Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
History
7.6
Rurouni Kenshin: The Legend Ends (2014)
Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10 2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie
Rurouni Kenshin: The Legend Ends (2014)
2014
7.6
Rurouni Kenshin: Kyoto Inferno (2014)
Rurouni Kenshin: Kyoto Inferno (2014)_____IMDb - 7.6/10 ကဲဒီတစ်ခါတော့ တနေ့က တင်ပေးလိုက်တဲ့ ဇာတ်ကားရဲ့ အဆက်လေးကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်ရှင်းဟီမူယာတယောက် ဟာ သရဲသိုင်းသမားကြီး မာကိုတိုကို ယှဉ်ပြိုင်တိုက်ခိုက်နေရာမှာ တိုင်းပြည်ရဲ့ ကံကြမ္မာဟာလည်း သူ့အပေါ်တွင်မူတည်လာ တဲ့အခါမှာတော့ ကန်ရှင်းတယောက် ဘယ်လိုများဆက်လက်ရင်ဆိုင်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျ ဘာသာပြန်ပေးထားသူကတော့ ခန့်ဇော်ဟိန်း ဖြစ်ပါတယ်ဗျ :DFile Size - 2.8 GB (1080P) File Type - Mp4 Quality - Blu-Ray Rip 720p Duration - 02:18:00 Translator - Khant Zaw Hein Encoder - kyaw Ye Aung
movie
Rurouni Kenshin: Kyoto Inferno (2014)
2014
7.5
Rurouni Kenshin: Origins (2012)
movie
2012
5.8
1911 Revolution (2011)
တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။ File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
1911 Revolution (2011)
2011
7
Oslo (2021)
HBO ကတော့ သမိုင်းနောက်ခံ ဒရာမာတစ်ခုအချိန်ကိုက် ပြသလိုက်ပါတယ်။နာမည်ကျော် အစ္စရေး နဲ့ ပါလက်စတိုင်းတို့ရဲ့ တိုက်ပွဲတွေကို ကြားဖူးကြမှာပါ။ဒီရုူပ်ရှင်ကတော့ ၁၉၉၃ တုန်းက နော်ဝေးနိုင်ငံ အော့စ်လိုမြို့မှာအစ္စရေး နဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးယူဖို့ လျို့ဝျက်ညှိနှိုင်းကြတဲ့ ဖြစ်ရပ်မှန်ကို ဖော်ပြထားတာဖြစ်ပါတယ်။ဘာလို့ လျို့ဝှက်ညှိနှိုင်းရလဲဆိုတော့ အဲဒီတုန်းက အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ဖြစ်နေတာ ၄ နှစ်လောက်ရှိပါပြီ။သူတို့အချင်းချင်း ညှိနှိုင်းမှုလည်းမရှိပါဘူး။ အစ္စရေးရဲ့ ပေါ်လစီအရဘယ် ပါလက်စတိုင်း ကိုယ်စားလှယ်နဲ့မှ တရားဝင်တွေ့ဆုံညှိနှှိုင်းခြင်းမလုပ်ဘူးဆိုပြီးပိတ်ချထားတာ ဖြစ်လို့ပါပဲ။ ညှိနှိုင်းရေးတွေကို အမေရိကန်အပါအဝင် ကြားခံနိုင်ငံတွေကဝင်ရောက်ညှိနှှိုင်းနေရတာ ဖြစ်ပြီ ကာယကံရှင်နှစ်ယောက်လုံး တေ့တေ့ဆိုင်ဆိုင်မဟုတ်တဲ့အတွက်ဘာအဖြေမှ ဖြစ်မလာခဲ့တာပါ။ ဒီရုပ်ရှင်မှာတော့ နော်ဝေးနိုင်ငံရဲ့ လင်မယားနှစ်ယောက်ကအော့စ်လိုမှာ နှစ်ဖက်နိုင်ငံကိုယ်စားလှယ်တွေကို လျို့ဝှက်တွေ့ဆုံနိုင်အောင်စီစဉ်ပြီး အော့စ်လို သဘောတူညီချက်ကို ရအောင်ကူညီခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ဒီနှစ်နိုင်ငံဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပြီးအချင်းချင်း မယုံကြည်မှုတွေ၊ အငြိုးတွေတွေ ဘယ်လိုမှ ညှိမရတဲ့ နိုင်ငံဖြစ်လို့ ကြားဝင်နိုင်ငံတွေကလည်းစိတ်ကုန်ပြီး မသိမသာပစ်ထားခဲ့တဲ့သဘောပါပဲ။ဒီအော့စ်လိုသဘောတူညီချက်ကို ခက်ခက်ခဲခဲ ...
movie
Oslo (2021)
8.3
Lawrence of Arabia (1962)
Lawrence of Arabia (1962)====================IMDb Rating (8.3)Rotten Tomatoes (93%)အော်စကာဆု (၇) ဆု ရရှိထားတဲ့ ဖြစ်ရပ်မှန်စစ်ပွဲနောက်ခံ တကယ့်ဂန္တဝင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားဟာ ၁၉၁၆ ခုနှစ်များဆီက အာရပ်ကန္တာရတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ T.E. Lawrence အကြောင်းဖြစ်ပြီးတော့Revolution တို့ရဲ့သဘောတရားကို ရှုမြင်နိုင်ပါတယ်...ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်လောရန့်စ်ဟာ ဂျာမန်နဲ့တူရကီတွေကိုဆန့်ကျင်တိုက်ထုတ်နေတဲ့ အာရပ်တွေရဲ့တော်လှန်ရေးကို လေ့လာဖို့ အာရေးဘီးယားကို စေလွှတ်ခြင်းခံရပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ကန္တာရဒေသမှာ ခရီးစနှင်ကတည်းက အခက်အခဲများစွာကြုံတွေ့ရင်းကနေ အာရပ်ခေါင်းဆောင် မင်းသားဖိုင်ဆယ်ဆီရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားနေတဲ့ အာရပ်လူမျိုးစုတွေကို ပြန်လည်စည်းရုံးစုပေါင်းပြီး လောရန့်စ်တစ်ယောက် ဗြိတိသျှအထက်အမိန့်တွေကို ဖီဆန်ကာ အာရပ်တော်လှန်ရေးကိုအရှိန်မြှင့်တင်ခဲ့ပါတော့တယ်။စစ်မှန်တဲ့စိတ်ရင်းစေတနာ၊ မလျှော့သောဇွဲနဲ့ ထက်မြက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေကြောင့် လက်နက်အင်အား၊ လူအင်အားမမျှတဲ့ တူရကီကြီးစိုးရာနယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့တဲ့လောရန့်စ်ဟာ အာရပ်လူမျိုးတွေနဲ့ အင်္ဂလိပ်အရာရှိနှစ်ဖက်လုံးရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိလာပြီး သူနဲ့အတူအာရပ်တော်လှန်ရေးဟာလည်း အရှိန်အဟုန်မြင့်လာပါတော့တယ်။တော်လှန်ရေးတစ်လျှောက်မှာ မိတ်ဆွေတွေတိုးပွားပြီး စိတ်အားတက်စရာတွေကြုံခဲ့ရသလို ရပြီးသားမိတ်ဆွေတွေကိုဆုံးရှုံးရပြီး လက်လျှော့ချင်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ လောရန့်စ်ရဲ့စိတ်ခံစားချက်အတက်အကျတွေကိုပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ မင်းသားကြီး ...
movie
Lawrence of Arabia (1962)
1080p Untouched
4.7
Dynasty Warriors (2021)
၉၀ ဝန်းကျင်ဖွား သက်ကြားအိုတိုင်းနီးပါး ကစားဖူးတဲ့ ဂိမ်းတစ်ခုရှိပါတယ်။ တရုတ်ဓားခုတ်လို့ ခေါ်ကြတဲ့ Dynasty Warriors ပါပဲ။ ဒီဂိမ်းကို Romance of the Three Kingdoms သမိုင်းဇာတ်လမ်းကနေ ယူထားတာလည်း သိကြမှာပါ။ ဒီသုံးပြည်ထောင် နဲ့ ပတ်သတ်တဲ့ ဇတ်လမ်းတွေလည်း အများကြီးထွက်ခဲ့ပြီးပါပြီ။ အထင်ရှားဆုံးကတော့ Redcliff ၁ နဲ့ ၂ ပေါ့။ အခုဇာတ်လမ်းကတော့ rating အနေနဲ့ နည်းပါတယ်။ ဒါပေမယ့် အမှတ်တရ ပြန်တင်ပေးထားတာပါ။ ဂိမ်းထဲက theme အတိုင်း နောက်ခံတီးလုံး၊ အဝတ်အစား၊ လက်နက်တွေ ပြန်သုံးပေးထားပါတယ်။ ကျွန်တော်တော့ မဆိုးဘူးလို့ ပြောချင်ပါတယ်။ C တွေရဲ့ ထုံးစံအတိုင်း မလိုအပ်တဲ့ အထူးပြုလုပ်ချက်တွေ အိုဗာပါဝါတွေကြောင့်သာ ခပ်ညံ့ညံ့ကားလိုဖြစ်သွားခဲ့တာပါပဲ။ ဇာတ်လမ်းကိုတော့ ခေါင်းပေါင်းဝါသူပုန်တွေနဲ့ တိုက်ခိုက်တာကနေ အစပြုပါထားပါတယ်။ ဂိမ်းထဲက ပထမဆုံး ...
movie
Dynasty Warriors (2021)
7.5
Warriors of the Rainbow: Seediq Bale – Part 2: The Rainbow Bridge (2011)
Warriors of the Rainbow: Seediq Bale - Part 2: The Rainbow Bridge (2011)IMDB (7.5) / Rottoen tomatoes ( 69%)ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားတဲ့ ထိုင်ဝမ်ကားလေးပါRating အရလည်းကောင်းပြီး ဘတ်ဂျက်မှာလည်း ထိုင်ဝမ်ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ဘတ်ဂျက် အများဆုံးသုံးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ဇာတ်လမ်းကတော့ထိုင်ဝမ်ကျွန်းကို ဂျပန်က နှစ်ငါးဆယ် ကိုလိုနီပြုထားတဲ့ ကာလအတွင်း ကို ဇာတ်အိမ်တည်ထားပါတယ်နှစ်ငါးဆယ်အတွင်း ဌာနေတိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေထဲကမှဆီးဒစ်ဘာလေ လူမျိုးစု ပုန်ကန်မှုကို အဓိက ပြထားတာပါဒီလူမျိုးစုက ၁၆ ရာစုမှာ ဟန်လူမျိုးတို့ ထိုင်ဝမ်ဖော်မိုဆာကျွန်းကို အခြေမချခင် နှစ်ငါးထောင်ကျော်တည်းက နေလာခဲ့တဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းက ဌာနေတိုင်းရင်းသားများစွာထဲမှာမှ ဆီးဒစ်တိုရဲ့ ဘဝအပေါ်ခံယူမှု၊ လူမှုဓလေ့ ၊ စားဝတ်နေရေးအတွက် အမဲလိုက်ကြပုံ ၊ကိုယ့်ဒေသ အပေါ် ချစ်ခင်တွယ်တာ ...
movie
Warriors of the Rainbow: Seediq Bale – Part 2: The Rainbow Bridge (2011)
1080p Untouched
7.5
Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011)
Warriors of the Rainbow: Seediq Bale - Part 1: The Sun Flag (2011)IMDB (7.5) / Rottoen tomatoes ( 69%)ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားတဲ့ ထိုင်ဝမ်ကားလေးပါRating အရလည်းကောင်းပြီး ဘတ်ဂျက်မှာလည်း ထိုင်ဝမ်ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ဘတ်ဂျက် အများဆုံးသုံးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ဇာတ်လမ်းကတော့ထိုင်ဝမ်ကျွန်းကို ဂျပန်က နှစ်ငါးဆယ် ကိုလိုနီပြုထားတဲ့ ကာလအတွင်း ကို ဇာတ်အိမ်တည်ထားပါတယ်နှစ်ငါးဆယ်အတွင်း ဌာနေတိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေထဲကမှဆီးဒစ်ဘာလေ လူမျိုးစု ပုန်ကန်မှုကို အဓိက ပြထားတာပါဒီလူမျိုးစုက ၁၆ ရာစုမှာ ဟန်လူမျိုးတို့ ထိုင်ဝမ်ဖော်မိုဆာကျွန်းကို အခြေမချခင် နှစ်ငါးထောင်ကျော်တည်းက နေလာခဲ့တဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းက ဌာနေတိုင်းရင်းသားများစွာထဲမှာမှ ဆီးဒစ်တိုရဲ့ ဘဝအပေါ်ခံယူမှု၊ လူမှုဓလေ့ ၊ စားဝတ်နေရေးအတွက် အမဲလိုက်ကြပုံ ၊ကိုယ့်ဒေသ အပေါ် ချစ်ခင်တွယ်တာ ...
movie
Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011)
1080p Untouched
8.2
The Seventh Seal (1957)
[Unicode]Seventh Seal (1957) =============== IMDb Rating - 8.2/10 Directed By Ingmar Bergmanအင်ဂမာဘတ်မင်း ရုပ်ရှင်တွေကို ပြင်သစ်ပြည် ပါရီမြို့မှာ စပြရာက လူကြိုက်များပြီး ပြင်သစ်ပြည်မှာ New Waveသမားတွေ ပေါ်လာတယ်လို့ ပြောကြတယ်။ ပြင်သစ် New Waveရဲ့ အရွေ့ဟာ ဒီဘက်ခေတ် ရုပ်ရှင်တွေမှာ ခုထက်ထိ မကင်းပါဘူး။ ဒီတော့ ရုပ်ရှင်ဟာ ဘတ်မင်းကြောင့် သန့်စင်တဲ့ အနုပညာတစ်ရပ်အနေနဲ့ ရပ်တည်လာတယ်လို့လည်း ပြောကြတယ်။ သူ့ကြောင့် ကျွန်တော်တို့ခေတ်ရဲ့ မဆုတ်နစ်တဲ့ရုပ်ရှင်အနုပညာ ပေါ်ပေါက်လာတယ် ဆိုကြတယ်။ သူ့ရဲ့ ရုပ်ရှင်တွေဟာ ဟောလိဝုဒ်က ရုပ်ရှင်တွေလို ရေရှာတာတွေ မဟုတ်ဘဲ တကယ့်အနုပညာတွေ။ အင်ဂမာဘတ်မင်းဟာ အော်စကာဆုပေးပွဲကို အပြတ် ငြင်းခဲ့တဲ့လူ ဒါကြောင့်သူ့ကို ရုပ်ရှင်ကို ဘယ်သူသဘောကျဖို့အတွက်မှ မရိုက်တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လို့လည်းဆိုကြတယ်။ Seventh Sealရဲ့ ဇာတ်လမ်းကို ရှင်းရှင်းပြောရရင် သေမင်းနဲ့စစ်တုရင်ထိုးတဲ့ လူတစ်ယောက်အကြောင်းပဲ။ ကောင်းကင်ဘုံ ငရဲ ချစ်ခြင်း မုန်းခြင်း အနုပညာ စတဲ့စိတ္တဇနာမ်ကိစ္စတွေမှာ ...
movie
The Seventh Seal (1957)
6.9
Che: Part Two (2008)
Che: Part Two (2008)__________IMDb - 6.9/10 [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....) (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ...
movie
Che: Part Two (2008)
7.2
Che: Part One (2008)
Che: Part One(2008)__________IMDb - 7.2/10 [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....) (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး ...
movie
Che: Part One (2008)
7.8
Judas and the Black Messiah(2021)
Judas and the Black Messiah(2021)အညွှန်း*************************************IMDb...7.8"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကိုလူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ"ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့မျက်စိစပါးမွှေးစူးစရာပဲ...ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလိုသူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကိုသူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီကားက Biography ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်...ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size : (2.5 GB) and (1 GB) Quality : HEVC ...
movie
Judas and the Black Messiah(2021)
HEVC 1080p 5.1
7.9
A Taxi Driver (2017)
A Taxi Driver (2017)IMDb - 7.9/10_____Rotten - 96% IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ ...
movie
A Taxi Driver (2017)
2017
6.5
Yamato (2005)
[ Unicode ]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu ...
movie
Yamato (2005)
2005
6.6
Experimenter (2015)
Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie
Experimenter (2015)
2015
8.0
Gandhi (1982)
Gandhi (1982)============IMDb Rating - 8.0/10ခေတ်သစ် Civil Disobidence အယူအဆကို ဖန်တီးဖော်ထုတ်ခဲ့တာကတော့ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ လို့ဆိုပါတယ်။၊Civil Disobedience Movementရဲ့ သက်ရောက်မှုကို သိပ်အယုံအကြည်မရှိတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ဂန္ဒီလုပ်ခဲ့တဲ့ CDMရဲ့ သက်ရောက်မှုဟာ တစ်စတစ်စနဲ့ ဗြိတိသျှတို့ရဲ့ ကြီးမားလှတဲ့ အင်ပါယာကြီးကိုတောင် အတော်လေး အထိနာစေခဲ့ပါတယ်။ သူရဲ့ဝါဒကတော့ ရှင်းပါတယ်။ အကြမ်းမဖက်ဘူး မပူးပေါင်း မနာခံဘူး။အကြမ်းမဖက်တာက အပြောတော့လွယ်ပါတယ် တစ်ဖက်က အကြမ်းဖက်လို့ ကိုယ့်အသားနာလာရင် သွေးရူးသွေးတန်းနဲ့ ပြန်အကြမ်းဖက်မိနိုင်ခြေသိပ်များပါတယ်။ အထူးသဖြင့် အကြမ်းမဖက်လို့ ရနိုင်မယ့် အကျိုးကျေးဇူးကို မသိရင်ပေါ့။ပြောရရင် CDMရဲ့ နောက်ဆက်တွဲအကျိူးကျေးဇူးကို မသိရင်ပေါ့။ ဂန္ဒီလက်ကိုင်ထားခဲ့တဲ့ဝါဒဟာ Civil Disobidenceပါပဲ။ CDMနဲ့ ပက်သက်ပြီး ဒီရုပ်ရှင်မှာ ဖြစ်ရပ်မှန် သာဓကတွေအများကြီးပါပါတယ်။CDMကို ဒီရုပ်ရှင်သာမကြည့်ခဲ့မိရင် ဒီလောက်အထိစွမ်းမယ်လို့ လုံး၀ဥဿုံ ထင်ချင်မှလည်းထင်မိမှာပါ။ မိတ်ဆွေတို့ကိုတော့ မဆိုလိုဘူးပေါ့။ ဒါကျွန်တော့်ရဲ့တုံးအမှုပါပဲ။ဂန္ဒီပြောသလိုပါပဲ "သူတို့ ကျုပ်တို့ကို ကြိုက်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နာခံမှုကိုတော့ ကျုပ်မပေး မချင်းသူတို့မရနိုင်ပါဘူး"CDMဟာ အင်အားချင်းမတုံ့ပြန်နိုင်တဲ့လူတွေအတွက် အကောင်းဆုံးလက်နက်ပါပဲ။မိတ်ဆွေ ဒီထက်နားလည်သွားမှာတွေအများကြီး ပိုပါပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် မပြောပြတတ်ပါဘူး။ မပြောချင်တာ မဟုတ်ပါဘူး။နိုင်ငံရေးနဲ့ပက်သက်ပြီး ကျွန်တော် ဘာမှနားလည်တဲ့လူတော့ မဟုတ်ပါဘူး ဒါပေမဲ့ သေချာတာက ခင်ဗျား ဒီရုပ်ရှင်ကိုကြည့်ပြီး CDMအစစ်ရဲ့ သက်ရောက်မှုကို ကောင်းကောင်းကြီးသိသွားမှာပါ။ ဒါပါပဲ။ CDMနဲ့တစ်နိုင်ငံလုံး ပက်သက်နေတဲ့အချိန်မှာ ဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ကြည့်ကြစေချင်ပါတယ်။ ဒါကျွန်တော့်ရဲ့ စိတ်စေတနာအမှန်ပါပဲ။တစ်ခါတလေကျ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူးလို့ ထင်ကောင်းထင်ရတဲ့ နေ့တွေရှိမယ်။ ကိုယ့်ဖြစ်တည်မှုရဲ့ သိမ်ဖျင်းသေးနုပ်မှုကို စိတ်ပျက်အားငယ်မိတဲ့နေ့တွေရှိမယ်။တစ်ခါတလေ ဒီကမ္ဘာကြီးက အဓိပ္ပာယ်မရှိပါဘူးလို့တွေးမိတဲ့ အခါတွေများမှာ အဓိပ္ပာယ်ရှိခဲ့တဲ့လူတစ်ယောက်ရဲ့ ဘ၀အကြောင်းကို သိထားတာဟာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးထင်ရတဲ ကမ္ဘာကြီးမှာ မျှော်လင့်စရာကလေးတွေ ကျန်သေးကြောင်း အသိပေးကောင်းပေး နိုင်ပါလိမ့်မယ်။တကယ်လို့်များ မိတ်ဆွေစိတ်ပျက်အားငယ်မိရင် ဂန္ဒီပြောဖူးတဲ့စကားလေးတစ်ခုကို သတိရလိုက်ပါ။ " ...
movie
Gandhi (1982)
1982
7.3
One Second ( 2020 )
ဒီကားလေးကတော့ Box office worldwideမှာ $10600000အထိဝင်ငွေစံချိန်တင်ရရှိထားတဲ့Nov27 2020မှာထွက်လာတဲ့ Drama History အမျိုးအစားဖြစ်ပါတယ်1975ခုနစ် တီဗီတွေမရှိသေးချိန်ဖလင်နဲ့ ပိတ်ကားပေါဇာတ်ကားပြလေ့ရှိပါတယ်..ွဒီအချိန်မှာ ဇာတ်ကားမပြသခင်လာတဲ့ သတင်းအတိုအထွာမှာ၂၂ရက်နေ့ ပါလာတဲ့သမီးလေးပါတဲ့ one secondစာမြင်ကွင်းကိုကြည့်ရဖို့အလုပ် ကြမ်းထောင်ကနေထွက်ပြေးလာတဲ့ကျန်းကျုံစိမ်း..ဖလင်လိပ်တွေကိုမီးပုံးလုပ်ပေးဖို့လိုက်ခိုးယူနေတဲ့လျိုကွေးနွီ...ဖလင်လိပ်တွေလမ်းမှာပျက်ဆီးသွားလို့ အလုပ်မပြုတ်ဖို့ အရေး ကြိုးစားရတဲ့ဖန့်တျန့်ရင်တို့သုံးယောက်သားဆုံကြတဲ့အခါ....ဖလင်လိပ်တစ်လိပ်ပဲရှိချိန် ဖလင်ဆေးရည်လဲမရှိတဲ့အချိန်မှာ ဘယ်လိုတွေကြိုးစားပြီးပြန်ရယူမလဲ...ကျန်းကျုံစိမ်းက ၂၂ရက်နေ့သတင်းအတိုအထွာမှာပါတဲ့သူ့သမီးလေးကို မြင်တွေ့ခွင့်ရနိုင်ပါ့မလား..ဇာတ်ကား ကြည့်ဖို့အရေးခက်ခဲမှုများစွာနဲရင်ဆိုင်ရတဲ့ ခေတ်ကာလကိုဖော်ပြသွားပြီးဖခင်တစ်ယောက်ရဲ့သမီးအပေါထားတဲ့သံယောဇဉ်ကိုမြင်ရမှာပါ Quality : WEB-DL 720pFormat : mp4During : 1h 44minSubtitle : Myanmar Subtitle ( Hardsub )Translated By Phyo ZawEncoded By LK
movie
One Second ( 2020 )
5.4
The Gandhi Murder (2019)
The Gandhi Murder (2019)====================IMDb Rating - 5.4/10၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်....ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့ မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။ အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်...ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်....ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်....အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့် သူတို့ရဲ့ ...
movie
The Gandhi Murder (2019)
2019
5.8
The Rising Hawk (2019)
The Rising Hawk (2019) ===================IMDb Rating 5.8/10 ဒီနေ့အတွက် အမိုက်စား Action , Drama, History ကားလေးကိုတင်ပေးချင်ပါတယ်။မွန်ဂိုတွေ အင်အားကောင်းချိန် ၁၂၀၀ ကျော်ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ဉရောပ - အာရှနယ်စပ် ယူကရိန်း အမေရိကန်နယ်မြေ၊ ကပ်သရီသန်တောင်းတန်းဒေသမှာအေးအေးချမ်းချမ်းနေထိုင်တဲ့ ယူကရေးနီးယမ်းလူမျိုးတွေဟာ တောင်ယာလုပ် အမဲလိုက်တဲ့လူမျိုးတွေဖြစ်ပါတယ်။ ဒီလူမျိုးတွေရဲ့နယ်မြေကို ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုတပ်တွေ ကျူးကျော်တိုက်ခိုက်လာတဲ့အခါ.... မိမိနယ်မြေကို ဘယ်လိုခုခံကာကွယ်သွားမလဲဆိုတာ ကြည့်ရမှာပါ။ သမိုင်းစိတ်ကူးယဉ်၀တ္ထုကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပေမယ့် သမိုင်းကြောင်းတစ်ခုကိုပြန်လည် မြင်ယောင်ထင်မှတ်စေလောက်အောင်ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 05minSubtitle – Myanmar HardsubFormat – Mp4Genre : Action , Drama, ...
movie
The Rising Hawk (2019)
2019
First
15
16
17
18
19
Last
Previous
Next