Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
History
6.0
[18+] Behead the King (2017)
ဂျိုဆွန်းတိုင်းပြည်က မိန်းကလေးတွေအတွက်တော့ ငရဲပဲ....ဂျိုဆွန်းခေတ်... အမြော်အမြင်ရှိပြီး လေးစားခံရတယ်လို့သတ်မှတ်ခံရတဲ့ ဆောင်ဂျုံးဘုရင်လက်ထက်ကို ဇာတ်အိမ်တည်ထားပါတယ်အသက် ၁၃ နှစ်နဲ့နန်းတက်ပြီး မယ်တော်ကြီးနဲ့ မူးမတ်တို့ရဲ့ ကြိုးကိုင်မှုခံရတဲ့ ဆောင်ဂျုံးဘုရင်ဖြစ်တဲ့အလျောက် မယ်တော်ကြီးကပဲ ချုပ်ကိုင်ချယ်လှယ်ခဲ့ပါတယ်မယ်တော်ကြီးဟာ မိန်းကလေးတွေကို သူရဲကောင်းအာဇာနည်ဖြစ်ခွင့်ပေးတယ်ဆိုပြီး ခင်ပွန်းသေရင် ဇနီးသည်ပါလိုက်သေရတဲ့ ဥပဒေကိုဖော်ဆောင်ခဲ့ပါတယ်ဥပဒေအသစ်တွေပြောင်းပြီး ညစ်ညမ်းတဲ့ဆောင်ကြာမြိုင်တွေကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာတော့ အသက်ရှင်ကျန်နေခဲ့တဲ့ကချေသည်ဘီဆောဟာ ဘုရင်ကိုမုန်းတီးပြီး လက်စားချေမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ပြတော့တယ်ကချေသည်ဘီဆောရဲ့ လက်စားချေမှုက အောင်မြင်မလား သူ့ရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်သတိပေးချက် - ၁၈ ယောက်ပြည့်မှကြည့်လို့ရမယ့်အခန်းတွေပါလို့ မိသားစုနဲ့ လုံးဝ(လုံးဝ) ကြည့်လို့မသင့်တော်ပါနော် ။File Size__( 2GB) / ( 1GB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:55:00 Type__Adult, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Joyx Encoded by Naing Aung Latt
movie
[18+] Behead the King (2017)
7.1
The Dig (2021)
The Dig (2021) ===========IMDb Rating - 7.1/10"ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxonsတွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ...
movie
The Dig (2021)
2021
5.8
Railway Heroes (2021)
Railway Heroes (2021)အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့ ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။ ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။ ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။ ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့် လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။ အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက် လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။ သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ် တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့ Cinematography ကပြောစရာမရှိအောင်လှပါတယ်။ တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်Genre.....Drama, History, War Quality….WEB-DL 1080p and 720p and 360p File size…1.75GB, 909MB, 301MB Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder .....LK
movie
Railway Heroes (2021)
2021
7.8
Against the Ice (2022)
Against the Ice (2022)=================IMDb Rating - 7.8/10ကဲ ဖြစ်ရပ်မှန်ရုပ်ရှင်လေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ အာတိတ် မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေ နေကြတဲ့ခေတ်ပေါ့။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ် ဆိုပြီး အဆိုပြုလာပါတယ်။ ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စား အဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားရင် ပျောက်ဆုံးသွား ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေး လိုက်ပါဦး။ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - ...
movie
Against the Ice (2022)
2022
6.2
Eiffel (2021)
ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။ ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။ File size…(1.49GB)/(662MB)/(425.5 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Biography, History Subtitle….Myanmar ...
movie
Eiffel (2021)
7.3
The Tragedy of Macbeth (2021)
မင်းသားကြီး ဒန်ဇယ်ဝါရှင်တန် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရယ် အကောင်းဆုံး Cinematography ဆု အကောင်းဆုံး Production Design ဆု အော်စကာသုံးဆု ဆန်ကာတင်ဝင်နေတဲ့ ရုပ်ရှင်ကြီးတစ်ခုကို တင်ဆက်ပေးထားပါတယ်။ ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ပြဇာတ်ကြီးကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ မူရင်း ပြဇာတ်စကားတွေကို အသုံးပြုထားတာမို့ တိုက်ရိုက်ဘာသာပြန်ရင် အတော်ကို ဖတ်ရပြန်ရ ခက်ခဲတာမို့ စကားပြေအနေနဲ့ ဘာသာပြန်ပေးထားပါတယ်။ အကုန်လုံးမှန်မယ်လို့တော့ သေချာမပြောရဲပါဘူး။ ဒီပြဇာတ်ထဲက စာသားတွေကို ရုပ်ရှင်တွေ စာအုပ်တွေ အများကြီးမှာ ပြန်လည်ကိုးကားအသုံးပြုထားကြပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုထားတာတွေလည်းအများကြီးပါပဲ။ဥပမာ V for Vendetta ရုပ်ရှင်မှာဆို I dare do all that may become a man; Who dares do more is none (ယောကျာ်းကောင်းတစ်ယောက်လုပ်ဝံ့တဲ့အရာအားလုံး ငါလုပ်ဝံ့တယ်၊ မလုပ်သင့်တာကို လုပ်ရဲတဲ့သူဟာ ...
movie
The Tragedy of Macbeth (2021)
7.0
Prince of Lanling: Blood Weeping Blade (2021)
ပေချီတိုင်းပြည်မှ ဘုရင်မင်းကြီးဟာ နန်းတော်ထဲမှာ အတီးအမှုတ်အကအခုန်တွေနဲ့ ပျော်မွေ့ပြီး တိုင်းရေးပြည်ရေးမှာ လစ်ဟင်းနေပါတယ်..နန်းတွင်းမှာ ဩဇာအာဏာကြီးမားတဲ့ အမတ်ချုပ်ကြီး ဟဲရှိခိုင်ဟာ ဘုရင်နဲ့ မှူးမတ်တွေကို သူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်အောင် စီမံဆောင်ရွက်ပါတော့တယ်...ပြည်သူတွေအတိဒုက္ခရောက်ပြီး အမိမဲ့သား ရေနည်းငါးဖြစ်နေတဲ့အချိန်ကာလပေါ့...တိုင်းပြည်ချို့ယွင်းပျက်စီးနေချိန်မှာ တိုက်ရည်ခိုက်ရည်နဲ့ ဉာဏ်ပညာကြီးမားတဲ့ မင်းမျိုးမင်းနွယ် စစ်သူကြီး လန်လင်ဘုရင်ဟာ သူ့ရဲ့အမိတိုင်းပြည်ကို ဘယ်လိုကယ်တင်မလဲဆိုတာ .......။အချစ်အလွမ်းစွန့်စားခန်းတွေနဲ့ သိုင်းကားရသအပြည့်ပါဝင်တဲ့ဇာတ်ကားပါ။ File size…(1 GB) Quality….WEB-DL 1080p Format…mp4 Duration….01:19:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie
Prince of Lanling: Blood Weeping Blade (2021)
6.3
The Red Ghost (2020)
The Red Ghost (2020) အညွှန်း**********************IMDb - 6.3CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် ...
movie
The Red Ghost (2020)
2020
7
Munich: The Edge of War (2022)
ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie
Munich: The Edge of War (2022)
6.0
Song Ci (2022)
ဒီတစ်ခါ CM ကတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ နာမည်ကျော်အလောင်းစစ်ဆေးသူစုန့်စစ်ရဲ့ နဂါးဘုရင်လူသတ်သမားအမှုဖြေရှင်းခန်းပဲ ဖြစ်ပါတယ်နော်လုံယာစီရင်စုရဲ့ နဂါးဘုံကျောင်းထဲက နဂါးပိတ်လှောင်ရေတွင်းထဲမှာ နဂါးကိုပိတ်လှောင်ထားတယ်လို့ နယ်ခံအပေါင်းကယုံကြည်ထားကြပါတယ် သဘာဝဘေးအန္တရာယ်ကပ်ဆိုးနဲ့ ကြုံရတိုင်း နဂါးဘုရင်ကိုပူဇော်ပသဖို့ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ကို ဆက်သကာရေတွင်းထဲ ပစ်ချရတဲ့ ရိုးရာဓလေ့လည်း မယုံနိုင်ဖွယ်ရှိနေခဲ့ပါတယ်အဲလိုမျိုးယဇ်ပူဇော်တာကို လက်မခံနိုင်တဲ့ အရာရှိသစ်ကျွမ်းယန်နဲ့ သူ့နောက်လိုက်အပေါင်းအပါတွေက အမှန်တရားကို ရှာဖွေဖို့ကြိုးစားချိန်မှာ တစ်ယောက်ပြီးတစ်ယောက် အရေပြားပေါ် နဂါးကြေးခွံတွေပေါ်လာပြီး ထူးဆန်းစွာသေဆုံးကုန်ကြတဲ့အခါမှာတော့... အလောင်းစစ်ဆေးသူစုန့်စစ်က ဒီအမှုကိုစုံစမ်းဖို့ အကြောင်းဖန်လာပါတော့တယ်အယူသည်းလွန်းတဲ့နယ်ခံပြည်သူတွေကြားမှာ စုန့်စစ်တစ်ယောက် အလောင်းတွေကိုခွဲစိတ်ကာ သေဆုံးသူကိုမေးမြန်းပြီး သဘာဝလွန်အမှုကြီးကို သိပ္ပံနည်းကျကျဘယ်လိုစစ်ဆေးသွားမှာလဲဆိုတာ အခုပဲစိတ်ဝင်စားဖွယ် ကြည့်လို့ရပါပြီဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Adventure, Crime, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie
Song Ci (2022)
7.0
Cleopatra (1963)
CLEOPATRA (1963)Cleopatra ဆိုတဲ့နာမည်ကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ လူတကာငေးရတဲ့အလှပိုင်ရှင်အဖြစ်၊ အီဂျစ်ဘုရင်မာယာရှင်အဖြစ် Cleopatra ကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ Cleopatra ပါဝင်ကပြတဲ့ ကမ္ဘာ့သမိုင်းဇာတ်ကွက်က ကြီးကျယ်ခမ်းနားခဲ့သလို အဲဒီအကြောင်းကို ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းမှာဆိုစမှတ်ပြုရလောက်အောင် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။Roman emperor ရဲ့အထင်ကရ စစ်သူကြီး Julius Caesar ဟာ ရန်သူတော် Pompey ကို တိုက်ခိုက်အနိုင်ယူလိုက်တဲ့ Battle of Pharsalus အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Rome ရဲ့ အဓိကကုန်ဝင်ရာ နိုင်ငံဖြစ်တဲ့ Egypt မှာ Cleopatra ဘုရင်မနဲ့ မောင်ဖြစ်သူ Ptolemy တို့ထီးနန်းအတွက် တင်းမာနေတဲ့အခြေအနေကို Caesar ကဖြေရှင်းပေးဖို့ Egypt ကိုရောက်လာခဲ့ပါတယ်။ အချုပ်ပြောရရင် Cleopatra ကိုလုပ်ကြံရန်ကြိုးစားမှုနဲ့ Ptolemy နယ်နှင်ဒဏ်ပေးခံရပြီး Cleopatra က အီဂျစ်ရဲ့ဘုရင်မဖြစ်လာခဲ့တဲ့အပြင် Caesar နဲ့ Cleopatra ...
movie
Cleopatra (1963)
1963
1080p HEVC
7.1
The Throne(2015)
2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB / Quality…1080p Blu Ray DTS 5.1Ch / Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie
The Throne(2015)
2015
6.8
Marakkar: Lion of the Arabian Sea (2021)
ဒီတစ်ခေါက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ဒဏ္ဏရီလာသူရဲကောင်းKunjali Marakkar IV ရဲ့ အိန္ဒိယနဲ့ပေါ်တူဂီကြား စစ်ပွဲ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်IMDB Rating 6.8 နဲ့ Facebook Rating 4.6/5 တောင်ရထားပြီးတော့ကုဋေပေါင်း 80-100ထိ အကုန်ကျခံရိုက်ကူးထားတဲ့အပြင် ရုံတင်ပြီး၁၀ရက်အတွင်းကို ကုဋေ ၅၀ လောက်ထိ ပြန်ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းပေါ်တူဂီနယ်ချဲ့တွေကို မျိုးရိုးစဥ်ဆက်လိုက်ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့ Kunjali Marakkar မိသားစုဟာအနိုင်ရရှိမှုနောက်ကွယ်မှာ သားဖြစ်သူကို စတေးခဲ့ရတာတွေရှိပါတယ်သားဖြစ်သူရဲ့သွေးအိုင်ကို မျက်မြင်တွေ့လိုက်ရပြီးနောက်မှာ သာမန်ကုန်သည်ဘဝအဖြစ်သာနေထိုင်ကြပေမယ့်လည်း ပေါ်တူဂီဆိုရင်ဘယ်လောက်ပေးပေးပစ္စည်းမရောင်း အခြားနိုင်ငံကိုသာစိုက်ပျိုးတဲ့ပစ္စည်းရောင်းချတဲ့အထိ စိတ်ဓာတ်ခိုင်မာတဲ့မာရတ်ကာမိသားစု မနာလိုသူတွေမနှစ်သက်သူတွေနဲ့တွေ့ချိန်မှာဘာတွေဆက်ဖြစ်မှာလဲကျူးကျော်သူတွေကိုရော တိုက်ထုတ်နိုင်မှာလား ဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါ။ တော်လှန်ရေးအတွက် မိုတီဗိတ်လုပ်တဲ့စကားတွေက တကယ်ကိုပြောင်မြောက်လွန်းလှပါတယ်။ဇာတ်အိမ်နဲ့ခေတ်ဟောင်းကားကြိုက်တဲ့သူတွေကျေနပ်ရမှာအမှန်ပါပဲအညွှန်းကိုတော့ Lwin Htoo Aung ရေးသားထားပြီးတော့Lwin htoo aung, honeyey,Shwe Pyae နှင့် Thet Hnin Hsu တို့မှဘာသာပြန်ဆိုထားပါတယ် File size…748MB / 1.37GB / 3.3GB Quality…720p HEVC ...
movie
Marakkar: Lion of the Arabian Sea (2021)
2021
1080p HEVC
8
Drama Special Season 12 : The Palace (2021)
The Palace (2021)နန်းတွင်းကားတွေကို ဓာတ်ကျနေတဲ့လူတွေအတွက် ရသတစ်မျိုးလေးခံစားနိုင်အောင်နန်းတွင်းsismanceဇာတ်လမ်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော်။ဒီကားလေးကတော့ ငယ်စဉ်ကတည်းက နန်းတွင်းအပျိုတော်အဖြစ် ကြီးပြင်းလာခဲ့တဲ့ အပျိုတော်လေး ဆို့ဆန်းရယ်မိမိသဘောအတိုင်း မနေနိုင်ဘဲ ချုပ်ချယ်ခံနေရတဲ့ နန်းတော်ကြီးထဲနာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အိမ်ရှေ့စံမင်းသားရဲ့ ကြင်ရာတော်ဘုံဆောင်းန်ရယ်ကံကြမ္မာက အပျိုတော်လေးနဲ့ကြင်ရာတော်တို့ကို တွေ့ဆုံစေဖို့ အကြောင်းဖန်လာခဲ့ရင်းမထိတထိကြည်နူးမှုလေးတွေပါ မြင်တွေ့ရမှာပါ။Sismanceဆိုတဲ့အတိုင်း နှစ်ယောက်ကြားထဲကနှောင်ဖွဲ့လာတဲ့ သံယောဇဉ်ကြိုးက တကယ်နွေးနွေးထွေးထွေးလေးပါပဲ။တစ်ယောက်က သံယောဇဉ်တွေနဲ့ထုံးဖွဲ့လာချိန်မှာနောက်တစ်ယောက်ရဲ့ မူလရည်ရွယ်ချက်တွေ အောင်မြင်နိုင်ပါ့မလား။ပျော်စရာတွေနဲ့အဆုံးသတ်မှာလား??? မျက်ရည်တွေနဲ့ချန်ထားခဲ့မှာလားဆိုတာကတော့ ဆက်သာကြည့်လိုက်ပါတော့။Sismanceတွေ ကြည့်ချင်တဲ့လူတိုင်းအတွက်လည်း ဒါလေးက လက်လွှတ်မခံသင့်တဲ့ကားလေးပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Drama, History Quality….WEB-DL 1080p and 720p and 360P File size… 956MB and 582MB and 179MB Format…mp4 Duration….60min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder .....August
movie
Drama Special Season 12 : The Palace (2021)
2021
6.5
Child 44 (2015)
ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူတွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie
Child 44 (2015)
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ...
movie
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
4K HEVC Web-DL
7.0
Kundun (1997)
Kundun (1997)============IMDb Rating - 7.0/10တိဗက်ကို ဗမာစိတ်ကူးယဉ်၀တ္တုတွေမှာ ကျွန်တော်တို့ တော်တော်ရင်းနှီးပြီးသားဖြစ်မှာပါပဲ။သိသလောက်ဆို သေသေချာချာ စာအုပ်ထဲ စပါတာက မောင်ထွန်းသူ ဘာသာပြန်ထားတဲ့ The Lost Horizon, ရှန်ဂရီလာထဲကစတယ် ထင်ပါတယ်။ အဲဒီစာအုပ်ထဲက တစ်ချို့အခန်းတွေကိုပဲ မင်းသိင်္ခကကူးပြီး မှတ်မိသလောက် နှစ်အုပ်လောက်ထွက်ဖူးပါသေးတယ်။တခြားစာရေးဆရာတွေလည်း ရေးကြတော့ ခုတိဗက်ဟာ ကျွန်တော်တို့နဲ့ မစိမ်းတဲ့နေရာပါပဲ။ တိဗက်အကြောင်းရေးကြတဲ့ အဲဒီစာအုပ်တွေမှာ လားမားတွေကလည်း မပါမဖြစ်ပေါ့။ဒီရုပ်ရှင်ကတော့ စိတ်ကူးယဉ်မဟုတ်တဲ့ တိဗက်ပြည်ရဲ့ လက်ရှိနောက်ဆုံး ဒလိုင်းလားမားရဲ့ ထေရုပ္ပတ္တိကို ပြန်ရိုက်ကူးထားတာပါ။ ၁၄ဆက်မြောက်ဒလိုင်း လားမားရဲ့ ဘ၀ကို မွေးစကနေ တရုတ်တွေလက်က ပြေးတဲ့အထိ ရိုက်ပြထားပြီး တိဗက်ရဲ့ဘာသာရေးကို ထဲထဲ၀င်၀င်ကို ပုံဖော််ထားတဲ့ ရုပ်ရှင်ပါပဲ။နောက် အပြိုင်အနေနဲ့ မြင်ရမှာတော့ တိဘက်ကို တရုတ်တွေရဲ့ ဖျက်စီးခဲ့မှုကိုပေါ့။ ခုတလောတင် kundunကားထဲ မော်စီတုန်းက ၁၄ဆက်မြောက် ဒလိုင်းလားမားကို ပြောခဲ့တဲ့ " ဘာသာရေးဟာ အဆိပ်ပဲ။ တိဗက်တွေဟာ ဘာသာရေး အဆိပ်သင့်နေကြတယ်"ဆိုတဲ့ ဒိုင်ယာလော့တစ်ခုကို ချဲ့ထွင်တွေးပြီး ...
movie
Kundun (1997)
1997
7.7
The Last Duel (2021) 18+ Rated
ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie
The Last Duel (2021) 18+ Rated
6.4
Saving General Yang (2013)
IMDb Rating(6.4)ရန်အိမ်တော်ဆိုတာနဲ့ တစုန့်ခေတ်က အရဲရင့်ဆုံးစစ်သူကြီးအဖြစ် လျောင်နိုင်ငံရဲ့ကျူးကျော်မှုတွေကိုတွန်းလှန်ခဲ့တဲ့စစ်သူကြီး "ရန်ရဲ့"ကို တော်တော်များများ သိကြမှာပါ။ နှစ်ပေါင်းများစွာ တစုန့်ပြည်အတွက် သက်စွန့်ဆံဖျားအစေခံရင်း အလုပ်အကျွေးပြုခဲ့တဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကို ဒီရုပ်ရှင်မှာလိုက်ပါစီးမျောခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်း............တစုန့်ပြည်ကိုကာကွယ်ရင်း လွန်ခဲ့သော ဆယ်နှစ်က သူအနိုင်တိုက်ခဲ့တဲ့ လျောင်စစ်တပ်ရဲ့ ဗိုလ်ချုပ်သားနဲ့ပြန်ရင်ဆိုင်ရတဲ့အခါ... စစ်ပွဲက သာမန်စစ်ပွဲနဲ့မတူတော့ဘဲ ရန်ငြိုးတွေကို အပြတ်ရှင်းကြမယ့်စစ်ပွဲဖြစ်နေတဲ့အခါ... ထောင်ချောက်မိပြီး ဝံပုလွေတောင်ခံတပ်မှာ ပိတ်မိနေတဲ့စစ်သူကြီးကိုကယ်တင်မယ့် သူ့သား၇ ယောက်... သူတော်စဉ်ကြီးရဲ့ သား ၇ ယောက်သွားပြီး ၆ယောက်ပြန်လာမယ် လို့ထွက်ပေါ်လာတဲ့ကောလဟာလ... တကယ့်အဖြစ်အပျက်နဲ့ဘာတွေလွဲမှာလဲ။ တကယ်တမ်းမှာ ဘယ်သူတွေအသက်ရှင်မှာလဲဆိုတာကို သမိုင်းဖြစ်ရပ်မှန်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဟောင်ကောင်ဒါရိုက်တာ Ronny Yu ရဲ့လက်ရာဖြစ်သလို အစအဆုံးဆွဲဆောင်မှုရှိရှိနဲ့တင်ဆက်ထားနိုင်ပါတယ်။CGI မကြိုက်တဲ့မိတ်ဆွေတွေအတွက် ကြည့်ရတန်မယ့်ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lwin Htoo Aung
movie
Saving General Yang (2013)
7.7
Empire of the Sun (1987)
စတီဗင် စပီးဘက်ရဲ့ Epic war dram ရုပ်ရှင်တစ်ခု တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်မှာ ဒါရိုက်တာက အသက် 13 နှစ်အရွယ် မင်းသား ခရစ်ရှန်ဘေးကို အယောက် ၄၀၀၀ လောက် ဝင်အရွေးခံတဲ့အထဲကမှ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ ဂျေမီဆိုတဲ့ ဗြိတိန်လူမျိုး ကောင်ကလေးပါပဲ။ သူက သူ့မိဘနှစ်ယောက်နဲ့အတူ ရှန်ဟိုင်းမှာ မွေးကတည်းက နေခဲ့တာပါ။ တကယ်တော့ တရုတ်နဲ့ ဂျပန် စစ်မကြေညာဘဲ စစ်ဖြစ်နေတာ လေးနှစ်လောက်ကြာနေပါပြီ။ ဒါပေမဲ့ နိုင်ငံတကာ သံတမန်လုံခြုံရေးအရ ရှန်ဟိုင်းမှာ အေးအေးလူလူ နေထိုင်နေကြတဲ့ အနောက်တိုင်းသားတွေ အများကြီးပါပဲ။ သူတို့အေးအေးလူလူ နေနိုင်တဲ့အချိန်တွေ ကုန်တော့မှာကို မသိကြသေးပါဘူး။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးမကျဲခင်အထိပေါ့လေ။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ ဂျပန်တွေ ရှန်ဟိုင်းကိုဝင်လာချိန်မှာမှာ ဗြိတိန်သားတွေအလုအယက် ထွက်ပြေးကြရပါတော့တယ်။ ထွက်ပြေးကြတဲ့အချိန်မှာမှ ဂျေမီလေးက တစ်ယောက်တည်း မိဘတွေနဲ့ ကွဲပြီးကျန်နေခဲ့တာပေါ့။ ဂျေမီလေးက လေယာဉ်တွေကို အရမ်းစိတ်ဝင်စားပြီး ဂျပန်တွေကိုလည်း သတ္တိရှိတယ် လေယာဉ်တွေပိုကောင်းတယ်ဆိုပြီး လေးစားတဲ့စိတ်ရှိပါတယ်။ ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့အတွေးပေါ့။ ဒါပေမဲ့ ဘေစီဆိုတဲ့ အမေရိကန်တစ်ယောက်နဲ့အတူ ဂျပန်ချွေးတပ်စခန်းမှာ နှစ်အတော်ကြာနေလိုက်ရတဲ့အခါမှာတော့ ဂျေမီ တစ်ဖြည်းဖြည်းပြောင်းလဲလာရတာကို စစ်သမိုင်းနောက်ခံနဲ့ လှလှပပ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ သေသွားတဲ့သူရဲ့ ဖိနပ်တွေကို မချွတ်ဖို့အတင်းတားခဲ့ဖူးတဲ့ ကောင်လေး အဖြစ်ကနေ သူသေသွားရင် သူ့ဖိနပ် ကျွန်တော့်ကိုပေးနော်ဆိုတဲ့ ကောင်လေးဖြစ်လာတဲ့ဂျေမီ။ ...
movie
Empire of the Sun (1987)
First
13
14
15
16
17
Last
Previous
Next