Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fantasy
7.7
Harmony (2019)
စကြာဝဠာကြီးထဲမှာ စိတ်ခံစားချက်နှစ်ခုပဲရှိတယ်အဲ့ဒါကတော့ ချစ်စိတ်နဲ့ ကြောက်စိတ်တဲ့ အဲ့ဒီခံစားချက်၂ခုဟာ သိပ်ကို ပြင်းထန်လွန်းတဲ့အတွက် အရာရာတိုင်းကို ချည်နှောင်ထားတယ်တဲ့ဟာမိုနီလို့ခေါ်တဲ့ ကောင်မလေးဟာ မွေးကတည်းက သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အပျက်တရားဖြစ်တဲ့ ကြောက်ရွံခြင်းစိတ်ကို ခံစားသိရှိသူတစ်ဦးပါ။ဒါ့အပြင် သူထိလိုက်တဲ့လူရဲ့ ကြောက်ရွံခြင်းစိတ်ကို စုပ်ယူနိုင်စွမ်းလဲရှိပါတယ်။သူဟာ ဒုက္ခရောက်နေသူတွေဆီက ကြောက်ရွံခြင်းစိတ်ကို စုပ်ယူပြီး ကူညီပေးနေသူတစ်ဦးဖြစ်ပါတယ်။တစ်နေ့ ဟာမိုနီ ဟာ ကိုယ့်ကိုယ်ကို သတ်သေတော့မယ်အမျိုးသမီးကို ကူညီပေးရင်း အဲ့ဒီအမျိုးသမီးက ဟာမိုနီကို အရမ်းခင်မင်သွားပါတော့တယ်။အဲ့ဒါကပဲ ဟာမိုနီ ဆိုတဲ့ ကောင်မလေးနဲ့ မေဆင် ဆိုတဲ့ကောင်လေးတို့ တွေ့ဖို့ အကြောင်းဖြစ်လာတော့တာပဲ။မေဆင်ဆိုတဲ့ကောင်လေးကတော့ တစ်ခန်းလွတ်နေတယ်လို့ ပြောရလောက်တဲ့ ခပ်ကြောင်ကြောင်ကောင်လေးပါ။သူ့မှာ အထူးအဆန်းမေးခွန်းတွေ အများကြီးရှိတယ် အချစ်ဆိုတာ ဘာလဲတို့ အချစ်ဆိုတာ ထင်ယောင်ထင်မှားအရာလား ဆိုတဲ့ ဂေါက်တောက်တောက် မေးခွန်းတွေပေါ့။ပါတီပွဲတစ်ခုမှာ ဟာမိုနီ ...
movie
Harmony (2019)
2019
6.1
Casper (1995)
Casper 1995 ဒီဇာတ်ကားလေးကတော့ ကပ်စပါ ဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအကြောင်းကာတွန်းကားကို live-action ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အ ဓိကဇာတ်ဆောင်ဖြစ်တဲ့ ကပ်စပါကို CGI အပြည့်နဲ့ တစ်ကားလုံးသုံးသွားနိုင်တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Budget ၅၅ သန်း အသုံးပြုခဲ့ပြီး ၂၈၇.၉ သန်းပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးက သူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ လူတွေကိုအနှောက်အယှက်ပေးနေတဲ့ တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင် လိုက်လံကူညီပေးနေပါတယ်။ တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ ၀စ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့ သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင် လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ေ ဒါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့ တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလား တစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Jar Jar ဖြစ်ပါတယ်
movie
Casper (1995)
1995
5.3
Little (2019)
ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရတဲ့ ဂျော်ဒန်ဆန်းဒါးစ် ကြီးလာတော့ ဒိတ်ဒိတ်ကျဲလုပ်ငန်းရှင်ကြီးဖြစ်လာပေမယ့်အရာရာကိုဇီဇာကြောင် ကိုယ့်စကားနွားရပြော ဘေးပတ်ဝန်းကျင်ကလူမှန်သမျှကို ပြသနာပတ်ရှာနေတဲ့ လူ့ဂွစာအပျိုကြီးအချစ်ဆိုတာကို အယုံအကြည်မရှိတော့လို့ ရည်းစားထားပေမယ့် အတည်မတွဲချင်သူ...အေပရယ်ဝီလီယမ်ကတော့ သူ့လက်ထောက်..သူခိုင်းသမျှလုပ် သူဆူပူသောင်းကျန်းသမျှခံပြီး အလုပ်ခွင်မှာ တက်လမ်းကိုမြင်နေရပေမယ့် အခွင့်အရေးမရရှာသူ...တစ်စုံတစ်ရာကြောင့် တစ်နေ့မှာတော့ ဂျော်ဒန်တစ်ယောက် မြီးကောင်ပေါက် ၁၃ နှစ်သမီးအရွယ်အဖြစ်နိုးထလာခဲ့အခါ...ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်တဲ့ဇာတ်ကားလေးဖြစ်ပြီး ဂျော်ဒန့်ငယ်ဘဝကို သရုပ်ဆောင်တဲ့ကလေးသရုပ်ဆောင်လေးက အတော်ပီပြင်ပြီးတစ်ဇာတ်လုံးကိုဆွဲခေါ်သွားတာမို့ ရယ်မောချင်သူတွေအတွက် လက်တို့လိုက်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူ ပါ) File Size : (850 MB) and (420 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre : Comedy, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-DRONES Translated by May Myat Thu Encoded ...
movie
Little (2019)
2019
7.3
K: Missing Kings (2014)
K anime seriesရဲ့ပထမဆုံးကားပဲဖြစ်ပါတယ် Kings၇ယောက်မှာမှ၎ယောက်ရဲ့ Academy Island Incidentအပြီးအဖြစ်အပျက်တွေကို အခြေခံထားတာပဲဖြစ်ပါတယ် Silver Clansmen Kuroh Yatogamiနဲ့ Nekoဟာလည်းသူတို့ရဲ့ဆရာဖြစ်သူ Yashiro Isanaကိုလိုက်ရှာနေခဲ့ပါတယ် လုံးဝသဲလွန်စမရတာကြောင်နှစ်ယောက်စလုံးဟာ အလွန်အမင်းစိတ်ပျက်လျှက်ရှိပြီး HOMRAအဖွဲရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Rikio Kamamotoနဲ့Anna Kushinaတို့ကို တစ်စုံတစ်ယောက်ကလိုက်ဖမ်းနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့... File Size : (1 GB,580 MB) Quality : Blu-ray 1080p,720p Running Time : 1h 13min Format : Mp4 Genre : Action, Animation,Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p Translated by Dolly Encoded by sithu
movie
K: Missing Kings (2014)
2014
7.8
Mr. Nobody (2009)
သက္ကရာဇ် ၂၀၉၂ခုနှစ်မှာ လူသားတွေဟာဆဲလ်အသစ်တွေကို မဆုံးနိုင်အောင်အစားထိုးခြင်းနဲ့မသေမျိုးတွေဖြစ်အောင်နေထိုင်လာကြပါပြီတစ်ကမ္ဘာလုံးမသေမျိုးဖြစ်နေတဲ့သူတွေဟာ ကမ္ဘာပေါ်ကအသက်၁၁၈နှစ်ရှိပြီဖြစ်တဲ့ တစ်ဦးထဲသော သေမျိုး နီမိုရဲ့နောက်ဆုံးဘဝနေဝင်ချိန်ကို စောင့်ကြည့်နေကြပါတယ်နီမိုမသေခင်မှာ နီမိုကို အင်တာဗျူးတွေလုပ်ကြပါတယ်ဒီနေရာမှာ နီမိုက သူ့ရဲ့ဘဝကို အပိုင်း၃ပိုင်းခွဲပြီးပြောပြပါတယ်ပထမတစ်ပိုင်း : သူ့အသက်၉နှစ် သူ့အဖေနဲ့အမေ ကွာရှင်းတဲ့အချိန်ဒုတိယအပိုင်း : အသင်၁၆နှစ်အရွယ်နဲ့တတိယအပိုင်း : သူ့အသက် ၃၄နှစ်အရွယ်တစ်ပိုင်းစီမှာသူ့ရဲ့ရွေးချယ်မှုတွေအပေါ်မူတည်ပြီးဖြစ်လာနိုင်ချေကိုခေါင်းတွေမူးနောက်နေအောင်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File Size : (1.09 GB) Quality : Blu-ray,720p Running Time : 2h 21min Format : Mp4 Genre : Drama,Fantasy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p Translated by Waizin Wayne Encoded by sithu
movie
Mr. Nobody (2009)
2009
5.7
Dreadout: Tower of Hell (2019)
အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie
Dreadout: Tower of Hell (2019)
2019
7.5
Citizen Dog(2004)
Citizen Dog(2004) IMDb......7.4,,,,,,Rotten.....100% ဂျင် ဘ၀မှာဆိုးရွားတဲ့အများကြီးရှိတယ် ၀မ်းနည်းစရာတွေလည်းအများကြီးပဲ တခါတလေကျတော့ကိုယ့်မှာရှိတဲ့ကောင်းတဲ့အရာတွေကိုမမြင်နိုင်လောက်အောင်ဝိဇ္ဇာအမှောင်တွေလည်းဖုံးနေတတ်တယ် ဒါပေမယ့်လည်း မင်းရဲ့ထမင်းကြော်ပန်းကန်ထဲကပင်စိမ်းလေးတွေကိုဖယ်စားတာကိုလည်းကိုယ်ချစ်တယ် မင်းပျော်တိုင်းခြေထောက်လေးလှုပ်နေတာကိုလည်းချစ်တယ် မင်းလုပ်သမျှအရာတိုင်းကကိုယ့်အတွက်တော့ ပဉ္စလက်ဆန်နေခဲ့တာပဲဂျင်ရယ် ဒီစကားလေးတွေကတော့ 2004 ခုနှစ်ကထွက်ရှိခဲ့တဲ့Citizen dog ဆိုတဲ့ရုပ်ရှင်ကဇာတ်ဝင်စကားလေးတွေပါ ၂၀၀၄ခုနှစ် ထိုင်းရုပ်ရှင်တွေစတင်မြှင့်တင်နေချိန်တုန်းက မြေစမ်းခရမ်းပျိုးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းလေးတွေထဲမှာဒီကားလေးလည်းတကားအပါအ၀င်ပေါ့ ရုပ်ရှင်ရဲ့တင်ပြပုံဟာ တွေ့နေကျရုပ်ရှင်ပုံနဲ့မတူပဲ ရေဒီယိုကလာလေ့ရှိတဲ့ဇာတ်လမ်းပမာနားဆင်စရာပုံစံလိုလို ပြဇာတ်ပုံစံလိုလိုချစ်စဖွယ်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ ဇာတ်လမ်းလေးကတော့ရိုးရိုးလေးပါပဲ တောကတက်လာတဲ့ယောင်လည်လည်ကောင်လေးတယောက်နဲ့ အီတလီစာမဖတ်တဲ့အီတလီလိုရေးထားတဲ့ကောက်ရတဲ့စာအုပ်တအုပ်ကိုဖတ်ဖို့ကြိုးစားနေတဲ့အိပ်မက်တွေတပွေ့တပိုက်နဲ့ကောင်မလေးတယောက်တို့ရဲ့ဇာတ်လမ်းလေးပါ တခါတလေမှာခင်ဗျားဘ၀မှာမျှော်လင့်သလိုဖြစ်မလာခဲ့ရင် ခင်ဗျားယုံကြည်ထားတဲ့အရာက ခင်ဗျားထင်ထားတာနဲ့ပြောင်းပြန်ဇောက်ထိုးဖြစ်နေခဲ့ရင်ခင်ဗျားဘယ်လိုများခံစားရလေမလဲ ခင်ဗျားရင်ဘတ်ထဲမှာရှိနေမယ့်အရာကို ဒီဇာတ်လမ်းလေးကပြောပြနိုင်ပါလိမ့်မယ် ဒါရိုက်တာWisit Sasanatieng ကရိုက်ကူးထားပြီး Mahasamut Boonyaruk နဲ့Seangthong Gate Uthong တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Chan Myae Thu Aung ပဲဖြစ်ပါတယ်.... File Size : (674MB) and (341 MB) Quality : Web-Dl720p Format…mp4 Duration…01:45:00 Genre: Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Chan Myae Thu Aung Encoded by Phyo Pyae
movie
Citizen Dog(2004)
2004
7.7
Homestay (2018)
Homestay (2018) တဲ့ ထိုင်းကားလေး။ပုံမှန်ထိုင်းကားဆိုကြည့်မရတတ်တဲ့ ကျွန်တော် ဒီကားကိုကြည့်ပြီး တော်တော်ကြွေသွားမိတယ်။ဒီကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ၂ နာရီကြာတယ်ဆိုပေမဲ့ ပျင်းစရာမရှိတဲ့ ဇာတ်ကားပါ။Draman, Fantasy , Thriller ဆိုတဲ့ ဇာတ်ကားအမျိုးအစားဆိုတဲ့အတိုင်း Drama လိုရိုပြီး Fantasy လို ထူးခြားတာတွေလည်းတွေ့ရပြီး Thriller ဆိုတဲ့အတိုင်း တစ်ချက်တစ်ချက် ရင်တုန်စရာလေးတွေပါ ထည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူက လတ်တလော ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ မင်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပါတယ်။သူ့ကို ကိုယ်စောင့်နတ် ဆိုတဲ့သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ မင် ဘာလို့ကိုယ့်ကိုကိုယ် သတ်သေခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရက်တစ်ရာအတွင်းမှာ ရှာခိုင်းပါတယ်။ရှာလို့တွေ့ခဲ့ရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ဘယ်လိုမှပြန်ဝင်စားလို့မရတဲ့ဘဝကို ရောက်သွားမှာပါလို့ပြောပါတယ်။မင်ရဲ့ ခန္ဓာကိုယ်ကို ရထားတဲ့သူ မင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာကို ...
movie
Homestay (2018)
2018
6.8
The Dude in Me ( 2019 )
ဂိုဏ်စတားသဌေးကြီးနဲ့ ဝလွန်းလို့အနိုင်ကျင့်ခံနေရတဲ့ ဝဝတုတ်တုတ်ကောင်လေးတို့မတော်တဆ accident တစ်ခုကြောင့်ကိုယ်ပြောင်းသွားတဲ့ကားလေးပါ တော်တော်ရီရတယ်....ဇတ်လမ်းအကျဉ်း..ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့အသေခွီရမယ့် ဇာတ်ကားလေးပါဇာတ်လမ်းအကျဉ်းပြောရရင် ရန်သူတွေများတဲ့အသက်လေးဆယ်အရွယ်ဂိုဏ်းစတားသူဋ္ဌေးကြီးတစ်ယောက်ဟာတစ်နေ့တော့ လမ်းမှာဖုန်းပြောနေရင်းသူ့ပေါ်ကိုခေါင်မိုးပေါ်ကနေလူတစ်ယောက်ပြုတ်ကျလာခဲ့ပါတယ်။ပြုတ်ကျလာတဲ့သူကကင်(မ်)ဒုံယောင်းလို့ခေါ်တဲ့ဝဝတုတ်တုတ်အထက်တန်းကျောင်းသားလေးပါသူတို့နှစ်ယောက်လုံးသတိလစ်ပြီးဆေးရုံရောက်သွားခဲ့ပါတယ်။သဋ္ဌေးကြီး သတိပြန်ရလာတဲ့အခါမှာတော့အရမ်းထူးဆန်းတာ တစ်ခုဖြစ်သွားခဲ့ပါတယ်။သူဟာကောင်လေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေပါတယ်ကောင်လေးနဲ့သူနဲ့စိတ်နဲ့ခန္ဓာလွဲသွားကြတာပေါ့ဗျာ ဒီလိုနဲ့ကောင်လေးရဲ့ပတ်ဝန်းကျင်ထဲရောက်သွားခဲ့ရာကနေမမျှော်လင့်ထားတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ကောင်လေးအဖေဟာ သူဒုက္ခပေးဖူးလို့စီးပွားပျက်သွားတဲ့သူတစ်ယောက်ဖြစ်နေတာ သိလိုက်ရသလိုကောင်လေးကလည်းကျောင်းမှာအပယ်ခံ အနိုင်ကျင့်ခံတစ်ယောက်ဖြစ်နေပါတယ်။ဒီ့အပြင်သူလုံးဝမထင်မှတ်ထားတဲ့သူတစ်ယောက်နဲ့ပါပြန်တွေ့ခဲ့ပြီးဘယ်လိုတွေဆက်ဖြစ်ကြမယ်နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာဒီကားလေးမှာ ဆက်ကြည့်သွားကြပါ။ရယ်လည်းရယ်ရတဲ့အတွက် အချိန်ပေးရကြိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ....ရုပ်ရှင်ကားကို ဘာသာပြန်ပြီးအညွှန်းရေးပေးထားတာကတော့Chanyein Soe ပဲ ဖြစ်ပါတယ်။.... Translated By Channyein SoeEncoded By LK
movie
The Dude in Me ( 2019 )
2019
6.2
The Mermaid ( 2016 )
ကျွန်တော်အကြိုက်ဆုံး တရုတ်မင်းသားကြီး စတီဖင်ချောင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖန်တီးထားတဲ့ဇာတ်ကားပါ။ထူးခြားတာက ဒီဇာတ်ကားကို Rotten Tomatoes မှာ (100%) Rate ပေးထားတာပါ။IMDb မှာတော့ Rating (6.2/10) ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်လေးကကောင်းမွန်ပါတယ်။” ဒီကမ္ဘာမှာ သန့်စင်တဲ့ရေ နဲ့လေကောင်းလေသန့်တွေရှားပါးလာပြီဒါကြောင့် မင်းဘယ်လောက်ပိုက်ဆံရှာနိုင်ပါစေ အဓိပ္ပါယ်မဲ့နေဦးမှာပဲ “လို့ဆိုထားပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်တဲ့ Message တွေပေးထားပါတယ်။ပင်လယ်ရေအောက်က ရေသူမလေးတစ်ယောက်ပင်လယ်အော်ကို သဘာဝအတိုင်းဆက်လက်ထိန်းသိမ်းချင်တဲ့စိတ်နဲ့အဲ့နေရာကိုဝယ်ယူခဲ့တဲ့လူသားတစ်ဦးကို တားဆီးဖို့ကြိုးစားခဲ့တဲ့အခါကနေစပြီး ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာရပါတယ်စတီဖင်ချောင်ဟာ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေလိုပဲ ဒီဇာတ်ကားကိုလဲ ဟာသလေးတွေစွတ်ပြီးပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်….အဓိကအချက်ဖြစ်တဲ့ဇာတ်လမ်းရဲ့ကြီးကျယ်တဲ့အနှစ်သာရကိုတဆင့်ချင်းစီဟာသလေးတွေစွတ်ပြီးခေါင်းထဲရောက်လာအောင်ဖန်တီးထားပါတယ်။ကုန်ကျစရိတ် US$60.72 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ US$553.8millionပြန်လည်ရရှိခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။ Translated By Su Yadanar OoEncoded By LK
movie
The Mermaid ( 2016 )
2016
5.1
The Head Hunter (2018)
ဒီရုပ်ရှင်ကားက နည်းနည်းတော့ ဆန်းတယ် တစ်ကားလုံးမှာ သရုပ်ဆောင် ၂ ယောက်ပဲ ပါတယ် ဟုတ်ပါတယ် .... ပြီးတော့ တစ်ကားလုံး မှာ စကားပြောတဲ့အကြိမ် ၅၀ ၀န်းကျင်လောက်ပဲ ရှိပါတယ်... ဒါအမှန်တရားပါ... ရုပ်ရှင်တစ်ကား ဘယ်လိုဖြစ်လာပါလိမ့်.... ဇတ်လမ်းအစမှာတော့ တိုင်းပြည် တစ်ခုရဲ့ နောက်ဆုံး ကျန်ခဲ့တဲ့ သူရဲကောင်းဟာ သူ့ သမီးလေးကို ကြောက်မက်ဖွယ်ကောင်းတဲ့ အကောင်ကြီး တစ်ကောင် ရန်ကနေ ကာကွယ်တာ စပါတယ်... အဲ့ဒီနောက်မှာလဲ တောထဲက မသေနိုင်တဲ့ အကောင်ကြီးကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့မှာ အမြဲ ပြင်ဆင်နေရပါတယ်... အရမ်းကို လိုတိုရှင်းတဲ့ ရုပ်ရှင်ကားပါ သည်းထိတ်ရင်ဖိုလို့လဲ ပြောလို့ရတယ် သရဲကားလို့လဲ ပြောလို့ရတယ်... သိချင်ရင်တော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ ရုပ်ရှင်ကားကို ညို့မျက်ဝန်း က ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့်မှ တင်ဆက်ထားပါတယ်
movie
The Head Hunter (2018)
2018
KunLun Taoist Scriptures Part 1+2 ( 2017 )
တရုတ်သိုင်းကားတွေနှစ်ခြိုက်သူတွေအနေနဲ့ သဘောတွေ့မယ့်ကားပါပဲ၂ကား ထွက်ရှိထားပြီး ကြည့်လို့ရအောင် တပြိုက်တည်း ၂ ကားလုံးတင်ပေးလိုက်ပါတယ် နှစ်တစ်ထောင်မှတစ်ခါဖြစ်တည်လာတဲ့သန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကိုစွမ်းအားကျင့်သူတိုင်းက ကိုယ့်စွမ်းအားအဆင့်မြင့်လာဖို့အတွက်လိုချင်တပ်မက်နေကြပါတယ်။ဒီလိုအစွမ်းထက်တဲ့သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးချူ ချူ ကနတ်လောကမှာ ကိုယ့်စောင့်ရှောက်သူဖြစ်တဲ့ရှောင်ပင်းနဲ့ချစ်ကြိုက်မိပြီးနတ်စည်းကမ်းကိုချိုးဖောက်မိလို့ နှစ်ယောက်စလုံးလူ့လောကကိုဆင်းဖို့အပြစ်ပေးခံရပြီး ဝမ်းနည်းစရာကောင်းစွာပဲချစ်သူနှစ်ဦးရဲ့ဇာတ်လမ်းကအဆုံးသတ်သွားခဲ့ရပါတယ်။နှစ်တစ်ထောင်ကြာပြီးနောက် လူ့လောကကိုရောက်ရှိလာခဲ့တဲ့သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးက သူ့ကိုယ်ထဲမှာရှိတဲ့သန့်စင်တဲ့ရွှမ်ရင်းသွေးက သူ့အသက်၂၁နှစ်မှာပဲစွမ်းအားပြည့်ဝလာမှာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုသိနေပြီးသန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကိုတပ်မက်နေတဲ့ဝမ်ကျားချန်ကလည်းသူ့စွမ်းအားအဆင့်တက်ဖို့အတွက်သန့်စင်တဲ့ရွှမ်ရင်းကိုယ်ကစွမ်းအင်ကိုယူနိုင်ဖို့အချိန်ကောင်းကိုစောင့်နေခဲ့ပါတယ်...ဝမ်ကျားချန်လက်ထဲကနေလွတ်အောင်ထွက်ပြေးရင်းလွန်ခဲ့တဲ့နှစ်တစ်ထောင်ကချစ်သူရှောင်ပင်းနဲ့လူ့ပြည်မှာပြန်ဆုံတွေ့ရသောအခါ...ပြန်ဆုံတွေ့ချိန်မှာလည်းချူ ချူ ရဲ့စောင့်ရှောက်သူပဲပြန်ဖြစ်လာရသောအခါအရင်ဘဝကဖြစ်ခဲ့တဲ့ချစ်သူနှစ်ဦးရဲ့ဝမ်းနည်းစရာအချစ်ဇာတ်လမ်းကတစ်ကျော့ပြန်ဖြစ်လာဦးမှာလားဆိုတာကတော့....Kulun Taoist Spictures ဆိုတဲ့ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှူ ကြပါလို့ တိုက်တွန်းလိုက်ရပါစေ... Translated & Review By XiaoEncoded By LK
movie
KunLun Taoist Scriptures Part 1+2 ( 2017 )
7.7
Happy as Lazzaro(2019)
Happy as Lazzaro(2019) IMDb.....7.7,,,,,,,Rotten...89% ရိုးလွန်းတော့ အ တယ်လို့ပြောလို့ရတဲ့ လာ ဇာရိုရဲ့ အကြောင်းကိုကိုပြထားတဲ့ ၂၀၁၈ ထွက် အီတလီ Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။ အန်ဗျူလတ်တာလို့ ခေါ် တဲ့ ရွာလေးမှာ ဆေးရွက်ကြီးစိုက်ပြီး အေးအေးချမ်းချမ်းနေကြတဲ့သူတွေရှိ ပါတယ်။ သူတို့ရဲ့နေရာက ခေါင်လွန်းလို့ အချိန်တော်တော်ကြာကြာ အပြင်လူတွေနဲ့မထိတွေ့ဖြ စ်ကြပါဘူး။ သူတို့တွေ တစ်နှစ်ပတ်လုံးအလုပ်လုပ်နေကြပေမဲ့ လုပ်ခလစာ တစ်ပြားတစ်ချပ်မှမရပါ ဘူး။ မြို့စားလောက် အဆင့်ရှိတဲ့ မာကီးရာထူးကို ရရှိထားတဲ့ မာကီးကတော်ကို အကြွေးဆပ်နေရ ပါတယ်။ လာဇာရိုကတော့ အဲဒီရွာက ကိုပေါလို့ ပြောလို့ရတဲ့ ခပ်တုံးတုံး ခပ်ရိုးရိုး ကောင်လေးတစ်ေ ယာက်ဖြစ်ပါတယ်။ ခိုင်းသမျှကို မငြီးမငြူလုပ်တတ်ပြီး သူ့ဆိုရင် ခွဲခြား ဆက်ဆံတတ်ြ ကပေမဲ့ သူ့ကို ခွဲခြားဆက်ဆံနေတယ်လို့ မခံစားတတ်တဲ့သူလည်းဖြ စ်ပါတယ်။ အဲဒီလိုခွဲခြားဆက်ဆံတယ်ဆိုတာလည်း သိပုံမပေါ်ပါဘူး။ တစ်နေ့မှာ မာကီးကတော် ရဲ့သား မာကီးလောင်းလျာလေး တန်ခရေဒီ က အန်ဗျူလတ်တာကိုရောက်လာပါတယ်။ သူနဲ့ လာဇာရိုနဲ့ သိကျွမ်းသွားပါတယ်။ တန်ခရေဒီက ပြန်ပေးဆွဲခံရသလိုလုပ်ဇာတ်ဖန်တီးလိုက်တဲ့ အချိန်မှာ အစိုးရိမ်လွန်နေတဲ့ တန်ခရေဒီရဲ့ ဇနီးလောင်း ...
movie
Happy as Lazzaro(2019)
2018
6.6
Dumbo (2019)
90's born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊ အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ ့ Disney's Dumbo ကိုအခြေခံပြီး ယခုလက်ရှိမှာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ ့အောင်မြင်မှုတွေရယူခဲ့ပြီး ယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီး Live Action အနေနဲ့ Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက် US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို ့လည်းသိရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton, Danny DeVito နဲ့ ...
movie
Dumbo (2019)
2019
War From Original Part 2 ( 2019 )
War From Original Part 1 ရဲ့အဆက်ပဲဖြစ်ပါတယ်Part 1 ကို ဒီမှာကြည့်နိုင်ပါတယ် လောကကြီးစတင်ဖြစ်တည်လာချိန်ရင်ကုန်းဆိုသူသည် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်၏ အကြီးအကဲတစ်ဦးဖြစ်သည်။ကျိုယိုးအမည်ရှိတဲ့ငရဲမီးကြောင့် သုံလောကလုံး ကပြောင်းကပြန်နေသည့် အချိန်ကာလဖြစ်သည်။ထိုရန်ကုန်းဆိုသည့် သွေးစုပ်မျိုးနွယ်စုခေါင်းဆောင်ကို...နတ်မျိုးနွယ်စု လူသားမျိုးနွယ်စု မိစ္ဆာမျိုးနွယ်စုတို့ ပူးပေါင်း၍စိမ့်ဝမ် အမည်ရှိတဲ့တောင်အတွင်းရှိ ချန်ခွန်းစက်ဝန်းထဲမှာအတားအဆီးမန္တာန်တွေနဲ့ ပိတ်လှောင်ထားခဲ့ပါတယ်ထိုရင်ကုန်းဆိုသူ၏ ချစ်သူ နွီမေ့ကသူ့ချစ်သူကို ချန်ခွင်းစက်ဝန်းထဲကကယ်တင်ဖို့အတွက်လူတွေသတ်ပြီးရင်းသတ်ရင်းနဲ့ နည်းမျိုးစုံကြိုးပမ်းခဲ့ပါတယ်အချိန်ကာလအတော်ကြာလာတဲ့အခိုက်မှာနွီမေ့ဆိုတဲ့မိန်းကလေးက သူ့လုပ်ရပ်ကို နောင်တရရှိလာတဲ့အခါမှာတော့ဘယ်လိုတွေဆက်ပြီးရှုပ်ထွေးမှုတွေဖြစ်မလဲဆိုတာ*War From Original 2 *ဆိုတဲ့ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါစို့လို့...တိုက်တွန်းလိုက်ပါရစေနော်... Translated & Review By XiaoEncoded By LK
movie
War From Original Part -1 ( 2019 )
ဟန်မင်းဆက်လက်ထက်....လောကကြီးတစ်ခုလုံးကိုမှော်ပညာတွေ လွှမ်းမိုးနေသောကာလ..ဟန်ရင်နဲ့ရှင်းထျန်းဆိုတဲ့ချစ်သူနှစ်ဦးဟာ မိစ္ဆာ နှိမ်နှင်းသူတွေဖြစ်ကြပာတယ်တစ်လောကလုံးကိုရှုပ်ထွေးအောင်ပြုလုပ်နေတဲ့မိစ္ဆာဘုရင်မှော်ဆရာကိုဟန်ရင်နဲ့ရှင်ထျန်းတို့ ချေမှုန်းသုတ်သင်ဖို့အတွက်ကြိုးပမ်းခဲ့ပေမယ့် အခါအခွင့်မသင့်ခဲ့လေတော့ပြီးဆုံးတိုင်မချေမှုန်းနိုင်ခဲ့ပဲ ဗလာနယ်မြေထဲသို့ ပိတ်လှောင်ထားခဲ့ရပါတယ်ဒီလိုနဲ့နှစ်ပေါင်း၂၀၀၀ကြာပြီးတဲ့နောက်...ဂူဖောက်ထွင်းရေးသမားများက မြေအောက်သင်္ချိုင်းဂူကိုဝင်ရောက်ဖောက်ထွင်းခဲ့ရာမှနှစ်နှစ်ထောင်ပိတ်လှောင်ခံခဲ့ရတဲ့ မိစ္ဆာဘုရင်မှော်ဆရာကိုမတော်တဆနိုးထစေမိခဲ့ပါတယ်လောကကြီးကိုကပြောင်းကပြန်ဖြစ်စေခဲ့လို့ ကြိုးစားပမ်းစားပိတ်လှောင်ထားခဲ့ရတဲ့ မိစ္ဆာဘုရင်တဖန်ပြန်လည်နိုးထလာတဲ့အခါမှတော့လောကကြီးကိုဘယ်လို ဒုက္ခမျိုးစုံပေးမလဲဆိုတာဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နာ်....... Translated & Review By XiaoEncoded By LK Part 2 ကိုဒီမှာကြည့်နိုင်ပါတယ်
movie
War From Original Part -1 ( 2019 )
4.9
Seed of Chucky (2004)
2004 ခုနှစ်ကထွက်ခဲ့တဲ့ကားဖြစ်ပါတယ်..ဒီကားမှာ Chucky နဲ့ Tiffany တို့ရဲ့မျိုးဆက်လေးပါဝင်လာမှာပါ... File Size : (862 MB) and (274MB) Quality : 720p Bluray Running Time : 1hr 27min Format : Mp4 Genre :Comedy , Fantasy , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Pyay Hlwan Aye Encode by Moe Myint Lwin
movie
Seed of Chucky (2004)
2004
6.5
Day Watch (2006)
‘တစ်ခြားသူ’ အန်တွန် ဂိုရိုဒတ်စကီး ‘မှုန်မှိုင်းတဲ့နေရာ’ ဂီဆာ ဘဇမ်တီယမ်း ဆဗက်တ်လာနာ နာဇာရိုဗာ ဗာတွတ်တင်ကီ ကံတရားမြေဖြူ တမာလိန်း ကော့စ်တလျာ ဂွာအီမာ ဘိုရစ်မွိုင်ဆီယက်ဗ်ကမ္ဘာဦး တည်စ ကတည်းက လူသားတွေနဲ့အတူတကွ ကွဲပြားတဲ့တစ်ခြားသတ္တ၀ါတွေလဲ ယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီလာ သတ္တ၀ါတွေဖြစ်တဲ့ သွေးစုပ်ကောင် အသွင်ပြောင်းလူသား အစရှိတဲ့ မျိုးနွယ်စုတွေအပါအ၀င် လူသားဖြစ်ပေမယ့် သာမန်လူတွေထက် စွမ်းအင်တစ်မျိုးမျိုးရှိနေတဲ့ သဘာဝလွန်လူသားတွေလဲပါဝင်တယ်။ အမှောင်ဘက်က မျိုးနွယ်စုတွေဟာ လူသားတွေကို နှောင့်ယှက်ဒုက္ခပေးလေ့ရှိကြပြီးတော့ သူတို့ရန်ကနေ အလင်းဘက်ရပ်တည်သူတွေက ကာကွယ်ပေးကြပါတယ်။ သူတို့ကို ‘တစ်ခြားသူ’ လို့ခေါ်ဆိုကြပြီးတော့ မွေးရာပါ ဘယ်ဘက်ကမှ မွေးဖွားလာတာမဟုတ်ပဲ အချိန်တန်မှ ရပ်တည်မယ့်ဘက်ကိုရွေးကြရပါတယ်။ဒဏ္ဍာရီတွေမှာ အလင်းဘက်က တပ်ဖွဲ့ နဲ့ အမှောင်ဘက်က တပ်ဖွဲ့တို့ တံတားတစ်စင်းပေါ်မှာဆုံဖြစ်ကြတဲ့ နေ့တစ်နေ့အကြောင်းပါရှိပါတယ်။အလင်းရဲ့ အရှင်သခင် ဂတ်ဆာနဲ့ အမှောင်တရားရဲ့ဗိုလ်ချုပ်ကြီး ဇဗူလွန်တို့ဟာ တစ်ဦးနဲ့တစ်ဦးမျက်နှာချင်းဆိုင်ဆုံတွေ့ရာက ဘယ်သူမှ အလျှော့မပေးပဲ အသေအကြေတိုက်ပွဲဖြစ်ခဲ့ကြတယ်။ လက်အောက်ငယ်သားတွေရဲ့ ဒုက္ခဆင်းရဲတွေကို လက်ခံကြည့်မနေနိုင်တဲ့အဆုံး အလင်းသခင် ဂတ်ဆာဟာ အမှောင်ဗိုလ်ချုပ်ဇဗူလွန်နဲ့ ညှိနှိုင်းပြီး စစ်ပြေငြိမ်းရေး သဘောတူညီချက်ကိုရယူခဲ့တယ်။ဘယ်သူတစ်ဦးတစ်ယောက်ကို မှ ဖိအားမပေးပဲ ကြိုက်တဲ့ဘက်ကို လွတ်လပ်စွာရွေးချယ်နိုင်ခွင့်။အလင်းဘက်က စစ်သည်တော်တွေကို ညကင်းသမားလို့ ခေါ်ဆိုပြီး အမှောင်ဘက်သားတွေကိုတော့ ...
movie
Day Watch (2006)
2006
6.5
Night Watch (2004)
'တစ်ခြားသူ' အန်တွန် ဂိုရိုဒတ်စကီး 'မှုန်မှိုင်းတဲ့နေရာ' ဂီဆာ ဘဇမ်တီယမ်း ဆဗက်တ်လာနာ နာဇာရိုဗာ ဗာတွတ်တင်ကီ ကံတရားမြေဖြူ တမာလိန်း ကော့စ်တလျာ ဂွာအီမာ ဘိုရစ်မွိုင်ဆီယက်ဗ်ကမ္ဘာဦး တည်စ ကတည်းက လူသားတွေနဲ့အတူတကွ ကွဲပြားတဲ့တစ်ခြားသတ္တ၀ါတွေလဲ ယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီလာ သတ္တ၀ါတွေဖြစ်တဲ့ သွေးစုပ်ကောင် အသွင်ပြောင်းလူသား အစရှိတဲ့ မျိုးနွယ်စုတွေအပါအ၀င် လူသားဖြစ်ပေမယ့် သာမန်လူတွေထက် စွမ်းအင်တစ်မျိုးမျိုးရှိနေတဲ့ သဘာဝလွန်လူသားတွေလဲပါဝင်တယ်။ အမှောင်ဘက်က မျိုးနွယ်စုတွေဟာ လူသားတွေကို နှောင့်ယှက်ဒုက္ခပေးလေ့ရှိကြပြီးတော့ သူတို့ရန်ကနေ အလင်းဘက်ရပ်တည်သူတွေက ကာကွယ်ပေးကြပါတယ်။ သူတို့ကို 'တစ်ခြားသူ' လို့ခေါ်ဆိုကြပြီးတော့ မွေးရာပါ ဘယ်ဘက်ကမှ မွေးဖွားလာတာမဟုတ်ပဲ အချိန်တန်မှ ရပ်တည်မယ့်ဘက်ကိုရွေးကြရပါတယ်။ဒဏ္ဍာရီတွေမှာ အလင်းဘက်က တပ်ဖွဲ့ နဲ့ အမှောင်ဘက်က တပ်ဖွဲ့တို့ တံတားတစ်စင်းပေါ်မှာဆုံဖြစ်ကြတဲ့ နေ့တစ်နေ့အကြောင်းပါရှိပါတယ်။အလင်းရဲ့ အရှင်သခင် ဂတ်ဆာနဲ့ အမှောင်တရားရဲ့ဗိုလ်ချုပ်ကြီး ဇဗူလွန်တို့ဟာ တစ်ဦးနဲ့တစ်ဦးမျက်နှာချင်းဆိုင်ဆုံတွေ့ရာက ဘယ်သူမှ အလျှော့မပေးပဲ အသေအကြေတိုက်ပွဲဖြစ်ခဲ့ကြတယ်။ လက်အောက်ငယ်သားတွေရဲ့ ဒုက္ခဆင်းရဲတွေကို လက်ခံကြည့်မနေနိုင်တဲ့အဆုံး အလင်းသခင် ဂတ်ဆာဟာ အမှောင်ဗိုလ်ချုပ်ဇဗူလွန်နဲ့ ညှိနှိုင်းပြီး စစ်ပြေငြိမ်းရေး သဘောတူညီချက်ကိုရယူခဲ့တယ်။ဘယ်သူတစ်ဦးတစ်ယောက်ကို မှ ဖိအားမပေးပဲ ကြိုက်တဲ့ဘက်ကို လွတ်လပ်စွာရွေးချယ်နိုင်ခွင့်။အလင်းဘက်က စစ်သည်တော်တွေကို ညကင်းသမားလို့ ခေါ်ဆိုပြီး အမှောင်ဘက်သားတွေကိုတော့ ...
movie
Night Watch (2004)
2004
5.0
Wu Lin: The Soul Knife (2019)
ဒီကားလေးဟာ ၂၀၁၉ထွက်သိုင်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ ထျန်းရင်းဂိုဏ်းဆိုတဲ့မှောင်ခိုဈေးကွက်ရဲ့မီးရှူးမီးပန်းပွဲတော်မှာ Soul Knifeလို့ခေါ်တဲ့ အစွမ်းရှိတဲ့ဓားကိုအဓိကလေလံပစ္စည်းအဖြစ်ရောင်းချဖို့ ကြေငြာရာကနေ..ရန်းယွီဂိုဏ်းချုပ်နဲ့ သူ့တပည့်ရန်းယွီခုနစ်ဖော်..ပိုင်ရီးခေါင်းဆောင်..ကျူးချွဲ့နဲ့ သိုင်းလောကသားအပေါင်းတို့...စီးပွားရေးသမားအပေါင်းတို့လာရောက်စုဝေးကုန်ကြပါတယ်...ဒီလေလံပွဲကြီးမှာဘယ်လိုလှည့်ကွက်တွေရှိနေတာလဲ....တစ်ဖက်မှာလည်းရန်းယွီဂိုဏ်းရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းကြီးပေါ်လာပြီးမထင်မှတ်တာတွေကြုံတွေ့လာရတဲ့အခါ...ပိုင်ရီးခေါင်းဆောင်နဲ့ကျူးချွဲ့ကြားမှာဘယ်လိုပတ်သက်မှုမျိုးတွေရှိနေတာလဲ..ဇာတ်ကားတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...သိုင်းကားမကြိုက်ဘူးဆိုရင်တောင် မင်းသမီးလေးတွေငန်းရတာနဲ့တင်တန်ပါတယ် :P Translated & Review By Phyo ZawEncoded By LK
movie
Wu Lin: The Soul Knife (2019)
2019
First
48
49
50
51
52
Last
Previous
Next