Channel Myanmar

Film-Noir

Eivom Theater on Garosu Street (2024) 5.5
Eivom Theater on Garosu Street (2024) Eivom Theater on Garosu Street (2024) ************************************** 2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမ​ပေါ်က အီဘုံးရုပ်ရှင်ရုံ) ဒီဇာတ်ကား​လေးက​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ အပန်း​ဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်း​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ဂါရိုဆူလမ်းမ​​ပေါ်က အီဘုံးရုပ်ရှင်မှာ စု​ဝေးကြတဲ့ ရုပ်ရှင်​လောကသားများ၊လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာ​နေတဲ့ ဒါရိုက်တာအီ၊ရုပ်ရှင်ထုတ်လုပ်သူဖြစ်​ပေမဲ့ လတ်တ​လော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံ​တွေ့​နေရတဲ့ ထုတ်လုပ်​ရေးစီအီးအိုဂင်၊ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တ​လော နာမည်ရ​နေတဲ့ သရုပ်​ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်​ဆောင်များ၊ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ​ဝေဖန်ထိုးနှက်ဖို့​ရောက်လာတဲ့ movie review youtuber ပရိုဂင်၊အ​ကြောင်းပြချက်တစ်ခုစီရှိ​နေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ​ရောက်ရှိလာတဲ့အခါ...သရုပ်​ဆောင်​တွေရဲ့ အခက်အခဲ၊ သရုပ်​ဆောင်​လောကရဲ့ အရှုပ်အ​ထွေး၊ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အ​တွေးအ​ခေါ်၊ဇာတ်ကားတစ်ခုအတွက် မြှုပ်နှံရတဲ့ ကြိုးစားအားထုတ်မှု​တွေအ​ကြောင်းကို အချိန်တိုအတွင်း ​ဖော်ပြသွားပြီးတော့ဒါရိုက်တာနဲ့ ထုတ်လုပ်သူ၊ သရုပ်​ဆောင်နဲ့ ဒါရိုက်တာ၊ ဒါရိုက်တာနဲ့ ...
movie

Eivom Theater on Garosu Street (2024)

6 Bridges to Cross (1955) 6.7
6 Bridges to Cross (1955)  ဒီကားလေးကတော့၁၉၅၅ခုနှစ်ကထွက်ရှိခဲ့တဲ့ crime/Drama ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်Great Brink's Robbery လို့ခေါ်တဲ့အဲ့ဒီအချိန်ကဖြစ်ပွားခဲ့တဲ့ဓားပြတိုက်မှုကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် အဲ့ဒီဓားပြတိုက်မှုက၁၉၅၀ဇန်နဝါရီ၁၇မှာဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာ၂သန်းခွဲကျော်ပါသွားခဲ့ပါတာကြောင့်အဲ့ဒီအချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာ"the crime of the century"လို့ခေါ်ရလောက်အောင်အကြီးအမားဆုံးဓားပြတိုက်မှုကြီးဖြစ်ခဲ့ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့....Boston မြို့မှာရဲအသစ်ဖြစ်တဲ့ Eddie Gallagher က Jerry Florea နဲ့သူ့အဖွဲ့ဆိုင်တစ်ဆိုင်ကိုဖောက်ထွင်းခိုးယူမှုကိုတားဆီးရင်းနဲ့ Jerry ကိုသေနတ်နဲ့ပစ်မိတာကြောင့်ဒဏ်ရာရခဲ့တာကနေစတင်ပါတယ် အဲ့ဒီနောက်သူတို့နှစ်ယောက်ခင်မင်သွားပြီးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ဖြစ်ပေါ်လာတဲ့ရဲတစ်ယောက်နဲ့သူခိုးတစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဥ်ကိုကြည့်ရူရမှာဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre... Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

6 Bridges to Cross (1955)

A Kiss Before Dying (1956) 6.7
A Kiss Before Dying (1956)  Rt - 100% IMDb - 6.7စာရေးဆရာ Ira Levin ရဲ့ A Kiss Before Dying ဝတ္တုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ 1956 ခုနှစ်ထွက်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ခေတ်သစ် သည်းထိတ်ရင်ဖိုရုပ်ရှင်တွေရဲ့ အစဦးပိုင်းရုပ်ရှင်လို့ပြောလို့ရပြီး ဇာတ်လမ်းအသွားအလာကလည်း mystery thriller သမားတွေတွေ သဘောကျမှာအသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒေါ်ရသီ ကင်းရှစ်ဟာ ကင်းရှစ်မိုင်းတွင်းပိုင်ရှင် သူဌေးကြီးရဲ့ သမီးငယ်ဖြစ်ပြီး လက်တန်မြို့မှာ တက္ကသိုလ်လာတက်ရင်း ကောင်လေးတစ်ယောက်နဲ့ တိတ်တခိုးငြိစွန်းခဲ့ပါတယ်။ တနေ့မှာ မတော်တဆကိုယ်ဝန်ရသွားခဲ့တာကြောင့် လက်ထပ်ဖို့ကိစ္စကောင်လေးကိုပြောတဲ့အခါမှာ ကောင်လေးကလည်း သူတို့ရဲ့မိသားစုပိုင်းမိုင်းတွင်းတွေကိုလိုချင်လို့ ကြံခဲ့သူပီပီ အကြောင်းမျိုးစုံပြပြီး ဒေါ်ရသီရဲ့ အဖေကို တရားဝင်ပြောပြဖို့ပဲ တိုက်တွန်းနေခဲ့ပါတယ်။ဒီလိုမဟုတ်ရင် ဒေါ်ရသီကိုအမွေပြတ်စွန့်လွှတ်နိုင်တဲ့အတွက် သူတဘဝလုံးကြံနေခဲ့တဲ့ မိုင်းတွင်းလုပ်ငန်းကိုရဖို့ ဘယ်လိုလုပ်ရပ်မျိုးတွေအထိ လုပ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre... Crime, Film-Noir, Mystery Subtitle….Myanmar ...
movie

A Kiss Before Dying (1956)

Leave Her to Heaven (1945) 7.6
Leave Her to Heaven (1945) Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romanceသဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ"မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်" ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ...
movie

Leave Her to Heaven (1945)

Strangers on a Train (1951) 7.9
Strangers on a Train (1951)  IMDb: 7.9 Rotten Tomatoes: 98%Strangers on a Train ဟာ ၁၉၅၁ ခုနှစ်ထွက် Alfred Hitchcock ရဲ့လက်ရာရုပ်ရှင်ဖြစ်ပါတယ်။ Hitchcock ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အပြီးထိရင်တမမနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်း:ဂိုင်းဟိန်းစ် ဟာတင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အထက်လွှတ်တော်အမတ် အန်းမော်တွန် နဲ့ချစ်ကျွမ်းဝင်နေပါတယ်။ ခက်တာက သူ့မှာမိန်းမရှိတယ်။ ကိုယ်ဝန်ပါရှိသေးတယ်။ အဲလိုပြောလိုက်တော့ ဂိုင်း ကိုမကောင်းတဲ့လူလို့ထင်သွားပါဦးမယ်။ ဂိုင်းရဲ့မိန်းမဟာ ချူစားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ကလည်း ဂိုင်းနဲ့ရတာမဟုတ်ပါဘူး။ဂိုင်းဟာတင်းနစ်ပွဲတစ်ခုကိုသွားဖို့ရထားစီးရင်း ရထားပေါ်မှာ လူထူးဆန်း ဘရူနိုအန်တိုနီ ဆိုတဲ့လူနဲ့တွေ့ခဲ့ပါတယ်။ ဘရူနိုက အတော်လေးဉာဏ်ကောင်းတဲ့လူဖြစ်ပြီး လေ့လာမှုအားလည်းကောင်းပါတယ်။ အဲဒါကြောင့် ဂိုင်းတစ်ယောက် အန်း ကိုယူချင်ရင်တောင်မှ မိန်းမက မကွာရှင်းပေးတော့ ယူလို့မရဖြစ်နေတာကိုသိနေပါတယ်။ ဘရူနို ကလည်းအဖေ့ကိုမုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဘရူနိုမှာ အယူအဆတစ်ခုရှိတယ်။ ပြီးပြည့်စုံတဲ့လူသတ်မှုကိုကျူးလွန်ဖို့။အကယ်လို့ ဂိုင်းနဲ့ဘရူနို သာလူလဲသတ်လိုက်မယ်ဆိုရင် ရဲတွေလည်းမျက်စိလည်မယ်။ ဘယ်လိုမှဆက်စပ်လို့မရဘူးဆိုပြီး ဂိုင်းကို ဘရူနိုကပြောလာပါတယ်။ ဘရူနိုကပြောပေမယ့် ဂိုင်းကလက်မခံခဲ့ပါဘူး။ဘာတွေဆက်ဖြစ်ကြမှာလဲ... File ...
movie

Strangers on a Train (1951)

Gilda (1946) 7.6
Gilda (1946) Gilda (1946)~ IMDb - 7.6/10, Rotten Tomatoes - 90% ~အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ...
movie

Gilda (1946)

1946