Channel Myanmar

Horror

Alien (1979) 8.5
Alien (1979)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien (1979)

1979
Dead Boys Club aka Geng Kubur (2023) 5.7
Dead Boys Club aka Geng Kubur (2023) Dead Boys Club 2023 Imdb -5.7အိပ်မက်တစ်ခုတည်းကိုပဲ နှစ်တိုင်းအချိန်ကျလာရင်မက်တတ်တဲ့ဖာဟန် သူ့အိပ်မက်ကတော့ တောအုပ်တစ်ခုတည်း ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်ကသူ့ကိုခေါ်နေတာပါငယ်စဉ်ထဲကမက်လာတဲ့ဒီအိပ်မက် အမေ့သေဆုံးနှစ်ပတ်လည်ရောက်လာချိန်တိုင်း ပြန်ပြန်မက်နေလို့ ဆရာဝန်ဆီသွားပြီးဆွေးနွေးမှုခံယူခဲ့ရတဲ့အထိပါပဲ ဖာဟန့်မှာ သူငယ်ချင်း၃ယောက်ရှိပါတယ် အတိအကျဆိုရင်တော့ ၄ယောက်ပါ ဒါပေမဲ့ ၄ယောက်မြောက်က လူသားမဟုတ်ဘဲ ဘယ်သူမှမမြင်ရပေမဲ့ ရှိတယ်လို့လက်ခံထားကြတဲ့ မွတ်စ်ဆိုတဲ့ပရလောကသားပါပဲသူတို့တွေက ညဘက်ဆိုသင်္ချိုင်းထဲသွားထိုင်ပြီး စကားစမြည်ပြောရတာကို သဘောကျကြပါတယ် အကြောင်းကတော့ သင်္ချိုင်းကတိတ်ဆိတ်ပြီးတော့ ပြန်ပြောမဲ့သူမရှိလို့ပါတဲ့လေ ဖာဟန်က သူ့အိပ်မက်အကြောင်းပြောပြဖြစ်ရင်းနဲ့ လူငယ်သဘာဝစူးစမ်းချင်စိတ်ကြောင့် ဖာဟန်မက်မက်နေတဲ့တောအုပ်ထဲသွားကြည့်ဖို့ဆုံးဖြတ်ရာကနေ ဘယ်လိုကြောက်မက်ဖွယ်ရာတွေတွေ့ကြုံလာရမလဲဆို‌တာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Teamတို့ပဲဖြစ်ပါတယ် ) File size… 1.8GB / 907MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Dead Boys Club aka Geng Kubur (2023)

The Deaths of Ian Stone (2007) 5.5
The Deaths of Ian Stone (2007) အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မ‌ကောင်းဆိုးဝါးတစ်‌ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေး‌ရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

The Deaths of Ian Stone (2007)

Siapa Tutup Lampu? (2021) 6.2
Siapa Tutup Lampu? (2021) Siapa Tutup Lampu? (2021)2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်)Genre.....Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Siapa Tutup Lampu? (2021)

Livid (2011) 5.7
Livid (2011)  လူစီ ကတော့ အိမ်တွင်းသူနာပြုအဖြစ် လက်တွေ့လေ့ကျင့်မှုလုပ်နေတဲ့ ကောင်မ‌လေးပါ...သူမကို အသက်ကြီးကြီးမစ္စစ် Catherine Wilson က လေ့ကျင့်သင်ကြားပေးနေတာပေါ့ဒီလိုနဲ့ လေ့ကျင့်ရင်း နောက်ဆုံး လူနာသည်က ဝေးလံခေါင်သီတဲ့ အိမ်ကြီးမှာ နေတာဆိုတော့ လူစီလည်း အဲ့ကိုသွားရတာပေါ့တိရိစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ကြီးထဲကို ဝင်ပြီး လူနာကုတင်ပေါ်က မစ္စစ် ဝီလ်ဆင်ကို တွေ့တယ်Jessel ကတော့ တစ်ချိန်က အထင်ကရ ဘဲလေးဆရာတစ်ဦးဖြစ်ခဲ့သော်လည်း အခုမှာတော‌့ အိပ်ယာပေါ်မှထကာ မေ့မြောသွားကြောင်း မစ္စစ်ဝီလ်ဆင်က ပြောပြတဲ့နောက်..အဲ့အိမ်ကြီးနဲ့ သူတို့တွေ ဘာတွေကြုံတွေ့ရမလဲ....( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(750MB) Quality_Blu-Ray  720p Format_mp4 Duration_01:30:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Livid (2011)

Madhouse (2004)
Madhouse (2004) ဒီဇာတ်ကားကတော့ စိတ္တဇဆေးရုံမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ကလော့ဒ်စတီဗင်စ်ဆိုတဲ့ အလုပ်သင်တစ်ယောက်က စိတ္တဇဆေးရုံမှာတာဝန်ကျခဲ့ပါတယ် သို့ပေမဲ့အဲ့နေရာက အထောက်ပံ့တွေ အဆောက်ဦးတွေက သိပ်အဆင်မပြေခဲ့ပါဘူး အဲ့ဒါကြောင့် သူကအဲ့ဆေးရုံကို ပိုကောင်းအောင်ပြုပြင်ချင်ပါတယ်ဒါမဲ့ဆေးရုံအုပ်က လက်မခံခဲ့ပါဘူး ပြီးတော့ ဆေးရုံအုပ်က အရမ်းထူးဆန်းနေတော့ စိတ်ထဲဘဝင်မကျဖြစ်လာခဲ့ပါတယ် ထို့အပြင်မှာဆေးရုံကလူနာတွေကလည်း တိုးတက်လာတာရှိမနေခဲ့ပါဘူး သူနာပြုဟန်းဒရစ်ဆိုသူကလည်း လူနာတွေကို ဂရုစိုက်သလိုနဲ့နှိပ်စက်တတ်ပါ‌သေးတယ် အဲ့ဒါကြောင့်စတီဗင်စ်ရဲ့ ဆေးရုံအပေါ်သံသယတွေက ကြီးထွားလာခဲ့ပါတယ်သူစုံစမ်းရင်းကနေ မထင်မှတ်တာတွေသိလာခဲ့တော့ အဲ့ဒါဘာအကြောင်းတွေလည်း ပြီးတော့ဇာတ်လမ်းကအရမ်းထင်မှတ်မထားသလိုဖြစ်လာခဲ့တာကြောင့် ကြည့်ရှူသူတွေအတွက်ဟာခနဲဟင်ခနဲ ဖြစ်သွားစေမဲ့ဇာတ်ကားမျိုးပါ ရင်ခုန်စိတ်လှုပ်ရှားစရာဟော်ရာဆိုတာမျိုးထက် တစိမ့်စိမ့်နဲ့စိတ်ဝင်စားစရာကောင်းအောင်ဇာတ်အိမ်တည်ထားတာကြောင့် လက်လွတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်File size…(1.6 GB)/(792 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe 
movie

Madhouse (2004)

Munjya (2024) 7.1
Munjya (2024) Munjya 2024 ( လူပျိုသရဲ )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File ...
movie

Munjya (2024)

Wishes of the Blue Girl (2024) 6.3
Wishes of the Blue Girl (2024)  ဒီဇာတ်လမ်းလေးရဲ့ ဇာတ်အိမ်ကတော့ နည်းနည်းထူးဆန်းတယ်လို့ပြောရမယ် ကောင်မလေးတစ်ယောက်က တစ်ခုခုကိုကြောက်ပြီး အိမ်ထဲမှာပဲပုန်းနေခဲ့တာ သူငယ်ချင်းတွေ အိမ်ကလူတွေကိုလည်း မဆက်သွယ်ခဲ့ဘူး အစကဒီကားကိုtime travelကားလို့ ထင်ခဲ့တာတကယ်ကမဟုတ်ပါဘူးနည်းနည်း Psychoဘက်ရောက်တယ်လို့ပြောရမှာပေါ့ Horroလို့လည်းပြောလို့ရမယ် တစ်စိမ့်စိမ့်ကြည့်ပြီးကျောချမ်းစေမယ့်ကားမျိုးပေါ့ Horror Psychoအမျိုးစားကြိုက်တဲ့လူမျိုးတွေအတွက်ဆို တကယ်သင့်တော်မဲ့ကားမျိုးမလို့ ကြည့်ရှုပေးကြပါဦးရှင့် File size…(1 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:13:00 Genre... Psychological Horror, Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Wishes of the Blue Girl (2024)

The Frontrooms (2024)
The Frontrooms (2024) ကျွန်တော်တို့ ဂိမ်းကစားတဲ့ဘက်မှာဆို Frontroomဆိုတာရှိတယ်ဗျာ အဲ့ဒါက အခန်းပိတ်ထဲကနေ လွတ်အောင်လုပ်တဲ့ ဂိမ်းမျိုးဗျ သိပ္ပံနယ်ပယ်အရမှာဆို ရင်တော့Frontroomတွေကို တခြားဒိုင်မေးရှင်းတစ်ခုလို့ သတ်မှတ်ထားကြ တယ်ဗျဒီကားလေးက လူတစ်ယောက် ကအလုပ်လုပ်နေရင်း Frontroomထဲကို ရောက်သွားတဲ့အကြောင်းကိုရိုက်ပြထား တာဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ Frontroomအကြောင်းကိုသေချာ အသေးစိတ်ရှင်းပြထားတဲ့အတွက် ကြောင်း ထူးထူးဆန်းဆန်းသိပ္ပံဘက်ကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ လက်လွှတ်မခံသင်တဲ့Science Mysteryဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်ဗျာ File size…(1.4 GB)/(720 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:14:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

The Frontrooms (2024)

Longlegs (2024) 7.1
Longlegs (2024)  အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးအဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films productioncompany က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာအမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်း ***************အက်ဖ်ဘီအိုင် အေးဂျင့် လီဟာကာ ကို ကွင်းဆက်လူသတ်သမားတစ်ယောက်ကိုလိုက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။အဲဒီလူသတ်သမားက နှစ် ၃၀ အတွင်း မိသားစု ၁၀ စုကို သတ်ခဲ့တာပါ။ဒါပေမဲ့ ပြဿနာက လူသတ်မှုတွေအားလုံးက မိသားစုဝင်အချင်းချင်းသတ်ပစ်ကြပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အမှုတွေချည်းဖြစ်နေတာပါပဲ။ သူ့လက်ချက်ပါလို့ သိသာစေတဲ့စာတစ်စောင်ချန်ခဲ့လို့သာ ...
movie

Longlegs (2024)

4K HEVC
Sijjin (or) Siccin (2014) 6.0
Sijjin (or) Siccin (2014) Siccin (2014) IMDB: 6 Genre: HorrorSiccin ဆိုတာ ၂၀၁၄ ခုနှစ်ထွက်တူရကီစကားပြော အတော်လေးကိုနာမည်ကြီးသွားတဲ့Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။Siccin ဆိုတာကတော့ အစ္စလာမ်ဘာသာအရ ငရဲသားတွေကိုထည့်မှတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ဒီကားထဲမှာ ထူးခြားတဲ့အချက်က ဂါတာတွေ၊ အစီအရင်တွေကအပြင်မှာသုံးနေတဲ့ အရာတွေဖြစ်ပြီး တကယ်လည်း ရုပ်ရှင်ထဲမှာဂါထာအစစ်တွေကိုသုံးသွားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးက လှည့်ကွက်တွေလည်းပါတာကြောင့်တော်တော်လေးလည်းကြည့်လို့ကောင်းပါတယ်။ဇာတ်ညွှန်းအော့ဇ်နာ ဆိုတာ အန်တီအရင်းရဲ့သားကိုတန်းတန်းစွဲနေတဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စုန်းတစ်ယောက်ဆီမှာ ရှေ့ဖြစ်သွားမေးတော့အဲဒီယောကျ်ားဟာနင့်အတွက်မဟုတ်ဘူး၊သူ့ကိုချစ်ရင် နင်သေလိမ့်မယ် ဆိုပြီးပြောခဲ့ပါတယ်။ဒါပေမယ့်လည်း စုံလုံးကန်းနေတဲ့ အော့ဇ်နာဟာအဲဒီယောကျ်ားနဲ့ပဲ ကိုယ်ဝန်ရခဲ့ပါတယ်။ အကြောင်းမလှခဲ့တော့ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။အော့ဇ်နာဟာ အဆိုပါစုန်းဆီကိုသွားပြီး ယောကျ်ားအားသူ့ဘက်မပါပါအောင်အစီအရင်နဲ့လုပ်ပါတော့တယ်။စုန်းဟာ အစီအရင်နဲ့ ဂျင်းတစ်ကောင်အား ဝင်ပူးစေခဲ့ပါတယ်။ဇာတ်လမ်းကဘယ်လိုတွေဆက်ဖြစ်မှာလဲ။ဘာတွေကိုမြုပ်ထားသေးလဲ။Jumpscare များများနဲ့ Horrorပရိသတ်တွေသဘောခွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ File size…    2.1 GB /  881 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Sijjin (or) Siccin (2014)

Sijjin 2 (or)  Siccin 2 (2015) 6.1
Sijjin 2 (or) Siccin 2 (2015) Siccin (2) IMDB: 6.1 Rotten Tomatoes: 80% Genre: Horror/ThrillerSiccin (2) ဟာ Siccin ရုပ်ရှင် Series ရဲ့ နှစ်ကားမြောက်ကားဖြစ်ပါတယ်။Siccin ဟာ တူရကီနိုင်ငံရဲ့ အကြမ်းဆုံး Horror ကားဇာတ်လမ်းတွဲဖြစ်ပါတယ်။Jumpscarei တွေလည်းဖောဖောသီသီသုံးထားပြီးအတော်လေးလည်းကျောချမ်းဖို့ကောင်းပါတယ်။ဒါ့အပြင် မှော်နက်ပညာနဲ့ ဂျင်းနတ်ဆိုးတွေအကြောင်းလည်းပါတာကြောင့်တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။အဲထက်ပိုပြီးပြီးပြည့်စုံသွားတာကထင်မထားတဲ့ ဇာတ်လမ်းလှည့်ကွက်ပါပဲ။ဇာတ်ညွှန်းဟစ်ရန်မှာ သားလေးတစ်ယောက်ရှိပါတယ်။ချစ်ဖို့ကောင်းတဲ့ သားလေး ဗီရိုလည်းရှိပါတယ်။အိမ်ထောင်ရေးကတော်တော်လေးကိုသာယာခဲ့ပါတယ်။ဒါပေမယ့်တစ်ရက်မှာ  ဗီရိုဆုံးသွားခဲ့ပါတယ်။အဲကိစ္စကြောင့် ဟစ်ရန်ဟာ သူ(မ)ကိုယ်သူ(မ) ခွင့်မလွှတ်နိုင်ခဲ့သလိုသူ(မ)ယောကျ်ားကလည်း ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ဒါပေမယ့် အဲဒီကိစ္စနောက်ကွယ်မှာမှော်နက်ပညာတွေရှိနေကြာင်း သိရှိသွားတဲ့နောက်မှာတော့...  File size…    1.8 GB /  715 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

Sijjin 2 (or) Siccin 2 (2015)

Sijjin 3: The Forbidden Love (or)  Siccîn 3: Cürmü Ask (2016) 6.1
Sijjin 3: The Forbidden Love (or) Siccîn 3: Cürmü Ask (2016) Siccîn 3: Cürmü Aşk (2016) IMDB: 6.1ဒီရုပ်ရှင်ကတော့ Siccin ရုပ်ရှင်အတွဲရဲ့ သုံးကားမြောက်ကားဖြစ်ပါတယ်။တော်တော်လေးလည်းကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။အတော်လေးလည်းဝမ်းနည်းဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းကေဒါ၊ အော်ဟန်နဲ့ ဆီဒက်တို့ဟာ အချစ်ရဆုံးငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ကေဒါနဲ့ဆီဟက်တို့နှစ်ယောက်ဟာ မောင်နှမတွေဖြစ်ပါတယ်။အော်ဟန်ကတော့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။ဒီလိုနဲ့ အော်ဟန်နဲ့ ကေဒါတို့နှစ်ယောက် ချစ်ကျွမ်းဝင်ပြီးအကြောင်းပါခဲ့ပါတယ်။ဒါပေမယ့်တစ်ရက်မှာ ဆီဒက်၊ ကေဒါနဲ့ ဆီဒက်ရဲ့သားလေးတို့သုံးယောက်သားမြို့တက်ရင်း ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှတော့ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေဖြစ်ပေါ်လာခဲ့ပါတယ်။  File size…    2.2 GB /  817 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 50m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

Sijjin 3: The Forbidden Love (or) Siccîn 3: Cürmü Ask (2016)

Sijjin 4 (or) Siccin 4 (2017) 5.7
Sijjin 4 (or) Siccin 4 (2017) Siccin 4 (2017) IMDB : 5.7 Genr : Horror/ThrillerSiccin 4 ဟာ Siccin ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။Siccin ဆိုတာ တူရကီနိုင်ငံဟာ Horror ရုပ်ရှင်မှာ သွားနောက်လို့မရတဲ့အကြောင်းကိုအကောင်းဆုံးသက်သေပြနေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အတော်လေးလည်းဇာတ်လမ်းကောင်းတယ်လို့ဆိုရပါမယ်။ဇာတ်ညွှန်းအရင်က စီးပွားရေးတောင့်တင်းပြီး ချမ်းသာခဲ့ပေမယ့်ကံအကောင်းအကြောင်းမလှတော့ အိုမာ တို့မိသားစုလေးဟာသူ့အဘွားရဲ့အိမ်ကိုပြောင်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအိမ်မှာကျန်းမာရေးမကောင်းတဲ့ အဘွားနေပြီး ခြံထဲမှာသူ့အဘိုးရဲ့ အလောင်းကိုမြုပ်ထားတဲ့ အုတ်ဂူရှိနေပါတယ်။ခက်တာက အိမ်ကြီးကိုပြောင်းလာကတည်းကတစ်မျိုးပြီးတစ်မျိုးခြောက်လှန့်နေတာပါပဲ။Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းလေးကမြုပ်ကွက်တွေလှည့်ကွက်တွေနဲ့မလို့ ကြည့်ရကောင်းပါတယ်။Jumpscare များတာကြောင့် ချစ်သူရည်းစားရှိသူများအတူတူကြည့်ဖို့အကြံပေးပါတယ်။ကြောက်ရင်ဖက်ထားလို့ရတာပေါ့။ကျွန်တော်ကတော့ ဘယ်သူမှမရှိလို့ မျက်ရည်များနဲ့ကြောက်ကြောက်လန့်လန့်ဘာသာပြန်ခဲ့ရပါကြောင်း...   File size…    1.4 GB /  718 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer ...
movie

Sijjin 4 (or) Siccin 4 (2017)

Sijjin 5 (or) Siccin 5 (2018) 5.0
Sijjin 5 (or) Siccin 5 (2018) Siccin 5 (2018) IMDB : 5 Genre: Horror/ThrillerSiccin Film Series ရဲ့ ၅ ကားမြောက်ဖြစ်တဲ့ Siccin 5 ဟာအတော်လေးကိုကြည့်ကောင်းတဲ့တူရီကီစကားပြော Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။Siccin ရဲ့ထုံးစံအတိုင်း ကြည့်တဲ့လူကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။ဇာတ်ညွှန်းဟေလာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မွေးလာကတည်းကထူးဆန်းမှုတွေနဲ့ကြုံနေရတဲ့ကလေးဖြစ်ပါတယ်။မွေးကတည်းက အဖေမရှိ၊ အဘိုးမရှိတဲ့ ဖတဆိုးလေးဖြစ်ပါတယ်။သူ့မှာ အဒေါ်တစ်ယောက်ရှိပါတယ်။သူ(မ)ရဲ့အဒေါ်ဟာ ဆီလင်း ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်နေပြီးမကြာခင်ယူတော့မှာဖြစ်ပါတယ်။ဒါပေမယ့် သူတို့နှစ်ယောက်ယူမှာကို တားမြစ်ချင်နေတဲ့လူတွေရှိပါတယ်။သူတို့ကဘယ်သူများလဲ။ ဘာကြောင့်တားချင်တာလဲ။Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းက မရိုးဘူးလို့ပြောချင်ပါတယ်။ File size…    1.2 GB /  616 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

Sijjin 5 (or) Siccin 5 (2018)

Sijjin 6 (or) Siccin 6 (2019) 5.0
Sijjin 6 (or) Siccin 6 (2019) Siccin 6 (2019) IMDB: 5 Genre: Horror/ThrillerSiccin 6 ကတော့ လက်ရှိထွက်ထားတဲ့ Siccin ကားဆက်ရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ထုံးစံအတိုင်းတော်တော်လေးကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ခုလို့ဆိုရပါမယ်။Siccin 3 က အော်ဟန်လည်းပြန်ပါလာခဲ့ပါတယ်။ဇာတ်ညွှန်းအစ်ဆန်မှာ ညီမလေးနှစ်ယောက်ရှိပါတယ်။ဒါပေမယ့် အစ်ဆန်က ညညဆိုမမြင်အပ်တာတွေကိုမြင်ပြီးအိမ်မက်ဆိုးတွေမက်လေ့ရှိပါတယ်။တော်တော်လေးကိုဆိုးရွားတဲ့ ရောဂါကိုခံစားနေရပါတယ်။ဒါပေမယ့်နောက်ကွယ်မှာ မရိုးသားတဲ့အကြောင်းခြင်းရာတွေရှိနေပါတယ်။ သူ(မ)ဘာလို့အဲလိုမျိုးဖြစ်နေတာလဲ...ဆက်ပြီးခံစားကြည့်လိုက်ကြပါ။  File size…    1.6 GB /  79MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

Sijjin 6 (or) Siccin 6 (2019)

Dagr (2024)
Dagr (2024)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် သည်းထိတ်ရင်ဖို့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ လူဝီနဲ့သီရာလို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်က လူအများကိုနှောင့်ယှက်တဲ့ဗီဒီယိုတွေရိုက်ပြီး အင်တာနက်မှာပြန်တင်တဲ့သူတွေဖြစ်ပါတယ်....ယခုအခါမှာတော့ သူတို့က သူတို့လပ်ခဲ့သမျှထဲအကြီးဆုံး ခိုးယူမှုကိုလုပ်ဖို့ဖြစ်လာပါတယ်...အဲ့ဒါကတော့ ကြော်ငြာ်ရိုက်ကူးရေးတစ်ခုမှာ အစားအသောက်လာပို့တဲ့သူတွေအနေနဲ့ဟန်ဆောင်ပြီး အဝတ်အစားအသုံးဆောင်တွေ၊ရိုက်ကူးရေးပစ္စည်းတွေကို ခိုးယူဖို့ပဲဖြစ်ပါတယ်...ခိုးယူပြီးတော့ရလာတဲ့ပိုက်ဆံတွေကို ပရဟိတအဖွဲ့တွေကိုပြန်လှူဖို့ပါ...ဒါပေမဲ့ သူတို့ရိုက်ကွင်းကိုရောက်သွားတဲ့အခါမှာတော့ ဘယ်သူ့ကိုမှမတွေ့ရပဲ iPad တစ်လုံးတွေ့လို့‌ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရိုက်ကူးရေးလုပ်ရင်းနဲ့မမျှော်လင့်ထားတာတွေဖြစ်ခဲ့တာကို သွားတွေ့ရပါတယ်...ထိုအခါ လူဝီနဲ့သီရာတို့ ဘာတွေဆက်ကြုံတွေ့ရမလဲ...ရိုက်ကူးရေးသမားတွေ‌ကရော ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ကြည့်ရှူခံစားကြပါခင်ဗျာ.... File size…(1.7 GB)/(936 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre... Horror, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Dagr (2024)

Horror in the High Desert 3: Firewatch (2024)
Horror in the High Desert 3: Firewatch (2024)   Found Footage ရုပ်ရှင်​အမျိုးအစား​ဖြစ်​တဲ့ ဒီဇာတ်လမ်းက ၂၀၂၁ ခုနစ်​မှာ ထွက်​ရှိ​ခဲ့တာ​ဖြစ်​ပြီး Horror​/ Suspense အမျိုး​အစား​ဖြစ်​ပါတယ်။ နာမည်ကြီး​ The Blairwitch Project လို အငွေ့အသက်​မျိုး​ကို ခံစားရ​မှာ​ဖြစ်ပါတယ်။ Indie ဇာတ်ကား​ဖြစ်​တာနဲ့အညီ ဇာတ်​လမ်း​တည်ဆောက်​ပုံ​က အနည်းငယ်​ထူး​ခြား​ပြီး ရုပ်​သံအင်တာဗျူးတွေနဲ့ ဇာတ်လမ်း​ကို​ပုံဖော်​ပြီးမှ footage တွေ​ကို အလျဥ်းသင့်သလို ထည့်သွင်း​ရိုက်ကူး​ထားခြင်းဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ နီဗားဒါးပြည်နယ် ကန္တာရ​ထူထပ်​တဲ့ဒေသတစ်ခုမှာ လူပျောက်မှုတွေ ဖြစ်​ပေါ်​နေပါတယ်။ ဒီအကြောင်း​ကို ကမ္ဘာတစ်လွှားက စူး​စမ်း​ရှာဖွေ​ရေး​သမား​တွေ စိတ်​ဝင်​စား​လာကြပြီး နယ်​မြေ​တစ်​ဝိုက်​ကို ခြေလျင်ခရီးနှင်ပြီး အဖြေ​ရှာကြဖို့ ကြိုး​စား​ကြပါတယ်။ အဲဒီ​အထဲမှာ​ Gary ဆိုတဲ့​ စူးစမ်း​ရေး​သမား​တစ်ယောက်​လည်း​ ပါဝင်​ပြီး တစ်နေ့​ Gary တစ်ယောက်​ ပျောက်​ချင်း​မလှ ပျောက်​သွား​ချိန်​မှာ အခြေအနေ​တွေ ပို​လို့​ရှုပ်ထွေး​လာ​ပါတော့​တယ်။ဇာတ်လမ်း​က Found Footage​ အမျိုး​အစား​ကိုမှ Documentary ပုံစံ​ ရော​သမမွှေထားတာဖြစ်လို့ ပုံမှန်​ Horror​ ရုပ်ရှင်​တွေ​ကို ...
movie

Horror in the High Desert 3: Firewatch (2024)

Dance of Death aka Ronggeng Kematian (2024) 6.9
Dance of Death aka Ronggeng Kematian (2024) Ronggeng Kematian(2024)အကမယ်IMDb-6.9/10ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ် ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့ လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်....။အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့ လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက် အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှ အားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာ ရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက် မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊ ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ် အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်....။မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။ အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက......။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.35GB / ...
movie

Dance of Death aka Ronggeng Kematian (2024)

999-9999 ( 2003 ) 5.7
999-9999 ( 2003 ) ချင်းမိုင်မြို့ နိုင်ငံတကာကျောင်းတစ်ခုရဲ့ ကျောင်းသူတစ်ဦး အလံတိုင်ပေါ်မှာ ခြောက်ခြားဖွယ်သေဆုံးနေမှုသတင်း တစ်နိုင်ငံလုံးမှာ ပျံ့ လွင့်နေပြီးနောက်ပိုင်း ဖူးခက်နိုင်ငံတကာကျောင်းမှ စိတ်လှုပ်ရှားစရာ စွန့်စားမှုအစီအစဉ်များကိုကျောင်းအတွင်း ရိုက်ကူးတင်ဆက်နေတဲ့ ရဲတင်းသောမိစ္ဆာများအဖွဲ့မှ လူသေမှုဖြစ်ပွားသော ချင်းမိုင်ကျောင်းမှ ကျောင်းသူတစ်ဦးပြောင်းလာကြောင်း သတင်းရရှိသွားပါတယ်။အဖွဲ့သားများမှ ကျောင်းသူအသစ်ထံမှ သတင်းရယူဖို့ကြိုးပမ်းကြပါတယ် လူသေမှုဟာ 999-9999 ဆိုတဲ့ဖုန်းနံပါတ် တစ်ခုနဲ့ ပတ်သတ်တယ်လို့ ကျောင်းသူအသစ်က ပြောပြပြီး မဆက်ကြဖို့မှာပါတယ်။ 999-9999ဆီကနေလိုချင်တာမှန်သမျှတောင်းလို့ရတယ်ဆိုတဲ့ အကြောင်းသိသွားကြပြီးနောက်ပိုင်း အဖွဲ့ဝင်တစ်ဦးက အားလုံးရှေ့မှာပဲ စမ်းဆက်ကြည့်ပြီး ဖာရာရီပြိုင်ကားတစ်စီး တောင်းလိုက်ပါတယ်။ေနာက်တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်ဆန်းနဲ့ ပြိုင်ကားတောင်းထားတဲ့ချီတို့ ဖူးခက်ရှော့ပင်းမောရှေ့ ကိုအရောက် ၁သန်းမြောက် ဈေးဝယ် အနေနဲ့ ချီတစ်ယောက် ဖာရာရီတစ်စင်းမဲပေါက်သွားပါတယ် ဆန်းကတိုက်ဆိုင်မှုတစ်ခုလို့ သံသယဖြစ်နေတုန်းမှာပဲ ချီတစ်ယောက်အက်ဆီးဒင့်နှင့်သေသွားပါတယ်။လောဘနှင့် စပ်စုစိတ်တွေကြောင့် အဖွဲ့ဝင်တွေတစ်ယောက်ပြီးတစ်ယောက် ကိုးသုံးလုံးကို ဖုန်းခေါ်ကြပြီး လူသေမှုတွေဖြစ်ပွားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ဂိမ်းခရေဇီ ဆန်းတစ်ယောက် အဖြစ်မှန်တွေကို ဘယ်လိုဖော်ထုတ်ပြီး အဖွဲ့ဝင်တွေကို ဘယ်လိုကာကွယ် မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ Filesize : 1.97 GB / 1.09 GB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Thriller , Horror , ...
movie

999-9999 ( 2003 )

2002