Channel Myanmar

History

Impasse Rescue ( 2020 ) 7.0
Impasse Rescue ( 2020 ) ဒီဇာတ်လမ်းလေးဟာတော့ တရုတ်ပြည်ရဲ့ သမိုင်းဝင် စစ်သူကြီး ဟွမ်ကျီကျိုက်အကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်မြို့နတ်မင်းလို့ တင်စားခေါ်ဝေါ်ရလောက်အောင်တော်လွန်းတဲ့ တပ်မင်းကြီး လီကျွေ့ဖုန်းကို ရှန်းမန်စစ်သည်တစ်သိန်းက ဝိုင်းထားလို့ ပေဖော်မြို့မှာပိတ်မိနေခဲ့ပါတယ် ဒီလိုပိတ်မိနေတဲ့ယောက္ခမလောင်းဖြစ်သူ တပ်မင်းကြီးကို ကယ်တင်ဖို့အတွက် မြို့တော်က စစ်တပ်ကိုလည်း စစ်ကူလွှတ်ရင် အလစ်ဝင်တိုက်ခိုက်ခံရမှာဆိုးလို့ ဒေသခံပြည်သူတွေ အကျဉ်းသားတွေနဲ့စုစည်းထားတဲ့ လူ ၈၀၀ ကို ဟွမ်ကျီကျိုက်တစ်ယောက် ဦးဆောင်ပြီး ထွက်လာခဲ့ပါတယ်  သူတို့လူ ၈၀၀ ဟာ ပေဖော်မြို့လေးမှာ ကိုယ်တတ်တဲ့အပိုင်းကနေဝိုင်းဝန်းကူညီဆောင်ရွက်ပေးရင်း ရှန်းမန်စစ်တပ်ကြီးနဲ   ဘယ်လိုတွေတိုက်ခိုက်ကြမယ်ဆိုတာကို ဇာတ်ကားလေးကြည့်ကြည့်လိုက်ပါဦးနော် Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

Impasse Rescue ( 2020 )

Cold War (2018) 7.6
Cold War (2018) Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie

Cold War (2018)

2018
Fall in Love With My Badboy ( 2020 ) 6.7
Fall in Love With My Badboy ( 2020 ) FA မမတွေအကြိုက် အသည်းတယားယားကြည့်ရမယ့် အချစ်သိုင်းကားလေး လာပါပြီနော်ဂိုဏ်းထဲပညာသင်ဖို့ ဝင်ဝင်ချင်းမှာတင် ဂိုဏ်းတူအစ်ကိုကိုလူကြားထဲအရှက်ရအောင်လုပ်မိလို့ ပြန်တောင်းပန်ရတဲ့အနေနဲ့ သုံးလတိတိခိုင်းသမျှမညည်းမညူလုပ်ပေးနေရတဲ့ လင်ယွဲ့ရှန်း (ရှန်းရှန်း) ဟာ တစ်ဖက်မှာစည်းကမ်းတင်းကျပ် ဒေါသကြီးတဲ့ လုံရှောက်ချန် (ချန်) ညှဉ်းဆဲသမျှခံနေရပေမယ့်နာက်တစ်ဖက်မှာတော့ နူးညံ့နွေးထွေးပြီး သူ့ကိုအမြဲဖေးမပေးတတ်တဲ့သွမ်းမုကျယ် (ကျယ်) ရဲ့အာရုံစိုက်မှုကိုလည်း ခံနေရပါတယ်။အဖြူနဲ့အမည်း ဂျစ်ကန်ကန်နဲ့နူးနူးညံ့ညံ့ ပေပေတေတေနဲ့သပ်သပ်ရပ်ရပ်ဇီဇာကြောင်တတ်သူနဲ့နားလည်ပေးတတ်သူ ဒီလိုဆန့်ကျင့်ဖက်နှစ်ယောက်ဟာငယ်သူငယ်ချင်းတွေလည်းဖြစ်ကြတယ်။သူတို့နှစ်ယောက်ကြားမှာ ရှန်းရှန်းတစ်ယောက်ဘယ်လိုတွေ နေရလည်းဆိုတာကိုအားပေးကြည့်ရှုရင်း စိတ်ပျိုကိုယ်နု ဖြစ်ကြည့်ကြပါဦးနော်ဒီဇာတ်ကားလေးကို The Black Devil and The White Prince ဆိုတဲ့၂၀၁၆ ထုတ်ဂျပန်ကားလေး ကြည့်ဖူးတဲ့သူတွေတော့ ဇာတ်လမ်းအကြမ်းလောက်ကိုသိကြမှာဖြစ်ပေမမယ့်လို့ လုံးဝမတူတဲ့ အသွင်အပြင်နဲ့ဖီလင်နောက်တစ်မျိုးကို ရရှိမှာလည်း အသေအချာပဲဖြစ်ပါတယ် Translated & Reivew By Htoo Htoo Ka JoeEncoded By LK
movie

Fall in Love With My Badboy ( 2020 )

Glory 1989 7.8
Glory 1989 ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ ...
movie

Glory 1989

The Bridge Curse ( 2020 ) 5.8
The Bridge Curse ( 2020 ) နောက်ဆုံးထွက် netflix Horror ဇာတ်ကားလေးပါပဲစိတ်ခြောက်ခြားဖွယ်သရဲကားကောင်းကြိုက်သူတွေအတွက်2020 augustလမှာထွက်ထားတဲ့ ထိုင်ဝမ်သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်စတင်ထုတ်လွှင့်ချိန်ကနေ ခုချိန်ထိ Box office worldwideမှာ $347513ဝင်ငွေရရှိထားပါတယ်CGI effectတွေမပါပဲ ပြင်ပမှာတစ်ကယ်သရဲခြောက်ခံနေရသလိုရိုက်ကူးထားလို့စိတ်ခြောက်ခြားဖွယ်ကောင်းလှပါတယ် ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်ကျောင်းသားကျောင်းသူအုပ်စုတစ်ခုဟာ သတ္တိရှိမရှိစမ်းသပ်တဲ့ပွဲမှာပါဝင်တဲ့အဖွဲ့ဝင်များအောင်ကြော်ငြာဖို့ ည၁၂နာရီထိုးရင်သရဲခြောက်တယ်လို့နာမည်ကြီးလှတဲ့ သရဲမတံတားရဲ့လှေကားထစ်ကိုလျှောက်ပြရင်းlive လွှင့်ကြေငြာဖို့ ပြင်ဆင်ကြတဲ့အခါ...ဘယ်လိုတုန်လှုပ်ခြောက်ခြားဖွယ်တွေကစောင့်ကြိုနေမှာလဲ...သရဲမရဲ့ကျိန်စာကနေလွတ်မြောက်နိုင်ပါ့မလား...ထင်မထားတဲ့လှည့်ကွက်တွေပါတဲ့ စိတ်ခြောက်ခြားဖွယ် Horror ကားကောင်းတကားပါ Translated By Phyo ZawEncoded By LK
movie

The Bridge Curse ( 2020 )

The 24th(2020) 5.5
The 24th(2020) The 24th(2020)အမေရိကန်သမိုင်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပေါ်လာတဲ့ လူမျိုးရေးအဓိကရုဏ်းတွေအများကြီးရှိပါတယ်။ဒီထဲမှာမှ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ခုနှစ် အမေရိကန်နိုင်ငံ၊ဟူစတန်မြို့မှာဖြစ်ခဲ့တဲ့အဓိကရုဏ်းမှာတော့အမေရိကန်လူမည်းစစ်သားတွေပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့"၁၉၁၇ ဟူစတန်အဓိကရုဏ်း(သို့) လိုဂန်တပ်စခန်းပုန်ကန်မှု"ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့အမှတ်စဥ်(၂၄)ခြေလျင်တပ်ရင်းက လူမည်းစစ်သားတွေပါဝင်နေတဲ့အတွက်စစ်ပွဲကာလမှာတောင်စစ်တိုက်ခွင့်မရဘဲ အလုပ်ကြမ်းတွေပဲလုပ်ရတဲ့အပြင်နယ်ခံလူဖြူရဲတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလဲခံရပါတယ်။ လူမည်းတွေကိုဖိနှိပ်ထားတဲ့ဥပဒေကြောင့်တပ်ရင်းတစ်ခုလုံးသည်းခံခဲ့ကြပေမယ့် မတရားတဲ့ကိစ္စတစ်ခုအတွက်အသက်အန္တရာယ်ထိရန်ရှာလာခဲ့တဲ့အချိန်မှာတော့ အခြေအနေတွေကအဓိကရုဏ်းဖြစ်ဖို့ဦးတည်သွားပါတော့တယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်....File Size : (900 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:41:00 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo Pyae
movie

The 24th(2020)

Jessie ( 2019 ) 7.0
Jessie ( 2019 ) 2019 မှာထွက်ခဲ့တဲ့ Horror | Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားစရာပဲပရော်ဖက်ရှင်သရဲတစ္ဆေလိုက်သူအဖွဲ့ဟာ ညီအမ ၂ယောက်မှာဖြစ်ပျက်နေတဲ့သဘာဝလွန်ကိစ္စတွေကိုသတိထားမိခဲ့ကြပါတယ်ဒါကြောင့် သူတို့တွေဟာ ညီမ၂ယောက်ရဲ့ ဆန်းကြယ်မှုကိုအဖြေထုတ်ဖို့ကြိုးစားကြပါတယ်ကြိုးစားနေတဲ့နေရာကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်တလုံးမှာပေါ့အဲ့အိမ်မှာပဲ သရဲလိုက်သူ အဖွဲ့ဟာ အေမီနဲ့ ဂျက်ဆီတို့၂ယောက်ကိုမှတ်တမ်းရုပ်ရှင်ရိုက်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုခြေရာခံတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Subtitle : Myanmar Sub ( Hardsub )Video Quality : WEB-DL 720pSubtitles Credit to Somonlian ( Subscene )
movie

Jessie ( 2019 )

Jesters: The Game Changers(2019) 6.5
Jesters: The Game Changers(2019) Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်.......  ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း​ မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာ​ကိုကြောက်လာခဲ့တယ်...ဒါ​ကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie

Jesters: The Game Changers(2019)

Forbidden Dream(2019) 6.9
Forbidden Dream(2019) Forbidden Dream(2019)Historical ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ် ...ဒီဇာတ်ကားလေးမှာတော့ ဂျိုဆွန်းဟာ တရုတ် မင် အင်ပါယာရဲ့ လက်အောက်ခံ အဖြစ် ရှိနေတုန်းက အချိန်ကို ရိုက်ကူးပြသထားတာပါ..ဇာတ်လမ်းအကျဉ်း.......ဂျန်ယောင်ရှီ ဟာ အရည်ချင်းရှိတဲ့ အမတ်တစ်ယောက်ဖြစ်ပြီး ဘုရင်နဲ့ နှစ် ၂၀ကြာသူငယ်ချင်း သံယောဇဥ် ရှိသူပါ...လူတန်းစားမခွဲတတ်တဲ့ ဆယ်ဂျုံဘုရင်ကြီးက အစေခံတစ်ယောက်ဖြစ်တဲ့ ဂျန်ယောင်ရှီရဲ့ တီထွင်နိုင်စွမ်းကိုသဘောကျပြီး အမတ်နေရာ ပေးခဲ့ပါတယ်...အဲ့နောက်မှာ ဂျန်ယောင်ရှီနဲ့ တူတူ  တီထွင်မှုမျိုးစုံစတင်ပါတော့တယ်...သူတို့တီထွင်မှုကို မြောင်နိုင်ငံက သိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ...ဒီကားကကိုးရီးယားရဲ့အထင်ကရမင်းသားကြီးဖြစ်တဲ့ Min-sik Choi ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းတဲ့အပြင် ဒိတ်ဒိတ်ကျဲမင်းသားကြီးဖြစ်လို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (1.02 GB) and (523 MB) Quality : FHDRip  720p Format…mp4 Duration…01:30:00 Genre : History ...
movie

Forbidden Dream(2019)

Rising Free 2019 6.6
Rising Free 2019 အခုတစ်​​ခေါက်​တင်​ဆက်​​ပေးထားတဲ့ Rising Free ဆိုတဲ့ဇာတ်​ကား​လေးထဲမှာ​တော့ ၁၉ရာစု အ​မေရိကန်​ပြည်​သူ​တွေရဲ့ စစ်​ပွဲ​တွေ သူပုန်​ရန်​​တွေကြား ရုန်​းကန်​ရပုံ​တွေ ဒုက္ခ​တွေကြားက ​မျှော်​လင်​့ချက်​နဲ့ရှင်​သန်​ရတာ​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတာ ​တွေ့ရမှာပါ။ဘဝကိုကြမ်​းတမ်​းစွာ ဖြတ်​သန်​းခဲ့ရတဲ့ ​Nakomay ဆိုတဲ့ မိန်​းက​လေးဟာ ​အော်​ရီဂွန်​ပြည်​နယ်​က သူပုန​်​​တွေလက်​ချက်​နဲ့ မိသားစုကိုဆုံးရှုံးခဲ့ရပါတယ်​။မိသားစုကိုဆုံးရှုံးခဲ့ရတဲ့ ​ဖြစ်​ရပ်​​ကြောင်​့ ခံစား​နေရတဲ့ Nakomay ကို ကယ်​တင်​ခဲ့တဲ့ Ethel ိုတို့မိသားစုဟာ Nakomay ခံစား​နေရတာကို ကူညီ​ပေးရင်​း မျှ​ဝေခံစား​ပေးခဲ့ပါတယ်​။Ethel တို့မိသားစုဟာလည်​း စစ်​ပွဲကြားက ထွက်​​ပြေးကာ နာကျင်​စရာအတိတ်​​တွေကို ရင်​ဆိုင်​​ကျော်​ဖြတ်​​နေရတဲ့ သူ​တွေပါပဲ။ဒီဇာတ်​လမ်​း​လေးထဲမှာ​တော့​သေဆုံးသွားတဲ့ မိသားစုဝင်​​တွေအတွက်​ ယူကြုံးမရဖြစ်​​နေတဲ့ Nakomay​အတိတ်​ဆိုး​တွေကြားက မိသားစု​ပေါင်​းစည်​းနိုင်​​ရေးအတွက်​ ​ဖျောင်​းဖျရင်​း ​အေးချမ်​း​အောင်​​နေတတ်​သူ Ethelအားငယ်​​နေတဲ့Nakomay ကို ကာကွယ်​​စောင်​့​ရှောက်​ရင်​း Nakomay ကိုချစ်​မိသွားတဲ့ Banjaminစစ်​ပွဲကြား မိမိ​ကြောင်​့ မိခင်​​သေဆုံးသွားရတဲ့အတွက်​ ​လေလွင်​့​နေတဲ့ Jamesစတဲ့ဇာတ်​​ကောင်​​တွေနဲ့ 1887 ခုနှစ်​ သူပုန်​​တွေကြား ​ရှောင်​ပုန်​း​နေရတဲ့ ​ကပြား​ကောင်​မ​လေးရဲ့ဘဝကို မြင်​​တွေ့ရရုံသာမက Nakomay ...
movie

Rising Free 2019

Greyhound(2020) 7.2
Greyhound(2020)   Greyhound(2020)IMDb...7.2,,,Rotten....78%အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ...ကပ္ပတိန် Ernest Krause  ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ...သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ....ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့....ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်... စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ...
movie

Greyhound(2020)

The Outpost (2020) 6.6
The Outpost (2020) The OutpostRotten Tomato 91% IMDB 6.6 Metacritic 72%စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာRating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့်တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီးကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့်သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ ...
movie

The Outpost (2020)

Fanny Lye Deliver’d (2019) 6.1
Fanny Lye Deliver’d (2019) Fanny Lye Deliver'd (2019)====================IMDb Rating - 6.1/10#Unicodeကျွန်တော် ဒီကား ကြည့်ပြီး သိလာရတာ နှစ်ခုဘဲရှိတယ် . တစ်ခုက ဘာသာရေးကို ခုတုံးလုပ်ပြီးအာဏာကိုအသုံးချတာရယ်။ သဘာဝဟာ သဘာဝအတိုင်းဘဲ ဖြစ်နေတယ်ဆိုတာရယ်။ ဒီကားက၁၆၆၀ ဝန်းကျင်ကိုရိုက်ကူးထားတာ။ ကပ္ပတိန်ဂျွန်က ဘာသာရေးသမား။ မိန်းမနဲ့ ကလေး တစ်ယောက်ရှိတယ်။ ကလေးကိုလဲ ဘာသာရေးနဲ့ဘဲ လမ်းညွှန်ဆုံးမတယ်။ တစ်နေ့တော့ သူတို့ လယ်ထဲစုံတွဲတစ်တွဲရောက်လာတယ်။ အင်္ကျီတွေတောင်မပါဘူး။ သူတို့ ဘယ်သူတွေလိုက်လို့ ထွက်ပြေးလာတာလဲ။ အဲဘက်ခေတ်မှာ sex ဆိုတာက ပွင့်ပွင့်လင်းလင်းမရှိသေး။ အထူးသဖြင့် အဲလိုကိစ္စမျိုးကိုမိစ္ဆာအယူလိုသတ်မှတ်ကြတယ်။ အဲဘက်ခေတ် ခရစ်ယာန် ဘာသာရေးအယူအဆတွေ။ ပြီးတော့ဘာသာရေးခုတုံးလုပ် အာဏာသုံး သတ်ဖြတ်တာတွေ။ ယောကျ်ားမိန်းမ ခွဲခြားမှုတွေ ဒီကားမှာ မြင်ရပါလိမ့်မယ်။Ps: ဘာသာပြန်သူက ခရစ်ယာန်မဟုတ်တဲ့အတွက် အမှား လိုအပ်ချက်များရှိခဲ့ရင် နားလည်ပေးပါ။(ဒီကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့  Z Naing Z ...
movie

Fanny Lye Deliver’d (2019)

2019
The Last Emperor (1987) 7.7
The Last Emperor (1987) The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။  အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
movie

The Last Emperor (1987)

1987
Matchless Mulan ( 2020 ) 5.5
Matchless Mulan ( 2020 ) ကဲ ဒီတခါတော့ အားလုံးရင်းနှီးကြမယ့်နာမည်နဲ့ဇာတ်ကားတကားတင်ဆက်ပေးချင်ပါတယ်တရုတ်နိုင်ငံသမိုင်းမှာထင်ရှားခဲ့တဲ့အမျိုးသမီးစစ်သူကြီးဟွားမုလန်ဆိုရင်လူတိုင်းသိကြမယ်ထင်ပါတယ်နော် အခုလည်း CMပရိသတ်အတွက်2020 Aprilကမှထွက်ထားတဲ့ အသစ်စက်စက် Mulanကားလေးတင်ဆက်ပေးလိုက်ပြန်ပါပြီ Fu Long Feiနဲ့ Liu Yong Xiတို့အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ် အရင်ကြည့်ဖူးနေကြဇာတ်လမ်းတွေမှာမုလန်ကနိုင်ငံရဲ့တပ်သားစုဆောင်းတဲ့ကာလမှာသူ့ဖခင်အတွက်စစ်ထဲလိုက်သွားရာက​ကျော်ကြားတဲ့အမျိုးသမီးစစ်သူကြီးဖြစ်လာတဲ့ဇာတ်လမ်းမဟုတ်ဘဲ အဲ့နောက်ပိုင်းကာလကိုအခြေခံထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မုလန်ဟာအမျိုးသမီးစစ်သူကြီးအဖြစ်ကနေဂုဏ်ယူစွာမွေးရပ်မြေကိုပြန်လာပြီးဆယ်နှစ်အကြာမှာ ရိုရန်မွန်ဂိုလူမျိုးတွေဟာအရှေ့ပိုင်းယွင်ကျုံးနယ်မြေကိုလာရောက်ထိပါးလာပြန်ပါတယ်ဒီအတွက်စစ်သူကြီးမုလန်ဟာ တိုက်ပွဲနယ်မြေကိုတခေါက်ပြန်လည်ရောက်ရပြန်ပါတော့တယ်အဆုံးသတ်လေးလည်းလှတာမို့ဘယ်လိုဖြစ်မလဲ ကြည့်ရှုပေးကြပါဦးနော် Review & Translated By Nay ChiiEncoded By LK
movie

Matchless Mulan ( 2020 )

Torpedo: U-235 2019 6
Torpedo: U-235 2019 ကျွန်တော်ကြည့်ဖူးသမျှ ဒုတိယကမ္ဘာစစ်ရေငုပ်သင်္ဘောဇာတ်ကားထဲမှာ ဒီကားကတော့အကောင်းဆုံးပဲဗျ။ သမိုင်းအပေါ်အတော်အသင့် အခြေခံထားပြီး-ဗဟုသုတအများကြီးလည်းပေးပါတယ်။ပီပီသသနဲ့ကြည့်လို့ကောင်းပြီး အချိန်ပေးကြည့်ရတာလုံး၀တန်ပါတယ်။ ဇာတ်လမ်းက‌တော့ ဒုတိကမ္ဘာစစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံက အမေရိကန်တွေ Nuclearဗုံးလုပ်ဖို့အတွက်လိုအပ်တဲ့ယူရေနီယမ်သတ္တုရိုင်းတွေကို ရေငုပ်သင်္ဘောနဲ့ပင်လယ်ကိုဖြတ်ပြီး တိတ်တဆိတ်ပို့ပေးရမယ့်အကြောင်းပါ။ ဒါပေမယ့်ဖြစ်ချင်တော့ နာဇီထောက်လှမ်းရေးများကအဲ့အကြောင်းကိုသိသွားပြီး...သွားပို့မယ့်ရေငုပ်သင်္ဘောကို အမေရိကန်နိုင်ငံကိုမရောက်အောင် မရရတဲ့နည်းနဲ့လိုက်တားပါတော့တယ်။ အောင်မြင်ဖို့လုံး၀မဖြစ်နိုင်တဲ့ ဒီစစ်ဆင်ရေးကြီးကို ရေငုပ်သင်္ဘောအမှုထမ်းတွေ ဘယ်လိုညဏ်ပါပါနဲ့-သတ္တိရှိရှိနဲ့ ဖြေရှင်းမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲကြည့်လိုက်ပါဗျ။ လုံး၀လုံး၀ကောင်းတဲ့ ဇာတ်လမ်းကောင်းကြီးပါ။ Quality – 720p  WebRipDuration - 1 hr 42 minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, HistoryTranslator – Ag Ko KhantEncoder – Littleneo
movie

Torpedo: U-235 2019

War of the Arrows (2011) 7.2
War of the Arrows (2011) War of the Arrows (2011)ရွာတစ်ရွာကို နန်းတွင်းမန်းချူးစစ်သည်တွေ ဝင်စီးကြတယ်...အကြောင်းက ဒီရွာမှာရှိတဲ့မိသားစုဝင်တစ်ဦးဟာ နန်းတွင်းသစ္စာဖောက်တစ်ယောက်ြဖစ်နေတယ်ဆိုတဲ့စွပ်စွဲချက်ကြောင့်ဖြစ်တယ်....ဒီသစ္စာဖောက်မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်...ဒီလိုလွှတ်လိုက်တဲ့ မန်ချူးစစ်သည်တွေဟာလည်း ရွာထဲကိုဝင်သတ်ကြတယ်ဆိုပေမယ့်တပ်သားအဆင့်ခပ်ညံညံတွေလွှတ်လိုက်တာတော့မဟုတ်ဘူး....တကယ့်အတွေ့အကြုံရင့် တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့စစ်သည်တွေကိုလွှတ်လိုက်တာ.....မန်ချူးစစ်သည်တွေဟာ တစ်ရွာလုံးသတ်ပြီး မိန်းကလေးတွေကိုခေါ်ဆောင်သွားတယ်...ကံကောင်းထောက်မစွာ သစ္စာဖောက်ရဲ့သားဖြစ်သူဟာ လွတ်မြောက်သွားတယ်...တကယ်တော့ လွတ်မြောက်သွားတဲ့သားြဖစ်သူဟာ တကယ့်မြွေ....စဉ်းစားဉာဏ်လည်းရှိတဲ့အပြင် မြှားပစ်တဲ့နေရာမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူဖြစ်တယ်...မန်ချူးစစ်သည်တွေကို ပြောက်ကျားစစ်ပုံနဲ့ သူကျွမ်းကျင်တဲ့လေးမြှားအတတ်ပညာတို့ပေါင်းစပ်ပြီးလိုက်ပြီးဗျင်းတာတွေကို အားရပါးရြမင်ရပါလိမ့်မယ်...ဒီကားက တော်တော်ကြီးကိုမိုက်တာပါ....War of the Arrows ဆိုတဲ့အတိုင်းြမှားပစ်ခန်းတွေဆို ပီပီပြင်ပြင်ကြီးကိုရိုက်ထားတာ...ကြည့်နေတဲ့သူတွေပါ ြမှားတွေလာထိမလားယောင်ရမ်းစိုးရိမ်ရလောက်အောင်ပါပဲ....ခံစားကြည့်ကြပါဦး...File Size         : 950 MB Quality           : Blu ray 720P Running Time : 2hr 2 minute Format           : Mp4 Genre             : Action, History Encoder         : Joker.phs 
movie

War of the Arrows (2011)

Flags of Our Fathers(2006) 7.1
Flags of Our Fathers(2006) Flags of Our Fathers(2006) IMDb....7.1,,,Rotten...73% "သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်....ဆိုလိုတာက တစ်ဝက်လောက်ကိုလိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့" ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကိုမသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင်၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်းအသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ....Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်.....ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး....သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်...ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့...တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာကအီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်...ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ....ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက  Clint Eastwood ကြောင့်လို့လည်းမထင်လိုက်ပါနဲ့...ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာစစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်းရိုက်ပြနိုင်ခဲ့တယ်...ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်...ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်...ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး  Clint Eastwood ကတော့ ...
movie

Flags of Our Fathers(2006)

2006
The President’s Last Bang (2005) 7.2
The President’s Last Bang (2005) ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။   File Size - 733 MB Quality - Bluray 720P Runtime -  1h 42min  Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie

The President’s Last Bang (2005)

2005
King and the Clown (2005) 7.4
King and the Clown (2005) [Unicode]The King and The Clown (2005)ဂုန်ဂီကယောက်ျားလေးတစ်ယောက်ပေမယ့် သိပ်နူးညံ့တယ် မိန်းကလေးရှုံးအောင်လှတယ် aယောက်ျားတိုင်းကမိန်းကလေးမဟုတ်မှန်းသိတာတောင် လိုချင်တပ်မက်ကြတယ်...ကြိုးတန်းပေါ်လျှောက်ရင်း လူတွေကိုရယ်မောအောင်လုပ်ရင်း ရှင်သန်ရတဲ့ဘဝမှာယုတ်မာတဲ့လူတွေနဲ့တွေ့ရတာမို့ မြို့တော်ဟန်ယန်းကိုထွက်ပြေးခဲ့တဲ့ဂုန်ဂီတို့ ဂျိုဆွန်းမင်းကြီးကိုရယ်မောအောင်လုပ်ဖို့ဖြစ်လာခဲ့တယ်...မိခင်သေဆုံးမှုကြောင့်စိတ်ဒဏ်ရာရှိနေခဲ့တဲ့ ဂျိုဆွန်းမင်းကြီးကိုရယ်မောအောင်လုပ်နိုင်ကြပါ့မလားဇာတ်လမ်းကဒီထက်လေးနက်တာတွေရှိပြီး ကိုယ်ကြည့်ပြီးဝင်ခံစားတဲ့ပေါ်မူတည်ပြီး အတွေးအမျိုးမျိုးရှိနိုင်တာမို့ အများကြီးမပြောတော့ပဲ တင်ဆက်ပေးလိုက်ပါတယ် ။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် )[Zawgyi]The King and The Clown (2005)ဂုန်ဂီကယောက်ျားလေးတစ်ယောက်ပေမယ့် သိပ်နူးညံ့တယ် မိန်းကလေးရှုံးအောင်လှတယ် aယောက်ျားတိုင်းကမိန်းကလေးမဟုတ်မှန်းသိတာတောင် လိုချင်တပ်မက်ကြတယ်...ကြိုးတန်းပေါ်လျှောက်ရင်း လူတွေကိုရယ်မောအောင်လုပ်ရင်း ရှင်သန်ရတဲ့ဘဝမှာယုတ်မာတဲ့လူတွေနဲ့တွေ့ရတာမို့ မြို့တော်ဟန်ယန်းကိုထွက်ပြေးခဲ့တဲ့ဂုန်ဂီတို့ ဂျိုဆွန်းမင်းကြီးကိုရယ်မောအောင်လုပ်ဖို့ဖြစ်လာခဲ့တယ်...မိခင်သေဆုံးမှုကြောင့်စိတ်ဒဏ်ရာရှိနေခဲ့တဲ့ ဂျိုဆွန်းမင်းကြီးကိုရယ်မောအောင်လုပ်နိုင်ကြပါ့မလားဇာတ်လမ်းကဒီထက်လေးနက်တာတွေရှိပြီး ကိုယ်ကြည့်ပြီးဝင်ခံစားတဲ့ပေါ်မူတည်ပြီး အတွေးအမျိုးမျိုးရှိနိုင်တာမို့ အများကြီးမပြောတော့ပဲ တင်ဆက်ပေးလိုက်ပါတယ် ။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် ) File size__( 1 GB ) and ( 450 MB) Quality__Blu-720p IMDb Rating__7.4/10 Format__mp4 Duration__02:00:59 Type__History, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by ...
movie

King and the Clown (2005)