Channel Myanmar

Horror

Light (2024)
Light (2024)  ပရိသတ်ကြီးအတွက် သည်းထိပ်ရင်ဖို အာကာသ ဇာတ်လမ်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် low-budget ဆိုပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ပျော်မှာပါအနာဂတ်ကာလဂြိုဟ်တွေမှာ လူသားတွေ ရပ်တည်နေထိုင်နိုင်တဲ့အချိန်မှာ အမည်မသိ ဂြိုဟ်တစ်ခုပေါ်မှာ ယာဥ်တစ်စင်းပျက်ကျနေတယ်Tallie ဆိုတဲ့ မိန်းမငယ်လေးက နောက်ထပ်အသက်ရှင်ကျန်သူ Niu ဆိုတဲ့ မိခင်တစ်ယောက် ရှိနေတာကို သိလိုက်တဲ့အခါ မြူဆိုင်းကာ အမှောင်ဖုံးနေတဲ့ နေရာမှာအလင်းရောင်က သူတို့အတွက် အန္တရာယ်ဖြစ်နေတာပါ သိသွားပါတယ်သတ္တဝါတစ်မျိုးက အလင်းရောင်ကို အာရုံခံပြီး တိုက်ခိုက်နေတာပါပဲ... အမှောင်ကနေ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဆုံနိုင်မှာလား Niu ရဲ့ သားလေးကိုရော ရှာတွေ့နိုင်ပါ့မလားနောက်ကွယ်က လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Science Fiction, Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Light (2024)

In Dreams (2023)
In Dreams (2023)  ဒီကားကတော့ Psychological, Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကတော့ အယ်လ်မာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါအခံရှိတာမို့လို့ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးတွေအမြဲသောက်ရတာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့အချိန် တစ်ရက်မှာတော့ သူ့အဖိုးဟာ အသတ်ခံလိုက်ရပါတယ်။ သူ့မိဘတွေမရှိတော့ကတည်းက သူ့ကိုစောင့်ရှောက်ခဲ့တာဟာ အဖိုးပဲရှိတာမို့လို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ပိုပြီးဆိုးရွားလာ‌တာပေါ့။ ဒါ့ကြောင့်ပဲ သူနဲ့ သူ့ရဲ့ခင်ပွန်းဟာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက် ငယ်ဘဝကအမြဲသွားခဲ့တဲ့ ရေကန်ငယ်နားက အိမ်တစ်လုံးကိုအနားယူဖို့သွားပါတယ်။အဲဒီမှာ သူမသိခဲ့တာကတော့ သူ့အဖိုးဆုံးခဲ့ရခြင်းရဲ့ အကြောင်းအရင်းက အဲဒီနေရာအထိကိုလိုက်ပါလာခဲ့တာပါ။ ဒီတော့ ဘာတွေ‌ဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(964 MB)/(434 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

In Dreams (2023)

Monster (2023) 5.0

Monster (2023)

Wishmaster (1997) 5.8
Wishmaster (1997) Genre – Fantasy, Horrorမီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေးဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းကပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာတမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီးကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီးယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကိုဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့်ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကိုမင်းသမီးက ...
movie

Wishmaster (1997)

Wishmaster 2: Evil Never Dies (1999) 5.1
Wishmaster 2: Evil Never Dies (1999) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size…   2 GB / 883 MB Quality… WEB ...
movie

Wishmaster 2: Evil Never Dies (1999)

Wishmaster 3: Beyond the Gates of Hell (2001) 3.5
Wishmaster 3: Beyond the Gates of Hell (2001) Genre – Fantasy, Horrorနတ်ဆိုးကြီးဂျင် သို့မဟုတ် ဆုတောင်းသခင်ကြီးရဲ့ တတိယကား ဖြစ်ပါတယ်။ဒီကားမှာတော့ တက္ကသိုလ်ကျောင်းတစ်ခုတည်းမှာ အခြေခံထားတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကို ကားမီးလောင်ပြီးဆုံးရှုံးထားတဲ့ ကျောင်းသူလေး ဒိုင်ယာနာဟာ ပရော်ဖက်ဆာဖြစ်သူနဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို ဖွင့်ကြည့်ရာကနေထုံးစံအတိုင်း ဂျင်ဟာ နိုးထလာခဲ့ပါတော့တယ်။ ဒီတော့ အရင်ကားတွေအတိုင်းပဲ နိုးထပေးတဲ့လူကိုဆု ၃ ဆု ဖြည့်ပေးမယ်ဆို ကမ္ဘာကို သိမ်းပိုက်နိုင်မှာ ဖြစ်တဲ့အတွက်ဒိုင်ယာနာ့နောက်ကို လိုက်ပြီး ချစ်ခင်တဲ့လူတွေကိုသတ်ဖြတ်ကာ ဆုတောင်း ၃ ခု ပြည့်ဖို့အတွက် ဖိအားလိုက်ပေးတဲ့အခါမှာတော့….။ ဒီကားမှာတော့ ရှေ့ ၂ ကားတုန်းက ဘဲကြီး သရုပ်မဆောင်တော့ပဲနတ်ဆိုးဂျင်နေရာ နောက်တစ်ယောက်ပြောင်းသွားလို့ကြည့်ရတာ ဖီးလ်နည်းနည်းကျဲပါတယ်။ ဇာတ်လမ်းပိုင်းမှာလည်း မဆီမဆိုင်တွေ လျှောက်ထည့်ပြီးတခြားကားတွေကို မမှီတာ တွေ့ရပါတယ်။နောက်ပြီး ဒီကားမှာ ခါတိုင်းလို အသတ်အဖြတ်တွေအပြင်ကိုယ်လုံးတီးခန်းတွေပါ ပါဝင်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျ။ File size…   4.4 GB / 1.3 GB Quality… WEB DL 1080p ...
movie

Wishmaster 3: Beyond the Gates of Hell (2001)

Wishmaster: The Prophecy Fulfilled (2002) 4.0
Wishmaster: The Prophecy Fulfilled (2002) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ၄ ကားမြောက်နဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် ၃ ကားလုံးမှာ မဖြစ်ဖူးတဲ့တတိယမြောက်ဆုတောင်း ပြည့်တဲ့ထိ ပါဝင်တာကို မြင်ရမှာပါ။ဒါပေမဲ့လည်း အခက်အခဲလေးတော့ ရှိနေပါတယ်ဒါကတော့ ဂျင်ဘဲကြီးဟာ ဒီကားထဲမှာ လူသားဆန်လာပြီးကောင်မလေးကို ချစ်ကြိုက်သွားမိခဲ့တာပဲ ဖြစ်ပါတယ်။ ထားပါ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုလီဆာနဲ့ ဆမ်ဆိုတာ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါဒါပေမဲ့ ဆမ်တစ်ယောက် ဆိုင်ကယ်မတော်မဆဖြစ်ပြီးအောက်ပိုင်းသေရာကနေ ဒီအတွဲလေးကအရင်တုန်းကလို ချစ်ဇောဟုန်တွေ မပြင်းထန်တော့ပဲဆမ်လည်း အရက်သမားဖြစ်ပြီး လီဆာတစ်ယောက်ပဲအမှုနိုင်ဖို့ မိတ်ဆွေရှေ့နေ ဗာဒယ်နဲ့အတူ ပူးပေါင်း ကြိုးစားနေပါတယ်။ ပြဿနာတွေမှာ ဒီရှေ့နေလည်း ပါပါတယ်သူကလည်း လီဆာလေးကို အခွင့်ရရင် ရသလို စားချင်နေတဲ့ကြောင်ဖားကြီးပါ တစ်ရက်ကျ ကြောင်ဖာကြီးလုပ်ဖို့လက်ဆောင်ဝယ်ပေးရာကနေ ထုံးစံအတိုင်း ဂျင်ကို နိုးထစေခဲ့ပါတယ်။ ဒီလိုနဲ့ ခါတိုင်းလိုပဲ လူတွေကို ဆန္ဒတွေထုတ်ဖော်ပြဿနာတွေပေးပြီး သူ့မျိုးနွယ်ဂျင်တွေကိုကမ္ဘာပေါ်ခေါ်နိုင်မလား ချစ်မိသွားတဲ့ လူသားမလေးနဲ့အဆင်ပြေအောင်နေမလားဆိုပြီး ဂျင်ဇိုးကြီးတစ်ယောက်ဗြာတွေများပြီး ပြဿနာတက်ရတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးတီးတွေ ...
movie

Wishmaster: The Prophecy Fulfilled (2002)

Sting (2024) 5.8
Sting (2024)  IMDb 5.8 ရရှိထားတဲ့ Sting ရုပ်ရှင်ကတော့Horror ၊ Sci-Fi နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ဧရာမပင့်ကူကြီးရဲ့ခြောက်ခြားစရာအန္တရာယ်ကို ၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက်ကိုအဓိကရိုက်ကူးပြထားတာဖြစ်ပြီး တခြားပင့်ကူကားတွေနဲ့မတူတာကတော့ရင်ထဲအထိရောက်စေတဲ့မိသားစုဒရမ်မာကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************နယူးယောက်စီးတီးရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာကောင်းကင်ကကျလာတဲ့အရာတစ်ခုဟာ အဆောက်အအုံတစ်ခုထဲကို ပြတင်းပေါက်ကနေဝင်ရောက်လာပါတယ်။အဲဒါက ဥတစ်ခုဖြစ်ပြီး အထဲကနေထူးခြားတဲ့ပင့်ကူတစ်ကောင်ပေါက်လာခဲ့ပါတယ်။ ဒီပင့်ကူကို ကာတွန်းတွေကိုစွဲလမ်းနေတဲ့ ၁၂ နှစ်အရွယ်မိန်းကလေးချားလော့တ်ကမွေးထားလိုက်ပါတယ်။ ပထွေးဖြစ်သူအီသန်က သမီးရင်းလိုချစ်ရတဲ့ချားလော့တ်ရဲ့စိတ်ကိုရဖို့အမျိုးမျိုးကြိုးစားနေခဲ့ပေမယ့်ချားလော့တ်ကတော့ အထီးကျန်သလိုခံစားနေရဆဲပါပဲ။ချားလော့တ်ရဲ့အမေနဲ့အီသန်ရဲ့ကလေးငယ်လေးရှိတဲ့အပြင်အလုပ်ကိုယ်စီနဲ့မအားလပ်ဖြစ်နေတဲ့မိဘတွေကြောင့်ချားလော့တ်ဟာ ပင့်ကူကိုသံယောဇဉ်တွယ်ပြီးစတင်းလို့ နာမည်ပေးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ စတင်းရဲ့အလျင်အမြန်အရွယ်အစားကြီးထွားလာပုံကိုလည်းချားလော့တ်က သဘောကျနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့စတင်းရဲ့သွေးကိုစားသုံးလိုစိတ်ဟာ ထိန်းချုပ်မရနိုင်ဖြစ်လာပြီးအိမ်နီးချင်းတွေရဲ့ တိရစ္ဆာန်တွေစတင်ပျောက်ဆုံးလာပါတယ်။နောက်ဆုံးမှာ အိမ်နီးချင်းတွေကိုယ်တိုင်ပျောက်ဆုံးလာပြီးချားလော့တ်နဲ့မိသားစုဝင်တွေဟာ လူသားစားရတာကိုခုံမင်လာတဲ့ဧရာမပင့်ကူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်။  File size…1.77GB / 615MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Sting (2024)

Mean Spirited (2023)
Mean Spirited (2023) Mean Spirited(2022) ================ဇာတ်လမ်းအညွှန်းအန်ဒီတစ် ယောက် Youtube မှာ Mean Spirited ဆိုတဲ့ချန်နယ်တစ်ခု ထောင်ပြီး စ နေတဲ့ဗီဒီယို တွေတင် ပေမယ့် လူအာရုံစိုက်ခြင်း စိတ်ဝင်စားခြင်းကို မခံရဖြစ် နေပါတယ်ကြံရာမရတဲ့အဆုံး ဟောလိဝုဒ်မှာ လျှပ်စစ်လူသားအဖြစ် အောင်မြင် နေတဲ့ ငယ်သူငယ်ချင်း ဘရိုက်စ်ဆီကို သွားဖို စီစဥ်လိုက်ကြပါတယ် ငယ်သူငယ်ချင်းဆို ပေမယ့် ဘရိုက်စ် အောင်မြင်လာပြီး နောက် ဘာလို အန်ဒီနဲ့ သူငယ်ချင်းတစ်စုကိုထားသွားလဲ ဆိုတာ သိချင်တဲ့အတွက် ကြောင်ြ ဘ လော့မှတ်တမ်း လေးရိုက်မယ်ဆိုပြီး အန်ဒီရယ် ဂျူးရယ် တွမ်ရယ် နစ်ကီရယ် ဂျိုအီရယ် သူငယ်ချင်းတစ်စု ဘရိုက်စ် ရှိရာ ပိုကိုနိုပြည်နယ်ကို ပိတ်ရက်ခရီးထွက်လာခဲ့ကြပါတယ်ဘရိုက်စ်ဆီ ရောက်တဲ့ နေ့ကစပြီး လမ်းခရီးမှာတင် အမျိုးမျိုး ခြောက်လှန့်ခံရ ပေမယ့် အစသန်တဲ့အန်ဒီ ကြောင့်လိုပဲ ထင်ခဲ့ကြတာ နေ တဖြည်းဖြည်းစိတမ ...
movie

Mean Spirited (2023)

Trinket Box (2023) 5.0
Trinket Box (2023)  သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင်ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန်ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းကအမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက်ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကိုအခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက်ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါတော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလိုသူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းသူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ်အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာလူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယားနှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်ကအတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကိုလက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရောဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thrillerဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. ...
movie

Trinket Box (2023)

Carousel (2023)
Carousel (2023)  CM ပရိသတ်ကြီးကို ဆွီဒင်စကားပြော Horror ရုပ်ရှင်ကောင်းတစ်ကားဖြစ်တဲ့ Carousel (Karusell) နဲ့ မိတ်ဆက်ပေးချင်ပါတယ်...။ဇာတ်ကြောင်းလစ္စဘတ်အမည်ရ ကစားကွင်း ပန်းခြံကျယ်ကြီးမှာအလုပ်လုပ်တဲ့ ဖီအိုနာတစ်ယောက် တစ်နေ့မှာ ဟောလိုဝင်းအကြိုဖွင့်ပွဲမတိုင်ခင် အစမ်းကစားခွင့် မဲပေါက်တဲ့ အထူးဧည့်သည်တွေကိုညပိုင်းလိုက်လံ ပြသပို့ဆောင်ပေးဖို့ တာဝန်အပေးခံရပါတယ်။ဖြစ်ချင်တော့ မဲပေါက်တဲ့ ဧည့်သည်အုပ်စုက ဖီအိုနာရဲ့ အရင်ကသူငယ်ချင်းဟောင်းတွေ ဖြစ်နေတာပါ။ အရင်က ပါတီတစ်ခုမှာအုပ်စုလိုက် အပျော်လွန်ပြီး သူငယ်ချင်းတစ်ယောက် စိတ်ကြွဆေးအသုံးလွန် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်းအပြစ်တင် ခွာပြဲပြီး အဆက်အသွယ်ပြတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သေဆုံးမှု တစ်နှစ်ပြည့်နေ့မှာတိုက်ဆိုင်စွာနဲ့ သူတို့တွေ အုပ်စုလိုက် ပြန်လည်ဆုံတွေ့မှုမှာဘာတွေ ဆက်ဖြစ်လာဦးမလဲ။ဘယ်လိုထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံကြမလဲဆိုတာ...။ File size…1.37GB / 600MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

Carousel (2023)

Bad Behaviour (2023) 5.0
Bad Behaviour (2023)  Bad Behavior ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်မှာထွက်ခဲ့တဲ့ Dark Comedy, Drama ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်....A Beautiful Mind, Requiem For a Dream စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး A Beautiful Mindဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ မင်းသမီးကြီးJennifer Connelly ရဲ့ အမေနဲ့သမီး ဇာတ်ကားလေးပဲဖြစ်ပါတယ်။Connelly သရုပ်ဆောင်ထားတဲ့ Lucy ဆိုတဲ့ အဓိကဇာတ်ကောင်က သူ့ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ အမေရိကန်ကစိတ်ငြိမ်းချမ်းရေးကုသမှုစခန်းကို ဝင်ရောက်ခဲ့ပါတယ်။အဲဒီစခန်းမှာ သူ့ရဲ့ စိတ်ဒဏ်ရာတွေ အကြောက်တရားတွေကသူမကို ဘယ်လို ဒုက္ခပေးမလဲ သူနဲ့ ဝေးကွာနေတဲ့ စတန့်သရုပ်ဆောင် သူ့သမီးကြားမှာ ဘယ်လိုအဖုအထစ်တွေ ရှိမလဲသူနဲ့သူ့သမီး ပြန်ဆုံတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်....ဒီဇာတ်ကားက ဇာတ်လမ်းဆိုတာထက် ကြည့်တဲ့သူတွေအတွေးတွေနဲ့ မင်းသမီးနေရာမှာ ဝင်ရောက်ခံစားစေမဲ့emotional ဇာတ်ကားတစ်ကားဖြစ်လို့ အတွေးကောင်းကောင်းနဲ့မင်းသမီးရဲ့သရုပ်ဆောင်မှု ကောင်းကောင်းတွေကြားမျှောချင်သူတွေ ကြည့်သင့်ပါကြောင်း အသိပေးလိုက်ပါတယ်... File ...
movie

Bad Behaviour (2023)

Bas Terakhir Malam Raya (2023) 8.7
Bas Terakhir Malam Raya (2023)   Bas Terakhir Malam Raya (  2023 ) ==============================အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။ စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။ ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။  ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။ သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။  ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ...
movie

Bas Terakhir Malam Raya (2023)

Hands of Hell (2023)
Hands of Hell (2023)  ဒီ "Hands of Hell" ဆိုတဲ့ ဇာတ်ကားကတော့ အမေရိကန်နိုင်ငံရဲ့ Texas မြို့အရှေ့ဘက်မှာ ဇာတ်လမ်းတည်ထားပါတယ်။စိတ်ကျန်းမာရေးဆေးရုံကနေ စိတ္တဇလူသတ်သမားနှစ်ဦးလွတ်လာတဲ့အခါ Texas မြို့ လူသူနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုမှာ အပန်းဖြေခရီး ထွက်လာကြတဲ့ လူငယ်တစ်စုနဲ့ ထိုလူသတ်သမားနှစ်ဦး တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီလူငယ်တစ်စုက ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသတ်သမားနှစ်ဦးကဘဲ အနိုင်ရသွားမလား။ဒီလူငယ်တစ်စုပဲ လွတ်မြောက်သွားမလား စိတ်လှုပ်ရှားစရာ ကြည့်ရမယ့်ဇာတ်ကားမျိုးဘဲဖြစ်ပါတယ်။ Horror film ပုံစံမျိုးဖြစ်တဲ့အတွက် Weekend လိုမျိုးမှာ ကြည့်ဖို့သင့်တော်တဲ့ movie တစ်ခုပဲဖြစ်ပါတယ်။ File size…(1.3 GB)/(530 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Phoo
movie

Hands of Hell (2023)

(18+) Piglady (2023)
(18+) Piglady (2023)  ဟော်ရာရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအတွဲနှစ်တွဲက ခရစ်စမတ်မှာ ခရီးထွက် အနားယူအပန်းဖြေကြဖို့ လူသူအရောက်အပေါက်နည်းတဲ့ သစ်တောထဲက သစ်လုံးအိမ်လေးတစ်ခုကို ထွက်လာခဲ့ကြပါတယ်။ ဒီသစ်လုံးအိမ်လေးက သစ်တောထဲက တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတာပါ။ဒီသူငယ်ချင်းတစ်စုဟာ သစ်လုံးအိမ်မှာနေရင်း တစ်ရက်မှာတော့ အနီးနားက ၀က်မွေးတဲ့မိန်းမကြီးဆီမှာ ၀က်သား၀ယ်မိလိုက်ပါတယ်။ သူတို့မသိလိုက်တာကတော့ ဒီ၀က်မွေးတဲ့မိန်းမကြီးက သာမန်မိန်းမကြီးမဟုတ်တာကိုပါ။ ဒီလိုနဲ့ သစ်လုံးအိမ်မှာ ဒချိဖို့ရောက်လာကြတဲ့ဒီအတွဲနှစ်တွဲဟာ မထင်မှတ်ထားတဲ့ကံဆိုးမှုတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့...ညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ ရိုက်ချက်တွေပါ၀င်တာကြောင့် ၁၈ နှစ်အောက်ကြည့်ဖို့မသင့်ပါဘူး။ File size…(1.8 GB)/(928 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Horror, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

(18+) Piglady (2023)

New Life (2024)
New Life (2024)  သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica -- သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ်သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် - တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်...ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ File size…(1.1 GB)/(562 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Science Fiction, Horror, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

New Life (2024)

Murdercise (2023)
Murdercise (2023)  ဇာတ်ကားရဲ့‌စပိုင်းမှာတော့ The Skid Row Strangler ဆိုတဲ့လူသတ်သမား၂ယောက်ကမိန်းကလေးတွေကိုလိုက်သတ်တဲ့ပုံစံမျိုးနဲ့စထားပါတယ်၊အဲဒီနောက်မှာတော့နောက်ထပ်လူသတ်မားတယောက်ပေါ်လာစေမယ့် Gino ပိုင်ဆိုင်တဲ့စတူဒီယိုကဇာတ်ဝင်ခန်းတွေကိုကြည့်ရှုရမှာပါ၊Phoebe ဆိုတဲ့ကောင်မလေးအပါဝင်တခြားကောင်မလေးတွေက ကျန်းမာရေးအသိပေးဗီဒီယိုလေးရိုက်နေကြတာပါ၊Phoebe ဟာအားလုံးဆီမှာအနှိမ်ခံရသူဖြစ်ပြီး သူဖြစ်ချင်တာနဲ့ဖြစ်နေတာတွေမတူလို့စိတ်ညစ်နေရပါတယ်၊အဲဒီနောက်မှာ Video ထုတ်လုပ်သူရဲ့သမီးဖြစ်သူ Isabella ရောက်လာပြီး Phoebe နဲ့စကားပြောဖြစ်ကြရာကနေ Isabella ပေးတဲ့အကြံတွေကို Phoebe တယောက် တလွဲတွေအဓိပ္ပာယ်ကောက်ရာကနေမှ Phoebe တယောက်လူတွေသတ်ပါတော့တယ်၊ဇာတ်လမ်းအစက လူသတ်သမား၂ယောက်ကကော ဒီကိစ္စနဲ့ဘာတွေဆက်စပ်မှုရှိနေတာလဲ Phoebe တယောက်ကကောလူတွေသတ်ရင်းနဲ့ဘာဆက်ဖြစ်သွားလဲဆိုတာတွေကို သည်းထိပ်ရင်ဖိုကြည့်ရမယ့်ဇာတ်ကားလေးပါ။ File size…(1.5 GB)/(779 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw 
movie

Murdercise (2023)

Trinil (2024) 6.0
Trinil (2024)  ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie

Trinil (2024)

Hunt Her, Kill Her (2023) 5.3
Hunt Her, Kill Her (2023) Hunt Her, Kill Her ( 2022 ) =======================Hunt Her , Kill Herဟာ ဟော်ရာ Slasher အမျိုအစားရုပ်ရှင်ဖြစ်ပြီး သွေးထွက်သံယို သတ်ဖြတ်တဲ့ ရုပ်ရှင်အမျိုးအစားတွေကို ကြိုက်တဲ့လူတွေအတွက် သင့်တော်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ ထူးတာကတော့  The Evil Dead ( 1981 ) ကိုရိုက်ထားတဲ့ မြို့မှာပဲရိုက်ထားတာဖြစ်ပြီး ဇာတ်ကားထဲမှာလည်း  Evil Deadထဲက အိမ်က အုတ်ခဲကို တကူးတကထည့်သုံးထားပါသေးတယ်။  Tributeလုပ်တာလား ဘာလားတော့မသိဘူးပေါ့။ဇာတ်ကတော့ စင်ဂယ်မားသားတစ်ယောက်ဟာ စက်ရုံတစ်ရုံမှာ သန့်ရှင်းရေးနဲ့ ညစောင့်အလုပ်ကို လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လူကတော့ စက်ရုံကိုရောက်လာပေမဲ့ စိတ်ကတော့ နေမကောင်းတဲ့ ကလေးဆီမှာပဲ ရှိနေခဲ့တာပေါ့။ သူအပ်ခဲ့တဲ့ အိမ်နီးချင်းကလည်း သူ့ဆီ ဖုန်းတွေတဂွမ်ဂွမ် ဆက်နေခဲ့တယ်။ အလုပ်ကလည်း အလုပ်မှာ ဖုန်းပြောတာကို သိပ်သဘောမကျချင်ဘူး။ အလုပ်ရဲ့ ပထမဆုံးနေ့ကို ...
movie

Hunt Her, Kill Her (2023)