Channel Myanmar

Fantasy

Ghost Book: Obake Zukan (2022) 5.7
Ghost Book: Obake Zukan (2022) Ghost Book (Yokaipedia) 2022 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဂျပန်ကားလေးကတော့ Space Baltteship Yamato, Parasyte Part 1-2 , Godzilla Minus One တို့ရဲ့ဒါရိုက်တာ Takashi Yamazaki က ရိုက်ကူးပေးထားပြီး ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ visual effects ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Ghost Book ခေါ် Yokaipedia ကို မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန် anime လောကနဲ့ မစိမ်းတဲ့သူတိုင်း Yokai ဆိုတာကို သိကြမှာပါ။ မမြင်အပ်သော နတ်ဆိုး၊ တစ္ဆေ၊သရဲတွေကို တမျိုးခေါ်ခြင်းဖြစ်ပြီး ဂျပန်မှာတော့ ကိုးကွယ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီကားလေးထဲမှာတော့ ကောင်လေးသုံးယောက်က နတ်နန်းတစ်ခုမှာ လိုချင်တဲ့ဆန္ဒကို အသီးသီးတောင်းဆိုခဲ့ပါတယ်။ အဲဒါကို ကြားသွားခဲ့တဲ့ နတ်မင်းက အဲကလေးတွေဆီကို သူ့တပည့်ကိုလွှတ်လိုက်ပြီး Yokaipedia လို့ခေါ်တဲ့ သရဲစာအုပ်ကို ရှာခိုင်းပြီး အဲစာအုပ်ထဲကစိန်ခေါ်မှုကို အောင်မြင်မှ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အသက်အန္တရာယ်များတာကို မမှုပဲ ကောင်လေးသုံးယောက် ...
movie

Ghost Book: Obake Zukan (2022)

2022
Suicide Squad (2016) 6.0
Suicide Squad (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Suicide Squad (2016)

2016
4K HEVC
The American Society of Magical Negroes (2024)
The American Society of Magical Negroes (2024)  အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီးတိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းကအားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့်အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက်ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေမှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီးလူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကိုတွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာမထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက်သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကိုရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင်ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The AmericanSociety Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာသွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလိုဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်းအလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုးအမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့အစည်းရဲ့ အဓိကတာဝန်ကတော့ ...
movie

The American Society of Magical Negroes (2024)

Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
The Vourdalak (2023) 5.8
The Vourdalak (2023)  တာ့ခ်သူပုန်တွေကြီးစိုးတဲ့ကာလမှာ ပြင်သစ်ဘုရင်ရဲ့ သံတမန်တစ်ယောက် ထူးဆန်းတဲ့တောထဲမှာ ဓားပြတိုက်ခံရပါတော့တယ်။ သူ့ရဲ့အစောင့်တွေရော သူ့ရဲ့မြင်းပါ ပါသွားတဲ့အတွက် အီအာဖီမှူးမတ်လေးကတော့ အကူအညီတောင်းဖို့ပဲရှိပါတော့တယ်။ ဒါပေမဲ့ သူစတွေ့ခဲ့တဲ့သူကတော့ သူ့ကိုမကူညီပေးဘဲ ဂိုချာဆိုတဲ့သူက သူ့ကိုကူညီနိုင်တယ်ဆိုပြီး ဂိုချာဆီသွားဖို့ လမ်းညွှန်ရင်း သူနားမလည်နိုင်တဲ့ စကားတချို့ ထပ်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အတွေးစစ်ခင်းရင်းနဲ့ပဲ ဒီအာဖီတစ်ယောက် ဂိုချာအိမ်ကိုရောက်သွားပါတော့တယ်။သူဂိုချာအိမ်ကိုရောက်သွားချိန်မှာတော့ ဂိုချာရဲ့သားသမီးတွေနဲ့တွေ့ချိန်မှာ သူ့ကို ဂိုချာနဲ့မိတ်ဆက်ပေးဖို့လုပ်ပေမဲ့ ဂိုချာကတော့ အဲဒီနယ်တစ်ဝိုက်မှာ ထကြွနေတဲ့ သူပုန်ခေါင်းဆောင်ကို နှိမ်နင်းဖို့ ထွက်သွားခဲ့ပြီး ၆ ရက်ပြည့်လို့ သူပြန်မလာရင် သူဟာကျိန်စာသင့်ဗိုဒါလက်ဖြစ်သွားပြီမလို့ သူဘာပြောပြော တံခါးဖွင့်မပေးဖို့ စာထဲမှာခဲ့ပါတယ်။ဒါပေမဲ့ ဂိုချာရဲ့သားအကြီးဆုံးကတော့ စာထဲမှာပါတာကိုနားမထောင်ဘဲနဲ့ ‌၆ ရက်ပြည့်တဲ့မနက် ၆ နာရီမှာ တောစပ်မှာလဲကျနေတဲ့သူ့အဖေကို မရမက ခေါ်လာခဲ့တဲ့အခါ...ဒီဗိုဒါလက်ဆိုတာ ဘာများဖြစ်မလဲ။ အစ်ကိုကြီးဖြစ်သူက ခေါင်းမာပြီး အဖေအမှတ်နဲ့ခေါ်လာတဲ့သူကရော ဒီမိသားစုကို ဘယ်လိုဘေးဒုက္ခတွေ သယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး File size…(1.4 GB)/(620 Mb) Quality….Webrip ...
movie

The Vourdalak (2023)

The Woods Are Real (2024)
The Woods Are Real (2024)  ဂျိုဘာနဲ့ ကွင်စီတို့ စုံတွဲဟာ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာကြတဲ့ သူတွေဖြစ်ကြပြီး သူတို့အမွေဆက်ခံရမဲ့ စီးပွားရေးလုပ်ငန်းကလည်း အသင့်ရှိနေပြီးသားပါ၊ ကလေးယူဖို့ ကြိုးစားနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်လာကြတာဆိုပေမဲ့ ပိုက်ဆံကို အလကားဖြုန်းနေကြတဲ့လူမျိုးတွေမဟုတ်ပဲ ၊ ဖောင်ဒေးရှင်းတွေ ပရဟိပွဲတွေနဲ့ အလှူအတန်းအမြဲလုပ်နေဖို့ပဲ စိတ်အားထက်သန်ကြသူတွေပါ။ တစ်နေ့မှာတော့ သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ ကေလဘ်က တောတွင်းကအိမ်လေးကို ဝတ်ပြုခရီးသွားတယ်ဆိုပြီး ပြောလာတာကြောင့် သူတို့ရဲ့ ညစ်ညမ်းနေတဲ့နှလုံးသားတွေကို ပြောင်းလဲဖို့ တောတွင်းအိမ်လေးကိုသွားနေကြရင် သူတို့ဘဝကိုပြောင်းလဲစေမဲ့ ဖြစ်ရပ်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(630 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

The Woods Are Real (2024)

Man of Steel (2013) 7.1
Man of Steel (2013) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Man of Steel (2013)

2013
4K HEVC
The Mystery of Jade ( 2024 ) 5.8
The Mystery of Jade ( 2024 ) မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက " စုန့်တိုင်းပြည်ကြီးပျက်တော့မည်" ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ...... ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ......အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ...... လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Mystery of Jade ( 2024 )

La Chimera (2023) 7.3
La Chimera (2023)  1980ခုနှစ်က Etruscan ရှေးဟောင်းပစ္စည်းရှာဖွေတာတွေပေါ် ဇာတ်အိမ်တည်ထားပြီး IMDB 7.3/10 နဲ့ ဆု 8ဆု ရထားတဲ့ အီတလီရုပ်ရှင်ဖြစ်ပါတယ်။ Critic review ကောင်းတွေပါ ရထားပြီး ကြည့်ရသူတွေလည်း ရသတစ်ခုခုခံစားရမှာသေချာပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ Chimera ရှိပါတယ်-ကိုယ်ရယူဖို့ ကြိုးစားနေပေမယ့် လုံးဝမတွေ့နိုင်တဲ့အရာကို ဆိုလိုတာပါ။ စိတ်ကူးယဉ်အိပ်မက်၊ ပုံရိပ်ယောင်ဆိုပြီးလည်း ဘာသာပြန်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ ထောင်ကလွတ်လာတဲ့ ရှေးဟောင်းသုတေသနပညာရှင် အင်္ဂလိပ်လူမျိုး အာသာဟာ တရားမဝင် အုတ်ဂူခိုးတူးတဲ့သူတွေနဲ့ပေါင်းပြီး သေသူတွေရဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားပါတယ်။ အာသာအဖို့ ရှေးဟောင်းပစ္စည်းတွေက အဓိကမဟုတ်ပါဘူး။ သူ့အတွက် Chimera က သူ့ရဲ့ကွယ်လွန်သွားတဲ့ ချစ်သူဖြစ်ပါတယ်။သူချစ်သူနဲ့ တွေ့ရဖို့ ဒဏ္ဍာရီထဲကအတိုင်း တမလွန်ဆီ တံခါးပေါက်ကို အုတ်ဂူတွေတူးရင်း ရှာနေတာပါ။ လူသေနဲ့သက်ရှိတွေကြားက စွန့်စားခန်းခရီးမှာ အာသာတို့ တူးဖော်ခဲ့တဲ့ အုတ်ဂူပိုင်ရှင်တွေကလည်း သူ့ကိုခြောက်လှန့်နေပါတယ်။ တရားမဝင်အလုပ်ဖြစ်တဲ့အတွက် ကြားထဲမှာ ခေါင်းပုံဖြတ်ခံရတာတွေ လက်တစ်လုံးခြားလုပ်သွားတာတွေလည်း ...
movie

La Chimera (2023)

Angel-A (2005) 7.0
Angel-A (2005)  IMDb - 7/10နာမည်ကျော်ရုပ်ရှင် Léon: The Professional(1994)ကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာLuc Bessonရဲ့ လက်ရာ ပြင်သစ်ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အန်ဒရေဆိုတဲ့လူက အကြွေးနွံနစ်ပြီး အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့သူတစ်ယောက်။ ဘယ်လောက်အကြွေးနွံနစ်ပြီး မွဲပြာကျနေပါ​စေ သူ့ကိုယ်သူ စီပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာကတော့ ပါးစပ်ဖျားကမချပါဘူး။တစ်ရက် အီဖယ်တာဝါပေါ်ကနေပါ ပစ်ချမဲ့အထိ ခြိမ်းခြောက်လာတဲ့ အကြွေးရှင်တွေကြောင့် လူ့လောကကြီးမှာ မနေချင်တော့ပါဘူးဆိုပြီး တံတားပေါ်ကနေခုန်ချမယ်အလုပ် အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးလေးတစ်ယောက်ဘေးမှာပေါ်လာပါတယ်။ သူ့လိုပဲ မိန်းကလေးကလည်း တံတားပေါ်ကခုန်ချမလို့ပါ။သူ ခုန်မချခင် ဟိုက ခုန်ချသွားလို့ အန်ဒရေတစ်ယောက် ကယ်လိုက်ရပါသေးတယ်။ဒီမှာပဲ မိန်းကလေးဖြစ်သူက အန်ဒရေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အန်ဒရေခိုင်းတာလုပ်ပါ့မယ်ဆိုပြီး အနားကနေ မခွာတော့ပါဘူး။ မိန်းကလေးရဲ့ အကူအညီနဲ့ အကြွေးတွေလိုက်ဆပ်ရာကနေ သိလိုက်ရတာက သူထင်သလို ဒုက္ခရောက်နေတဲ့ ကောင်မလေးမဟုတ်ဘဲ သူ့ကိုကယ်တင်ဖို့ ကောင်းကင်ဘုံကနေ နတ်သက်ကြွေလာတဲ့ အိန်ဂျယ်လေးတစ်ပါးဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ သူတို့နှစ်ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ...
movie

Angel-A (2005)

Monster Mash ( 2024 ) 5.8
Monster Mash ( 2024 ) ဒီရုပ်ရှင်ဟာဆိုရင်တော့ ဒရက်ကူလာ၊ ကိုယ်ပျောက်လူသား၊ မံမီ၊ သမန်းဝံပုလွေ၊ ဖရန်ကင်စတိုင်း၊ အစရှိတဲ့ ဒဏ္ဍာရီတွင်တဲ့ သတ္တဝါကြီးတွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ပေါင်းထားတာပါ။ Hotel Transylvania ရုပ်ရှင်ထဲကလိုမျိုးပါပဲ။ Tom Cruise ရဲ့ The Mummy ရုပ်ရှင်နဲ့အစပြုလို့ Universal Studio ကနေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ Dark Universe ရဲ့ ဖြစ်လာသင့်တဲ့ ပုံစံမျိုးလို့ ပြောရမှာပါ။ဒါပေမယ့် ဒါကတော့ low budget အမျိုးအစားဖြစ်လို့ တချို့နေရာတွေမှာ လိုအပ်ချက်တော့ ရှိနေမှာပါ။ အတည်ပေါက်လုပ်ထားပေမယ့် တချို့ ကြောင်တောင်တောင် အကွက်တွေ ပါနေတာမျိုးကိုတော့ သည်းခံကြည့်ရမှာပါ။ ဒါပေမယ့် ရှေးဟောင်းစတိုင် Horror ရှပ်ရှင်ပုံစံမျိုး ရိုက်ကူးထားတာမို့ ကြည့်ရတာ တော့ တစ်မျိုးဆန်းနေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒယ်ဝုဒ်ရွာလေးရဲ့ တစ်နေရာတွေဆီမှာ ဒရက်ကူလာ၊ မံမီ၊ သမန်းဝံပုလွေနဲ့ ကိုယ်ပျောက်လူသားတို့ဟာ အသီးသီး လူသားတွေနဲ့ ဝေးရာမှာ ပုန်းကွယ်ကြီးနေကြပါတယ်။ ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ သတ္တဝါကြီးဟာ ဒရက်ကူလာရဲ့ သမီး အယ်လီဆာဘက်တာ့ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဖရန်ကင်စတိုင်းဟာ အဲမှာတင် ရပ်မနေဘဲ ...
movie

Monster Mash ( 2024 )

Seven Heroes Beat the Monster ( 2024 ) 5.8
Seven Heroes Beat the Monster ( 2024 ) မျောက်ဘုရင်စွန်းဝူခုန်းအနောက်အရပ်ကနေကျမ်းစာပြန်ယူပြီး နောက်ပိုင်းကိုဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒါကလဲစွန်းဝူခုန်းတစ်ယောက်မက်မွန်းသီးပွဲတော်မှာတက်ပြီး သောင်းကျန်းခဲ့တဲ့ရလာဒ်တစ်ခုပါပဲ။ မက်မွန်သီးပွဲတော်မှာ စွန်းဝူခုန်းသောင်းကျန်းခဲ့တဲ့အတွက်ဝူရှန့်ဆိုတဲ့သဏ္ဍာန်မဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့တယ်။သဏ္ဍာန်မဲ့မိစ္ဆာဝူရှန့်က လူ့ပြည်မှာဒုက္ခပေးနေတဲ့အတွက် ဘုရားရှင်ဟာစွန်းဝူခုန်းနဲ့မင်းကြီးညီနောင်(၆)ပါးကိုလွှတ်ပြီးတော့နှိမ်နင်းစေခဲ့တယ်။ ဒါပေမယ့် ညီနောင်ချင်းသွေးကွဲပြီးတော့ ဝူရှန့်လှည့်စားတာခံလိုက်ရတဲ့အတွက် တိုက်ပွဲမှာရှုံးနိမ့်ပြီး စွန်းဝူခုန်းနဲ့အတူညီနောင်(၆)ပါးရဲ့ မူလဝိညာဉ်တွေဟာ ရေခဲထဲမှာချိတ်ပိတ်ခံလိုက်ရပါတယ်။နှစ်(၅၀၀)ကြားပြီးနောက်မှာတော့ သူရဲကောင်းအဖြစ်မွေးဖွားလာသူဆိုပြီး ကိုယ့်ကိုယ်ကိုယ်ခံယူထားတဲ့လူငယ်လေးဟာ မထင်မှတ်ပဲ စွန်းဝူခုန်းကိုပိတ်ထားတဲ့ အဆုံးမဲ့ဂူထဲကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့မျောက်မင်းကြီးစွန်းဝူခုန်းနဲ့သူ့ရဲ့ညီနောင်မင်းကြီး(၆)ပါးတို့ကို ကယ်တင်ဖို့တာဝန်ဟာ လူငယ်လေးပေါ်ကျရောက်လာပြီး စွန့်စားခန်းစတင်ပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Seven Heroes Beat the Monster ( 2024 )

The Lord of the Monsters ( 2024 ) 5.8
The Lord of the Monsters ( 2024 ) ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမှာကတော့ မကောင်းဆိုးဝါးနဲ့အမတမျိုးနွယ်ကြားက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရတဲ့ အမတဂိုဏ်းက ထက်မြတ်တဲ့ တပည့် မုချင်းတစ်ယောက် ဆရာအတူ တစ်ဖန်ပြန်ပေါ်ထွက်လာတော့မယ့် မ‌ကောင်းဆိုးဝါးဘုရင်ပိုင်ကျယ်ကို ချိတ်ပိတ်ဖို့ ချင်းလွမ်မှန်အပိုင်းအစကိုလိုက်ရှာဖို့ တာဝန်ပေးခံခဲ့ရတဲ့ မုချင်းတစ်ယောက် မကောင်းဆိုးဝါး နယ်မြေဖြစ်တဲ့ ပန့်ပုသောကို ရောက်ရှိလာခဲ့ပါတယ်တကယ့်ကိုမှ ပြင်းထန်ပြီးစိတ်လှုပ်ရှားဖွယ် အချစ်တစ်ခုနဲ့ထိတွေ့ချင်နေတဲ့ စိတ်ကောင်းရှိတဲ့ ကြောင်မကောင်းဆိုးဝါးမလေးကျောင်းယန်ကတော့ ပန့်ပုသောရဲ့တန်ကျင်တောင်မှာ နေထိုင်လာတာ နှစ်ရာချီနေခဲ့ပါပြီမကောင်းဆိုးဝါးမှန်သမျှဟာ လူ့လောကကို တစ်ချိန်ချိန်မှာဒုက္ခပေးမယ်ဆိုတဲ့ အသိကိုရိုက်သွင်းခံထားရတဲ့ မုချင်းတစ်ယောက် စိတ်ကောင်းရှိပြီး ကူညီပေးတတ်တဲ့ မကောင်းဆိုးဝါးမလေးကျောင်းယန်နဲ့ဆုံတွေ့ပြီးနောက်မှာတော့ အမတမျိုးနွယ်နဲ့ မကောင်းဆိုးဝါးမလေးတို့ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာခဲ့ပါတယ်အမတမျိုးနွယ်နဲ့မကောင်းဆိုးဝါးမျိုးနွယ်ဆိုတာ သူသေကိုယ်သေတိုက်ပွဲဖြစ်ဖို့ပဲ အလားအလာရှိနေတာဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဘယ်လိုတွေဖြစ်လာမှာလဲ လောကမှာ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူပဲရှိတာမို့လို့ ဒီလိုတစ်ယူသန်အတွေးတွေကြောင့် ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမှာလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Fantasy , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Lord of the Monsters ( 2024 )

The Voices (2014) 6.3
The Voices (2014)  The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie

The Voices (2014)

Love, Death and Cat ( 2024 ) 5.7
Love, Death and Cat ( 2024 ) တာ့ထန်ခေတ်အချိန်မှာ တိုင်းပြည်တိုးတက်ဝပြောတဲ့အတွက် လူတွေရေ ာ မိစ္ဆာတွေရော ပျော်ပါးကြချိန်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် နတ်ဆရာလေး ဟွိုင်ရှန့်ဟာ ဆရာနဲ့အတူ လော့ယန်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။တာ့ထန်ခေတ်ရဲ့ လော့ယန်မြို့ကြီးဟာ ညလုံးပေါက် မီးထိန်ထိန်လင်းနေပါတယ်။ အကရုံထဲမှာ သခင်လေးကုံးဟာ ငယ်စဉ်အခါက တစ်ဖက်သတ်ချစ်ရသူကို ပြန်တွေ့ခဲ့ပါတယ်။ သူချစ်နှစ်သက်တာက အဲ့ဒီလူရဲ့အရေပြားလား အရေပြားထဲက နှစ်တစ်ရာကြောင်ကြီးကိုလား......အလောင်းရုံထဲမှာ ကြောင်နက်လေးတစ်ကောင်က အမြီးကိုဖြတ်ပြီး ကျေးဇူးရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရတာက တစ်သက်တာအချစ်ခံရခြင်းလား လောဘကြောင့် သစ္စာဖောက်ခြင်းလား......ရေမြောင်းပုပ်ထဲက ကြွက်မိစ္ဆာလေးက ကြောင်မိစ္ဆာလေးကို ချစ်မိသွားတယ်။ သူ့စိတ်ကူးထဲက ပျော်ရွှင်မှုတွေဖြစ်လာမလား ကံကြမ္မာရဲ့ အပြောင်းအလဲက ကြိုဆိုနေမလား...... ဆိုတာကို မိစ္ဆာရဲ့ သဘာဝဗီဇနဲ့ လူတွေရဲ့ သဘာဝဗီဇကို သရုပ်ဖော်ထားတဲ့ ကြောင် ၃ ကောင်ရဲ့ ပုံပြင်လေးကို အတူတကွ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar ...
movie

Love, Death and Cat ( 2024 )

Snake Skin Beauty ( 2024 ) 5.8
Snake Skin Beauty ( 2024 ) တောနက်ကြီးထဲမှာအလောင်းကောင်တွေကိုစားသုံးနေတဲ့ မြွေကြီးတစ်ကောင်ရှိနေခဲ့တယ်။ မိန်းမလှလေးအဖြစ်အယောင်ဆောင်ထားတဲ့ မြွေကြီးလှည့်ဖျားမှုအောက်မှာ အလောင်းပြင်ဆရာတစ်ယောက်ဟာ အလောင်းတစ်ခုရဲ့ခေါင်းနဲ့ကိုယ်ကိုတွဲချုပ်ပေးလိုက်ခဲ့မိတယ်။အဲဒီအချိန်ကစပြီးတော့ အလောင်းပြင်ဆရာတို့လင်မယားရဲ့အေးချမ်းတဲ့ဘဝဟာ လှုပ်ခတ်လာခဲ့တယ်။ မြွေမလေးဟာ မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ လူတွေကိုစားသုံးနေရင်း အလောင်းပြင်ဆရာရဲ့ မိန်းမနေရာမှာအစားနိုင်ဖို့ကြိုးစားလာတဲ့အခါ...... မြွေမလေးရဲ့ညှို့ကွက်အောက်ကလွတ်နိုင်ပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Fantasy , Thriller Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

Snake Skin Beauty ( 2024 )

The Tearsmith (2024) 5.5
The Tearsmith (2024)  အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi ကရိုက်ကူးပေးထားတာပါ။ Simone Baldasseroni နဲ့Caterina Ferioli က ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီးGen Z ပရိသတ်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက်နီကာဟာ ဂရေ့ဗ်လို့နာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကိုရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီးဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာအရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့အတူမွေးစားဖို့ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲလိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက်ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်ကသူ့ကိုဘာလို့ရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကိုသိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.25GB / 574MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Fantasy  , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Tearsmith (2024)

The Golden Compass (2007)
The Golden Compass (2007)  Fantasy Fiction ဇာတ်လမ်းကောင်း တစ်ကားကို မိတ်ဆက်ပေးပါရစေ။ Main characterတွေအနေဖြင့် ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး Daniel Craigနဲ့ The Secret of Moonacre၊ Dustbin Babyနဲ့ Endeavourတိုရဲ့ မင်းသမီး Dakota Blue Richardsက ဦးဆောင် သရုပ်ဆောင် ပါဝင်ထားပါတယ်။ ဗီလိန်တွေအနေနဲ့လည်း အထူးတလည်မိတ်ဆက်ပေးစရာ မလိုတဲ့ Nicole Kidmanက ဇာတ်အိမ်ကို ပိုမိုခိုင်လုံအောင် အားဖြည့်ပေးထားပါတယ်။ ဒါ့အပြင် Eva Green, Sam Elliott, Freddie Highmore, Ian McKellenတို့နှင့် တခြားသော ဝါရင့် ပါရမီရှင် သရုပ်ဆောင်တွေ ပါဝင်ထားတော့ ယခု ရုပ်ရှင်ဟာ Castတွေနဲ့တင် တန်နေပါပြီ။ကျွန်တော်တို့ စကြာဝဋ္ဌာတွေကြားမှာ အချင်းချင်းအပြိုင်ဖြစ်နေကြတဲ့ စကြဝဠာတွေ ကမ္ဘာတွေ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာဆိုရင် ...
movie

The Golden Compass (2007)