Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
7.1
Mr. Vampire 3 (1987)
တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ဓားပြတွေ တာ့ပေါင်ကို ...
movie
Mr. Vampire 3 (1987)
5.9
Mr. Vampire 2 ( 1986 )
တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Mr. Vampire 2 ( 1986 )
1986
The Void (2016)
ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။ File size…(1.1 GB)/(527 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Mystery, Horror, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The Void (2016)
Cocaine Crabs From Outer Space (2022)
အခြားဂြိုဟ်ကနေရောက်လာတဲ့ကဏာန်းနှစ်ကောင်ကို ကမ္ဘာမြေပေါ်ကလူငယ်နှစ်ယောက်က လက်တည့်စမ်းပြီး မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ကိုကင်းတွေကျွေးလိုက်ပါတယ် ထိုဂဏန်းနှစ်ကောင်လည်းဆေးကွဲပြီး အသားကုန်ပတ်မွှေပြီးသောင်းကျန်းပါတော့တယ် အဲ့ကဏာန်းနှစ်ကောင်က အဖြူရောင်ရှိတဲ့အမှုန့်မှန်သမျှကို"ကိုကင်း"တွေလို့ထင်မှတ်သွားပြီး "ကိုကင်း"ရှူချင်တာကြောင့် လူတွေသတ်တဲ့အထိဖြစ်လာပါတော့တယ် ထိုအခြေအနေကို စုံထောက်ကြီး"ရိစ်"ကဝင်ရောက်ဖြေရှင်းပေးရပါတော့တယ်ဒီဇာတ်ကားဟာ budgetဇာတ်ကားဖြစ်တာကြောင့် ရိုက်ချက်တွေမှာ အခြားကားတွေလို အသက်ဝင်နေတဲ့ဂဏန်းတွေ CGI တွေ တွေ့ရမှာမဟုတ်ပါဘူး horror ကားကိုမှ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ အပျင်းပြေလောက်ပဲကြည့်လို့ကောင်းမယ့်ဇာတ်ကားပါ File size…(1.6 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie
Cocaine Crabs From Outer Space (2022)
5.9
Arcadian (2024)
နစ်ကလက်ကေ့ ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလည်း ပေါကားမဟုတ်ပါဘူး။ သူ့ကားတွေက အခုနောက်ပိုင်း နည်းနည်းချင်း ပြန်ကောင်းလာတာတော့ တွေ့နေရပါပြီ။ IT ရုပ်ရှင်ထဲက မင်းသား Jaeden Martell က နစ်ရဲ့ သားအဖြစ်ပါဝင်ထားပါတယ်။ အက်ရှင် ဟော်ရာ အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို တည်ထားတာပါပဲ။ ကမ္ဘာဘာလို့ပျက်လဲ မပြဘဲ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်စု ဆက်အသက်ရှင်ဖို့ ကြိုးစားပုံကိုပြတဲ့အမျိုးအစားပါပဲ။ နစ်ဟာ သားနှစ်ယောက်နဲ့အတူ အိမ်တစ်လုံးမှာနေတယ်။ လူနည်းစုလေးတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ့်ခြံနဲ့ကိုယ် အသက်ရှင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အတွက် အန္တရာယ်ကတော့ ညတိုင်း အိမ်တွေထဲကို အတင်းဝင်ဖို့ ကြိုးစားတဲ့ သတ္တဝါကြီးတွေပါပဲ။ မှောင်တာနဲ့ ကိုယ့်အိမ်ကိုယ် အချိန်မီပြန်ပြီး အိမ်ကို အမြဲလုံနေအောင် နေကြရတာပါ။ ဒါပေမဲ့ နစ်ရဲ့ သားအကြီးကောင်က အခြားခြံက ကောင်မလေးကို ဖွန်အကြောင်လွန်ပြီး ညဘက်နောက်ကျသွားတဲ့အခါ လမ်းမှာပိတ်မိသွားပါတယ်။ ဒါကို နစ်က လိုက်ကယ်ဖို့ကြိုးစားရင်း ...
movie
Arcadian (2024)
7.6
Mr. Vampire ( 1985 )
အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲ စုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေ အကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်..မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရ နှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက် ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာ သိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာ အလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့် သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာ အလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီး သူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲ ဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီး စခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက် ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီး အလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ...
movie
Mr. Vampire ( 1985 )
5.5
The Bad Batch (2016)
ဒီတစ်ခါ cm ပရိသတ်ကြီးကို သာမန်ရုပ်ရှင်တွေကနေကွဲထွက်နေတဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jason Momoa ၊Suki Waterhouse၊ Jim Carrey၊ Keanu Reeves တို့ပါဝင် သရုပ်ဆောင်ထားကြတာပါ။၂၀၁၆ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့ပြီး nomination လေးခုချိတ်နိုင်ခဲ့ပါတယ်။ဇာတ်ကြောင်းက အမေရိကန် တက္ကဆက်ပြည်နယ်အပြင်ဘက် စည်းရိုးခတ်ထားတဲ့ နေရာမှာ တရားမဝင်ခိုးဝင်လာတဲ့ ရာဇဝတ်သားတွေ၊ သူခိုးဂျပိုးတွေကိုတစ်ကျွန်း ပို့သလိုမျိုး ပို့တဲ့ ဘတ်ဘတ်ချ်ဆိုတဲ့နယ်မြေတစ်ခုရှိပါတယ်။ အဲဒီထဲမှာ ဘာဥပဒေဘာစည်းမျဉ်းမှ မရှိဘဲ နိုင်ငံသားအခွင့်ရေးဘာဆိုဘာမှ မရှိပါဘူး။အာလန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာရာဇဝတ်မှုတွေနဲ့ ဘတ်ဘတ်ချ် အမှတ် ၅၀၄၀တက်တူးအထိုးခံရပြီး ဒီပူပြင်းခြောက်သွေ့နေတဲ့ကန္တာရနယ်မြေထဲကို အပို့ခံလိုက်ရပါတယ်။ နယ်မြေထဲရောက်ပြီး မကြာခင်မှာပဲ လူအချင်းချင်း စားသောက်တဲ့ကာနီဘယ် နှစ်ယောက်က ဖမ်းသွားတာ ခံလိုက်ရပြီးဘယ်လက်နဲ့ ခြေထောက်တစ်ချောင်း ဖြတ်ယူ စားသောက်ခံလိုက်ရပါတယ်။ လက်တစ်ချောင်း ခြေတစ်ချောင်းပဲကျန်တဲ့ အာလန်တစ်ယောက် ဒီလူတွေလက်ကဘယ်လိုလွတ်အောင် ပြေးမလဲ။ ဒီနယ်မြေထဲမှာဘယ်လိုလူမျိုးတွေနဲ့ တွေ့ဆုံရဦးမလဲ.....။ File ...
movie
The Bad Batch (2016)
6.6
The Batman vs. Dracula (2005)
The Batman vs. Dracula (2005) ======================= IMDb Rating - 6.6/10Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ပင်ကွင်းလည်း သူများအပြောနဲ့ ...
movie
The Batman vs. Dracula (2005)
2005
7.2
Videodrome (1983)
IMDb rating - 7.2 ရထားပြီး Rotten tomato -83% ထိ ရထားတဲ့ Vidoedrome (1983) ဟာ Horror-SiFi ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး Horror ရုပ်ရှင်တွေရဲ့ဖခင်ကြီးဖြစ်တဲ့ David Cronenberg ရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ခုဖြစ်ပါတယ်၊ Cast တွေအနေနဲ့ကလည်း Once Upon A Time in America, Casino စတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပြီး လက်ရှိ Oscar ဆုရ ရုပ်ရှင်ကြီးဖြစ်တဲ့ Oppenheimer ရဲ့ တွဲဖက် ပရိုဂျူဆာကြီးဖြစ်တဲ့ James Woods က အဓိကဇာတ်ကောင် မက်စ်ရန် အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ရုပ်မြင်သံကြားပရိုဂရမ်တစ်ခုကို ထုတ်လွှင့်နေတဲ့ ပရိုဂျူဆာ မက်စ်ရန်ဟာ ပရိတ်သတ်တွေအတွက် ထူးခြား ကွဲပြားတဲ့ ရသကိုပေးစွမ်းနိုင်ဖို့ လူကြီးဇာတ်လမ်းတွေကိုရှာဖွေရင်းက ဗီဒီရိုဒရုန်းဆိုတဲ့ ထူးဆန်းပြီး စက်ဆုပ်စရာ ဗီဒီယိုဖိုင်တစ်ခုကိုအမှတ်မထင်ကြည့်လိုက်မိရာမှ ...
movie
Videodrome (1983)
6.3
The Good Neighbor (2016)
The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က ...
movie
The Good Neighbor (2016)
7
Vash (2023)
Vash 2023 မာယာရှင်ရဲ့လှည့်ကွက်သိပ္ပံပညာရဲ့တိုးတက်မှုနဲ့အမျှ အရာရာကို သိပ္ပံပညာနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း အထက်လမ်း သရဲ တစ္ဆေ ပရလောက အစရှိသဖြင့် လောကမှာ သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ အများကြီးပါပဲ။ အခုဒီဇာတ်ကားလေးက ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။အာသာဗာက လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအန့်ရှ်နဲ့ သမီးဖြစ်သူအာရ်ယာ ဇနီးဖြစ်သူဘီမာနဲ့ အေးချမ်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပေါ့။ အာသာဗာကတော့ လက်တွေ့သမားပီပီ ဖြစ်ရပ်ဆန်းတွေကို မယုံကြည်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။တစ်နေ့ ချောင်ကျတဲ့ရွာတစ်ရွာမှာ ခရီးထွက်ရင်းဖို့လုပ်ရင်း ပရာတာ့ပ်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံပြီး ပရာတာ့ပ်ရဲ့ကူညီမှု ဖော်ရွေမှုနဲ့ သူတို့မိသားစု ရင်းနှီးသွားကြတော့တာပေါ့။ ဒါပေမဲ့ မိသားစုထဲကို ပရာတာ့ပ်ရောက်လာပြီးတာနဲ့ အာရ်ယာတစ်ယောက် ထူးဆန်းတဲ့အမူအရာတွေပြလာတဲ့အခါမှာတော့...မိသားစုထဲမှာ ပြဿနာဖြစ်လာချိန်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အာသာဗာတစ်ယောက် ပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) File size…1.35GB / 601MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vash (2023)
2023
7.4
The Wailing(2016)
The Wailing(2016)*****************Exhuma 2024 သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie
The Wailing(2016)
5.8
The Zombies ( 2024 )
ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ဒီလိုဒွိဟဖြစ်စရာ ကောလဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ဟိုတုန်းက ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery , Action Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie
The Zombies ( 2024 )
6.3
Disappear Completely (2022)
Santiago ဆိုတဲ့လူဟာ Photographer တစ်ယောက်ဖြစ်ပြီးသတင်းစာတွေရဲ့ရှေ့မျက်နှာမှာပါဝင်ဖို့အမြဲကြိုးစားနေသူတစ်ယောက်ပေါ့...သူဟာ အက်ဆီးဒင့်နဲ့သေတဲ့လူတွေလိုမျိုးပုံပျက်နေတာတွေကိုအဓိကရိုက်လေ့ရှိပါတယ်တစ်နေ့တော့ ကိုယ်ဝန်သည်အမျိုးသမီးသေဆုံးနေတဲ့သတင်းကိုရလို့ ဓာတ်ပုံသွားရိုက်ရင်းကနေ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ပါတော့တယ်အဲဒီလိုနဲ့နောက်ဆုံးမှာတော့..... File size…1.17GB / 678MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie
Disappear Completely (2022)
5.5
Humane (2024)
Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာအသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Humane (2024)
5.7
Happy Ghost 4 (1990)
1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်.. အရှေ့က ၃ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ်ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှဆက်စပ်မှုမရှိပါဘူး. အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်...အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး ဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူးအရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ်လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကို ရောက်ရှိသွားပါတယ် ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကို သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ် ဒါက အပိုင်း ၁ ပါ.. အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ........ ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Happy Ghostရဲ့ကူညီပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့် လက်ရှိဘဝကအားကွေ့ဟာတော်တော်စိတ်ညစ်နေရပါပြီ။ အဲဒါကြောင့် သူ့ရဲ့အရင်ဘဝအစောင့်အရှောက်သရဲHappy Ghostကို အမြန်ထွက်သွားစေချင်နေလှပြီ။ အဲဒီလိုနဲ့အရင်ဘဝကကောင်းမှုတွေ အရမ်းလုပ်ခဲ့တာကြောင့် ဘုရားဖြစ်တော့မှာဖြစ်လို့ထွက်သွားရတော့မယ့်အချိန်မှာမှ မကျွတ်မလွတ်သရဲတစ်ကောင်ကရန်ညှိုးထားပြီး အားကွေ့ရဲ့ကောင်မလေးကိုလိုက်သတ်တဲ့အတွက် ...
movie
Happy Ghost 4 (1990)
1990
5.0
Anak Titipan Setan (2023)
Anak Titipan Setan (2022) ==========================ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ ၂၀၂၂ မှာထွက်ရှိထားပြီး ဂျာရန်ပီနိုရန်နတ်ဆိုး (ခ) မြင်းခေါင်းနတ်ဆိုးအကြောင်းကိုရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖို အင်ဒိုနီးရှားကားခေး Anak Titipan Setan ဆိုတဲ့ကားလေးနဲ့ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းမိခင်ဆာရီတစ်ယောက် ဘာအကြောင်းပြချက်မှမရှိပဲ သားဖြစ်သူ ဇီကာကို ဆုံးရှုံးသွားတဲ့အပြင် ယောကျာ်းဖြစ်သူကပါ သတ်သေသွားတာကြောင့် သူ့ဘဝကို စိတ်ကုန်နေတုန်း ယောက္ခမဖြစ်သူ နတ်ဆိုးဂျာရန်ပီနိုရန်နဲ့ အပေးအယူလုပ်ထားတာကို သိရှိသွားပါတယ်မိမိဥစ္စာချမ်းသာဖို့အတွက် နတ်ဆိုးဆီ ၁၀နှစ်တစ်ခါ မိမိသွေးသားကို ယဇ်ပူဇော်ဆက်သမယ်ဆိုတဲ့ ကတိနဲ့ သဘောတူခဲ့တဲ့ ယောက္ခမအကြောင်းကိုသိသွားပြီးနောက် ဆာရီတစ်ယောက် ယဇ်ပူဇော်ပသလို့မရအောင်နှောင့်ယှက်ပါတော့တယ်ပေးခဲ့တဲ့ ကတိကိုမတည်တဲ့ ဆာ့ရီယောက္ခမ နတ်ဆိုးရဲ့ အသက်နှုတ်ခြင်းကိုခံရပြီးနောက် အငယ်ဆုံးသမီးဖြစ်သူ ပူထရီ အိမ်ကိုပြန်ရောက်လာပါတော့တယ် ပူထရီတစ်ယောက် အိမ်ပြန်ရောက်ပြီးနောက် ဘယ်လိုဖ့စ်ရပ်တွေဆက်ဖြစ်လဲ ဘယ်လိုသည်းထိတ်ရင်ဖိုကြောက်မက်ဖွယ်ရာတွေကိုရင်ဆိုင်ရမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထာသူကတော့ DB ပါ )File size_(600MB) Quality_ 720p Format_mp4 Duration_01:48:00 Genre_ Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB
movie
Anak Titipan Setan (2023)
6.7
4bia (Phobia) 2008
VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်းပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်းအဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့အထီးကျန်ကမ္ဘာ Lonelinessသာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါအဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်းပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charmသိပ်ချစ်ကြတဲ့ ရွှတ်နောက်နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middleနောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီးHorror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်းနားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size… 2.3 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. ...
movie
4bia (Phobia) 2008
2008
6.7
4bia 2 (Phobia 2) 2009
Phobia 2(2009) Phobia 1 အထိုက်အလျောက်အောင်မြင်မှုတွေရပြီးတဲ့နောက်မှာတော့ ပိုမိုဆန်းသစ်တဲ့ဇာတ်လမ်း 5 ခုနဲ့ ထွက်ရှိလာတဲ့ Phobia 2 ပထမတွဲတုန်းက ဒါရိုက်တာတွေအပြင် နောက်ထပ်မံအားဖြည့်ထားတဲ့ဒါရိုက်တာတွေနဲ့ ဆန်းသစ်တဲ့ဘယ်လိုဇာတ်လမ်းတွေချပြလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ သူများကားတွေကို ခဲနဲ့ထုရတာကြိုက်တဲ့ကောင်ဇိုးလေးတစ်ယောက်အဖေ့ကားကိုခဲနဲ့ထုမိလိုက်မိတဲ့ ခေတ်သစ်အဇာတသတ်ရဲ့အဖြစ်ဆိုးကိုရိုက်ကူးထားတဲ့ ရှင်လောင်း Novice ဆယ်ကျော်သက်ပီပီ ဆိုင်ကယ်နဲ့ဒွန့်ရင်းနဲ့ ဆိုင်ကယ်မှောက်ဆေးရုံရောက်ရာက ထူးဆန်းတဲ့လူနဲ့တူတူဆေးရုံတက်ဖို့ဖြစ်လာတဲ့ကောင်လေးအကြောင်း ပုံဖော်ထားတဲ့ Ward ထရပ်ကားတားစီးရာက ငွေညှစ်ခံရပြီးဇွန်ဘီးနဲ့ပါထပ်တိုးတဲ့ခရီးသည်နှစ်ယောက် Backpackers အတိတ်ဆိုးနဲ့ ကားဟောင်းတွေကို အပြုံးချိုချို ဈေးချိုချိုနဲ့ရောင်းနေရင်းမြားဦးက ရောင်းသူဘက်ပြန်လှည့်လာတဲ့တစ်ပတ်ရစ်ကားလေးရဲ့ပုံပြင် Second Hand Car နောက်ဆုံးအနေနဲ့ကတော့ သရဲကားရိုက်ကွင်းတိုင်းမှာဖြစ်နေကြဖြစ်တဲ့သရဲကားရိုက်ရင်း သရဲအစစ်ပါလာတဲ့ In The Endသရဲကားလည်းကြိုက်တယ် အချိန်အကြာကြီးဇာတ်လမ်းတစ်ခုတည်းနဲ့မပျင်းချင်ဘူးဆိုရင်တော့အချိန်တိုတိုနဲ့ ဇာတ်လမ်းစုံစုံ horror vibeခံစားချင်သူတွေအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ ခုပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size… 2.5 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Horror Subtitle…. Myanmar ...
movie
4bia 2 (Phobia 2) 2009
2009
7.0
Strangled (2016)
IMDB - 7Rating ကောင်းမှကြည့်ချင်တဲ့သူတွေအတွက်ဟန်ဂေရီရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ အာကိုရှ်ရယ်တီဟာဖိနပ်စက်ရုံကအမျိုးသမီးတစ်ယောက်နဲ့ညဖက်မှာအတူတူပြန်လာရင်း လမ်းမှာ မုဒိန်းကျင့်သတ်ဖြတ်ခဲ့တယ်ဆိုပြီး အစိုးရရှေ့နေဖက်က ရယ်တီကိုတရားစွဲပါတယ်။နှိပ်စက်မှုဒဏ်တွေ၊ ဝေခွဲမရနိုင်တဲ့အကြောင်းအရာတွေကြောင့်ရယ်တီဟာ သူသတ်ခဲ့ပါတယ်ဆိုပြီးဝန်ခံခဲ့တဲ့အတွက်သေဒဏ်ချမှတ်ခံရပါတယ်။ နောက်ပိုင်းမှာ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် သေဒဏ်ကနေ ထောင်ဒဏ် ၂၅ နှစ်ပြောင်းလဲချမှတ်ပေးခဲ့တယ်။ ရယ်တီထောင်ကျပြီး ၇ နှစ်အကြာမှာ အလားတူလူသတ်မှုတွေပေါ်လာခဲ့တယ်။အမျိုးသမီးတွေတစ်ယောက်ပြီးတစ်ယောက်အသတ်ခံလာရတဲ့အခါ ပြည်သူတွေကြားမှာထိတ်လန့်မှုတွေဖြစ်လာခဲ့တယ်။ လူသတ်သမားရဲ့ သိုသိပ်စေ့စပ်မှုတွေကြောင့်ရဲတွေလည်း သက်သေတောင်ရှာမရဖြစ်နေပါတယ်။အစိုးရရှေ့တစ်ယောက်ဖြစ်တဲ့ ဇိုတန်စီရီမာအီဟာလက်ရှိအမှုတွေဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအမှုနဲ့တစ်စုံတစ်ခုပက်သက်နေတာကိုသိသွားတဲ့အခါမှာတော့..... File size…1.59GB / 760MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 1m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Strangled (2016)
First
14
15
16
17
18
Last
Previous
Next