Channel Myanmar

Fantasy

Shortcut (2020)
Shortcut (2020) Shortcut (2020)============တစ်ကျောင်းတည်းနေ လူငယ်ငါးယောက်ဖြစ်တဲ့ နိုလန်၊ဘတ်စ်၊ရယ်ဂျီ၊ကွီနီနဲ့ကားလ်တို့ဟာ သူတို့ကားဒရိုင်ဘာကြီး ဂျိုးဆက်ဖ်နဲ့အတူ field trip တစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဖြည်းဖြည်းခရီးရောက်လာရင်း သူတို့လမ်းပေါ်မှာသစ်ပင်တစ်ပင်လဲကျနေတဲ့အတွက် တစ်ခြားလမ်းကြောင်းတစ်ခုကနေပြောင်းသွားခဲ့ရပါတယ်။ဒီလမ်းမှာလဲ သမင်သေတစ်ကောင်ကန့်လန့်ခံနေတဲ့အတွက် ဆင်းဖယ်နေချိန်မှာ သူတို့ကားပေါ်ကိုသေနတ်ကိုင်လူသတ်သမားတစ်ယောက်တက်လာပြီး ကားကိုပြန်ပေးဆွဲပါတော့တယ်။တစ်ယောက်တည်းပေမယ့် လက်နက်ကိုင်ထားတာရယ်၊ လူငယ်တွေဖြစ်တာရယ်ကြောင့် ပြန်ပေးသမားခိုင်းတဲ့လမ်းကြောင်းအတိုင်း မောင်းရင်း လှိုဏ်ခေါင်းတစ်ခုကိုအဝင်မှာတော့ အဖြေရှာမရပဲ ကားထိုးရပ်သွားသလို ထူးဆန်းတဲ့သတ္တဝါကြီးတစ်ကောင်ရဲ့ဟိန်းသံကိုလည်းကြားလိုက်ရတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ ပြန်ပေးသမားထက်အဆပေါင်းများစွာပို ကြောက်ဖို့ကောင်းတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။creature features horror ဇာတ်ကားတစ်ကားဖြစ်တာနဲ့အညီ အဲ့ဒီဇာတ်လမ်းတွေမှာပါသင့်ပါထိုက်တဲ့အင်္ဂါရပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။Genre ပရိသတ်တွေအကြိုက်တွေ့မယ့်ကားမျိုးပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Adventure, Fantasy , Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Shortcut (2020)

The Angry Black Girl and Her Monster (2023) 5.4
The Angry Black Girl and Her Monster (2023)   ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်​ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ​၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား.... File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

The Angry Black Girl and Her Monster (2023)

Krull (1983) 6.1
Krull (1983) Krull - 1983 Genre - Action,Adventure,Fantasy IMDb - 6.1/10စကြဝဠာတစ်ခွင် ကြီးစိုးနယ်ချဲ့နေတဲ့ သားရဲကြီး ရဲ့ မဟူရာခံတပ် နဲ့ သတ်ဖြတ်သူတပ်ဖွဲ့တွေဟာ ခရိုးဂြိုလ်ပေါ်ကို ကျူးကျော်စစ်စလာပါတယ်။စွမ်းအားကြီးမားတဲ့ သားရဲကြီး နဲ့ သတ်ဖြတ်သူ တွေကို ရင်ဆိုင်နိုင်ဖို့ ရန်ဘက်အိမ်နီးချင်းနိုင်ငံများက နန်းမွေခံဖြစ်ကြတဲ့ မင်းသမီးလစ်စာ နဲ့ မင်းသား ကိုလ်ဝင်းတို့ဟာအချင်းချင်းလက်ဆက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။မင်္ဂလာအခမ်းအနားပြီးမြောက်ချိန်မှာပဲ သတ်ဖြတ်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် မင်းသားကိုလ်ဝင်းအနေနဲ့ ဖခင်ဖြစ်သူတာရိုးဘုရင် နဲ့ မင်းသမီးလစ်စာကို တစ်ရက်တည်းမှာ ဆုံးရှုံးရပါတော့တယ်။ ဖခင်သေဆုံးပြီး ပူပူနွေးနွေး ဇနီးဖြစ်သူလစ်စာ ဖမ်းယူခံရချိန်မှာတော့ ကြေကွဲအရှုံးပေးနေသူ ကိုလ်ဝင်းကို ကယ်ဆယ်လမ်းပြဖို့ အသက်ကြီးသူ "ရနီးရာ" တစ်ယောက် ဂရနိုက်တောင်တန်းတွေပေါ်က ဆင်းလာခဲ့ပါတော့တယ်။မနက်မိုးသောက်ချိန်တိုင်း နေရာတစ်ခုရွှေ့ပြောင်းနေတဲ့ မဟူရာခံတပ်ထဲက မင်းသမီးပျိုလေးကို ကယ်ဆယ်ဖို့ အသက်ကြီးသူ ရနီးရာ ရဲ့ လမ်းပြစေခိုင်းမှုနဲ့အတူ အမိဂြိုလ်တစ်ခုလုံး သူ့ကျွန်မဖြစ်ရေးတာဝန်ဟာ ကိုလ်ဝင်းရဲ့ ပခုံးထက်ကို ရောက်လာခဲ့ပါတယ်။ကိုလ်ဝင်းအနေနဲ့ စွမ်းအားကြီးလွန်းသူ သားရဲကြီး ကို ရင်ဆိုင်ဖို့ ရှေးကျတဲ့ လက်နက်ဖြစ်တဲ့ ဓားစကြာ၊ မဟူရာခံတပ်ရဲ့ တည်နေရာကို အမြင်နဲ့ညွှန်ပြပေးနိုင်မယ့် မြပုရောဟိတ် ...
movie

Krull (1983)

Imaginaerum (2012)
Imaginaerum (2012) ဒီဇာတ်ကားကတော့ Nightwish တီး​ဝိုင်း​ရဲ့သီချင်းတွေနဲ့ ဖန်တီး​ထားတဲ့ Fantasy​/Musical ဇာတ်​ကားဖြစ်တဲ့ Imaginaerum ဆိုတဲ့​ရုပ်ရှင်​ပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်​ကထွက်ရှိပြီး 6.1/10 rating ရရှိ​ထား​ပါတယ်။ ဒါရိုက်တာ​က Stobe Harju ဖြစ်​ပါတယ်။ ဇာတ်လမ်း​က တွမ် ဆိုတဲ့ တေးရေးဆရာဂီတသမားတစ်ဦးအကြောင်းဖြစ်ပါတယ်။ တွမ်က အသက်​ကြီးလာပြီဖြစ်လို့ Demantia ရောဂါ​စွဲကပ်နေပြီး တစ်နေ့မှာ ကိုမာဝင်သွားရာကနေ သူ့ရဲ့လူကြီးပိုင်းမှတ်ဥာဏ်တွေအကုန် ပျောက်​ဆုံး​သွား​ပြီး သူ့ရဲ့​အတိတ်​ဖြစ်တဲ့ ဆယ်နှစ်သားအရွယ် တွမ်နဲ့ သူ့ရဲ့​စိတ်​ကူးယဥ် ခြောက်​အိပ်မက်တွေ အတိတ်​ဖြစ်ရပ်​ဆိုးတွေပဲကျန်ပါတော့တယ်။ဒီအိပ်​မက်​တွေကနေ သူ့ကိုယ်သူရှာတွေ့အောင်ကြိုးစားပြီး အတိတ်ကိုလက်လွှတ်နိုင်ပါ့မလားဆိုတာကို တင်ဆက်​ထားတာ​ဖြစ်​ပါတယ်။ Finnish symphonic metal တီးဝိုင်းဖြစ်တဲ့ Nightwish ရဲ့ သီချင်း​တွေနဲ့ ဒီဇာတ်ကားကို​တည်ဆောက်​ထားတာဖြစ်ပြီး Night Wish က ဒီဇာတ်ကားထဲက သီချင်း​တွေကို Imaginaerum​ ဆိုတဲ့​ခေါင်း​စဥ်​နဲ့ပဲ အယ်လ်ဘမ်တစ်ခုထုတ်ခဲ့ပါသေးတယ်။ Fantasy​ အမျိုးအစား​ဖြစ်ပြီး ရှည်​လျားတဲ့လွမ်းမောဆွတ်ပျံ့ဖွယ် တေးဂီတဗီဒီယိုတစ်ပုဒ်နဲ့တူတဲ့ ဒီဇာတ်ကားကို Nightwish ...
movie

Imaginaerum (2012)

Just Super (2022)
Just Super (2022) ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို ...
movie

Just Super (2022)

The Brand New Testament (2015) 7.1
The Brand New Testament (2015)  Dark Comedy ဟာသကားကိုမှ Rating ကောင်းကောင်းနဲ့ဆုတွေ အများကြီးရထားတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီ Brand New Testament ဆိုတဲ့ဟာသ ဇာတ်ကားကို ကြည့်ဖို့ ၁၀၀ ရာခိုင်နှုန်း တိုက်တွန်းချင်ပါတယ်။ဘုရားသခင်က သူ့ဘဝကိုယ်သူ ငြီးငွေ့နေပြီး စိတ်တိုလွယ်တဲ့အဘိုးကြီးတစ်ယောက်ဖြစ်တဲ့အပြင် လူသားတွေကို ဆင်းရဲဒုက္ခတွေ တစ်ခုပြီးတစ်ခုပေးရင်း သူ့ကိုယ်သူ မပျင်းအောင်လုပ်နေတဲ့ ဘိုးတော်ကြီးတစ်ယောက်အဖြစ် ဒီဇာတ်ကားထဲမှာပုံဖော်ထားတာပါ။ဒီဇာတ်ကားထဲမှာ ဘုရားသခင်က ဘရပ်ဆဲလ်မြို့မှာ သူ့ရဲ့မိန်းမနဲ့ သမီးဖြစ်သူ အီယာနဲ့တူနေတာပါ။ ဇာတ်ကားကဘယ်လိုစပြီး ကြည့်ကောင်းလာသလဲဆိုတော့ သမီးဖြစ်သူအီယာက ဖခင်ဖြစ်သူ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေရဲ့သေဆုံးရက်တွေကို ဖြန့်လိုက်တာကနေ စပြီး ကြည့်ကောင်းလာတာပါပဲ။Brand New Testament က အတွေးအခေါ် အသစ်တွေကိုကြိုက်ပြီး ဟာသကားတွေ ကြည့်တတ်တဲ့သူတွေအတွက်ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲပြောလိုက်ချင်ပါတယ်။  File size…1.59GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ...
movie

The Brand New Testament (2015)

The Beastmaster (1982) 6.2
The Beastmaster (1982) The Beastmaster (1982) Genre – Action, Adventure, Fantasy IMDB – 6.2/101980 ကျော်ကာလက Conan the Barbarian တို့ Red Sonja တို့ Hercules တို့လို ရှေးခေတ်စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ကား ဖြစ်ပါတယ်။ တခြားသူရဲကောင်းတွေလည်း သူ့အစွမ်းနဲ့သူ ရှိကြသလို ဒီကားထဲက ဇာတ်လိုက်ကလည်း ဇာတ်ကားနာမည်လိုပဲ ဘိမာစတာပါ။ ဟုတ်ပါတယ် သားရဲတိရစ္ဆာန်တွေနဲ့ စိတ်ချင်းဆက်သွယ်ပြောဆိုနိုင်ပြီး ထိန်းချုပ်နိုင်တာကို ပြောချင်တာပါနော်။ မြန်မာလိုဆို သားရဲသခင်ကြီးပေါ့။ ဇာတ်လမ်းအကျဉ်းကပြောရမယ်ဆို အာရွတ်ခ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်ပြီး အတတ်ကျူးသွားတဲ့ နတ်ဆရာကြီး မက်စ်ဟာ ဟောကိန်းတစ်ခုအရ မွေးဖွားလာတော့မယ့် ဘုရင့်သားတော်က သူ့ကိုသတ်မှာကို ကြောက်လန့်ပြီး သူ့ လက်အောက်ခံ စုန်းမတွေကို ဘုရင်နဲ့ မိဖုရား အိပ်နေတုန်းမှာ မိဖုရားကိုသတ်ပြီး ကလေးကို ခိုးခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ကလေးလေးဟာ ကံကောင်းချင်တော့ တခြားလူတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပြီး သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည် ရရှိကာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့တစ်ရွာလုံးကို ကြမ်းတမ်းပြီး ရက်စက်ယုတ်မာတဲ့ ဂျင်းစစ်တပ်ကြီးက ဖျက်ဆီးသွားတဲ့အခါ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တော့ ...
movie

The Beastmaster (1982)

Monty Python and the Holy Grail (1975) 8.2
Monty Python and the Holy Grail (1975)  Monty Python ဆိုတာကတော့ ဗြိတိန်က ဟာသအဖွဲ့ တစ်ခုပဲဖြစ်ပါတယ်။ ဒီမှာ လူသိနည်းပေမယ့် Monty Python ဟာ တော်တော်လေးကို လွှမ်းမိုးမှုကြီးတဲ့ အဖွဲ့တစ်ခုဖြစ်ခဲ့တာပါ။ဒီဇာတ်ကားကလည်း Monty Python တို့ရဲ့ ထုံးစုံအတိုင်း သရော်ထားတဲ့နေရာမှာ တဘက်ကမ်းခပ်ပါပဲ။ နိုင်ငံရေးတွေ ဘာသာရေးတွေပါ မချန် အကုန်ထည့်ပြီး လှော်ထားတာပါ။ ထွက်ထားတာကြာပြီဆိုပေမယ့် သူတို့ရဲ့သရော်လုံးတွေက ထိမိနေတုန်းပါပဲ။မသေခင် ကြည့်သွားသင့်တဲ့ ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ဘုရင် အာသာ ဆိုတာကိုတော့ တော်တော်များများသိကြလိမ့်မယ်ထင်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကကျောရိုးကတော့ ဘုရင်အာသာရဲ့ ဇာတ်လမ်းကို လှောင်ထားတာပါပဲ။ ဒီဇာတ်ကားမှာတော့ ဘုရင်အာသာ သူရဲကောင်းတွေလိုက်စုတဲ့အချိန်ကနေစပြီး ရိုက်ပြထားပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်က အာသာတို့အုပ်စုကို ဘုရားသခင်ရဲ့သောက်တော်ခွက်ကို ရှာဖို့ တာဝန်ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သောက်တော်ခွက်ရှာရာ လမ်းတစ်လျှောက်မှာ အလွဲပေါင်းများစွာနဲ့ ပေါက်ကရတွေဖြစ်ကြတာကို ကြည့်ရှုရမှာပါ။Fun fact တစ်ခုအနေနဲ့ပြောခဲ့ချင်တာကတော့ ဒီဇာတ်ကားထဲမှာ မြင်းတွေမပါရတဲ့အကြောင်းအရင်းက ပိုက်ဆံမရှိလို့ပါတဲ့ခင်ဗျာ။ File size…(2 ...
movie

Monty Python and the Holy Grail (1975)

Field of Dreams (1989) 7.5
Field of Dreams (1989)  Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ "မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်"ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ်ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ ...
movie

Field of Dreams (1989)

The BFG (2016) 6.3
The BFG (2016)  2016 IMDb 6.3 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ....ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ File size…(2.2 ...
movie

The BFG (2016)

Ghostbusters: Afterlife (2021) 7.6
Ghostbusters: Afterlife (2021) Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie

Ghostbusters: Afterlife (2021)

4K HEVC
Ghostbusters (2016) 6.8
Ghostbusters (2016) Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor  သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie

Ghostbusters (2016)

2016
4K HEVC
Wishmaster (1997) 5.8
Wishmaster (1997) Genre – Fantasy, Horrorမီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေးဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းကပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာတမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီးကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီးယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကိုဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့်ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကိုမင်းသမီးက ...
movie

Wishmaster (1997)

Wishmaster 2: Evil Never Dies (1999) 5.1
Wishmaster 2: Evil Never Dies (1999) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size…   2 GB / 883 MB Quality… WEB ...
movie

Wishmaster 2: Evil Never Dies (1999)

Wishmaster 3: Beyond the Gates of Hell (2001) 3.5
Wishmaster 3: Beyond the Gates of Hell (2001) Genre – Fantasy, Horrorနတ်ဆိုးကြီးဂျင် သို့မဟုတ် ဆုတောင်းသခင်ကြီးရဲ့ တတိယကား ဖြစ်ပါတယ်။ဒီကားမှာတော့ တက္ကသိုလ်ကျောင်းတစ်ခုတည်းမှာ အခြေခံထားတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကို ကားမီးလောင်ပြီးဆုံးရှုံးထားတဲ့ ကျောင်းသူလေး ဒိုင်ယာနာဟာ ပရော်ဖက်ဆာဖြစ်သူနဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို ဖွင့်ကြည့်ရာကနေထုံးစံအတိုင်း ဂျင်ဟာ နိုးထလာခဲ့ပါတော့တယ်။ ဒီတော့ အရင်ကားတွေအတိုင်းပဲ နိုးထပေးတဲ့လူကိုဆု ၃ ဆု ဖြည့်ပေးမယ်ဆို ကမ္ဘာကို သိမ်းပိုက်နိုင်မှာ ဖြစ်တဲ့အတွက်ဒိုင်ယာနာ့နောက်ကို လိုက်ပြီး ချစ်ခင်တဲ့လူတွေကိုသတ်ဖြတ်ကာ ဆုတောင်း ၃ ခု ပြည့်ဖို့အတွက် ဖိအားလိုက်ပေးတဲ့အခါမှာတော့….။ ဒီကားမှာတော့ ရှေ့ ၂ ကားတုန်းက ဘဲကြီး သရုပ်မဆောင်တော့ပဲနတ်ဆိုးဂျင်နေရာ နောက်တစ်ယောက်ပြောင်းသွားလို့ကြည့်ရတာ ဖီးလ်နည်းနည်းကျဲပါတယ်။ ဇာတ်လမ်းပိုင်းမှာလည်း မဆီမဆိုင်တွေ လျှောက်ထည့်ပြီးတခြားကားတွေကို မမှီတာ တွေ့ရပါတယ်။နောက်ပြီး ဒီကားမှာ ခါတိုင်းလို အသတ်အဖြတ်တွေအပြင်ကိုယ်လုံးတီးခန်းတွေပါ ပါဝင်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျ။ File size…   4.4 GB / 1.3 GB Quality… WEB DL 1080p ...
movie

Wishmaster 3: Beyond the Gates of Hell (2001)

Wishmaster: The Prophecy Fulfilled (2002) 4.0
Wishmaster: The Prophecy Fulfilled (2002) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ၄ ကားမြောက်နဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် ၃ ကားလုံးမှာ မဖြစ်ဖူးတဲ့တတိယမြောက်ဆုတောင်း ပြည့်တဲ့ထိ ပါဝင်တာကို မြင်ရမှာပါ။ဒါပေမဲ့လည်း အခက်အခဲလေးတော့ ရှိနေပါတယ်ဒါကတော့ ဂျင်ဘဲကြီးဟာ ဒီကားထဲမှာ လူသားဆန်လာပြီးကောင်မလေးကို ချစ်ကြိုက်သွားမိခဲ့တာပဲ ဖြစ်ပါတယ်။ ထားပါ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုလီဆာနဲ့ ဆမ်ဆိုတာ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါဒါပေမဲ့ ဆမ်တစ်ယောက် ဆိုင်ကယ်မတော်မဆဖြစ်ပြီးအောက်ပိုင်းသေရာကနေ ဒီအတွဲလေးကအရင်တုန်းကလို ချစ်ဇောဟုန်တွေ မပြင်းထန်တော့ပဲဆမ်လည်း အရက်သမားဖြစ်ပြီး လီဆာတစ်ယောက်ပဲအမှုနိုင်ဖို့ မိတ်ဆွေရှေ့နေ ဗာဒယ်နဲ့အတူ ပူးပေါင်း ကြိုးစားနေပါတယ်။ ပြဿနာတွေမှာ ဒီရှေ့နေလည်း ပါပါတယ်သူကလည်း လီဆာလေးကို အခွင့်ရရင် ရသလို စားချင်နေတဲ့ကြောင်ဖားကြီးပါ တစ်ရက်ကျ ကြောင်ဖာကြီးလုပ်ဖို့လက်ဆောင်ဝယ်ပေးရာကနေ ထုံးစံအတိုင်း ဂျင်ကို နိုးထစေခဲ့ပါတယ်။ ဒီလိုနဲ့ ခါတိုင်းလိုပဲ လူတွေကို ဆန္ဒတွေထုတ်ဖော်ပြဿနာတွေပေးပြီး သူ့မျိုးနွယ်ဂျင်တွေကိုကမ္ဘာပေါ်ခေါ်နိုင်မလား ချစ်မိသွားတဲ့ လူသားမလေးနဲ့အဆင်ပြေအောင်နေမလားဆိုပြီး ဂျင်ဇိုးကြီးတစ်ယောက်ဗြာတွေများပြီး ပြဿနာတက်ရတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးတီးတွေ ...
movie

Wishmaster: The Prophecy Fulfilled (2002)

The Legend of Yang Jian ( 2024 ) 5.7
The Legend of Yang Jian ( 2024 ) ဒီဇာတ်ကားလေးကတော့ တရုတ်ပြည်မှာနာမည်ကြီး တန်ခိုးကြီးနတ်မင်းတစ်ပါးဖြစ်တဲ့ယန်ကျန်နတ်မင်းရဲ့ လူ့ဘဝတုန်းကအကြောင်းလေးကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : လူ့ပြည်မှာကောင်းကင်နဲ့မြေကြီးကိုတောင်ခွဲနိုင်တယ်ဆိုတဲ့ ဖန့်ကူပုဆိန်တစ်လက်ရှိပါတယ် ။ အဲဒီပုဆိန်က ကောင်းတဲ့လူ လက်ထဲရောက်ရင်တော့ လောကသားတွေအတွက် အကျိုးရှိမှာဖြစ်ပြီးတော့ မကောင်းတဲ့သူရဲ့လက်ထဲမှာဆိုရင်တော့ တော်တော်လေး ဒုက္ခများစေမဲ့အရာလည်းဖြစ်ပါတယ် ။အဲဒါကြောင့် အဲဒီဖန့်ကူပုစိန်ထဲက ဖန့်ကူနှလုံးကို နတ်မင်းကြီးဖုရှီးက ထုတ်ယူပြီးတော့ မျိုးနွယ်စုနှစ်ခုကိုကာကွယ်စောင့်ရှောက်စေခဲ့ပါတယ် ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ယန်ကျန်ဟာ သူတို့ကျင်းရှားဂူမှာအတော်ဆုံးတပည့်လည်းဖြစ် ဆရာဖြစ်တဲ့သူကလည်း သူ့ကိုယုံကြည်တာမို့ ဆရာတံခါးပိတ်မကျင့်ကြံခင်မှာ သူ့ကို ဓားစံအိမ်ကဖန့်ရှင်းနှလုံးကိုကြည့်ရှု‌ကာကွယ်ထားဖို့တာဝန်တစ်ခုပေးခဲ့ပါတယ် ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ယန်ကျန်ဟာ သတိလက်လွတ်နေရင်းနဲ့ ဖန့်ကူနှလုံးဟာလည်း အခိုးခံလိုက်ရပါတော့တယ် ။အပြစ်ရှိစိတ်နဲ့ယန်ကျန်ဟာ သူ့တာဝန်သူကျေပွန်စေရမယ်ဆိုပြီး ဖန့်ကူနှလုံးကိုခိုးသွားတဲ့သူနောက်ကိုလိုက်ရင်းနဲ့ သူ့ရဲ့စွန့်စားခန်းစာတင်ခဲ့ပါတော့တယ် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : History , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

The Legend of Yang Jian ( 2024 )

Byzantium (2012) 6.5
Byzantium (2012)  Byzantium ဇာတ်ကားဟာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့Fantasy Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားဟာ ၂၀၁၄ အိုင်ရစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိနိုင်ခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒီကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့Clara နဲ့ Elanor လို့ခေါ်ကြတဲ့ မိန်းကလေး ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ဟိုး ၁၈၀၀ ကျော်ကာလကတည်းကနေအခုထိ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ သွေးစုတ်ဖုတ်ကောင်၂ ယောက်ဖြစ်ပါတယ်။ သူတို့တွေ အခုထိ အသက်ရှင်ကျန်နေတဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိမလဲ။အမြဲတစေ နေရာပြောင်းပြေးနေရတဲ့ သူတို့ဘဝရဲ့နောက်ကြောင်းက ဘာတွေရှိမလဲ။အနာဂတ်မှာ ဘာတွေ ဖြစ်ကြမလဲ။သူတို့ရဲ့ ရှုပ်ထွေးတဲ့ဘဝထဲကို အချစ်ဆိုတဲ့အရာလေးကဝင်လာတဲ့အခါမှာ ဘာဖြစ်ကြမလဲ စတာတွေကို ဒီဇာတ်ကားမှာသည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... File size…2.4 GB/ 965 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy ...
movie

Byzantium (2012)