Channel Myanmar

Fantasy

Hocus Pocus (1993) 6.9
Hocus Pocus (1993) အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်ဇာတ်လမ်းအကျဉ်းဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျသူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။ တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။ အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့ ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့ သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ သူတို့တွေ ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့ဒါကတော့ ...
movie

Hocus Pocus (1993)

Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008
Nine Days (2021) 7.2
Nine Days (2021) IMDb Rating- 7.3/10 Rotten Tomatoes- 88% ******************************* ဇာတ်လမ်းအကျဉ်းက ကမ္ဘာကြီးရဲ့အဝေးတစ်နေရာမှ ာ လူတွေရဲ့ နေ့တစ်ဓူဝလှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်နေတဲ့နေရာရှိတယ် အဲ့နေရာကိုတော့ သာမန်လူမလာနိုင်ဘူးသေပြီး အသက်မရှိတော့တဲ့ ဝိဉာဉ်တွေပဲ လာနိုင်တာ အဲ့နေရာမှာ နေကြတဲ့သူတွေကလည်း တီဗီအများကြီးကနေ တစ်ဆင့် VHSခွေတွေထိုးပြီး သူတို့ အသီးသီးရွေးချယ်ထားတဲ့ လူတွေရဲ့ လှုပ်ရှားသွားလားမှူကို တိုက်ရိုက်ကြည့်နေရတယ် ပြီးတော့ သေပြီးသား ဝိဉာဉ်တွေကိုလည်း လူပြန်ဝင်စားဖို့ ထိုက်တန်မတန် အကဲဖြတ်ရတာပေါ့ ဝီလ်ဆိုတဲ့ ယောက်ျားတစ်ယောက်ကလည်း အဲ့လို စောင့်ကြည့် အကဲဖြတ်ရတဲ့လူတွေထဲကတစ်ယောက်ပေါ့။ တစ်ရက်မှာတော့ ဝီလ်စောင့်ကြည့်နေတဲ့ လူတွေထဲက အမန်ဒါဆိုတဲ့ကောင်မလေးတစ်ယောက်က တယောထိုးဖို့အသွားလမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားတယ်။ တကယ်တော့ အမန်ဒါက ဝီလ်ရွေးဖူးသမျှထဲမှာ သူအကြိုက်ဆုံး။သူဆုံးသွားတော့ ဝီလ်လည်းတော်တော်ဝမ်းနည်းသွားသလို သူ့ဘဝကို ပြနေတဲ့ တီဗီတစ်လုံးက နေရာလွတ်သွားတယ်။ သူ့နေရာမှာအစားထိုးဖို့အတွက် နောက်နေ့မှာ လောလောလတ်လတ်ဆုံးထားတဲ့ လူတွေ ရောက်တယ်။ အဲ့လူတွေထဲက အရည်အချင်းပြည့်မီလို့ ဝီလ်ရွေးလိုက်တဲ့ တစ်ယောက်ကပဲ တီဗီအလွတ်မှာ နေရာရမှာ။ အချိန်ကတော့ ကိုးရက်ပဲရပါတယ်။ ကိုးရက်အတွင်း ဝီလ်က မေးချင်တာမေးမယ် assignment တွေပေးမယ်။ ဒီငါးယောက်ထဲက ဘယ်သူက အသက်ပြန်ရှင်နိုင်ခွင့်ဆိုတဲ့ လူပြန်ဝင်စားနိုင်တဲ့အခွင့်အရေးကို ရသွားမလဲဆိုတာကတော့…… ဒီဇာတ်ကားက Existentialနဲ့ ပတ်သက်ပြီး တော်တော်လေး မေးခွန်းထုတ်စေမယ့်ဇာတ်ကားမျိုးပါ တစ်ချို့ကတော့ ...
movie

Nine Days (2021)

Dead Snow 2: Red vs. Dead 6.9
Dead Snow 2: Red vs. Dead  ဒီရုပ်ရှင်ကတော့ Dead Snow 2009 ရဲ့ အဆက်ပါ။Dead Snow အရင်ရုပ်ရှင်ထဲမှာ နှိုးထလာပြီးသောင်းကျန်းခဲ့တဲ့ နာဘီး ( နာဇီဇွန်ဘီး) တွေဟာတောင်ပေါ်ကနေ အောက်ကိုဆင်းလာပြီး ရည်ရွယ်ချက်တစ်ခုကို လုပ်ဖို့ကြိုးစားလာပါတယ်။အဲဒီမှာပဲ ပထမရုပ်ရှင်တုန်းက အသက်ရှင်ကျန်ခဲ့တဲ့သူ နဲ့အမေရိကန်က လာတဲ့ ဖုတ်ကောင်နှိမ်နင်းရေးအဖွဲ့ ပေါင်းပြီး နာဘီးတွေကို ရင်ဆိုင်ရပါတော့တယ်။နာဇီဇွန်ဘီးနဲ့ ချဖို့ဆိုရင် ဘာလိုမလဲ၊ ဆိုဗီယက်ဇွန်ဘီးတွေ လိုတာပေါ့ဗျာ။ဇာတ်လမ်းက ထူးခြားပြီး ရယ်လည်းရယ်ရ ကြမ်းလည်းကြမ်းကြောင်လည်း ကြောင်တာမို့ Dead Snow နှစ်ကားကို သဘောကျကြမယ်ထင်ပါတယ်။ File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time : 01:40:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Dead Snow 2: Red vs. Dead

Dead Snow (2009) 6.3
Dead Snow (2009) ဟောလိုးဝင်းညအတွက် ဟော်ရာ ကားကောင်းတစ်ကား ထပ်တင်ပေးထားပါတယ်။ နာဇီတွေ အရမ်းဆိုးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဇွန်ဘီးတွေ အရမ်းဆိုးတာလည်း လူတိုင်းသိပါတယ်။ ဒီကားမှာတော့ နာဇီဇွန်ဘီးတွေ ဖြစ်နေတဲ့အတွက် နှစ်ဆ ဆိုးတယ် ပြောရမလိုပါပဲ။ ဇွန်ဘီးဖြစ်သွားရင် လူကောင်းဖြစ်ဖြစ် နာဇီဖြစ်ဖြစ်အတူတူပဲဆိုတော့ ဘာမှမထူးဘူးလို့တော့ ပြောလို့မရပြန်ပါဘူး။ ဒီဇွန်ဘီးတွေက ပိုးကူးစက်တာမဟုတ်ဘဲ ကျိန်စာသင့်ပြီး ဖြစ်လာတာဆိုတော့ အစွမ်းနည်းနည်းရှိပါတယ် ဦးနှောက်လည်း နည်းနည်းရှိပါတယ်။ ဒီကောင်တွေပေးတဲ့ ဒုက္ခကို အရင်ဆုံးခံရမယ့်သူတွေကတော့ နော်ဝေးက နှင်းတောင်တွေပေါ်ကို အလည်ရောက်လာတဲ့ ဆေးကျောင်းသား အုပ်စုတစ်သိုက်ပါပဲ။ ဒါပြီးရင်တော့ ဒုတိယရုပ်ရှင်မှာ အများကြီးဆက်ဒုက္ခပေးပါဦးမယ်။ ဇာတ်လမ်းကောင်းတဲ့အပြင် ရိုက်ချက်တွေ ရက်စက်တာမို့ ဟော်ရာပရိသတ်တွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ ဒီကားကို ကြည့်ပြီးရင်လည်း Dead Snow 2 ကို ရှာပြီး ဆက်ကြည့်လိုက်ကြပါဦး။   File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time : 01:31:00 Format : mp4 Subtitle : Myanmar Subtitle (Hard ...
movie

Dead Snow (2009)

The Labyrinth (2021) 5.2
The Labyrinth (2021) The Labyrinth( 2021)ဒီတစ်ခါတော့ Horror ဇာတ်ကားတွေကိုမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရတာကို သဘောကျတဲ့သူတွေအတွက် ကိုရီးယားhorror ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။အထက်တန်းကျောင်းတစ်ကျောင်းမှာ တွယ်ကပ်နေတဲ့ မကောင်းဆိုးဝါးကြောင့် ထူးဆန်တဲ့အမှုတွေကကျောင်းအတွင်းမှာ ဆက်တိုက်ဖြစ်နေပြီးတော့ ဘာကြောင့်ဆိုတာကိုလည်း အဖြေရှာလို့မရဖြစ်နေပါတယ်။အဲ့ကျောင်းကို ပြောင်းလာခဲ့တဲ့ ကျောင်းသားသစ် ဟွီမင်က White Day နေ့မှာ သူသဘောကျနေတဲ့ ကောင်မလေးဖြစ်တဲ့ ဆိုယောင်းကို လက်ဆောင်ပေးဖို့ ကျောင်းကို နောက်ကျမှခိုးဝင်လာခဲ့ပါတယ် ဒါပေမဲ့ ကျောင်းကိုရောက်တဲ့အချိန်မှာ တစ်ခုခု မူမမှန်တာကို သတိထားမိသွားပါတော့တယ်....ဟွီမင်ကရော ကျောင်းထဲကနေပြန်ပြီးထွက်လာနိုင်ပါ့မလား.... မကောင်းဆိုးဝါးရဲ့ လက်ကနေရော လွတ်နိုင်ပါ့မလား..... ဒီကျောင်းရဲ့ နောက်ကွယ်မှာရော ဘယ်လိုအဖြစ်အပျက်တွေများ ရှိနေဦးမလဲ..... ဇာတ်အိမ်ခိုင်ပြီး ကျောင်းနောက်ခံနဲ့ ရိုက်ကူးထားတဲ့အပြင် မြုပ်ကွက်မျိုးစုံလည်းပါတာကြောင့် အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ။SF9 ထဲက Chani က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kim Khin Hana ပဲ ဖြစ်ပါတယ်။Genre: Horror, Fantasy Quality: 1080P ...
movie

The Labyrinth (2021)

2021
Oxygen (2021) 6.5
Oxygen (2021) Oxygen (2021)=============IMDb Rating - 6.5/10သိပ္ပံစိတ်ကူးရင် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ခရိုင်အိုဂျန်းနစ်လို့ခေါ်တဲ့ အလုံပိတ်အသက်ကယ်ပြွန်ကြီးထဲမှာ အမျိုးသမီးတစ်ယောက်ဟာ နိုးလာခဲ့ရာကနေစပါတယ်။ သူ့စိတ်ထဲမှာ အားလုံးက ဝေဝါးနေခဲ့ပြီး သူဘယ်သူလဲ၊ဘာကြောင့်ဒီထဲကိုရောက်နေတာလဲဆိုတာကိုလုံးဝမမှတ်မိပါဘူး ...သူနဲ့အဖော်ရှိတာဆိုလို့ မိုင်လိုလို့ခေါ်တဲ့ AI(ဥပမာ Siri လိုမျိုး) ပဲရှိပါတယ်။ တစ်ချိန်ထဲမှာပဲ သူရောက်နေတဲ့ပြွန်ကြီးရဲ့အောက်ဆီဂျင်လယ်ဗယ်ဟာလည်း ကျဆင်းလာပြီး အချိန်အနည်းငယ်ပဲရှင်သန်နိုင်တော့မှာပါ။ သူဘာကြောင့် ဒီထဲကိုရောက်နေတာလဲ သူဘယ်သူလဲဆိုတာကို တစ်စတစ်စချင်း အဖြေရှာသွားရင်းနဲ့  မေးခွန်းပေါင်းများစွာနဲ့ ဆွဲခေါ်သွားမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အဓိကသရုပ်ဆောင် တစ်ယောက်ရယ် . အလုံပိတ် Cube တစ်ခုနဲ့တစ်ကားလုံးစိတ်ဝင်စားစရာဖြစ်အောင် ရိုက်ပြသွားနိုင်တာတော့ အသေအချာပါပဲ။ အဲ့လို မေးခွန်းတွေကနေမှ နောက်ဆုံးသူဘယ်သူလဲသိလိုက်ရချိန်ဟာတော့ . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p,360p ...
movie

Oxygen (2021)

2021
May Who? (2015) 7.1
May Who? (2015) IMDb Rating (7.1)ဒီထိုင်းကားလေးက Comedy,Fantasy,Romance လေးဆိုတော့လူငယ်အကြိုက် ပျော်ပျော်ပါးပါး ထူးထူးဆန်းဆန်း ကြည်ကြည်နူးနူး ကြည့်ရှုရမယ့်ဇာတ်ကားလေးပေါ့ကာတွန်းရုပ်လေးတွေနဲ့ ဇာတ်လမ်းဆွဲတတ်တဲ့ ကောင်လေးအဖြစ် ထိုင်းစီးရီးတွေမှာနာမည်ကြီးတဲ့မင်းသား Thiti Mahayotarukစိတ်လှုပ်ရှားလာရင် ခန္ဓာကိုယ်က လျှပ်စစ်ဓာတ်တွေထုတ်လွှတ်တတ်တဲ့ မေနိုင်အဖြစ် မင်းသမီး Sutatta Udomsilpသူတို့နှစ်ယောက်ရဲ့အချစ်ရေး...အချစ်ဇာတ်ကားလေးဆိုပေမယ့် ကာတွန်းဇာတ်ကောင်လေးတွေနဲ့တင်ဆက်ထားတာရော...ကျောင်းသားပီပီသသ ပေါက်ကရလုပ်ကြတာတွေရော...ဇာတ်လမ်းဇာတ်ကွက်နဲ့ဇာတ်ကောင်တွေက တမူထူးခြားနေတာရော...သရုပ်ဆောင်တွေ ပီပြင်ကြတာရောကြောင့်ဒီဇာတ်လမ်းက ထိုင်း Comedy ထဲမှာတော့ နိုင်ငံတကာတန်းဝင်ဇာတ်ကားဖြစ်ပါတယ်။ File size…(1.9 GB) / (999 MB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:01:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yun Sandi
movie

May Who? (2015)

HEVC 1080p
Odd Thomas (2013) 6.8
Odd Thomas (2013) Odd Thomas (2013)IMDb - 6.8CM ပရိသတ်ကြီးရေခင်ဗျားတို့မှာ အများနဲ့ မတူ၊ သဘာ၀နဲ့ ဆန့်ကျင်နေတဲ့ စွမ်းရည်တစ်ခု ရှိနေမယ် ဆိုပါစို့ စိတ်ဖတ်နိုင်တာတို့ ၊ ကိုယ်ဖျောက်နိုင်တာတို့ ၊ အချိန်ခရီးသွားနိုင်တာမျိုးတော့ မဟုတ်ဘူးဗျသေခြင်းတရားကို မြင်နိုင်ခြင်းပါ ရှင်းအောင်ပြောရရင် နာနာဘာ၀တွေကို မြင်နိုင်ခြင်းပေါ့အဲဒီအစွမ်းရှိနေရင် ခင်ဗျားတို့ ဘာလုပ်မလဲကျွန်တော်လိုလူကတော့ အဲဒီအစွမ်းသာရှိနေရင် လောကကြီးမှာ နေနိုင်မယ်မထင်ဘူး ဘ၀မှာ သေမှာထက်ကြောက်တာ သရဲပဲဗျ :3သိုပေမဲ့ Odd Thomas ဆိုတဲ့ လူကတော့ ဒီစွမ်းရည်နဲ့ အကျွမ်းတ၀င်ရှိနေပုံပါပဲသူက အားလုံး အမြင်မှာတော့ သာမန်လူ အညတရ စားဖိုမှူး တစ်ယောက် ပတ်၀န်းကျင်မှာ အများနည်းတူ လှုပ်ရှားသွားလာနိုင်သူပေါ့မတူတာတစ်ခုကတော့ အမှောင်လောက က သာမန်မဟုတ်တဲ့ အရာတွေကို မြင်နေနိုင်တဲ့ သူရဲ့ မြင်ကွင်းပါပဲတစ်ခါတစ်ရံ နာနာဘာ၀တွေက တရားမျှတမှုအတွက် သူ့ထံရောက်လာကြသလို အကူအညီရဖို့အတွက်လည်း အိပ်မက်တွေ ပေးလေ့ရှိကြတယ်ဒီလိုတွေထဲမှာမှ ထူးခြားတာကတော့ Bodachs လို့ ခေါ်တဲ့ မကောင်းတဲ့လူနောက် လိုက်တဲ့ အမှောင်လောက သတ္တဝါဆိုးတွေပါပဲ သူတို့က ...
movie

Odd Thomas (2013)

2013
Evan Almighty (2007) 5.4
Evan Almighty (2007) Evan Almighty (2007) =============ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ...
movie

Evan Almighty (2007)

2007
The Final Girls (2015) 6.6
The Final Girls (2015) The Final Girls (2015) =================ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။ မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။ မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့... သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကို သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, 1GB Quality - 1080p, 720p IMDb Rating ...
movie

The Final Girls (2015)

2015
Homunculus (2021) 5.6
Homunculus (2021) Homunculus (2021) ===============2021 အစောပိုင်းလောက်က Psychological Mystery Thriller အမျိုးအစားအနေနဲ့ ထွက်ရှိလာတဲ့ ဒီ Netflix ရုပ်ရှင်လေးကတော့ Hideo Yamamoto ရဲ့ နာမည်ကြီး manga ဖြစ်တဲ့ Homunculus ကို live action အနေနဲ့ အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကတော့ Nakoshi လို့ ခေါ်တဲ့ယောက်ျားတစ်ယောက်...အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် နေထိုင်ရင်း ဆင်းရဲမှုနဲ့ ချမ်းသာမှု နှစ်ခုကြား မိမိကိုကိုယ် အဖြေရှာနေသူတစ်ယောက်..စိတ်ခံစားချက်တွေကင်းမဲ့နေသူတစ်ယောက်ပါ... တစ်နေ့မှာ ဆေးကျောင်းသားအလုပ်သင်တစ်ယောက်ဖြစ်တဲ့ Ito ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ကိုထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်... အဲ့ဒါကတော့ Trepenation လို့ခေါ်တဲ့ နဖူးအလယ်တည့်တည့်မှာ အပေါက်ဖောက်တာပါ ၊ ခုနစ်ရက်အတွင်းမှာ Nakoshi ကို စိတ်ခံစားချက်တစ်ခုခုပေးစွမ်းမယ်ဆိုတဲ့ ကတိနဲ့ပေါ့သေမထူးနေမထူးလို့ ခံစားနေရတဲ့ Nakoshi ကလည်း ဒီစမ်းသပ်မှုကို သဘောတူညီပြီးနောက်ပိုင်းမှာ လူတွေရဲ့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို သတ္တဝါတွေအနေနဲ့ မြင်နိုင်တဲ့ ...
movie

Homunculus (2021)

2021
Ninja Assassin (2009) 6.4
Ninja Assassin (2009) IMDB: (6.4/10)ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို BluRay HEVC Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီအသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတော့တယ်...သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင့်ပါဘူး။ File size…(1.9 GB) / (900 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Zin
movie

Ninja Assassin (2009)

2009
HEVC 1080p
Under Wraps (2021) 4.8
Under Wraps (2021) Under Wraps (2021)1997 ခုနှစ်တုန်းက Disney ကနေ ပထမဆုံး Horror-themed film အနေနဲ့ ထုတ်လွှင့်ပေးလိုက်တဲ့ Under Wraps ဇာတ်လမ်းလေးဟာ အခု 2021 မှာ အားလုံးရှေ့မှောက်ကို တစ်ဖန်ဆန်းသစ်ပြီး ပြန်လည်ရောက်ရှိလာပါပြီ။ဇာတ်လမ်းလေးကတော့ Disney ရဲ့ထုံးစံအတိုင်း အရောင်အသွေးစုံစုံလင်လင်နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလို့ကောင်းမယ့်ကားလေးပါ။ အသက် ၁၂နှစ်အရွယ် ဂျစ်တီးလေးတွေဖြစ်ကြတဲ့ Gilbert နဲ့ Marshall တို့နှစ်ယောက်က တစ်မြို့ထဲနေပြီး အတူတူကြီးပြင်းခဲ့ကြတဲ့အပြင် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ သူငယ်ချင်းဆိုပေမယ့် နှစ်ယောက်က တကယ့်ကို အတွဲညီတဲ့ တောင်နဲ့မြောက်နှစ်ကောင်ပေါ့။ Marshall က မွန်းစတားတွေ၊ သရဲကားတွေလိုမျိုး ထိတ်လန့်သည်းဖိုခရေဇီဖြစ်ပြီး Gilbert ကတော့ သရဲကား၊ မွန်းစတား စတာတွေကို တုန်နေအောင်ကြောက်တတ်တဲ့ကောင်လေးပေါ့။ဒီလိုနဲ့ တစ်ရက်မှာ သူတို့နှစ်ယောက်ရဲ့ ဘဝထဲကို Amy ဆိုတဲ့ကျောင်းသူသစ် သူငယ်ချင်းမလေးရောက်ရှိလာပါတော့တယ်။ တစ်ညမှာတော့ ဂျစ်တီးလေးနှစ်ယောက်ရဲ့အိမ်နီးချင်းဖြစ်ပြီး လူသတ်စက်ရုပ်ဆိုတဲ့နာမည်ပြောင်နဲ့ ကြောက်စရာ Mr. Kubot ရဲ့အိမ်ထဲကို ထူးဆန်းတဲ့ပစ္စည်းကြီးတစ်ခုသယ်နေတာကို Gilbert နဲ့ Marshall တွေ့သွားတဲ့အခါ ..အနာဂတ်သတင်းထောက်လောင်းလေး Amy နဲ့အတူ ရှာဖွေဖော်ထုတ်ကြရာကနေ အဲဒီထူးဆန်းတဲ့ပစ္စည်းက ...
movie

Under Wraps (2021)

Painted Skin (2008) 6.3

Painted Skin (2008)

HEVC 1080p 5.1
Savaged (2013) Avenged 5.5
Savaged (2013) Avenged IMDb Rating (5.5) / Rotten Tomatoes (88%)သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်ချင်စရာ ဇာတ်ကားပါပဲ။ဇိုဝီဆိုတဲ့ ဆွံ့အ နားမကြားကောင်မလေးဟာ မက္ကဆီကိုနယ်စပ်က သူ့ချစ်သူဆီ တစ်ယောက်တည်း ခရီးထွက်လာပါတယ်...ကံဆိုးချင်တော့ လမ်းမှာ လူရမ်းကားတစ်စုနဲ့ ရင်ဆိုင်တွေ့ပြီး ပြေးမလွတ်ဘဲဖမ်းခံလိုက်ရပါတယ်...လူရမ်းကားအုပ်စုက သူမကိုဖမ်းခေါ်သွားပြီး စိတ်ကြိုက် အနိုင်ကျင့်နှိပ်စက်ခံရပါတော့တယ်...သာမန်အားဖြင့် သေဆုံးသွားရမယ့်သူမဟာ ရှေးအင်ဒီးယန်းတစ်ယောက်က ဆေးပြန်ကုသပေးချိန်မှာအစီအရင်တွေကြောင့် လက်စားချေချင်တဲ့ ဝိဉာဉ်တစ်ခု ဝင်ပူးလာပြီး ပြန်လည်နိုးထလာပါတော့တယ်။ရန်ငြိုးတွေကြောင့် သူသေကိုယ်သေ အပြိုင်ကြဲကြမယ့်ပွဲမှာ..သူပျောက်ဆုံးသွားတာကို သူ့ချစ်သူက သိရှိပြီး ကယ်တင်နိုင်မလား...လက်စားချေဝိဉာဉ်ကရော သူ့ဆီကနေထွက်သွားနိုင်မလား...ဆိုတာ။သွေးထွက်သံယိုနဲ့ ပိုးစိုးပက်စက် သတ်ဖြတ်ခန်းတွေပါဝင်ကြောင်း ကြိုတင်သတိပေးပါရစေ။  File size…(1.5 GB ) / (900 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

Savaged (2013) Avenged

Baahubali: The Beginning (2015) Bahubali 8.3
Baahubali: The Beginning (2015) Bahubali IMDb Rating (8/10) / Rotten Tomatoes (89%)မူရင်းအသံဖြစ်တဲ့ Telugu အသံနဲ့ International Cut Version ကို HEVC Encode နဲ့ပါ တင်ဆက်လိုက်ပါတယ်။ဗာဟုဘာလီဇာတ်ကားကတော့ Action, Adventure, History အမျိုးအစား ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး ...
movie

Baahubali: The Beginning (2015) Bahubali

2015
HEVC 1080p BluRay
Maleficent: Mistress of Evil (2019) 6.6
Maleficent: Mistress of Evil (2019) Maleficent: Mistress of Evil (2019) IMDb - 6.6/10_____Rotten - 39%    2014 တုန်းက ထွက်ရှိထားတဲ့ Maleficent ရဲ့ အဆက် ဒုတိယမြောက်ကား ဖြစ်ပါတယ်....ပထမအပိုင်းတုန်းက ကြည့်လိုက်ရတဲ့ အတိုင်းပဲ ကျိန်စာတိုက်ထားတဲ့ ကလေးမလေးကို ချစ်မိသွားတဲ့ မယ်လိဖိဆင့် ဟာ အော်ရိုရာ လေးကို သမီးအရင်းလို မွေးစားခဲ့ပြီး မော့စ်ကို အုပ်ချူပ်တဲ့ ဘုရင်မ အဖြစ် သရဖူဆောင်းပေးခဲ့တာပါ... ဒီ ဒုတိယ အပိုင်းမှာတော့ မော့စ်တိုင်းပြည် နဲ့ မတည့်တဲ့ လူသားတွေတိုင်းပြည်က မင်းသားလေး ဖိလစ်က အော်ရိုယာ လေးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ခံခဲ့တဲ့အတွက် နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့ပါတယ်.... လူသားတွေ တိုင်းပြည်က ဘုရင်ကြီး နဲ့ ဘုရင်မကြီးက မယ်လိဖိဆင့် နဲ့ အော်ရိုရာ လေးကို ညစာ ဖိတ်ကျွေးတဲ့ညမှာပဲ လူသားတွေကို ကြည့်မရတဲ့ မယ်လိဖိဆင့် ဟာ ထပ်မံ ပြသနာရှာခဲ့သော ...
movie

Maleficent: Mistress of Evil (2019)

2019