Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
History
7.3
Red Sorghum (1988)
Red Sorghum (1988)~ IMDb - 7.3/10, Rotten Tomatoes - 85% ~ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ် ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ...
movie
Red Sorghum (1988)
1988
7.7
The Last Kingdom: Seven Kings Must Die (2023)
The Last Kingdom: Seven Kings Must Die (2023) ================================= IMDb Rating - 7.7/10နာမည်ကြီး The Last Kingdom ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်း ရုပ်ရှင်ထွက်လာပါပြီ ။ Vikings နဲ့ Game of Thrones fan တွေဆိုရင် သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲ လည်းဖြစ်ပါတယ် ။၀က်ဆက်ရဲ့ဘုရင် အက်ဒ်၀က်ကျဆုံးပြီးနောက်မှာ အရိုက် ရာဆက်ခံသူအဖြစ် သားဖြစ်သူ အဲသည်စတန် နန်းတက်လာ ပါပြီ။ ဖခင်ရဲ့ မပြီးပြတ်သေးတဲ့ဆန္ဒဖြစ်တဲ့ အင်္ဂလန်ပြည်ကြီး ကိုတည်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲပါ။အက်ဒ်၀က်ဘုရင် ကျရှုံးပြီးနောက်မှာ အရင်က အူထရက် အကူ ညီနဲ့ မဟာမိတ်ဖွဲ့ပေးခဲ့တဲ့ နော့သမ်းဘီးယား၊ ၀င်ချက်စတာ၊ စကော့တလန်၊ ဝေလ အစရှိတဲ့ဘုရင့်နိုင်ငံတော်များကလည်း ခွဲထွက်ရေးအတွက် မဟာမိတ်ဖွဲ့ပြီး ၀က်ဆက်နန်းတက်ဘုရင် ကို တော်လှန်ကြပါတယ်။ ဒါကို လက်ပိုက်ကြည့်နေလို့မဖြစ်တော့ တဲ့ ဇာတ်လိုက်ကျော်ကြီး ဘီဘာမ်ဘာ့ရဲ့ အူထရက်က ၀င်ပါ ရပါတော့တယ်။The last Kingdom ဇာတ်လမ်းတွဲရဲ့နောက်ဆုံးအဆုံးသတ် ဖြစ်သလို အူထရက်နဲ့ ၀က်ဆက်ပြည်ကြီး ဘယ်လိုအဆုံးသတ် သွားမလဲ၊ အင်္ဂလန်ပြည်ကြီးရောတည်ထောင်သွားမှာလား ...
movie
The Last Kingdom: Seven Kings Must Die (2023)
2023
6.6
April 9th(2015)
Genre - War, Action, Drama IMDB - 6.6/10ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ...
movie
April 9th(2015)
6.9
Hidden Blade ( 2023 )
အားလုံးစောင့်မျှော်နေတဲ့ Tony Leung နဲ့ Wang Yi bo ရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး Hidden Blade ကိုCMကနေတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ဒုတိယကမ္ဘာစစ်အတွင်း မျိုးချစ်စိတ်အပြည့်ရှိတဲ့ပြည်သူတစ်စုဟာ ဂျပန်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ပုလဲဆိပ်ကမ်းကိုဂျပန်တွေတိုက်ခိုက်ပြီးနောက် ရုပ်သေးအစိုးရဖြစ်တဲ့ဝမ်းအစိုးရက အမေရိကန်မဟာမိတ်တပ်ကိုစစ်ကြေညာပြီး ဂျပန်နောက်ကိုလိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျပန်တွေကရှန်ဟိုင်းတစ်နယ်လုံးကိုသိမ်းပိုက်ခဲ့တယ်။ စစ်ရေးအခြေနေတွေပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလဲ ခံစစ်အနေအထားကိုပြောင်းလဲသွားပြီး တရုတ်ကွန်မြူနစ်အဖွဲ့ဝင်တွေက ဂျပန်ကိုတော်လှန်ပြီး နိုင်ငံတော်ကိုကာကွယ်တဲ့အချိန်ကာလကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။Tony Leungရဲ့သရုပ်ဆောင်ချက်တွေကတော့ ထုံးစံအတိုင်းပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒီကားမှာ Yi bo ရဲ့သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးထားကြတော့ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ဖို့သင့်ပြီမဟုတ်လား အဝတ်အစားပိုင်း Cinematography စတာတွေကလဲအရမ်းကိုကျေနပ်စရာကောင်းပါတယ် အများကြီးမပြောတော့ပါဘူး ကြည့်ပြီးရင်စိတ်ကျေနပ်မှုရမှာပါလို့ပဲပြောပါရစေနော် [ Reviewed By Nu Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , History , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Hidden Blade ( 2023 )
7.0
Serena(2014)
Serena(2014)************မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး..တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီးအဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Serena(2014)
8.1
Throne of Blood (1957)
Throne of Blood (1957)~ IMDb - 8.1/10, Rotten Tomatoes - 96% ~ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ ...
movie
Throne of Blood (1957)
1957–
7.4
Tetris (2023)
Tetris (2023) ========== IMDb Rating - 7.4/10တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect ...
movie
Tetris (2023)
2023
5.3
The Silent Forest (2022)
The Silent Forest (2022)ဒီကားရဲ့ Genre က Crime, Drama, History, Mystery, Thriller ပါတဲ့။ ဒီ Genreနဲ့လိုက်အောင်ပဲ ဒီအချက်တွေ အားလုံး ဒီကားမှာပြည့်စုံတယ်ပြောရမယ်။ စစချင်း ခင်ဗျားကို ဒီကားက တောတွင်းတစ်နေရာမှာ ဘာတွေဖြစ်နေလဲမသိတဲ့ သစ်တောဝန်ထမ်းမလေးနဲ့ သစ်တောထဲက လူရဲ့အဖြစ်ကို Mystery ဆန်ဆန်ပြလိမ့်မယ်။ ဒီနောက် ဒီကိစ္စတွေကို Crime ဆန်ဆန် ကောင်မလေးငယ်ငယ်က ဒီတောမှာ ပျောက်သွားတဲ့ ကောင်မလေးအဖေဘာဖြစ်သွားလဲ ကောင်မလေး ခြေရာခံတာတွေလာလိမ့်မယ်။ နောက် မြို့ခံလူတွေကြားက Drama တွေနဲ့ ကောင်မလေးကို ဒီအဖြစ်ရဲ့အဖြေကို မရှာဖြစ်အောင် တားတာတွေက Thriller ဆန်လာမယ်။ နောက်ဆုံးမှာ ဒီကားရဲ့အဖြေကို History ထဲက ဂျာမန်အကျဉ်းစခန်းတစ်ခုနဲ့ ဆက်စပ်ပြီး ပြသွားတယ်။ သူတင်ပြထားတဲ့ အကြောင်းအရာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကားအစအဆုံး သစ်တောကြီးတစ်ခုထဲ ...
movie
The Silent Forest (2022)
2022
6.5
Ammonite (2020)
Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie
Ammonite (2020)
2020
5.9
A New Old Play ( 2022 )
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၉၈၀ ခုနှစ်နဲ့ ညနေခင်းလေးတစ်ခုမှ ၂၀ရာစုရဲ့ စစ်ချွမ်းအော်ပရာ ထိပ်တန်းသရုပ်ဆောင် ချိုးဖူ ဆိုသူဟာ ဒီလောကကနေ စွန့်ခွာပြီး မြေအောက်ကမ္ဘာက အရာရှိကြီးနှစ်ဦးရဲ့ ဦးဆောင်မှုနဲ့ အတူ "သစ္ဆေမြို့တော်" ကို သွားရောက်ခဲ့ရပါတော့တယ် ။ ဒီလိုနဲ့ လမ်းမှာ မိတ်ဆွေဟောင်း ၂ ယောက်နဲ့တွေ့ဆုံပြီး သူတို့မသေခင်က အတိတ်ကို ပြန်လည်တမ်းတ ခဲ့ကြတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။❏ အတိတ်မှာ ကံကြမ္မာ ကသောင်းကနင်းဖြစ်နေတဲ့ကြားက အော်ပရာ ပညာကို သင်ယူခဲ့ရှာတဲ့ ချိူးဖူ ❏ စစ်ပွဲတွေ မတည်မငြိမ် ဂျပန်တွေအုပ်စိုးနေစဥ်ကာလမှာ စစ်ချွမ်းရဲ့ ထိပ်တန်းအော်ပရာ ဆရာဖြစ်လာသူ ချိူးဖူ ❏ အော်ပရာကတဲ့ သရုပ်ဆောင်ဖြစ်ပေမဲ့လို့ နိုင်ငံရေးအတွက် တော်လှန်မှုတွေပြုလုပ်ခဲ့တဲ့ နေရာမှာလဲ ပါဝင်ခဲ့ရရှာတဲ့ ချိုးဖူဝမ်းနည်းမှုတွေ ခါးသီးမှုတွေ နဲ့ပြည့်နှက်နေတဲ့ ဇာတ်ကောင် ချိုးဖူ ရဲ့ အကြောင်းကိုရင်နင့်ဖွယ်ရာ တွေ့ရှိရမှာပဲဖြစ်ပါတယ် ။ ဒီ "“A New Old Play” ဆိုတဲ့ရုပ်ရှင်လေးကို ဒါရိုက်တာ ချိုးကျုံးကျုံး က ရိုက်ကူးထားပြီး ဇာတ်အိမ်လေးကတော့ ...
movie
A New Old Play ( 2022 )
8.2
Nayika Devi: The Warrior Queen (2022)
Nayika Devi 2022 (IMDb 8.5/10)ဘာဟူဗလီတို့ ဘိုင်ရာဗားတို့လို ရာဇဝင်နောက်ခံ ရှေးနန်းတွင်း အိန္ဒိယအက်ရှင်ကားကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို ထပ်မံတင်ဆက်ပေးပါရစေဘီစီ ၁၂ ရာစုလောက်က အိန္ဒိယနိုင်ငံဂူဂျာရက်ဂ်ကို အုပ်စိုးခဲ့တဲ့ ပထမဆုံးစစ်သည်တော်ဘုရင်မ နာရိကာဒေဗီအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားပြီးတော့ ဘုရင်မနာရိကာဒေဗီရဲ့ ရဲစွမ်းသတ္တိတွေ စစ်သည်တော်လိုမျိုး စစ်မြေပြင်မှာတိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ရိုက်ကူးထားပြီး သမိုင်းကိုဇာတ်အိမ်တည်ထားတာဆိုတော့ ဇာတ်အိမ်မခိုင်မာမှာကို ပူစရာမလိုပါဘူးစစ်ဘုရင်မိုဟာမတ်ဂိုရီကို ပြန်လည်တိုက်ခိုက်မဲ့ ဧကရီနာရိကာဇာတ်ကားလေးကို ရာဇဝင်စစ်ကားကောင်းလေးတွေကို လွမ်းဆွတ်နေတဲ့ CM ပရိသတ်ကြီးအတွက်တင်ဆင်ပေးလိုက်ပါတယ် File size…3.1GB / 1.4GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai Thu Rein
movie
Nayika Devi: The Warrior Queen (2022)
2022
7.0
The War Below(2020)
The War Below(2020)********************World war 1 ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့်1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့ အင်္ဂလိပ်တို့တိုက်နေရချိန်ပါ...ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ..လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့အဂ်လိပ်တို့ရဲ့အခြေအနေပါ..ဘာလင်ကိုသိမ်းဖို့ ဝေးစွ ....ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက်အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်..ဒါကြောင့် British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် ..အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကိုမြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ ..သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ ..ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီနဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာသူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(1.1GB) and (470 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:36:00 Genre : War, History, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The War Below(2020)
7.0
Hero(2022)
Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie
Hero(2022)
6.5
Il Boemo (2022)
Il Boemo (2022)ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ ...
movie
Il Boemo (2022)
2022
7.8
Tombstone (1993)
Tombstone (1993)~ IMDb - 7.8/10, Rotten Tomatoes - 72% ~နာမည်ကျော် ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။Rambo First Blood က ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ George P. Cosmatos နဲ့ Kevin Jarre တို့က ဖန်တီးထားပြီး Kurt Russell နဲ့ Val Kilmer လို ထိတ်ထိတ်ကြဲဘဲနှစ်ဗွေအပြင် Ghost Rider ထဲက မြင်းစီးတဲ့ Ghost Rider ကြီး Sam Elliott တို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ တခြား နာမည်ကျော်သရုပ်ဆောင်တွေပါ ပါဝင်နေတာကြောင့် Cast နဲ့တင် တော်တော်ဖြုံချင်စရာကောင်းပါတယ်။Cowboy Vibe အပြည့်ရသလို Gangster ...
movie
Tombstone (1993)
1993
6.7
The Game of Their Lives(2005)
The Game of Their Lives(2005)*****************************၂၀၂၂ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြီးကတော့ အာဂျင်တီးနားအသင်းကဖလားကြီးကို ကိုင်မြှောက်ရင်းနဲ့ပဲ လှလှပပအဆုံးသတ်သွားခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားတဲ့ပွဲတွေ မထင်မှတ်ထားတဲ့ရလဒ်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ကမ္ဘာ့ဖလားပွဲကြီးဟာ အားကစားပြိုင်ပွဲတွေအားလုံးထဲမှာ အကြီးကျယ်ဆုံးလို့သတ်မှတ်ခံထားရပါတယ်။ ၁၉၃၀ ခုနှစ်မှာအစပြုခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဟာ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ်တွေမှာတော့ ဒုတိယကမ္ဘာစစ်ကြောင့်ခေတ္တရပ်နားခဲ့ရပါတယ်။ ၁၉၅၀ ခုနှစ်မှာကမ္ဘာ့ဖလားပွဲ ပြန်လည်စတင်ခဲ့တဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စုကလည်း ကမ္ဘာ့ဖလားကန်ဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ ဘောလုံးအဆင့်အတန်းအနေနဲ့ နိမ့်ပါးနေတဲ့အမေရိကအသင်းဟာ အဲ့ဒီအချိန်အခါမှာတော့ အောက်ဆုံးအသင်းအဖြစ်အများက သတ်မှတ်ခံထားရတဲ့အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဘောလုံးအားကစားအပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ အသင်းသားတစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ နားလည်မှုတွေကြောင့် အဲ့ဒီခေတ်အခါမှာအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် အသင်းသားတွေရဲ့အခက်အခဲတွေ တစ်ယောက်နဲ့တစ်ယောက်ရဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရပုံတွေနဲ့ ဘောလုံးအားကစားအပေါ်ထားတဲ့သူတို့ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်တွေကိုရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားလေးကတော့ ဘောလုံးချစ်တဲ့ပရိတ်သတ်တွေရော ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေရော ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။File Size :(2.3GB)(1.1GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:41:00 Genre :Sport, History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo ...
movie
The Game of Their Lives(2005)
6.2
Last Knights(2015)
Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie
Last Knights(2015)
6.0
Kruty 1918 (2019)
Kruty 1918 (2019) ============= IMDb Rating - 6.0/10ယူကရိန်းကို ကမ္ဘာက လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် လွတ်လပ်ရေးလမ်းကြောင်းကို အနှောင့်အယှက်ပေးနေတဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်းမြို့တွေကို တစ်မြို့ပြီးတစ်မြို့သိမ်းယူရင်း မြို့တော် ကီဗီ ကိုသိမ်းဖို့အထိစီစဉ် ထားခဲ့ပါတယ်။နိုင်ငံရဲ့စစ်အင်အားချိနဲ့လာချိန်မှာ ယူကရိန်းမြို့တော်ကီဗီမှာပဲ အကြီး အကဲတွေဟာ ခြေကုပ်ပြီးခုခံဖို့ပြင်ဆင်လာခဲ့တယ်။ တစ်ဖက်မှာလည်း စစ်အင်အားလိုအပ်တဲ့အတွက် မြို့တွင်းစည်းရုံးရေးတွေ ဆက်တိုက် ဆိုသလိုလုပ်နေခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မှာ ရုရှားတွေကိုခုခံတိုက်ခိုက် ဖို့အတွက် ယူကရိန်းတက္ကသိုလ်ကကျောင်းသားအများစုဟာစစ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ရေးလိုအပ်ချက်အရစစ်ပညာတစ်ပတ်သာ သင်ကြားပြီးရှေ့တန်းကို တက်ကြရမှာဖြစ်တဲ့အတွက်စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်း သားအင်အားစုဟာ ကရူတီရထားဘူတာရုံမှာ ခြေကုပ်ပြီး ရုရှားစစ်တပ် တွေကိုအောင်မြင်စွာခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.53 GB) / (625 MB) / (357 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 50Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, History Translator.......Tin Myo Lwin Encoder..........SWM
movie
Kruty 1918 (2019)
2019
5.1
Battlebox (2023)
Battlebox (2023)၁၉၄၁ ခုနှစ်၊ ဟောင်ကောင်ဟာ ဗြိတိသျှအင်ပိုင်ယာကြီးရဲ့ အရှေ့ဘက်စစ်မျက်နှာခံတပ်တစ်ခု ဖြစ်နေတဲ့ကာလ...... ဂျပန်တပ်တွေရုတ်တရက်တိုက်ခိုက်လာခဲ့တဲ့အခါ.... အလွဲလွဲအမှားမှား ဖြစ်ကုန်တဲ့ စစ်ဖက်ထောက်လှမ်းရေးပြဿနာကြားမှာ ပါဝင်ပတ်သက်နေမိတဲ့ တရုတ်ညီအစ်မနှစ်ယောက်ရဲ့ ဇာတ်လမ်း.... Gin Drinker ခံစစ်ကြောင်းမှာ ဂျပန်တွေအဝိုင်းခံလိုက်ရတဲ့ ဗြိတိသျှ-အိန္ဒိယစစ်သားတွေရဲ့ ဖြစ်ပုံပျက်ပုံတွေ.... သွေးပျက်ချင်စရာ စစ်ပွဲရဲ့မြူနှင်းတွေကြားမှာ မေဂျာဂျင်နရယ် မော့ဘီနဲ့ သူ့ရဲ့ အထက်တန်းအရာရှိတွေ အရှက်ကွဲခံပြီးလက်နက်ချကြမှာလား၊ အသက်အသေခံပြီး အဆုံးထိခံတိုက်သွားကြမှာလား.... (ဘယ်လမ်းကိုရွေးဖို့ သတ္တိပိုလိုမလဲ) စတာတွေကို ဇာတ်ကားလေးကြည့်ရင်း ဆက်လက်ရှုစားလိုက်ကြပါဦး.............အညွှန်း နဲ့ ဘာသာပြန်ကတော့ Bruce ပဲ ဖြစ်ပါတယ်။Genre..... Drama, History, War Quality…. 1080p | 720p | 480p File size…1.1GB | 567MB | 265MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Bruce Encoder ..... August
movie
Battlebox (2023)
2023
7.6
Babylon (2022)
Babylon (2022)~ IMDb - 7.6/10, RT - 56%, Meta - 60% ~La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ ...
movie
Babylon (2022)
2022
First
9
10
11
12
13
Last
Previous
Next