုပ်တာက တက်သစ်စ စီးပွားရေးကုမ္ပဏိတွေမှာ လိုက်ရင်းနှီးပြီးတော့ စီးပွားရှာတာပဲ... ဇာတ်လမ်းအစမှာ ဂရေဟမ် ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်ရင်း ပိုက်ဆံအိတ်လုခံလိုက်ရတယ်... လုခံရမှန်း တန်းသိတော့ ပိုက်ဆံအိတ်ထဲက သူ့မိန်းမဓာတ်ပုံလေးကိုသာ ပြန်ပေးဖို့ သူတောင်းဆိုရှာတယ်... နောက်တော့ ဘားသွား အရက်သောက်... အဲ့နောက်မှာ ဟီရိုအင်း ဝယ် ဆေးချပြီးတော့ လန်ဒန်မြို့ထဲ ပတ်တယ်... ဒီလိုနဲ့ တစ်နေရာမှာ ပိုက်ဆံပေးပြီး ချောင်းကြည့်ပေါက်ကနေ အဖော်အချွတ်မယ်တွေကို ကြည့်ရတဲ့ Peepshow တစ်ခုကို သူရောက်သွားပါတယ်... ဂရေဟမ်က အစကတော့ အဖော်အချွတ်မယ်လေး တစ်ယောက်ကို ကြည့်နေပါတယ်... နောက်မှတော့ မှော်ဆန်စွာပဲ မြင်ကွင်းတွေက ပြောင်းလဲသွားပါတော့တယ်... ဘာတွေလဲဆိုတော့ ဂရေဟမ် ရင်းနှီးမြှုပ်နှံထားတဲ့ Black Rabbit ဆိုတဲ့ ကုမ္ပဏီဟာ လက်တွေ့လောကက လိင်အသားပေး ကြမ်းကြမ်းရမ်းရမ်း သတ်ဖြတ်မှုတွေကို Live လွှင့်ပြတုန်းက ဟာတွေပဲဖြစ်နေပါတယ်... ဒီလိုနဲ့ ဂရေဟမ် သိပ်ချစ်သိပ်မြတ်နိုးရတဲ့ ...
movie

Midnight Peepshow (2022)

2022
Stalked by My Doctor (2015)
Stalked by My Doctor (2015)  ရုပ်ရှင်နာမည်အတိုင်းပဲ ဒေါက်တာတစ်ယောက်က သူ့လူနာတစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်တဲ့ ဇာတ်ကားလေးပါ။ သည်းထိတ်ရင်ဖိုနဲ့ အချစ် ရသနှစ်မျိုးခံစားရမယ့် ဇာတ်ကား‌လေးပါ။ ဘာလို့ နောက်ယောင်ခံလိုက်ရတာလဲသိချင်ရင်တော့ ခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လိုက်ပါတော့ မိတ်ဆွေ။ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ သည်းထိတ်ရင်ဖိုနဲ့ အချစ်ကားတွေ ‌ရိုက်တဲ့ Doug Cambell ပါ။ ဗီလိန်ဇာတ်ရုပ်တွေပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် Eric Roberts နဲ့ မင်းသမီးချော Brianna Joy Chomer တို့က အဓိကသရုပ်ဆောင်ထားပါတယ်။Doug Cambell အနေနဲ့ ဒီဇာတ်ကားအပြင်Stalked by My Neighbour (2015), Stalked by My Doctor: The Return (2016), Stalked by My Mother (2016), Stalked by My Doctor: Patient's Revenge (2018) ဆိုပြီး နောက်ယောင်ခံ သည်းထိတ်ရင်ဖိုဇာတ်ကား နောက်ထပ် ၄ ...
movie

Stalked by My Doctor (2015)

Lisa Frankenstein (2024)
Lisa Frankenstein (2024)  Frankenstein ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေ အများကြီး ရှိသလို သူ့အကြောင်းလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ သူ့ချစ်သူ Lisa Frankenstein ရဲ့ အကြောင်းကို စိတ်ကူးယဥ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ Cole Sprouse နဲ့ Kathryn Newton တဖိလစ်ပိုင် မင်းသမီး Liza Soberanoတို့ ပါဝင်ထားပါတယ်။Lisa ရဲ့ အမေဟာ အသတ်ခံခဲ့ရပြီးနောက်မှာ သူ့အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးရယ် မိထွေးနဲ့ပါတဲ့ အစ်မရယ် တို့နဲ့ အတူနေပါတယ်။ သူ့အစ်မက သူ့အပေါ် ကောင်းပေမယ့် မိထွေးက သူ့ကို တချိန်လုံး ငြိုငြင်နေတာပါ။ အမေကို ဆုံးရှုံးထားရလို့ စိတ်ဒဏ်ရာ ရနေတဲ့ Lisa က လူတွေနဲ့ အပြောအဆို အဆက်အဆံ မလုပ်တော့ဘဲ သင်္ချီုင်းကုန်း တစ်ခုထဲက ...
movie

Lisa Frankenstein (2024)

Malicious (2023)
Malicious (2023)  2023 ခုနှစ်ထွက် Mystery/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ William ဆိုတဲ့လူက သူ့မိသားစုနဲ့ အတူ ပိတ်ရက်ကို အပျော်ခရီးထွက်လာတဲ့အချိန် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ သူစိမ်းတစ်ယောက်နဲ့အတူ သူတို့မိသားစု ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာ အသည်းတယားယားနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းပေမယ့် တဖြည်းဖြည်း intense ဖြစ်လာပါတယ်။Will ရဲ့ မိန်းမဖြစ်သူနဲ့ မယားပါသမီးက Will ကို ခပ်ခွာခွာသာ ဆက်ဆံကြပါတယ်။ Will က ဘယ်လိုလူမျိုးလဲ? ကားပျက်ပြီး သူတို့ တံခါးကို လာခေါက်တဲ့ သူစိမ်းကရော ဘာပတ်သတ်မှု ရှိတာလဲ? ရုပ်ရှင်ကားထဲမှာ အဖြေရှာ ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie

Malicious (2023)

Cellphone (2023)
Cellphone (2023)  ၀င်နီလို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူ သေဆုံးမှုကြောင့် ၀င်နီဟာ PTSD လို့ခေါ်တဲ့ စိတ်ရောဂါတစ်ခုကို ခံစားနေရပါတယ်။၀င်နီဟာ အပြောင်းအလဲဖြစ်ဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ ကျေးလက်က လည်ကွင်းအိမ်လေးတစ်ခုကို ခေတ္တပြောင်းရွှေ့လာပါတယ်။ ဒါပေမဲ့ ၀င်နီတစ်ယောက် အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေတဲ့အခါ မျှော်လင့်ထားသလို ခံစားနေရတဲ့စိတ်ဝေဒနာတွေဟာ မလျော့နည်းလာပြီး ပိုလို့တောင်တိုးလာခဲ့တဲ့အပြင် တကယ်မရှိတဲ့ မြင်ကွင်းတွေကိုပါ မြင်လာခဲ့ရပါတယ်။ဒီထက်ပိုဆိုးတာကတော့ သူမရဲ့ဖုန်းကို တကယ်မရှိတဲ့ ဖုန်းခေါ်ဆိုသူတွေက ခဏခဏခေါ်လာပြီး ၀မ်းနည်းစရာ ကြောက်စရာ စကားတွေ မြင်ကွင်းတွေကို ကြားရ မြင်ရအောင် လုပ်လာခဲ့ပါတယ်။၀င်နီအတွက် ကံကောင်းတာတစ်ခုကတော့ ၀င်နီနေထိုင်နေတဲ့ ခြံဘေးမှာ ဂိုထောင်လေးတစ်ခုရှိပြီး အဲဒီဂိုထောင်မှာ အလုပ်လုပ်တဲ့ ခရစ်လို့အမည်ရတဲ့အမျိုးသားဟာ ၀င်နီခံစားနေရတာတွေကို ရိပ်မိသွားတာပါ။ ဒီလိုနဲ့ ခရစ်တစ်ယောက် ၀င်နီကိုချဉ်းကပ်ပြီး အဖော်ပြုပေးဖို့ ၀င်နီတစ်ယောက် သူမခံစားနေတဲ့ စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်ပါ့မလား၊ သူတို့နှစ်ယောက် ဘယ်လိုမမျှော်လင့်ထားတဲ့အရာတွေကို ထပ်မံကြုံတွေ့ကြရဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File ...
movie

Cellphone (2023)

The Empty Chair: Final Exam (2024)
The Empty Chair: Final Exam (2024) The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် ...
movie

The Empty Chair: Final Exam (2024)

2024
Prisoners of the Sun (2013)
Prisoners of the Sun (2013) Prisoners of the sun (2013)ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ခုခေတ်မှာ အလွန့်အလွန်ကိုရှားပါးသွားပြီးဖြစ်တဲ့ ရတနာသိုက်ရှာတဲ့ စွန့်စားခန်းရုပ်ရှင်ပါပဲ ဒဏ္ဍာရီတွေ ဝှက်စာတွေ ပိရမစ်တွေ ထောင်ချောက်တွေ စတဲ့အရာများစွာနဲ့ ရင်တထိတ်ထိတ်နဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံး ရုပ်ရှင်တွေပေါ့ ခုခေတ်မှာတော့ တကယ့်ကိုရှားသွားတာပါ့ အဲ့တော့ မကြည့်ရသေးရင် အသစ်ဆိုတဲ့အတိုင်း ပရိသတ်ကြီးအတွက် ဒီကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီဂျစ်ကိုတိုးတက်အောင်လုပ်ပေးခဲ့တာက ကောင်းကင်ကနေလာတဲ့ အရာတွေ ဂြိုလ်သားတွေပေါ့ လူသားတွေအခေါ် နတ်ဘုရားပေါ့ သူတို့က လူသားတွေကို စေတနာရှိလွန်းလို့ကူညီတာမဟုတ်ဘဲကမ္ဘာကြီးကိုသိမ်းပိုက်ချင်လို့ လာခဲ့တာပါ ဒီအိုဆိုင်းရစ်တွေကို လူသားဘုရင်ဖာရို့က ပြန်မောင်းထုတ်ခဲ့ပြီး သူတို့ကိုပြန်ခေါ်နိုင်မယ့်လျှို့ဝှက်ချက်ကို သင်္ချိုင်းဂူထဲထည့်ပိတ်ထားခဲ့ပါတယ် နှစ်ပေါင်းငါးထောင်ကြာမှ တစ်ခါရတဲ့အခွင့်အရေးကြီးမှာ မျက်မှောက်ခေတ်အချိန် အိုဆိုင်းရစ်တွေကိုပြန်ခေါ်ဖို့ ကြိုးစားကြတဲ့အခါမှာ ခေတ်ဟောင်းကားဆိုပေမဲ့ 2013 ဆိုတော့ cgi ဘာညာလဲ မဆိုးတာမို့ ပရိသတ်ကြီးတို့ lara croft အလွမ်းပြေကြည့်နိုင်မဲ့ စွန့်စားခန်းကားလေးပါပဲလို့ ညွှန်းဆိုပေးလိုက်ပါတယ်.။....အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Action, Adventure, Horror, Mystery Quality…. 1080p | 720p File size… 1.7GB | 743MB Format… mp4 Duration…. 1h ...
movie

Prisoners of the Sun (2013)

DeadTectives (2018) 5.9
DeadTectives (2018)  သရဲရှိတဲ့နေရာတွေကို သွားပြီးသရဲတွေကိုရှင်းလင်းရေးလုပ်တဲ့နေရာမှာနာမည်အကြီးဆုံး Ghost Buster တို့ Conjuringထဲက ဝါရန်တို့ကိုတော့မသိတဲ့သူက ခပ်ရှားရှားပဲဖြစ်မှာပါ။အခုတင်ဆက်ပေးမဲ့ IMDb Rating 5.9 ရရှိထားတဲ့ Deadtectivesဆိုတဲ့ ဇာတ်ကားလေးကလည်းအဲ့လိုနာမည်ကြီးရုပ်ရှင်တွေကိုInspire ယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒါပေမယ့် ဒီကားကျတော့ အတည်ပေါက်ကြီးတွေအပြင် ဟာသလေးတစ်ဝက်လောက် ထည့်ပြီးသရဲတွေကိုလည်းအရမ်း Serious မလုပ်ထားတဲ့အတွက်ပေါ့ပေါ့ပါးပါးသရဲကားကြည့်ချင်တဲ့ အသည်းငယ်သူတွေအတွက်ကတော့အဆင်ပြေစေမဲ့ကားလေးဖြစ်ပါတယ်။ဆမ် ကိတ် လွိုက် ဟာဗီယာတို့လေးယောက်ပါဝင်တဲ့သရဲဖမ်းတဲ့အဖွဲ့က အခုလည်းမုန့်ဖုတ်ဆိုင်တစ်ဆိုင်မှာ သောင်းကျန်းနေတဲ့သရဲကိုသွားရောက်နှိမ်နင်းနေကြပါတယ်။ပစ္စည်းတွေအပြည့်အစုံတပ်ဆင်ထားပြီး သရဲတွေနဲ့ပတ်သတ်လာရင်တကယ်ကြမ်းတဲ့ဆရာကြီးတွေလို့ထင်ရပေမဲ့ လုပ်ဇာတ်တွေခင်းပြီးသူတို့ကိုအကူအညီတောင်းတဲ့သူတွေကို ဂျင်းထည့်နေကြတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ဂျင်းထည့်တဲ့အကွက်တွေကသူတို့ရဲ့အစီအစဉ်ကို ကြည့်ရှုတဲ့လူတွေအတွက်ရင်ခုန်စရာမကောင်းတော့တဲ့အချိန်မှာတော့ သူတို့ကုမ္ပဏီကသူတို့အဖွဲ့ကိုဖျက်သိမ်းဖို့ တော်တော်နီးလာပါတော့တယ်။ဒါပေမယ့် သူတို့အတွက်နောက်ဆုံးအခွင့်အရေးအနေနဲ့ မက္ကဆီကိုမှာရှိတဲ့ကြမ်းလှပါချည်ရဲ့ဆိုတဲ့ သရဲခြောက်တဲ့အိမ်ကြီးဆီကို လွှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ အလုပ်သက်တမ်းတစ်လျှောက်လုံး ဂျင်းထည့်လာခဲ့ကြတဲ့ ဆမ်တို့အဖွဲ့တကယ့်သရဲအစစ်တွေနဲ့ တွေ့တဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာဟာသလေးတွေနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.29GB / 571MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

DeadTectives (2018)

Lovely, Dark, and Deep (2023)
Lovely, Dark, and Deep (2023) Lovely, Dark, and Deep (2023)~ Rotten Tomatoes - 88% ~ဒီဟော်ရာကားကတော့ ခရမ်းချဉ်သီးရိတ်တင်တော်တော်လေးကောင်းနေတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးရိတ်တင်သီးသန့်ကောင်းနေတဲ့ ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း မရှင်းမလင်းလေးတွေနဲ့ပဲ လာတတ်သလို သိသိသာသာထင်ထင်ရှားရှား ခြောက်ခန်းလှန့်ခန်းလည်း အများကြီးမပါတတ်ဘူး။ တစိမ့်စိမ့်နဲ့ ရင်ဖိုရတဲ့ ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ Park Rangers ခေါ် အမျိုးသားဥယျာဉ်အကြီးကြီးတွေထဲက တောခေါင်းတွေနဲ့ အဲဒီဥယျာဉ်ကြီးထဲက လျှိ့ဝှက်သည်းဖိုတွေအကြောင်းပဲ။ ကမ့်ပ်လာချတဲ့လူတွေကြား ရေပန်းစားတဲ့ ဥယျာဉ်ကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သဘာဝလွန်လို့ပြောရင်ပိုမှန်လောက်မယ်။ ရိန်းဂျားတွေက အဲဒီဥယျာဉ်ကြီးထဲ လူတွေပျောက်ပျောက်နေတာကို သိကြပေမဲ့ မသိကျိုးကျွန်ပြုထားကြတယ်။ ဘာလို့လဲဆိုတဲ့ လျှို့ဝှက်ချက်ကို အမျိုးသမီးရိန်းဂျားတစ်ယောက်က ဖော်ထုတ်ဖို့နီးစပ်လာခဲ့တယ်။ သူဖော်ထုတ်နိုင်ခဲ့လား မဖော်ထုတ်နိုင်ခဲ့ဘူးလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ရုပ်ရှင်ပေါ့။ ဒီဟော်ရာကားက ၂၀၂၁ကထွက်ခဲ့တဲ့ In The Earth တို့လို အမျိုးအစားလို့ပြောရမယ်။ အဲဒီထက်တောင် ပိုသိမ်မွေ့တယ်။ သိသိသာသာကြီးခြောက်လှန့်ပြသွားတာတွေသိပ်မပါပေမဲ့ ခုနောက်ပိုင်းဟော်ရာကားကောင်းတွေရဲ့ ...
movie

Lovely, Dark, and Deep (2023)

2023
1962 Halloween Massacre (2023)
1962 Halloween Massacre (2023)  1962 မှာဖြစ်ခဲ့တဲ့ ဟောလိုးဝင်းည လူသတ်မှုအကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ1969 မှာ FBI က 1962 ဟောလိုးဝင်းပါတီတစ်ခုက လူ ၇ ယောက်ကိုသတ်ခဲ့တဲ့ လူသတ်သမားရဲ့ မျက်နှာဖုံးကို ရှာတွေ့ခဲ့ပါတယ်မျက်နှာဖုံးနဲ့အတူ အဲဒီလူသတ်မှုဖြစ်စဉ်က ကင်မရာမှတ်တမ်းကိုပါ တွေ့ခဲ့ပေမဲ့ လူသတ်သမားကိုတော့ ဖမ်းမိခဲ့ခြင်းမရှိပါဘူးဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအုပ်စုတစ်စုက ဟောလိုးဝင်းညတစ်ညမှာ လူသူကင်းမဲ့တဲ့ တောထဲက အိမ်တစ်လုံးကို ခရီးထွက်လာကြပါတယ်မျက်နှာဖုံးဝတ်လူသတ်သမားကို ပါတီကို နောက်ကျမှ ရောက်လာတဲ့ အန်းနက်ရဲ့ကောင်လေးအထင်နဲ့ အိမ်ထဲ ဆွဲသွင်းမိတဲ့နောက် အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ်Halloween ရုပ်ရှင်နဲ့ တက္ကဆက် လွှဖြတ်ရုပ်ရှင်တို့လိုမျိုး ရှေးခေတ် အမေရိကန် slasher အငွေ့အသက်ကို ဒီဇာတ်ကားထဲမှာ ခံစားရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

1962 Halloween Massacre (2023)

They Want Me Gone (2022)
They Want Me Gone (2022)  ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ်ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအ‌ဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(939 MB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

They Want Me Gone (2022)

The Group (2022)
The Group (2022) ၂၀၂၂ ခုနှစ်ထွက် Crime thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်တဲ့ကာလမှာ အထောက်အကူပြုပေးရတဲ့ ပံ့ပိုးရေးအဖွဲ့တစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့လူခြောက်ယောက်ပါ မူးယစ်ဆေးဖြတ်အထောက်အကူပြုအဖွဲ့တစ်ခုဟာ ပုံမှန်အပတ်စဉ်တွေ့နေကျ တွေ့ဆုံပွဲတစ်ခုလုပ်ပါတယ်။ ပုံမှန်အစီအစဥ်အတိုင်း ဆောင်ရွက်နေစဉ်မှာ အမည်မသိ မျက်နှာစိမ်းလူတစ်ယောက် ရောက်ချလာပြီး ဝင်ဆွေးနွေးပါတယ်။နောက်ပိုင်းမှာ အဲ့လူဟာ ပုံမှန်စကားပြောနေရာကနေ ခေါင်းဆောင်ဆရာမကိုသေနတ်နဲ့ပစ်ပြီး အကြမ်းဖက်လာရာကနေ သူ့ရဲ့ဘီလူးခေါင်းကွာကျသွားပြီး သရုပ်မှန်ပေါ်လာပါတော့တယ်။ အမှန်တော့သူဟာ ဒီတွေ့ဆုံပွဲကို သဘောရိုးနဲ့မဟုတ်ဘဲ ဒုက္ခပေးဖို့ရောက်လာတဲ့ သေနတ်သမားတစ်ယောက်ပါ။ အဲ့လိုဖြစ်ပေမယ့် သူဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ကျန်တဲ့သူတွေက မသိကြသလို အဖြစ်အပျက်ကို နားလည်မလည်နိုင်ဖြစ်နေကြပါတယ်ပါ။သေနတ်သမားဟာ အဖွဲ့သားတွေကိုဖမ်းချုပ်ပြီး ညွှန်ကြားချက်တွေပေးကာ လိုက်လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေရင်းကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး နောက်ဆုံးမှာ သေနတ်သမားရဲ့မူလဇာစ်မြစ် ဘွားခနဲ ပေါ်လာပါတော့တယ်။Dylan Baldwin၊ Mike Kelson၊ Tom Coulston၊ Jennifer Aries၊ Evangelina Burton၊ Luke ...
movie

The Group (2022)

Monolith (2023)
Monolith (2023) ဒီတစ်ခါတော့ ပရိသတ်ကြီး ဦးနှောက်ကို အလုပ်ပေးရမယ့် လျှို့ဝှက်ဆန်းကြယ် ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ချမ်းအေးတဲ့ ညနေခင်းလေးနဲ့လည်း လိုက်ဖက်မယ့် Horror အငွေ့အသက်ကိုပါ ခံစားရမှာပါဇာတ်လမ်းရဲ့တင်ပြပုံက ဆန်းပါတယ်မင်းသမီးဆိုလို့ Evil Dead ဇာတ်ကားသစ်ထဲက မင်းသမီးတစ်ယောက်ပဲ သရုပ်ဆောင်အနေနဲ့ ပါဝင်ပြီး ကျန်တဲ့ ကာရိုက်တာအားလုံးကို အသံသရုပ်ဆောင်အဖြစ်ပဲ ထည့်သွင်းထားတာဖြစ်ပါတယ် ဒါ့အပြင် ရုပ်ရှင်တစ်ကားလုံးကို တောနက်ထဲက အိမ်တစ်လုံးမှာပဲ ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ခေါင်းမာတဲ့ ဂျာနယ်လစ်မလေးတစ်ယောက်က သတင်းမှားဖော်ပြမှုကြောင့် လူသိရှင်ကြား တောင်းပန်လိုက်ရပြီး စိတ်ပြေလက်ပျောက် မိဘတွေ ခရီးသွားနေတုန်း သူ့မိဘတွေအိမ်မှာ ခဏ ပြောင်းနေပါတယ်ဒီလိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေအကြောင်း တင်ဆက်တဲ့ ပေါ့ကတ်စ်(podcast) အစီအစဉ်ကို တစ်ယောက်တည်း ထိုင်လုပ်ရင်း တစ်နေ့ အမည်မသိလူတစ်ယောက်က သူမကို "အနက်ရောင် အတုံးတစ်တုံး" အကြောင်းနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တစ်ခုကို ထူးထူးခြားခြားပို့လာပါတယ် ဒီကနေတစ်ဆင့် ဂမ္ဘီရဆန်လွန်းတဲ့ ဒီပစ္စည်းအကြောင်းကို တစ်ယောက်ပြီး တစ်ယောက် ...
movie

Monolith (2023)

The Bridge Curse: Ritual ( 2023 ) 5.7
The Bridge Curse: Ritual ( 2023 ) ဒီတစ်ခါမှာတော့ Horror ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် CM ကနေ ထိုင်ဝမ်သရဲကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ။ တရုတ်ပြည်သူ့သမ္ပတနိုင်ငံတည်ထောင်ပြီး နှစ် ၅၀ ပြည့်နှစ် ထိုင်ဝမ်က ယဉ်ကျေးမှုတက္ကသိုလ်မှာ တာ့ရမ်လို့အမည်ရတဲ့အဆောက်အဦးတစ်ခုတည်ဆောက်ခဲ့ပါတယ် ။အဲဒီအဆောက်အဦးကို မူလကတော့ တစ္ဆေသရဲတွေမလာနိုင်အောင် အတိတ်နမိတ်ကောင်းအောင် ယင်ဓာတ်ယန်ဓာတ်ဆုံတဲ့နေရာမှာ ရှစ်ထောင့်မှော်စက်ဝန်းပုံစံဒီဇိုင်းဆွဲပြီးတည်ဆောက်ဖို့လုပ်ခဲ့ပါတယ် ။ ဒါပေမဲ့အဆောက်အဦးရဲ့ ဗိသုကာပညာရှင်က ကျောင်းနဲ့ငွေရေးကြေးရေးညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီး မူလက သရဲတစ္ဆေတွေမကပ်အောင်ဒီဇိုင်းဆွဲထားတဲ့ ရှစ်ထောင့်မှော်စက်ဝန်းပုံစံအဆောက်အဦးကို သရဲတစ္ဆေတွေကိုဆွဲဆောင်တဲ့ ရှစ်ထောင့်မှော်စက်ဝန်းပြောင်းပြန်ပုံစံတည်ဆောက်ပေးခဲ့ပါတော့တယ် ။အဲဒီနောက်ပိုင်းကစပြီး‌ ကျောင်းမှာ သဘာလွန်မတော်တဆမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး ဘယ်လိုမတော်တဆမှုတွေဖြစ်မလဲ ဘာတွေနဲ့သက်တိုင်နေမလဲ ကျိန်စာသင့်နေတဲ့အဆောက်အဦးမှာရော ဘယ်လိုကပ်ဆိုးတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK  
movie

The Bridge Curse: Ritual ( 2023 )

Cherry Falls (1999)
Cherry Falls (1999) ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့  fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။ File size…(1.5 GB)/(789 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Alias
movie

Cherry Falls (1999)

The Shortcut (2009)
The Shortcut (2009) ၁၉၄၅ ၀န်းကျင် ဆယ်ကျော်သက်စုံတွဲတစ်တွဲဖြစ်တဲ့ ဒေါ်ဂီနဲ့အိုင်ရင်းန်တို့ဟာ homecoming dance ကနေ အပြန်တောအုပ်တစ်ခုကို ဖြတ်သန်းသွားရတဲ့ဖြတ်လမ်းတစ်ခုကနေ ဖြတ်ပြန်ခဲ့ပါတယ်။ လူရှင်းတဲ့တောထဲမှာ ဒေါ်ဂီကနမ်းရာကနေ တစ်ဆင့်တက်ဖို့ကြိုးစားချိန်မှာ အိုင်းရင်းက လက်မခံတဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း ဒေါ်ဂီက သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာ အနားကိုကလေးလေးတစ်ယောက်ရောက်လာတဲ့အတွက် အိုင်းရင်းက အားကိုးတကြီးအကူအညီတောင်းခဲ့ပေမယ့် အဲ့ဒီကလေးဟာ သူ့မျက်နှာတည့်တည့်ကိုလေးခွနဲ့ပစ်သတ်ပါတော့တယ်။လက်ရှိခေတ်ကာလမှာတော့ ဒဲရက်ခ်တို့ညီအစ်ကိုဟာ မြို့ငယ်တစ်မြို့ကိုအခုမှပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ကျောင်း၊ ပတ်ဝန်းကျင် အသစ်နဲ့နေသားကျဖို့ကြိုးစားနေဆဲကာလဖြစ်ပါတယ်။တစ်နေ့တော့ ဒဲရက်ခ်ညီတိုဘီကို ကျောင်းက ရွယ်တူချင်း ချောက်ချလိုက်တဲ့အတွက် တိုဘီလေး ဖြတ်လမ်းတစ်ခုကဖြတ်ပြန်တဲ့အချိန်မှာ တောအုပ်ထဲမှာ ခုတ်သတ်ခံထားရတဲ့ ခွေးသေတစ်ကောင်ကို တွေ့ရှိခဲ့သလို အဘိုးကြီးတစ်ယောက်က ခြောက်လှန့်လိုက်တဲ့အတွက် ထွက်ပြေးခဲ့ရပါတယ်။ဒီအကြောင်းကို ဒဲရတ်ခ်ပြန်သိချိန်မှာ အဲ့ဒီဖြတ်လမ်းအကြောင်းကိုစုံစမ်းရင်း မြို့ခံလူတွေပြောကြတဲ့ ကြောက်စရာဇာတ်လမ်းတွေကိုသိလာရပါတော့တယ်။ သူတို့အတန်းဖော် တေလာကလည်း ခွေးပျောက်ထားတာ ရှိတဲ့အတွက် အဲ့ဒီဖြတ်လမ်းနဲ့အဲ့ဒီထဲကနေထိုင်သူတွေကို သွားပြီးအကဲခတ်မယ့်အချိန်မှာ တစ်ခြားသူငယ်ချင်းတွေပါ ဝင်ပါလာရာကနေ သူတို့အုပ်စုကြမ္မာဆိုးတွေဆီကို တည့်တည့်ဝင်တိုးမိဖို့ဖြစ်လာပါတော့တယ်။Rated R ဖြစ်သင့်တဲ့ ကားကို pg-13 ...
movie

The Shortcut (2009)

Double Blind (2023)
Double Blind (2023) Double Blind ဆိုတာက သုတေသနလုပ်ရာမှာ စမ်းသပ်တဲ့သူရော စမ်းသပ်ခံရတဲ့သူပါ စမ်းသပ်မှုမပြီးမချင်း သိရှိခြင်းမရှိဘဲ စမ်းသပ်တာကိုခေါ်တာပါ....ဒီကားလေးထဲမှာတော့ ဘလက်ခ်ဝုဒ်ဆိုတဲ့ ဆေးကုမ္ပဏီက စမ်းသပ်မှုတစ်ခုလုပ်ဖို့အတွက် ကျန်းမာတဲ့သူတွေကို အခကြေးငွေပေးပြီး ခေါ်ယူခဲ့တော့ စုစုပေါင်း ၈ယောက် စမ်းသပ်ခံခဲ့ပါတယ်.....အဲဒီထဲမှာ ပတ်ပြီးစမ်းသပ်ခံနေတဲ့သူတွေရော ပိုက်ဆံလိုလို့လာတဲ့သူတွေရော အဲဒီ ဘလက်ခ်ဝုဒ် ကုမ္ပဏီမှာပဲ အလုပ်သင်ဆင်းချင်လို့ မျက်နှာရအောင်လာတဲ့ ဆေးကျောင်းသားရော ပါလာခဲ့ပါတယ်......ဒီလိုနဲ့ ၅ရက်တာ စမ်းသပ်ရမဲ့ စမ်းသပ်မှုမှာ စမ်းသပ်ခံတွေက နည်းနည်းလေး မသင်္ကာလည်းဖြစ်လာရော ကုမ္ပဏီအနေနဲ့ ဘယ်လို ထပ်ဆွယ်မလဲ......သူတို့က ဘာကို စမ်းသပ်မှာလဲ......စမ်းသပ်ချက် အောင်မြင်ရင်ရော ဘယ်လိုအကျိုးပြုနိုင်တဲ့ ဆေးဝါးမျိုး ထုတ်လုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့....... File size…(1.1 GB)/(549 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Garfield
movie

Double Blind (2023)

All Jacked Up and Full of Worms (2022)
All Jacked Up and Full of Worms (2022) (အဖော်အချွတ်ခန်း ကိုယ်လုံးတီးများ သွေးထွက်သံယို ရွံစရာ ပြကွက်များနှင့် အကောင်ပလောင်များ ပါဝင်သောကြောင့် ကလေးသူငယ်များ မကြည့်ရှုသင့်ပါ။)ဇာတ်လမ်းက ပြောရမယ်ဆို ဘာပြောရမှန်းတောင် မသိပါဘူး။ တီကောင်တွေကို စိတ်ကြွထင်ယောင်ထင်မှားဖြစ်စေတယ်ဆိုပြီး မူးယစ်ဆေးအနေနဲ့လုပ်ပြီး သုံးစွဲနေကြတာက အဓိကပေါ့နော်။အဲဒီမှာ ချစ်သူဖြစ်တဲ့ကောင်မလေးက ဟစ်ပီဆေးတွေ ချခိုင်းပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ဘဲပါမယ်။ နောက်ပြီးတော့ ကလေးလိုချင်တယ်ဆိုပြီး ပရမ်းပတာ အရုပ်ကြီးတွေဝယ် ကလေးရူး ရူးနေတဲ့ ဝတုတ်ကြီးတစ်ယောက် ရှိမယ်။ အူကြောင်ကြောင် တီဗီအစီအစဉ်တွေ ကြည့်ပြီး ဂေါက်သီးထ တီကောင်တွေကျွေးနေတဲ့ ပြည့်တန်ဆာမ တစ်ယောက်ရှိမယ်။ လမ်းမပေါ်တင် ဖြစ်ချင်ရာဖြစ် သောင်းကျန်းချင်ရာ သောင်းကျန်းနေတဲ့ အာရှသူတစ်ယောက်နဲ့ ဂျိုကာလို လူပြက်တို့ စုံတွဲတစ်တွဲလည်း ရှိမယ်။ဒီလူတွေအားလုံးက ဒီလို ရွံစရာကောင်းတဲ့ တီကောင်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရှုပ်ကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ File size…(1.6 GB)/(854 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:12:00 Genre...Comedy, Horror Subtitle….Myanmar ...
movie

All Jacked Up and Full of Worms (2022)

Altered (2006) 5.6
Altered (2006) Altered 2006ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ခုခေတ်မှာရှားသွားပြီဖြစ်တဲ့ ဂြိုလ်သားကားပါ ဟာ ဒီလောက်ဂြိုလ်သားကားတွေပေါနေတာ ဘာကိုရှားတာလဲဆိုတော့ ဟုတ်ပါတယ် ဒီကားမှာက ခုခေတ်လို နည်းပညာမြင့်လက်နက်တွေနဲ့ ဂြိုလ်သားတွေကိုပြန်ကြိတ်ရမှာ မဟုတ်ပါဘူး လက်ဗလာနီးပါးနဲ့ပြန်ခံချရင်း အသဲတထိတ်ထိတ်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ကြည့်ရမှာပါ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း ယှဉ်မချကြပါဘူးဇာတ်လမ်းကိုက ဘော်ဒါငါးယောက် ကလေးဘဝမှာ တောထဲအမဲလိုက်သွားတဲ့အချိန် ဂြိုလ်သားတွေကဖမ်းပြီးစမ်းသပ်ပါတယ် အဲ့ငါးယောက်ထဲမှာ လေးယောက်ပဲပြန်လွတ်လာပြီး တစ်ယောက်က သေဆုံးသွားပါတယ် အဲ့ဒါကိုဂြိုလ်သားဆိုတာ ဘယ်သူမှမယုံဘဲ ထောင်ကျတဲ့သူကျနဲ့ ဘဝတွေပျက်ကုန်ပါတယ် ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှာ ဂြိုလ်သားဆိုတာဂျိုနဲ့လားဆိုပြီး မိုက်မိုက်ကန်းကန်း ဒီလေးကောင်နဲ့ပဲပြန်သွားချကြပါတော့တယ် အဲ့တော့ လူသားလေးယောက်နဲ့ ဂြိုလ်သားတစ်အုပ် ဘယ်လိုတီးကြမလဲဆိုတာ Horror-Thrillerကားကောင်းကြိုက်တဲ့ ပရိသတ်တွေအဖို့ တင်ဆက်ပေးလိုက်ပါတယ် သွေးထွက်သံယို R-rated အခန်းတွေများတာကိုတော့ ကြိုတင်သတိပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror,  Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 655MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....  ...
movie

Altered (2006)

2006