Channel Myanmar

Fantasy

The Princess Bride (1987) 8.1
The Princess Bride (1987) IMDb- 8.1 Genre- Fantasy/ Romance အချစ်​ရိုမက်​တစ်​ကားကောင်းလေးတွေကိုကြိုက်​တတ်​တဲ့သူများတွက်​ ကားကောင်းလေးတကားနဲ့မိတ်​ဆက်​ပေးလိုက်​ပါတယ်​။ ကားနာမည်​လေးကတော့ The Princess Bride လို့ အမည်​ရတဲ့နာမည်​ကြီးကားလေးပဲဖြစ်​ပါတယ်​။ ဒီကားဟာ 1987 ခုနှစ်​ကထွက်​ရှိခဲ့တာဖြစ်​လို့ ကြာညောင်းလှပြီးလို့ထင်​ရပေမဲ့လည်း အခုထိတိုင်​ကြည့်​ရှုသူတွေကို ဖမ်းစားနိုင်​ဆဲပါပဲ။ Rating ကောင်းရတဲ့အချက်​တချက်​ကတော့ ဒီကားကို နာမည်​ကြီးအမေရိကန်​ဇာတ်​ညွှန်းရေးဆရာလည်းဖြစ်​ စာရေးဆရာလည်းဖြစ်​တဲ William Goldman ရဲ့ဝတ္တုဖြစ်​တဲ့ " The Pricess Bride" ကိုအခြေခံပြီးတော့ ရိုက်​ကူးထားခြင်းကပဲ ဒီကားကိုနာမည်​ပိုကြီးစေခဲ့ပါတယ်​။ ဇာတ်​လမ်းအညွှန်း ဇာတ်လမ်းလေးကတော့ အလွန်​ချောမောလှပတဲ့ကောင်​မလေး တယောက်​နဲ့ သူမရဲ့ချစ်​သူကောင်​လေးတို့စစ်​ပွဲတွေကြားမှာ ဘယ်​လိုသူတို့ရဲ့အချစ်​ကိုပြသခဲ့ကြခဲ့ပီးတော့ စစ်​ဖြစ်​နေတဲ့တိုင်းပြည်​တွေကိုပြန်​လည်​ပေါင်းစည်းအောင်​ လုပ်​ဆောင်​ခဲ့ကြပုံကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​ ......... ဒီကားလေးဟာ ဝင်​ငွေကောင်းခဲ့တဲ့ကားလေးတကားဖြစ်​ပီးတော့ အချစ်​စစ်​အချစ်​မှန်​အကြောင်းရိုက်​ကူးထားတာဖြစ်​လို့ ကြည့်​ရှု့သင့်​တဲ့ကားတကားဖြစ်​ပါကြောင်း.............. အညွှန်းကို Jake က ရေးပေးထားပြီး Nay Chi က ဘာသာပြန်ပေးထားပါတယ်
movie


1987
Border (2018) 7.2
Border (2018) ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့Rating 7.2 ရရှိထားပြီးအော်စကာဆန်ခါတင်ခဲ့ပြီးတစ်ခြားဆုတွေလည်းရရှိထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဆွီဒင်စကားပြော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကိုအနည်းငယ် မိတ်ဆက်ပေးရရင်တော့တင်နာ ဆိုတဲ့မိန်းမကြီးဟာ အကောက်ခွန်မှာအလုပ်လုပ်တဲ့သူတစ်ဦးဖြစ်ပါတယ်။သူဟာကြောက်မက်ဖွယ်ကောင်းတဲ့ရုပ်ရည်ရှိပါတယ်ဒါပေမဲ့ သူဟာဆိုရင်အရမ်းကိုထူးချွန်ပြီးတော့တစ်ခြားသူတွေပစ္စည်းတစ်ခုခုကို လျှို့ဝှက်ယူလာတာနဲ့အနံ့ရတယ်လို့လည်းဆိုပါတယ်။တစ်ကယ်လည်း အဲ့လိုပါပဲပစ္စည်းတွေအကောက်ခွန်မသိအောင် ခိုးသယ်ကြပေမဲ့တင်နာကတော့ အနံ့ခံမိနေဆဲပါ။သူမကတော့ သူမဟာဆိုရင်လူတွေရဲ့ လောဘ ဒေါသတွေမလုံမလဲဖြစ်တဲ့ စိတ်ခံစားချက်တွေဟာ ထူးဆန်းတဲ့အနံ့တစ်မျိုးအဖြစ်သူမအနံ့ခံမိတာဖြစ်တယ်လို့ပြောပါတယ်။ဒီလိုနဲ့တစ်ရက်မှာ လူတစ်ယောက်ဆီကနေခလေးသူငယ်ညစ်ညမ်းကားတွေနဲ့ပြည့်နေတဲ့ မန်မိုရီကတ်ကို ဖမ်းဆီးမိပါတယ်အဲ့ကနေတစ်ဆင့်သူ့ရဲ့အနံ့ခံနိုင်စွမ်းနဲ့ မူလရိုက်ကူးသူတွေကို ဖမ်းဆီးဖို့ ကူညီရပါတော့တယ်။တစ်ဖက်မှာလည်း နောက်ထပ်ထူးဆန်းတဲ့ခရီးသည် တစ်ဦးနဲ့ ကြုံတွေ့ရပါတယ်။အဲ့ဒီ့ခရီးသည်ဟာလည်း သူမလိုရုပ်ရည်မျိုး ရှိတဲ့အပြင်ထူးထူးဆန်းဆန်းအပြုမှုတွေလည်းပြုမှုတက်ပါတယ်။အဲ့ခရီးသည်နဲ့ ရင်းနှီးသွားတဲ့အချိန်မှာတော့ သူ့ဘ၀တစ်ခုလုံးကို ပြောင်းပြန်ဖြစ်စေမဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးတစ်ခုကိုသိခဲ့ရပါတယ်။သူ့ဘ၀တစ်လျှောက်လုံး သူ့မိဘတွေကလိမ်ညာလာခဲ့တဲ့ လျှို့ဝှက်ချက်ပေါ့။အဲ့ဒါကြောင့်ပဲ သူမမှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိနေတာပါတဲ့။ဒါဆိုအဲ့လျှို့ဝှက်ချက်ကဘာလဲ ..... ?သူမဘာကြောင့်ဒီလိုစွမ်းရည်တွေရှိနေရတာလဲ ...
movie

Border (2018)

2018
Il Mare (2000) 7.7
Il Mare (2000) Il Mare (2000)့" ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ "—————Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။" ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ "December 21, 1999 'Il Mare' မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက် Kim Eun Joo( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါသေးတယ် ဒါပေမဲ့မရဘူး ၊ ရှင်သိပ်မကြာခင် ...
movie

Il Mare (2000)

2000
Dragon Ball Super: Broly (2019) 9.2
Dragon Ball Super: Broly (2019) Dragon ball ဆိုတာ အောင်​မြင်​ကျော်​ကြားပြီး ပရိသတ်​အများအပြားရရှိထားတဲ့animation ကားလေးတွေပါ၂၀၁၈ခုနှစ်​မှာတော့ Rating 8.3 အဆင့်ရှိတဲ့Dragon ball animation မှနောက်​ဆုံးသောLegendary super saiyan တစ်​ယောက်​ကို မိတ်​ဆက်​ပေးလိုက်​ပါတယ်​ဇာတ်​ကားနာမည်​ကိုက Dragon Ball Super:Broly ပါဒီဇာတ်​ကားနာမည်​အတိုင်​းပဲ Broly ဟာ တိုက်​ခိုက်​ရေးမှာတော်​တော်​ကြမ်​းပြီးမွေးကတည်​းက unlimited battle power နဲ့မွေးဖွားခဲ့တဲ့ Saiyan တစ်​ယောက်​ပါသူ့လို စွမ်​းအားကြီးတဲ့ Saiyan တစ်​ယောက်​ကဘာကြောင်​့အခုမှပေါ်လာတာလဲ ဆိုတာကိုတော့ ဇာတ်​ကားထဲမှာရှင်​းပြသွားပါတယ်​Broly ကမ္ဘာပေါ်ကို ရောက်​လာခဲ့တာကလည်​း Frieza ဆိုတဲ့ villain နဲ့ပေါင်​းပြီးvegeta ဆီကိုလက်​စားချေဖို့ရောက်​လာခဲ့တာပါ ပြီးတော့Goku နဲ့ Vegeta တို့ရဲ့battle power ဟာ ထိပ်​တန်​းမှာရှိနေတဲ့သူတွေပါဒါပေမယ်​့ သူတို့တောင်​ ခက်​ခက်​ခဲခဲတိုက်​ခိုက်​ခဲ့ရပါတယ်​တိုက်​ခိုက်​ရေးမှာ အကြမ်​းဆုံးဆိုတဲ့ Beerus ထက်​ပိုကြမ်​းသလား ဆိုတာကတော့မြုပ်​ကွက်​အနေနဲ့တမင်​သက်​သက်​ကြီးကို ချန်​ထားခဲ့တယ်​Dragon ball ဆိုရင်​ Goku ကိုပဲပြေးမြင်​မိမှာပါဒီဇာတ်​ကားထဲမှာတော့ Goku ...
movie

Dragon Ball Super: Broly (2019)

2018
Midnight in Paris (2011) 7.7
Midnight in Paris (2011)  City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie

Midnight in Paris (2011)

2011
The Legend of Secret Pass (2019) 5.0
The Legend of Secret Pass (2019) ချက်စတာ၊ အိုင်ဝါ၊ ကီကီနဲ့ ရှယ်ဘီတို့ဟာ ဆုံးရှုံးမှုတွေရှိပြီးလမ်းပျောက်နေတဲ့ တိရိစ္ဆာန်ငယ်လေးတွေပါ။သူတို့ဟာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ နာတိုချူးဆိုတဲ့ ဒဏ္ဍရီလာနေရာတစ်ခုကိုသွားရောက်ဖို့ကြိုးစားကြတဲ့အချိန်မှာ ဘယ်လိုခက်ခဲမှုတွေ တွေ့ကြုံရတယ်၊ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရပြီးနောက်ဆုံးမှာ သူတို့ကြားဖူးတဲ့ နာတိုချူးဆိုတဲ့နေရာက တကယ်ပဲရှိတာလား၊သူတို့ရောက်သွားနိုင်မလားဆိုတာကို The Legend of the Secre Pass ဆိုတဲ့ကာတွန်းကားလေးမှာ ကြည့်ရှုလိုက်ကြပါဦး။စကားမစပ် ကာတွန်းကားတွေရဲ့ထုံစံအတိုင်း ချစ်ဖို့ကောင်းတဲ့တိရိစ္ဆာန်လေးတစ်ကောင်အမြဲပါသလို အခုဇာတ်ကားမှာလည်းချစ်စရာပုတ်သင်ညိုလေးတစ်ကောင်ကို မြင်တွေ့ကြရမှာနော်။အားပေးကြပါဦးနော်။File Size : ( 859 MB) & ( 245 MB)Quality : Web-DL 720pRunning Time :1 hr 32 minFormat : Mp4Genre : Animation , Family , FantasySubtitle : Myanmar Subtitle (Hard Sub)Translated by Tar ...
movie

The Legend of Secret Pass (2019)

2019
Color Me True(2018) 7.2
Color Me True(2018) Color Me True(2018)IMDb....7.2ဂျပန်ရုပ်ရှင်တွေတော်တော်များများဟာ ဆုတွေလည်း တသီကြီးရ မှတ်တမ်းကောင်းများစွာလည်း စိုက်ထူထားခဲ့ပေမယ့်ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဂျပန်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့ ပရိသတ်က အခြားရုပ်ရှင်များထက်စာလျှင်အတော်ပင်နည်းပါတယ်.......သို့ပေမယ့် သူတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းက မနိမ့်ကျကြောင်းကို သက်သေပြလို့ရတဲ့ကားပေါင်းများစွာရှိပါတယ်.. ကျွန်တော့်အထင်ပြောရရင် ဂျပန်ရုပ်ရှင်တွေဟာ တခြားရုပ်ရှင်ကားများထက်စာရင်ဖျော်ဖြေရေးသိပ်မဆန်ဘူးဟုသာပြောချင်ပါသည်...ယ္ခု Color Me True(2018)ကျတော့ တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကိုမပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်...ဇာတ်လမ်းအမျိုးအစားကလည်း  Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ...ဇာတ်လမ်းအကြောင်းကိုသွားလိုက်ရအောင်....ကောင်လေးတစ်ယောက်ရှိတယ်...သူက လက်​​ထောက်​ဒါရိုက်​တာတစ်ယောက် ....လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး ....ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့... ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်...အဲ့ဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်ထဲ ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမဲခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ... သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ... သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်...တစ်ယောက်ထဲ ရုပ်ရှင်ရုံမှာ အဖြူအမဲခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့... တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့သတင်းတစ်ခုကြားလိုက်ရတယ်.. အဲ့ဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ....နောက်ဆုံးအနေနဲ့  သူတစ်ယောက်ထဲ မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့... အဲ့ဒီအချိန်မှာပဲ မီးတွေပြတ်ပြီးရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်... မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်.... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... စကားမစပ် ဂျပန်မင်းသမီးက နင်းကန် လှလွန်းတယ်....File Size ...
movie

Color Me True(2018)

2018
Anna and the Apocalypse (2017) 6.6
Anna and the Apocalypse (2017) အခု မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ထားတဲ့ Anna and the Apocalypse ဆိုတဲ့ ဇွန်ဘီ comedy ဇာတ်ကားလေးပါJohn Mcphail က ရိုက်ကူးထားပြီး IMDB 6.4 ထိ ရထားတဲ့ ဇာတ်ကားလေးပါအန်နာဆိုတဲ့ ကောင်မလေးရယ် ဂျွန်ဆိုတဲ့ကောင်လေးရယ်က အချစ်ဆုံးသူငယ်ချင်းတွေပါကျောင်းပြီးရင် ဂျွန်က အနုပညာတက္ကသိုလ်တက်မယ် အန်နာကတော့ ခရီးထွက်မယ်ဆိုပြီး ကိုယ်စီ စိတ်ကူးယဉ်အိပ်မက်လေးတွေနဲ့ ပျော်ရွှင်စရာမြို့လေးမှာ နေထိုင်ကြပါတယ်တစ်နှစ်တော့ ခရစ်စမတ်ချိန်မှာတော့ ခါတိုင်းနှစ်နဲ့ မတူဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်အဲဒါကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် မြို့ထဲက လူတွေဟာ ဇွန်ဘီတွေ ဖြစ်ကုန်ပြီး သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရတာပါသူတို့သူငယ်ချင်းတွေဟာ မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေကြပြီး သူတို့ချစ်ရတဲ့ မိဘတွေ မိသားစုတွေရှိတဲ့ဆီကို ရောက်ဖို့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ ဇွန်ဘီတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ကြတာလေးတွေကို ...
movie


2017
The Man from Earth (2007) 7.9
The Man from Earth (2007) The Man from Earth (2007)_______IMDb - 7.9/10   ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ John Oldmanလို့ခေါ်တဲ့ ပါမောက္ခတစ်ယောက်... ကျောက်ခေတ်ဦးကနေ ယနေ့ခေတ်ထိ နှစ်တွေသန်းနဲ့ချီရှင်သန်နေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက ကျောက်လက်နက်တွေနဲ့ အမဲလိုက်ဖူးတဲ့ လူ.... သူက ဗုဒ္ဓနဲ့ တွေ့ဖူးတဲ့လူ.... သူကိုယ်တိုင်ကို ယေရှု့လို့သတ်မှတ်ခံရဖူးခဲ့တဲ့လူ ဗင်းဆင့်ဗန်ဂိုးရဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့လူ.... ပညာရပ်အဖုံဖုံရဲ့ ပါမောက္ခဖြစ်ဖူးတဲ့လူ... သူချစ်တဲ့လူတွေရဲ့ သေဆုံးခြင်းကို ရင်နင့်ကြေကွဲဖူးတဲ့လူ... သမိုင်းဖြတ်သန်းမှု အဆက်ဆက်ထဲမှာ စီးမျောဖူးတဲ့လူ..။ ဒီရုပ်ရှင်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာပါ။ မှန်သည်မှားသည်ကတော့ ကိုယ်တိုင်ပဲချင့်ချိန်ကြပါ။ ဒီဇာတ်လမ်းဟာ သူ အလုပ်ထွက်ပြီး ထွက်သွားမဲ့အချိန်မှာ သူငယ်ချင်း ပါမောက္ခတွေနဲ့ အနုပညာ ချစ်ခြင်းမေတ္တာ ရှင်သန်ရပ်တည်မှု ဘာသာရေးစသဖြင့် အကြောင်းအရာအစုံကို ဆွေးနွေးခဲ့ကြတဲ့ ညတစ်ညအကြောင်းပါပဲ....။လူူသားတစ်ယောက်ဟာ သက်တမ်းအနေနဲ့ သက္ကရာဇ်တွေ ဘယ်ရွေ့ဘယ်မျှပဲရရ ဒီကမ္ဘာပေါ်က မြေမှုန်တစ်ပွင့်ထက် မပိုခဲ့ပါဘူး။သူ့ အသက် ၁၄၀၀၀ နဲ့တောင်မှပဲပေါ့... အသိတရားတွေလည်း အများကြီး မရခဲ့ပါဘူး။"ဒုက္ခနဲ့တစ်ခါ ရင်ဆိုင်တွေ့တိုင်း ချစ်သူ လက်ကလေး တစ်ခါကိုင်ချင်တယ်"ဆိုတဲ့ အိုမာခယမ် ကဗျာကလေးလို လူတွေမှာတွယ်တာရာ ရည်ရွယ်ရာတွေနဲ့ လောကဓံတွေကို ရင်ဆိုင်နေကြရတာ များပါတယ်။ အချိန်တွေ အကြာကြီး ရှင်သန်ရင်း... ဆုံးရှုံးခဲ့ရတာတွေသိပ်များလာတဲ့အခါမှာ "ဆုံးရှုုံးကြရမဲ့အတူတူတော့ ဘာတွေကိုများ အများကြီး ဆုပ်ကိုင်ထားကြဦးမလဲ" တွေးမိကြမှာပေမဲ့ တက်နိုင်သရွေ့တော့ တွယ်ညှိနေကြဦးမှာပါ လူတွေဟာ အမှန်တရားထက်ပိုပြီး ...
movie

The Man from Earth (2007)

2007
The Stolen Princess: Ruslan and Ludmila (2018) 6.3
The Stolen Princess: Ruslan and Ludmila (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Stolen Princess" ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်..Animation movie နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ရတန်မယ့်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်အညွှန်း-ပုံပြင်လေးတစ်ပုဒ်ရှိသတဲ့ ပုံပြင်လေးကတော့...ကြက်သွေးရောင် နေဝင်ချိန်ရောက်တိုင်း အချစ်စစ်နဲ့ ချစ်မိသွားတဲ့မင်းသမီးတိုင်းကို ချယ်နမောဆိုတဲ့ မှော်ဆရာက ဖမ်းလေ့ရှိပါတယ်..ချစ်မိသွားတဲ့ မင်းသမီးရဲ့အချစ်စစ် စွမ်းအားနဲ့ သူ့မှော်အစွမ်းတွေကို ပြန်ဖြည့်သတဲ့...ဒီပုံပြင်ကတော့ ရူစလန်ဆိုတဲ့ ဇာတ်မင်းသားလေး ပြန်ကပြတဲ့ ပုံပြင်ပြဇာတ်ပါ...ရူစလန်ဟာ အဖေဖြစ်သူရဲ့ ဇာတ်မင်းသားအမွေကို ဆက်ခံခဲ့ရပေမဲ့သူက တိုင်းပြည်ရဲ့ သူရဲကောင်းဖြစ်ချင်သူပါ...မီလာဆိုတာကတော့ ရူစလန်နေထိုင်တဲ့ တိုင်းပြည်ရဲ့ မင်းသမီးပါ...ဖခင်ဖြစ်သူ ဘုရင်ကြီးက မီလာကို အိမ်ထောင်ချပေးချင်ပါတယ်...မီလာကလည်း စွန့်စားချင်သူ..အိမ်ထောင်ပြုချင်သူမဟုတ်...ဒီလိုနဲ့ မီလာဟာ နန်းတော်ကနေ ထွက်ပြေးခဲ့ပါတယ်...လမ်းတစ်နေရာမှာ ရူစလန်နဲ့ ဆုံမိလေရဲ့... ရူစလန်က မီလာကို မင်းသမီးမှန်း မသိပါဘူး...ဒုက္ခရောက်နေတဲ့ မီလာကို ကူညီရင်း ရူစလန်နဲ့ မီလာ မေတ္တာမျှခဲ့ကြပါတယ်....ဒီအချိန်မှာပဲ ပုံပြင်တစ်ပုဒ်လို့ ယုံကြည်ထားကြတဲ့ ချယ်နမောထွက်ပေါ်လာခဲ့ပြီးမီလာကို ဖမ်းခေါ်သွားပါတော့တယ်ရူစလန်ဟာ မီလာကိုကယ်ဖို့ ပြန်လမ်းမရှိတဲ့ ...
movie

The Stolen Princess: Ruslan and Ludmila (2018)

2018
The Nutcracker and the Four Realms (2018) 5.6
The Nutcracker and the Four Realms (2018) ခရစ္စမတ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကလေးလေးအရွယ်ကတည်းက အသိ သညာတွေရှိခဲ့ဖူးတယ် အမှတ်တရတွေမှ လဲ အများကြီးပဲ ခရစ္စမတ်ကာရိုးသီချင်း လေးတွေနားထောင်ပြီး ကြက်ဆင်သားနဲ့ ပူတင်းပူပူလေးတွေ စားသောက်ကြတဲ့ ပျော်ပွဲရွှင်ပွဲတွေအကြောင်းဖတ်ဖူးကြမှာပါ ဒီ The Nutcracker and the four realms ဆိုတဲ့ကားလေးမှာ လဲ ခရစ္စမတ်ရဲ့ မရိုးအီနိုင် တဲ့ခံစားမှုအငွေ့အသက်လေးတွေတွေ့မြင် ခံစားရဦးမှာပါ ဘာလို့ဆို ဇာတ်လမ်းကို ခရစ္စမတ်အကြိုညလေးနဲ့စတည်ထားတာကိုး plot အပိုင်းပြောရမယ်ဆိုရင် ကလာရာဆိုတဲ့ ကောင်မလေးမှာ သူ့အမေဆီကအမွေရထား တဲ့ တီထွင်ညာဏ်ရည်ထူးချွန်တဲ့အရည်ချင်း ပါလာတယ် မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူဇနီးမရှိပဲ ထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာတို့အဖေ ကတော့ နှစ်တိုင်းခရစ္စမတ်ရောက်တာနဲ့ အတိတ်ဟောင်းတွေတူးဆွပြီး လွမ်းမော တသဖြစ်နေတတ်တယ် သူမှမဟုတ်ပါဘူး ကျန်တဲ့မွေးချင်းတွေနဲ့ လုံးဝမတူကွဲထွက် နေတဲ့ ကလာရာလေးလဲထပ်တူထပ်မျှပါပဲ ဒီလိုနဲ့ အမေ့ဆီကလက်ဆောင်တွေဆိုပြီး ခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ ခလောက်လေးပါတဲ့ ဥလေးတစ်လုံး ကလာရာ ရလိုက်ခဲ့တယ် ဒါပေမယ့် လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ပါမလာ ခဲ့ဘူး အဲ့သော့ရဲ့အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီး ဒရော်ဆယ်မာယာ ဆီကရပြီး အခြားကမ္ဘာတစ်ခုရောက်ဖို့ အ ကြောင်းဖန်လာတဲ့ အခါ ဒီ movie လေးရဲ့ genre ကတော့ fantasy အမျိုးစားဆိုတဲ့အတိုင်း visual effect ...
movie


2018
Batman Forever (1995) 5.4
Batman Forever (1995)  ကျွန်တော်က Bruce Wayneပါ။ ဂေါ်သမ်ရဲ့ သူဋ္ဌေးသားလေး တစ်ယောက်ပေါ့။ ဂေါ်သမ်မြို့ရဲ့ သန်းခေါင်ယံမှာ ပျံသန်းနေတတ်တဲ့ လင်းနို့တစ်ကောင်လည်း ဟုတ်တယ်။ ဒါလည်း ဘောစိမို့ ပျံနိုင်တာပါ။ ဝတ်စုံတွေက ဈေးကြီးတယ်ဗျ။ တစ်ချို့နေ့တွေမှာ ဆင်းရဲသားတွေလို စက်ဘီးပေါ်မဟုတ်ပဲ ဈေးကြီးပေးဝယ်လို့တောင်မရတဲ့ BatMobile ပေါ် ကြေကွဲနေခဲ့တယ်။ သေလွန်ခဲ့ပြီးသော မိဘတွေအကြောင်းကို ဆွေးရင်းပေါ့။ ကျွန်တော့် အတိတ်ကို ကျွန်တော် ခြေရာကောက်ကြည့်တယ်။ ကျွန်တော် လက်စားချေချင်စိတ်ကို အစပြုပြီး ကျွန်တော်ရဲ့ Batman ဖြစ်တည်မှုက အစပြုခဲ့တယ်။ ကျွန်တော်လည်း လူသားပဲလေ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ လူတွေကို ဘယ်ရွေ့ ဘယ်မျှအထိ ကယ်မနေရဦးမလဲ။ ကျွန်တော်လည်း မယားတရူးချင်သေးတယ်လေ။ မိန်းမတစ်ယောက်နဲ့ ဇိမ်လေးနဲ့ နှပ်... ဘော်ကြော့နေနေကြည့်ချင်သေးတယ်။ အတိတ်ဆိုတာ ပလိပ်(Police)လိုပါပဲ..လုပ်ဖူးတဲ့မကောင်းမှုတွေဆိုတာ ထပ်ကြပ်မကွာလိုက်လာတတ်တယ်။ ကျွန်တော် ကိုယ့်နေရာကိုယ်မနေပဲ ရန်သွားစထားခဲ့တဲ့ လူဆိုးတွေဟာ ကျွန်တော် အေးဆေးမနေရအောင် လုပ်ပြန်တယ်။ ထားပါ ထားပါ..ဇာတ်သိမ်းကိုခင်ဗျားတို့သိပါတယ်... အဆုံးမှာတော့ စူပါဟီးရိုးကားပီပီသသ စော်လေးကိုပစ်ပြီး အထီးကျန်ဟီးရိုးကြီးလုပ်ရဦးမှာပဲမလား။ ရုပ်ရှင်ပဲလေ..ကျွန်တော်ကလည်း Mtvရိုက်တဲ့ ဖိုးလပြည့် ပရဟိတလုပ်တဲ့ Bruce ...
movie

Batman Forever (1995)

1995
Exodus: Gods and Kings (2014) 6.0
Exodus: Gods and Kings (2014) Exodus: Gods and Kings (2014)_____IMDb - 6.0/10    ဒီကားလေးကတော့မင်းသား Christian Baleခေါင်းဆောင်ပါဝင်ထားတဲ့ကားလေးပါ ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animationဇတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ် တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါ အရမ်းကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားလို့ပြောလဲမမှားပါဘူး ဇတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရတော့မှာပါ အဲတုန်းကဟီဘရူးလူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ် ဟောစာတမ်းအရ နန်းလုခံရမှာစ်ုးလို့အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ် ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကို ဘယ်လိုကျွန်အဖြစ်ကနေလွတ်မြောက်အောင် လုပ်ဆောင်သွားပေးမလဲဆိုတာကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဒါမပြင် နိုင်ငံတစ်ခုလုံး ကပ်ဘေးကြရောက်တဲ့ကခြေအနေတွေကိုလဲ မြင်တွေ့ရမှာပါ ဘုရင်တစ်ယောက်ရဲ့တိုင်းပြည်အပေါ် အာဏာရှိမှုနဲ့ အီဂျစ် အလေ့အထ သဘောသဘာဝကိုပါ စိတ်ဝင်တစားမြင်တွေ့ရမှာပါ ...  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kaung Myat Thu ပဲဖြစ်ပါတယ်)     File Size : (1.5 GB)  Quality : .1080p.BluRay Running Time : 2h 30min Format : Mp4 Genre :  Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung ...
movie

Exodus: Gods and Kings (2014)

2014
What Lies Beneath (2000) 6.6
What Lies Beneath (2000) ကလဲယာ ဟာ တယောပညာရှင် တစ်ယောက်ဖြစ်သလို အဆိုလဲ ကောင်းသူပါ ပထမ အိမ်ထောင် နဲ့ တုန်းက ခင်ပွန်းဖြစ်သူ မဆုံးပါးခင်ထိ ပျော်ရွှင်စရာ ဘ၀ လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ် ပထမ ခင်ပွန်း ဆုံးပါးပြီးနောက် မျှော်လင့်ချက် မဲ့နေတဲ့ သူ့ ဘ၀ ထဲကို နော်မန် ဆိုတဲ့ သက္ကသိုလ် တစ်ခုက သုတေသန ဆရာ တစ်ယောက် ၀င်လာခဲ့ပါတယ် နော်မန် နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပျော်ရွှင်စရာ ဘ၀ တစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့ရပါတယ် ပထမ ယောင်္ကျားနဲ့ ရခဲ့တဲ့ သမီးလေးကိုလဲ နော်မန် က သူ့သမီးအရင်းလေးလို ချစ်တဲ့သူပါ နော်မန် က ကျောင်းဆရာ ဖြစ်တာနဲ့ အညီ အလုပ်ပြောင်းရင် အိမ်လိုက်ပြောင်းရပါတယ် တစ်နေ့မှာတော့ ကလဲယာ တို့ မိသားစု ဟာ နော်မန် စာသင်ရမယ့် ကျောင်းရှိတဲ့ မြို့လေးကို ရောက်ရှိခဲ့ပြီး နော်မန် ရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ အိမ်ကြီး တစ်ခုကို ပြန်လည်ပြုပြင်ပြီး နေထိုင်ခဲ့ပါတယ်... အိမ်ကြီးရဲ့ နောက်ဖက်မှာလဲ မြစ်ကမ်းစပ်ကြီး က ကပ်လို့ပေါ့ နေချင်စရာ အတိပြီးတဲ့ အိမ်ကြီးပါပဲ... ဒါပေမဲ့ ကလဲယာ အတွက် အလုပ်ပိုတွေ ရှိလာပါတယ် ဘေးအိမ်က လင်မယားက အမြဲလိုလို ရန်ဖြစ်တာကို စပ်စုနေတက်ခဲ့ပါတယ်... တစ်ခါတစ်လေ အားလုံး အလုပ်သွား ကျောင်းသွားတဲ့အခါ သူ တစ်ယောက်ထဲ ...
movie

What Lies Beneath (2000)

2000
The Mermaid: Lake of the Dead (2018) 4.0
The Mermaid: Lake of the Dead (2018) ဒီဇတ်ကားလေးက Queen of the spades နဲ့ Bride တို့ရဲ့ ဒါရိုက်တာ(ကြောက်လန့်စရာဇတ်ကားတွေဘဲရိုက်တဲ့ ရုရှားဒါရိုက်တာ) ရိုက်ကူးထားတဲ့တတိယံမိ ဇတ်ကားကောင်းတစ်ကားလေးဘဲဖြစ်ပါတယ်။ ရှေ့ကထွက်ထားတဲ့ဇတ်ကားတွေနည်းတူ ခြောက်လန့်မှုတွေ ပဟေဋ္ဌိတွေနဲ့တည်ဆောက်ထားပုံကလည်း ဇတ်ကားရဲ့ ဆွဲဆောင်မှုတစ်ခုဘဲဖြစ်ပါတယ်။ ဒီဇတ်ကားလေးကတော့ ရေကန်ထဲက မိန်းမတစ်ယောက်ဇတ်ကွက်နဲ့အစပျိုးထားပါတယ်။ လူသူမနေတဲ့အိမ်နားကရေကန်ထဲမှာ ရိုးမားတစ်ယောက်ရေသွားကူးရင်းနဲ့ ရေသူမတစ်ယောက်နဲ့ဆုံခဲ့လေတယ်။ အဲ့ချိန်ကစပြီးတော့ရိုးမားတစ်ယောက် ပုံမှန်မဟုတ်တာတွေဖြစ်လာတော့တယ်။ ဒါကိုရိပ်မိတဲ့သတို့သမီးလောင်းက အခြေအနေကိုရိပ်စားမိကာ အဲ့အိမ်အိုနဲ့ ရေကန်ဆီကိုသွားခဲ့တယ်။ ကျိန်စာသင့်နေတဲ့ သတို့သား အတွက် သတို့သမီးက ရေသူမ နဲ့ ဘာတွေ အပေးအယူလုပ်ရမလဲ ဆက်ပြောနေရင်ဇတ်လမ်း ပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ဘဲကြည့်ရှု့ခံစားလိုက်ပါနော်.. သရဲကားကြိုက်တတ်တဲ့ Hardcore ဖန်တွေအတွက်ကတော့ ဒါက ဇတ်လမ်းကောင်း တစ်ခုဖြစ်နေတယ်ဆိုတာကြိုတင်သတင်းကောင်းပါးလိုက်ပါရစေ... ဒီရုပ်ရှင်ကားကို Anny Sharr က ဘာသာပြန်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Mermaid: Lake of the Dead (2018)

2018
Leprechaun Returns (2018) 5.0
Leprechaun Returns (2018) Leprechaun Returns (2018)IMDb - 5.0/10_____Rotten - 44%    ဒီကားကတော့ Laprechaun Horror  ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲ ကားတစ်ကားဖြစ်ပါတယ်.... ဒီကားမှာကတော့ Laprechaun လို့ခေါ်တဲ့ မှင်စာဟာ ပိတ်လှောင်ထားရာကနေ  ပြန်လည်လွတ်မြောက်လာခဲ့ပြီးတော့ လူသားတွေကို သူ့အစွမ်းတွေကိုပိုမိုများပြားလာစေဖို့အတွက် ရွှေတွေကိုရှာခိုင်းပါတယ်... မရှာပေးနိုင်တဲ့လူတွေကိုတော့ သတ်ပစ်ပါတယ်... ထူးခြားတဲ့အချက်က ဒီနတ်ဆိုးမှင်စာကောင်ဟာ လူသတ်ရင်အစွမ်းထက်လာသလို သူရှာခိုင်းထားတဲ့ ရွှေတွေရရင်ပိုပြီးအစွမ်းထက်လာတာပါပဲ... ဒီလိုရက်စက်ဆိုးသွမ်းတဲ့မှင်စာကောင်တစ်ကောင်နဲ့ မိန်းကလေးတွေနဲ့တွေ့ကြတဲ့အခါ သတ်ဖြတ်မှု့တွေအများအပြားက စတင်လို့လာပါတော့တယ်... ဒီဇာတ်ကားရဲ့အညွှန်းကိုဖတ်ကြည့်လိုက်ရအောင်လား.... စိတ်မကျန်းမာတဲ့မိခင် ဆုံးသွားပြီးတဲ့နောက်မှာ မိခင်ရဲ့ နေရပ်မြို့ဆီသို့ လိုင်လာတစ်ယောက် ကျောင်းလာတက်ခဲ့ပါတယ်။ သူမရဲ့မိခင်နေထိုင်သွားခဲ့တဲ့ အိမ်ဟောင်းလေးဟာ အခုတော့ ကောလိပ်ပိုင်ဖြစ်သွားပြီး အဆောင်အနေနဲ့ ဖွင့်ထားခဲ့ပါတယ်။ လိုင်လာ့ကိုလိုက်ပို့ရင်း မိခင်ရဲ့သူငယ်ချင်းဟောင်းဖြစ်သူ အိုဇီကတော့ ဒီအိမ်ရဲ့နောက်ကြောင်းဖြစ်ရပ်တွေကို သိပေမယ့် အားလုံးပြီးစီးသွားခဲ့ပြီလို့ ယူဆတာကြောင့် ဘာမှမပြောခဲ့ပါဘူး။ ဒါပေမယ့် ကံဆိုးစွာနဲ့ တစ်ကျော့ပြန် နတ်ဆိုးမှင်စာဟာ ပြန်လည်နှိုးထလာတဲ့အခါမှာတော့ ... လိုင်လာတို့သူငယ်ချင်းတွေ ဘယ်လိုအရာတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး...     File Size : (871 MB) Quality : WebDL 720p Running Time :1hr 26min Format : Mp4 Genre : Comedy , Fantasy , Horror Subtitle : Myanmar Subtitle (Hard ...
movie

Leprechaun Returns (2018)

2018
The House with a Clock in Its Walls (2018) 6.0

The House with a Clock in Its Walls (2018)

2018
Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie

Big Fish (2003)

2003
Mowgli: Legend of the Jungle (2018) 6.5
Mowgli: Legend of the Jungle (2018) 1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ် ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက် Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ် Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ် ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့ နည်းနည်းပြောင်းလဲသွားတာရှိတယ် အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ် ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ် ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်.... ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်... ဒီလိုနဲ့ Mowgli  အရွယ်ရောက်လာတဲ့အခါ သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်... သူ့မေးခွန်းတွေကို ...
movie

Mowgli: Legend of the Jungle (2018)

2019