Channel Myanmar

Horror

Don’t Knock Twice (2016) 5.1
Don’t Knock Twice (2016) Don't Knock Twice (2016)===================ဒီတစ်ခါမှာတော့ CM ပရိသတ်တို့အတွက် သဲထိပ်ရင်ဖို့ Horror ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ Bohemian Raphasody ထဲက ဇာတ်ဆောင်မင်းသမီးငယ် Lucy Boynton နဲ့ DCEU ထဲက Ivy ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင် Katee Sackhoff တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်း ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျက်စ်ဟာ ငယ်စဉ်ဘဝက အပျော်အပါးနဲ့ မူးယစ်ဆေးစွဲလမ်းမှုတွေကြောင့် သမီးငယ်ဖြစ်သူခလိုဝီရဲ့ အုပ်ထိန်းခွင့်ကိုဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သမီးငယ် ခလိုဝီဟာငယ်စဉ်ကတည်းက ကလေးဂေဟာမှာ သူငယ်ချင်းတွေနဲ့အတူနေခဲ့ရတာကြောင့် အမေဖြစ်သူကို နာကျည်းနေခဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်ညမှာ ခလိုဝီရယ် သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဒန်နဲ့ မိုက်ကယ်ဟာ ရပ်ကွက်ထဲမှာ စုန်းမကြီးလို့အမည်ထွက်နေတဲ့ ဆံနီဖာလားအမျိုးသမီး "မေရီအမီနော့ဖ်" ခေါ် "ဂျင်ဂျာ" ဆိုတဲ့သူရဲ့အိမ်ကို ညညတိုင်းတံခါးသွားခေါက်ကြပါတယ်။ အစကတည်းက "တစ်ခါခေါက်ရင်စုန်းမကြီးနိုး၊ နှစ်ခါခေါက်ရင်စုန်းမကြီးကိုယ့်နောက်လိုက်လာမယ်" လို့ နာမည်ကြီးနေတဲ့အိမ်ကိုမှ သွားစခဲ့ကြတဲ့ကလေးတစ်သိုက်ဟာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ်။ တံခါးကိုခေါက်ပြီး နောက်နေ့ကျမှာပဲ ...
movie

Don’t Knock Twice (2016)

Belphegor, Phantom of the Louvre (2001)
Belphegor, Phantom of the Louvre (2001)  မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်း‌တွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie

Belphegor, Phantom of the Louvre (2001)

The Immortal (2018) 6.7
The Immortal (2018)  The Immortal (2018) ==================IMDb - 6.7/10ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ်​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ်မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် ...
movie

The Immortal (2018)

Forest of Death (2023) 4.8
Forest of Death (2023) Forest of Death (2023)===============ဇာတ်လမ်းအကျဉ်း - Deanနဲ့Samရဲဲ့Supernaturalကြည့်ဖူးသူဆိုရင် ၀င်ဒီဂိုဆိုတဲ့မကောင်းဆိုးဝါးနဲ့ စိမ်းမယ်မထင်ပါဘူး။ အသွင်ပြောင်းနိုင်ကောင်တွေဖြစ်ပြီး လူတွေရဲ့အသံကိုတုပပြီး ရုပ်ကိုလည်းပုံစံတူအောင်လုပ်နိုင်ကြတဲ့ကောင်တွေပါ။ဒီကားထဲမှာဆိုရင် သူငယ်ချင်းလေးယောက် တောအုပ်ဘေးက သစ်သားအိမ်လေးကို ပိတ်ရက်အပန်းဖြေဖို့လာရင်း ၀င်ဒီဂိုရဲ့ သားကောင်ဖြစ်သွားကြပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။ဒီကားလေးက horror/thrillerဖန်တွေအကြား ခရမ်းချဉ်သီးပုပ် ၁၀၀အပြည့်ရထားတဲ့အတွက် ကြိုက်သူ မကြိုက်သူတွေ ဝေဖန်မှုအများဆုံးကားတွေထဲကတစ်ကားပါ။ဇာတ်ကားပေါ်မှာ တစ်ယောက်ချင်းစီရဲ့ခံစားမှုအရသာကလည်း မတူညီနိုင်တဲ့အတွက် ကောင်းလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုဆုံးဖြတ်ပေးကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Soe Thiri Swe ပါ )File size_(500MB) Quality_Blu-Ray 720p Format_mp4 Duration_01:05:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe
movie

Forest of Death (2023)

Cursed (2005)
Cursed (2005)  Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ်အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ...ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်...Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.7 GB)/(899 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, ...
movie

Cursed (2005)

Axegrinder 666 (2023)
Axegrinder 666 (2023) Axe Grinder 666 (2023)ပုဆိန်နဲ့ ခုတ်သတ်တာတို့ လွှစက်နဲ့ ဖြတ်တာတို့ လိုမျိုး ပက်ပက်စက်စက်သတ်ပြမှာဆိုပေမဲ့ ရွံ့စရာကောင်းလောက်အောင်အကုန်တော့မပြပါဘူး ကြောက်တတ် ရွံတတ်သူများ မကြည့်သင့်တဲ့ကားပါ တူတူအော်မဲ့ သူငယ်ချင်းတွေ စုကြည့်မယ်ဆိုရင်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ လူတွေကို ပက်ပက်စက်စက်သတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဖရက်ဒီပါးမာဆိုတဲ့ ဆိုက်ကိုလူသတ်သမားကို ပြန်လည်နိုးထလာအောင် မိန်းမတစ်ယောက်က ပြန်ခေါ်လိုက်တာကနေစတာပါ သူငယ်ချင်းတွေ ထုံးစံအတိုင်းပျော်ပွဲစား ထွက်ရာကနေ ဘဲပူမိနေတဲ့ ကောင်မလေးနဲ့ သူ့သူငယ်ချင်းကိုတွဲသွားတဲ့ သူ့ရည်းစားဟောင်းတို့ ကမ်းခြေမှာ ဆုံကြတော့ စကားများရန်ဖြစ်ကြပါလေရော ဒါကိုဘေးကသူငယ်ချင်းတွေက ဝိုင်းဆွဲပြီးတော့ ကိုယ့်ကိစ္စနဲ့ကို ထွက်သွားကြပါလေရော အဲ့မှာ ဖရက်ဒီပါမားကြီးက တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်တာကို ရင်သတ်ရှမော ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘယ်သူတွေ သေမလဲ ဘယ်သူတွေ အသက်ရှင်ကျန်ခဲ့မလဲဆိုတာကတော့.... စကားလုံး ကြမ်းကြမ်းတွေနဲ့ 18+ ခန်းတွေပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး ဒါမျိုးမှ ကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ ရှယ်ပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.6GB | 939MB Format… ...
movie

Axegrinder 666 (2023)

2023
Immaculate (2024) 6.3
Immaculate (2024) Immaculate (2024)IMDb Rating (6.3) / Rotten Tomatoes (70%)Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းImmaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို့ အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ အပျိုစင်အစစ်ကနေ ကိုယ်ဝန်ရှိလာတာဖြစ်ကြောင်း နည်းမျိုးစုံ စစ်ဆေးအပြီးမှာ ဘုရားကျောင်းတစ်ခုလုံးက ဆယ်စီလီရာဟာ ခရစ်တော်ကို ...
movie

Immaculate (2024)

4K HEVC
Last Night at Terrace Lanes (2024)
Last Night at Terrace Lanes (2024)  ဒီနှစ်​မှထွက်ရှိထားတဲ့ ဇာတ်​ကား​ဖြစ်ပြီး Comedy/Horror အမျိုး​အစား​ဖြစ်​ပါတယ်။ အဆောက်အဦး​တစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်​မြောက်​ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုး​အစား​လို့​ပြောလည်းရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်​ဖြန်ဆိုရင်​ အပြီးပိတ်​သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံ​ကြီးမှာ နောက်​ဆုံး​ညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့​နဲ့အတူ ယောက်ျား​လေး​သူငယ်ချင်း​နှစ်ယောက်​လည်း​ပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာ​ရှင်​ Bruce ကလည်း​ ဒီရုံ​ကြီးမှာ​ပဲ​အလုပ်​လုပ်​နေသူဖြစ်ပါတယ်။ အဲဒီ​ညမှာ​ပဲ အစွန်း​ရောက်အယူဝါဒ​ဂိုဏ်း​တစ်ခုက ဘိုး​လင်း​ရုံ​ကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့​နှစ်ယောက်သား အကြမ်း​ဖက်​တွေလက်ထဲက လွတ်​မြောက်​ဖို့​ကြိုး​စား​ရပုံကို ဟာသ​နှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ပေါ့​ပေါ့ပါး​ပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်​ပေမဲ့​သွေးထွက်သံယိုတွေ ဆိုး​ဆိုး​ဝါးဝါးမပါတာကြောင့် လူတိုင်း​ကြည့်​ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller​ ကိုမှ​ Comedy အနည်းငယ်​ရောထားတဲ့ ဇာတ်လမ်း​မျိုး​ကြိုက်​နှစ်သက်​သူတွေ​ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(1.7 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre...Comedy, Horror, Thriller Subtitle….Myanmar ...
movie

Last Night at Terrace Lanes (2024)

Kultus Iblis (2023) 5.9
Kultus Iblis (2023) Kultus Iblis (2023)2023 တုန်းကထွက်ရှိထားခဲ့တဲ့ အင်ဒိုနီးရှား Horror ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ Horror ကားတွေ ထွက်ခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေ ထပ်လာပြီး Jump Scare အခန်းတွေကိုတောင် လူတွေက မကြောက်ကြတော့ပါဘူး။ နောက်ပိုင်းထွက်လာတဲ့ Horror ကားတွေမှာတော့ ကြောက်အောင်ခြောက်တာထက် တွေးရင်းကြောက်လာအောင် လုပ်တဲ့ Horror ကားပုံစံတွေ ပိုပြီးအရိုက်များလာကြပါတယ်။ ဒီလိုမျိုး Thriller/Horror ကားမျိုးတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ကြဖို့ ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ နှစ်ယောက်ရှိပါတယ်။ တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ တိုက်တစ်ခုလုံးလဲ သွေးတွေနဲ့ပေပွနေပါတယ်။ ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာ သူတို့ဗလီဆရာက ဒါကအောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ ဒါပေမဲ့ ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။ ဒါပေမဲ့ အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ ဒါနဲ့ပဲ သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ကြရာကနေ အရင်က သူတို့အဖေရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ အမှာစကားကိုတွေ့သွားပြီး သူတို့အဖေက ဘာလို့သူ့ငယ်ဘဝကို ဖုံးကွယ်ထားတာလဲ သူကအောက်လမ်းပညာကို ...
movie

Kultus Iblis (2023)

2023
The Red Tide Massacre (2022) 5
The Red Tide Massacre (2022)  ဒီရေနီဆိုတာကတော့ ပင်လယ်ကမ်းခြေတွေမှာ ရေကိုတောင်အရောင်ပြောင်းစေပြီး ရေနေသတ္တဝါတွေ၊ လူသားတွေအတွက်ပါ အန္တရာယ်ဖြစ်စေလောက်တဲ့ ရေညှိတွေ အဆမတန်များပြားလာတဲ့ဖြစ်စဉ်ပါ။ ဒီကားကတော့ အဲဒီရေညှိတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ဖလော်ရီဒါမှာ ဒီရေညှိပြဿနာကိုကြုံတွေ့နေရတဲ့အပြင် အယ်လ်ဒေးဗစ်ဆိုတဲ့ အကျဉ်းသားလူသတ်သမားတစ်ယောက်ကလည်း လွတ်သွားပါသေးတယ်။ ကမ်းခြေတွေလည်းပိတ်ထားရပြီး အကုန်ခြောက်ကပ်နေတာပေါ့။ ရဲမှူးဖူလာတို့သားအဖရယ်၊ လော့စ်အိန်ဂျလိစ်ကနေ ဒီကိုပြောင်းလာတဲ့ သတင်းထောက်မလေးရီယိုလီရယ်၊ ရေညှိအကြောင်းသုတေသနလုပ်နေတဲ့ မင်းသားသူငယ်ချင်းတွေရယ်က သူတို့ရဲ့ဖလော်ရီဒါမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ကြတဲ့ဇာတ်လမ်းပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by June
movie

The Red Tide Massacre (2022)

The Vourdalak (2023) 5.8
The Vourdalak (2023)  တာ့ခ်သူပုန်တွေကြီးစိုးတဲ့ကာလမှာ ပြင်သစ်ဘုရင်ရဲ့ သံတမန်တစ်ယောက် ထူးဆန်းတဲ့တောထဲမှာ ဓားပြတိုက်ခံရပါတော့တယ်။ သူ့ရဲ့အစောင့်တွေရော သူ့ရဲ့မြင်းပါ ပါသွားတဲ့အတွက် အီအာဖီမှူးမတ်လေးကတော့ အကူအညီတောင်းဖို့ပဲရှိပါတော့တယ်။ ဒါပေမဲ့ သူစတွေ့ခဲ့တဲ့သူကတော့ သူ့ကိုမကူညီပေးဘဲ ဂိုချာဆိုတဲ့သူက သူ့ကိုကူညီနိုင်တယ်ဆိုပြီး ဂိုချာဆီသွားဖို့ လမ်းညွှန်ရင်း သူနားမလည်နိုင်တဲ့ စကားတချို့ ထပ်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အတွေးစစ်ခင်းရင်းနဲ့ပဲ ဒီအာဖီတစ်ယောက် ဂိုချာအိမ်ကိုရောက်သွားပါတော့တယ်။သူဂိုချာအိမ်ကိုရောက်သွားချိန်မှာတော့ ဂိုချာရဲ့သားသမီးတွေနဲ့တွေ့ချိန်မှာ သူ့ကို ဂိုချာနဲ့မိတ်ဆက်ပေးဖို့လုပ်ပေမဲ့ ဂိုချာကတော့ အဲဒီနယ်တစ်ဝိုက်မှာ ထကြွနေတဲ့ သူပုန်ခေါင်းဆောင်ကို နှိမ်နင်းဖို့ ထွက်သွားခဲ့ပြီး ၆ ရက်ပြည့်လို့ သူပြန်မလာရင် သူဟာကျိန်စာသင့်ဗိုဒါလက်ဖြစ်သွားပြီမလို့ သူဘာပြောပြော တံခါးဖွင့်မပေးဖို့ စာထဲမှာခဲ့ပါတယ်။ဒါပေမဲ့ ဂိုချာရဲ့သားအကြီးဆုံးကတော့ စာထဲမှာပါတာကိုနားမထောင်ဘဲနဲ့ ‌၆ ရက်ပြည့်တဲ့မနက် ၆ နာရီမှာ တောစပ်မှာလဲကျနေတဲ့သူ့အဖေကို မရမက ခေါ်လာခဲ့တဲ့အခါ...ဒီဗိုဒါလက်ဆိုတာ ဘာများဖြစ်မလဲ။ အစ်ကိုကြီးဖြစ်သူက ခေါင်းမာပြီး အဖေအမှတ်နဲ့ခေါ်လာတဲ့သူကရော ဒီမိသားစုကို ဘယ်လိုဘေးဒုက္ခတွေ သယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး File size…(1.4 GB)/(620 Mb) Quality….Webrip ...
movie

The Vourdalak (2023)

The Woods Are Real (2024)
The Woods Are Real (2024)  ဂျိုဘာနဲ့ ကွင်စီတို့ စုံတွဲဟာ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာကြတဲ့ သူတွေဖြစ်ကြပြီး သူတို့အမွေဆက်ခံရမဲ့ စီးပွားရေးလုပ်ငန်းကလည်း အသင့်ရှိနေပြီးသားပါ၊ ကလေးယူဖို့ ကြိုးစားနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်လာကြတာဆိုပေမဲ့ ပိုက်ဆံကို အလကားဖြုန်းနေကြတဲ့လူမျိုးတွေမဟုတ်ပဲ ၊ ဖောင်ဒေးရှင်းတွေ ပရဟိပွဲတွေနဲ့ အလှူအတန်းအမြဲလုပ်နေဖို့ပဲ စိတ်အားထက်သန်ကြသူတွေပါ။ တစ်နေ့မှာတော့ သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ ကေလဘ်က တောတွင်းကအိမ်လေးကို ဝတ်ပြုခရီးသွားတယ်ဆိုပြီး ပြောလာတာကြောင့် သူတို့ရဲ့ ညစ်ညမ်းနေတဲ့နှလုံးသားတွေကို ပြောင်းလဲဖို့ တောတွင်းအိမ်လေးကိုသွားနေကြရင် သူတို့ဘဝကိုပြောင်းလဲစေမဲ့ ဖြစ်ရပ်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(630 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

The Woods Are Real (2024)

Marita (2023) 7.4
Marita (2023) ဖိလစ်ပိုင်ရဲ့ဂုဏ်သတင်းအကြီးဆုံး နာမည်အကျော်ဆုံး တက္ကသိုလ်တစ်ခုရဲ့ပြဇာတ်ရုံထဲမှာ မာရီတာ ဆိုတဲ့ မင်းသမီးတစ်လက်ရှိခဲ့ဖူးပါတယ်။မာရီတာဟာ လှပသလို ပညာရပ်မှာကြွယ်၀တဲ့အတွက် သူပဲအမြဲတမ်းခေါင်းဆောင်၊ သူကသာ ကြယ်တစ်ပွင့်အဖြစ် အားလုံးလက်ခုပ်တီးအားပေးရတဲ့ ကာလတစ်ခုကို နှစ်ရှည်လများပိုင်ဆိုင်ခဲ့ဖူးပါတယ်။ဒါပေမယ့်လည်း အချိန်တွေတဖြည်းဖြည်းပြောင်းလာ ကာလတွေပြောင်းလာတဲ့နောက် ပိုပြီးအရည်အချင်းပြည့်၀သလို ပိုပြီးနုငယ်လှပတဲ့ လူငယ်လူသစ်တွေ သူတို့လောက ကိုဝင်ရောက်လာတဲ့နောက် သူ့နေရာကိုအစားထိုးခံလိုက်ရတဲ့အချိန်မှာတော့ မာရီတာတစ်ယောက် အဆုံးစွန်အထိပေါက်ကွဲခဲ့ပါတော့တယ်။သူ့နေရာကို အစားထိုးမယ့် ပြဇာတ်မင်းသမီးထက် ပိုပြီး နာမည်ကြီးမယ့်နေရာကို သူဝင်ယူလိုက်ပုံကတော့ စတိတ်စင်ပေါ်၊ ပရိသတ်ရှေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တာပါပဲ။နောက်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ သူ့ဇာတ်ကြောင်းဟာပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်နေခဲ့ပါပြီ။အဲ့ဒါတွေကို မယုံကြည်တဲ့ ကျောင်းအုပ်အသစ်၊ပြဇာတ်အဖွဲ့ဝင်အသစ်တွေနဲ့ သူတစ်ချိန်က ကြီးစိုးခဲ့တဲ့ ပြဇာတ်ရုံကိုပြန်အသက်သွင်းဖို့ကြိုးစားတဲ့အချိန်မှာ မာရီတာ ဘယ်လိုတုန့်ပြန်မှာလဲ?မာရီတာဟာ တကယ်ပဲ အဲ့ဒီဇာတ်ရုံထဲမှာရှိနေဆဲလား? ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Marita (2023)

The Mystery of Jade ( 2024 ) 5.8
The Mystery of Jade ( 2024 ) မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက " စုန့်တိုင်းပြည်ကြီးပျက်တော့မည်" ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ...... ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ......အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ...... လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Mystery of Jade ( 2024 )

Parasyte: Part 2 (2015) 6.5
Parasyte: Part 2 (2015) Parasyte 2 : Kiseijū Kanketsu-hen (2015) IMDb - 6.5 / RT (73%) Parasyte ဟာ Iwaaki Hitoshi ရဲ့ ၁၉၈၈ခုနှစ်ကနေ ၁၉၉၅ခုနှစ်ထိ အခန်းဆက်ရေးသားခဲ့တဲ့ Sci-fi horror မန်ဂဇာတ်လမ်းတွဲဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ထူးခြားတဲ့တင်ပြပုံနဲ့ body horror ကို အသားပေးဖော်ပြမှုကြောင့်နာမည်ကြီးတဲ့ မန်ဂဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့မှုကြောင့် အမေရိက နဲ့ နိုင်ငံတကာမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာတော့ ဇာတ်ခုံပေါ်တစ်ဖန်ပြန်တက်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ TOHO ကနေ အပိုင်း၂ပိုင်းပါဝင်တဲ့ Live-action ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရုံတင်ဖို့ ကြေညာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်ထဲမှာပဲ MADHOUSE စတူဒီယိုကနေ ရိုက်ကူးတဲ့ Anime ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။ အစကတော့ ၂၀၀၅ခုနှစ်ကတည်းက ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးဖို့ဝယ်ယူထားတာက ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်တဲ့ New Line Cinema ဖြစ်ပေမယ့် ...
movie

Parasyte: Part 2 (2015)

Parasyte: Part 1 (2014) 6.9
Parasyte: Part 1 (2014) Parasyte 1: Kiseijuu (2014) IMDb - 6.9 / RT (73%) Parasyte ဟာ Iwaaki Hitoshi ရဲ့ ၁၉၈၈ခုနှစ်ကနေ ၁၉၉၅ခုနှစ်ထိ အခန်းဆက်ရေးသားခဲ့တဲ့ Sci-fi horror မန်ဂဇာတ်လမ်းတွဲဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ထူးခြားတဲ့တင်ပြပုံနဲ့ body horror ကို အသားပေးဖော်ပြမှုကြောင့်နာမည်ကြီးတဲ့ မန်ဂဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့မှုကြောင့် အမေရိက နဲ့ နိုင်ငံတကာမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာတော့ ဇာတ်ခုံပေါ်တစ်ဖန်ပြန်တက်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ TOHO ကနေ အပိုင်း၂ပိုင်းပါဝင်တဲ့ Live-action ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရုံတင်ဖို့ ကြေညာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်ထဲမှာပဲ MADHOUSE စတူဒီယိုကနေ ရိုက်ကူးတဲ့ Anime ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။ အစကတော့ ၂၀၀၅ခုနှစ်ကတည်းက ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးဖို့ဝယ်ယူထားတာက ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်တဲ့ New Line Cinema ဖြစ်ပေမယ့် မရိုက်ဖြစ်လိုက်ရပဲ ၂၀၁၃ခုနှစ်ထဲမှာ ...
movie

Parasyte: Part 1 (2014)

Monster Mash ( 2024 ) 5.8
Monster Mash ( 2024 ) ဒီရုပ်ရှင်ဟာဆိုရင်တော့ ဒရက်ကူလာ၊ ကိုယ်ပျောက်လူသား၊ မံမီ၊ သမန်းဝံပုလွေ၊ ဖရန်ကင်စတိုင်း၊ အစရှိတဲ့ ဒဏ္ဍာရီတွင်တဲ့ သတ္တဝါကြီးတွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ပေါင်းထားတာပါ။ Hotel Transylvania ရုပ်ရှင်ထဲကလိုမျိုးပါပဲ။ Tom Cruise ရဲ့ The Mummy ရုပ်ရှင်နဲ့အစပြုလို့ Universal Studio ကနေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ Dark Universe ရဲ့ ဖြစ်လာသင့်တဲ့ ပုံစံမျိုးလို့ ပြောရမှာပါ။ဒါပေမယ့် ဒါကတော့ low budget အမျိုးအစားဖြစ်လို့ တချို့နေရာတွေမှာ လိုအပ်ချက်တော့ ရှိနေမှာပါ။ အတည်ပေါက်လုပ်ထားပေမယ့် တချို့ ကြောင်တောင်တောင် အကွက်တွေ ပါနေတာမျိုးကိုတော့ သည်းခံကြည့်ရမှာပါ။ ဒါပေမယ့် ရှေးဟောင်းစတိုင် Horror ရှပ်ရှင်ပုံစံမျိုး ရိုက်ကူးထားတာမို့ ကြည့်ရတာ တော့ တစ်မျိုးဆန်းနေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒယ်ဝုဒ်ရွာလေးရဲ့ တစ်နေရာတွေဆီမှာ ဒရက်ကူလာ၊ မံမီ၊ သမန်းဝံပုလွေနဲ့ ကိုယ်ပျောက်လူသားတို့ဟာ အသီးသီး လူသားတွေနဲ့ ဝေးရာမှာ ပုန်းကွယ်ကြီးနေကြပါတယ်။ ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ သတ္တဝါကြီးဟာ ဒရက်ကူလာရဲ့ သမီး အယ်လီဆာဘက်တာ့ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဖရန်ကင်စတိုင်းဟာ အဲမှာတင် ရပ်မနေဘဲ ...
movie

Monster Mash ( 2024 )

Death Whisperer / Tee Yod (2024) 6.6
Death Whisperer / Tee Yod (2024) Tee Yod / Death Whisperer (2024)Thai horrorတွေထဲမှာ ထူးထူးခြားခြား IMAX certified cameraနဲ့ ရှယ်ရိုက်ကူးထားတဲ့first thai imax horrorဖြစ်တဲ့အပြင် lead castကိုကြည့်ရင်လည်း acting တစ်ပေါက် ရှမ်းရှမ်းတောက်တဲ့ Nadech နဲ့ပွဲထွက်လာတဲ့ Death Whispererမနှစ်ထဲက တနုံ့နုံ့နဲ့ OTTတက်ဖို့ မျှော်ခဲ့ရ၊ ရုံမှာကြည့်တဲ့သူတွေရဲ့ အညွှန်းအတိုအစလေးတွေနဲ့ စိတ်ကူးပဲယဉ်နိုင်ခဲ့တဲ့သူထဲ စီအမ်ပရိသတ်တွေပါခဲ့မယ်ဆိုရင် ခုပဲကြည့်ရှုခံစားလိုက်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ဖြစ်ရပ်မှန်လိုလို ဘာလိုလိုပြောနေကြပေမဲ့ သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်းရာကနေ websiteမှာ ပို့စ်အနေနဲ့တက်လာပြီး လူသိများလာတဲ့ဒီဇာတ်လမ်းလေးက ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းနေလို့လဲ။ B.O စံချိန်တွေဘာတွေချိုးတဲ့အထိ အထာကျတဲ့ရုပ်ရှင်ကလည်းဖြစ် Sequel လည်းလာဖို့ရှိတော့ Thai horror fanမှန်ရင်တော့ လက်မလွှတ်တမ်းကြည့်သင့်ပါကြောင်း ပြောရင်းနဲ့ပဲ ဇာတ်လမ်းကိုဆက်လိုက်ရအောင်ပါ။ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။ အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။ဒီရွာလေးမှာ သမီး ၃ ...
movie

Death Whisperer / Tee Yod (2024)

2024