Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
History
6.3
Antikalpa (2023)
Taiwan ကားတွေက အခုနောက်ပိုင်း တရုတ်ပြည်မကြီးက ကားတွေထက် ပိုကောင်းလာကြတယ်...သူတို့ရဲ့ ဇာတ်လမ်း ဇာတ်အိမ်အထားအသိုတွေက Special Effect တွေအများကြီးသုံးထားတဲ့ တရုတ်ပေါကားတွေထက်တော့ အပုံကြီးသာတာအမှန်ပဲဒီကားထဲမှာကတော့ အရင် ၂၀၂၁ တုန်းက ရှယ်ပေါက်ထားတဲ့ Limited Movieဖြစ်တဲ့ The Sadness ဆိုတဲ့ Zombie ကားထဲက မင်းသမီးချော Regina Leiကပဲ ထပ်မံပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ Dai ဆိုတဲ့ကောင်လေးက ဂုဏ်သိက္ခာကြီးမားတဲ့ ရှေးရိုးစွဲဘုရားကျောင်း ဖွင့်လှစ်ထားတဲ့ မိသားစုမှ ဆင်းသက်လာတာပါ...သူ့မှာ ငယ်ငယ်တည်းက ချစ်ရတဲ့ Yu Fan ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်အဲ့ကောင်မလေးရဲ့ ပျောက်ဆုံးနေတဲ့အဒေါ်ကို ကူရှာပေးဖို့ ကြိုးစားကြရင်း နတ်ဘုရားတွေဆီ အကူအညီတောင်းကြတဲ့အခါ...[ အညွှန်းရေးသားထားသူကတော့ အားဟောက် (a hao) ပါ ]File size_(1.6GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Antikalpa (2023)
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
7.0
Shake Hands with the Devil (2007)
ကနေဒီယန်ဗိုလ်ချုပ်ဖြစ်တဲ့ ရိုမီယိုဒလဲရ်ဟာ အာဖရိကန်နိုင်ငံ ရဝမ်ဒါပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ပြည်တွင်းစစ်ကို ကုလသမ္မဂအဖွဲ့ရဲ့စေလွှတ်မှုအရ ဘက်မလိုက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအတွက် ရောက်ရှိသွားခဲ့ပါတယ်......ရဝမ်ဒါမှာ ဖြစ်ပွားလာတော့မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရင်း အပြစ်မဲ့တဲ့ပြည်သူတွေကို ကိုယ်စွမ်းရှိသမျှ ဖြောင့်မတ်မှန်ကန်စွာ အဆုံးထိ ကာကွယ်ခုခံပေးတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Shake Hands with the Devil (2007)
6.6
Abbé Pierre – A Century of Devotion (2023)
IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက "ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ" အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။)ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ ...
movie
Abbé Pierre – A Century of Devotion (2023)
6.8
The Face Reader (2013)
The Face Reader (2013)_____IMDb - 6.8/10အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ)File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ..... History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna
movie
The Face Reader (2013)
2013
7.7
Boat (2024)
Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Boat (2024)
6.5
Madame de Sévigné (2023)
ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
Madame de Sévigné (2023)
Dance First (2023)
ဒီဇာတ်လမ်းလေးကတော့ နိုဘယ်ဆုရှင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆန်မြူရယ်ဘက်ကပ်ရဲ့ ဘဝဇာတ်ကြောင်းကို သူ့ရဲ့အတွင်းစိတ်ထဲကလူတစ်ယောက်နဲ့ စကားပြောနေဟန်နဲ့ဆွဲခေါ်သွားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။စာရေးဆရာ ဆန်မြူရယ်ဘက်ကပ် နိုဘယ်ဆုရရှိပြီးနောက် ဆုကြေးငွေကို မည်သူ့ကိုပေးရမလဲလွန်ဆွဲနေရင်းနှင့် သူ၏ငယ်ဘဝတွေဆီကို တဆင့်ချင်းဆွဲခေါ်သွားပါတော့တယ်။ မိခင်ဖြစ်သူနှင့် သူ၏ဆက်ဆံရေး အဆင်မပြေပုံ၊ စာရေးဆရာဂျွိုက်စ်ထံ သွားရောက်ပညာဆည်းပူးရာမှ ဂျွိုက်စ်၏သမီးဖြစ်သူကြောင့် မိတ်ဆွေဆက်ဆံရေး အက်ကြောင်းထင်ခဲ့ရပုံ၊ အချစ်ဆုံးသူငယ်ချင်း အဲဖရက်အပေါ် သူ၏အပြစ်ရှိစိတ် ၊အမြဲတမ်းနိုင်စားခဲ့ရသော မိမိ၏ဇနီးဖြစ်သူအပေါ် အားနာစိတ် စသည်ဖြင့် စာရေးဆရာဆန်မြူရယ်ဘက်ကပ် ဘဝနေဝင် ချိန်အထိ သူ၏ဘဝအပေါ်ရှူမြင်ပုံ သူ၏နောင်တတရားတို့ကို တဆင့်ချင်းဆွဲခေါ်သွားမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(697 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Dance First (2023)
5.5
Before Dawn (2024)
စစ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုချင်ပါတယ်ဆိုတဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ အမေရိကန် ဂျာမနီစစ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Before Dawn ဖြစ်ပြီး IMDB Rating 5.5ရရှိထားပါတယ်။ကမ္ဘာစစ်ကြီးတွေထဲမှာအမေရိကန်နဲ့ ဂျာမနီတို့စစ်ပွဲတွေကအကြီးမားဆုံးဖြစ်ခဲ့ပြီး ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေရိုက်ကူးခဲ့တဲ့စစ်ကားတွေလည်းအများကြီးရှိပါတယ်။ဒီဇာတ်ကားထဲမှာတော့ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်မှာ ဂျာမနီနဲ့အမေရိကန်တွေဖြစ်ခဲ့တဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့စွန့်စားခန်းတွေကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဂျင်မ်ဆိုတဲ့ကောင်လေးက သူ့အဖေပိုင်တဲ့မွေးမြူရေးခြံကြီးထဲမှာငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်လာခဲ့တဲ့ဒွန်နဲ့လက်စ်တို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့တစ်နေ့ဒီမွေးမြူရေးခြံကြီးထဲမှာပဲနေရတဲ့ဘ၀ကြီးက သူများတွေအတွက်တော့ အိပ်မက်တစ်ခုလိုဖြစ်နေပေမဲ့သူ့အတွက်တော့ ငြီးငွေ့စရာဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပထမကမ္ဘာစစ်ကြီးကလည်း ဖြစ်နေတဲ့အတွက် သူကိုယ်တိုင်စစ်ဝင်တိုက်ပေးစရာမလိုပေမဲ့ သူငယ်ချင်းနှစ်ယောက်ခေါ်တာကတစ်ကြောင်းသူကိုယ်တိုင်ကလည်း ဒီဘ၀ကြီးကနေ ရုန်းထွက်ချင်တာကတစ်ကြောင်းကြောင့် တပ်ထဲဝင်ပြီးစစ်တိုက်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ဂျာမန်တွေကို တိုက်ထုတ်ရင်း သူကြုံတွေ့ရမဲ့စွန့်စားခန်းတွေ သူ့ရဲ့ကူညီချင်စိတ်ပြင်းပြမှုကြောင့် စစ်သားတွေကိုကယ်တင်ခဲ့တာတွေပစ်မလွဲဆိုတဲ့နာမည်ပြောင်ဘယ်လိုရလာတယ်ဆိုတာတွေနဲ့ တခြားသောစစ်မြေပြင်ပေါ်မှာ ရသပေါင်းမျိုးစုံကို တွေ့ရမဲ့စစ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.13GB / 1.04GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 39m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Before Dawn (2024)
6.1
The Last Supper ( 2012 )
ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။ Filesize : 1.63 GB / 831 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Action , History Runtime : 2h Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Last Supper ( 2012 )
5.9
Death Game ( 2024 )
ဒီဇာတ်ကားလေးကတော့ squid game ဇာတ်ကားနဲ့ ပလော့ခပ်ဆင်ဆင်လေးပါပဲ ။ သိုင်းကားဆန်ဆန်ရိုက်ကူးထားခြင်းမျိုးဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအနေနဲ့ - သိုင်းလောကမှာ တစ်နှစ်တစ်ကြိမ် သေမင်းကစားပွဲ ( သို့ ) အဆိပ်ငါးမျိုးစမ်းသပ်ပွဲလို့ခေါ်တဲ့ ယှဉ်ပြိုင်ပွဲကြီး ကျင်းပလျက်ရှိပါတယ် ။ အနိုင်ရရင် ရွှေသားတစ်ထောင်ကိုပေးမယ်ဆိုတဲ့ မက်လုံးကလည်းပါနေတော့ အသက်အန္တာရာယ်ရှိနေတာတောင် ဝင်ပြိုင်ချင်တဲ့သူတွေက ဒုနဲ့ဒေးပါပဲ ။ဒီနှစ်အတွက် အဆိပ်ငါးမျိုးစမ်းသပ်ပွဲမှာတော့ လူ့အတွင်းစိတ်ထဲက အဆိပ်ငါးမျိုးဖြစ်တဲ့ လောဘ ၊ ဒေါသ ၊ မောဟ ၊ သံသယ နဲ့ မာနဆိုတဲ့ အဆင့်ငါးဆင့်ကို ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ် ။ အနယ်နယ်အရပ်ရပ်က သိုင်းလောကသားတွေလည်း လာရောက်ယှဉ်ပြီုင်ပြီးတော့ အကြံအစည်တချို့ရှိနေတဲ့သူလည်းရှိနေပါတော့တယ် ။ဇာတ်လမ်းလေးထဲမှာတော့ ဒီလို ရက်စက်ယုတ်မာတဲ့ ကစားပွဲရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်နေမလဲ ဒီကစားပွဲကို ဝင်ပြိုင်တဲ့သူတွေကရော ထင်ထားသလောက် ရိုးရှင်းပါ့မလား ၊ ဒီသေမင်းပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ် ။ Filesize : 1.32 GB / 695 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Adventure , ...
movie
Death Game ( 2024 )
6.0
Color Of Victory (2024)
အချစ်၊ စစ်ပွဲ၊ မျှော်လင့်ချက်တွေနဲ့ အားကစားအကြောင်းပါတဲ့ ဇာတ်ကားတစ်ကားကိုရှာနေတယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ထွက် Color of Victory တူရကီ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာဆိုရင် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း တူရကီရဲ့ သမိုင်းကြောင်းကို ပြောပြထားပြီးတော့ ဖင်နယ်ဘာ့ချေး ဘောလုံးအားကစား အသင်းဖြစ်ပေါ်လာပုံအပြင် နယ်ချဲ့ အင်္ဂလိပ်တွေနဲ့ ယှဥ်ပြိုင်ခဲ့တဲ့အောင်ပွဲအကြောင်းရိုက်ကူးထားတဲ့ သမိုင်းဝင်မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ခက်ခဲတဲ့စစ်ပွဲကာလမှာ ပြည်သူတွေကို ခွန်အားတက်စေခဲ့တဲ့ မျှော်လင့်ချက်၊ ဘောလုံးအားကစားနဲ့ အချစ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ ရုန်းကန်မှုတွေနဲ့ အောင်ပွဲများကို မီးမောင်းထိုးပြကာ ဆွဲဆောင်မှုကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ တင်ဆက်ပေးထားပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:37:00 Genre... Biography, History, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min
movie
Color Of Victory (2024)
6
The Assassins ( 2012 )
မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei - Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား......အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 2.74 GB / 1.25 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , History Runtime : 1h 47 min Subtitle ...
movie
The Assassins ( 2012 )
7.2
Scarborn (2023)
အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Scarborn (2023)
7.8
Breaker Morant (1980)
IMDb - 7.8/10ဒုတိယဗိုးဝါးစစ်ပွဲမှာ ဗိုလ်ကြီးမိုရန့်နဲ့ ဩစတေးလျသားဗိုလ်ကြီးနှစ်ယောက်တို့ စစ်ခုံရုံးတင်ခံရတဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အာဖရိကတောင်ပိုင်းက ဗိုးဝါးပြည်နယ်တွေဖြစ်တဲ့ ဩရိန်းဖရီးပြည်နယ်၊ ထရန်စဗားပြည်နယ်တို့နဲ့ ဗြိတိသျှအစိုးရတို့ ၁၈၉၉ခုနှစ်ကနေ ၁၉၂ဝခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲကို ဗိုးဝါးစစ်ပွဲလို့ခေါ်ပါတယ်။ ဒီစစ်ပွဲကို တောင်အာဖရိကစစ်ပွဲလို့လည်း ခေါ်ကြတယ်။ ဗိုးဝါးဆိုတာ ဒတ်ချ်ဘာသာစကားနဲ့ လယ်သမားကိုခေါ်တာပါ။၁၇၉၆ခုနှစ်မှာ အာဖရိကတိုက်ကဗိုးဝါးတွေရဲ့ ဒေသသစ်တွေကို အင်္ဂလိပ်တွေနယ်ချဲ့ကြတယ်။ ဒီမှာပဲ စစ်ပွဲဖြစ်တယ်ပေါ့။ စစ်ပွဲအတွင်း ဗိုလ်ကြီးမိုရန့်အပါအဝင် ဗိုလ်ကြီးသုံးယောက် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ခုံရုံးတင်ခံရပါတယ်။သူတို့တွေ စစ်ခုံရုံးမှာ အမှုရင်ဆိုင်ရတာတွေနဲ့ စစ်ပွဲအတွင်းတွေ့ကြုံရတာတွေအပြင် နိုင်ငံရေးလှည့်ကွက်တွေကို အချိုးညီညီရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.3 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Breaker Morant (1980)
5.6
Baian the Assassin, M.D.: Part1 (2023)
Shotaro Ikenami ရဲ့ သမိုင်းဝင်ဝတ္ထုစီးရီးဖြစ်တဲံ Baian Fujieda ဟာ ပုံနှိပ်ထုတ်ဝေမှုစုစုပေါင်း 6 သန်းကျော်ဖြင့် အရောင်းရဆုံးစာရင်းဝင်ဖြစ်ပြီး ခေတ်ဟောင်း ဖျော်ဖြေရေးတီဗီစီးရီး၊ Tele Features နှင့် ရုပ်ရှင်များအဖြစ် အကြိမ်များစွာ ဖန်တီးထားပါတယ်၂၀၂၃ ဒီကားကို တော့ Shotaro Ikenami ရဲ့ အသက်၁၀၀နှစ်ပတ်လည်အဖြစ် ရိုက်ကူးခဲ့တာပါBaian လို့ ပြောလိုက်တာနဲ့ မျက်နှာနှစ်ဖက် အပ်ချုပ်ဆရာ လူသတ်သမားလို့ သိကြမှာပါဒီကားကလည်း အရင်ကားဟောင်းတွေ အတိုင်းပဲ မိုက်တာမို့ ကြည့်လိုက်ရအောင် ။File size_(1.1GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Kiwi
movie
Baian the Assassin, M.D.: Part1 (2023)
6.7
The Arctic Convoy (2023)
ဒီကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက ဆိုဗီယက်ယူနီယမ်ကို ရုရှားနယ်ထဲထိ လိုက်တိုက်ခိုက်နေစဉ် ဆိုဗီယက်တွေ အတွက်လိုအပ်တဲ့ စစ်လက်နက်တွေထောက်ပံ့ပေးဖို့ နော်ဝေအရပ်သား သင်္ဘောတွေနဲ့ လိုက်ပို့ပေးရပါတယ်။ဒါပေမဲ့ လိုက်ပို့ပေးတဲ့ စစ်အစောင့်အရှောက် သင်္ဘောတွေ ကအကြောင်းတစ်ခုခုကြောင့် ခွဲထွက်သွားပြီး သင်္ဘောတွေလူစုခွဲ လိုက်ရတဲ့အချိန်မှာ သင်္ဘောပေါ်မှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ကားလေးပါ။ File size…(1.35 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Action, Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
The Arctic Convoy (2023)
6.7
Homme Fatale (2019)
Homme Fatale 2019 IMDb: 6.2/10 Genre: Comedy, History, Romanceဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss က မမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါ မိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ် ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ်တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ် ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ် တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ် သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလားသူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File size… 1.5 GB / 816 MB Quality… ...
movie
Homme Fatale (2019)
2019
6.0
Churchill (2017)
D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ လေစစ်ကြောင်းသုံးခုနဲ့အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယအကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထားရပါတယ်။ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ်ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစားနေခဲ့သူပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါသူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကိုစိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.39GB / 626MB Quality… ...
movie
Churchill (2017)
Ichigeki (2023)
Ichigeki 2023 ကတော့ ဂျပန် ဆာမူရိုင်းကားပါ။ သမိုင်းမှတ်တမ်းကို အခြေခံပြီးတော့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီဇါတ်လမ်းကို ရှုးထောင့်အမျိုးမျိုးက တင်ဆက်ဖူးကြပါတယ်။ ဒီတစ်ခါတော့ ပြဇာတ်အသွင်နဲ့ တက်ဆက်ထားတာပါ။ ဒါပေမယ့် လုံးလုံးလျားလျားပြဇာတ်ဟန်တော့မရှိပါဘူး။ ဇာတ်လမ်းအခြေခံက အီတိုမြို့စား ရှိုဂန်အနွယ်တွေရဲ့ နှောင်းကာလဖြစ်ပြီး မီဂျီဘုရင်က အာဏာတွေပြန်ပြီးစုလာတဲ့ကာလပါ။ ဒီကာလမှာ တိုင်းပြည်အခြေအနေကြောင့် ဆူပူမှုတွေရှိလာပြီး ဆာမူရိုင်းတွေရဲ့ရှင်သန်မှုကို ပြောင်းလဲလာစေပါတယ်။ ဒါကို မျိုနွယ်နှစ်ခုကြားက အာဏာပြိုင်ဆိုင်မှုအသွင်နဲ့ တင်ဆက်ထားပါတယ်။ဂျပန်ဆာမူရိုင်းကားတွေက အားလုံးနီးပါးကြည့်ရအဆင်ပြေပါတယ်။ ဒီတစ်ခုကိုလည်း သဘောကျကြပါလိမ့်မယ်။ ဒါရိုက်တာ Ayado Matsuda က စီစဥ်ရိုက်ကူးထားတာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Drama , History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa
movie
Ichigeki (2023)
1
2
3
Last
Next