Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
A Most Atrocious Thing (2024)
ဒီ indie ရုပ်ရှင်ကားကို ရုပ်ရှင်ထဲမှာ ပါတဲ့ cast တွေကပဲ ဇာတ်ညွှန်းရေး Direct လုပ်ထားတာပါ။ ဒေါ်လာ ၅၀၀၀ ပဲ သုံးထားတဲ့ ဘက်ဂျက်ကားပေမယ့် ပြီးစလွယ် အဖြစ်ရိုက်ထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ် ရှိပါတယ်။ Plotကလည်း Colorado တောထဲက အပန်းဖြေအိမ်ကို ဘွဲ့ခရီး သွားကြတဲ့ လူငယ်တစ်စု အကြောင်း ရိုက်ထားတာပါ။သမင် လိုက်ထွက်ကြရင်းနဲ့ ရလာတဲ့ သမင်သားကို ချက်စားကြရင်း ဘာဆက်ဖြစ်ကြမလဲဆိုတာ ရင် တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ horror ဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောထားတာမို့လို့ ကြည့်ပျော်စေမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။File size…(1.1 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie
A Most Atrocious Thing (2024)
5.0
Bag of Lies (2024)
Bag of Lies ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Netflix ကရိုက်တဲ့ horror အမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကို ပြောရမယ်ဆိုရင် ကင်ဆာဖြစ်ပြီးသေခါနီး ဖြစ်နေတဲ့မိန်းမကို ကယ်တင်ဖို့အတွက်အစွမ်းကုန် ကြိုးစားပေမဲ့ အရာမထင် ဖြစ်နေတဲ့Matt တစ်ယောက် ရရာကောက်ရိုး လှမ်းဆွဲရာကနေအိမ်ကို ဘာမှန်းမသိတဲ့ အထုပ်တစ်ထုပ် ယူလာပြီးထူးဆန်းတဲ့ အစီအရင်တွေကို သတ်မှတ်ချက်ပေါင်းများစွာနဲ့ ပြုလုပ်ခဲ့ပါတယ် အစီအရင်တွေကြောင့်ဖြစ်လာမဲ့အရာတွေက အကောင်းတွေလားအဆိုးတွေလား ၂ ခုလုံး ဒွန်တွဲပြီး ရောက်လာမှာလားအဆုံးသတ်မှာ သူမျှော်မှန်းထားသလို သူ့မိန်းမကောင်းသွားမှာလား စတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…921MB / 396MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie
Bag of Lies (2024)
7.9
Shaun of the Dead (2004)
ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်...ရိုက်ကူးကုန်ကျစရိတ် Budget ...
movie
Shaun of the Dead (2004)
2004
4K HEVC
6
Visitors (Complete Edition) (2023)
Visitors 2023 (ဧည့်သည်) IMDb 6.2ကမ္ဘာကြီးပေါ်မှာ ယှဉ်တွဲနေထိုင်နေကြတဲ့ လူကောင်းလူဆိုးဆိုတာရှိသလို လူသားတွေကြားမှာ ရင်းနှီးမှုနဲ့ပဲရှေ့တန်းတင်နေထိုင်ချင်ကြတဲ့ မကောင်းဆိုးဝါးတွေလည်းရှိပါတယ် မကောင်းဆိုးဝါးတိုင်းကတော့ မကောင်းတာမဟုတ်ပါဘူးပေါ့ ဒီဂျပန်ကားလေးကတော့ အဆိုတော်တစ်ယောက်နဲ့ ဇွန်ဘီတွေကြားက သံယောဇဉ်ကိုရိုက်ပြထားတာပါဒီဇွန်ဘီတွေကို လိုက်သတ်နေတဲ့လူတစ်စုရယ် ဇွန်ဘီကယ်လိုရှင်သန်နေတဲ့အဆိုတော်နဲ့ ဒီအဆိုတော်ကို ဗဟိုပြုရင်းရှင်သန်နေတဲ့ ဇွန်ဘီတစ်သိုက်တိုရဲ့ အသက်ရှင်ဖိုလမ်းကို ကြိုးစားကြပုံတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်ဆာတိုလိုခေါ်တဲ့ ကောင်လေးဆီကို သူ့သူငယ်ချင်း၃ယောက်ဟာ ဖုန်းအဆက်အသွယ်မရတာနဲ့ စိတ်ပူပြီး လိုက်လာရာကနေ ဇာတ်လမ်းကို အစပြုထားပါတယ်။ ဒီလိုလိုက်လာရာကနေပဲ ကံဆိုးမိုးမှောင်ကျပြီးတော့ နာနာဆိုတဲ့ကောင်မလေးကစတင်ပြီး ဇွန်ဘီဖြစ်သွားရာကနေ သူငယ်ချင်း၃ယောက်လုံး အချင်းချင်းကိုက်ကြပြီး ဇွန်ဘီတွေ ဖြစ်လို့သွားပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဇွန်ဘီတွေက ကြီးစိုးလာပြီး လူသားတွေကို ကျွန်ပြုရာကနေ နောက်ပိုင်းမှာ ဇွန်ဘီတွေ ဘယ်လိုဖြစ်သွားမလဲ ........ဇွန်ဘီတွေကို လိုက်လံနှိမ်နင်းနေတဲ့ ဇွန်ဘီသတ်သမားနဲ့ ဇွန်ဘီသူငယ်ချင်းအုပ်စု ဘာတွေဆက်ဖြစ်ကြမလဲ .... ဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo တိုပဲဖြစ်ပါတယ် ) File size… 967MB / 423MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 1min Subtitle….Myanmar Subtitle (Hard ...
movie
Visitors (Complete Edition) (2023)
2023
Alicia in Terrorland (2023)
မိဘနှစ်ပါးလုံး ကွယ်လွန်သွားပြီးနောက် ခိုကိုးရာမဲ့ဖြစ်နေတဲ့ Alice ဟာ သူမရဲ့အဖွားဖြစ်သူ Beth ရှိတဲ့ Wonderland က မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့အိမ်ကြီးမှာ ပြောင်းနေဖို့ အကြောင်းဖန်လာတယ်။ခမ်းနားကြီးကျယ်တဲ့ တောအုပ်ထဲက အိမ်ကြီးကိုကြည့်ပြီး အံ့ဩဘနန်းဖြစ်နေပေမဲ့ မကြာခင်မှာပဲ Alice တစ်ယောက် အိမ်ကြီးထဲမှာ ထူးဆန်းတာတွေကို စပြီးမြင်ယောင်လာတယ်။ အဖွားဖြစ်သူကတော့ အိမ်နားက တောအုပ်ဆီကို မသွားဖို့မှာထားပေမဲ့ အိပ်မက်သယောင်ယောင်နဲ့ ယုန်လေးတစ်ကောင်နောက်လိုက်ရင်း တောအုပ်ထဲကိုဝင်သွားပြီး ယုန်တွင်းပေါက်ကနေတစ်ဆင့် တခြားကမ္ဘာက Wonderland ကို ရောက်သွားသောအခါ…Alice တစ်ယောက် သူရောက်သွားတဲ့ Wonderland မှာ ဘာတွေကြုံတွေ့ရမှာလဲ။ Wonderland ကနေရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကိုတော့ Alice in Wonderland ကိုမှ Horror Vibe ရနိုင်မဲ့ Alice in Terrorland ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(820 Mb)/(350 Mb) Quality….Webrip 1080p / ...
movie
Alicia in Terrorland (2023)
The Intruders (2015)
အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က အပြင်ထွက်ရမှာကိုအရမ်းကြောက်လန့်ပြီး အိမ်ထဲမှာပဲ နေနေခဲ့တာအခုဆိုရင်၁၀ နှစ်ကျော်တောင်ရှိခဲ့ပါပြီ။ အခုအချိန်မှာတော့ သူကသေလုမျောပါးဖြစ်နေတဲ့ သူ့အစ်ကိုကို အိမ်မှာပဲ စောင့်ရှောက်ပေးနေခဲ့ပါတယ်။သူဘာလို့ အိမ်ပြင်ထွက်ရမှာအရမ်းကြောက်လန့်နေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။သူ့အစ်ကို ဆုံးပါးသွားတဲ့အချိန်မှာတော့ အစ်ကိုရဲ့သေတမ်းစာအတိုင်း ပိုက်ဆံတွေအများကြီးကို အမွေရခဲ့ပါတော့တယ်။လူသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကိုကြောက်တဲ့ အန်နာ့မှာသိတဲ့ လူဆိုလို့ သူ့အိမ်ကို စားစရာ Delievery လာပို့နေကျ ကောင်လေးနဲ့ သူ့အစ်ကိုရဲ့ ရှေ့နေပဲရှိပါတယ်။အဲ့ဒါကြောင့် အန်နာလည်း စားစရာပို့တဲ့ ကောင်လေးဖြစ်တဲ့ဒန်နဲ့ ခင်မင်သွားပြီး သူ့အတွက်အရေးမကြီးတဲ့ အမွေရထားတဲ့ပိုက်ဆံတွေကို ဒန့်ကိုပေးပါတော့တယ်။ဒါပေမယ့် ဒန်ကအဲ့ဒီလောက် ပိုက်ဆံအများကြီးကို လက်မခံနိုင်တဲ့အတွက်ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ ဈာပနနေ့ကို ရောက်ရှိလာခဲ့ပြီး ထုံးစံအတိုင်းပဲ အန်နာကတော့လုံး၀အပြင်မထွက်ပါဘူး။အဲ့ဒီအချိန်မှာ လူ ၃ ယောက်ကသူ့အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်လာကြပြီး သူအမွေရထားတဲ့ပိုက်ဆံတွေကိုလာရှာပါတော့တယ်။အဲ့ဒီ လူတွေကဘယ်သူတွေလဲဆိုတာကိုအန်နာလုံး၀မသိသလို သူ့ဆီမှာပိုက်ဆံရှိနေတယ်ဆိုတဲ့သတင်းကို ဘယ်လိုရသွားကြမှန်းလည်း မသိပါဘူး။သိပ်မကြာလိုက်ခင်မှာပဲ အဲ့ဒီလူတွေက အန်နာ့ကိုတွေ့သွားပြီး ပိုက်ဆံတွေဘယ်မှာထားလဲဆိုတာကို အတင်းမေးပါတော့တယ်။ဒီလိုနဲ့အဲ့ဒီ အိမ်ကြီးထဲမှာ လူဆိုးသုံးယောက်နဲ့ အန်နာတစ်ယောက်တည်းဖြစ်နေခဲ့ပေမဲ့ တကယ်တမ်းမုဆိုးကသားကောင် ...
movie
The Intruders (2015)
6.0
I Sell the Dead (2008)
I Sell the Dead (2008)=================ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ...
movie
I Sell the Dead (2008)
5.7
The Possession of Michael King (2014)
ဒါရိုက်တာ David Jung ရဲ့ လက်ရာဖြစ်တဲ့The Possession of Michael King ဟာဆိုရင်၂၁၁၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ အပလောကအကြောင်းမှတ်တမ်းရုပ်ရှင်တစ်ကားပါတယ်ဒီဇာတ်လမ်းမှာဆိုရင် မိုက်ကယ်ကင်းဟာမိန်းမရယ်၊ သမီးလေးရယ်၊ ခွေးလေးတစ်ကောင်ရယ်နဲ့ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။တစ်ရက်မှာတော့ မိန်းမဖြစ်သူ ဆမန်သာဟာ သူယုံကြည်တဲ့ရှေ့ဖြစ်ဟောဆရာ တစ်ယောက်ရဲ့ အကြံကို နားထောင်ပြီးမိသားစုခရီးစဉ်ကို ဖျတ်လိုက်ကာမှ တိုက်တိုက်ဆိုင်ဆိုင်သေဆုံးသွားတဲ့အခါ နကိုကတည်းက ဘာသာမဲ့တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်အနေနဲ့ ဒီသဘာဝလွန်ဖြစ်ရပ်တွေ မရှိကြောင်းကို ကိုယ့်ကိုယ်ကိုစတေးခံပြီးသက်သေပြပါတော့တယ်။နောက်ပိုင်းမှာ မိုက်ကယ် မထင်ထားတဲ့ အခြေအနေတွေဆက်တိုက်တွေ့ကြုံရတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေဖြစ်လာမလဲဆိုတာကို ရင်ဖိုဖိုနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.54GB / 733MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri
movie
The Possession of Michael King (2014)
5.3
Exorcism: Haunted Child (2015)
Exorcism: Haunted Child (2015)==========================မေလန်းဟာ ပြဇာတ်ဒါရိုက်တာပညာရဲ့ကျောင်းဆင်းစာတမ်းအတွက် ဒရာမာကျောင်းတစ်ခုမှာအလုပ်သင်ဆင်းဖို့တာဝန်ကျလာခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ သူနေထိုင်ရမယ့်နေရာကတော့ ခေါင်မိုးထပ်တစ်ခုက ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေထားတဲ့အခန်းကြီးပါပဲ။အဲ့ဒီအခန်းရှိရာ ခေါင်မိုးထပ်ပေါ်မှာကျောင်းသူတစ်ယောက်ထူးခြားစွာသေဆုံးခဲ့ဖူးပြီး အခုချိန်ထိ မကျွတ်လွတ်သေးပဲလမ်းလျှောက်နေတာကိုမြင်ရတဲ့အကြောင်း ကျောင်းအနီးအနားနေထိုင်သူတွေကပြောလေ့ရှိပါတယ်။သူ့ကိုအခုနယ်ခံကျောင်းသားတွေက ဒီအကြောင်းတွေ သတိပေးပြောပြပေမယ့် အယုံအကြည်မရှိတဲ့သူပီပီ မေလန်းကတော့ခေါင်းမာမာနဲ့ တက်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးညမှာပဲ မယုံလို့မဖြစ်တော့လောက်အောင်ခြောက်ခြားစရာအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံလာရချိန်မှာတော့..။ anthology ပုံစံမျိုးနဲ့တင်ဆက်ထားတာဖြစ်ပြီး အဆုံးသတ်ချိန်မှာအားလုံးပြန်ဆက်စပ်ပြီးအဖြေပေါ်သွားပါလိမ့်မယ်။ထူးထူးခြားခြား vietnam horror ကားလေးဖြစ်တဲ့အတွက် ခံစားကြည့်ပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Exorcism: Haunted Child (2015)
5.0
Founders Day (2023)
Founders Day (2023)=============Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / ...
movie
Founders Day (2023)
7.6
The Birds (1963)
Classic Films တွေကြိုက်တဲ့သူဆို Alfred Hitchcock ကို သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားက England က Sir ဘွဲ့ရထားတဲ့ directior တစ်ယောက်ဖြစ်သလို Film လောကမှာ influential အဖြစ်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Alfred Hitchcockရဲ့ လက်ရာဖြစ်ပါတယ်။ ထပ်ဆင့်အနေနဲ့ နာမည်ကြီး စာရေးဆရာမ Daphne Du Maurier ရဲ့ 'The Birds' အမည်ရ ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာဖြစ်ပါတယ်။ 1963 က ထွက်တာဆိုပေမည့် ခုထိ မဟောင်းသွားဘဲ ကောင်းနေဆဲပါပဲ။ IMDb မှာ 7.6 ရရှိထားပါတယ်။ဇာတ်လမ်းအကြောင်းတော့ အများကြီးပြောမနေတော့ပါဘူး။ ဒီတိုင်း ဘာမှမသိထားဘဲ ကြည့်လိုက်တာ ပိုကောင်းမယ် ယူဆပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
The Birds (1963)
Tarot (2024)
နာမည်ကြီးနေတဲ့ တားရော့ သရဲကား လာပါပြီ။ ဒီကားကတော့ Final Destination ဆန်ပါတယ်။ သူငယ်ချင်းတစ်စု တောထဲကို အလည်ထွက်ရင်း အိမ်ဟောင်းကြီးထဲမှာ တားရော့ကတ်ထပ် အဟောင်းကြီးတစ်ခုကိုတွေ့သွားပါတယ်။ အဲဒီကတ်တွေက လက်နဲ့ ကိုယ်တိုင်ပုံဆွဲထားတဲ့ ကြောက်စရာပုံတွေနဲ့ ဖြစ်နေပါတယ်။သူငယ်ချင်းအုပ်ထဲကတစ်ယောက်က တားရော့ ဟောတတ်တဲ့သူဆိုတော့ အားလုံးကို အပျော်တမ်းဟောပေးလိုက်ပါတယ်။ ဟောတဲ့အချိန်မှာ ရာသီခွင်တွေနဲ့ ကတ်တွေဆက်စပ်ပြီးဟောပေးလိုက်တာပါ။ မကြာခင်မှာပဲ ဟောကိန်းထဲကအတိုင်း ကတ်ထဲက ပုံတွေအတိုင်း ကြောက်စရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပြီး သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အချိန်မှာ အသက်ရှင်ကျန်နေတဲ့ သူငယ်ချင်းတစ်အုပ်က အဖြေရှာဖို့ကြိုးစားရင်း အသက်ရှင်အောင်လုပ်ရပါတော့တယ်....ဒီဟော်ရာကားက ဇာတ်လမ်းစိတ်ဝင်စားဖို့ကောင်းသလို ဝုန်းခနဲခြောက်တာတွေလည်း ပါတာကြောင့် ဟော်ရာပရိသတ်တွေကြိုက်ကြမှာပါ။ ကတ်တွေရဲ့ကျိန်စာကို ပြန်ဖျက်ရတာကလည်း မိုက်ပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။File size…(2.2 GB) / (1.1 GB)/(550 MB) Quality….Webrip 4K HEVC / Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... ...
movie
Tarot (2024)
4K HEVC
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
Shortcut (2020)
Shortcut (2020)============တစ်ကျောင်းတည်းနေ လူငယ်ငါးယောက်ဖြစ်တဲ့ နိုလန်၊ဘတ်စ်၊ရယ်ဂျီ၊ကွီနီနဲ့ကားလ်တို့ဟာ သူတို့ကားဒရိုင်ဘာကြီး ဂျိုးဆက်ဖ်နဲ့အတူ field trip တစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဖြည်းဖြည်းခရီးရောက်လာရင်း သူတို့လမ်းပေါ်မှာသစ်ပင်တစ်ပင်လဲကျနေတဲ့အတွက် တစ်ခြားလမ်းကြောင်းတစ်ခုကနေပြောင်းသွားခဲ့ရပါတယ်။ဒီလမ်းမှာလဲ သမင်သေတစ်ကောင်ကန့်လန့်ခံနေတဲ့အတွက် ဆင်းဖယ်နေချိန်မှာ သူတို့ကားပေါ်ကိုသေနတ်ကိုင်လူသတ်သမားတစ်ယောက်တက်လာပြီး ကားကိုပြန်ပေးဆွဲပါတော့တယ်။တစ်ယောက်တည်းပေမယ့် လက်နက်ကိုင်ထားတာရယ်၊ လူငယ်တွေဖြစ်တာရယ်ကြောင့် ပြန်ပေးသမားခိုင်းတဲ့လမ်းကြောင်းအတိုင်း မောင်းရင်း လှိုဏ်ခေါင်းတစ်ခုကိုအဝင်မှာတော့ အဖြေရှာမရပဲ ကားထိုးရပ်သွားသလို ထူးဆန်းတဲ့သတ္တဝါကြီးတစ်ကောင်ရဲ့ဟိန်းသံကိုလည်းကြားလိုက်ရတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ ပြန်ပေးသမားထက်အဆပေါင်းများစွာပို ကြောက်ဖို့ကောင်းတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။creature features horror ဇာတ်ကားတစ်ကားဖြစ်တာနဲ့အညီ အဲ့ဒီဇာတ်လမ်းတွေမှာပါသင့်ပါထိုက်တဲ့အင်္ဂါရပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။Genre ပရိသတ်တွေအကြိုက်တွေ့မယ့်ကားမျိုးပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Adventure, Fantasy , Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Shortcut (2020)
5.2
Leviathan (1989)
Leviathan (1989)===========ထရိုင်အိုးရှင်းဆိုတဲ့ကော်ပိုရေးရှင်းကြီးတစ်ခုဟာ ဘူမိပညာရှင်တစ်ဦးဖြစ်တဲ့ စတိဗ်ဘတ်ခ်ကို ငှားရမ်းပြီးပင်လယ်အောက်သတ္တုတူးဖော်မှုကိုကာလရှည်ဆောင်ရွက်နေပါတယ်။တစ်နေ့တော့ အဖွဲ့သားနှစ်ယောက်ဟာစခန်းထဲကအပြင်ထွက်ပြီး တူးဖော်ရေးလုပ်နေချိန်မှာ လဗိုင်ယာသန် ဆိုတဲ့သင်္ဘောပျက်တစ်စီးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သင်္ဘောဟာရုရှားသင်္ဘောဖြစ်ပြီး ရှာတွေ့ခဲ့တဲ့စာရွက်စာတမ်းတွေအရ သင်္ဘောပေါ်မှာရှိသမျှလူအားလုံးဟာ သေဆုံးခဲ့ပြီးသားဖြစ်ပါတယ်။သင်္ဘောကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်နှစ်မြုပ်ခဲ့တာလို့သိရပေမယ့်တစ်ခြားအချက်အလက်တွေကပဟေဠိဖြစ်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီသင်္ဘောထဲကို ဝင်ရောက်သွားခဲ့တဲ့ အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ဆစ်ပတ်ခ်ဟာအရေပြားအင်ပြင်တွေထရာကနေ နာရီပိုင်းအတွင်းသေဆုံးသွားခဲ့သလို ဆစ်ပတ်ခ်နဲ့အတူသွားခဲ့တဲ့ ဘိုးမန်းဆိုတဲ့အဖွဲ့သူကတော့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ အဲ့ဒီနှစ်ယောက်ရဲ့အလောင်းနှစ်လောင်းဟာတစ်ခုတည်းအဖြစ်ပူးပေါင်းသွားခဲ့ပြီး သူတို့ကိုစတင်တိုက်ခိုက်ခဲ့သလို အဲ့ဒီကနေပြတ်ကျန်နေခဲ့တဲ့ ခြေထောက်တစ်ဖက်ကပါအသက်ဝင်အသွင်ပြောင်းလာတဲ့အခါမှာတော့..။Alien တို့၊ Virus တို့လို Vibe မျိုးနဲ့အမိုက်စား science fiction horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Adventure, Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Leviathan (1989)
You’re Killing Me (2023)
ဇာတ်လမ်းရဲ့အစမှာတော့ Melissa Brown ဆိုတဲ့ကောင်မလေးတယောက်ပျောက်ဆုံးသွားတာနဲ့ ရဲတွေက ကောင်မလေးရဲ့အထက်တန်းကျောင်းမှာစုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေကြပြီး သဲလွန်စတွေမရလို့အခက်တွေ့နေကြပါတယ်၊Eden ဆိုတဲ့ကောင်မလေးက Penbrook College ကိုသူငယ်ချင်းဖြစ်သူ Zara နဲ့အတူ ငယ်စဉ်ကထဲကသွားတက်ဖို့ဆန္ဒရှိနေသူတယောက်ပါ၊Zara ကဂီတမှာထူးချွန်သူဖြစ်လို့ ကျောင်းကို Scholarship နဲ့အတူဝင်ခွင့်ရခဲ့ပါတယ်၊Eden ကလည်း Scholarship ကိုရဖို့ စောင့်ဆိုင်းစာရင်းထဲမှာရောက်နေပြီဆိုပေမယ့် သေချာပေါက်ရဖို့အတွက်ဆို ထောက်ခံစာကောင်းကောင်းရဖို့လိုအပ်နေပါတယ်၊အဲ့ဒီလိုကနေ ကျောင်းကအမတ်တယောက်ရဲ့သားဖြစ်သူ Schroder ကိုချဉ်းကပ်ပြီးသူ့အဖေရဲ့ထောက်ခံစာကိုရနိုင်ဖို့ကြိုးပမ်းပါတော့တယ်၊ဒီလိုနဲ့ Eden တယောက် Schroder နဲ့ရင်းနှီးမှုရအောင် သူငယ်ချင်းဖြစ်သူ Zara နဲ့အတူ Schroder ရဲ့ပါတီကိုသွားခဲ့ကြပါတယ်၊ပါတီမှာ မထင်မှတ်ပဲ Schroder ရဲ့သူငယ်ချင်းဖြစ်သူ Gooch ရဲ့ဖုန်းထဲကနေ Melissa ပျောက်သွားခြင်းက Schroder တို့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သက်သေဗီဒီယိုကိုတွေ့လိုက်ရပါတယ်၊အဲဒါနဲ့ပဲ Eden တယောက် အဲ့ဒီသက်သေကို ရဲလက်ကိုအပ်နိုင်ဖို့ကြိုးစားပါတယ်၊Schroder တို့ကလည်း Eden တို့ကိုအိမ်ကနေထွက်ခွင့်လုံးဝမပေးပဲ ဖုန်းကိုပြန်ယူနိုင်ဖို့ကြိုးစားပါတော့တယ်၊"Eden တို့သက်သေကိုရဲလက်ထဲအပ်နိုင်ပါ့မလား"၊"Melissa တယောက်ကကောဘာဖြစ်သွားတာလဲ"၊"Schroder တယောက်ဘယ်လိုပြစ်မှုတွေကိုဆက်ပြီးကျူးလွန်အုံးမှာလဲ" စတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် File size…(1.3 GB)/(580 ...
movie
You’re Killing Me (2023)
5.4
The Angry Black Girl and Her Monster (2023)
ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား.... File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie
The Angry Black Girl and Her Monster (2023)
5.0
Valentine (2001)
Valentine (2001) =================၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.5 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie
Valentine (2001)
Faceless After Dark (2023)
Coulrophobia ဆိုတဲ့ clown တွေ လူပြက်တွေ၊ မျက်နှာမှာ ဆေးတွေခြယ် ပြုံးနေတဲ့ မျက်နှာကြီးနဲ့ လူတွေ အဲ့ပုံစံတွေကို ကြောက်ကြတဲ့ phobia တစ်ခုက လူတော်တော်များများမှာ ရှိကြတယ်။ ဒါပေမယ့် သည်ဇာတ်ကားမှာကတော့ အဲ့ဒီ့ clown တွေကို clown တွေ လူသတ်တဲ့ပုံစံအတိုင်း ပြန်သတ်ပြတာကို သေချာကြည့်ရမှာပဲ ဖြစ်ပါတယ်။ဘယ်လို clown တွေ ကို သတ်တာလဲ။ ဘာကြောင့် သတ်တာလဲ။ နောက်ခံက အကြောင်းတွေကကော ဘာတွေရှိမလဲ။ ပြီးတော့ ရုပ်ရှင်လောကနဲ့ လူမှုကွန်ရက်က ပုပ်ပွနေတဲ့ အကြောင်းအရာတွေကို ကြည့်ပြီး သွေးတွေသံတွေနဲ့ တသသ ကြည့်ရမယ့် ဇာတ်ကားမျိုးကို ကြည့်ချင်ရင်တော့ ခုဇာတ်ကားက အကြည့်သင့်ဆုံးကားပဲ ဖြစ်ပါတယ်။File size…(1.1 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Faceless After Dark (2023)
6.8
The First Omen (2024)
ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie
The First Omen (2024)
First
10
11
12
13
14
Last
Previous
Next