Channel Myanmar

Fantasy

Stellar: A Magical Ride (2022)
Stellar: A Magical Ride (2022) Stellar: A Magical Ride (2022) ဇာတ်လမ်းအညွှန်း ယုံဘယ်ဆိုတာတော့ ကားအငှားလောကမှာ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်ပါ။ တစ်နေ့မှာတော့ တစ်နေရာကို ပို့ပေးရမဲ့ ကားတစ်စီး ကို သူငယ်ချင်းဖြစ်သူက ဒုန်းရှစ်က ယူပြီး ပျောက်သွားတဲ့အခါ ယုံဘယ်တစ်ယောက် အခက်ကြုံရပါတော့တယ်။ဖြစ်ချင်တော့ လူဆိုးဂိုဏ်းတစ်ခုကလည်း ပျောက်သွားတဲ့ကားထဲမှာ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပါသွားတယ်ဆိုပြီး ယုံဘယ်ကို အပူတပြင်း လိုက်ရှာနေကြပါပြီ။ယုံဘယ်ကတော့ သူ့အဖေရဲ့ နာရေးသတင်းကို သိလိုက်ရတာကြောင့် အဖေ့ရဲ့ ဈာပနအခမ်းအနားကိုသွားခဲ့ပြီး အရင်က သူ တက္ကစီမောင်းပြီး စီးပွားရှာခဲ့တဲ့ အဖေ့ရဲ့ ကားစုတ်လေး ကို ရှာနေခဲ့ပါတယ်။ ကံဆိုးချင်တော့ အရင်က ဇိမ်ခံကားအဖြစ် သူသိခဲ့တဲ့ ကားလေးက အခုတော့ တံခါးတောင် ကောင်းကောင်းဖွင့်လို့ မရတဲ့ အနေအထားကို ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ့ဒီ ကားလေးကို သူ့ရဲ့ စီးတော်ယာဉ်အဖြစ် အသုံးချပြီး ကားပျောက်ရှာပုံတော် ...
movie

Stellar: A Magical Ride (2022)

2022
Jessie and the Elf Boy (2022) 6.5
Jessie and the Elf Boy (2022) Jessie and the Elf Boy (2022) ===================== IMDb Rating - 6.5/10ဒီဇာတ်လမ်းက Hair Stylist တစ်ယောက်ဖြစ်ချင်တဲ့ ဂျက်စီနဲ့ နတ်သူငယ်လေးတစ်ယောက် တွေ့ဆုံမှုအကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစ တောအုပ်ထဲမှာ လမ်းပျောက်နေတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဂယ်လီဒူဆိုတဲ့ နတ်သူငယ်လေးနဲ့ တွေ့ခဲ့ကြပါတယ်။ နောက်တော့ သူတို့နှစ် ယောက်ကအခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားပြီး တောအုပ်ထဲမှာ အမြဲတမ်း ကစားလေ့ရှိပါတယ်။တစ်နေ့ ကောင်မလေးတို့ မိသားစုက မြို့တစ်မြို့ကို ပြောင်းသွားတော့ ဂယ်လီဒူတို့ သူငယ်ချင်းနှစ်ယောက် ဝေးကွာသွားကြပါတော့တယ်။ ဂယ်လီဒူတစ်ယောက်အချိန်နဲ့ အမျှ စောင့်စားရင်း ကောင်မလေးကို ရှာဖို့ မြို့ကိုတက်သွားပါတော့တယ်။ မြို့ထဲမှာ ဂျက်စီနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲ၊ ငယ်ငယ်လေးက ကစားဖော်ကောင်မလေးနဲ့ နတ်သူငယ်လေးတို့ ပြန်လည်ဆုံ‌တွေ့ကြမလားဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size - (1.15 GB) / (600 MB) Quality – Web-Rip 1080p / 720p Duration - 1Hr 23mins Subtitle – ...
movie

Jessie and the Elf Boy (2022)

2022
Double World (2020) 6.1
Double World (2020) Double World(2020) အညွှန်း************************* အလယ်ပိုင်းလွင်ပြင်မှာ တောင်ပိုင်းဇောင်နဲ့ ​မြောက်ပိုင်းယန်တို့ကြား နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့ကြတယ်၊တိုက်ပွဲက အနိုင်အရှုံးမရှိခဲ့ဘဲ နောက်ဆုံးမှာတော့ နှစ်ဘက်စလုံးဟာ ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့ကြတယ်၊ဒါပေမဲ့ ဒီငြိမ်းချမ်းရေး သဘောတူညီမှုဟာ ဆယ်နှစ်တာပဲ ခံခဲ့ပါတယ်၊မြောက်ပိုင်းယန်ရဲ့ ဘုရင်အသစ် နန်းတက်လာတဲ့အချိန်မှာတော့ တောင်ပိုင်းဇောင်ကိုဆက်လက်သိမ်းပိုက်ချင်ခဲ့တယ်၊အလယ်ပိုင်းလွင်ပြင်မှာ သွေးချောင်းစီးမဲ့ စစ်ပွဲကြီးကို ထပ်မံ မြင်တွေ့ရတော့မှာပါ၊မြောက်ပိုင်းယန်ကလူတွေက တောင်ပိုင်းဇောင်ရဲ့ ဘုရင်ကို လုပ်ကြံဖို့ကြိုးစားလာပါတယ်၊ဒါကြောင့် တောင်ပိုင်းဇောင်ဟာ စစ်ပွဲအတွင်း စစ်သူကြီးနေရာကို ရွေးချယ်ဖို့အတွက်မျိုးနွယ်စု ရှစ်စုလုံးက စစ်သည်တော်တွေကို ဆင့်ခေါ်ခဲ့ကာ လူရွေးပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်၊အဲ့ဒီနောက်မှာတော့....Fight Scene တွေ အတော်မိုက်...တရုတ်အက်ရှင်ကားကောင်းကြိုက်သူတွေတော့ လုံးဝ ဒေါင်းရကျိုးနပ်စေရပါလိမ့်မယ်....    File Size          : 2.9GB, 1.5GB, 590MB Quality            : WEB-DL1080P5.1Ch, 720p  Format        ...
movie

Double World (2020)

All the Moons (2020) 6.7
All the Moons (2020) All the Moons (2020) =============== IMDb Rating - 6.7/10၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant ...
movie

All the Moons (2020)

Prince of Persia: The Sands of Time (2010) 6.6
Prince of Persia: The Sands of Time (2010) Prince of Persia (2010)Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်‌တွေ ...
movie

Prince of Persia: The Sands of Time (2010)

Reign of Fire (2002) 6.2
Reign of Fire (2002) Game of Thrones ထဲက နဂါးကြီးတွေကို သဘောကျ နှစ်ခြိုက်ကြတဲ့သူတွေ အများအပြားရှိပါလိမ့်မယ်။ ဝံ့ကြွားလှပတဲ့ကိုယ်ဟန်နဲ့၊ ဝါညီးထွန်းတောက်တဲ့ မီးတောက်တွေ မှုတ်ထုတ်လို့ ခံ့ညားလှတဲ့ သတ္တဝါကြီးတွေပေါ့။ ဒီတော့ လူကြီးမင်းရဲ့ အိမ်အောက်မှာ အ‌ပေါက်တစ်ခုတွေ့လို့ ဆင်းကြည့်ရင်း နဂါးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုပါစို့။ အကြံပေးချင်တာကတော့ Game of Thrones ကို မေ့လိုက်ပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်သာပြေးပါ။ ဘာလို့လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုစားနိုင်ပါတယ်။ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောက် အန္တရာယ်မ‌ျားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ...
movie

Reign of Fire (2002)

The Medicine King Coffin ( 2022 ) 6
The Medicine King Coffin ( 2022 ) The Medicine King Coffin ဆိုတဲ့ခေါင်းစဉ်အတိုင်း သင်္ချိုင်းထဲမှာ ဆေးပညာတွေရှာဖွေရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းစား ဟော့ချန်ရှန်းက ငယ်ငယ်ထဲက အဘိုးနိ့သိုင်းလောကထဲမှာဖြတ်သန်းကျော်လွှားပြီး ဆေးပညာဗဟုသုတနဲ့ အဖိုးတန်ဆေးမြစ် ဆေးဝါးတွေကိုရှာဖွေလေ့လာတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်သူ့အဘိုးသေသွားပြီးနောက်မှာ သူ့ရဲ့ငယ်သူငယ်ချင်း ဟူယိဖားနဲ့အတူ ဆေးတိုက်လေးတစ်ခုဖွင့်ပြီး ရောဂါကုပေးပြီး ဆေးဝါးတွေကိုရောင်းချစွာ အေးဆေးနေထိုင်ကာ အသက်မွေးကြပါတယ် တစ်နေ့မှာတော့ သူတို့ သူငယ်ချင်း၂ယောက် ဆေးတိုက်မှာအလုပ်ဆင်းနေချိန် အားမာန်လို့ခေါ်တဲ့ မျောင်မျိုးနွယ်စုက မိန်းကလေးတစ်ယောက်ဝင်လာပါတယ်အားမာန်ရောက်လာပြီးနောက် ဟောရန်ကျန်းလို့ခေါ်တဲ့ ဘိုးတော်တစ်ယောက်ရောက်လာပြန်တယ် သူတို့ ၂ယောက်လုံးက ထူးဆန်းစွာနဲ့ "မင်းအဖေတင်ခဲ့တဲ့အကြွေးက သားဖြစ်သူက အကြွေးပြန်တပ်ပေးရမယ်" ဆိုပြီး ဟော့ချန်ရှန်းတစ်ခါမှ မကြားဖူးတဲ့နေရာ "ဆေးဘုရင်တောင်ကြား"ကို လိုက်ပို့ပေးပါလို့ ၂ဦးလုံးတောင်းဆိုလာကြတယ်ဟော့ချန်ရှန်းက အဖေနဲ့အဆက်သွယ်မရှိတာလည်း ကြာပြီဖြစ်သောကြောင့် အစကငြင်းဆိုခဲ့ရာမှ သူ့အဖေက ဘာဖြစ်လို့သူ့ကိုပစ်ပြီး ဆေးဘုရင်တောင်ကြားထံထွက်သွားခဲ့ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုသိချင်လို့ သူတို့နဲ့အတူလိုက်ပါပေးဖို့ လက်ခံလိုက်ပါတယ်အားမာန်နဲ့ ဟောရန်ကျန်းတို့က ဘာဖြစ်လို့ဆေးဘုရင်တောင်ကြားကိုသွားချင်ရတာလဲ ဟော့ချန်ရှန်းရဲ့အဖေကရော ဆေးဘုရင်တောင်ကြားမှာရှိနေမလား ဆေးဘုရင်တောင်ကြားဆိုတာ ဆေးဝါးတွေနဲ့ပြည့်နှပ်နေတဲ့ ကောင်းကင်ဘုံလား ပုတ်ကောင်အလောင်းတွေနဲ့ပြည့်နေတဲ့ ငရဲဘုံလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ရအောင်ဗျာ  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy RunTime : 1h 22min Subtitle : ...
movie

The Medicine King Coffin ( 2022 )

3.5th Period (2022) 5
3.5th Period (2022) 3.5th Period (2022)"မင်းနဲ့အတူရှိနေရတာဆိုရင် အချိန်တွေရပ်တန့်နေလဲရတယ်"ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိတဲ့ ရှင်းအထက်တန်းကျောင်းမှာ ၃ချိန် နဲ့ ၄ချိန် ကြား လျှို့ဝှက်ချက် တစ်ခုရှိနေခဲ့ပါတယ် ၃.၅ ချိန် ဆိုတဲ့ အချိန်တွေက ၁၀ ဆနှေးပြီး ၁၀ မိနစ်က မိနစ် ၁၀၀ ဖြစ်နိုင်တာမျိုးပါဘတ်အာဂျင်းက အဲ့ ၃.၅ ချိန်ဆီ ရုတ်တရက်ရောက်လာခဲ့ပြီး အဲ့အချိန်အတွင်းမှာ ပိတ်မိနေတဲ့ ကျောင်းသားဂန်ဒါဝွန်းနဲ့ တွေ့ခဲ့ပါတယ်။ ၃.၅ ချိန်ကနေ ဂန်ဒါဝွန်းလွတ်မြောက်နိုင်ဖို့အတွက် အာဂျင်းက ထိုနေရာတွေ ရှိနေသော လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားပါတယ်ဒါမဲ့ 3.5ချိန်က လျှို့ဝှက်ချက်ကို လူတွေ မသိအောင် ကျောင်းက အကြီးအကဲတွေကိုယ်တိုင် လျှို့ဝှက်ထားတာမို့......၃.၅ ချိန်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနိုင်မလဲ ပြီးတော့ ဒါဝွန်းကရော အဲ့အချိန်ကနေ လွတ်မြောက်နိုင်ပါ့မလား....အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Yeong Cherry ပဲ ဖြစ်ပါတယ်။Genre.....Mystery, Fantasy, Romance Quality….WEB-DL ...
movie

3.5th Period (2022)

2022
Zhong Kui Subdues Demons (2022) 5
Zhong Kui Subdues Demons (2022)  သုံးလောကအပြင်ဘက် မိစ္ဆာလောကမှာ ထာဝရရှင်သန်ခြင်းကျင့်ကြံနည်းလမ်းစဉ်မှားတွေကြောင့် လူသားတွေ ဆင်းရဲဒုက္ခများစွာကြုံတွေ့နေကြရပါတယ်ဒါ့အပြင် နှစ်တစ်ထောင်မှာ တစ်ခါကျရောက်တဲ့ နှစ်ထောင်ချီနေကြတ်ခြင်း နီးကပ်လာချိန်မှာ ခွန်လွန်တောင်ရဲ့ ဝိညာဉ်စွမ်းအားလျော့နည်းလာခဲ့တယ်ဒီအချိန်အခါသမယကို မိစ္ဆာတွေ အခွင့်ကောင်းယူ အမြတ်ထုတ် ပြဿနာရှာမှာစိုးတဲ့အတွက် ကျင့်ကြံသူနတ်ဆရာကျုံးခွေကို ခွန်းလွန်တောင်ဆီ ကောင်းကင်ဘုံအမိန့်နဲ့ စေလွှတ်ခဲ့ပါတယ်ကျုံးခွေဟာ ကမ္ဘာကြီးတစ်ခုလုံးပျက်စီးစေနိုင်မဲ့အရေးကို တားဆီးဖို့အတွက် ခွန်လွန်တောင်နဲ့ ဆက်နွယ်နေတဲ့ မှော်ရေတွင်းကို ဖွင့်ဖို့ကြိုးစားနေတဲ့ ကျန်းရန်ကို မှော်ဓားထိုးစိုက်ကာ ခွန်လွန်တောင်မှာ ချိတ်ပိတ်ခဲ့ပါတယ်ချိတ်ပိတ်ပြီးနောက် နှစ်တစ်ထောင်အကြာမှာ ကျုံးခွေတစ်ယောက် လူ့ပြည်မှာ လူဝင်စားပြီး မိစ္ဆာနှိမ်နှင်းသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်ချိတ်ပိတ်ခံထားရတဲ့ ကျန်းရန်ဟာလည်း နောက်တစ်ကြိမ်နှစ်ထောင်ချီနေကြတ်တာကို အခွင့်အရေးယူပြီး လွတ်မြောက်ဖို့ ဖို့စီစဉ်နေချိန်မှာတော့... ကျုံးခွေတစ်ယောက် လူသားတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ​နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:23:00 Type__Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded ...
movie

Zhong Kui Subdues Demons (2022)

Painted Skin (2022)
Painted Skin (2022) Painted Skin 2022 7.4/10 on MyDramaList Action/Romance/ Drama/ Fantasyအသစ်ထွက်ရှိလာတဲ့ Painted Skin ဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ဒီနာမည်နဲ့ ဇာတ်ကားအမျိုးမျိုးထွက်ဖူးတဲ့ လူနဲ့မိစ္ဆာကြားက အချစ်မေတ္တာဇာတ်ကားလေးဆိုလည်းဟုတ်ပါတယ်။အရင်ဇာတ်ကားတွေထက် မနိမ့်တဲ့ တင်ဆက်မှုတွေနဲ့ မိမိုက်နေဆဲ Fantasy Drama ဇာတ်ကားပါ။အချစ်နဲ့ဘဝ..ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း...ယင်နဲ့ယန်...လူနဲ့မိစ္ဆာမတူတဲ့အခြေအနေ ၂ ခု တွေ့ဆုံမှုတိုင်းဟာ ရင်နင့်အောင် ခံစားရတာချည်းပါပဲ။ဇာတ်လမ်းဇာတ်ကွက်လဲမဆိုးလှသလို CGI တွေလဲ မိုက်တာမို့Fantasy ပရိတ်သတ်တွေဆိုရင်တော့ လုံးဝလက်လွတ်လို့မရတဲ့ဇာတ်ကားပါ။ File size…(1 GB)/(530 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:24:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Painted Skin (2022)

Fighting Darksider (2022) 5.7
Fighting Darksider (2022) ထျန်းဝူပြည်ကြီးမှာ လူမျိုးနွယ်၊ အ​​မှောင်ထုနဲ့ ဇာမဏီမျိုးနွယ် နှစ်​ထောင်ချီတူတူယှဉ်တွဲ​နေလာရင်း တစ်​​နေ့မှာ​တော့ အ​မှောင်ထုရဲ့ သစ္စာမဲ့​မောင်ပိုင်စီးလိုမှု​ကြောင့် လူသားမျိုးနွယ်ဘက်က စစ်နတ်ဘုရားရှောင်ချိယန်ဟာ အသက်ကိုစ​တေးပြီး တားဆီးခဲ့လို့ အ​မှောင်သခင် ဒဏ်ရာအကြီးအကျယ်ရကာ တပ်ဆုတ်သွားခဲ့ရပါတယ်၊ နှစ်​ပေါင်း၂၀အကြာမှာ​​တော့ အ​မှောင်သခင်က ပြန်လည်အား​ကောင်းလာပြီး လူသားမျိုးနွယ်နဲ့ လွန်ခဲ့တဲ့ နှစ်၂၀က ဘာသိဘာသာ​နေခဲ့တဲ့ ဇာမဏီငှက်မျိုးနွယ်တို့ကို ကလဲ့စား​ချေနိုင်ဖို့တဖန် စစ်ချီလာခဲ့ပါတယ်၊ ဒီတစ်​ခေါက် အ​မှောင်သခင်ရဲ့ရန်ကို ကာကွယ်​​ပေးရမယ့်သူက စစ်နတ်ဘုရားရဲ့သားဖြစ်သူ ​ဆု​ကြေးစားမုဆိုးရှောင်ကဲပါ၊ သူက ဖခင်ကို စိတ်နာ​နေတဲ့သူဖြစ်ပြီး ဖခင်လို စစ်နတ်ဘုရား မဖြစ်ချင်လို့ ​ရှောင်​ပြေး​နေခဲ့သူပါ၊ဒါ​ပေမဲ့ မလွှဲမ​ရှောင်သာပဲ လူသားမျိုးနွယ်မပျက်သုဉ်း​ရေးက သူ့ပုခုံး​ပေါ်ကျလာတဲ့အခါ ​ရှောင်ကဲအ​နေနဲ့ ဇာမဏီမျိုးနွယ်နဲ့​ပေါင်းပြီး အ​မှောင်သခင်ရဲ့ရန်ကို ဘယ်လိုတားဆီးသွားမလဲ ဆိုတာကို ကြည့်ရှုရမှာပါ၊( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.2GB) / (600MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:10:00 Type__Action, Adventure, History, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

Fighting Darksider (2022)

The Jacket(2005) 7.1
The Jacket(2005) The Jacket(2005) အညွှန်း**********************IMDb...7.1The Man From Earth2007,The Machinist2004,Mr. Brooks2007 , Inception 2010 တို့လို ကားတွေကိုကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ကြပါ...ဆိုတော့ ဒီဇတ်လမ်းရဲ့ taste ဟာဘယ်လိုဖြစ်နိုင်လဲဆိုတာ အနည်းငယ်တော့ ရိပ်မိနိုင်ပါတယ်... ...ခေါင်းစားချင်တယ်...ဒါမှမဟုတ် ကွကိုယ် ဒုက္ခရောက်နေပြီလို့ယူဆနေတဲ့သူတွေ တိုင်လည်တာတွေမှကြိုက်တဲ့သူတွေ ကလွဲလို့ ကျန်တဲ့သူတွေလက်ရှောင်သင့်ပါတယ်..ဂျက်ဆိုတဲ့ လူဟာ စစ်သားတစ်ယောက်..ရှေ့တန်းမှာ ကံဆိုးစွာပဲ ပစ္စတိုနဲ့ အနီးကပ်တေ့ဖြုတ်ခံလိုက်ရတယ်...ဒီဒဏ်ရာကြောင့် မသေခဲ့ပေမဲ့နောက်ဆက်တွဲသတိမေ့တတ်တဲ့ရောဂါနဲ့ အာရုံကြောရောဂါကြောင့် ပင်စင်ပေးလိုက်တယ်.... သူဟာ ပေါ့ပါးစွာ ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး လမ်းမကြီးကနေ လမ်းလျှောက်ပြန်လာခဲ့တယ်.. အဲ့ဒီနောက် သူသတိရတဲ့အချိန်မှာတော့ တရားရုံးမှာ ရဲအရာရှိတစ်ယောက်ကိုသတ်မှုနဲ့ တရားရင်ဆိုင်နေရတယ်... တရားသူကြီးရဲ့ စစ်မေးမှုအောက်မှာ သူ့အဖြေက ဘာမမှတ်မိတဲ့အတွက် မသိပါဘူးဆိုတာပါပဲ... အဲ့ဒီနောက်မှာတော့... Pianist မင်းသား Adrian Brody ရယ် မင်းသမီးချော Keira Knightly ရယ် ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ရယ် ပါဝင်သရုပ်ဆောင်ထားပါတယ်.... File Size : (2.5GB) And (910 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:48:00 Genre : Fantasy ...
movie

The Jacket(2005)

Elves in Changjiang River ( 2022 ) 6.1
Elves in Changjiang River ( 2022 ) ဒီတစ်ခါ Channel Myanmarက တင်ဆက်ပေးလိုက်တာက Elves in ChangJiang Riverဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားက အရင်ခေတ်အခါတုန်းက ‌တရုတ်ကားFans‌တွေကြိုက်ခဲ့ရတဲ့ Legend of Madame White Snakeဆိုတဲ့ဇာတ်ကားလေးနဲ့ခပ်ဆင်ဆင်ပါပဲဇာတ်ကားလေးရဲ့ အစမှာ စွေယွမ် မင်းသားလေးက လှေစီးရင်း ကုန်းထန်းမြို့ကိုသွားနေတဲ့ခရီးတစ်ဝက်မှာ ‌မြစ်ထဲပြုတ်ကျခဲ့ပါတယ် အဲ့ချိန်မှာ မင်းသမီးဖြစ်တဲ့ ငါးမိစ္ဆာလေး ‌ ကျန်းရှောင်ယွီက မင်းသား‌ကိုကယ်တင်ခဲ့ပါတယ်ဒီဇာတ်ကားမှာတော့ မင်းသမီးက မကောင်းဆိုးဝါးမိစ္ဆာဖြစ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့ရာဇဝတ်သားတွေရဲ့ နှလုံးနဲ့ ဦးနှောက်ကိုစားသုံးပါတယ် အစပိုင်းမှာ ဟော့ပေါ့စားမလိုနဲ့ ယောကျာ်းတွေကိုဆွဲဆောင်ပြီး လှည့်ဖြားကာ သတ်စားနေကြဖြစ်တဲ့ ရှောင်ယွီက စွေယွမ်ကို မသတ်နိုင်ခဲ့ပဲ လွှတ်ပေးခဲ့ပါတယ်ထိုအချိန်မှာပဲ မြင်မြင်ချင်းချစ်မိတယ်ဆိုသလို သူတို့ ၂ယောက်လည်း မသိစိတ်ထဲကချစ်မိကာ လူနဲ့ မိစ္ဆာဆိုသလိုခက်ခဲကြမ်းတမ်းတဲ့ အချစ်ပုံပြင်လေးကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် Happy endingဖြစ်မလား Sad endingဖြစ်မလားဆိုတာကိုတော့ နောက်‌ဆုံးထိကြည့်ရှူပြီးစောင့်ကြည့်လိုက်ရအောင်  Quality : WEB-Dl 1080p ,  480p Format : mp4 Duration : 1h 40min Genres : Drama , Fantasy Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Elves in Changjiang River ( 2022 )

Hello Brother (1999)
Hello Brother (1999)  မင်းသား ဆလ်မာန်ခန်း...သူ့ညီ အရ်ဗာဇ်ခန်းနဲ့ မင်းသမီးရာနီးမူခရ်ဂျီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ် ဟာသမြူးကြွထူးခြားဆန်းကြယ်အချစ်ဇာတ်ကားလေးတစ်ကားတင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့.....ဟီးရိုးဆိုတဲ့ ရိုးသားတဲ့ ကောင်လေးတစ်ယောက်ရှိတယ် သူဟာရည်မှန်းချက်ကြီးသလို အလုပ်လည်းကြိုးစားတယ် တစ်ကောင်ကြွက်ဖြစ်ပေမယ့် သူချစ်ရတဲ့ကောင်မလေးကို လက်ထပ်ရဖို့ အမြဲစိတ်ကူးနေတတ်တယ်...ဟီးရိုးမှာ ရာနီးဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိတယ်...ရာနီးက သူ့ကို ဟီးရိုးကကြိတ်ချစ်နေရှာတာကို မသိရှာဘူး...သူတို့နေတဲ့မြို့ကို ဗီရှာလ်ဆိုတဲ့ မူးယစ်နှိမ်နင်းရေးအရာရှိတစ်ယောက်ရောက်လာတယ်....ဟီးရိုးဟာ ရိုးသားသလောက် နုံလည်းနုံတော့ သူ့သူဌေးရဲ့ ဒုစရိုက်လုပ်ငန်းတွေကို မသိရှာဘူး.....ဒီဒုစရိုက်လုပ်ငန်းတွေကို ဖြိုခွင်းဖို့ ရဲအရာရှိဗီရှာလ်ရောက်လာချိန်မှာတော့ မတော်တဆမှုတစ်ခုမှာ ဗီရှာလ်လည်း သေမလိုဒဏ်ရာရ...ဟီးရိုးလည်းသေဆုံးသွားခဲ့ပါတယ်မသေခင်က ဗီရှာလ်နဲ့ကတော်ကဆဖြစ်ခဲ့လို့ သေဆုံးသွားတဲ့ဟီးရိုးရဲ့ဝိညာဉ်ဟာ ဗီရှာလ်အနားမှာ တဝဲလည်လည်ဖြစ်လာတဲ့အခါ ကိစ္စတွေဟာ ဘယ်လိုတွေ ကမောက်ကမဖြစ်လာမလဲဆိုတာကို ဟာသ အလွမ်းအဆွေးရသမျိုးစုံနဲ့ ဒီဇာတ်ကားမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.6 GB)/(1.1 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:08:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Hello Brother (1999)

Alien Sniperess (2022) 2.6
Alien Sniperess (2022) Alien Sniperess (2022)နာမည်ကတော့ဂျွတ်ဆင်ဗျ။ ဂြိုဟ်သားကားလိုလိုဘာလိုလို။ တကယ်လည်းဂြိုဟ်သားကားဟုတ်ပါတယ်။ ဂြိုဟ်သားတစ်ကောင်မှမပါတာလေးကလွဲရင်ပေါ့။ ဂြိုဟ်သားမပါတဲ့ဂြိုဟ်သားကားဆိုပေမယ့်လည်းဇာတ်လမ်းကတော့ ရှယ်မိုက်ပါတယ်။ နေထူးနိုင်ကားတွေလောက်ကိုမိုက်တာပါ။ အရမ်းကြည့်ချင်သွားပြီမလား။ဇာတ်လမ်းအကျဥ်းကတော့ တစ်ညမှာကမ္ဘာပေါ်ကိုဥက္ကာပျံတွေကြယ်ကြွေသလိုကြွေရင်းအဲဒီဥက္ကာပျံအပိုင်းအစတွေထဲမှာ လူတွေဆီဝင်ပူးပြီး သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာအောင်လှုံ့ဆော်တဲ့ Virus တစ်မျိုးပါလာပါတယ်။ အဲဒီ ဂြိုဟ်သား Virus ကိုသတ်နိုင်တာကတော့ 5G ထက်မြန်တဲ့ KG ဖုန်းလိုင်းပါတဲ့ခင်ဗျာ။နီကိုးလပ်စ်ကေ့ချ်ရိုက်တဲ့ပေါကားတွေတောင်ဒီလောက်မပေါနိုင်တော့ပါဘူး။ မကောင်းတာတွေခဏထားပြီး ကောင်းကွက်လေးတွေပြောရရင်တော့ ဗီလိန်တွေကြမ်းလို့ဇာတ်အရမ်းနာပြီးလောင်နေရတာမကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ Adventure လည်းဆန်တာမျိုးကိုကြိုက်တတ်တဲ့သူတွေဆိုရင် အားလပ်ရက်မှာအပျင်းပြေကြည့်ဖို့တော့အဆင်ပြေပါတယ်။ ခုနကပြောခဲ့တဲ့အညွှန်းကလည်းအကုန်မဟုတ်ပဲအပေါ်ယံပဲပြောပြထားတာမို့ ကိုယ်တိုင်ကြည့်ရှုရမယ့် plot တွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော့်အမြင်မှာပေါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်တာကြောင့် ကိုယ်တိုင်လည်းကြည့်ရှုပေးကြပါဦး။IMDb Rating (2.6) ထိ ရရှိထားတာဆိုတော့ အလန်းပေါ့ဗျာ။ အကောင်းဆုံးအချက်ကတော့ ရုပ်ထွက်တွေကြည်တောက်နေတာပါပဲ။ File size…(2.6 GB)/(1.1 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo
movie

Alien Sniperess (2022)

Till We Meet Again (2021) 7.5
Till We Meet Again (2021) ယခုတစ်ခါမှာတော့ CM fan တွေအတွက် Till We Meet Again ဆိုတဲ့ Taiwan Movie လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက‌တော့ ဇာတ်လမ်းဇာတ်အိမ်လေးတစ်မျိုးဆန်းသစ်ပြီး IMDB rating လည်း 7.5 ထိ ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းရှီရှောင်လန်ဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ် ခေါင်းကို မိုးကြိုးထိခဲ့တာကြောင့် သူ့ရဲ့မသေခင်က မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ ရှောင်လန်က ငရဲပြည်ကိုရောက်တဲ့အချိန်မှာ ပြန်လည်မွေးဖွားဖို့ မရွေးချယ်ဘဲ အချစ်နတ်ဘုရားအဖြစ် အလုပ်လုပ်ပြီး နောက်ဘဝ လူဖြစ်ဖို့ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ရွေးချယ်ခဲ့တယ်အချစ်နတ်ဘုရားရဲ့ တာဝန်ကတော့ လူနှစ်ယောက်ပေါင်းဖက်နိုင်အောင် ဖူးစာကြိုးနီလေး ချည်ပေးရမှာပါ လူနှစ်ယောက်ကို ဒီလို ဖူးစာဖက်ပေးဖို့အတွက် အချစ်နတ်ဘုရားတွေဟာ နှစ်ယောက်တစ်တွဲအလုပ်လုပ်ရတယ်ပင်ကီက ရှီရှောင်လန်ရဲ့ တွဲဖက်နတ်ဘုရားဖြစ်လာခဲ့ပြီး ရှောင်လန် လူပြည်မှာ ပထမဆုံးထမ်းဆောင်ရမယ့်တာဝန်က လူ့ဘဝမှာကျန်ခဲ့တဲ့ သူ့ချစ်သူအတွက် ဖူးစာဖက်ရှာပေးဖို့ဖြစ်နေခဲ့တယ် ရှောင်လန်တစ်ယောက် လူ့ဘဝရဲ့ မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အခါ...ပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့ မတူ တစ်မိုထူးခြားပြီး Fantasy ဆန်ဆန်ရိုက်ကူးထားတာမို့ ရသတစ်မျိုး ကြည့်ရှု့ခံစားရမှာပါ ။( ဘာသာပြန်ပြီး ...
movie

Till We Meet Again (2021)

Teeth (2007) 5.4
Teeth (2007) Teeth (2007)~ IMDb - 5.4/10, Rotten Tomatoes - 80% ~အခုတ​လော ​ရေပန်းစား​နေတဲ့ ထူးထူးခြားခြား Horror ကား​လေး ရပါပြီ​နော်။ဘယ်လ်ိုရေပန်းစားလဲဆိုတာက​တော့ ​ပြောရမယ်ဆိုရင် သွား​တော့သွား၊ ဒါ​ပေမဲ့ စမူသွား​လေး​ပေါ့။ ​ဇာတ်လမ်း​လေးက​တော့ ​ဒေါင်းဆိုတဲ့ ​ကောင်မ​လေး​တစ်​ယောက်မှာ စမူသွား​လေး​တွေ ​မွေးကတည်းက ပါလာပါတယ်။ သူဟာ ကြီးပြင်းလာတဲ့အခါ အိမ်​ထောင်မပြုခင် လိင်ဆက်ဆံတဲ့အမှုကို ​ရှောင်ကြဉ်တဲ့ အဖွဲ့ဝင်ထားတဲ့အပြင် သူကိုယ်တိုင်လည်း တက်ကြွစွာကျင့်သုံးသူပါ။တစ်​​နေ့မှာ​တော့ တိုဘီဆိုတဲ့​ကောင်​လေးနဲ့ ဆုံရင်း သ​ဘောကျမိကြပါတယ်။ ​ရေကန်မှာ ​ရေသွားကူးကြပြီး ဂူထဲ​​ရောက်သွားချိန် လူငယ်တို့သဘာဝ ချစ်ကြည်နူးကြရင်း.... ​ကောင်းခန်းမ​ရောက်ချင်​တော့တဲ့ ​​ဒေါင်း​လေးက ရုန်းကန်.... တိုဘီကလည်း အတင်းအကြပ်လုပ်​​တော့ စမူသွား​လေး​တွေ အစွမ်းပြလိုက်တဲ့အခါ..... ​​ဒေါင်းအတွက် ဒီသွား​တွေက ​ကောင်းချီးတစ်ခုလား ကျိန်စာတစ်ခုဖြစ်​လေမလား...လက်​တွေ့ဘဝမှာလည်း အမျိုးသမီး​တိုင်းမှာသာ ​ဒေါင်းလို စမူသွား​လေး​တွေ ပါလာမယ်ဆိုရင်​တော့ မုဒိန်း​ကောင်​တွေလည်း ​​တော်​တော် ​နောက်တွန့်​နေမယ်လို့ ​တွေးမိရင်း ကြည့်ရှုခံစားလိုက်ကြပါဦး... (ဇာတ်ကားနဲ့အညွှန်းကို Mugiwara ...
movie

Teeth (2007)

2007
Blood: The Last Vampire (2009) 5.3
Blood: The Last Vampire (2009) ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ်ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က ‌မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူးသွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ...ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ...
movie

Blood: The Last Vampire (2009)

Paheli (2005) 6.7
Paheli (2005) Paheli (သို့မဟုတ် ) ပဟေဠိဆန်တဲ့ ချစ်ခြင်း °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° တစ်ခါတလေ မိန်းကလေးများ အိပ်မက်ဆန်ဆန် တွေးဖူးကြပါသလား။ နတ်သားလေး နတ်သက်ကြွေပြီး ကိုယ့်ဆီ လှမ်းလာခဲ့တယ် လို့ပေါ့။ ဒါမှမဟုတ် တစ္ဆေတစ်ကောင် က ကိုယ့်ကို ချစ်တယ်လို့ ကော တွေးခဲ့ဖူးပါသလား။ ဒါပေမဲ့ ဒီမေးခွန်းဟာ အူကြောင်ကြောင် နိုင်လွန်းပါတယ်။ဒီကားလေး ကို မညွှန်းခင်မှာတော့ ယုတ္တိ တန်သည် မတန်သည် ဝိ၀ါဒတွေ ချန်ထားခဲ့ဖို့လိုပါတယ်။ တကယ်တော့ ဒီကားလေးမှာ တစ္ဆေတစ်ကောင် ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာမို့ပါ။ဇာတ်လမ်းအစမှာဖြင့် ကုန်သည်လေး ကီရှန်နဲ့ အလွန်လှတဲ့ လက်ရ်ှချီ တို့ လက်ထပ်ပုံနဲ့ စတင်တင်ဆက်ခဲ့ပါတယ်။ ကီရှန်က ဖခင်ရဲ့အမိန့်အောက်ရိုကျိုးရတဲ့သားငယ် တစ်ယောက်။ လက်ရ်ှချီ ကလည်း မိသားစုရဲ့သဘောအတိုင်း အမြဲခေါင်းငြိမ့်ခဲ့တဲ့ သမီးတစ်ယောက်။ ဒီလိုနဲ့ ကီရှန်ဟာ သတို့သမီးလောင်းကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ နေကလည်း ပြင်းသထက်ပြင်းတာမို့ အချို့နေရာတွေမှာ ...
movie

Paheli (2005)

Pinocchio: A True Story (2022) 4.4
Pinocchio: A True Story (2022) Pinocchio A True Story (2021)အီတလီ ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ သစ်သားရုပ်ကလေးကနေ အသက်ဝင်လာတဲ့ Pinocchio အကြောင်း ကြားဖူးကြမှာပါဒီဇာတ်ကားလေးမှာတော့ သစ်သားရုပ်ကလေး Pinocchio နဲ့ သူ့အဖော် မြင်းလေး Tibalt တို့ ကမ္ဘာကြီးကို လျှောက်ပတ်ကြည့်ဖို့ ထွက်လာခဲ့ရာကနေ မာဂျီရာဖိုကိုရဲ့ ဆပ်ကပ်အဖွဲ့ကိုရောက်သွားပြီး စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရပုံကို တင်ဆက်ထားတာပါလိမ်ပြောရင် နှာခေါင်းကြီးရှည်ထွက်လာမယ် ဆိုတဲ့ အကြောင်းအရာတွေကနေ ကွဲထွက်ပြီးPinocchio နဲ့ သူ့ရဲ့ မိတ်ဆွေ မြင်းလေး Tibalt တို့ရဲ့ စွန့်စားခန်းတွေ လူသားဆန်မှုတွေကို ဖော်ကျူးထားတာဖြစ်တဲ့အတွက် Pinocchio ပရိသတ်တွေအနေနဲ့ တမူထူးခြားတဲ့ အရသာကို ခံစားရမှာပါစိမ်းစိမ်းစိုစို ကာတွန်းရုပ်လေးတွေနဲ့ အရောင်အသွေးစုံစုံလင်လင်တင်ဆက်ထားတာကြောင့် စိတ်အပန်းဖြေတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ကာတွန်းကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Animation, Family, Fantasy Quality….WEB-DL 1080p and 720p and 480p File size...1.65GB and 683MB and 267MB Format...mp4 Duration….1h ...
movie

Pinocchio: A True Story (2022)

2022