Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
History
5.2
Infiltration (2022)
စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltrationလို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာမရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့ကအခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်ကပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာအဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကိုကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက်လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်... File size…1.95GB / 1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , History , Thriller Subtitle….Myanmar ...
movie
Infiltration (2022)
7.0
Noryang: Deadly Sea(2023)
Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie
Noryang: Deadly Sea(2023)
6.0
Washington’s Armor: The Journey (2022)
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ၄၆ ဆက်အထိရှိခဲ့ပြီးလက်ရှိထမ်းဆောင်နေတာကတော့ သမ္မတဂျိုးဘိုင်ဒန်ဆိုတာကိုတစ်ကမ္ဘာလုံးနီးပါးသိကြမှာပါ။ အခုဇာတ်ကားကတော့အမေရိကန်ရဲ့ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂျော့ဂျ်ဝါရှင်တန်ရဲ့ ငယ်စဉ်ကအကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပြီး ဝါရှင်တန်ငယ်စဉ်ကအကြောင်းအရာတွေ၊ သမ္မတမဖြစ်ခင် ၁၇၅၃ ခုနှစ်က အမေရိကန်နဲ့ပြင်သစ်တို့ကြားက တင်းမာမှုတွေကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်.. File size…1.56GB / 727MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie
Washington’s Armor: The Journey (2022)
12.12: The Day(2023)
12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့ The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်... File Size : (2.02GB) and ...
movie
12.12: The Day(2023)
7.1
Will (2024)
Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများအပြား နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
Will (2024)
2024
7.1
Bury My Heart at Wounded Knee (2007)
Bury My Heart at Wounded Knee (2007) ============================= IMDb Rating - 7.1/10ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းက မူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heart at Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့ နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ် မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ် လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန် အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာ နားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်း ကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလို အဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိ ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.5 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, Western Translator.......Alias Encoder..........SWM
movie
Bury My Heart at Wounded Knee (2007)
2007
7.6
Mastaney (2023)
Mastaney (2023) "ဒါတို့ပြည်.. ဒါတို့မြေ" IMDb - 7.6/10အိန္ဒိယနန်းတွင်းရုပ်ရှင်နှစ်သက်သူတွေအတွက် ပန်ချာပီစကားပြော နန်းတွင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဧကရာဇ် နာဒါ တန်ခိုးထွားနေတဲ့အချိန်။ အတိုင်းအတိုင်းအပြည်ပြည်ကို စစ်သည်တစ်စုနဲ့ ချီတက်သိမ်းပိုက်ရင်း အောင်မြင်တောက်ကြွားနေပါတယ်။အဲဒီလို အောင်ပွဲခံနေတဲ့အချိန်မှာမှ အရှင်မင်းကြီးနာဒါတပ်ထဲက သိမ်းယူလာတဲ့ပစ္စည်းတွေအကုန်လုံးကို ခိုးယူခံလိုက်ရပါတယ်။ သူရောက်နေတာက လာဟိုး။ ဘုရင်ကြီး အမျက်ချောင်းချောင်းထွက်ပြီး လာဟိုးဘုရင်ဆီကို ဖြေရှင်းချက်တောင်းတဲ့အချိန်မှာ ဘုရင်ကြီးနာဒါရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူသွားသူတွေက ဆစ်ခ်လူမျိုးတွေတဲ့။ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကို ဖမ်းဆီးဖို့ လွှတ်လိုက်တဲ့ စစ်သည်တော် တစ်ရာ့နှစ်ဆယ်တပ်ဖွဲ့ဟာ သွားဖမ်းတဲ့သူကိုမပြောနဲ့ သူတို့ကိုယ်တိုင် မပြန်လမ်းကို မြန်းကြရပါတယ်။ဒီလို ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကိုပဲ ဖမ်းခေါ်လာဖို့ လာဟိုးဘုရင်ကိုဘုရင်ကြီးနာဒါ မိန့်ကြားပါတော့တယ်။ ဒီလိုနဲ့ လာဟိုးဘုရင်ဖြစ်သူ ဇာကီရာ ဆစ်ခ်လူမျိုးသူပုန်ကို ဖမ်းဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration…. ...
movie
Mastaney (2023)
2023
7.0
Little Rose (2010)
1967-68 ပိုလန်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ကာလက အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ သမိုင်းကြောင်းနောက်ခံDrama ကားလေးပဲဖြစ်ပါတယ်တစ်နေ့မှာ ကာမီလာဆိုတဲ့မိန်းကလေးဟာ ပိုလန်ကွန်မြူနစ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဌာနကဗိုလ်ကြီးရိုမန်နဲ့ချစ်ကျွမ်းဝင်သွားပါတယ် အဲ့အချိန်ကာလတုန်းက ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းနေပြီး နိုင်ငံတွင်းမှာရှိနေတဲ့ဂျူးတွေကိုမောင်းထုတ်ချင်နေတဲ့ပိုလန်အစိုးရအတွက် ဘယ်သူကဂျူးမျိုးလဲဆိုတာကိုဖော်ထုတ်ဆိုတာအတော်လေးခေါင်းစားစရာပါ အဲဒီထဲမှာမှ ဝါဆောမှ Seen ဆိုတဲ့ရေဒီယိုအသံလွှင့်မှုတွေကလည်း လူထုအုံကြွမှုဆီဦးတည်နေတော့ ပိုလန်အစိုးရအတွက်တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပါပဲ အဲ့အတွက် အသံလွှင့်သူကိုဖော်ထုတ်ဖို့အစိုးရကပေါ်ပြူလာဖြစ်တဲ့ စာရေးဆရာတွေ တက္ကသိုလ်ပါမောက္ခတွေကိုစပြီး ပစ်မှတ်ထားလာပါတော့တယ်အဒမ်ဝါချက်စကီကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးစာပေတွေရေးသားနေတဲ့ နာမည်ကျော်စာရေးဆရာဖြစ်ပြီး ကာမီလာအလုပ်လုပ်တဲ့တက္ကသိုလ်ကပါမောက္ခလည်းဖြစ်ပါတယ် အဒမ်ဟာကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့သရော်စာတွေရေးတဲ့နေရာမှာ လက်စောင်းထက်တဲ့သူဆိုတော့ အစိုးရအတွက်ပိုပြီးသံသယဖြစ်စရာပစ်မှတ်ဖြစ်လာပါတော့တယ် အဒမ့်ကိုစောင့်ကြည့်ဖို့အတွက် ရိုမန့်ခေါင်းပေါ်ရောက်လာတဲ့အခါမှာ ရိုမန်ဟာအဒမ်နဲ့ဌာနာတစ်ခုတည်းမှာအလုပ်လုပ်နေတဲ့ သူ့ချစ်သူကာမီလာကို အစိုးရစပိုင်လုပ်ဖို့စည်းရုံးပါတော့တယ်ရိုမန့်ကိုအရမ်းချစ်တဲ့ကာမီလာဟာနောက်ဆုံးစပိုင်လုပ်ဖို့သဘောတူလိုက်ပြီး ပါမောက္ခအဒမ်ကိုဘယ်လိုချဉ်းကပ်သွားမလဲ? အဒမ်ကရော အစိုးရထင်နေသလို လူထုအုံကြွမှုတွေဖြစ်အောင်လှုံ့ဆော်တဲ့သူလားဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by A not B
movie
Little Rose (2010)
5.8
The Story of Yuan Tiangang ( 2024 )
" ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် " ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့ အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။ဇာတ်လမ်းအကျဉ်းအနေနဲ့ ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။ မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာနဲ့သေသွားစေခဲ့ပါတယ် ။ အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက ယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။ ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။ ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံး အမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုး ကံကြမ္မာကောင်းဆိုတာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။ သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲ သူကရော အဆုံးမှာဘယ်လိုရှင်သန်ကျန်ရစ်ခဲ့မလဲ ? ပျောက်ဆုံးနေတဲ့ရတနာဓားနဲ့ သူကရောဘယ်လိုဆက်နွယ်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , History Runtime : 1h 26 min Subtitle : Myanmar Subtitle ( ...
movie
The Story of Yuan Tiangang ( 2024 )
June Zero (2022)
(function(f,b,n,j,x,e){})();ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် သမိုင်းကြောင်းတစ်ခုက လူတစ်ယောက်အပေါ်ကို ဘယ်လောက်တောင်သက်ရောက်မှုရှိလဲ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်တွေပါဝင်နေသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးစုတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Adolf Eichman ရဲ့ လူသိနည်းတဲ့တရားခွင်အပေါ်မှာ ဇာတ်ကြောင်းခံပြီး ဇာတ်လမ်းကိုတင်ဆက်ပြသထားပါတယ်။ဒီဇာတ်လမ်းထဲမှာ လူသားဆန်ဆန်နေထိုင်မှုရဲ့အဓိပ္ပာယ်တွေ ပြီးတော့ Eichman ကိုကွပ်မျက်ခြင်းကိုလုပ်ဆောင်တဲ့ အပိုင်းမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေတွေ ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ နာဇီတွေရဲ့ ပြစ်မှုတွေကဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie
June Zero (2022)
6.6
Amanat (2022)
Amanat (2022)ရုရှားစကားပြော သမိုင်းနောက်ခံ ဇာတ်ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တောင်ပေါ်သား အစ္စလာမ်မျိုးနွယ် Caucasus တို့ရဲ့ခေါင်းဆောင်က သူတို့နယ်ကို ရုရှားတပ်တွေ ဝိုင်းလာတဲ့အချိန် သူတို့ခေါင်းဆောင် Imma Shamil က သူ့ရဲ့သားဖြစ်သူ Jamalutdin ကို ဓားစာခံအဖြစ် စေလွှတ်ခဲ့ပါတယ် အသက်ကိုးနှစ်အရွယ်မှာ Jamal တစ်ယောက် စစ်မှုရေးရာကျောင်းမှာ တက်ရောက်ပြီး ရုရှားအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ် အဲဒီရုရှားမြေမှာပဲ အရာရှိတစ်ယောက်ရဲ့သမီးဖြစ်သူ Lisa နဲ့ချစ်ကြိုက်ခဲ့ပါတယ် Jamal က ရုရှား officer တစ်ယောက်ဖြစ်ပေမယ့် စစ်ကို ရွံမုန်းပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ တစ်နေ့တော့ "တာဝန်ဝတ္တရား"နဲ့ "သူ့ချစ်သူ Lisa" နှစ်ခုကြား ခက်ခက်ခဲခဲရွေးချယ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ ....၁၉ ရာစုနောက်ခံ ...
movie
Amanat (2022)
6.8
Ferrari (2023)
Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie
Ferrari (2023)
2023
4K HEVC
8.5
A Birth aka Birth (2022)
A Birth aka Birth (2022)*************************** ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့် ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်...ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့ တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်...ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန် ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့... ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်...နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း...Size - 2.10GB, 898MB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 31Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Hnin ...
movie
A Birth aka Birth (2022)
7.1
Kidnapped (2023)
ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ....ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်..... File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Kidnapped (2023)
7.5
JFK: What The Doctors Saw (2023)
JFK: What The Doctors Saw (2023)~ IMDb - 7.5/10, Rotten Tomatoes - 83% ~Q: "ကနေဒီ" ကို ဘယ်သူသတ်သလဲ။ Me: "ကနေဒီ" ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား "လီ ဟာဗေး အောက်စ်ဝဲလ်" ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။သမ္မတ ...
movie
JFK: What The Doctors Saw (2023)
2023
6.9
Kingdom III: The Flame of Destiny (2023)
Kingdom III: The Flame of Destiny (2023)~ IMDb - 6.9/10, RT - 83%, MyDramaList - 8.1/10 ~အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။ Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို ...
movie
Kingdom III: The Flame of Destiny (2023)
2023
Freedom’s Path (2022)
ဒီရုပ်ရှင်ကတော့ သမိုင်း၊ စစ်ပွဲနောက်ခံ ဒရာမာ လေးပါပဲ။ သမိုင်းကတော့ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၁ - ၁၈၆၅) ကို အခြေခံထားတာဖြစ်ပါတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးကိုထောက်ခံတဲ့ မြောက်ပိုင်းတပ် (ယူနီယံတပ်) နဲ့ မထောက်ခံတဲ့ တောင်ပိုင်းတပ် (ကွန်ဖဒရေစီ) တပ်တွေ တိုက်ခိုက်ကြတဲ့ကာလပါ။ အဲဒီပြည်တွင်းစစ်မှာ လူမည်း ၁၈၀၀၀၀ လောက် ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ၁၇၆၀ ကျော်ကစပြီးနှစ် ၁၀၀ လောက်အမြစ်တွယ်နေတဲ့ ကျွန်စနစ်ကို တိုက်ဖျက်ရတာ မလွယ်ခဲ့ပါဘူး။ မြောက်ပိုင်းသား ယန်းကီးတွေတောင်မှ နိုင်ငံပေါင်းစည်းရေးအတွက်ပဲ တိုက်ပြီး ကျွန်တွေကိုအထင်သေးတဲ့သူတွေရှိတုန်းပါပဲ။ စစ်ပွဲကာလ တောင်ပိုင်းကနေ မြောက်ပိုင်းကိုထွက်ပြေးဖို့ ကြိုးစားကြတဲ့ ကျွန်တွေအကြောင်း၊ ကျွန်တွေကို ပြန်လိုက်ဖမ်းတဲ့မုဆိုးတွေအကြောင်း ပါပါတယ်။ နောက်ဆုံး စစ်ပွဲကြီးအပြီး မြောက်ပိုင်း ယူနီယံတပ်တွေနိုင်ပြီး ကျွန်စနစ် ဖျက်သိမ်းခဲ့တာတောင် လူမည်းတွေကို အကြီးအကျယ်နှိမ်တဲ့ နယ်မြေတွေရှိခဲ့တုန်းပါပဲ (Green ...
movie
Freedom’s Path (2022)
6.8
Malbatt: Misi Bakara (2023)
ဒီဇာတ်ကားလေးကတော့ မလေးရှားရဲ့ ၁၉ ခုမြောက် တပ်ရင်း Battalion Malay Regiment အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီတပ်ရင်းကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် စစ်ကူအနေနဲ့ အသုံးပြုခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ထိုတပ်ရင်းရဲ့ တာဝန်ကတော့ Black Hawk Down တိုက်ပွဲမှာ ပိတ်မိနေတဲ့ အမေရိကန် စစ်သားတွေကို သွားရောက် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်လို့ စစ်ကားနှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre...Drama, Action, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La
movie
Malbatt: Misi Bakara (2023)
8
Society of the Snow (2023)
Society of the Snow (2023)~ IMDb - 8/10, Rotten Tomatoes - 90% ~Society of the Snow ဟာ လာမယ့်အော်စကာမှာ Best International Feature Film ဆုအတွက် စပိန်ကိုယ်စားပြုရုပ်ရှင်ဖြစ်သလို Shortlist ၁၅ကားထဲလည်း ဝင်ထားတယ်။ ဒါရိုက်တာကတော့ A Monster Calls, Jurassic World: Fallen Kingdom နဲ့ The Impossible တို့ရဲ့ ဒါရိုက်တာ J. A. Bayona ဖြစ်တယ်။ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံး၂ပိုင်းကိုလည်း သူပဲရိုက်ထားတာ။ ကားတော့ သိပ်မရှိပေမဲ့ ရိုက်ထားသလောက်တော့ ကောင်းတယ်လို့ပြောရမယ့် ...
movie
Society of the Snow (2023)
2023
7.7
The Promised Land (2023)
ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီးဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာလူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှမအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုုးလို့မရတဲ့အပြင်ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလို့ပါ။အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲ့ကသူအောင်မြင်မယ်လို့ မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီးခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင်လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင်သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ ...
movie
The Promised Land (2023)
First
3
4
5
6
7
Last
Previous
Next