Channel Myanmar

Fantasy

If Only (2004) 7.0
If Only (2004) If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasyတစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrewsက ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသားပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ....Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…    3.3 GB /  1.1 GB Quality… BluRay 1080p ...
movie

If Only (2004)

(18+) Desperate Living (1977) 7.0
(18+) Desperate Living (1977)  Desperate Livings က 1977 ထွက် Comedy/Horror Film အမျိုးအစားဖြစ်ပါတယ်။ IMDb 7 နဲ့ RT 70% ရရှိထားပါတယ်ဇာတ်လမ်းကတော့ စိတ်မနှံ့တဲ့ မိန်းမ Peggy Gravel က သူ့‌ယောက်ျားကို သတ်မိပြီး လွတ်သွားတယ်..အဲဒါကို သူ့အိမ်ဖော်မ ဂရီဇယ်ဒါက ပက်ဂီကိုကူညီရင်း ထွက်ပြေးရင်း မော့ဗေးဆိုတဲ့ ဒုစရိုက်သမားတွေ စုနေတဲ့ မြို့တစ်မြို့ကိုရောက်သွားတယ်။မော့‌ဗေးမှာ ပက်ဂီနဲ့ ဂရီဇယ်ဒါဟာ ထူးထူးခြားခြား characters တွေ အဖြစ်အပျက်တွေ နဲ့ တွေ့ကြံကြရတယ် ဇာတ်လမ်းတစ်လျှောက် characters တွေရော events တွေရောက ယုတ္တိမတန်ပြီး မသတီစရာကောင်းကြတယ်။ ကောင်းတဲ့ဘက်ကနေ တော်တော် chaotic ဖြစ်တဲ့ကားပါ။Dark comedy ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Crime, ...
movie

(18+) Desperate Living (1977)

Kleks Academy (2023) 5.5
Kleks Academy (2023)   ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက်ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်..ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာတက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီးအလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက်နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာတက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေးအရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီးစိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်းမမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာမသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်းဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်းသူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူမိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့....။ File size…2.15GB / 1.02GB Quality…NF WEB-DL ...
movie

Kleks Academy (2023)

Hellboy (2004) 6.8
Hellboy (2004) Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie

Hellboy (2004)

2004
4K HEVC
Hello, Universe! (2023)
Hello, Universe! (2023) အခုတစ်ခေါက်မှာတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့သင့်တော်မယ့် ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာဆိုရင်တော့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးသူတွေအနေနဲ့ ကြည့်သင့်တဲ့ အားကစားအခြေခံ ဟာသ ဒရာမာကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း အေရီရယ်ဆိုတဲ့ သက်လတ်ပိုင်း ဘတ်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဟာ သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် သူ့ဘဝကြီး အဲ့အချိန်ကတည်းကစလို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သာမန် ကုမ္ပဏီဝန်ထမ်းဘဝနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပေမယ့် သူ ဝါသနာပါတဲ့ ဘတ်စကက်ဘောကစားနည်းကိုတော့ နည်းနည်းလေးမှ လက်လွတ်မခံခဲ့ပါဘူး။တစ်နေ့တော့ သူ့ဘဝသူ ညည်းညူနေရင်းနဲ့ ဂျက်ဆီဆိုတဲ့ လူထူးဆန်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီ့ လူထူးဆန်းက ဘယ်သူလဲဆိုတာကို သူမသိပေမယ့် ဂျက်ဆီနဲ့အတူတူ ထူးဆန်းတာတွေကို လျှောက်လုပ်မိရင်း ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲဆက်ပြီး ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ်File size…(1.6 ...
movie

Hello, Universe! (2023)

Penduko (2023) 6.0
Penduko (2023)  ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင်ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကားဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကိုမီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကိုဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီကသဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ်တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကိုမုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီးဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာတွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီးအောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။  File size…1.41GB / 724MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Penduko (2023)

Father & Son (2023) 6.1
Father & Son (2023) Father & Son (2023)===============အကြောဆွဲပြီး အိပ်ရာပေါ်လဲနေတဲ့ အဖေကိုပြုစုရလို့ 12တန်းကျောင်းသားလေးအီမန်က အမြဲတမ်းကျောင်းမှာနောက်ကျပြီး မြောက်ကြွကြွကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို နေ့တိုင်းခံနေရလေ့ရှိတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အီမန့်အဖေဆုံးသွားပြီး အီမန် အတန်းထဲမှာ သူ့အဖေဆုံးတဲ့စိတ်ကြောင့် စိတ်တိုရာကနေ ဆရာ့ကိုထိုးမိသွားလို့ ကျောင်းနှစ်ပတ် ရပ်နားခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ဝိဉာဥ်က အီမန့်ဆီကိုရောက်လာပြီး သူ့သားကို ကောင်မလေးရဖို့၊ ကျောင်းက အနိုင်ကျင့်သမားတွေကို ပြန်တိုက်ဖို့နဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် နောင်တမရှိအောင်ရှင်သန်ဖို့ ဘယ်လိုတွေလမ်းညွှန်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:18:00 Genre_Drama, Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Father & Son (2023)

Tale of the Mural (2023) 6.0
Tale of the Mural (2023) Tale of the Mural (2023) =====================ဒီတရုတ်ကားကတော့ ကြည့်ကောင်းပါတယ်။ ဘုရားစူး တကယ်ကြည့်ကောင်းပါတယ်။ အဓိကကတော့ မင်းသမီးတွေလှသလို ဖမ်းစားတဲ့အခန်းတွေလည်း ပါသကိုး။ ဇာတ်ကတော့  နာမည်ကျော်  Chinese Ghost Storyလို အမျိုးအစားမျိုးပဲ။ မမြင်အပ်ဘဝတွေနဲ့ လူသားတွေ ချစ်ကြိုးသွယ်တဲ့ အကြောင်းပေါ့။ ဒါပေမဲ့ သူကနည်းနည်းလေးတော့ ဇာတ်အိမ်က ကွန့်ထားတယ်။ဇာမဏီနတ်ဘုရားမနဲ့ စာကလေးမိစ္ဆာမ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရင်း အပယ်ဘုံတံခါးကို စာကလေးမိစ္ဆာမက ဖွင့်လိုက်တဲ့နောက် ဇာမဏီနတ်ဘုရားမက သူ့ကိုယ်သူပါ နံရံဆေးရေးပန်းချီကားထဲ ချိပ်ပိတ်ခံပြီး မိစ္ဆာတွေကို တားဖို့စတေးခဲ့တယ်။  ဒီလိုနဲ့ အပြင်လောကမှာ သူ့စွမ်းအားတွေ ကိန်းဝပ်နေတဲ့ အတောင်တစ်ချောင်းကို ကျကျန်ခဲ့ပြီး သူ့ကိုယ်သူ  ပန်းချီကားထဲ ချိပ်ပိတ်မိသွားခဲ့တယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ ဒီပန်းချီကားထဲကနေ ဘယ်သူမှမထွက်နိုင်ခဲ့ဘူး။ဒါပေမဲ့ ဒီကာလတွေမှာ မိစ္ဆာမဟာ လူသားယောက်ျားတွေကို တစ္ဆေမတွေကိုသုံးပြီး ဖျားယောင်းပြီး အသက်ဓာတ်စုပ်ရင်း ဒီပန်းချီကားထဲကနေ ထွက်ဖို့အားဖြည့်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ...
movie

Tale of the Mural (2023)

The Strange Case of a Claustrophobic Ghost (2023)
The Strange Case of a Claustrophobic Ghost (2023)  အိမ်အသစ်ကို ​ပြောင်းလာတဲ့ Nikolajဟာ ညဘက်​တွေဆို သူ့အဝတ်ဗီရိုထဲက အသံ​တွေ​ကြောင့် လန့်နိုးလာ​ရတတ်ပါတယ်။ သူတို့ရဲ့ တိုက်တန်းတည်ရှိတဲ့ လမ်းမှာ အို​ဟောင်း​နေတဲ့ အိမ်ကြီးတလုံးလည်း ရှိ​နေပါ​သေးတယ်။ ဒါ​တွေက ဘယ်လိုချိတ်ဆက်​နေလဲ။ Nikolaj က မမြင်သင့်တဲ့ ​လောကတခုကို မြင်​နေရတာလား။သူ့အခန်းမှာဆက်​နေလို့ မရ​ဘူးဆိုတာကို လက်မခံချင်ဖြစ်​နေတဲ့ Nikolajတစ်​ယောက် စပ်စုတတ်တဲ့ညီ​​လေးနဲ့အတူ ​ကျောင်းက သူငယ်ချင်း အသစ်​လေး Ximenaနဲ့ ဘယ်လိုပူ​ပေါင်းပြီး သူ့အဝတ်ဗီရိုထဲက တစုံတရာကို ကူညီ​ပေးကြမလဲဆိုတာ ကို ဒီ မက်ဆီကန် ရုပ်ရှင်ကားသစ်​မှာ ကြည့်ရှုရမှာပါ​။ ကြည့်​နေကျ horror ကား​တွေနဲ့ မတူတဲ့ ဇာတ်​ကြောင်း​ပြောပုံနဲ့ အပြင်အဆင် ကြောင့် ပုံပြင်တစ်ပုဒ်ထဲ ​ရောက်ရှိသွားသလိုခံစားရပြီး လိုက်ပါစီး​မျောနိုင်မှာပါ။စပိန်စကား​ပြော ရုပ်ရှင်ဖြစ်တဲ့ အပြင်၊ မြင်​နေကျမဟုတ်တဲ့ ကင်မရာ ရှု​ထောင့် ​တွေ၊ မက်ဆီကန် ရိုးရာ ယုံကြည်မှု အချို့ကို ထည့်သွင်းရိုက်ကူးထားပုံကိုလည်း မြင်​​တွေ့ရမှာပါ။ မိသားစု ...
movie

The Strange Case of a Claustrophobic Ghost (2023)

Shangtong Village: Story of a Strange Snake ( 2024 ) 5.7
Shangtong Village: Story of a Strange Snake ( 2024 ) ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း ရှန့်ထုံရွာမှာ စပါးအုံမြွေကြီးတစ်ကောင်ပေါ်လာပြီးတော့ တစ်ရွာလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားရတဲ့အကြောင်းကို ဇာတ်ကြောင်းပြောသလိုပုံစံလေးနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ ရှန့်ထုံရွာမှာ တစ်နှစ်တစ်ခါ လူပျိုအပျိုကလေးကို မီးလောင်တိုက်သွင်းပြီးတော့ မြစ်စောင့်နတ်ကိုပူဇော်ရတဲ့ဓလေ့ရှိပြီးတော့ နတ်ဆရာက ဉာဏ်ပူဇော်ခတွေလည်းအဆမတန်တောင်းပါတယ် ။ဒီလိုနဲ့တစ်နေ့မှာတော့ ပုံမှန်အတိုင်းယစ်ပူဇော်ပွဲလုပ်နေကျနေရာကို ယွိလင်လုံဆိုတဲ့ကောင်လေးရောက်လာပြီး ယစ်ပူဇော်မှုကိုတားမြစ်ပြီး မီးလောင်တိုက်အသွင်းခံရတော့မဲ့ကလေးကိုကာကွယ်ပေးခဲ့ပါတယ် ။ဖြစ်ချင်တော့ ယန်ဓာတ်လွန်ကဲနေတဲ့ခန္တာကိုယ်ပိုင်ရှင်သူ့ကို အားလုံးကနမိတ်မကောင်းဘူးဆိုပြီးနှင်ထုတ်ကြပါတယ် ။ အဲဒီအချိန်မြွေကြီးတစ်ကောင်ပေါ်လာပြီးရွာသားတွေကို တိုက်ခိုက်ကြတော့ အားလုံးလည်း မြွေဆိပ်ပန်းနဲ့မြွေတွင်းဒဏ္ဍာရီကိုပိုပြီးယုံသွားပါတော့တယ် ။တစ်ရွာလုံးက နမိတ်မကောင်းဘူးဆိုပြီးဖယ်ကျဉ်ထားတဲ့ ယွိလင်လုံတစ်‌ယောက် နျဲ့ဝမ်းအာဆိုတဲ့မိန်းကလေးကို ကယ်လိုက်ပြီးနောက်မှာတော့ ပထမဆုံးအကြိမ်မိတ်ဆွေတစ်ယောက်ကိုရခဲ့ပြီး မြွေကြီးတွေကိုရှင်းလင်းဖို့ဘယ်လိုလုပ်ကိုင်သွားမလဲ ? ဂျပန်တွေလက်ထဲကနေ မြွေဆိပ်ပန်းကိုဘယ်လိုကာကွယ်သွားမလဲဆိုတာတာကို ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Adventure , Fantasy , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay  Encoded by LK  
movie

Shangtong Village: Story of a Strange Snake ( 2024 )

Catwoman (2004) 3.4
Catwoman (2004) Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါ‌တော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့‌‌ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size…    2.1 GB /  971 ...
movie

Catwoman (2004)

An American Pickle (2020) 5.7
An American Pickle (2020) An American Pickle Genre - Comedy,Fantasy IMDb - 5.7/10Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေ‌သေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။File size…    2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller
movie

An American Pickle (2020)

Cinderella’s Revenge (2024)
Cinderella’s Revenge (2024)  စင်ဒရဲလားက မင်းသားလေးနဲ့ လက်ထပ်ပြီးနောက် Happily Ever After ဘဝကို ရသွားတယ်လို့ ဇာတ်လမ်းလေး ရှိသလို မင်းသားလေးက ဖောက်ပြန်လို့ စင်ဒရဲလားက လက်ထပ်ပြီးတာတောင် စိတ်ဆင်းရဲစွာနေထိုင်ရတယ်ဆိုတဲ့ မူကွဲတွေလည်း ရှိပါတယ်။ဒီဇာတ်လမ်းမှာတော့ စင်ဒရဲလားကို သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးနဲ့ အစ်မတွေက အဆုံးစွန်ဆုံး ရိုက်နှက်နှိပ်စက်ကြတဲ့အခါ စင်ဒရဲလားက သည်းမခံတော့ဘဲ သူမရဲ့ Fairy Godmother အကူအညီနဲ့ ကလဲ့စားချေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Fantasy ဖြစ်ပြီး ကလေးငယ်လေးတွေ မကြည့်သင့်တဲ့ စင်ဒရဲလားကားလေးပါ။ အသတ်အဖြတ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများနဲ့ စင်ဒရဲလားတစ်ယောက် အောင်အောင်မြင်မြင်နဲ့ သူမရဲ့ ကလဲ့စားကိုချေနိုင်မှာလား၊ မင်းသားလေးနဲ့ရော ပျော်စရာဇာတ်သိမ်းလေးရပါတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(809 MB) Quality….Webrip 1080p / ...
movie

Cinderella’s Revenge (2024)

The Wonderful Story of Henry Sugar and Three More (2024)
The Wonderful Story of Henry Sugar and Three More (2024)  နာမည်ကြီး ဒါရိုက်တာ Wes Anderson ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ ရုပ်ရှင်ကားလေးပါကလေးပုံပြင်စာရေးဆရာ Roald Dahl ရဲ့ ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာ ဖြစ်ပြီး Wes Anderson ရဲ့တမူထူးတဲ့ တင်ဆက်ဟန်က ပရိသတ်နှစ်ဖွဲ့ကွဲစေမှာပါ တစ်ဖွဲ့က သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို သဘောကျမယ့်လူနဲ့ နောက်တစ်ဖွဲ့ကတော့ စတိုင်မလိုင်တွေ များလွန်းတယ်ဆိုပြီး မျက်စိဆံပင်မွှေးစူးမယ့် ပုံစံမျိုးပါဒီထဲမှာဆိုရင်- အိန္ဒိယက ကျင့်စဥ်တစ်ခုကို ကျင့်ပြီး ကာစီနိုလောင်းသူ- ငန်းဖြူပုံပြင်- ထူးဆန်းတဲ့ ကြွက်ဖမ်းသမား- ဗိုက်ပေါ်က မြွေဆိုတဲ့ပုံပြင်လေးပုဒ်ကို တမူထူးခြားစွာ ရသမြောက်အောင် တင်ဆက်ထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Wonderful Story of Henry Sugar and Three More (2024)

Woof Woof Daddy ( 2024 ) 6
Woof Woof Daddy ( 2024 ) တစ်ယောက်တဲ့သမီးလေးကို ပျိုးထောင်လာတဲ့ ကျန်းစီးဝမ်(Aaron Kwok)ဟာ တစ်နေ့မှာ မထင်မှတ်ပဲ လူ့လောကကနေထွက်သွားခဲ့ရပြီး ခွေးတစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ် အသက်(၇)နှစ် လူမမယ်အရွယ်သမီးလေးကို စိတ်မချနိုင်ပဲ သမီးလေးကိုလိုက်ရှာခဲ့တယ်။သမီးလေးကိုရှာတွေ့တဲ့အချိန်မှာတော့ သမီးလေးကအရွယ်ရောက်ပြီး အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ အဆင်ပြေနေသလိုထင်ရပေမယ့် အခက်အခဲတွေနဲ့ကြုံနေရပါတယ်။ အဖေတစ်ယောက်အနေနဲ့ ခွေးလေးအဖြစ်နဲ့ သမီးလေးရဲ့အနားမှာနေပြီး အခက်အခဲတွေကိုကျော်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ လူနဲ့ခွေး ဘဝချင်းခြားနေပေမယ့်လဲ အဖေတစ်ယောက်ရဲ့မေတ္တာကိုပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးပြသသွားတာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Family , Fantasy Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Woof Woof Daddy ( 2024 )

Ghostbusters II (1989)
Ghostbusters II (1989) 1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Ghostbusters II (1989)

Ghostbusters (1984)
Ghostbusters (1984) ငယ်ဘဝအမှတ်တရ မူရင်း သရဲဖမ်းသမားများရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက ဝက်ဝက်ကွဲအောင်မြင်လူကြိုက်များခဲ့တဲ့အပြင် Oscar nominations လည်း 2 ခုဝင်ခဲ့ပြီး တခြားဆု‌တွေလည်းရရှိခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာလည်း Ghostbusters: Frozen Empire ဆိုတဲ့ sequel တစ်ကားထပ်ထွက်ထားပါသေးတယ်။ဒီပထမဆုံးရုပ်ရှင်မှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ခေတ်သစ်သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရူးသွပ်စွာလေ့လာကြတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းသုံးယောက်၊ သူတို့အလုပ်လုပ်တဲ့ တက္ကသိုလ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါမှာ မီးသတ်ရုံအဟောင်းတစ်ရုံနဲ့ ကားအစုတ်တစ်စီးကိုဝယ်လိုက်ပြီး သရဲဖမ်းသမားများအဖွဲ့ကို တည်ထောင်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ သူတို့ဖန်တီးထားတဲ့ သရဲဖမ်းကိရိယာတွေကိုသုံးပြီး မြို့ထဲမှာ သောင်းကျန်းနေတဲ့ သရဲတွေကို လိုက်လံဖမ်းဆီးပေးရင်း ဂိုဇာ လို့ခေါ်တဲ့ ရှေးခေတ်ဟစ်တီ ဖျက်ဆီးခြင်းနတ်ဘုရား ပြန်လည် နိုးထလာမဲ့အရေးကို တားဆီးပေးဖို့ဖြစ်လာပါတော့တယ်။ ငယ်ငယ်က ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ခဲ့ရတဲ့ ဟာသ-ဟော်ရာအမျိုးအစား ရုပ်ရှင်ဖြစ်တာမလို့ ပြန်ကြည့်ပြီး စိတ်အပန်းဖြေလို့ကောင်းမဲ့ ရုပ်ရှင်တစ်ကားပါဗျ။File size…(2.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Comedy, ...
movie

Ghostbusters (1984)

Turn Heaven and Earth Upside Down ( 2024 ) 5.9
Turn Heaven and Earth Upside Down ( 2024 ) ဒီဇာတ်ကားလေးကတော့ စွန်းဝူခုန်းနဲ့တန်းတူစွမ်းအားကြီးတဲ့ မျောက်တစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။ သူကတော့နားရွက်(၆)ဖက်ရှိတဲ့မျောက်နီမျိုးနွယ်ဘုရင်တစ်ပါးဖြစ်ပြီးတော့ စစ်မက်လိုလားတဲ့သူတစ်ယောက်ဖြစ်တယ်။သူ့ရဲ့လောဘစိတ်ကြောင့် ကျန်တဲ့အင်အားကြီးမျောက်မျိုးနွယ်တွေကို အနိုင်ယူခဲ့ပြီး နောက်ဆုံးမှာအောင်နိုင်ခြင်းဘုရားကိုပါအနိုင်ယူခဲ့တယ်။ (စွန်းဝူခုန်းကအနောက်အရပ်ကပြန်လာပြီးနောက်ပိုင်း တရုတ်ကျမ်းစာအရဘုရား၃၅ဆူထဲက နောက်ဆုံးဘုရားဖြစ်တဲ့ အောင်နိုင်ခြင်းဘုရားဖြစ်သွားတယ်လို့ဆိုတယ်) သူကသူရဲကောင်းကြီးကိုအနိုင်ယူလိုက်ပေမယ့် သူထင်သလိုမပျော်နိုင်ပဲ ဗလာဆန်ပြီးအထီးကျန်ဘဝနဲ့နေနေရတယ်။တစ်နေ့မှာတော့ သူ့ကိုယ်သူအောင်နိုင်ခြင်းဘုရားပါဆိုပြီး ကြွေးကျော်ပြီးရောက်တာတဲ့ကောင်လေးတစ်ယောက်ကြောင့် သူ့ဘဝဟာပြောင်းလဲလာပါတော့တယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Turn Heaven and Earth Upside Down ( 2024 )