Channel Myanmar

Horror

The Possession of Hannah Grace (2018) 5.0
The Possession of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thrillerအမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်...ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ၀န်ထမ်းအသစ် ရဲဝန်ထမ်းဟောင်းMegan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး...
movie

The Possession of Hannah Grace (2018)

2018
The Final Wish (2018) 4.3
The Final Wish (2018) အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့The Final Wish ဆိုတဲ့ Horror ကားကောင်းလေးပါအေရွန်ဆိုတဲ့ ရှေ့နေကောင်လေးဟာ သူ့အဖေသေဆုံးလို့ နယ်မြို့ကအိမ်ကို ပြန်လာရာက ဇာတ်လမ်းစထားပါတယ်သူ့အဖေက ရှေးဟောင်းပစ္စည်းတွေ ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့သူပါသူပြန်လာတဲ့အချိန်မှာတော့ သူ့အခန်းထဲမှာရှေးဟောင်းအရိုးပြာအိုးတစ်အိုး ရှိနေခဲ့ပါတယ်အဲဒီအရိုးပြာအိုးမှာ ထူးခြားတာကတော့ အေရွန် ဖြစ်ချင်သမျှ ဆုတောင်းလိုက်သမျှအကုန်ဖြစ်လာအောင် လုပ်ပေးနေတာပါပဲလောကကြီးမှာ ကောင်းတာတွေချည်း ဆက်တိုက်ဖြစ်နေတော့အေရွန်အတွက် မကောင်းတာက ဘာများ ဖြစ်လာမှာလဲစိတ်လှုပ်ရှားဖွယ် ရိုက်ကူးပြထားတဲ့ horror ကားလေးပါIMDB rating 4.3 ရထားပြီး အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်လို့horror ချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ File Size ...
movie

The Final Wish (2018)

2018
Kill List(2011) 6.4
Kill List(2011) Kill List(2011)IMDb....6.4,,,,Rotten....76%စစ်သားဟောင်းတွေဖြစ်ကြတဲ့ ဂျေး နဲ့ ဂယ်လ်တို့ဟာ တပ်က ထွက်ပြီးချိန်မှာတော့ကြေးစားလူသတ်သမားတွေဖြစ်လာကြတယ်....တစ်နေ့မှာတော့ ဂျေးတို့မိသားစုဟာ မိတ်ဆွေဟောင်း ဂယ်လ် နဲ့ ချစ်သူ ဖီအိုနာတို့ကို ညစာဖိတ်ကျွေးဖြစ်ခဲ့တယ်...အဲ့ဒီအချိန်မှာပဲ ဂယ်လ်က သူအလုပ်အသစ်တစ်ခု လက်ခံထားတာ ရှိကြောင်းပြောပြတယ်....အလုပ်သစ်က တော့ လူ(၃)ယောက်ကိုသတ်ပေးဖို့ပါပဲ.....ဒီလူ(၃)ယောက်ကို မသတ်ခင်မှာဘဲ ကြေးစားလူသတ်သမား(၂)ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကြုံခဲ့ရတယ်..အဲ့ဒီအဖျက်အပျက်ပြီးတဲ့နောက်ပိုင်း လက်ခံထားတဲ့အလုပ်ကို လက်စသတ်ဖို့ရာလူ(၃)ယောက်ကိုသတ်ဖို့ကြိုးစားတဲ့အချိန်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...Horror နဲ့ Crime အမျိုးအစားတွေကြိုက်တဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်း...Rating တွေကလည်းကောင်းမွန်တဲ့အနေအထားမှာရှိကြောင်းသတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်... File Size : (973 MB) and (38၇ MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre :  Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie

Kill List(2011)

2011
Climax (2018) 7.5
Climax (2018) Rating 7.5 ရရှိထားတဲ့ Horror ကားပဲဖြစ်ပါတယ်...Horror ကားတွေအများစုက Rating သိပ်မရကြပါဘူး..ဒီကားကတော့ ဘာလို့အဲလောက်ထိရလဲဆိုတာ ကြည့်ရင်းနဲ့ဆုံးဖြတ်လိုက်ရအောင်လား....Horror ကြိုက်တဲ့လူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားတစ်ကားဆိုလည်းမမှားပါဘူး...1996 ခုနှစ် ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို ရိုက်ကူးထားတဲ့Climax ဆိုတဲ့ရုပ်ရှင်ကားကို တင်ပေးလိုက်ပါတယ်။လူငယ်တစ်စုဟာ လူစုပြီး အကအဖွဲ့ဖွဲ့ရင်း အဆောက်အအုံဟောင်းကြီးထဲမှာရက်ပေါင်းများစွာ အကတိုက်နေကြပါတယ်။လေ့ကျင့်ရေးနေ့အပြီးမှာ ပါတီပွဲပြုလုပ်ရင် အဖျော်ယမကာထဲမှာဆေးတစ်ခုခုပါဝင်သွားရာမှ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ၊ဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦင်္းနော်.. File Size : ( 778 MB) & ( 230 MB)Quality : WEB-DL 720pRunning Time :1hr 35minFormat : Mp4Genre : Drama , Horror , MusicSubtitle : Myanmar Subtitle (Hard ...
movie

Climax (2018)

2018
The Golem (2018) 5.5
The Golem (2018) ကြည့်လို့ကောင်းမယ့် Horror ကြမ်းကြမ်းကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်...ဂျူးအဖွဲ့အစည်းတစ်ခုမှ ကပ်ဘေးကြုံရတဲ့အချိန်ကာလတစ်ခုကိုရိုက်ကူးတင်ဆက်ပြထားတာဖြစ်ပါတယ်ကပ်ဘေးဆိုက်တဲ့အချိန်မှာ ဂျူးမုန်းတီးရေးအဖွဲ့တစ်ခုဟာဂျူးလူမျိုးတွေနေရာကို ကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်သူတို့ကပ်ဘေးဆိုက်ရတဲ့အကြောင်းအရင်းဟာ ဂျူးလူမျိုးတွေကျိန်စာတိုက်ထားလို့ဆိုပြီးလည်း တစ်ထစ်ချယုံကြည်နေခဲ့ပါတယ်တဖြည်းဖြည်းနဲ့ အသက်အန္တရာယ်အထိ ချိန်းခြောက်လာခဲ့တဲ့အခါမှာတော့ဟန်နာဆိုတဲ့ အမျိုးသမီးက သမ္မာကျမ်းစာလာအတိုင်းဂိုလမ်ကို ဖန်ဆင်းဖို့ကြိုးပမ်းပါတော့တယ်သူကဖန်တီးလိုက်တဲ့ဂိုလမ်ဟာ ရန်သူတွေကိုသာမကပဲအချင်းချင်းကိုပါ သတ်ဖြတ်လာတဲ့အခါ…ကယ်တင်ရှင်လို့ ယူဆခဲ့ပေမယ့် မကောင်းဆိုးဝါးဖြစ်နေတဲ့အခါ..အင်အားကြီးမားလွန်းလို့ ထိန်းမနိုင် သိမ်းမရတော့တဲ့အထိဖြစ်လာတဲ့အခါ..သူတို့တွေ ဘယ်လိုရင်ဆိုင်သွားကြမလဲတော်ရုံမသေနိုင်တဲ့ဂိုလမ်ကို သူတို့သတ်ပစ်နိုင်ပါ့မလားဆိုတာကြည့်ရှုရမယ့်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်အေးအေးဆေးဆေး ကော်ဖီတစ်ခွက်နဲ့ ထိုင်ကြည့်ရမယ့် ကားမျိုးပါဘာသာရေးဆိုင်ရာအသုံးအနှုန်းတွေများတဲ့အတွက်ဘာသာပြန်တာ လိုအပ်ချက်ရှိသွားမယ်ဆိုရင်လည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ် File Size : ( 877 MB) & ( 247 MB)Quality : Web-DL 720pRunning Time :1hr ...
movie

The Golem (2018)

2018
Pet Sematary(1989) 6.6
Pet Sematary(1989) စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်)ဇာတ်လမ်းအကျဉ်း ============မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ ...
movie

Pet Sematary(1989)

1989
The Hole in the Ground(2019) 6.0
The Hole in the Ground(2019) T he Hole in the Ground(2019)IMDb...6.0ဒီတစ်ခါတော့ horror ကားတွေသဘောကျတဲ့ ပရိတ်သတ်တွေ အတွက် 2019 ထွက် ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..ဆရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့နှိပ်စက်မှုကြောင့် လူမမယ်သားငယ်ခရစ်ကို လက်ဆွဲပြီး တစ်နယ်တစ်ကျေးကိုထွက်ပြေးလာခဲ့တဲ့တယ်...ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ သူမအတွက် အရမ်းထိတ်လန့်စရာ တစ်ခုထပ်ကြုံရပြန်တယ်...အဲ့ဒါကတော့  အိမ်နီးချင်း စိတ်မနှံ့သူအဖွားကြီးရဲ့ ကြောက်ရွံဖွယ်နောက်ခံဇတ်လမ်းတစ်ပုဒ်ကို သူမသိလိုက်ရတယ်...သူမ အဲ့ဒီအဖွားကြီးနဲ့ ထိတ်တိုက်မတွေ့ချင်ပေမယ့်လည်း တွေ့ခဲ့ရသလို သားငယ်ကလည်း တနေ့တစ်ခြားအမူအကျင့်တွေထူးခြားလာတယ်.... ..အဖွားကြီးက ဘာကြောင့် အရမ်းကြောက်စရာကောင်းတာလဲ....သူ့သားလေးကလည်း ဘယ်လိုတွေပြောင်းလဲလာတာလဲ....horror ကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦးဗျို့File Size : (852MB) Quality : WEB-DL 720p, Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

The Hole in the Ground(2019)

2019
Velvet Buzzsaw(2019) 6.0
Velvet Buzzsaw(2019) Velvet Buzzsaw(2019) IMDb....6.0,,Rotten....66% ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်....တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး...သို့ပေမယ့်ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး .....ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး..ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်...သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ပန်းချီကားဟေ့ဆိုရင် အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ...ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘဝကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့...ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ...ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ...ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ...ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ...ကိုင်းခံစားကြည့်လိုက်ဦးဗျို့......တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင်လည်း မမှားဘူးထင်တယ်....File Size : (967 MB) and (401 MB) Quality : WEB-DL 720p, Format…mp4 Duration…01:53:00 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Velvet Buzzsaw(2019)

2019
Anna and the Apocalypse (2017) 6.6
Anna and the Apocalypse (2017) အခု မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ထားတဲ့ Anna and the Apocalypse ဆိုတဲ့ ဇွန်ဘီ comedy ဇာတ်ကားလေးပါJohn Mcphail က ရိုက်ကူးထားပြီး IMDB 6.4 ထိ ရထားတဲ့ ဇာတ်ကားလေးပါအန်နာဆိုတဲ့ ကောင်မလေးရယ် ဂျွန်ဆိုတဲ့ကောင်လေးရယ်က အချစ်ဆုံးသူငယ်ချင်းတွေပါကျောင်းပြီးရင် ဂျွန်က အနုပညာတက္ကသိုလ်တက်မယ် အန်နာကတော့ ခရီးထွက်မယ်ဆိုပြီး ကိုယ်စီ စိတ်ကူးယဉ်အိပ်မက်လေးတွေနဲ့ ပျော်ရွှင်စရာမြို့လေးမှာ နေထိုင်ကြပါတယ်တစ်နှစ်တော့ ခရစ်စမတ်ချိန်မှာတော့ ခါတိုင်းနှစ်နဲ့ မတူဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်အဲဒါကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် မြို့ထဲက လူတွေဟာ ဇွန်ဘီတွေ ဖြစ်ကုန်ပြီး သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရတာပါသူတို့သူငယ်ချင်းတွေဟာ မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေကြပြီး သူတို့ချစ်ရတဲ့ မိဘတွေ မိသားစုတွေရှိတဲ့ဆီကို ရောက်ဖို့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ ဇွန်ဘီတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ကြတာလေးတွေကို ...
movie


2017
Heaven & Hell (2018) 5.6
Heaven & Hell (2018) ၁၉၉၀ ပြည့်နှစ်တွေအတွင်း လော့စ်အိန်ဂျလိစ်မြို့ကြီးမှာ သဘာဝလွန်သေဆုံးမူတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ထူးဆန်းတာက အလောင်းတွေအားလုံး အပ်စူးထားတဲ့ လေထိုးရုပ်တွေလို ပိန်ကပ်ပြားချပ်ကုန်တာပါပဲ။ အဲ့ဒီအချိန်မှာ မတော်တဆမူတစ်ခုကြောင့် အကြားအမြင်ရသွားတဲ့ Chase ဆိုတဲ့ LA ရဲဋ္ဌာနအမူလိုက်တစ်ယောက်ကတော့ တစ်ကမ္ဘာလုံးအဖျက်စီးမခံရခင်မှာ ဒီအဖျက်အမှောင့်စွမ်းအင်ကို ရပ်တန့်အောင်လုပ်ပစ်ရမယ်တဲ့။ ဘယ်လိုစွမ်းအားတွေနဲ့များ ဒါကိုသူတားဆီနိုင်မှာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာရူစားရမှာဖြစ်ပါတယ်။ (ထူးခြားချက်က ၁၉၉၀ မတိုင်ခင်မှာရိုက်ကူးပြီး ၂၀၁၈ ခုနှစ်မှထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်နေခြင်းပါပဲ)။ ရုပ်ရှင်ကို Archi Thang Gyi မှ ပြန်ပေးထားပါတယ်
movie

Heaven & Hell (2018)

2018
Antichrist (2009) 6.6
Antichrist (2009) Antichrist ဆိုတာ၂၀၀၉ခုနှစ်မှာထွက်ရှိထားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ် သားလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့လင်မယားနှစ်ယောက်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ် သားလေးကိုဆုံးရှုံးလိုက်ရလို့ ကြေကွဲခံစားနေရတဲ့ဇနီးသည်ရဲ့ဝမ်းနည်းပူဆွေးသောကတွေကို ယောကျာ်းဖြစ်သူကကုစားပေးနိုင်ဖို့အတွက်ကုထုံးနည်းလမ်းနဲ့ပဲ ကုသပေးဖို့စီစဉ်လိုက်ပါတယ် မိန်းမဖြစ်သူရဲ့စိတ်အတွင်းကအကြောက်ရွံ့ဆုံးနေရာကိုသွားနေထိုင်ရင်းနဲ့ ဒီကုထုံးကိုစတင်မှာဖြစ်တာကြောင့် သစ်တောထဲကသစ်လုံးအိမ်လေးကိုသွားရောက်ခဲ့ကြပါတယ် အဲ့ဒီသစ်လုံးအိမ်လေးမှာ သားလေးဖြစ်သူနစ်ခ်နဲ့ သူ့မိန်းမတို့သွားရောက်ဖူးခဲ့တဲ့နေရာလေးပါ သူတို့သွားရောက်နေထိုင်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ကတကယ့်ကိုငရဲတစ်ခုအလားမြင်ယောင်လာမိပါတော့တယ် ဆိုးရွားလွန်းတဲ့ပုံစံတွေ အနေအထားတွေကိုမြင်တွေ့ခံစားနေခဲ့ရပေမယ့် သူ့မိန်းမအတွက်ကြိုးစားပြီးတော့နေထိုင်ခဲ့ပါတယ် တကယ်တမ်း သူကိုယ်တိုင် သူ့မိန်းမရဲ့စာတမ်းတွေကိုတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ရှုရင်းနဲ့ပဲရင်ခုန်လိုက်ရအောင်ပါ တကယ်တော့ ဒီကားကတော်တော်လေးကိုအာရုံစားတဲ့ကားပါ အတွေးပိုင်းကိုလုံးဝအကျယ်ချဲ့ပြီးတော့ စဉ်းစားစေတဲ့ဇာတ်ကားလိုပုံစံမျိုးမလို့ ကြည့်ရတာ စိတ်ဝင်စားစရာတော့ကောင်းလှပါတယ် ပါဝင်သရုပ်ဆောင်များ - Willem Dafoe , Charlotte Gainsbourg ဇာတ်ကားအမျိုးအစား - Action ,Drama ,Horror ဇာတ်ကားကြာချိန် - 108 minutes Translated by Aye chansu Encoded by sithu
movie

Antichrist (2009)

2009
Tell Me How I Die (2016) 5.0
Tell Me How I Die (2016) ဆေးဝါးအသစ်ထွင်ရင် ကြွက်ဖြူလေးတွေနဲ့စမ်းသပ်တယ် နောက်ယုန်တွေ နောက်မှ လူတွေပေါ့ ဒီဇာတ်ကားမှာလဲ ဆေးဝါးတစ်ခုဖော်စပ်တာကနေစပါတယ် သူတို့ဖော်စပ်တဲ့ဆေးက လူသားတွေပျော်ရွှင်စရာမှတ်ဥာဏ်တွေကိုပြန် သတိရချင်တိုင်း သတိရစေမယ့်ဆေးပါ သူတို့အယူအဆက လူတွေက ပျော်စရာမှတ်ဥာဏ်တွေပြန်တွေးတဲ့အခါ စိတ်က နုသွားတတ်တယ် စိတ်ပျိုတော့ ကိုယ်နုဆိုသလိုသက်တမ်းကို ပိုရှည်စေပါတယ်တဲ့ သို့သော်လဲ ဒီဆေးကိုစမ်းသပ်ဆဲကာလာဖြစ်နေပြီ အပေါ်ကပြောခဲ့သလို လူတွေနဲ့စမ်းသပ်တာမှာ အနည်းငယ်ကြန့်ကြာမှုလေးတွေဖြစ်ပေါ်နေပါတယ် ဒါပေမယ့်လဲ ဒေါက်တာ ဂျယ်ရန်တို့အဖွဲ့ ဆက်လက်လုပ်ဆောင်နေပါတယ် စမ်းသပ်ခံမယ့်သူတွေကို ကြေးကြီးပေးပြီး စမ်းသပ်ခံဖို့ဆွဲဆောင်နေပါတယ် အန်နာကကျောင်းတက်ဖို့ပိုက်ဆံရှာနေသူဖြစ်ပြီး သူမအနေနဲ့ အရင်အလုပ်ရှင်ကိုလဲပြန်မတောင်းပန်ချင်တဲ့အခါ သူ့သူငယ်ချင်းပြတဲ့ အဆိုပါ စမ်းသပ်ခံ လုပ်အားပေးကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ် သူ့လိုပဲ ကျောင်းသားတွေ လူရွယ်တွေလာရောက်အစမ်းသပ်ခံတာကိုတွေ့ခဲ့ပါတယ် စမ်းသပ်ခံပြီးနောက်မှာတော့ သူတို့ကိုထိုးပေးခဲ့တဲ့ဆေးက ဘေးထွက်ဆိုးကျိုးတွေရှီလာပါတယ် အချိန်ရဲ့ ကမောက်ကမဖြစ်စဉ်တွေကိုခံစားရပြီး အတိတ် လက်ရှိနဲ့ အနာဂတ်တွေကို ရောထွေးလာတာကိုခံစားရပါတယ် အန်နာဆို သေမယ့်လူတွေကိုကြိုမြင်လာတာပါ ဒီတော့ ဘယ်သူတွေက ဘယ်လိုသေမယ်ဆိုတာသိနေတဲ့ အန်နာတစ်ယောက် စမ်းသပ်တဲ့ နေရာကနေလွတ်ဖို့ကြိုးစားပါတော့တယ် အဲ့အချိန်မှာပဲ သူမြင်တဲ့သေတဲ့ အမြင်တွေဟာ တစ်စုံတစ်ယောက်ကလိုက်သတ်နေတာကိုသိလာတဲ့အချိန်မှာတော့... စိတ်ဝင်စားစရာအပြည့်နဲ့ Tell Me How I Dieက ကြည့်ရကျိုးနပ်စေမှာပါ
movie

Tell Me How I Die (2016)

2016
Concrete (2004) 5.2
Concrete (2004) ဒီဇတ်လမ်းကတော့ ဂျပန်နိုင်ငံမှာ ၁၉၈၈-၁၉၈၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်မှုခင်းတစ်ခုပါ။ ကွန်ကရစ်စည်ပိုင်းထဲထည့်ပြီးမြှုပ်ခံရတဲ့ကောင်မလေး(The Girl In Concrete)ဆိုပြီး ဂျပန်နိုင်ငံ မှာဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ လူသတ်မှုကိုကျူးလွန်ခဲ့တဲ့ တရားခံ ၄ ယောက်ကတော့ အသက်မပြည့်သေးတဲ့အတွက် ဂျပန်နိုင်ငံရဲ့ (Juvenile Law)အရ ပြင်းထန်တဲ့ထောင်ဒဏ်ကို မခံခဲ့ရပါဘူး.... ++++++++++++++++ ၁၉၈၈ခုနှစ် ဂျပန်နိုင်ငံရဲ့အေးချမ်းလှတဲ့ နိဝင်ဘာလ... သူမစောင့်မျှော်နေတဲ့ ၈း၃၀ အချိန်ရောက် လာပါပြီ။ သူမရဲ့အချိန်ပိုင်းအလုပ်လဲပြီးပြီမို့ စက်ဘီးလေးကိုနင်းရင်း သိပ်ကိုကြည့်ချင်နေတဲ့ဂျပန် ဇတ်လမ်းတွဲကြည့်ဖို့ ပြန်လာခဲ့ပါတယ်။ အဲ့ဒီနေ့သာ သူမ ကံကြမ္မာဆိုးဝင်မဲ့နေ့သာသူမ သိခဲ့ရင်... သူမချစ်သော သူတွေအားလုံးနဲ့နောက်ဆုံးတွေ့ရသောနေ့တစ်နေ့မှန်းသာ သူမ ကြိုသိခဲ့ရင်... ++++++++++++++++ သူတို့ကျွန်မကို လူမဆန်စွာနှိပ်စက်ကြတယ်၊ အကြိမ်ကြိမ်အခါခါ တစ်ယောက်တလှည့်စီ မုဒိန်းကျင့် ကြတယ်၊ ပြီးတော့ ကျွန်မကိုကန်ကျောက်ထိုးနှက်ကြတယ်၊ ကျွန်မရဲ့ မိန်းမကိုယ်ထဲကိုလည်း မ်ီးစတွေ နဲ့ထိုးတယ်..ဘီယာပုလင်းအဖုံးတွေ...ဘာမှန်းမသိတဲ့အရာတွေနဲ့ ထည့်ပြီးနာကျင်အောင်လုပ်ကြတယ် ကျွန်မနာကျင်လွန်းလို့အသံတောင်မထွက်နိုင်တော့ဘူး... ကျွန်မရဲ့နာကျင်မှုတွေက သူတို့အတွက် ရယ်စရာကောင်းနေသလားရှင်... ++++++++++++++++ အခုဆို ကျွန်မတကိုယ်လုံး သူတို့နှိပ်စက်ပြုမူထားလို့ လူရုပ်တောင်မပေါက်တော့ဘူး၊ ကျွန်မလူရုပ် မပေါက်တော့ ကျွန်မကိုမုဒိန်းကျင့်ဖို့ထက် နှိပ်စက်ဖို့ဘဲအသုံးဝင်လာတော့တယ်၊ ကျွန်မရေဆာလို့ ရေတောင်းတဲ့အခါ သောက်ဖို့ရေအစား ကျွန်မဆီး(ကျင်ငယ်)ကို ကိုယ်တိုင်သောက်ပါဆိုပြီး အတင်း သောက်စေခဲ့တယ်၊ ချမ်းအေးလှတဲ့ဆောင်းရာသီကြီးမှာ ကျွန်မအကျီတောင်မကပ်နိုင်ဘဲ အေးစက် စွာနေခဲ့ရတယ် ။ ကျွန်မရဲ့ ...
movie

Concrete (2004)

2004
Extraordinary Tales (2013) 6.5
Extraordinary Tales (2013) Extraordinary Tales ဒီဇာတ်ကားကလူကြီးကြည့်ကာတွန်းကားလို့ဆိုနိုင်ပါတယ် ကာတွန်းဆိုတာကအန်နီမေးရှင်းအလန်းစားနဲ့တွေ့ရတဲ့သည်းထိတ်ရင်ဖိုအမျိုးအစားပါ. ဒီဇာတ်ကားဟာဆိုရင် Edgar Allan Poeရဲ့ပုံပြင်တွေက ၅ပုဒ်ကိုဆွဲထုတ်ပြီးတော့တစ်ခန်းချင်းစီ တစ်ပိုင်းခြင်းစီက ရေးဆွဲထားတဲ့နည်းလမ်းတွေကရသတစ်မျိုးစီပေးစွမ်းနိုင်ပါတယ် . ဇာတ်ကားအကြောင်းပြောရမယ်ဆိုရင် သေခြင်းရဲ့လွန်မြောက်ခြင်းအဆုံးသတ်မှာဘာတွေရှိနိုင်မှာပါလဲ ကျီးကန်းတစ်ကောင်ရဲ့သူ့ဘဝအခြေအနေကိုပြောပြရင်းနဲ့ပဲဇာတ်ကိုစထားပြီးတော့ အဆုံးသတ်မှာကော သူ့ရဲ့ခံယူချက်တွေကဘယ်လိုပြောင်းလဲသွားနိုင်ပါ့မလဲဆိုတာကိုတွေ့ရမှာပါ အပိုင်း၅ပိုင်းပါတယ်လို့ပြောထားသလိုပဲ တစ်ပိုင်းခြင်းစီမှာဆိုရင် သေဆုံးမှုတွေရဲ့ခံယူချက်တွေထင်မြင်ချက်တွေ ဒါတွေကို ပုံစံမျိုးစုံနဲ့တွေ့ရမှာပါ ဒီဇာတ်ကားကပြောပြရခက်တဲ့ဇာတ်ကားပါ ကိုယ်တိုင်ခံစားကြည့်ရှုမှပဲ ဘယ်လိုရသကိုရရှိနိုင်တယ်ဆိုတာကိုသိရှိရမှာပါ ကြာချိန် ၇၃မိနစ်မှာ Horror နဲ့ mysteryပိုင်းဆိုင်ရာရသတွေကိုအပြည့်အဝပေးစွမ်းသွားနိုင်ပါတယ်ဆိုတာပြောကြားချင်ပါတယ် 2013 ထုတ်ကားကောင်းတစ်ကားဖြစ်ပြီးတော့ ဆုတံဆိပ်တွေလဲရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ အန်နီမေးရှင်းလန်းလန်းလေးနဲ့ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်တတ်တဲ့သူမျိုးဆိုရင်တော့ ဒီဇာတ်ကားလေးကိုကြည့်သင့်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားပါရစေ။  File Size : (939MB) & (477MB) Quality : .1080p.BluRay Running Time :1hr  13min Format : Mp4 Genre    :  Animation, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Encoded by Arkar Phyo (Yrfatt)
movie

Extraordinary Tales (2013)

2013
One Cut of the Dead ( 2017 ) 8.0

One Cut of the Dead ( 2017 )

2017
The Descent (2005) 7.2
The Descent (2005) The Descent (2005) IMDb - 7.2/10_____Rotten - 85%  Horror ကားအများစုဟာ Rating နည်းကြပါတယ် The Descent ကတော့ IMDb 7.2 ရရှိထားတာကြောင့် Horror ကားတစ်ကားအနေနဲ့ Rating မြင့်တယ်လို့ ဆိုနိုင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Neil Marshall ရိုက်ကူးထားပြီး 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် The Descent ရဲ့အဓိပ္ပါယ်က " ဆင်းသက်ခြင်း " ဖြစ်ပေမယ့် " သက်ဆင်းခြင်း " လို့ပြောမှ ပိုမှန်မယ် ထင်မိပါတယ် အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့ အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ စွန့်စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့ လှိုဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ် ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှ ဂူထဲမှာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါတော့တယ် အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့ အသားစားသတ္တဝာတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့.... Jump Scare(သွေးလန့်လို့ခုန်)အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ်   သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့် နှလုံးမခိုင်သူများ ...
movie

The Descent (2005)

2005
The Whispering(2018) 5
The Whispering(2018) The Whispering(2018) ကိုင်း Horrorကားကြိုက်နှစ်သက်သူတို့အတွက် The Whispering(2018) ဇာတ်ကားကိုတင်ဆက်ပေးလိုက်တယ်..... အခင်ဆုံးသူငယ်ချင်းဖြစ်သူ သေဆုံးသွားပြီးတဲ့အချိန်မှာ ယောအွန်းဟာတစ်ယောက် အိပ်မက်ဆိုးတွေ ဆက်တိုက်မက်နေခဲ့တယ် ဒီလိုဖြစ်ရပ်တွေကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်နည်းခဲ့လို စိတ်ဖိစီးမှုတွေနဲ့ ပိုပြီး ကြုံတွေ့လာရတယ် ယောအွန်းဟာ နဲ့အတူ အတန်းဖော်ငါးယောက်ဟာ ကမ်းခြေဘက်ကို အပျော်ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်.. အပြန်လမ်းမှာတော့ ၀ူဆောင်းရဲ့ စည်းရုံးရေးကောင်းမှုကြောင့် သူတို့ သူငယ်ချင်းတွေဟာ မလုပ်သင့်တဲ့ကိစ္စကြီးကိုလုပ်လိုက်ကြတယ်...အဲ့ဒါကတော့  သရဲအိမ်ထဲကိုသွားပြီး  သရဲအိမ်ထဲက သူတို့ရဲ့ လှုပ်ရှားမှုအားလုံးကို အင်တာနက်မှာ တိုက်ရိုက်လွှင့်ဖို့ စီစဉ်ခဲ့ကြပါတယ်... အဲ့ဒီနောက်မှာတော့.................................. ကိုင်း horror ကားကြိုက်သူတွေ လက်မလွှတ်သင့်ပါဘူးနော်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်.... File Size : (850MB) and (317 MB) Quality :့HD-Rip 720p, Format…mp4 Duration…01:30:00 Genre :  Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  SCRN Encoded by Phyo Pyae    
movie

The Whispering(2018)

2018
The Unseeable ( 2006 ) 6.9
The Unseeable ( 2006 ) ထိုင်းသရဲ ကားတွေကြိုက်နှစ်သက်သူတွေအတွက် 2006ခုနှစ်ကထွက်ရှိခဲ့တဲ့ The Unseeable ဆိုတဲ့ထိုင်းကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် IMDb Rate ကတော့ 6.9 ဖြစ်ပါတယ်ဇာတ်လမ်းကိုတော့  1963 ခုနှစ်ဝန်းကျင်မှာတည်ထားခြင်းဖြစ်ပါတယ်နီဂျန်ဆိုတဲ့ တောသူလေးတစ်ယောက်ဟာ ခွိုင်ဘူရီဆိုတဲ့တောဘက်ကနေသူ့ယောက်ကျားကိုရှာဖို့အတွက် မြို့ပေါ်ကိုတက်လာတယ်သူ့မှာလည်းကိုယ်ဝန်အရင့်အမာနဲ့ပေါ့..ကံကောင်းချင်တော့မြို့ရောက်တဲ့အခါမှာ ကူညီတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံပြီး အိမ်ကြီးတစ်အိမ်မှာ တည်းခိုခွင့်ရလိုက်ပါတယ်အဲ့အိမ်ကတော့ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့အိမ်ကြီးပါပဲ..အိမ်ပိုင်ရှင်သခင်မလေးရှိမယ်အခိုင်းအစေလေး ချော့ဘ် ရှိမယ်..ပြီးတော့ အဘွားကြီးတစ်ယောက်ရှိမယ်..နောက်ထပ်အခိုင်းအစေမိန်းမတစ်ဦးရှိမယ်နီဂျန်တစ်ယောက်မထင်မှတ်ပဲအိမ်ကြီးမှာသောင်တင်နေရင်းကလေးလေးပါ မွေးဖွားမိသွားတယ်..အဲ့နောက်မှာတော့အိမ်ကြီးရဲ့အကြောင်းတွေကိုတစ တစ နဲ့ပိုပိုသိလာခဲ့ရပြီးထူးဆန်းတဲ့ဝိဥာဉ်တွေ အကြောင်း ပြီးတော့အမှတ်မထင်ပဲဒီအိမ်ကြီးကိုရောက်ခဲ့ပေမယ့်သူနဲ့ဆက်နွယ်နေတဲ့အကြောင်းအရာတွေကို သိလိုက်ရချိန်မှာတော့....ဆက်လက်ကြည့်ရှုခံစားပါ Quality : DvdRipSubtitles By SomonlianSubtitle : Myanmar ( Hardsub )Encoder : PhoeNiX
movie

The Unseeable ( 2006 )

2006