Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
History
6.2
Firebrand (2023)
Firebrand ရုပ်ရှင်ဟာ Drama ၊ History အမျိုးအစားဖြစ်ပြီးမင်းသားကြီး Jude Law နဲ့အတူ Tomb Rider ထဲကမင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုကြောင့်သွေးစွန်းနေတဲ့အင်္ဂလန်နိုင်ငံမှာ ဘုရင် Henry VIII ရဲ့ခြောက်ယောက်မြောက်နဲ့နောက်ဆုံးမိဖုရားဖြစ်တဲ့ ကတ်သရင်းပါးဟာဘုရင်စစ်ထွက်သွားနေတဲ့အချိန်မှာ နိုင်ငံကိုဘုရင်ခံအနေနဲ့အုပ်ချုပ်ကျန်ရစ်ခဲ့ရပါတယ်။ကတ်သရင်းဟာ သူ့ရဲ့အစွန်းရောက်ပရိုတက်စတင့်ယုံကြည်မှုတွေကိုအခြေခံပြီး တိုင်းပြည်ရဲ့အနာဂတ်သစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူများကိုယုံမှားသံသယလွန်ကဲတတ်ပြီး ကျန်းမာရေးလည်းချွတ်ယွင်းနေတဲ့ဘုရင်ဟင်နရီပြန်ရောက်လာချိန်မှာတော့ အစွန်းရောက်တွေကိုဒေါသပုံချပြီးအစွန်းရောက်တရားဟောဆရာမတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့အချစ်ဆုံးသူငယ်ချင်းအန်းကို ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ သူငယ်ချင်းအတွက်ဒေါသလည်းထွက် ပူဆွေးသောကလည်းရောက်ရတဲ့ကတ်သရင်းဟာနန်းတော်ထဲမှာ အရင်မိဖုရားတွေကိုလည်းခေါင်းဖြတ်သတ်ခဲ့တဲ့ဟင်နရီရဲ့လက်ကနေ သူ့အတွက်သူလွတ်မြောက်အောင် ကြိုးပမ်းရပါတော့တယ်။ File size…1.55GB / 716MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Firebrand (2023)
7.0
Shadow of Fire (2023)
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီးဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင်"အနက်ရောင်ဆီးနှင်းကျတဲ့ည"လို့တင်စားခေါ်ဝေါ်တဲ့တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်းတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများအပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာအသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကိုလစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန်စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာအစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည်ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက်ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါထင်ဟပ်ပြသထားပြီး ...
movie
Shadow of Fire (2023)
6.7
The Execution (2021)
The Execution (2022)IMDb Rating (6.7) / Rotten Tomatoes (92%)ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB )/(910 MB) Quality….BluRay 1080p / 720p Format…mp4 Duration….02:17:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thwal Htoo Zin
movie
The Execution (2021)
The Alamo (2004)
IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip 720p Format…mp4 Duration….02:17:00 Genre... Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe
movie
The Alamo (2004)
A Whole Life / Ein Ganzes leben (2023)
ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်....ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်....အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ....ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်....အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်....ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်....တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်....သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်... ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ....လောကဓံအနိမ့်အမြင်ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်....ခံစားကြည့်ကြပါခင်ဗျာ....File size…(1.8 GB)/(897 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre... Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
A Whole Life / Ein Ganzes leben (2023)
7.5
Chang’an (2023)
Chang'an (2023)===========အန်းရှိတွေရဲ့ပုန်ကန်မှုအပြီး နှစ်အနည်းငယ်အကြာမှာ တူဘိုအင်အားစုတွေက အနောက်တောင်အရပ်ကိုတိုက်ခိုက်လာပါတော့တယ်။ ရန်သူတွေဝန်းရံခံထားရတဲ့ တန်းမင်းဆက်ဘုရင်ခံဂေါင်ရှိဆီကို မိန်းမစိုးတစ်ယောက်ကရောက်လာပြီး ဂေါင်ရှိရဲ့ငယ်သူငယ်ချင်းဟောင်းဖြစ်တဲ့ လီဘိုင်းအကြောင်းကို မေးမြန်းလာတယ်။ ဂေါင်ရှိနဲ့လီဘိုင်း ဘယ်လိုတွေ့ခဲ့ကြောင်း တစ်ယောက်ကိုယ်တစ်ယောက်ဘယ်လိုရင်းနှီးချစ်ခင်သွားကြောင်းကို ကြမ်းကြုတ်တဲ့စစ်ပွဲတွေကြားကနေ လှလှပပပုံဖော်ထားပုံကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(3GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:30:00 Genre_Animation, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Chang’an (2023)
7
Shivrayancha Chhava (2024)
Shivrayancha Chhava (2024)"ဧကရာဇ်ဆမ်ဘာဂျီ" =======================================ရုံတင်စဉ်က ဒုတိယဝင်ငွေအကောင်းဆုံး မာရသီစကားပြောရုပ်ရှင်ဖြစ်ခဲ့တဲ့ ဒီသမိုင်းနောက်ခံရုပ်ရှင်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် မာရသာအင်ပါယာကို တည်ထောင်ခဲ့တဲ့ မင်းကြီးရှီဗာဂျီရဲ့အကြီးဆုံးသား မင်းကြီး ဆမ်ဘာဂျီရဲ့ဘဝကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။မင်းကြီးရှီဗာဂျီ နတ်ရွာစံသွားတဲ့အတွက် မာရသာအင်ပါယာပြိုကွဲပြီလို့ထင်နေတဲ့ မိုဂူလ်ဧကရာဇ် အာရန်ဇက်ဟာ ဘူဟန်ပူရ်မြို့ကို အိန္ဒိယတောင်ပိုင်းရဲ့ မြို့တော်အဖြစ်ပြောင်းလဲဖို့ သူ့ရဲ့တပ်မှူး ဗဟာဒူးရ်ကို တာဝန်ပေးခဲ့ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးဗဟာဒူးရ်ဟာ ဘူဟန်ပူရ်မြို့ကို မတရားသဖြင့်အုပ်ချုပ်နေတဲ့အတွက် အသက်ငယ်ရွယ်ပေမဲ့ ပညာဉာဏ်ပြည့်ဝတဲ့ မင်းကြီးဆမ်ဘာဂျီက ဗဟာဒူးရ်လက်ထဲကနေ ဘူဟန်ပူရ်မြို့ကို ကယ်တင်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ အဓိကမြင်တွေ့ရမှာ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.17GB / 1.44GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shivrayancha Chhava (2024)
2024
6.1
Purple Butterfly (2003)
Purple Butterfly ( 2003 ) IMDb - 6.1/10 Genre - Drama/History/Warဒီကားကိုရိုက်တဲ့ Lou Yeကို တော်တော်များများကတော့ Suzhou Riverတို့ Summer Palaceတို့နဲ့ သိကြမှာပါပဲ။ လုရီဟာ ပြည်မကြီးက ဒါရိုက်တာဖြစ်သလို ခြောက်ဆက်မြောက်မျိုးဆက်ဒါရိုက်တာလည်း ဟုတ်တယ်။ Chen Kaigeတို့ Zhang Yimouတို့ရဲ့ နောက်တစ်ဆက် Jia Zhangkeတို့အဆက်ပေါ့။ဒီမျိုးဆက်က အချိုးအကွေ့တော့ ကြီးတယ်ပြောရမလားပဲ။ ချန်ကေ့တို့ ကျန်းရိမူတို့ အဆက်နဲ့ အကြောင်းအရာရော တင်ဆက်ပုံရော တော်တော်လေးကွဲပြားသွားတယ်။ ဒီလိုဆန်းသစ်မှုတွေနဲ့ ပြည်မနဲ့ရဲ့ ပြဿနာလည်း တော်တော်လေးပေါ်လာတယ်။ လုရီရဲ့ ပထမဆုံးကားဖြစ်တဲ့ Weekend Loverကလည်း အပိတ်ခံရသလို Suzhou Riverကလည်း အပိတ်ခံခဲ့ရတယ်။ သူလည်း ရုပ်ရှင်ရိုက်ခွင့် ၂နှစ်အပိတ်ခံခဲ့ရလို့ ၂၀၀၃မှာမှ တတိယကားဖြစ်တဲ့ Purple Butterflyနဲ့ ပြန်ပေါ်လာခဲ့တယ်။ ...
movie
Purple Butterfly (2003)
Back to Black (2024)
Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က ...
movie
Back to Black (2024)
7.3
13 Hours: The Secret Soldiers of Benghazi (2016)
13 Hours: The Secret Soldiers of Benghazi (2016) Imdb rating 7.1/10၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Transformers ကားတွေရဲ့ ဒါရိုက်တာ Michael Bay ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အမျိုးအစားက action / war ဖြစ်ပြီး ၂၀၁၂ ခုနှစ် လစ်ဗျားမှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။ John Krasinski က အဓိကဇာတ်ကောင် Jack Silver အဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ၂၀၁၂ ခုနှစ်မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံး နေရာတွေထဲကတစ်ခုဖြစ်လာပါတယ်။ ဘင်ဂါဇီမြို့မှာ တရားဝင်မဟုတ်တဲ့ အမေရိကန်သံတမန်ရုံးတစ်ခုရှိပြီး အဲဒီသံတမန်ရုံးနဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာမှာ Annex ...
movie
13 Hours: The Secret Soldiers of Benghazi (2016)
2016
4K HEVC
7.2
The Patriot (2000)
၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie
The Patriot (2000)
2000
6.7
Kubi (2023)
လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေတည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကိုထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ်ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေအများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက်ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါကမီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီးဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင်ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသောစိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူသိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာနိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Kubi (2023)
7.4
The Mission (1986)
The Mission (1986)IMDb 7.4/10 Rotten Tomatoes 64%(တောတွင်းမျိုးနွယ်ဓလေ့များအရ ဗလာကျင်း အခန်းတချို့ပါဝင်သဖြင့် ကြည့်ရှုသူများ သတိထားနိုင်ရန် ကြိုတင်အသိပေးအပ်ပါတယ်)ဒီဇာတ်ကားလေးကတော့ ၁၉၇၀ လောက်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ စပိန်လက်အောက်ခံဖြစ်နေစဉ်ကာလမှာ တောထဲက မျိုးနွယ်စုတစ်စုစီကို ခရစ်ယာန်သာသနာပြန့်ပွားရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ဖာသာဂေဘရီရယ်အကြောင်းဆိုလည်း မမှားပါဘူး။ဖာသာက အသစ်အဆန်းဆို ငြင်းတတ်၊ ကြောက်တတ်ကြတဲ့ မျိုးနွယ်စုလေးဆီကို ဂီတနဲ့အတူ သာသနာကိုစိမ့်ဝင်အောင်လုပ်ခဲ့ပြီး ကြေးစားလူသတ်သမားကိုပါ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာအောင် တော်တဲ့သူလည်းဖြစ်ပါတယ်။ဖာသာ့ရဲ့ဦးဆောင်မှုနဲ့ ဒီတောတွင်းမျိုးနွယ်စုဟာ တောထဲကလိုက်ထွက်လာခဲ့အပြီးမှာတော့ ထင်မှတ်မထားတာတွေဖြစ်လာပါတော့တယ်။ အဲဒါကတော့ စပိန်နိုင်ငံဟာ ဘရာဇီးကို ပေါ်တူကီနိုင်ငံဆီ ရောငိးစားလိုက်တဲ့အခါမှာတော့ ဒီမျိုးနွယ်စုကို ပြန်ကာကွယ်ပေးဖို့တွေဖြစ်လာပါတော့တယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။File size… 2.3 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Adventure/Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated ...
movie
The Mission (1986)
6.4
Coven (2020)
Coven(2020) ဇာတ်ကားဟာ ၁၆ ရာစုက ဘာသာရေးတွေကိုအခြေခံထားတဲ့ history ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Basque ဆိုတဲ့နိုင်ငံမှာ မိန်းကလေးတစ်စုက ညဘက်ကခုန်ပျော်ပါးနေတုန်း မနက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့အုပ်ချုပ်သူတွေက စုန်းပွဲလုပ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားကြပါတယ်။အဲဒီ ကောင်မလေးတစ်စုက သူတို့စွပ်စွဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ လွတ်မြောက်နိုင်မှာလား မီးရှို့သတ်ခံရမှာစတာတွေကို ပညာသားပါပါ ရိုက်ကူးထားတာ တွေ့ရမှာပဲဖြစ်ပါတယ်။မင်းသမီးချောလေးတွေလည်း ပါတာမို့ ကြည့်ရင်းသဘောကျမိသွားမဲ့ မင်းသမီးအသစ်လေးတွေပါ။စပိန်စကားပြော ဇာတ်ကားလေး ဖြစ်ပါတယ် File size…1.90GB / 0.97GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie
Coven (2020)
6.1
Fengshui (2018)
ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့....ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ... ?ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်.....ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon ...
movie
Fengshui (2018)
2018
7.6
The Thin Red Line (1998)
The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie
The Thin Red Line (1998)
1998
4K HEVC
Sophie Scholl: The Final Days (2005)
ဒီဇာတ်ကားလေးဟာ ဂျာမနီရဲ့ နာဇီဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အကျော်ကြားဆုံးအမျိုးသမီးသူရဲကောင်းဖြစ်တဲ့ ဆိုဖီရှိုးရဲ့ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာပါဆိုဖီရှိုးဟာ "နှင်းဆီဖြူ"လို့ခေါ်တဲ့ကျောင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းရဲ့ ရဲရင့်လှတဲ့အဖွဲ့ဝင်တစ်ယောက်ပါ သူမဟာ သူမ၏အစ်ကိုဖြစ်သူ"ဟန်စ်ရှိုး"နဲ့အတူ နာဇီဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေကို တက္ကသိုလ်ကျောင်းဝန်းထဲမှာဖြန့်ဝေခဲ့လို့အဖမ်းခံခဲ့ရပါတယ်ဒီဇာတ်ကားဟာ ဇာတ်ကားနာမည်အတိုင်း သူမဘဝရဲ့နောက်ဆုံးနေ့ရက် 6 ရက်အကြောင်းကိုရိုက်ကူးထားတာပါ ဒီဇာတ်ကားထဲမှာ သူမတို့မောင်နှမ နာဇီဆန့်ကျင်ရေးစာစောင်တွေဖြန့်ဝေတာကစလို့ အဖမ်းခံရပုံ,တရားရုံးတွင်ရင်ဆိုင်ရပုံနဲ့ နောက်ဆုံး 1943 မြူးနစ်မြို့မှာ ပြစ်ဒဏ်စီရင်ခံရပုံအထိကိုရိုက်ကူးပြထားပါတယ်ခံယူချက်တွေအပေါ်မှာ ဘယ်တော့မှတွေဝေမှုမရှိတဲ့သူမ, အဖွဲ့သားတွေအပေါ်ကိုလည်း သေတဲ့အထိသစ္စာမဖောက်ခဲ့တဲ့သူမ, သေဒဏ်ချမှတ်ခံရချိန်မှာလည်း တုန်လှုပ်မှုမရှိတဲ့သူမ အဲဒီ"ဆိုဖီရှိုး"ဆိုတဲ့ သူမ အသက်ရှင်ခဲ့ရတဲ့နောက်ဆုံးနေ့ရက်တွေကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Sophie Scholl: The Final Days (2005)
8.4
Maidaan (2023)
Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…3.4GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Maidaan (2023)
2024
5.9
The Wrath (2018)
The Wrath (2018) ******************* လိုင်းပေါ်မှာ တစ်ဖန်ပြန်ပြီး ခေတ်စားလာတဲ့ ကိုရီးယား horror ကား The Wailing (2016) ကြည့်မယ်ဆိုရင် အကြောင်းအရာတွေ ဆက်စပ်ပြီး နားလည်နိုင်ဖို့အတွက် သူ့ရဲ့ မူရင်းဇစ်မြစ်ကို ရိုက်ကူးထားတဲ့ The Wrath (2018)ကို အရင်ကြည့်မှ ဖြစ်ပါမယ်နော်(ဇာတ်လမ်းအညွှန်း)ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ကြည့်ရမယ့် Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ်မျိုးရိုးမြင့်အိမ်တော်တစ်ခုက သားယောက်ျားလေးတွေဟာ မင်္ဂလာဦးညမှာ အငြိုးကြီးမကောင်းဆိုးဝါးရဲ့ ခြောက်ခြားမှုတွေနဲ့ ကြုံတွေ့ပြီး အသက်ဆုံးရှုံးနေရတယ်နောက်ဆုံးကျန်တဲ့ သားအငယ်ဆုံးကိုလည်း အလားတူ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးမကြုံဘဲ မိသားစုကိုဆက်ခံဖို့ သွေးသားရနိုင်အောင် အိမ်တော်ရဲ့ သခင်မကြီးက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားနေရှာတယ်အငြိုးကြီးမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ဖို့ ဟန်ဆောင်မင်္ဂလာပွဲအတွက် မျိုးရိုးနိမ့်မိဘမဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ ဘာမှမသိဘဲ အိမ်တော်ကြီးထဲကို ရောက်ရှိလာခဲ့တယ်အဲဒီ မကောင်းဆိုးဝါးက အိမ်တော်ထဲကို ဘယ်လိုအကြောင်းတွေကြောင့် ကပ်ငြိနေရတာလဲအိမ်တော်က လူတွေကရော မကောင်းဆိုးဝါးကို ပြန်အန်တု နှိမ်နင်းသွားနိုင်မလားဆိုတာကိုတော့ The wrath movie ထဲမှာ ခံစားလိုက်ကြပါဦးFile ...
movie
The Wrath (2018)
6.9
Golden Kamuy (2024)
ဂျပန် နာမည်ကြီး ကာတွန်းစီးရီး Golden Kamuy ကိုရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ ဇာတ်ကားအသစ်ထွက်ပါပြီ။High and Low ရုပ်ရှင်တွေရဲ့ ဒါရိုက်တာကြီးShigeaki Kubo ပဲရိုက်ကူးထားတာ ဖြစ်ပါတယ်။အက်ရှင် စွန့်စားခန်း အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း**************ဟော့ကိုင်ဒိုနယ်မြေရဲ့ ကိုင်နူလူမျိုးတွေဟာ ရွှေ ကန် ၂၀၀၀၀ ကျော်( ကီလို ၇၀၀၀၀ ကျော်) ကို ဂျပန်နယ်ချဲ့တွေလက်က ကာကွယ်ဖို့စုစည်းထားချိန်မှာပဲ ကိုင်နူလူမျိုးတစ်ယောက်က အားလုံးကိုသစ္စာဖောက်ပြီး ရွှေတွေကို လုသွားပါတယ်။ အဲဒီရွှေတွေကိုဖွက်ထားပြီး ဂျပန်တပ်ဆီမှာ အဖမ်းခံလိုက်ရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီထောင်ထဲမှာပဲ ရွှေတွေရဲ့မြေပုံကို လူ ၂၄ ယောက်ရဲ့ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးပေးလိုက်ပြီး ထောင်က ထွက်ပြေးခိုင်းလိုက်ပါတယ်။ဒီတော့ လူ ၂၄ ယောက်လုံးရဲ့ ဆေးမှင်ကြောင်တွေကိုစုစည်းနိုင်တဲ့သူက နိုင်ငံအသစ်ကြီးထောင်နိုင်လောက်အောင် များတဲ့ရွှေတွေကိုပိုင်မှာဖြစ်တာကြောင့် ဂျပန်ရဲ့ တပ်ဖွဲ့-၇ ကရော အခြားရည်ရွယ်ချက်နဲ့သူတွေကရော ဆေးမှင်ကြောင်သမားတွေကိုလိုက်ရှာပါတော့တယ်။ဆေးမှင်ကြောင်သမားအချင်းချင်းကလည်း လည်သူစားစတမ်းလုနေကြတာမို့ အဲဒီအရှုပ်တော်ပုံထဲကို ရွှေတွေလိုက်ရှာနေတဲ့တပ်သားဟောင်းလေးတစ်ယောက်နဲ့ အိုင်နူမိန်းကလေးတစ်ယောက်တို့ကြားညပ်သွားတဲ့အခါ... File size…2.97GB ...
movie
Golden Kamuy (2024)
1
2
3
4
Last
Previous
Next