Channel Myanmar

Horror

Amityville Ripper (2023)
Amityville Ripper (2023)  အမ်မတီဗေးလ်ဆိုတဲ့ နာမည်ကြီး horror ဝတ္ထုနဲ့ တစ်ချိန် အင်္ဂလန်မှာ ကျော်ကြားခဲ့တဲ့ Jack The Ripper (လူသတ်သမား ဂျက်) ကို ရောသမမွှေပြီး troll သဘောမျိုး ပြန်ရိုက်ထားတဲ့ ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်တစ်ခုပြောချင်တာက ဒီကားက အပျော်တမ်းရုပ်ရှင်လိုမျိုး အပြောင်အပျက်တွေရိုက်ထားတာ ဖြစ်ပြီး အတည်တော့ ကြည့်လို့မရဘူးပေါ့... အတော်လေးတော့ ရယ်ရတဲ့ ကားလေးပါဇာတ်လမ်းအစမှာ ဂြိုဟ်သားယာဥ်ပျံ သတင်းတစ်ခု ပွက်လောရိုက်နေပြီး နယူးရီးယား ညမှာ Goth ကောင်မလေး.... (Goth ဆိုတာ အနက်ရောင်တွေဝတ်, အနက်ရောင်တွေဆိုးပြီး ဝိညာဥ်တွေ သေခြင်းတရားတွေကို စွဲလမ်းတဲ့ မိန်းကလေးကို ပြောတာပါ)မယ်ရီရန်နဲ့ သူငယ်ချင်းဖြစ်သူ အန်နီတို့ နယူးရီးယားညမှာ နာမည်ကြီး ကွင်းဆက်လူသတ်သမား (Jack The Ripper) ကို ဝိညာဥ်ပြန်ခေါ်မယ် လုပ်ကြတယ် မယ်ရီရန်ရဲ့ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေကလည်း သူတို့အိမ်မှာ ပါတီလုပ်နေကြပြီးတော့ ည ...
movie

Amityville Ripper (2023)

The Woodmen (2023)
The Woodmen (2023)  ဟော်ရာရုပ်ရှင်တွေကို ရေးသားရိုက်ကူးတဲ့ ဒါရိုက်တာ Joshua Bruckerရဲ့ ဒိုကူဆန်ဆန်ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။တောနက်ကြီးတစ်ခုက တောင်တန်းတွေဆီမှာ အမည်မသိတဲ့မျိုးစိပ်တစ်ခုနေထိုင်တယ်လို့ သတင်းတွေရှိပါတယ်။ အဲဒီဒေသမှာ ဘာအကြောင်းရယ်ကြောင့်မသိရဘဲ လူတွေကို ခေါ်ဆောင်သွားတာမျိုးတွေလည်း ကြုံနေရတယ်။မျက်မြင်ကြုံတွေ့လိုက်ရတယ်လို့ ပြောကြပေမဲ့ ကောလဟလသာသာပဲဖြစ်နေခဲ့တယ်။ဒါကြောင့်ပဲ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် လာနာနဲ့ အဖော်တစ်ယောက် ဒီတောကြီးထဲမှာ အကြောင်းအရင်းအစစ်အမှန်ကို သုတေသနပြုရှာဖွေရင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတဲ့ ဗီဒီယိုကို တောင်ခေါင်းတစ်ယောက်တွေ့ခဲ့ရာကစပြီး... မတူညီတဲ့နောက်ခံကိုယ်စီနဲ့ ပညာရှင်တွေ ဒီတောထဲကို စူးစမ်းလေ့လာဖို့ ကိုယ်စီရောက်လာကြချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(740 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

The Woodmen (2023)

Susuk (2024) 5.5
Susuk (2024) Susuk (2024) အညွှန်းဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။ Susuk ဆိုတာ ‌ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။ Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။ Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းက ယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။ Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။ Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။ Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း ...
movie

Susuk (2024)

2024
Indigo (2023) 5.5
Indigo (2023) Indigo (2023)ဒီကားလေးကတော့ MIDb 5.5 ထိရရှိထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Horror/Thriller အမျိုးအစား အင်ဒိုဇာတ်ကားကောင်းလေးပါ တစ်ခြားအပနှင်ကားတွေနဲ့ နည်းနည်းလေးကွဲထွက်ပြီးတော့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာပါ ဇာတ်ကားထဲမှာ ဇိုရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သူ့ညီမလေးတို့ဟာ သူတို့မိဘတွေဆုံးသွားလို့ အိမ်ကြီးထဲမှာ နှစ်ယောက်ထဲနေကြရတယ် သူတို့ညီမနှစ်ယောက်လုံးမှာ အင်ဒီဂိုဆိုတဲ့ သူများတွေမမြင်ရ မကြားရတဲ့ ပရလောကသားတွေကိုမြင်ရကြားရတဲ့အစွမ်းကိုပိုင်ဆိုင်ထားကြတယ် တကယ့်ကိုစွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင်က သူတို့ညီမနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလိုချင်လို့ လိုက်သောင်းကျန်းနေတာကို သူတို့တွေ ဘယ်လိုသည်းထိပ်ရင်ဖို ခုခံကာကွယ်ကြလဲဆိုတာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်ဒါရိုက်တာ Rocky Soraya ရိုက်ကူးထားပြီးတော့ Main cast အဖြစ် အင်ဒို မင်းသမီးချောလေး Amada Manopo သရုပ်ဆောင်ထားပါတယ် မင်းသမီးလေးချောချက်ကလဲ သူနဲ့တင်ကြည့်ရတန်နေပါပြီ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးဖြစ်ပြီး အာရှပရလောကကားတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Horror Quality…. 1080p | 720p File size… 1.15GB | 647MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Indigo (2023)

2023
Don’t Look at the Demon (2022)
Don’t Look at the Demon (2022) Horror ပရိသတ်တွေအတွက် 2022က ထွက်ရှိခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားထဲမှာတော့ ဂျူးစ်ဆိုတဲ့ကောင်မလေးဟာ သာမာန်လူ‌တွေလိုမဟုတ်ပဲ ငယ်စဉ်ကတည်းက ပရလောကသားတွေ ဝိဉာဉ်တွေနဲ့ စကားပြောနိုင် ဆက်သွယ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအစွမ်းဟာ ကောင်း‌တာတွေလဲရှိနိင်သလို မကောင်းတာတွေလဲဖြစ်နိုင်ကြောင်းကို ထိတ်လန့်ဖွယ်ရာရိုက်ပြထားတာပါ။ဇာတ်လမ်းအညွှန်းကတော့ဂျူးစ်ဟာ သူ့ရဲ့မွေးရာပါအစွမ်းကို အသုံးချပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ပရလောကနဲ့ပတ်သက်တာမှန်သမျှကို စုံစမ်းကြ လိုက်ရှာကြပြီး လူတွေကို လိုက်ကူညီပေးတဲ့ အဖွဲ့တစ်ဖွဲ့‌ထောင်ထားကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့အဖွဲ့ဟာ သူတို့ကို အကူအညီတောင်းထားတဲ့ အီးမေးလ်တစ်ခုကိုလက်ခံလိုက်ပြီး ထိုလိပ်စာအတိုင်း လူနေနည်းတဲ့ တောင်ကုန်းပေါ်ကရွာလေးတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်လုံးဆီကိုသွားကြတော့တာပါပဲ။သူတို့မသိလိုက်တာတစ်ခုကတော့ ထိုအိမ်ကြီးမှာရှိတဲ့အရာဟာ သူတို့ကြုံဖူးနေကျထက် ပိုပြီးကြောက်စရာကောင်းပြီး အရမ်းအန္တရာယ်ရှိတဲ့အရာတစ်ခု ဖြစ်နေချိန်မှာတော့ သူတို့ဟာ ထိုပြဿနာကိုဖြေရှင်းဖို့ထက် အသက်ရှင်ဖို့တောင်အနိုင်နိုင်ကြိုးစားရတာကိုတွေ့ရမှာပါ။ဒီဇာတ်ကားမှာ ခြောက်ခြားစရာတွေ၊ သွေးထွက်သံယိုတွေကို ကောင်းကောင်းကြီးထည့်ထားတဲ့အတွက် Horror fanတွေအတွက်တော့ ကြည့်ရှုရတာတန်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(1.5 GB)/(818 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Horror Subtitle….Myanmar Subtitle ...
movie

Don’t Look at the Demon (2022)

Earworm (2024)
Earworm (2024) Earworm (2024)2024 မှာအသစ်စက်စက်ထွက်ရှိထားတဲ့ Horror, Thriller အမျိုးအစားဖြစ်တဲ့ Earworm ဆိုတဲ့ကား​​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဇာတ်လမ်းရဲ့အစမှာ​တော့ စုံ​ထောက်၀ီလီယမ်နဲ့အဖွဲ့ သူတို့မြို့​ပေါ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ထိ ရိုက်နှက်သတ်ဖြတ်ထားတဲ့ လူသတ်မှု​တွေရဲ့ တရားခံမ​ပေါ်ဖြစ်​နေတာ​ကြောင့် စိတ်​တွေညစ်​နေကြပါတယ်။တစ်ဖက်မှာလည်း ဟန်နရီအာဒမ်ဆိုတဲ့တစ်​ယောက်ဟာ ငယ်စဥ်ကတည်းက အ​ရှက်အ​ကြောက်ကြီးတာ​ကြောင့် လူ​တွေနဲ့ ဆက်ဆံရမှာ အခက်​တွေ့တဲ့အပြင် လုပ်​ဖော်ကိုင်ဖက်ကပါ ​လှောင်​ပြောင်​နေတာ​ကြောင့် သူ့ရဲ့အရှက်အ​ကြောက်ကြီးတဲ့စိတ်ကို ပြင်ဖို့ကြိုးစားရင်း အဖွဲ့တစ်ဖွဲ့ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ သူ​တွေးထားတာထက်ပိုပြီးနက်နဲတဲ့ရည်ရွယ်ချက်ကြီးတစ်ခု အဲဒီအဖွဲ့အစည်း​နောက်မှာရှိ​နေတာကို မသိတဲ့ ဟန်နရီတစ်​ယောက် ​တွေ့ဆုံမှုအပြီး ဘယ်လို​တွေ​ပြောင်းလဲသွားလဲ... လူသတ်မှု​တွေနဲ့ အဖွဲ့အစည်းနဲ့က​ရော ဘယ်လို​တွေပတ်သက်​နေလဲ... ဆိုတာကို သည်းထိတ်ရင်ဖို​ ကြည့်ရှုရမယ့်ကား​​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 820MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Horror, Thriller Subtitle - ...
movie

Earworm (2024)

2024
Rival (2023)
Rival (2023) ရက်ဝုဒ်စပရင်းမြို့လေးဟာ မှုခင်းဖြစ်ပွားမှုနှုန်းလည်းနည်းပါးပြီး အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ဒီလိုနဲ့ ညတစ်ညမှာတော့ အချိန်ပိုင်းကလေးထိန်းလုပ်နေတဲ့ ဂျန်နာ ရိုင်လေဆိုတဲ့ ကျောင်းသူတစ်ယောက် ဓ-ားနဲ့ရက်ရက်စက်စက် ထိုးသ-တ်ခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကဖြစ်သွားခဲ့တဲ့ အသက်ရှစ်နှစ်အရွယ် မိုင်လို ဆောရာ ဆိုတဲ့ကောင်လေးတစ်ယောက် အသ-တ်ခံလိုက်ရတဲ့ပုံစံနဲ့ဆင်တူနေတာကြောင့် မြို့တော်ရဲမှူးလည်း လူသ-တ်သမားကို ရှာနိုင်ဖို့ ရနိုင်သမျှနည်းလမ်းတွေသုံးပါတော့တယ်။ ဒါပေမဲ့လည်း လူသ-တ်မှုတွေကဆက်တိုက်ဆိုသလို ဆက်ပြီးဖြစ်လာတဲ့အခါမှာ ....ဒီလူသ-တ်မှုပုံစံတွေကဘာလို့ဆင်တူနေရတာလဲ၊ နောက်ဆုံးမှာလူသ-တ်သမားကို ဖမ်းမိမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။သွေးထွက်သံယိုပြကွက်တွေ၊ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။File size…(1.2 GB)/(550 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Rival (2023)

Mercy Falls (2023)
Mercy Falls (2023)  Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ...
movie

Mercy Falls (2023)

Amelia’s Children (2023) 5.7
Amelia’s Children (2023)  ဒီရုပ်ရှင်လေးကတော့ ပေါ်တူဂီ horror မူဗီလေးဖြစ်ပြီးဇာတ်လမ်းတစ်လျှောက်လုံး တစိမ့်စိမ့် စီးမျှောကြည့်ရှုသွားရမယ့်ကား‌လေးပါပဲ။ဇာတ်လမ်းလေးက အက်ဒ်ဝေါ့ဟာ ငယ်စဥ်ဘဝကတည်းကကွဲကွာသွားခဲ့တဲ့ မိသားစုနဲ့ပြန်ဆုံစည်းရာကနေစပါတယ်။မိဘမဲ့ဂေဟာမှာပဲ နေထိုင်ခဲ့ရတဲ့ အက်ဒ်ဝေါ့ဟာမိသားစုတစ်ခုကို အမြဲလိုချင်နေခဲ့ပြီး အခုအခါအစ်ကိုဖြစ်သူ၊အမေရင်းဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရတော့သူတို့ရှိရာ ပေါ်တူဂီနယ်က အိမ်ကြီးကိုထွက်လာခဲ့ပါတယ်...။သို့ပေမဲ့ အဲ့ဒီဒေသမှာက ဒီအိမ်ကြီးကို လူတွေက ရှောင်ကြရှားကြပါတယ်..။ဘာလို့ဆို ဒီအိမ်ကြီးက စုန်းမအိမ်ကြီးလို့ လူပြောများလို့ပါပဲ။ဒီအကြောင်းကို မသိတဲ့ အက်ဒ်ဝေါ့နဲ့သူ့ကောင်မလေးဟာဒီအိမ်ထဲကို ဝင်သွားပြီးနောက်မှာတော့....ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File size…1.68GB / 645MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Amelia’s Children (2023)

The Seeding (2023) 5.1
The Seeding (2023)  CM ပရိတ်သတ်ကြီးအတွက်ခုတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ထွက် The seeding ဆိုတဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းလေးကတော့ဓာတ်ပုံဆရာတစ်ယောက်ဟာ ကန္တာရထဲမှာ နေကြတ်တာကိုဓာတ်ပုံသွားရိုက်နေရင်း လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ် ကလေးကိုကူညီရင်းနဲ့တစ်ယောက်တည်းလမ်းပျောက်နေရင်း လူသူမရှိတဲ့ကန္တာရထဲမှာ ထူးထူးခြားခြားအိမ်ကလေးတစ်လုံးကိုတွေ့လိုက်ရပါတယ် အဲဒီအိမ်မှာအနားယူရင်းမနက်မိုးလင်းတဲ့အခါ သူကန္တာရထဲက ကျင်းတစ်ခုထဲမှာအိမ်ပိုင်ရှင်အမျိုးသမီးနဲ့အတူပိတ်မိနေတာကိုသိလိုက်ရတဲ့အခါ ……လျှို့ဝှက်ချက်တွေအပြည့်နဲ့ဇာတ်လမ်းတစ်ပုဒ်ကိုရင်ထိတ်သည်းဖို ကြည့်ရှုရဦးမှာပါ...  File size…2.09GB / 998MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

The Seeding (2023)

Joy Ride 3 : Road Kill (2014)
Joy Ride 3 : Road Kill (2014) ပြိုင်ကားမောင်းသမား ဂျော်ဒန်နဲ့အော်စတင်တို့ဟာ သူတို့ရဲ့အဖွဲ့သားတွေနဲ့အတူ ကနေဒါက ကားမောင်းပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်ဖို့ခရီးထွက်လာခဲ့ကြပါတယ်။လမ်းတစ်ဝက်က ထရပ်ကားနားစခန်းတစ်ခုမှာအမြန်ရောက်နိုင်တဲ့ဖြတ်လမ်းကိုရှာရင်းနဲ့အဝေးပြေးလမ်း နံပါတ် ၁၇ ဆိုတာကိုတွေ့ခဲ့ကြပါတယ်။ ထူးခြားတာက အဲ့ဒီဖြတ်လမ်းဟာ ပုံနှိပ်မြေပုံပေါ်မှာသာရှိနေပြီး GPS ပေါ်မှာလုံး၀ရှိမနေတာပါပဲ။အဲ့ဒီလမ်းအကြောင်းစုံစမ်းလိုက်ချိန်မှာတော့ သူတို့စုံစမ်းတဲ့ထရပ်ကားမောင်းသမားက အဲ့ဒီလမ်းက မသွားသင့်ကြောင်း အဲ့ဒီလမ်းကို လူသတ်လမ်းကြားလို့ခေါ်ပြီး အဲ့ဒီလမ်းမှာ ပျောက်ဆုံး သေဆုံးခဲ့တဲ့သူတွေဟာ အမေရိကန်တကြောလုံးမှာရှိတဲ့ ဘယ်လမ်းထက်မဆို များတယ်ဆိုတာ သူတို့ကိုပြောပြပါတယ်။ဒါပေမယ့် ခေတ်လူငယ်ပီပီ ပုန်ကန်တတ်တဲ့၊ အယုံအကြည်မရှိတဲ့စရိုက်တွေနဲ့ သူတို့တစ်သိုက်ဟာ အဲ့ဒီလမ်းအတိုင်းထွက်ခဲ့ကြပြီး လမ်းမှာတွေ့တဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ကို ကျော်တက် ၊ ပိတ်မောင်းရင်း အပျော်တမ်းစနောက်မိတဲ့အခါမှာတော့..အဲ့ဒီလမ်းဟာ တကယ်ပဲ သူတို့အတွက် သေမင်းတမန်လမ်းကြီးဖြစ်လာပါတော့မယ်။Joy ride triology ရဲ့နောက်ဆုံးကားဖြစ်ပြီး Franchise ထဲမှာမှ သတ်ခန်းဖြတ်ခန်းရော ဝတ်လစ်စလစ်ခန်းတွေပါပါဝင်ပြီး အကြမ်းဆုံးကားဖြစ်ပါတယ်။ အထူးသဖြင့် Wrong turn ထဲကလို ကြမ်းတမ်းလွန်းတဲ့သွေးထွက်သံယိုတွေ ပါဝင်တဲ့အတွက်ကြည့်ရဲမှ ကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.8 GB)/(934 Mb) Quality….Blu-Ray 1080p ...
movie

Joy Ride 3 : Road Kill (2014)

The Uninvited (2003) 5.8
The Uninvited (2003) ဂျောင်ဝန်းတစ်ယောက် ရထားစီးလာရင်း နဲ့ ကလေးမနှစ်ယောက်ကို ဒီတိုင်းတွေ့လိုက်တယ်အစကတော့ သတိအမှတ်မဲ့နေရင်း ဂိတ်ရောက်တော့ ပုံမှန်အတိုင်းပဲ ဆင်းတာပေါ့နောက်နေ့သတင်းမှာ အဲ့ဒီကလေးမလေး နှစ်ယောက် ရထားပေါ်မှာအဆိပ်မိပြီးသေနေတယ်ဆိုတဲ့သတင်းပါလာခဲ့ပါလေရောအဲ့နေ့ကစပြီး ဂျောင်ဝန်းတစ်ယောက် စိတ်တွေခြောက်ခြားပြီး ကလေးမလေးတွေရဲ့ဝိဉာဉ်က သူ့နောက်ကိုလိုက်ပါလေတော့တယ်သူနဲ့ဘဝတူ ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ယွန်းလေးရဲ့အကူအညီနဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားရင်း သူ့အတိတ်နဲ့ပက်သက်တာတွေကိုပါ သိရှိလာတဲ့အခါမှာတော့...။မင်းသမီး Jun Ji-Hyun ပါဝင်ထားတဲ့ကားလေးမို့ အားပေးကြပါဦးနော်( အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size_(2.5GB)/(1GB) Quality_WebDL 1080p / 720p Format_mp4 Duration_02:07:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Shoon Thu Thu Chain
movie

The Uninvited (2003)

Joy Ride 2: Dead Ahead (2008)
Joy Ride 2: Dead Ahead (2008) မယ်လီဆာနဲ့ခင်ပွန်းလောင်း ဘော်ဘီတို့ဟာ လက်ထပ်ဖို့အတွက်Las vegas ကိုကားမောင်းလာခဲ့ကြပါတယ်။ သူတို့နဲ့အတူ မယ်လီဆာရဲ့ညီမကေလာနဲ့အွန်လိုင်းရည်းစား နစ်ခ် ဆိုတာ ပါလာပါတယ်။လမ်းတစ်ဝက်ကန္တာရထဲမှာ ကားပျက်သွားတဲ့နောက် လမ်းဆင်းလျှောက်ကြရာကနေ စွန့်ပစ်လယ်တောအိမ်ကြီးတစ်လုံးနဲ့အတူ ကားတစ်စီးကို တွေ့ခဲ့တဲ့အတွက် ပိုင်ရှင်ရှိရင် နောက်မှတောင်းပန်မယ် အလျော်ပေးမယ်ဆိုပြီးကားကိုယူသွားဖြစ်ခဲ့ကြပါတယ်။နောက်တစ်နေ့မှာ စားသောက်ဆိုင်ထဲထိုင်နေတုန်း မယ်လီဆာဆီကို ကားပိုင်ရှင်ဆိုသူဆီက ဖုန်းဝင်လာခဲ့ပြီး ကားကိုယူသွားတဲ့အတွက် ဘော်ဘီကိုသူဖမ်းခေါ်သွားပြီလို့ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ဘော်ဘီကိုအသက်ရှင်ရက်ပြန်လိုချင်ရင် သူခိုင်းသမျှလိုက်လုပ်ပေးရမှာဖြစ်ပြီး ပထမဆုံးတောင်းဆိုလာတာကတော့ သူ့ညီမကေလာရဲ့ လက်ခလယ်တစ်ချောင်းပါပဲ။Joy ride ရဲ့ဒုတိယကားဖြစ်ပြီး သတ်ခန်းဖြတ်ခန်းတွေပထမကားထက်ပိုကြမ်းသလို horror ဘက်ပိုသွားပါတယ်။rating ဘာညာမှာဩဇာကြီးတဲ့ ပထမကားကို မမှီပေမယ့် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

Joy Ride 2: Dead Ahead (2008)

11th Hour Cleaning (2022)
11th Hour Cleaning (2022)  ဒိုင်လန်တို့ဟာ​ အခင်းဖြစ်နေရာတွေကို သန့်ရှင်းရေးလိုက်လုပ်ပေးကြတဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့နာမည်ကို11th hour cleaning လို့ပေးထားပါတယ်သူတို့ပေးထားတဲ့နာမည်အတိုင်းပဲ​ ရှင်းလင်းရေးတွေကိုသန်းခေါင်ယံအချိန်တွေမှာပဲလိုက်လုပ်ရလေ့ရှိပါတယ်တစ်နေ့မှာ​တော့​ ဒိုင်လန်တို့အဖွဲ့ဟာ ကိုယ့်မိသားစုဝင်တွေကိုသတ်ပြီး ကိုယ့်ကိုယ်ကိုပါသတ်သေသွားတဲ့အခင်းဖြစ်အိမ်ကိုသွားရှင်းရဖို့အလုပ်အပ်ခံရပါတော့တယ်.သူတို့အဖွဲ့ဟာ အဲဒီအခင်းဖြစ်နေရာမှာ​အလုပ်လုပ်နေကြရင်းနဲ့အိမ်ထဲမှာထူးဆန်းစွာပိတ်မိသွားကြပြီးပြန်ထွက်လို့မရကြတော့ပါဘူး.ဒိုင်လန်ကတော့သူတို့ပိတ်မိနေတာ အိမ်ရဲ့တည်ဆောက်ပုံမှာအိမ်ကိုအလုံပိတ်ဖြစ်အောင်လုပ်လို့ရတဲ့စနစ်ဆင်ထားတာကြောင့်လို့သူ့အဖွဲ့သားတွေ​ကိုပြောခဲ့ပေမယ့် တကယ့်အမှန်တရားကသက်သက်ရှိနေပါတယ် အဲဒီအမှန်တရားကဘာလဲသူတို့အဖွဲ့ကရောလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ဆက်ကြည့်လိုက်ရအောင်ပါ... File size…867MB / 358MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 13m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

11th Hour Cleaning (2022)

Kuroneko (1968) 7.7
Kuroneko (1968) Kuroneko (1968)~ IMDb - 7.7/10, Rotten Tomatoes - 96% ~Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ ...
movie

Kuroneko (1968)

1968
Red Dot (2021) 5.5
Red Dot (2021)  တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကိုမြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လိုစိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့အဲ့လိုစိတ်ကူးထားသူ‌တွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသားဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီးနှစ်‌ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကိုပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lightsတွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်းရုတ်တရက်ကြီး  Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့  ကြည့်ရှူသူ‌တွေကိုအဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twistအပိုင်းကလည်း‌ ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေးကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror ...
movie

Red Dot (2021)

Night Explorers: The Asylum (2023)
Night Explorers: The Asylum (2023) ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ horror အမျိုးအစားရုပ်ရှင်ဇာတ် လမ်းလေးပါ။ဇာတ်လမ်းအကြောင်းကတော့...မင်းသားတို့သူငယ်ချင်းတစ်စုဟာ ချန်နယ်တစ်ခုထောင်ထားပြီးတော့ ခြောက်ခြားစရာကောင်းတဲ့နေရာတွေမှာ ပရလောကနဲ့ဆက်သွယ်တဲ့အကြောင်းကို တင်ဆက်ကြတဲ့သူတွေပါ။ သူတို့က အခုအခါမှာတော့ ကြုံတော့ကြုံခဲအနေနဲ့ ပီလိုစီစိတ္တဇဆေးရုံကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပီလိုစီဆေးရုံကိုသွားဖို့အတွက် သူတို့ကအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းပြီးသွားကြပါတယ်။အရင်တင်ဆက်ထားတဲ့ ဗီဒီယိုတွေမှာ သရဲခြောက်တာကိုအလိမ်အညာလုပ်တာ အရမ်းများသွားတဲ့အတွက် ဒီတခါမှာတော့ အလိမ်အညာမလုပ်တော့ပဲ တကယ်သရဲခြောက်တဲ့အတွေ့အကြုံကိုပဲ တင်ဆက်ကြမယ်ဆိုပြီးသွားကြပါတယ်။ဆေးရုံကိုရောက်တဲ့အခါ ဆေးရုံကအရမ်းကြီးလွန်းတော့ လူခွဲသွားဖို့အကြောင်းဖန်လာပါတယ်။ ဆေးရုံထဲမှာ ဖုန်းလိုင်းကလည်းမမိ၊ ယူသွားတဲ့ရေဒီယိုတွေကလည်း နံရံတွေအရမ်းထူနေတဲ့အတွက် ကောင်းကောင်းအသုံးပြုလို့မရဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(535 Mb) Quality….Webrip 720p Format…mp4 Duration….01:36:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Night Explorers: The Asylum (2023)

[18+] Slashening: The Final Beginning (2021)
[18+] Slashening: The Final Beginning (2021) ဒီရုပ်ရှင်ကတော့ 2015 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Slashening ရဲ့ အဆက်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လောင်းအိုင်လန်သတ်ဖြတ်မှုကြီးဖြစ်အပြီး ငါးနှစ်အကြာမှာတော့ မက်ဒီဆင်ဟာ ဘရွတ်ကလင်းကိုပြောင်းလာခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း သူ့ကိုယ်သူသ-တ်သေသွားခဲ့တာမလို့ စိတ်အကြံပေးစကားဝိုင်းကိုသွားတက်ရင်း အစီအစဉ်မှူးက လောင်းအိုင်လန်သတ်ဖြတ်မှုကြီးမှာ ရှင်ကျန်ခဲ့တဲ့ ပတ်ဖြစ်နေပါတယ်။ဒီလိုနဲ့ တစ်နေ့ထပ် တစ်နေ့ဆွေးနွေးပွဲကို လာတဲ့လူတွေနည်းနည်းလာခဲ့ပြီး ကောင်မလေးနှစ်ယောက်လည်း အသတ်ခံလိုက်ရတဲ့အခါ ...Low budget ကားဖြစ်တာမလို့ လိုအပ်ချက်တချို့ရှိပေမဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့တော့အဆင်ပြေတဲ့ ဟော်ရာကားလေး တစ်ကားဖြစ်ပါတယ်။သွေးထွက်သံယိုပြကွက်တွေ၊ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။File size…(1.5 GB)/(665 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

[18+] Slashening: The Final Beginning (2021)

The Puppet Asylum (2023)
The Puppet Asylum (2023)  ဒီ short filmလေးကတော့ Down Syndromeခံစား‌ခဲ့ရတဲ့ ဒါရိုက်တာ Otto Baxterရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုလေးပါပဲ။သူက ဒီဇာတ်လမ်းရဲ့ Main characterနေရာမှာ သူပဲသရုပ်ဆောင်ပြီးတော့ သူ့ရဲ့ဘဝမှာ ကြုံခဲ့တဲ့ အခက်အခဲပေါင်းများစွာရယ်၊ လူတွေက သူ့အပေါ်ဘယ်လိုမျိုးနှိမ့်ချဆက်ဆံခဲ့သလဲဆိုတာတွေကို horror, comedyနဲ့ fantasy ပေါင်းစပ်ထားတဲ့ short filmလေးတစ်ခုအဖြစ် အသက်သွင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးကို ပုံဖော်ထားတာက ပုံပြင်တစ်ပုဒ်ကိုပြောပြနေသလိုဖြစ်ပြီး ကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လဲ ပုံပြင်တစ်ပုဒ်ကိုဖတ်နေရသလိုပဲ ထင်မှတ်စေမှာပါ။အဲဒါကြောင့်ပဲ ပရိတ်သတ်ကြီးလဲ စိတ်ဝင်စားတယ်ဆိုရင် မိနစ်သုံးဆယ်ပဲကြာတဲ့ ဒီshort filmလေးကို အားတဲ့အချိန်လေးမှာ အေးအေးဆေးဆေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(442 GB)/(224 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

The Puppet Asylum (2023)

Tiger Stripes (2023) 6.1
Tiger Stripes (2023) Tiger Stripes 2023ဒီဇာတ်ကားဟာ မလေးအမျိုးသမီးဒါရိုက်တာ အမန်ဒါနယ်အူက သူ့ရဲ့ပွဲဦးထွက်လက်ရာအဖြစ် လက်စွမ်းပြရိုက်ကူးထားတာဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ဝေဖန်ရေးဆရာတွေရဲ့အကောင်းဆုံးရုပ်ရှင်ဆု၊ ၉၆ မြောက်အော်စကာဆုပေးပွဲအတွက် မလေးရှားနိုင်ငံရဲ့ ကိုယ်စားပြုရုပ်ရှင် စတဲ့ ဆုပေါင်း ဂုဏ်ပုဒ်ပေါင်းများစွာရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။.....ဇာတ်ကားကတော့ Body Horror ကားဖြစ်လို့ တချို့ဇာတ်ဝင်ခန်းတွေကတော့ အသက်မပြည့်သူတွေ ရောဂါအခံရှိသူတွေ မကြည့်ရှုသင့်ကြောင်း တစ်ခါတည်း ပြောကြားပေးလိုပါတယ်။......ဇာတ်လမ်းလေးကတော့ ကြုံတွေ့နေကျ အာရှနိုင်ငံအများစုရဲ့ မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်ကြုံရတဲ့ပြသနာလေးတွေ ရှေးရိုးစွဲကြတဲ့ လူ့အဖွဲ့အစည်းတွေ မိန်းမတွေကို လူတန်းစားခွဲခြား ဆက်ဆံတာတွေ စတဲ့ပြသနာများစွာကိုပဲ ရိုက်ကူးပြထားတာပါ ထူးခြားသွားတာကတော့ မတူညီတဲ့ရှုထောင့်တစ်ခုကနေ ယနေ့ခေတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတော့ ဒီလိုပြသနာတွေဟာ ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ရှိနိုင်သေးတာလားလို့ မေးခွန်းထုတ်မိမှာပါပဲ တစ်တော့ခ်ဆော့နေတဲ့ကောင်မလေးမှာ Mens ကြောင့် သူငယ်ချင်းတွေကြားထဲပြသနာတက်တဲ့အထိ Sex education အားနည်းတယ်ဆိုတာ အရှေ့တိုင်းရဲ့တချို့ရှေးရိုးစွဲမှုတွေကို မေးခွန်းထုတ်ချင်စရာပါပဲ... ကိုယ်တိုင်ကြည့်ဖြစ်မှ ပိုအရသာရှိမဲ့ကားမို့ အားလုံးပဲ အာရှအမျိုးသမီးဒါရိုက်တာတစ်ယောက်ရဲ့ ကမ္ဘာထိထိုးဖောက်နိုင်ခဲ့တဲ့ ပွဲဦးထွက်လက်ရာကို ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror Quality…. 1080p | 720p File size… 1.9GB | 758MB Format… ...
movie

Tiger Stripes (2023)

2023