Channel Myanmar

Fantasy

The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie

The Invention of Lying (2009)

2009
Dragon Knight (2022) 5.8
Dragon Knight (2022) Dragon Knight (2022) King Arthur, Merlin တို့လို အ​နောက်တိုင်းပ​ဒေသရာဇ်​ခေတ် မြင်းစီးစစ်သူရဲ​တွေရဲ့ စွန့်စားခန်း​တွေ၊ Dragon​နဲ့ပတ်သက်တဲ့ စွန့်စားခန်း​တွေဟာဆိုရင် ဘယ်​ခေတ်၊ ဘယ်အချိန်​မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်​လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်​​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် နဂါး​တွေလည်း​​သေ၊ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ ...
movie

Dragon Knight (2022)

2022
Mao Shan (2021) 5.6
Mao Shan (2021) ယင်ရှောင်ရီဟာ အမေဖြစ်သူဖွင့်ထားတဲ့ စားသောက်ဆိုင်လေးမှာ ဝိုင်းလုပ်ဝိုင်းကူပေးရတဲ့ လူငယ်လေးတစ်ယောက်ပေါ့၊ ခမျာမှာ စားသောက်ဆိုင်အလုပ် လုပ်ရတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာတော့ အင်မတန်ကြီးကျယ်တဲ့ ဆန္ဒတစ်ခုတော့ ရှိနေသဗျ၊ အဲဒါကတော့ မောရှန်းကျောင်းတော်လို့ခေါ်တဲ့ အဆင့်အတန်းမြင့်တဲ့ သိုင်းပညာသင်တန်းကျောင်းမှာ ပညာသင်ပြီး နဂါးကိုးကောင် သခင်ဆိုတဲ့ ကျောင်းရဲ့အမြင့်ဆုံးဂုဏ်ပုဒ်ကြီးနဲ့ ဝင့်ကြွားချင်သူပေါ့၊ဖြစ်ချင်တော့ မောရှန်းရဲ့ ကျောင်းတော်က ရန်စလို့ ပြောရမယ့် ရန်သူတော်ကြီးတစ်ယောက်ဟာ အောက်လမ်း မှော်အစွမ်းတွေနဲ့ တိုက်ခိုက်လာမယ့်ဘေးနဲ့ ကြုံတွေ့လာရတဲ့အခါ ကျောင်းတော်ကြီးအနေနဲ့ နဂါးကိုးကောင်သခင်ဘွဲ့ကို လက်ဆင့်ကမ်းရယူမယ့် သိုင်း ပညာရှင်အကျော်အမော်ကို ရှာခဲ့ပါတယ်၊ကံစီမံရာပဲ ဆိုရမလား၊ ကံကောင်းချင်တယ်ပဲ ပြောရမလား...ယင်ရှောင်ရီတစ်ယောက် မရွယ်ဘဲစော်ကဲမင်းဖြစ်ဆိုသလို သိုင်းပညာနဲ့ပတ်သတ်ရင် ဗလာနတ္ထိ ဘာမှမသိရာမှ ထိုဂုဏ်ပုဒ်ကိုရသွားတဲ့အခါ...ကွန်ဖူးအကြောင်းတစ်လုံးနကန်းမသိတဲ့ ရှောင်ရီအနေနဲ့ သူ့အပေါ်အမြင်မကြည်တဲ့ သိုင်းဆရာနဲ့ သိုင်းညီအစ်ကိုတွေကြား ဘယ်လိုကြိုးစားပြရင်း နဂါးကိုးကောင်သခင်ဘွဲ့နဲ့ သူထိုက်တန်ကြောင်း ပြမလဲ၊ မောရှန်းကျောင်းရဲ့ ရန်သူတော်ကြီးကို ဘယ်လိုချေမှုန်းမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပါ၊ ငယ်ငယ်က သိပ်ကိုကြိုက်ခဲ့ရတဲ့ Animationကားတစ်ကားကိုပါ မြင်ယောင်စေမိမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ...
movie

Mao Shan (2021)

Freaks Out (2021) 7.2
Freaks Out (2021) Freaks Out (2021) ဇာတ်လမ်းအညွှန်းဒုတိယကမ္ဘာစစ်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ Fantasy, History, Supernatural, Comedy ဇာတ်ကားလေးဖြစ်ပါတယ်။ဆပ်ကပ်ပြစားတဲ့ လူထူးဆန်း၄ယောက် စစ်ကာလမှာ လမ်းပျောက်ပြီး အမေရိကကို သွားမယ်‌လို့ စီစဉ်လိုက်ကြပေမဲ့ စီစဉ်ပေးတဲ့ အစ်စရေးဆိုတဲ့ ခေါင်းဆောင်က ဂျူးတွေကို ဖမ်းခေါ်သွားတဲ့အထဲ ပါသွားခဲ့တယ်။ အဲ့မှာ လူထူးဆန်း လေးယောက် လမ်းပျောက်ပြီး အစ်စရေးကို ရှာတဲ့သူကရှာ ၊ ဖရန့်စ် ဆိုတဲ့လူ ဖွင့်ထားတဲ့ ဇူးကပ်စ်ဘာလင် ဆပ်ကပ်ကို သွားတဲ့သူက သွားနဲ့ အုပ်စုကွဲသွားလေရဲ့။ဖရန့်စ်ဆိုတဲ့လူက အီသာအသုံးလွန်ပြီး အနာဂါတ်ကို အိပ်မက်ထဲမှာ မြင်လိုက်တယ်။ ဟစ်တလာသေပြီး သူတို့ စစ်ရှုံးတာကို မြင်လိုက်ရပြီး အနာဂါတ်ကိုပြောင်းဖို့ စစ်ပွဲမှာ အနိုင်ရဖို့ တိုက်ပေးဖို့ စွမ်းအားရှင်တွေကို ရှာပြီး ဟစ်တလာကို ဆက်သမယ်ပေါ့ သူ့အစီအစဉ်က။ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဇာတ်လမ်းကလည်း ကောင်းတာမလို့ ဘာတွေဆက်ဖြစ်မလဲ သိရအောင် ကြည့်လိုက်ကြ‌ရအောင်။ (ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Freaks Out (2021)

Lupin’s Daughter (2021) 5.0
Lupin’s Daughter (2021) ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ ဂျပန်ကားသဘောကျသူတွေအတွက် Action, Crime, Drama ရသစုံပါတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။Lမိသားစုဟာ သူခိုးလုပ်ငန်းနဲ့အင်မွေးကြတဲ့မိသားစုပါ။ အဲ့ဒီအိမ်ရဲ့သမီးဖြစ်တဲ့ ဟန ဟာ သူခိုးမိသားစုသမီးဖြစ်ရတာကိုမုန်းတီးမိတဲ့သူပါ။ သူ့ရဲ့ချစ်သူကတော့ ရဲမိသားစုက ဆင်းသက်လာတဲ့ ခဇုဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကခိုင်မြဲလွန်းလှပါတယ်။ တစ်ရက်မှာတော့ တန်ဖိုးကြီးတဲ့ သရဖူတစ်ခုကို ခိုးဖို့ကြိုးစားရင်း L မိသားစုကြားက အတိတ်ရဲ့ အရှုပ်တော်ပုံတွေပေါ်ထွက်လာတဲ့အခါမှာတော့.....။ဒီဇာတ်လမ်းဟာ Lupin Series ရဲ့သုံးကားမြောက်ဖြစ်ပြီး ရှေ့ကားနဲ့ ဇာတ်ကွက်ချိတ်ဆက်မှုတွေကိုလည်းရုပ်ရှင်ထဲမှာ တစ်ခါထဲ ဖြည်ပေးထားပါတယ်။ ဂျပန်စတိုင် Fancy Cosplay လေးတွေလည်းပါတာမို့ Action Fantasy ပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ။ File size…(2.3 GB)/(980 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:49:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lwin Htoo Aung & SST
movie

Lupin’s Daughter (2021)

Offseason (2021) 5.2
Offseason (2021) Offseason (2021) ဇာတ်လမ်းအညွှန်း ****************************Catalonian International Film Festival မှာ Best Motion Picture award အတွက် စကာတင် အရွေးခံခဲ့ရတဲ့ တကယ်မိုက်တဲ့ Horror movie လေး ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... မိခင်ရဲ့ အုတ်ဂူ ပျက်စီးသွားတယ်ဆိုတဲ့ ထူးဆန်းတဲ့ အကြောင်းကြားစာကို ရပြီးနောက် မာရီတစ်ယောက် အုတ်ဂူရှိရာ ကျွန်းမြို့လေးကို ချက်ချင်း ရောက်လာခဲ့တယ်။ အဲ့ဒီကျွန်းက နွေဦးရာသီရောက်တဲ့အထိ ပိတ်တဲ့ ကျွန်းပါ။ သူမ ရောက်သွားတဲ့အချိန်မှာ ရာသီကုန်လို့ ပိတ်တော့မှာ။ ဒါပေမဲ့ အကြောင်းကြားစာထဲမှာ အရေးတကြီးခေါ်တာဆိုတော့ သူမက ပိတ်လည်း ပိတ်ပါစေဆိုပြီး ကျွန်းထဲ ဝင်လာခဲ့တယ်။အဲ့ဒီနောက်မှာ ဘာတွေ ဆက်ဖြစ်မယ်ထင်လဲ? မီးပျက်တဲ့ည မှောင်မှောင်မည်းမည်းမှာ ယပ်လေးခတ်ပြီး ကြည့်လိုက်ကြရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          : ...
movie

Offseason (2021)

A Fairy Tale After All (2022) 7.6
A Fairy Tale After All (2022) A Fairy Tale After All (2022)=====================IMDb Rating - 7.6/10Musical/Family Friendly Genre ကိုနှစ်သက်တဲ့ ပရိတ်သတ်များအတွက်တော့ ကြည့်ရှူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ စကိုင်းနဲ့ ဘရတ်စ်တန်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် အအရာရာပြောင်းလဲ သွားခဲ့တဲ့မောင်နှမနှစ်ယောက်ပေါ့။ အမြဲအလုပ်များနေတဲ့မိခင်ကို သားငယ် ဘရတ်စ်တန်က နားမလည်ပေးနိုင်သလို၊ အကြီးမလေးစကိုင်းခမျာလည်း ပြိုလဲနေ ပေမယ့်အကုန်အဆင်ပြေချင်ဟန်ဆောင်နေရတာပါ။ ဖခင်ဖြစ်သူပြောပြခဲ့တဲ့ နတ်သမီးပုံပြင်တွေကို သူသိပ်နှစ်ခြိုက်ခဲ့ပေမယ့် လက်တွေ့ဘဝက အဲဒီလိုဖြစ်မလာတဲ့ အခါ ပုံပြင်တွေကို မယုံကြည်တော့ပဲ ရှောင်ပြေးနေခဲ့ရာက နတ်သမီးပုံပြင်တစ်ခုထဲ သူကိုယ်တိုင်ရောက်သွားချိန်မှာတော့….(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်)File Size - (899 MB) / (439 MB) / (284 MB) Quality – WebRip 1080p / 720p/480p Duration - 1h 12mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Family, ...
movie

A Fairy Tale After All (2022)

2022
Spider-Man: No Way Home ( 2021 ) 9.1
Spider-Man: No Way Home ( 2021 ) စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ(function(f,b,n,j,x,e){})();IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲအောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါအညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioကဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်းအဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီးပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့်အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကိုအကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ...
movie

Spider-Man: No Way Home ( 2021 )

Karan Arjun (1995) 7.0
Karan Arjun (1995) Karan Arjun (1995) ********** အက်ရှင်လဲ အလန်းဇယား အကြမ်းကြီး ၊ ဒရမ်မာလဲ ပါရမယ်.....သဲထိတ်ရင်ဖိုလဲ ဖြစ်ရမယ်ဆိုတဲ့ ပရိသတ်တွေအတွက် ၁၉၉၅ ၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရုံတင်ခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင်ဒရမ်မာရုပ်ရှင် "Karan Arjun " အကြောင်းလေးတင်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားမှာတော့ ဘောလီးဝုဒ် ရဲ့ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ ရှာရွတ်ခန် ၊ ဆယ်လ်မားန်ခန်း ၊ ကာဂျိုး ၊ ဟောလီးဝုဒ်ရော ဘောလီးဝုဒ် ရောရဲ့အကျော်အမော် ဗီလိန်သရုပ်ဆောင်ကြီး အမ်းမရစ်ရှ်ပူရီး ၊ ဂန္တဝင်မင်းသမီးကြီး ရာခီး ၊ Mamta Kulkarni တို့က သရုပ်ဆောင်ထားကြလို့ ကြည့်ရတန်တဲ့ ဇာတ်ကားကောင်းလေးပါ ။ဒီဇာတ်ကားကို လက်ပွားမင်းသားလို့ သိကြတဲ့ Hritik Roshan ရဲ့ဖေဖေ ဒါရိုက်တာကြီး ရာကေ့ရှ်ရိုရှန်ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ် ။ ရာကေ့ရှ်ရိုရှန် ရဲ့ ဇာတ်ကားတွေကို ...
movie

Karan Arjun (1995)

Long Story Short (2021) 6.5
Long Story Short (2021)  "မင်္ဂလာဆောင်တာကလွယ်ပါတယ်။အိမ်ထောင်သည်ဘဝကခက်တာပါတဲ့" ဟုတ်ပါတယ် အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ အင်မန်မှခက်ပါတယ် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုမတည်မြဲနိုင်ပါဘူး။ နားလည်မှု ရိုးသားမှု အချိန်ပေးမှု ပြီးတော့ အချစ် ဒါတွေကိုလိုအပ်ပါတယ်။ ဒီကားလေးက အိမ်ထောင်တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြပေးထားတဲ့ ဇာတ်ကားလေးဆိုမမှားပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ တက်ဒီနဲ့ လီယန်တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးကိုချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့ ဒါပေမယ့် တက်ဒီကတော့ လီယန်ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံနှစ်ထားပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ နောက်မှဆိုပြီးလုပ်နေခဲ့တဲ့သူပါ။သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ... တက်ဒီတစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ်သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီတစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလား..စတာတွေကိုကြည့်ရှုခံစားရမယ့် Comedy,Fantasy,Romance ကားကောင်းလေးတစ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:30:00 Type__Comedy, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Long Story Short (2021)

L.O.R.D: Legend of Ravaging Dynasties 2 (2020) 5.0
L.O.R.D: Legend of Ravaging Dynasties 2 (2020) L.O.R.D ပရိသတ်ကြီးရေ .... အပိုင်း(၂) လေး အခက်အခဲများစွာနဲ့ ထွက်လာပါပြီ ။ အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် ဇွန်လ ထွက်မယ်လို့ကြေငြာပြီးမှ ဒီဇင်ဘာ ၄ ရက်နေ့မှ အွန်လိုင်းကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ် ။အပိုင်း (၁) ကိုမကြည့်ရသေးသူအဖို့ (၁) ကိုအရင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်နော် ။ မကြည့်ချင်လည်းရပေမယ့် ဇာတ်လမ်းအချိတ်အဆက်ပိုမိတာပေါ့.... အခုမှအသစ်ကြည့်တဲ့ ပရိသတ်တွေကတော့ လုံးဝကိုမှင်သက်သွားစေပါလိမ့်မယ် ။ မိနစ်အပိုင်းလေးတင်မှာပင် ဇာတ်လမ်းရဲ့ဆွဲဆောင်မှုကို သင်ခံလိုက်ရပါပြီ ။ အတည်ပြောတာနော်။ဇာတ်လမ်းအကျဉ်းနည်းနည်းပြောမယ်နော် ။အခု အပိုင်း (၂) မှာ မင်းသား ရင်းချန် ရဲ့ဆရာ ကျီအယ်ကျားမေရှီ ကိုကယ်တင်တဲ့အပိုင်းလေးပါ ။ ၅၂၈ /၁၅၀၀ ချစ်ခြင်းမေတ္တာတရားကို သေချာလေးဖော်ကျူးပေးထားပါတယ်။ သူတို့ကယ်တင်ချင်တဲ့ ဆရာကို ဇာတ်လမ်းပြီးတဲ့ထိ မပြဘူးဆိုတော့ အပိုင်း (၃) လာဉီးမယ့်သဘောပါ ။တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလိုပဲ သူတို့တိုက်ခိုက်နေတဲ့ ရန်သူကရော ...တကယ့်အစစ်အမှန်ရန်သူဖြစ်ရဲ့လား ဒါမှမဟုတ် မိတ်ဆွေဆိုတာက... ...
movie

L.O.R.D: Legend of Ravaging Dynasties 2 (2020)

L.O.R.D: Legend of Ravaging Dynasties (2016) 5.1
L.O.R.D: Legend of Ravaging Dynasties (2016) ၂၀၁၆ ကထွက်ထားပြီး လူနဲ့ကာတွန်း Animation ရောစပ်ရိုက်ကူးထားတဲ့ ကားလေးတင်ပေးမယ်နော်။ နာမည်က L.O.R.D ပါ ။ ပါဝင်ထားတဲ့ နာမည်ကြီးတွေကို တစ်ချက် Show လိုက်ဉီး... Kris Wu , Fan BingBing, William Chan, Yang Mi, TF boys band (အကုန်လုံးကိုကြွေဆင်းနေကြတာမလား) ... ရုပ်ရှင်ထဲမှာကြည့်လိုက် ကြည့်ကောင်းနေမှုကြီးဆိုတာ...။ဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်နယ်မြေတစ်ခုဖြစ်တဲ့ ယာစီးလန် နယ်မြေမှာ အုပ်ချုပ်သူတွေကို အဆင့်အလိုက်ခွဲခြားထားပြီး အဆင့်(၁) ကနေ (၇)အထိ ရှိပါသတဲ့ ။ အုပ်ချုပ်သူတစ်ယောက်စီမှာလည်း သူတို့ရဲ့နေရာဆက်ခံသူ တစ်ယောက်စီရှိပါတယ် ။ အားလုံးကိုထိန်းချုပ်ထားတာကတော့ ပိုင်ရင်းဘုန်းတော်ကြီးသုံးပါးပေါ့ ...ဇာတ်လမ်းကျောရိုးက နှစ်ပိုင်းသွားပါတယ်၊ ပထမအပိုင်းကတော့ အဆင့်(၇)အုပ်ချုပ်သူဖြစ်တဲ့ Kris Wu က သူ့ရဲ့ဆက်ခံသူတပည့်ကို ရှာဖွေခန်း နဲ့ ယာစီးလန်နယ်မြေရဲ့ ပုန်ကန်သူလို့ အမည်တပ်ထားတဲ့ အဆင့်(၅)အုပ်ချုပ်သူနဲ့သူ့ရဲ့တပည့်ကို ...
movie

L.O.R.D: Legend of Ravaging Dynasties (2016)

The Tiger Rising (2022) 5.0
The Tiger Rising (2022) The Tiger Rising (2022)==================2022 ခုနှစ်ထွက် The Tiger Rising ဆိုတဲ့ ဒီဇာတ်ကားလေးဟာ 2001 ခုနှစ်ကထွက်ခဲ့တဲ့ ကလေးတွေအတွက်စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ မိသားစုရဲ့ အရေးပါပုံတွေ သူငယ်ချင်းဆက်ဆံရေးတွေကို အသားပေး ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ရော့ဘ်ဆိုတဲ့ ကောင် လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိတဆိုးဖြစ်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါ ရော့ဘ်ဟာ အရမ်း လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ပြီး အဖေဖြစ်သူနဲ့ နေရာသစ်က မိုတယ်တစ်ခုမှာ ခေတ္တပြောင်း ရွှေ့နေထိုင်ပြီး ဖခင်နဲ့အတူ ဘ၀ကို ရုန်းကန်နေရရှာတာပေါ့။ အမေ မရှိတော့ကတည်းက ရော့ဘ်ရဲ့ မိသားစုဘ၀ဟာ ပျော်ရွှင်စရာတွေ ဆိတ်သုဉ်းလို့ တစ်ခုမှ အဆင်ပြေတာမရှိခဲ့ပါဘူး ကျောင်းမှာလည်း အနှိမ်ခံကလေးတစ်ယောက်ဖြစ်ပေမယ့် ပန်းချီနဲ့ ပန်းပုပညာမှာ ပါရမီပါတဲ့ကလေးတစ်ယောက်ဖြစ် ပါတယ်။ ဒီလိုနဲ့ ရော့ဘ်တစ်ယောက်ဟာ ကျောင်းကို အသစ်ပြောင်းလာတဲ့ ‌ဒေါသအိုးမလေး စစ္စတင်းနဲ့ သူငယ်ချင်းဖြစ်သွားကြပါတယ်။ရော့ဘ်တို့နေတဲ့ မိုတယ်နားက တောအုပ်လေးထဲမှာ လှောင်အိမ်ထဲထည့်ခံထားရတဲ့ ကျားကြီးတစ် ကောင်ရှိပြီး ရော့ဘ်နဲ့ စစ္စတင်းတို့ဟာ အဲဒီကို ...
movie

The Tiger Rising (2022)

2022
Hero ( 2022 ) 6
Hero ( 2022 ) ဒီတစ်ခါ CMကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ 2022ထွက်Comedy Movieသစ်လေး HERO ဖြစ်ပါတယ် ။ဒီကားလေးမှာဆိုရင်တော့မင်းသား Zirui Wangက ယွီဖေး(ဖေးကျီး), မင်းသားSun Haoကစွမ်းဟောက်(ဟောက်ကျီ) , မင်းသမီးLiu Yu Qiaoက ရွှီယွမ်ယွမ် အနေနဲ့အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အမှတ်တရပြတိုက် စကားပြန် ယွီဖေး(ဖေးကျီး)နဲ့စွမ်းဟောက်(ဟောက်ကျီ)တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပြတိုက်မှာ ရတနာသိုက်မြေပုံလာရှာတဲ့ ရွှီတာ့လုံတို့ညီအစ်ကိုအဖွဲ့တွေ့ဆုံခဲ့ကြရာကစကားများကြပြီး ဗုံးပေါက်ကွဲသွားတယ်....ထိုအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် လကြတ်ချိန်နဲ့ တိုးပြီး မင်ခေတ်ကိုသူငယ်ချင်း၂ယောက်အတူတူ အချိန်ခရီးသွားမိသွားကြတယ် ....ထိုအချိန် မင်ခေတ်မှာလည်း အရာရှိဝန်ကြီးများရဲ့ အာဏာလုပွဲတွေ​ ပြင်းထန်နေပြီး ယွီဖေးနဲ့ စွမ်းဟောက်တို့ သူငယ်ချင်းနှစ်ယောက်ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ....၎င်းတို့ သူငယ်ချင်းနှစ်ယောက်ကို ချင်းယီးတပ်ကလက်ပူးလက်ကြပ်မိသွားပြီး သတ်လိုက်တဲ့အခါမှာတော့ဘယ်လိုအံ့အားသင့်ဖွယ်ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲ.....အကြီးအကဲ ရွှီဝူချန်ရဲ့ သမီးချောလေး ရွှီယွမ်ယွမ်နဲ့ တွေ့ဆုံကြတဲ့အခါမှာဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းလေးတွေ ဖြစ်လာဦးမလဲရွှီတာ့လုံတို့ ညီအစ်ကိုတစ်စုပါ မင်ခေတ်ကို ရောက်ရှိလာတဲ့အခါမှာဘယ်လိုရယ်မောဖွယ်ရာဖြစ်ရပ်တွေ ဆက်ဖြစ်လာဦးမလဲ....ရတနာသိုက်မြေပုံနဲ့ မှတ်တမ်းလွှာလည်း နောက်ဆုံးမည်သူ့လက်ထဲရောက်မလဲ.....အချိန်ခရီးသွားရာကနေ ၎င်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေဘယ်လိုပြောင်းလဲလာမလဲ... စရိုက်မတူတဲ့ သူငယ်ချင်းတစ်စု မင်ခေတ်မှာ ...
movie

Hero ( 2022 )

Suspiria (2018) 6.8
Suspiria (2018) ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။ IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။ Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် ...
movie

Suspiria (2018)

Homestay (2022) 6.6
Homestay (2022) Homestay (2022) ------------- IMDB. - 6.5/10ဝိညာဉ်တစ်ခုဟာ သူများခန္ဓာကိုယ်ထဲ နိုးလာတယ်။ သူဘယ်သူလဲလည်း သူမသိဘူး။ သူ့မှာ ဘာမှတ်ဉာဏ်မှလည်း မရှိဘူး။ အစောင့်အရှောက်လို့ သူ့ကိုယ်သူပြောတဲ့သူက သူ့ကို တာ၀န်တစ်ခုပေးတယ်။ သူ၀င်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဘာလို့သတ်သေခဲ့လဲ သိအောင်လုပ်ရမယ်တဲ့။ ရက်တစ်ရာအတွင်း ဒီမေးခွန်းကို ဖြေနိုင်မှ လူပြန်၀င်စားခွင့် ရမယ်တဲ့။ ဒီလိုနဲ့ အဲဒီဝိညာဉ်ဟာ သူများခန္ဓာကိုယ်ထဲနေပြီး သူများအကြောင်းကို လေ့ လာဖို့ဖြစ်လာတယ်။ ရက်တစ်ရာပြည့်တဲ့ အခါမှာတော့.......။ Japan Animeဖြစ်တဲ့ Colorful(2010) ကိုမှီးပြီး 2018မှာ ထိုင်းက Homestayဆိုတဲ့ နာမည်နဲ့ Live Actionတစ်ကားရိုက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကိုပဲ Homestayနာမည်နဲ့ပဲ ဂျပန်က Live Action တစ်ခါထပ်ရိုက်ထားတာပါ။ သဘာ၀လွန် ဇာတ်ကြောင်းကောင်း ကောင်းနဲ့ ဆယ်ကျော်သက်ပညာပေး ရိုက်ထားတဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size - (1.5 GB) /(699 MB) / (453 MB) Quality – ...
movie

Homestay (2022)

2022
Supercool (2021) 5.2
Supercool (2021) Supercool (2021)==============အပျင်းပြေစရာ အခွီဇာတ်ကားလေးတွေကို မျှော်လင့်နေတဲ့ CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Supercool ဆိုတဲ့ Teen Comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက် ရပါတယ်။ Neil နဲ့ Gilbert တို့ဟာ အထက်တန်းကျောင်းတော်ကြီးမှာ အခင်ဆုံး သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ် ဒါ့အပြင် အပေါင်းမသင်းမ၀င်ဆံ့တဲ့ အရှုံးသမားတွေလည်း ဖြစ်ကြလေရဲ့ ။ ကိုယ်တက်တဲ့ကျောင်းမှာ ပေါ်ပြူလာဖြစ်ချင်စိတ် ခပ်ဟော့ဟော့ နဲ့ စကီလေးတွေ ဝိုင်းနေတဲ့သူ ဖြစ်ချင်စိတ်မျိုးကတော့ လူတိုင်းမှာ ရှိခဲ့ကြမယ် ထင်ပါတယ် Neil နဲ့ Gilbert တို့ကလည်း သူတို့ရဲ့ အရှုံးသမားဘ၀ကြီးကို စိတ်ပျက်လွန်းကြပြီး ပေါ်ပြူလာ ဖြစ်ချင်ကြပါတယ်။ ဒါ့အပြင် Neil မှာ Summer ဆိုတဲ့ crush လေးကလည်း ရှိနေပြန်ပါတယ်။ သို့ပေမယ့် Summer နဲ့ နီးစပ်ဖို့ဝေးစွ ငနဲသားဟာ တစ်ခါမှတောင် စကားသွားမပြောဖူးပါဘူး ရှေ့တစ်ပတ်ထဲမှာ Summer လုပ်မယ့် မွေးနေ့ပါတီပွဲလေးကိုလည်း Neil တစ်ယောက် အရမ်းသွားချင်နေခဲ့တယ်။ ဒီလိုအဖြစ်မျိုးတွေကနေ Neil အတွက်တော့ ...
movie

Supercool (2021)

2021
Akhirat: A Love Story (2021)
Akhirat: A Love Story (2021) Akhirat : A Love Story (2021)ဒီတစ်ခါမှာတော့ ကြည်နူးဆွတ်ပျံ့ဖွယ် အင်ဒိုနီးရှား ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ Mentari ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခရစ်ယာန်ဘာသာကို အလေးအနက်ထား ကိုးကွယ်တဲ့ မိသားစုက Timar ဆိုတဲ့ ကောင်လေးတစ်ယောက်တို့ ဘာကန့်သတ်ချက်မှ မရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်ကျွမ်းဝင်မိခဲ့ကြပါတယ်ဘာသာတရားကို အလေးအနက်ထားကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပ ပုံဖော်နိုင်ကြပါ့မလားကိုယ့်ရဲ့ အိပ်မက် မိသားစု အရာအားလုံး နဲ့ ချစ်ခြင်းမေတ္တာ ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲချစ်ခြင်းမေတ္တာကို ဘက်ပေါင်းစုံကနေ လှလှပပလေး ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ လွမ်းမောဖွယ်ရာ ကြည့်ရှူခံစားနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Drama, Fantasy, Romance Quality….WEB-DL 1080p and 720p and 360p File size…1.57GB and ...
movie

Akhirat: A Love Story (2021)

2021
Clash of the Titans (2010) 5.8
Clash of the Titans (2010) မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Clash of the Titans (2010)