Channel Myanmar

Horror

Tainted Soul (2023)
Tainted Soul (2023) Tainted Soul (2023)============== Genre – Horrorခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို ...
movie

Tainted Soul (2023)

Nguoi Mat Troi  (2023) Daydreamers 6.0
Nguoi Mat Troi (2023) Daydreamers  Day Dreamers ဟာ ဗီယက်နမ်နွယ်ဖွားအမေရိကန်ရုပ်ရှင်ရိုက်ကူးသူ Timothy Linh Bui ရိုက်ကူးတင်ဆက်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ပထမဆုံးသောနာမည်ကျော်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဖြစ်ပါတယ်။တစ်ဦးကလူတွေကြားမှာထင်ထင်ပေါ်ပေါ်နေထိုင်ပြီးတစ်ဦးကတစ်ယောက်တည်းပုန်းအောင်းနေထိုင်တဲ့သွေးစုတ်ဖုတ်ကောင်ညီအစ်ကိုနှစ်ယောက်ကြားကပြိုင်ဆိုင်မှုတွေကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေထဲမှာလည်း ဗီယက်နမ်နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Chi Pu နဲ့တက်သစ်စမင်းသားThuan Nguyen တို့ပါဝင်နေတာကိုမြင်တွေ့ရပါတယ်။Horror ၊ Thriller နဲ့ Drama အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုပိုသွားတဲ့ သွေးစုပ်ဖုတ်ကောင်ကားဖြစ်သလိုအက်ရှင်ခန်းတွေကလည်း ဗီယက်နမ်ရုပ်ရှင်ကားတစ်ကားအတွက် အတော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်။ရုပ်ရှင်အစမှာနတ်အပါအဝင် သွေးစုပ်ဖုတ်ကောင်တစ်စုဟာတစ်နေ့မှာနေရောင်အောက်ကိုပြန်သွားနိုင်ရမယ်ဆိုတဲ့အိပ်မက်နဲ့ တိရစ္ဆာန်သွေးကိုသာသောက်သုံးရင်း ရွာငယ်လေးတစ်ခုမှာ ပုန်းအောင်းနေထိုင်လျက်ရှိတာကိုပြသထားပါတယ်။ဒါပေမဲ့ နတ်ဆီကို တစ်ချိန်ကပျောက်သွားခဲ့တဲ့အစ်ကိုဖြစ်သူသန်ပြန်လည်ရောက်ရှိလာပြီး ညီဖြစ်သူနတ်ကို သူကျက်စားနေထိုင်ရာလူတွေကြားထဲခေါ်ဆောင်သွားခဲ့ပါတယ်။ နတ်နဲ့သန်တို့ညီအစ်ကိုဟာ တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြပြီးနတ်ကလည်း အစ်ကိုပြောသမျှကို ယုံစားခဲ့ပါတယ်။နတ်မသိတာက တကယ်တော့သန်ဟာ လူတွေကိုသတ်ဖြတ်ပြီးလူတွေရဲ့သွေးကိုသောက်သုံးပြီးတာနဲ့ အလောင်းတွေကိုဖျောက်ဖျက်နေတဲ့လူသတ်သမားတစ်ယောက်ဆိုတာပါပဲ။ဒါပေမဲ့ တစ်ရက်မှာတော့ အရမ်းချစ်ကြတဲ့သွေးစုတ်ဖုတ်ကောင်ညီအစ်ကိုနှစ်ဦးရဲ့ကြားကို ဟာဆိုတဲ့လူသားကောင်မလေးတစ်ယောက်ဝင်ရောက်လာချိန်မှာညီအစ်ကိုနှစ်ယောက်ကြားကအားပြိုင်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ရုပ်ရှင်နဲ့အတူလိုက်ပါစီးမျောရင်း ခံစားကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.36GB / 978MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Drama , Horror , ...
movie

Nguoi Mat Troi (2023) Daydreamers

Minxiong Haunted House (2023) 5.5
Minxiong Haunted House (2023) Minxiong Haunted House (2023)=================He Sheng Xin ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့သမီးပျောက်လို့လိုက်ရှာရာကနေ He မိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆန်းကြယ်မှုတွေကို တွေ့ကြုံရပါတော့တယ်။ အတိတ်က သေဆုံးသွားခဲ့တဲ့ သူ့အစ်မရဲ့ဝိဉာဥ်က သူ့ဆီကိုပြန်ရောက်လာပြီး ခြောက်လှန့်တဲ့အခါမှာတော့ Sheng Xin ဘယ်လိုကြိုးစားပြီး သူ့သမီးကိုကယ်တင်မလဲ၊ ဘယ်လိုလှည့်ကွက်တွေနဲ့ အမှန်တရားက သူထင်ထားသလိုရောဟုတ်ပါ့မလားဆိုတာကို ကျောချမ်းစွာကြည့်ရှုရမယ့် Taiwanese Horror ကားကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:16:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Minxiong Haunted House (2023)

Shuigui Bride ( 2024 ) 5.8
Shuigui Bride ( 2024 ) Mysterious ဆန်ဆန်ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် The water trick Bride လို့ ခေါ်တဲ့ဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ရှင်းကျီမြို့ပိုင်ရှားတံတားအောက်မြစ်မှာ ရေသရဲတွေနှစ်နဲ့ချီ သောင်းကျန်းနေလို့ လူပျိုအပျိုကလေးတွေကို စတေးလိုက်တော့မှ တစ်မြို့လုံးအေးအေးချမ်းချမ်းနေရတယ်ဆိုတဲ့ ဒဏ္ဍာရီလိုလိုပုံပြင်လိုလို ဇာတ်လမ်းတွေက မြို့တစ်ခွင်ပျံ့နှံ့လျက်ရှိပါတယ် ။၇လပိုင်း၁၅ရက်နေ့ မိုးတွေသည်းလျက်ရှိနေတဲ့နေ့မှာ ရှင်းကျီမြို့နဲ့ မနီးမဝေးဘုရားကျောင်းပျက်ကြီးမှာ လက်သမားတစ်ယောက် ၊ စစ်ပြေးတစ်ယောက် ၊ နတ်ဆရာမ ၊ ကုန်သည်လင်မယားနှစ်ယောက်နဲ့ အတူ ဓားပြတိုက်တဲ့အပြစ်သားကို အထက်ကအမိန့်နဲ့အတူ ရှင်းကျီမြို့ကိုလာပို့တဲ့ ရဲအရာရှိတို့ မိုးခိုရင်းဆုံမိကြပါတော့တယ် ။အဲဒီအချိန်မှာ အပေါ်မှာပြောထားတဲ့ဒဏ္ဍာရီပုံပြင်လိုဟာကို လက်သမားဖြစ်တဲ့သူက စစ်ပြေးဖြစ်တဲ့သူကိုပုံပြင်ပြောရင်း စစ်ပြေးကပါ သူလည်းခုတလော ချန်အိမ်တော်က သတို့သမီးသေဆုံးတဲ့အကြောင်းကြားထားပြီး သေသွားတဲ့ပုံကလည်း အရှင်လက်လက်အခေါင်းထဲထည့်ပိတ်ပြီးမြစ်ထဲပစ်ချ မြစ်သရဲဖြစ်သွားတဲ့အကြောင်းကိုပြန်ပြောပြဖြစ်ပါတော့တယ်။ဒီသတင်းတွေကိုကြားသွားတဲ့ တစ္ဆေသရဲ‌တွေကို မယုံကြည်တဲ့ရဲအရာရှိဖြစ်သူက သေချာစစ်မေးကြည့်တဲ့အခါမှာဝောာ့.. တရားခံအစစ်ဟာ သူတို့ထဲမှာပုန်းအောင်းနေကြောင်းသိသွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း လှည့်ကွက်တွေအများကြီးနဲ့ လူသတ်သမားက သူတို့တွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်သွားတာကိုသတ်သွားပါတယ် ။ကဲအကုန်မသေကုန်ခင် လူသတ်သမားကိုဖမ်းမိမလား ? လူသတ်သမားကပဲသူတို့အကုန်လုံးကိုသတ်သွားမလား ? သူတို့ကရော သိလျက်နဲ့ငြိမ်ခံနေမလား ဘာကြောင့် ဒီလိုတွေသတ်‌နေရသလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama , ...
movie

Shuigui Bride ( 2024 )

Winnie-the-Pooh: Blood and Honey (2023) 4.3
Winnie-the-Pooh: Blood and Honey (2023) Winnie-the-Pooh: Blood and Honey (2023) ==============================ဝင်နီ သပုချ်ကာတွန်းရုပ်လေးတွေကိုတော့ လူတိုင်းရင်းနှီးကြမှာပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာအမျိုးအစားဖြစ်ပြီး ဝင်နီသပုချ်ဟာ အရိုင်း စိတ်ဝင်နေတဲ့ စိတ္တဇလူသတ်ဝက်ဝံဖြစ်နေတာကို တွေ့ရမှာပါ။ ပြီးတော့ နောက်တစ်ကားအဆက်လည်း ရိုက်နေပြီဖြစ်ကြောင်းတောင် ပြော ကြားထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း --------------------- ခရစ္စတိုဖာရော်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တောထဲမှာ မျိုးစိတ်မတူဘဲ စပ်ပြီးမွေးဖွားလာတဲ့ ရုပ်ပျက်ဆင်းပျက် သတ္တဝါလေး ကောင်နဲ့ မိတ်ဖွဲ့မိခဲ့ပါတယ်။ သူတို့ကိုစားစရာတွေယူပေး၊ အတူကစား ရင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီးမှ အရွယ်ရောက်လာတဲ့ ခရစ္စတိုဖာ ဟာ ဆေးကျောင်းတက်ဖို့ သူတို့ကိုထားခဲ့ပြီး မြို့တက်သွားရပါတော့ တယ်။ ခရစ်မရှိတော့တဲ့အချိန်မှာ အရမ်းကြမ်းတမ်းတဲ့ဆောင်းရာသီ ကြောင့် ပုချ်တို့တွေ အရမ်းငတ်မွတ်လာပြီး အစာငတ်သေရမလိုဖြစ် လာတဲ့အချိန်မှာ သူတို့လေးကောင်ထဲက တစ်ကောင်ကိုအချင်းချင်း ပြန်စားပြီး အသက်ဆက်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတို့စိတ်တွေ ကြမ်းတမ်းရက်စက်လာပြီး သူတို့ကို ထားခဲ့တဲ့ ခရစ္စတိုဖာကိုရော လူသားတွေကိုရော မုန်းတီးလာတဲ့အခါ...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.3 GB) / (523 MB) / (300 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 24Mins Subtitle...........Myanmar ...
movie

Winnie-the-Pooh: Blood and Honey (2023)

2023
Winnie-the-Pooh: Blood and Honey 2 (2024) 5.8
Winnie-the-Pooh: Blood and Honey 2 (2024)  Winnie the Pooh: Blood and Honey 2023 ရဲ့အဆက်ဖြစ်တဲ့ ဒုတိယရုပ်ရှင်လာပါပြီ။ဇာတ်လမ်းအရဆို ထပ်လည်းထွက်ဦးမှာပါ။ဘာလို့ ဒီဇာတ်လမ်းကိုမနှစ်က ရိုက်ခဲ့ပြီး ဒီနှစ် အပိုင်း ၂ထပ်ရိုက်ပြီး နောက်ထပ် ၃ လည်း ရိုက်ချင်တာလဲတော့နားမလည်ပါဘူး။ ကြမ်းကြမ်းတမ်းတမ်းဆော်တာကြိုက်တဲ့ဟော်ရာဖန်တွေတော့ အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအကျဉ်း***************ခရစ္စတိုဖာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ လူတစ်ပိုင်းတိရစ္ဆာန်တစ်ပိုင်း Pooh တို့အုပ်စုဟာ မနှစ်က ဧက ၁၀၀တောအုပ် ထဲမှာ အကြီးအကျယ်သောင်းကျန်းခဲ့ကြပြီးဒါကို ခရစ္စတိုဖာက လူတွေကို သတိပေးပေမဲ့ မယုံခဲ့ကြပါဘူး။ဒါပေမဲ့ ယုံတဲ့ လူနည်းစုကတော့ တောနင်းပြီးဒီအကောင်တွေကို လိုက်သတ်ကြပါတယ်။ အဲဒီတော့ပြေးစရာမြေမရှိတဲ့ Pooh တို့ကလည်း လိုက်ရှာတဲ့လူတွေကို ပြန်သတ်ရုံသာမက မြို့ထဲအထိပါ ဝင်လာပြီးပြန်လိုက်ဆော်ကြပါတယ်။ ကျန်တာကတော့ပြကွက်အသားပေးမို့ ဇာတ်လမ်းထဲမှာသာဆက်ကြည့်ရမှာပါပဲ။ File size…5.8GB/ 1.49GB / 641MB Quality…WEB-DL 4k HEVC 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror  ...
movie

Winnie-the-Pooh: Blood and Honey 2 (2024)

Teddiscare (2024)
Teddiscare (2024) အမွေးပွတိရိစ္ဆာန်ကမ္ဘာ အရုပ်ကုမ္ပဏီပိုင်ရှင်ကြီး မသေဆုံးခင် သားဖြစ်သူ ‌ဒန်ကန်ကိုဆင့်ခေါ်ပြီး ရှေ့နေ့မယ်လိုရီက‌ အမွေအားလုံးကို လွှဲအပ်ပေးမှာဖြစ်ကြောင်း ပြောရင်းနဲ့ တစ်ဆက်တည်းမှာပဲ သစ်တောမြေကွက်လပ်ကို လုံးဝမသွားဖို့ မှာကြားခဲ့ပါတယ်။ဒီသစ်တောမြေကွက်လပ်ဟာ ဒန်ကန့်ငယ်ဘဝရဲ့ သုခဘုံဖြစ်နေတာကြောင့် ဖခင်ဖြစ်သူ တားတဲ့ကြားထဲကနေ ရအောင်ပြန်သွားခဲ့ပါတယ်။ အဲဒီသစ်တောမြေကွက်လပ်မှာ ဘယ်လိုကိစ္စတွေဖြစ်နေလဲ၊ ဒန်ကန့်အဖေက ဘာကြောင့် မသွားခိုင်းတာလဲဆိုတာကို စောင့်စားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Teddiscare (2024)

The Exorcist (1973) 8.1
The Exorcist (1973) The exorcist (1973)IMDb rating - 8.1/10ဒီဇာတ်လမ်းလေးကတော့ “World No.1 horror film” လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင် Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင် ခုထိလည်း ‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ’ ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင် ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြုအမူတွေထူးဆန်းလာတယ်၊ ကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။(သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ...
movie

The Exorcist (1973)

Exorcist II: The Heretic (1977) 3.8
Exorcist II: The Heretic (1977) 1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီးဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီးဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာကုသမှုခံယူနေဆဲဖြစ်ပါတယ်။ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကိုအသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာဒီကားထဲမှာ အဖြေကို ရမှာပါ။ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့်Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။File size…  3.65 GB /  1.14 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Exorcist II: The Heretic (1977)

1977
The Exorcist III (1990) 6.5
The Exorcist III (1990) The Exorcist III (1990)IMDb - 6.5/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင် ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေ ဖာသာဒေမီယန်ကဲရက်စ် သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့ ၁၂နှစ်အရွယ် လူမဲကောင်လေး အသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။ ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။ အသတ်ခံရမှုတွေမှာ စဉ်းစားစရာက သေဆုံးသူတွေဟာ ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမား The Gemini killer ကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့…ဘေလ်ကင်မ်ဒါမန်း တစ်ယောက် လူသတ်သမားကို ရှာရင်းဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင်ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်း စုံစမ်းရင်း စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ ...
movie

The Exorcist III (1990)

1990
Silence of the Prey (2024) 5.5
Silence of the Prey (2024)  တစ်ချို့ယုံကြည်မှုတွေကအစွန်းရောက်လွန်းရင်လူ့အသိုင်းအဝိုင်းအတွက်ဘေးဖြစ်စေပါတယ်သူတို့အတွက်အမှန်တရားလို့ထင်နေတာတွေကတကယ်တော့ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက်ကတော့​စက်ဆုပ်စရာပါ...ဒီဇာတ်ကားလေးမှာတော့ နီနာတို့ဟာအမေတစ်ခုသမီးတစ်ခုဘဝလေးဖြစ်ပြီးတော့ ဘီလာရုစ်မှာနိုင်ငံရေးကြောင့် အဖမ်းခံရမှာစိုးလို့အမေရိကကိုတရားမဝင်ရွှေ့ပြောင်းထွက်ပြေးလာကြတာပါမယ်ရီဆိုသူရဲ့အချိတ်အဆက်နဲ့ လူသာဆိုတဲ့အဘိုးကြီးဆီမှာအိမ်အကူလုပ်ပေးဖို့ရောက်လာရာကနေနီနာတို့သားအမိဟာမထင်မှတ်တာတွေကြုံတွေ့ရပါတော့တယ်အစပိုင်းမှာအဆင်ပြေသလိုထင်ရပေမယ့်မထင်မှတ်ဘဲအန်ဒရက်စ်ဆိုတဲ့သူရောက်လာချိန်မှာတော့နီနာတစ်ယောက်ဟာသူမထင်မှတ်ထားတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်အဲဒီအလှည့်အပြောင်းမှာနီနာတစ်ယောက်ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ... File size…1.31GB / 624MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 37m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Silence of the Prey (2024)

Kill Your Lover (2023) 5.8
Kill Your Lover (2023)  သမီးရည်းစားဆက်ဆံရေးတွေမှာ တစ်ဖက်ကဖောက်ပြန်မှ တစ်ဖက်က စိတ်ကုန်ပြီး ပြတ်စဲကြတာမျိုးတွေပဲရှိတာမဟုတ်ပါဘူး။အစက ကိုယ်အရမ်းသဘောကျခဲ့ရတဲ့ ချစ်ရသူဟာအချိန်ကြာလာတော့မှ ကိုယ်နဲ့ အကျင့်စရိုက်တွေအတွေးအခေါ်တွေ နေပုံထိုင်ပုံတွေ မတူညီလာတဲ့အခါပြဿနာ အသေးအမွှားလေးတွေက ရင်ထဲမှာအစိုင်အခဲကြီးတစ်ခုအနေနဲ့သွားစုနေတတ်ပါတယ်။ဒီလို အစိုင်အခဲကြီးက ကြီးထွားလာတာနဲ့အမျှတစ်ဦးအပေါ်တစ်ဦး နားမလည်နိုင်တော့ဘဲ စိတ်ကုန်လာပြီးလမ်းခွဲပြတ်စဲကြတာမျိုးအထိဖြစ်သွားတတ်ပါတယ်။ဒီဇာတ်ကားထဲက ဒက်ကိုဒါဟာလည်း အဲဒီလိုတွေခံစားနေရတာကြောင့် ရည်းစားဖြစ်သူနဲ့ လမ်းခွဲပြတ်စဲဖို့ အချိန်ကောင်းကိုစောင့်နေသူပါ။ဒက်ကိုဒါဟာ အက်ဆဲနဲ့မတွေ့ခင်က ရော့ခ်ဂီတတီးဝိုင်းတစ်ခုရဲ့ အဖွဲ့ဝင်၊ မိုက်ကန်းကန်းကောင်မလေးတစ်ယောက်ဆိုပေမဲ့ အဲဒါကိုသဘောမကျတဲ့ အက်ဆဲက ဒက်ကိုဒါရဲ့ပုံစံကိုပြောင်းလဲအောင်တဖြည်းဖြည်းလုပ်ယူခဲ့ပါတယ်။အချိန်ကြာလာတဲ့အမျှ သူ့ကိုယ်သူပျောက်ဆုံးလာတယ်လို့ခံစားရတဲ့ ဒက်ကိုဒါဟာ အက်ဆဲနဲ့လမ်းခွဲဖို့ ပြင်ဆင်ပါတော့တယ်။ဒါပေမဲ့ သူလမ်းခွဲစကားပြောမဲ့နေ့မှာပဲ အက်ဆဲဟာသူ့ရဲ့ဓာတုဗေဒအလုပ်ကနေ ထိခိုက်လာပြီးခန္ဓာကိုယ်အနှံ့ အမည်းရောင်သွေးကြောတွေပေါ်လာကာလောင်ကျွမ်းစေတဲ့ ဓာတုရည်တွေစိမ့်ထွက်လာပါတော့တယ်။ဒီလိုနဲ့ သာမန် သမီးရည်းစား ပြဿနာဖြေရှင်းခန်း ဇာတ်လမ်းတစ်ပုဒ်ကနေ သွေးသံတရဲရဲ ဟော်ရာဇာတ်လမ်းအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ အဖော်အချွတ်လိင်ဆက်ဆံခန်းတွေ၊ သွေးထွက်သံယိုပြကွက်တွေပါဝင်တဲ့အတွက်ကြောင့် မိသားစုဝင်တွေ ကလေးသူငယ်တွေနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး။ဒက်ကိုဒါနဲ့ အက်ဆဲတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.1GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

Kill Your Lover (2023)

Oru Kadha Sollattaa Sir (2024) 6
Oru Kadha Sollattaa Sir (2024) Oru Kadha Sollattaa Sir (2024) ဆန်းကြယ်သောစာအုပ်တစ်အုပ်Imdb 7.2လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ဘုရင်ခေတ်လက်ထက်တုန်းက စုန်းမမင်းသမီးတစ်ပါးရှိခဲ့တယ် ကလေးတွေရဲ့နှလုံးသားနဲ့ဆေးဖော်ပြီး ထာဝရနုပျိုအောင်လုပ်ခဲ့သူပေါ့ အနီးအနားရွာတွေ ကလေးတွေပျောက်နေပေမဲ့ဘာဆက်ဖြစ်မှန်းမသိရတာနဲ့ အတိတ်နဲ့အနာဂတ်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ ဘုန်းတော်ကြီးတစ်ပါးဆီသွားရောက်မေးမြန်းခဲ့ကြတယ် အဖြစ်မှန်ကိုသိခဲ့ကြပေမဲ့ သူတို့မှာကတားဆီးနိုင်စွမ်းမရှိခဲ့ဘူးလေ ဘာလို့လဲဆိုတော့ ဒီစုန်းမကိုသတ်နိုင်တဲ့လူက‌မမွေးလာသေးလို့ပါပဲ ဒီကလေးက လသစ်ထွက်မဲ့ညမှာမွေးလာမှာဖြစ်ပြီး သူတစ်ယောက်ပဲတားဆီးနိုင်မယ် သူမမွေးလာခင်ထိ ဘာမှမတတ်နိုင်ဘူးလို့ ဘုန်း‌တော်ကြီးကဟောကိန်းထုတ်ခဲ့ပြီး ဂမ္ဘီရစာအုပ်ထဲ ချရေးခဲ့ပါတယ်လက်ရှိခေတ်... ဇာတ်ညွှန်းရေး ဒါရိုက်တာအရမ်းဖြစ်ချင်နေတဲ့ ကာရူနာ ဒါပေမဲ့ရေးတဲ့ဇာတ်လမ်းတိုင်းကတိုတိုတုတ်တုတ်တွေမို့ ဒါရိုက်တာကြီးကအချိန်ယူပြီးကောင်းတာလေးရေးဆိုပြီးပြောလွှတ်လိုက်လေရဲ့ သူ့လိုရည်မှန်းချက်တူတဲ့သူငယ်ချင်း၂ယောက်လည်း ရှိပါသေးတယ် သူတို့၃ယောက်က ဇာတ်ညွှန်းရေးမယ်ဆိုပြီး အိမ်တစ်လုံးသီးသန့်ငှားခဲ့တယ် ဒီအိမ်ကလည်း ဈေးဘယ်လောက်ခေါ်ခေါ် မရောင်းဘဲတင်းခံထားတဲ့အိမ်ပါ ဒီအိမ်ကြီးမှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ ဒီအိမ်ထဲ‌ ၃‌ယောက်သားဇာတ်ညွှန်းရေးကြရင်း ကာရူနာ့အဘိုးထားခဲ့တဲ့ ဂမ္ဘီရစာအုပ်ထဲချရေးမိရာက ရေးသမျှက လက်တွေ့ဖြစ်လာတဲ့အခါမှာတော့....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…2.03GB / 896MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oru Kadha Sollattaa Sir (2024)

2024
E-Sarn Zombie (2023) 5.6
E-Sarn Zombie (2023) E-Sarn Zombie (2023)ပိတ်ရက်လေးမှာ အဝchillချင်သူတွေအတွက် ထိုင်းဇွန်ဘီးကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ castတွေအနေနဲ့ကတော့ ဟိုတလောကခေတ်ထသွားတဲ့ ဂေါပက‌တွေ လက်တစ်လုံးခြားရိုက်စားလုပ်တဲ့ကား The Believer ထဲကမင်းသားနဲ့ Bad Genius ကားထဲက မင်းသမီးချောလေးက ပါဝင်အားဖြည့်ထားပါတယ်။နန်အီဒန်ရွာလေးမှာဖွင့်ထားတဲ့ ဂွဒ်စတိုးဆိုင်က တခြား‌ဆိုင်ခွဲတွေနဲ့မတူဘဲရောင်းအားကလည်းထိုးကျပြီး bad review တွေဝေနေလို့ ရုံးချုပ်က အစ်တီချိုင်ကို မန်နေဂျာသစ်အနေနဲ့ စည်းကမ်းကြပ်ဖို့ လွှတ်လိုက်ပါတယ်။ အဲဒီမှာပဲ စည်းကမ်းကိုတဖွဖွပြောနေတဲ့အစ်တီချိုင်နဲ့ ပေကပ်ကပ်ဂျစ်ကန်ကန် နွန်တွန်တို့ တွေးကြတော့တာပါပဲ။ဒီလိုနဲ့တစ်နေ့မှာ နွန်တစ်ယောက် ဆိုင်ကရက်လွန်အသားတွေ ခိုးခိုးသွားတာကို အစ်တီချိုင် သိလိုက်ရပြီး နွန်ရဲ့နောက်ကို တိတ်တိတ်လေး လိုက်သွားချိန်မှာတော့...စီရီပွန်ဂီတပွဲကို အသေရရအရှင်ရရနှစ်သက်ကြတဲ့ နန်အီဒန်ရွာသား အီဆန်သားတွေ စီရီပွန်ဂီတပွဲနေ့မှာပဲ ဘယ်လိုတွေကမောက်ကမဖြစ်ကြမလဲ‌ဆိုတာကို အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou တို့ပဲ ဖြစ်ကြပါတယ်။Genre..... Action, Comedy, Horror Quality…. 1080p | 720p File size… 1.2GB | ...
movie

E-Sarn Zombie (2023)

2023
Under Paris (2024) 5.5
Under Paris (2024)  ၂၀၂၄ ဇွန်လ ၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Paris Underရုပ်ရှင်ကတော့ Action၊ Drama၊ Horror၊ Thrillerအမျိုးအစားစုံလင်လှတဲ့ငါးမန်းရုပ်ရှင်သစ်ဖြစ်ပါတယ်။၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့်အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင်ရောက်နေတာကို သိရှိလိုက်ရပါတယ်။အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးကသားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပသွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက်ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့်လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင်ကြိုးစားကြရပါတော့တယ်.... File size…3.23GB / 1.49GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Under Paris (2024)

The Strangers: Chapter 1 (2024) 6.0
The Strangers: Chapter 1 (2024)  ဟော်ရာရုပ်ရှင် အသစ်ကောင်းတာလေး ထွက်ပါတယ်။ဒီကားက အဆက်လည်းထွက်ဦးမှာဖြစ်ပြီးနောက်တစ်ကားဆို ပိုကြမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း****************စုံတွဲတစ်တွဲက ၅ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်အမေရိကန်နိုင်ငံထဲကို ကားပတ်မောင်းကြတယ်။ထုံးစံအတိုင်း လူနည်းစုလေးပဲ နေတဲ့ မြို့ကိုရောက်သွားတယ်၊ကားပျက်သွားတယ်၊ အိမ်ငှားပြီး ညအိပ်ရတယ်။ညကျတော့ မျက်နှာဖုံးနဲ့လူတစ်စု ရောက်လာပြီးလိုက်သတ်တယ်။ အဓိကကတော့ ဘယ်သူတွေကဘာလို့ ဒီလိုလုပ်ရပြီ သူတို့စုံတွဲ လွတ်အောင်ဘယ်လိုရုန်းရမလဲပြထားတာပါပဲ။ကြည့်ကြည့်ကြပါဦး။  File size…1.1GB / 464MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

The Strangers: Chapter 1 (2024)

Cinderella’s Revenge (2024)
Cinderella’s Revenge (2024)  စင်ဒရဲလားက မင်းသားလေးနဲ့ လက်ထပ်ပြီးနောက် Happily Ever After ဘဝကို ရသွားတယ်လို့ ဇာတ်လမ်းလေး ရှိသလို မင်းသားလေးက ဖောက်ပြန်လို့ စင်ဒရဲလားက လက်ထပ်ပြီးတာတောင် စိတ်ဆင်းရဲစွာနေထိုင်ရတယ်ဆိုတဲ့ မူကွဲတွေလည်း ရှိပါတယ်။ဒီဇာတ်လမ်းမှာတော့ စင်ဒရဲလားကို သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးနဲ့ အစ်မတွေက အဆုံးစွန်ဆုံး ရိုက်နှက်နှိပ်စက်ကြတဲ့အခါ စင်ဒရဲလားက သည်းမခံတော့ဘဲ သူမရဲ့ Fairy Godmother အကူအညီနဲ့ ကလဲ့စားချေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Fantasy ဖြစ်ပြီး ကလေးငယ်လေးတွေ မကြည့်သင့်တဲ့ စင်ဒရဲလားကားလေးပါ။ အသတ်အဖြတ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများနဲ့ စင်ဒရဲလားတစ်ယောက် အောင်အောင်မြင်မြင်နဲ့ သူမရဲ့ ကလဲ့စားကိုချေနိုင်မှာလား၊ မင်းသားလေးနဲ့ရော ပျော်စရာဇာတ်သိမ်းလေးရပါတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(809 MB) Quality….Webrip 1080p / ...
movie

Cinderella’s Revenge (2024)