Channel Myanmar

Fantasy

BloodRayne (2005)
BloodRayne (2005)  ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ ...
movie

BloodRayne (2005)

Suicide Island ( 2024 ) 5.8
Suicide Island ( 2024 ) လူတွေက ရောဂါကပ်ဘေးတွေကိုသဘာဝကပ်ဘေးလို့ထင်ကြပေမယ့် တကယ်တော့ ဒီထူးဆန်းတဲ့ရောဂါပိုးတွေဟာ သိပ္ပံပညာရှင်တွေရဲ့သုတေသနတွေကနေဖြစ်လာတာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ထူးဆန်းတဲ့ရောဂါပိုးကြောင့် ရုတ်တရက်မျိုးရိုးဗီဇပြောင်းသွားပြီ သာမန်လူထပ်အစွမ်းတွေပိုရှိသွားတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။သူဟာသူ့ကိုယ်သူပြန်လည်ကုသနိုင်စွမ်းရှိတဲ့အတွက် သေခါနီးသန်းကြွယ်သူဌေးကြီးတစ်ယောက်က သူ့ရောဂါကိုကုသဖို့အတွက် ဒီမျိုးရိုးဗီဇပြောင်းလူသားကိုရှာပြီး ဆေးဖော်ဖို့ကြိုးစားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာရိုက်ပြချင်တာတွေများပြီး အလယ်ပိုင်းမှာရှုပ်ထွေးပေမယ့် နောက်ဆုံးကျရင်တော့အားလုံးကိုရှင်းရှင်းလင်းလင်း ပြန်ချပြနိုင်တဲ့အတွက် မဆိုးလှတဲ့ဇာတ်လမ်းတစ်ခုလို့ပြောလို့ရပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Suicide Island ( 2024 )

Novoland ( 2024 )
Novoland ( 2024 ) ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။ မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ? တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Novoland ( 2024 )

Willow(1988) 7.2
Willow(1988) Willow (1988)Old but Gold, ရှင်ရှင်ကားဟောင်း တစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ The Lord of the Rings တို့လို့ ရုပ်ရှင်ကားကောင်းတွေ မထွက်ခင်က ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အတော်လေးကြည့်ကောင်းတဲ့ Fantasy, Adventure ရုပ်ရှင်ကားတစ်ကားပါ။ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တာမို့လို့ ဒီဖက်ခေတ်နဲ့ ပြန်ကြည့်ရင် အထူးပြုလုပ်ချက် လိုအပ်ချက်တွေ၊ ဇာတ်လမ်းလိုအပ်ချက်တွေ ရှိကောင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Fantasy, Adventure ရုပ်ရှင်ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်မှာပါဇာတ်လမ်းအကျဉ်းကတော့ မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေ၊ ငလက်မလေးတွေ အမှန်တကယ် တည်ရှိတဲ့ စိတ်ကူးယဉ်လောကကြီးတစ်ခုထဲမှာ ဝီလို ဆိုတဲ့ လူပုလေး တစ်ယောက် နေထိုင်ပါတယ်။ သူက မှော်ဆရာအရမ်းဖြစ်ချင်နေတဲ့ သာမန်လယ်သမားလေးတစ်ယောက်ပါ။ ဒီလိုနဲ့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲကနေ မျောလာပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ထိုကလေးကတော့ မကောင်းတဲ့ မှော်ဆရာမ ဘုရင်မကြီး ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ်လို့ နိမိတ်ဖတ်ခြင်းကို ခံရလို့ ဘုရင်မကြီး ...
movie

Willow(1988)

Master of Maoshan ( 2021 ) 5.6
Master of Maoshan ( 2021 ) မောင်ရှန်းတောင်က မောင်ရှန်းဂိုဏ်းက နှစ်ပေါင်း60မှာတစ်ခါ မောင်ရှန်းဆရာကြီးကိုရွေးချယ်လေ့ရှိကြပါတယ် ။ အဲဒီမှာပဲ ယွင်လင်လို့ခေါ်တဲ့ကောင်လေးက အမြဲတမ်း မောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်မက်နေတဲ့သူပေါ့ ။ယွင်လင်ကမောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်ရှိပေမဲ့ သူကမွေးကတည်းက ဟေးချိလို့ခေါ်တဲ့ အဖျက်အစီးစွမ်းအင်နဲ့ မွေးလာတဲ့သူမို့ ကျင့်ကြံဆင့်လည်းမမြင့်ဘဲ အိပ်မက်နဲ့ဝေးနေရတာပါ ။ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းမထင်မှတ်ထားတာတွေဖြစ်စမြဲဆိုတော့ မောင်ရှန်းစုဝေးပွဲ မောင်ရှန်းဆရာရွေးချယ်တဲ့နေ့မှာ ကံအကြောင်းပါပြီးတော့ ‌ယွင်လင်တစ်ယောက် ယွမ်ချိဆေးလုံးရပြီးတော့ မောင်ရှန်းဆရာဖြစ်လို့သွားပါတော့တယ် ။တစ်ချိန်တည်းမှာပဲ သူတို့ညီအစ်ကိုတွေကယ်လိုက်တဲ့ တောက်ဆရာတစ်ယောက်က ကျန်းကျိုးမြို့မှ ာ ပင့်ကူအဆိပ်ပျံ့နေတယ်ပြောတာကြောင့် သူတို့ဆရာတူညီအစ်ကိုလေးယောက်သား ကျန်းကျိုးမြို့က ပြည်သူတွေကိုကယ်တင်ဖို့ စွန့်စားခန်းကြီးစတင်ခဲ့ပါတော့တယ် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

Master of Maoshan ( 2021 )

Double Faced Fox ( 2020 ) 5.8
Double Faced Fox ( 2020 ) နိမိတ်ဆိုးတွေကျရောက်နေတဲ့ ယွင်ရှန့်မင်းဆက်မှာ မင်းသမီး ၂ ပါး ထူးဆန်းစွာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့ ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ ဘုရင်မင်းမြတ်ဟာ ဖူလုံစစ်သူကြီးပိုင်ယိကို နန်းမြို့တော်ကို ပြန်ဆင့်ခေါ်ခဲ့ပြီး တတိယသမီးတော်ဖြစ်တဲ့ ရှန့်နင်မင်းသမီးနဲ့ လက်ဆက်ပေးခဲ့ကာ တိုင်းပြည်ကိုကာကွယ်မယ့်စစ်သူကြီးဘွဲ့ပေးပြီး စစ်တပ် ၃ ခုလုံးရဲ့ အာဏာကို လွှဲပေးခဲ့ပါတယ်အဲဒီနောက်မှာတော့ ဘုရင်မင်းမြတ်လည်း နတ်ရွာစံသွားခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့ သေတမ်းစာအရ အိမ်ရှေ့စံအရွယ်မရောက်ခင် ရှန့်နင်မင်းသမီးနဲ့ စစ်သူကြီးပိုင်ယိတို့က တိုင်းပြည်ကို ထိန်းသိမ်းထားရမှာဖြစ်ပြီး အိမ်ရှေ့စံအရွယ်ရောက်လာတဲ့အခါ တိုင်းပြည်ကို လွှဲပေးရမှာပဲ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ အိမ်ရှေ့စံနဲ့ ရှန့်နင်မင်းသမီးတို့ ၂ ယောက်ထဲက တစ်ယောက်သေဆုံးသွားပါက ကျန်တဲ့တစ်ယောက်က ထီးနန်းအရိုက်အရာကို အလိုလိုရမှာပဲ ဖြစ်ပါတယ်အဲဒီနောက်မှာ လုပ်ကြံသူတွေ ရှိလာတာကြောင့် စစ်သူကြီးပိုင်ယိဟာ မင်းသားရွေ့နဲ့ ပူးပေါင်းပြီး ရှ့န်နင်မင်းသမီးကို တောက်လျှောက်ကာကွယ်ပေးနေခဲ့ပါတယ် ဒါပေမဲ့ ဒီလုပ်ကြံမှုတွေကို နောက်ကွယ်က ကြိုးကိုင်နေသူတွေထဲမှာ မိဖုရားခေါင်ကြီးရော အတွင်းဝန်အမတ်ကြီးပါ ပါဝင်နေတဲ့အပြင် နှစ်တစ်ထောင်မြေခွေးမိစ္ဆာပါ ပါဝင်နေတဲ့အခါ ပိုင်ယိတစ်ယောက် ရှန့်နင်မင်းသမီးကို မြေခွေးမိစ္ဆာလက်ထဲကနေ ဘယ်လိုကာကွယ်ပေးမလဲဂင်ကိုပန်းတွေပွင့်တဲ့အခါ ပြန်ဆုံကြမယ်လို့ ပေးခဲ့တဲကတိအတိုင်း စစ်သူကြီးပိုင်ယိနဲ့ မင်းသမီးရှန့်နင်ကရော ပြန်ဆုံနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားကြပါဦး Quality : WEB-DL 1080p , 720p Format : ...
movie

Double Faced Fox ( 2020 )

Ghostbusters: Frozen Empire (2024) 6.3
Ghostbusters: Frozen Empire (2024) Ghostbusters: Frozen Empire (2024)IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ...
movie

Ghostbusters: Frozen Empire (2024)

4K HEVC
Firefly (2023) 7.8
Firefly (2023) Firefly ( 2023 )Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ ...
movie

Firefly (2023)

2023
Godzilla: Tokyo S.O.S. (2003) 6.5
Godzilla: Tokyo S.O.S. (2003) Godzilla: Tokyo S.O.S. (2003) ====================== IMDb Rating - 6.5/10ဂေါ်ဇီလာရဲ့ မူလဖန်တီးရှင်ဖြစ်တဲ့ ဂေါ်ဇီလာကားတွေဟာ Godzilla (1954) နဲ့အစပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ရှိခဲ့တဲ့ကားတွေကို ခေတ်အပိုင်းအခြားတွေနဲ့အကြမ်းဖျင်းသတ်မှတ်ခွဲခြားထားပါတယ်။ အဲ့ဒါ တွေကတော့ -Shōwa era (1954–1975) Heisei era (1984–1995) Millennium era (1999–2004) Reiwa era (2016–present) တို့ဖြစ်ကြပါတယ်။အခုတင်ဆက်ပေးနေတဲ့ Millennium era (1999–2004) ဇာတ်ကားတွေ ကတော့ လက်ရှိ Shin Godzilla 2006 နဲ့ Godzilla Minus One တို့မတိုင်ခင် အခုခေတ်နဲ့အနီးစပ်ဆုံးဇာတ်ကားတွေပါ။ Millennium era ဇာတ်ကားတွေက standalone ဇာတ်ကားတွေများပြီး 1954 Godzilla တစ်ကားကိုသာ reference ယူလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှတင်ဆက်ပေးပြီးဖြစ်တဲ့ Godzilla Against Mechagodzilla နဲ့ Godzilla: Tokyo S.O.S တို့သာ ဇာတ်လမ်းချင်းအချိတ် အဆက်ရှိပြီး 1954 Godzilla ကိုသာမက Mothra 1961 ကိုပါ ...
movie

Godzilla: Tokyo S.O.S. (2003)

2003
Fights Break Sphere 3 (2024) 5.9
Fights Break Sphere 3 (2024) CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie

Fights Break Sphere 3 (2024)

Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Wonder Woman 1984 (2020)

2020
4K HEVC
The Kung Fu Cult Master (1993) 6.4
The Kung Fu Cult Master (1993) တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဂျက်လီရဲ့ နဂါးနိုင်ဓါးဇာတ်လမ်းပါ။. နဂါးနိုင်ဓါးရဲ့ကျောရိုးဇာတ်လမ်းကိုယူထားပေမယ့်လည်း ပုံမှန်ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲနဲ့ယှဉ်ရင်တော်တော်များများ ကွဲထွက်နေတာကိုသတိထားမိမှာပါ..အရသာမတူတဲ့ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ပါ..သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာပုံကတော့ သိမ်းငှက်သူရဲကောင်းရန်ကော့ရဲ့သံဓားကို ကောကျင့်နဲ့ဟွမ်ရုံကရသွားပြီးတော့ ရွှေနဲ့ရောအရည်ဖျော်ပြီး နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားဆိုတဲ့ဓားနှစ်လက်ကိုသွန်းလုပ်ခဲ့တယ်။အဲဒီဓားနှစ်လက်ထဲမှာ ယွဲ့ဖေးရဲ့စစ်ဗျူဟာကျမ်းနဲ့ လစကြာသိုင်းကျမ်းရဲ့လျှို့ဝှက်ချက်ကိုထည့်ဖွက်ထားတယ်လို့ဆိုကြတယ်။ ဒီဓားနှစ်လက်ကိုပိုင်ပြီး လျှို့ဝှက်ချက်တွေကိုရတဲ့အခါ သိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီလို့ယူဆကြတဲ့အတွက်ကြောင့် သိုင်းလောကကြီးမှာ သွေးစွန်းတဲ့တိုက်ပွဲပေါင်းများစွာနဲ့ ဓားလုပွဲကြီးဖြစ်လာပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Action , Fantasy , History Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Kung Fu Cult Master (1993)

Bruce Almighty(2003) 6.8
Bruce Almighty(2003)  စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.8 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ.......တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / ...
movie

Bruce Almighty(2003)

2003
Holy Motors (2012) 7.0
Holy Motors (2012)  ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို၂၀၁၂ ကထွက်ရှိထားတဲ့ Holy Motors ဆိုတဲ့ Drama &Fantasy အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Leos Carax ကရိုက်ကူးပုံဖော်ထားပြီး rating 7/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ မင်းသား Denis Lavant နဲ့ မင်းသမီးEdith Scob တို့ပါဝင်သရုပ်ဆောင်ထားပြီးမင်းသား Denis Lavant ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Edith Scob ကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားရုံသာမက ဒီဇာတ်ကားကအခြား အကောင်းဆုံးရုပ်သံတေးဖြတ်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့အကယ်ဒမီဆုပေါင်း ၂၉ ဆုအထိဆွတ်ခူးရရှိထားပြီးဆန်ကာတင်စာရင်း ၇၁ အခုအထိချိတ်ခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..ဇာတ်လမ်းအစမှာ မစ္စတာအောစကာတစ်ယောက်မိုးလင်းပြီးဆိုတာနဲ့ မစ္စဆီလင်းနဲ့ အတူတူ ထူးဆန်းဖွယ်ချိန်းဆိုမှုကိုးခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြပုံနဲ့စတင်ထားပါတယ် ချိန်းဆိုမှုတစ်ခုဆီမှာ မတူညီနဲ့ဇာတ်ရုပ်တစ်မျိုးစီ မတူညီတဲ့ဘဝတစ်ခုစီကို သရုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီလိုနဲ့ မစ္စဆီလင်းနဲ့ မစ္စတာအောစကာတို့နှစ်ယောက် ဒီထူးဆန်းဖွယ်ချိန်းဆိုမှု ကိုးခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါမ့လား..ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦး...ဒီဇာတ်ကားမှာ မစ္စတာအောစကာအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Denis Lavant ...
movie

Holy Motors (2012)

Gallowwalkers (2012) 5.5
Gallowwalkers (2012)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို၂၀၁၂ကထွက်ရှိခဲ့တဲ့ Gallowwalkers ဆိုတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Andrew Gothရိုက်ကူးပုံဖော်ထားပြီး မင်းသား Welsey Snipes ,Keivin Howarth နဲ့ မင်းသမီး Tanit Phoenixတို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီလမ်းအစမှာလူငါးယောက်ကအမျိုးသမီးတစ်ယောက်ကိုဝိုင်းဝန်းအသုံးတော်ခံနေကြပုံနဲ့ စတင်ထားပါတယ်..ဒီလိုနဲ့အချိန်ငါးနှစ်ကြာပြီးသွားတဲ့အချိန်မှာတော့အဲ့လူတွေအကုန်လုံးက အာမန်လို့ခေါ်တဲ့ ထူးဆန်းတဲ့သေနတ်သမားတစ်ယောက်ရဲ့ အမဲလိုက်သတ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ် အကြောင်းကတော့ ဒီလူတွေဝိုင်းဝန်းအသုံးတော်ခံခဲ့ကြတဲ့ မိန်းမလှလေးက အာမန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက် အသက်တမျှချစ်ခင်မြတ်နိုးရတဲ့ကောင်မလေးဖြစ်နေလို့ပါ ပဲ ဒီလိုနဲ့ထူးဆန်းစွာပဲတစ်နေ့မှာတော့ ဒီလူငါးယောက်က ငရဲကနေအာမန်ကိုလက်စားချေဖို့ တစ်ဖန်ပြန်လည် နိုးထလာပါတော့တယ် ဒီအချိန်မှာတော့ အာမန်တစ်ယောက်ငရဲကနေပြန်လည်နိုးထလာတဲ့ ဒီမကောင်းဆိုးဝါး ငါးယောက်ကိုပြန်လည်ရင်ဆိုင်ရှင်းပစ်ကြိုးစားပါတော့တယ်အာမန်ကိုယ်တိုင်ကလည်း သေခြင်းတရားကိုဘယ်လိုကျော်လွှားလာခဲ့ရတာလဲ သူ့ကရော ဘယ်သူတွေရဲ့သားဖြစ်မလဲ...ကောင်မလေးနဲ့ကော ဘယ်လိုတွေ့ဆုံခဲ့တာလဲသူ့ရဲ့ဘဝကကော ဘယ်လိုတွေ ရင်နာဖွယ်ကောင်းခဲ့လဲအာမန်ကိုပြန်ပြီးလက်စားချေဖို့ နိုးထလာတဲ့ဒီမကောင်းဆိုးဝါးငါးကောင်ကို ရင်ဆိုင်ဖို့ ကြိုးစားရမှာဘယ်လိုတွေကြုံတွေ့ရင်ဆိုင်ရမလဲ အာမန်တစ်ယောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်လိုက်ပါစီးမျော ကြည့်ရှုလိုက်ပါဦးဒီဇာတ်ကားက Action, Adventure, Fantasy,Horror, Thriller & Western အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.94GB ...
movie

Gallowwalkers (2012)

Sianviathan ( 2024 ) 5.7
Sianviathan ( 2024 ) စွေ့မင်းဆက်ခေတ် မော့နှစ်မှာ စစ်ပွဲတွေအဆက်မပြတ်ဖြစ်ပြီး လောကကြီးတစ်ခုလုံး ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်ကုန်ကြပါတယ် ။ အဲဒီအချိန်မှာပဲ ကောလဟာလတစ်ခုကပြည်သူတွေကြားထဲမှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါတယ် ။ အဲဒီကောလဟာကတော့ မြောက်ပိုင်းမဟာတံတိုင်းကြီးရဲ့ အောက်ခြေမှာ နတ်သစ်ပင်တစ်ပင်နဲ့နတ်ဓားတစ်လက်ပေါ်လာတယ်ဆိုတာပဲဖြစ်ပါတယ် ။လူတွေကိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာစေတာက အဲဒီနတ်ဓားကို ပိုင်ဆိုင်ခွင့်ရတဲ့ဘယ်သူမဆို မိမိရဲ့အလိုဆန္ဒတွေ ပြည့်သွားတတ်တယ်ဆိုတဲ့သတင်းကြောင့်ပါပဲ ။ အဲဒီသတင်းပြန့်သွားပြီးနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်က အဆင့်မြင့်သိုင်းသမားတွေက အဲဒီဓားကိုလုဖို့လာကြပါတော့တယ် ။အဲဒီသိုင်းသမားတွေထဲ ဘယ်သူကနတ်ဓားကိုပိုင်ဆိုင်သွားမလဲ ? နတ်ဓားနဲ့နတ်သစ်ပင်ရဲ့ဇစ်မြစ်ကရော ထင်ထားသလိုမျိုး ရိုးရှင်းမှုရှိပါ့မလား ။ နတ်သစ်ပင်ကိုစောင့်ရှောက်တဲ့နတ်သားရဲကြီးကရော နတ်ဓားကိုလွယ်လင့်တကူ‌ယူခွင့်ပေးပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : History , Action , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Sianviathan ( 2024 )

A Chinese Ghost Story 3 ( 1991 ) 6.7
A Chinese Ghost Story 3 ( 1991 ) Chinese Ghost Story Trilogy အတွက် နောက်ဆုံးကားဖြစ်ပါတယ် သုံးကားလုံးကို ဒီလင့်မှာရှာနိုင်ပါတယ်A Chinese Ghost Story 1 မှာတုန်းက အထိနာခဲ့တဲ့ နှစ်တစ်ထောင်သစ်ပင်မိစ္ဆာကြီး ပြန်အားပြည့်လာပြီးတော့ လန်လော့ဘုရားကျောင်းမှာ အရင်လိုပဲ တစ္ဆေမလေးတွေကိုအသုံးချပြီး ထကြွသောင်းကျန်းနေပါပြီ။ အဲဒီအချိန်မှာ ရွှေဆင်းတုတော်ကိုသယ်လာတဲ့ ဘုန်းတော်ကြီးတို့ဆရာတပည့်နှစ်ယောက်က လူတွေရဲ့ရန်ကနေရှောင်ဖို့အတွက်တစ္ဆေခြောက်တာ အရမ်းကြမ်းတယ်လို့နာမည်ကြီးတဲ့ လန်လော့ဘုရားကျောင်းမှာ တည်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ တစ္ဆေမလေးနဲ့ ကိုရင်လေးရဲ့အချစ်ဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဘဝခြားတဲ့သူတို့ရဲ့အချစ်မှာ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ပြီးတော့ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေးတွေစွက်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ A Chinese Ghost Story 1 က တစ္ဆေမလေးနဲ့ မင်းသမီးအတူတူပဲဆိုပေမယ့် ဇာတ်ရုပ်ချင်းမတူပါဘူး။ ကိုရင်လေးနေရာမှာတော့ Tony Leung သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

A Chinese Ghost Story 3 ( 1991 )

1991
Above the Shadows (2019) 6.1
Above the Shadows (2019)  Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုကအလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့ကအကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်...ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာသူမဟာကိုယ်ပျောက်သွားတာပါ..ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်..Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ... File size…1.6GB / 754MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre …..Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Above the Shadows (2019)

A Chinese Ghost Story 2 ( 1990 ) 7.0
A Chinese Ghost Story 2 ( 1990 ) A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်..စုစုပေါင်းသုံးကားတိတိရှိပြီး ဒီလင့်မှာ သုံးကားလုံးကိုရှာနိုင်ပါတယ်နင့်ချိုင်ချန်ရဲ့ ချစ်သူတစ္ဆေမလေး နင့်ချိုင်ချန်တစ်ယောက် နောက်ဘဝကို ကူးသွားပြီးတဲ့နောက်မှာတော့  နှစ်အနည်းငယ် အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်..အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ် တာဝန်ယူရတဲ့နင့်ချိုင်ချန်တစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာ အားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ.. မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေ ပေါများလှတဲ့ နယ်မြေတစ်ခုမှာ နင့်ချိုင်ချန်တစ်ယောက် ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ. ပြီးတော့ နင့်ချိုင်ချန်နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

A Chinese Ghost Story 2 ( 1990 )

1990