Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
History
Hong Kong Rescue (2018)
ဖြစ်ရပ်မှန် သမိုင်းကြောင်းနောက်ခံကားလေးတစ်ကားကိုမိတ်ဆက်ပေးပါရစေ။ကားလေးနာမည်က Hong Kong Rescue (2018)ကားလေးပါ။ဒီကားလေးရဲ ့နောက်ခံကတော့ ဂျပန်တွေတရုတ်ကိုဝင်စီးနေတဲ့အချိန်လေးပါ။တရုတ်တွေဟာ စိတ်ဓာတ်သိပ်ပြင်းသူတွေလို့ တော်တော်များများယူဆကြမှာပါ။အဲ့လိုယူဆတဲ့အတိုင်းပဲတရုတ်တွေကိုအောင်နိုင်ချင်ရင် သူတို့စာပေ အနုပညာကို ချိုးနှိမ်နိုင်မှ ဖြစ်မယ်လို့ယူဆကာ ဟောင်ကောင်မှာရှိတဲ့ တရုတ်အနုပညာသည်တွေကိုဖမ်းဆီးခိုင်းပါတော့တယ်။ထိုအချိန်မှာပဲ ဂျပန်တော်လှန်ရေးတပ်မတော်ကလဲ ထိုသူတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။တင်းကြပ်ပြီး ရက်စက်တဲ့ဂျပန်တွေရဲ ့လက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။အနုပညာသမားဆိုတာ ပျော့ညံ့ညံ့တွေမဟုတ်ဘူးဆိုတာပဲ သက်သေပြနိုင်မလား ဆိုတာတွေ ရင်တစ်ဖိုဖိုနဲ့ကြည့်ရှုရမယ့်ကားလေးနာမည်ကတော့ Hong Kong Rescue(2018)ပါ။ Qty - 720p HDRipGern - HistoryDuration - 2hr 10minTranslator - Aye Mon KyawEncoder - Kyaw Ye Aung
movie
Hong Kong Rescue (2018)
5.9
Backstabbing for Beginners
ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်....ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ရေနံလဲလှယ်ရေး (Oil-for-Food Program)အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကိုဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောငး်ပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက်အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ဆွဲဆောင်မှုမကောင်းသလို အရမး်စိတ်ဝင်စားဖို့ကောင်းလာတဲ့အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီးအိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်..မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်..သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက်အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်..ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်းလက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်..သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး..ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာသူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရောအန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလားထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကိုတစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမး်ကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာသိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်...UN အပါအဝင် ...
movie
Backstabbing for Beginners
2018
7.4
Zero Dark Thirty (2012)
movie
Zero Dark Thirty (2012)
2012
5.0
The 15:17 to Paris
အက်ရှင်ကားတွေ အချစ်ကားတွေကို ရိုးအီနေပြီဆိုသူတွေအတွက် အရသာအသစ်ပေးစွမ်းနိုင်မယ့်The 15.17 to Paris ဆိုတဲ့ ကိုယ်ရေးအတ္ထုပတ္တိအမျိုးအစားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ISIS ရထားအကြမ်းဖက်မှုကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ အဆိုပါအကြမ်းဖက်မှုမှာ အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တဲ့အမေရိကန်လူမျိုးသူငယ်ချင်သုံးဦးဖြစ်တဲ့ စပန်ဆာစတုန်း၊ အဲလက်စကာလာတို့စ် နဲ့ အန်တိုနီဆက်ဒ်လာ တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒါရိုက်တာဟာလည်းတစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အော်စကာလေးဆုရမင်းသားကြီး Clint Eastwood ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ဇာတ်လိုက်သုံးယောက်ရဲ့ငယ်ဘဝကနေ စတင်ပြီး ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူတွေအနေနဲ့ အတန်ငယ် ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဆက်သာကြည့်ကြပါ။ကြည့်ရင်းနဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းနဲ့အရှိန်တက်လာပြီး ဇာတ်လမ်းအဆုံးထိ ပါအောင်ဆွဲခေါ်သွားပါလိမ့်မယ်။ဒါ့အပြင် ဇာတ်လိုက်သုံးဦးရဲ့ ဥရောပခရီးစဉ်အစဖြစ်တဲ့ဗင်းနစ်မြို့ရဲ့ရှုပျော်ဖွယ်ရာကောင်းတဲ့အလှနဲ့ အမ်စတာဒမ်မြို့ရဲ့အရိုင်းဆန်တဲ့ အလှတွေကိုပါခပ်ပါးပါးလေးပြသွားတဲ့အတွက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Qty - 720p Web DLDuration - 1hr 54minGern - History/ ActionTranslator - Myo Thant KyawReview - ...
movie
The 15:17 to Paris
2018
4.6
Samson (2018)
ဒီတစ်ခါတော့ လတ်တလောထွက်ရှိလာတဲ့ ကားသစ်တွေထဲကမှ Samson (2018)ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Samsonဆိုတာကတော့ ဟီဘရူးကျမ်းစာပါ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဆမ်ဆန်ဆိုတာ ဘုရားသခင်ကပေးအပ်ထားတဲ့စွမ်းအင်တွေနဲ့ပြည့်စုံတဲ့လူသားပါ။ ထိုစွမ်းအင်တွေကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို လိုက်နာရတဲ့စည်းကမ်းချက်၃ခုရှိပါတယ်။ဆံပင်မညှပ်ရ၊အရက်မသောက်ရ၊ အသေကောင်တွေကိုမထိရဆိုတာတွေပါပဲ။ဆမ်ဆန် မွေးဖွားလာတဲ့အချိန်မှာ ဟီဘရူးတွေကိုဖီလစ်စတင်းလူမျိုးတွေက ကျွန်ပြုအုပ်စိုးနေတဲ့အချိန်ဖြစ်နေပြီး မျိုးနွယ်ရဲ ့မျှော်လင့်ချက်က သူ့အပေါ်မှာပါ။ဒါပေမယ့် စိတ်ထားအရမ်းကောင်းတဲ့ဆမ်ဆန်တစ်ယောက် အများအကျိုးတွက်ဆောင်ရွက်နိုင်ခဲ ့ရဲ ့လား။သူရဲ ့စည်းကမ်းချက်၃ခုကိုရောမကျိုးမပေါက်အောင်စောင့်ထိန်းနိုင်ပါ့မလား။သူတို့မျိုးနွယ်စုကရော ဘယ်လိုရုန်းကန်လှုပ်ရှားရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။သမ္မာကျမ်းစာပါ နာမည်ကြီးဇာတ်ကောင် Samsonအကြောင်းကို အခုဒီSamson(2018)ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရနေပါပြီ။Imdb Rating 4.3Rotten Tomatoes 25%ရရှိထားပါတယ်။Qty - 720p Web DLGern - HistoricalDuration - 1hr 50minTranslator - Aye Mon KyawReview - Aye Mon KyawEncoder - Kyaw Ye Aung
movie
Samson (2018)
2018
6.5
12 Strong (2018)
စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ဝေဖန်ရေးဆရာတွေ ...
movie
12 Strong (2018)
2018
8.0
The King’s Speech (2010)
The King's Speech (2010) IMDb - 8.0/10_____Rotten - 95% Won 4 Oscars. Another 106 wins & 204 nominations သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊ စည်းကမ်းက ဂျပန်တွေအတွက် အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊ Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ ...
movie
The King’s Speech (2010)
2010
5.7
Gold (2017)
၁၆ ရာစု ဝန်းကျင်က စပိန်တပ်ဖွဲ့ တွေ ဘယ်လို တာဝန်တွေ ထမ်းဆောင်ရတာလဲရောမ စစ်ကားကို စစ်တိုက်နေတာကြီးပဲ မဟုတ်ပဲ ခပ်အေးအေးလေး အနှစ်သာရ ပြည့်ပြည့်ဝဝကြည့်ချင် သူတွေအကြိုက်ပါဆာလောင်မှုတွေ ဆင်းရဲမှုတွေထဲကနေ ရုန်းထွက်ဖို့က တပ်ထဲဝင်ဖို့ ပဲ ရှိတယ်...တပ်ဖွဲ့ဆီ ရောက်လာတဲ့ mission က အင်ဒီးယန်းလူမျိုးတွေရဲ့ ပါးစပ်ပုံပြင်တွေထဲက ရွှေမြို့တော် ကိုရှာရမယ်သူတို့ ရှာနေတဲ့ ရွှေမြို့တော်က တကယ်ပဲရှိသလားသူတို့ ရွှေမြို့တော်ဆီ အောင်အောင်မြင်မြင်နဲ့ သွားနိုင်ပါ့မလားဖြတ်သန်းရမယ့် နယ်မြေက ကြားတောင်မကြားဖူး အိပ်မက်တောင်မမက်ဖူးတဲ့ သေခြင်းတရားလက်တကမ်းမှာရှိနေတဲ့နေရာ.......တပ်ထဲမှာသာ အချင်းချင်း ရန်ဖြစ်ပေမယ့် ရန်သူနဲ့တွေ့ရင် စည်းလုံးသွားကြတဲ့ သေမတူရှင်မကွာရဲဘော်ရဲဘက်တွေလောဘတွေ ဒေါသတွေကြောင့် ဘယ်လိုတွေပြောင်းလဲသွားလဲတပ်ဖွဲ့နဲ့အတူပါလာတဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ အမျိုးသမီးချောမောနားလည်ရခက်တဲ့ကောင်မလေးအကြည့်ချင်းတွေနဲ့သာ နားလည်မှုရနေတဲ့ တပ်သားလေးနဲ့ သူမတို့... နီးစပ်သွားကြပါ့မလား...Rating 5.7 ရထားတဲ့ ဒီကားလေးကို ကြည့်လိုက်ရအောင်နော်... File Size : (800 MB) and (350 ...
movie
Gold (2017)
2016
8.1
Ben-Hur (1959) 1080p BluRay
IMDb (8.1)...Rotten Tomatoes (86%) Ben HurBen Hur ရုပ်ရှင်ကားနာမည်ကို ကြားလိုက်ရုံဖြင့် ရုပ်ရှင်ဝါသနာအိုးတိုင်း ယင်းခေါင်းစီး၏ အရှိန်သြဇာကို သိရှိပြီးဖြစ်ပါမည်။ဟောလိဝုဒ်ရုပ်ရှင်၏ ခမ်းနားထည်ဝါမှု ကို အရောင်မြှင့်တင်စေခဲ့သည့် ရုပ်ရှင်။1959ခုနှစ်ကစ၍ ဆယ်ငါးနှစ်နီးပါးမျှ နိုင်ငံအနှံ့အပြားက ရုပ်ရှင်ရုံတွေမှာ ပြန်လည်ပြသတိုင်း အမြဲအောင်ပွဲခံနိုင်ခဲ့သည့်ရုပ်ရှင်။Gone with the Windရုပ်ရှင်ပြီးသည်နောက်မှာ ဒုတိယအကြိမ် ရုပ်ရှင်လောကကြားတွင် ခမ်းခမ်းနားနားဖြင့် အောင်ပွဲခံနိုင်ခဲ့သော ရုပ်ရှင်ကားဖြစ်ခဲ့သလို အော်စကာဆုအများဆုံးရရှိခဲ့တဲ့ မှတ်တမ်းတွေမှာလည်း ယခုရုပ်ရှင်နှင့် Gone with the Wind|Titanicရုပ်ရှင်နှင့် The Lord Of The Ring ရုပ်ရှင်တို့သာ ယခုထက်တိုင် အော်စကာသမိုင်းမှာ စံချိန်တင် ရေးထိုးထားဆဲဖြစ်ပါသည်။ယခုရုပ်ရှင်အတွက် သုံးစွဲထားသည့် အသုံးစရိတ်တွေကလည်း အဲဒီခေတ်ကာလတွင် အကုန်အကျ အများဆုံးဟု ပြောလို့ရနိုင်သည်။ဒေါ်လာ ဆယ့်ငါးသန်းကျော်ကုန်ကျသည်။ယခုခေတ်ကာလလို CGI နည်းပညာတွေမထွန်းကားသေးသော ခေတ်ကာလမို့ ဆက်တင်အစစ်တွေကို တည်ဆောက်ခဲ့ရသည်။ပညာရှင်ပေါင်းများစွာနှင့်အခြားသောဇာတ်ဝင်ခန်းများအတွက် ကုလားအုတ်တွေ။မြင်းတွေကိုလည်း ရာပေါင်းများစွာအသုံးပြု ...
movie
Ben-Hur (1959) 1080p BluRay
1959
7.4
Darkest Hour (2017)
Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations. Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie
Darkest Hour (2017)
2017
7.3
Salyut-7 (2017)
အမျိုးအမည်မသိရတဲ့ ပြဿနာတစ်ခုကြောင့် အလုပ်လုပ်မှုရပ်တန့်သွားတဲ့ အာကာသစခန်း Salyut-7 ကိုပြန်လည်ပြင်ဆင်ဖို့အတွက် ရုရှားအာဏာပိုင်တွေ အကြပ်ရိုက်နေတဲ့အချိန်မှာပဲ အဓိကပြိုင်ဘက် အမေရိကန်ကလည်း ဒီစခန်းပေါ်ကို သွားရောက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ ကောလဟလတွေ ထွက်လာခဲ့တယ်။ဒါကြောင့် အကျွမ်းကျင်ဆုံးသူနှစ်ယောက်ကို အခက်အခဲတွေကြားက စေလွှတ်ခဲ့ပြီး စခန်းပေါ်ကို ဆိုက်ကပ်နိုင်ခဲ့ပေမယ့် ပြန်ပြင်ဆင်နေစဉ်အတွင်းမှာပဲ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခု ထပ်ပေါ်လာချိန်မှာတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုရော စခန်းကိုရောက်နေတဲ့ အာကာသယာဉ်မှူးတွေရဲ့ အသက်တွေကိုပါ မဆုံးရှုံးစေရဖို့ မြေပြင်စခန်းကလူတွေရော၊ Salyut-7 ကိုရောက်နေတဲ့ ယာဉ်မှူးတွေကိုယ်တိုင်ပါ ကြိုးပမ်းရတော့တယ်။အသက်မဲ့နေတဲ့ အာကာသစခန်းတစ်ခုပေါ်မှာ အာကာသယာဉ်ကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင်ဆိုက်ကပ်ပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ 1985 ခုနှစ်ရဲ့ Soyuz T-13 အာကာသယာဉ်အကြောင်းကို အခြေခံထားတဲ့ ဒီရုရှားဇာတ်ကားကို ဒါရိုက်တာ Klim Shipenko ကရိုက်ကူးထားပြီး Vladimir Vdovichenkov နဲ့ Pavel Derevyanko တို့က ဦးဆောင်ပါဝင်ထားပါတယ်။ File Size ...
movie
Salyut-7 (2017)
2017
8.9
Schindler’s List (1993)
ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ...
movie
Schindler’s List (1993)
1993
6.9
The 33 (2015)
CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ ၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအဝင် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး ကုမ္ပဏီပေါင်းများစွာက ...
movie
The 33 (2015)
2015
7.9
Dunkirk (2017)
Dunkirk (2017) IMDb - 7.9/10_____Rotten - 93% Won 3 Oscars. Another 64 wins & 229 nominations ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ...
movie
Dunkirk (2017)
2017
7.5
Detroit (2017)
ဒီဇာတ်ကားလေးကြည့်ပြီးတော့အတွေးတစ်ခုဝင်လာတယ် လီနင်တို့ အိုဘားမားတို့လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေ , အူစိန်ဘော့လိုအပြေးချန်ပီယံတစ်ယောက်, ကမ္ဘာကျော်လူမည်းအထင်ကရပုဂ္ဂိုလ်တွေဘာကြောင့်ရှမ်းရှမ်းတောက်အောင်မြင်လာရသလဲဆိုတာသဘောပေါက်လာတယ်လူတစ်ယောက်ရဲ့တိုးတက်လာလမ်းကြောင်းမှာ "မခံချင်စိတ်"ဆိုတာ အရေးကြီးတဲ့ ဖောင်ဒေးရှင်းတစ်ခုပါမခံချင်စိတ်နဲ့ရုန်းကန်လှုပ်ရှားရတဲ့မထင်မှတ်တဲ့အောင်မြင်မှုတွေရလာကြစမြဲပါဒီကားလေးကတော့ လူဖြူ/လူမည်းခွဲခြားရေးဝါဒကနေ သင်ခန်းစာရပြီးထိုးထွက်အောင်မြင်အောင်လုပ်ခဲ့တဲ့ဇာတ်ကြောင်းလေးပါအမေရိကန်နိုင်ငံ Detroit မြို့က ကလပ်တစ်ခုမှာတရားမဝင်အုပ်စုဖွဲ့သောက်စားပျော်ပါးမှုကြောင့်လူမည်းတော်တော်များများဖမ်းဆီးခံခဲ့ရပါတယ်ဒါကိုမကျေနပ်နပ်တဲ့ပတ်ဝန်းကျင်ကလူတွေကရဲတွေနဲ့ကတောက်ကဆဖြစ်ရင်း "တောမီးလောင်တောကြောင်လက်ခမောင်းခတ် " ဆိုသလို အဓိကရုဏ်းကိုအကြောင်းပြပြီးကိုယ်ကျိုးရှာအကြမ်းဖက်မှုတွေလုပ်ခဲ့လို့ပြည်တွင်းစစ်အခြေအနေအထိပါဂယက်ရိုက်သွားခဲ့ပါတယ် ဒီအကြမ်းဖက်မှုတွေထဲမှာ ရိုးသားတဲ့ဘာမဆိုင်ညာမဆိုင် တက်သစ်စလူမည်းအဆိုတော်အဖွဲ့ဖြစ်တဲ့ Dramatics အဖွဲ့ပါ ရောယောင်ထိန်းသိမ်းခံခဲ့ရပါတယ်ဒီလိုနဲ့ရဲတွေရဲ့ထိန်းကွပ်မှုကြမ်းတမ်းတဲ့စိတ်တွေရယ် လူမျိုးရေးခွဲခြားမှုစိတ်အခံတွေကြောင့်ဓားစာခံအချို့ကိုမတော်တဆသတ်မိသွားပါတယ်ရှေ့ဆက်ပြီးကောဒီဖမ်းဆီးခံလူမည်းတွေနဲ့တရားစီရင်ရေးမှာဘာတွေဆက်ဖြစ်ကြမလဲလူမည်းတွေရဲ့မခံချင်စိတ်ကြောင့်ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြုခံလာရအောင်ဘယ်လိုတွေအစပျိုးမလဲဆိုတာကတော့... File Size : (1.2 GB) and (448 MB) Quality : Blu-Ray 720p Running Time : 2hr 23min Format : Mp4 Genre :Crime, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Pyae ...
movie
Detroit (2017)
2017
7.5
Munich (2005)
Munich (2005)IMDb - 7.5/10_____Rotten - 78% ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ...
movie
Munich (2005)
2005
6.3
White Vengeance (2011)
IMDb Rating (6.3) ရရှိထားတဲ့ Action,Drama,History အမျိုးအစား တရုတ်ဇာတ်ကားဖြစ်ပါတယ်။ အချစ်တော်လေး ဂူဂူး (မင်းသမီး Liu Yifei) ပါဝင်ထားပြီး မင်းသားချော Feng Shaofeng အပြင် Leon Lai, Zhang Hanyu, Anthony Wong, Jordan Chan, Andy On, Xiu Qing and Jia Qing စတဲ့ သရုပ်ဆောင်များစွာလဲ ပါဝင်ထားပါတယ်။ ချင်မင်းဆက်အဆုံး ဟန်မင်းဆက်အစ သမိုင်းနောက်ခံကို အခြေပြုပြီး အချစ်နဲ့စစ်ပွဲတွေအကြောင်းကို သိပ်သည်းတဲ့ သရုပ်ဆောင်ချက်...ခမ်းနားတဲ့တင်ဆက်မှုတွေနဲ့ တင်ဆက်ထားမို့ ကြည့်ရှုခံစားဖို့ လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ File Size…(1.1 GB) and (470 MB) Quality…BluRay Rip 720p Format…mp4 Duration…02:15:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie
White Vengeance (2011)
2011
7.2
First They Killed My Father (2017)
First They Killed My Father (2017)_____IMDb - 7.2/10 လောလောလတ်လတ် 2017 မှာ ထွက်ရှိလာတဲ့ ကားလေး First They Killed My Father ကတော့ အတ္ထုပ္ပတိ ကားကောင်းတွေကိုကြိုက်နှစ်သက်သူပရိတ်သတ်ကြီးအဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကို နာမည်ကျော်မင်းသမီး Angelina Jolie က ဒေါ်လာ 24 million အကုန်အကျခံကာ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ကားပါ။Jolie ရဲ့ အရင် အတ္ထုပ္ပတိကား Unbroken ကားမှာကတည်းက ခေသူမဟုတ်ဆိုတာ လက်ခံလိုက်ရတာပါ။ အခုဇာတ်လမ်းလေးကတော့ ၁၉၇၅ခုနှစ်ကိုဇာတ်အိမ်ထားပြီး ၇နှစ်သမီးကတည်းက ကလေးစစ်သားအဖြစ် လေ့ကျင့်ခံခဲ့ရတဲ့ Loung Ung တိုတဲ့အမျိုးသမီးလေးအကြောင်းပါ။ jolie ရဲ့ အများနဲ့မတူတဲ့ ရှုထောင့်ကနေ ဘယ်လိုရိုက်ကူးပြီး ခေါက်ရိုးကျိုး Drama ကားတွေထဲကနေ ဘယ်လိုဖောက်ထွက်သွားလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ပါ လို့ပဲ တိုက်တွန်းလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ခုနှစ် ကမ္ဘောဒီးယားမှာဖြစ်ခဲ့တဲ့ ခမာနီအာဏာသိမ်းစဉ်က ငါးနှစ်အရွယ်ကောင်မလေးလောင်ကို အကြောင်းပြုပြီး ရိုက်ထားတာပါ အမေရိကန်ဗုံးကြဲတာ သမ္မတက အမေရိကန်ကျောထောက်နောက်ခံပြုတာတဲ့သူဖြစ်တာတွေကြောင့် လူအများဟာ နိုင်ငံကိုပြန်လည်ရယူပေးမယ်ဆိုပြီး ...
movie
First They Killed My Father (2017)
2017
4.1
Tubelight (2017)
၂၀၁၅ တုန်းက ထွက်ရှိထားတဲ့ အမေရိကန်ရုပ်ရှင် Little Boy ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်ကားမှာတော့ မြန်မာပရိသတ်အကြိုက်မင်းသား ဆယ်လ်မန်ခန်းက အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဇာတ်လမ်းက ၁၉၆၂ တရုတ်-အိန္ဒိယစစ်ပွဲနောက်ခံနဲ့ ရိုက်ကူးထားတာဖြစ်ပြီး နိုင်ငံတွေ မှာ စစ်ပွဲတွေဖြစ်ပြီဆိုတာနဲ့ စစ် ဘေးဒဏ်ကို ခါးစည်းခံကြရတဲ့ ပြည်သူတွေရဲ့ ပုံရိပ်ကို မြင်သာ အောင် တင်ဆက်ထားတာဖြစ်ပါတယ်။လက်စ်မန်ဆင်းဘစ်ရှ်ဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက မြို့ ငယ်လေးတစ်မြို့မှာ သူ့ရဲ့ ညီဘာရတ်နဲ့အတူ နေထိုင်ပါတယ်။ လက်စ်မန်ဟာ စိတ်ထားကောင်း ပြီး လူတိုင်းကို ယုံလွယ်သူတစ် ယောက်ဖြစ်ပြီး မိသားစုအရင်းအ ချာဆိုလို့ ဒီညီအစ်ကိုနှစ်ယောက် ပဲ ရှိတဲ့အတွက် ဘယ်သွားသွား၊ ဘာလုပ်လုပ် မခွဲအတူပါ။ ဘာ ရတ်ကလည်း သူ့အစ်ကိုအပေါ် အနွံတာခံချစ်ခင်ပြီး စောင့်ရှောက် ဖို့ အသင့်ဆိုသလို နေထိုင်ခဲ့ကြပါတယ်။တရုတ်-အိန္ဒိယစစ်ပွဲဆိုတာ ကြီးဖြစ်လာတဲ့အခါမှာ စစ်ပွဲအ ...
movie
Tubelight (2017)
2017
7.1
2014 မှာ ထွက်ရှိခဲ့တဲ့ ‘Brotherhood of Blades’ ရုပ်ရှင် နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး ပထမကားမှာ ပါဝင်ခဲ့တဲ့ မင်းသား Chang Chen အပြင် နာမည်ကျော်မင်းသမီး Yang Mi တို့ ပါဝင်လာပါတယ်။ပထမကားလိုပဲ မင်အင်ပါယာကို အခြေခံတဲ့ ရုပ်ရှင်ဖြစ်ပြီး အင်ပါယာရဲ့ ကိုယ်ရံတော်အဖွဲ့သား တဦးဖြစ်တဲ့ Shen Lian က သူ့အပေါ် ပူးပေါင်းကြံစည်ထားတဲ့ မတရားမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်မှာဖြစ်ပြီး martial arts အသားပေးသွားမှာပါ။ တွဲဖက် ကိုယ်ရံတော်နဲ့ ဓါးသမားအသစ်တွေလည်း ပါဝင်အုံးမှာပါ။2014 မှာ ထွက်ရှိလာတဲ့ Brotherhood of Blades ဟာ ရုပ်ရှင်ကားကောင်းအဖြစ် မှတ်ချက်ကောင်းတွေ အညွှန်းကောင်းတွေ ရခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ ထပ်မံရိုက်ကူးလာခဲ့တာပါ။ ဒီတကြိမ်မှာတော့ Yang Mi, Zhang Yi, Xin ...
movie
Brotherhood of Blades 2 : The Infernal Battlefield (2017)
2017
First
23
24
25
26
27
Last
Previous
Next