Channel Myanmar

Fantasy

Day Dreaming ( 2024 ) 5.9
Day Dreaming ( 2024 ) ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်... ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ..ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော...Baby's Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့... ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို... စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်...ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်... အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်... Filesize : 1.08 ...
movie

Day Dreaming ( 2024 )

The Dead and the Deadly ( 1981 ) 6
The Dead and the Deadly ( 1981 ) ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...... Filesize : 1.64 GB / 813 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy , Horror Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Dead and the Deadly ( 1981 )

Dynamite Warrior ( မီးကျည်မဲခေါင် မြန်မာစာတန်းထိုး) 2006 5.1
Dynamite Warrior ( မီးကျည်မဲခေါင် မြန်မာစာတန်းထိုး) 2006  Dynamite Warrior (2006)ကဲဗျာ ဒီတစ်ခါတော့ One Bak တို့ The Protector တို့ရဲ့ ဖန်တီးရှင် ကပဲ ဆက်လတ်ရိုက်ကူးခဲ့တဲ့ Dynamite Worriers ခေါ် မီးကျည်မဲခေါင် ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေဗျ ဇာတ်ကားက အဟောင်းဆိုပေမဲ့ ဘယ်တော့မှ မရိုးသွားမယ် ကားမျိုးဖြစ်ပါတယ်ဗျမင်းသားကလည်း Ong Bakထဲက ဒူးတံတောင်မင်းသားကြီး ပါပဲ။ ၁၈၉၀ ဝန်းကျင်မှာ အခြေတည်ထားတဲ့ ခေတ်ဟောင်းအငွေ့အသက်လေးတွေနဲ့ ထိုင်းရော်ဘင်ဟုဒ်ဗားရှင်းကို ရှုစားရမှာပါ။၁၈၉၀ ခုနှစ် စိုင်ယမ်မှာ လယ်ယာလုပ်ငန်းကို ကျွဲတွေနွားတွေနဲ့ ရုန်းနေရချိန်မှာ မြို့ထဲကဓနရှင်အရင်းရှင်ဖြစ်တဲ့ သခင်ကြီးဖရာဝမ်က အနောက်တိုင်းက လယ်ထွန်စက်ဆိုတာတွေ တင်သွင်းလာပြီး ဈေးကြီးကြီးနဲ့ ရောင်းပါတော့တယ်။ ဒါပေမဲ့ ကျွဲနွားနဲ့ လယ်ထွန်စက်ဈေးက ဆယ်ဆတစ်ဆဖြစ်နေတော့ အခြေခံလူတန်းစားမပြောနဲ့ သူဌေးတွေတောင် စိတ်မဝင်စားကြပါဘူး။ဒီလိုနဲ့ ဖရာဝမ်တစ်ယောက် ဓားပြတွေငှား ကျွဲနွားကုန်သည်တွေဓားပြတိုက် အတင်းလုယက်ခိုင်းပြီး လယ်ထွန်စက် မဝယ်ဝယ်အောင်လုပ်ပါတော့တယ်။ အဲဒီမှာ ဂျုန်ဘန်ဖိုင်ဆိုတဲ့လူထူးဆန်းတစ်ယောက် ပေါ်လာပါတော့တယ်။ဂျုန်ဘန်ဖိုင်ဟာ ကျွဲသူခိုးဆိုပေမဲ့ သူကကုန်သည်တွေဆီကခိုးပြီး ဆင်းရဲသားတွေကို ပြန်ခွဲဝေပေးတဲ့ ထိုင်းရော်ဟင်ဟုဒ် သူခိုးကောင်းလေးပေါ့။ မွေထိုင်းလည်းကျွမ်းပြီး ဒုံးကျည်လက်နက်ကိုသုံးတဲ့သူ့ကို ဘယ်သူမှလည်းအနိုင်မယူနိုင်ပါဘူး။ လူသတ်လေ့မရှိတဲ့ဂျုန်ဘန်ဖိုင်က ...
movie

Dynamite Warrior ( မီးကျည်မဲခေါင် မြန်မာစာတန်းထိုး) 2006

2006
The Isle (2018) 5.7
The Isle (2018) ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းကဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ....အညွှန်းနဲ့ ဘာသာပြန်ကတော့ Noe ပါ File size…    1.3 GB /  597 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Fantasy/Mystery/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Noe
movie

The Isle (2018)

2019
The Heretics (2017) 5.0
The Heretics (2017)  ဒီရုပ်ရှင်ကတော့ Horror နဲ့ Thriller Vibe ကိုအချိုးကျကျပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားပါ ဂလိုရီယာ က ငယ်ငယ်တုန်းကဘာသာရေးအစီအရင်တစ်ခုအတွက် ထူးဆန်းတဲ့လူတစ်စုပြန်ပေးဆွဲတာ ခံရဖူးပြီး ထရော်မာရနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ဂျွန်ကတော့ ငယ်ငယ်ကတည်းက အဖေဖြစ်သူနှိပ်စက်တာ ခံရပြီးစိတ်ဒဏ်ရာရနေခဲ့တယ်။ သူတိုနှစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာတွေ့ခဲ့ကြပြီး ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။တနေ့မှာတော့ ဂလိုရီယာ က ဂျွန်နဲ့တွေ့ပြီး အပြန်မှာ လူထူးဆန်းတစ်ယောက်ပြန်ပေးဆွဲတာခံရပြီး ပျောက်သွားတယ်။ ဂလိုရီယာကိုပြန်ပေးဆွဲခဲ့ကြတဲ့သူတွေက ဘယ်သူလဲ၊ သူတိုရဲ့ ထူးဆန်းတဲ့အစီအရင်တွေက ဘာအတွက်လဲ။ဂျွန်ကရော ဂလိုရီယာကိုပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့....ထင်မထားရတဲ့ plot twist တွေနဲ့အတူ တစ်ကားလုံး အပိုအလိုမရှိအောင်ဆွဲခေါ်သွားနိုင်ပြီး အသည်းတအေးအေး၊ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(မိသားစုနှင့်အတူကြည့်ရှုရန်မသင့်သော ဇာတ်၀င်ခန်းအချိုပါ၀င်ပါသည်) File size…1.25GB / 559MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 27m Genre ….. Fantasy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The Heretics (2017)

Left Behind (2014)
Left Behind (2014) Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie

Left Behind (2014)

2014
OpenMatte
Pixels (2015) 5.6
Pixels (2015) Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့  Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Pixels (2015)

A Cure for Wellness (2016) 6.4
A Cure for Wellness (2016) A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie

A Cure for Wellness (2016)

The Imaginary (2023)
The Imaginary (2023)  Netflix က အသစ်ထွက်ရှိလာတဲ့ ရင်ကိုနွေးစေမယ့် anime လေးကို တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတဲ့ ကောင်လေးက အာမန်ဒါဆိုတဲ့ ကောင်မလေးရဲ့ စိတ်ကူးယဥ်သူငယ်ချင်းဖြစ်ပြီး အာမန်ဒါစိတ်ကြိုက်ဖန်တီးတဲ့ စိတ်ကူးယဥ်ကမ္ဘာအလီလီမှာ အတူကစားခုန်စားပျော်ပါးရင်း အာမန်ဒါရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရတယ်အာမန်ဒါကလွဲ ဘယ်သူမှ မမြင်ရတဲ့ ရာဂျာ၊ သူ့ဘဝအတွက် တစ်ဦးတည်းသော အဖော် အာမန်ဒါ အက်ဆီးဒင့်ဖြစ်တဲ့အခါ တခြား အမေ့လျော့ခံ စိတ်ကူးယဥ်ဇာတ်ကောင်တွေလို တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွားတော့မှာလား စိတ်ကူးယဥ်ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမျက်ရည် သင်းရနံ့ကို စားသုံးချင်တဲ့ လူထူးဆန်းကြီးနဲ့ ဘယ်လိုရင်ဆိုင်ဦးမှာလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြပါလို့ ... File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Animation, Drama, Family, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Imaginary (2023)

Dragonkeeper (2024) 6.0
Dragonkeeper (2024)  စပိန်-တရုတ်ဖက်စပ်ရိုက်ကူးထားတဲ့ Dragonkeeperရုပ်ရှင်ကတော့ စိတ်ကူးယဥ်စွန့်စားခန်း Animationရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ရှေးဒဏ္ဍာရီလာနဂါးကြီးတွေကိုထိန်းကျောင်းနိုင်စွမ်းရှိသူတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်မှာအခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ပင်နဲ့ နဂါးကြီးလုံတန်စီတို့ရဲ့စွန့်စားခန်းခရီးစဥ်ကို လိုက်ပါကြည့်ရှု့ကြရမှာပါ။လူသားတွေနဲ့နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ်တစ်ခါမှာအတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမယ့် အာဏာမက်မောတဲ့လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ခံရပြီး မျိုးတုန်းတော့မယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ဒါပေမဲ့ ရဲရင့်တဲ့ပင်ဆိုတဲ့မိန်းမငယ်လေးကတော့ ရှားရှားပါးပါးနဂါးတွေကို ထိန်းချုပ်နိုင်သူပီပီ အခက်အခဲတွေကိုကျော်ဖြတ်ပြီးနောက်ဆုံးလက်ကျန်နဂါးဥလေးကို ကယ်တင်ပေးနိုင်မှာလားဆိုတာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.64GB / 771MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Dragonkeeper (2024)

Freaky Friday (2003)
Freaky Friday (2003) ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ ...
movie

Freaky Friday (2003)

The Devil’s Lair (2024) 5.8
The Devil’s Lair (2024) The Devil's Lair 2023အင်ဒိုသရဲမှကြိုက်တာဆိုတဲ့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်စေမယ့် အင်ဒိုစုန်းကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးမှာတော့ Jump scare typeမဟုတ်ဘဲ အောက်လမ်းဘက်တို့ စုန်းတို့ မှော်တို့ဘက်ပိုရောက်တဲ့horrorကားမျိုးပါ။ဇာတ်လမ်းကတော့ အဖေ့ရဲ့အကြွေးတွေကို ခက်ခက်ခဲခဲဆပ်ဖို့ ရုန်းကန်နေရတဲ့အာလင်းတစ်ယောက် ညီမလေးကိုလည်း တစ်ဖက်ကစောင့်ရှောက်ရ၊ အကြွေးရှင်တွေကလည်း မိန်းမရွှင်လုပ်ခိုင်းဖို့ တကဲကဲဖြစ်နေတော့ ကြံရာမရဖြစ်ပြီး ချစ်သူဖြစ်တဲ့ ဂန်တို့အဖွဲ့နဲ့အတူ ရှေးဟောင်းအိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့လုပ်ပါတော့တယ်။ အဖွဲ့ထဲက ဖစ် ကတော့ မကြည်ဖြူပေမဲ့ လင်းရဲ့ခြိမ်းခြောက်မှုနဲ့ လက်ခံပေးလိုက်ပြီး အိမ်ကြီးဆီရောက်လာတော့တာပေါ့။ဒါပေမဲ့ အိမ်ကြီးထဲမှာ အဖိုးတန်တွေရှာနေတုန်း အမျိုးသမီး‌တစ်ယောက်ကို ချုပ်ထားတာမြင်ပြီး ကူညီချင်တဲ့ဂန်က လွှတ်ပေးလိုက်ပြီး သူတို့နဲ့အတူခေါ်လာချိန်မှာ အဲဒီအမျိုးသမီးလည်း ပျောက်သွားပြီး အိမ်ထဲမှာ သူတို့လေးယောက် ပိတ်မိသွားကြတဲ့အခါ....ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့အတိုင်း ဘုမသိဘမသိနဲ့လွှတ်ပေးမိတဲ့ အမျိုးသမီးကဘာလဲ။ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့ ဒီအိမ်ကြီးထဲက ဒီလူငယ်တစ်သိုက် ရုန်းထွက်နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy, Horror Quality…. 1080p | 720p File size… ...
movie

The Devil’s Lair (2024)

2024
Underground (1995) 8.0
Underground (1995)  IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်.... နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ''မာကို''နဲ့ ''ဘလက်ကီ''(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်.....ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre... Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy
movie

Underground (1995)

Wild Eyed and Wicked (2023)
Wild Eyed and Wicked (2023) အသစ်ထွက်ရှိထားတဲ့ ဟော်ရာဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် လီလီဟာ လက်စဘီယန်တစ်ယောက်ဖြစ်ပြီး ဓားရေးလေ့ကျင့်ပေးတဲ့ နည်းပြပါ ဆုံးသွားတဲ့ သူ့အမေကတော့ မကောင်းဆိုးဝါးအဖြစ် သူ့အိပ်မက်တိုင်းမှာ လာရောက်ခြောက်လှန့်လေ့ရှိတယ် မခေါ်မပြောတော့တဲ့ အဖေဖြစ်သူက တစ်နေ့မှာ လီလီ့အမေရဲ့ နှစ် ၂၀ ပြည့်ဈာပနအတွက် အရင်အိမ်ကို ပြန်လာခိုင်းတဲ့အခါ... အဖေ့ကို မုန်းနေတဲ့ လီလီ သူ့အဖေနဲ့ဆက်ဆံရေးကို ဘယ်လိုပြန်တည်ဆောက်မှာလဲ အိပ်မက်ထဲက မကောင်းဆိုးဝါးကိုရောအလယ်ခေတ် ချပ်ဝတ်တန်ဆာတွေသုံးပြီး အထာကျကျ ဘယ်လိုနှိမ်နင်းသွားမလဲ ဆိုတာကို ပရိသတ်ကြီး အားပေးကြပါဦးလို့ ...File size…(1.1 GB)/(618 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Horror, Fantasy, Drama, Mystery. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Wild Eyed and Wicked (2023)

Inu-Oh (2021) 7.1
Inu-Oh (2021) Inu-oh (2021)အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ...
movie

Inu-Oh (2021)

Lost In Tomb ( 2024 ) 5.7
Lost In Tomb ( 2024 ) ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေရဲ့ မရိုးနိုင်သော သင်္ချိုင်းတူးကြတဲ့အကြောင်းရိုက်ကူးထားသော ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာ‌တ်လမ်းအညွှန်းအနေနဲ့ : လင်ဟန်က စွန့်စားသူမိန်းကလေးတစ်ယောက်ဖြစ်ပြီး အဖေဖြစ်တဲ့သူက လွန်ခဲ့တဲ့နှစ်၂၀တည်းက စူးစမ်းလေ့လာရေးလုပ်ရင်း အိမ်မပြန်လာတော့လို့ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရတဲ့သူပါ ။သူအရွယ်‌ရောက်လာတော့လဲ သူ့အဖေရဲ့အမွေကိုဆက်ခဲခဲ့ပြီးတော့ စွန့်စားသူဆက်လုပ်ခဲ့ပါတယ် ။ သူ့အဖေချိုးခဲ့တဲ့ စံချိန်တွေကိုလည်းဆက်တိုက်ချိုးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ နာမည်ကြီးနေတဲ့ လင်ဟန်ကို ရှေးဟောင်းသုတေသနအဖွဲ့အစည်းက တွေ့သွားပြီးတော့ သူတို့နဲ့အတူ ဟွားရွှီးလူမျိုးစုတွေရဲ့ ပျောက်ဆုံးနေတဲ့ မြူအုပ်မြို့တော်ကို အတူရှာဖွေဖို့ ကမ်းလှမ်းလာချိန်မှာတော့.. စူးစမ်းရှာဖွေမှုမှာ ဘာတွေနဲ့ကြုံတွေ့လာမလဲ ? ဘယ်လိုအန္တာရာယ်တွေနဲ့ကြုံတွေ့လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုပေးကြပါဦး Filesize : 694 MB /420MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Lost In Tomb ( 2024 )

Beauty And The Beast (2014) 6.4
Beauty And The Beast (2014) A Bela E A Fera ( 2014 )Beauty and the Beast ဇာတ်လမ်းက ဒစ္စနေး ကျေးဇူးနဲ့ ကျွန်တော်တို့ ဟိုးကလေးပေါက်စလေးကတည်းကရင်းနှီးလာတဲ့ ဇာတ်လမ်းပဲ။ ၁၉၄၆ကထွက်တဲ့ ပြင်သစ်ကားအပြင် ခုထိ ဒီဇာတ်လမ်းကို ရိုက်လာလိုက်တာ ၁၀ကားအထက်တော့ ရှိနေပြီ။ ဒီထဲမှာ ၁၉၉၁က ထွက်တဲ့ ဒစ္စနေးကာတွန်းကားနဲ့ ၂၀၁၇ထွက်တဲ့ အန်မာဝတ်ဆန်နဲ့ ရိုက်တဲ့ကားတော့ လူသိအများဆုံးဖြစ်လိမ့်မယ်။၂၀၁၇ကားက ၁၉၉၁ကားရဲ့ Live Actionပဲဆိုတော့ ဒီလူသိအများဆုံး ၂ခုက ဇာတ်လမ်းအတူတူနီးပါးပဲ။ ၁၉၉၁ကားကိုတော့ ၁၇၅၆ကထွက်ခဲ့တဲ့ Jeanne-Marieရဲ့ဗားရှင်း ဇာတ်လမ်းကိုသုံးထားပြီး ၁၉၄၆ရုပ်ရှင်ကနေလည်း မှီးထားတယ်။ ၄၆ရုပ်ရှင်ကလည်း Jeanne-Marieဗားရှင်းပဲ။ ဒါပေမဲ့ သူက Beauty and the Beast ရဲ့ မူရင်း စာရေးဆရာတော့မဟုတ်ဘူး။ မူရင်းကို ၁၇၄၀မှာ Gabrielle-Suzanneက ရေးခဲ့တယ်။ဒီ၂၀၁၄ ပြင်သစ်ကားကတော့ Gabrielle-Suzanneရဲ့ မူရင်းစာအုပ်ကို ရိုက်ထားတာ။ ကျွန်တော်တို့ ကြည့်နေကျဇာတ်နဲ့ တော်တော်လေးတော့ ကွဲပြားခြားနားတယ်။ ရိုက်လာခဲ့သမျှထဲမှာလည်း မူရင်းဇာတ်ကိုရိုက်တာက ဒီတစ်ကားပဲ ...
movie

Beauty And The Beast (2014)

2014
The Watchers (2024)
The Watchers (2024)  မင်းသမီး ဒါကိုတာဖန်းနင်းရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ပဟေဠိဆန်ဆန်ကြည့်ရမှာပါ။ တောအုပ်တစ်ခုထဲကို ရောက်သွားတဲ့လူတွေဟာ ပြန်ထွက်လို့မရတော့ဘူး။ သူတို့အတွက်ခိုလှုံစရာ အိမ်တစ်လုံးတော့ ရှိနေတယ်။ ညဘက်ရောက်တိုင်း ဘာမှန်းမသိတဲ့အရာတွေက သူတို့ကို လာစောင့်ကြည့်တယ်။ နေ့ဘက်ဆိုရင်အဲဒီအရာတွေက အပြင်ထွက်မရဘူး။ညဘက်မှာထွက်တဲ့လူတွေလည်း ပြန်မလာနိုင်ကြတော့ဘူး။ အဲဒီကိုနောက်ဆုံးရောက်လာတဲ့ မင်းသမီး ဒီလိုနေနေရတဲ့အခြေအနေကို လက်မခံဘဲ ထွက်လမ်းရှာဖို့ အသက်နဲ့ရင်းပြီးကြိုးစားတဲ့အခါဘာတွေဆက်ဖြစ်လာလဲ ကြည့်ရမှာပါ...File size…(1.4 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Horror, Mystery, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr Anderson
movie

The Watchers (2024)

Top Agent ( 2018 ) 5.6
Top Agent ( 2018 ) အချိန်ခရီးသွားဇာတ်ကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ။ ဒီကားလေးက ရှေးဟောင်းပစ္စည်းတစ်ခုကြောင့်နဲ့ ရှေးခေတ်ကိုပြန်ရောက်သွားတဲ့အကြောင်းလေးပါ ။သရုပ်ဆောင်အရမ်းဖြစ်ချင်ပေမဲ့ အိပ်မက်‌တွေမပြည့်ဝသေးတဲ့ သာ့ဟွားသော အဖေဖြစ်သူရဲ့ လောင်းကစားကြွေးတွေကိုဆပ်ရင်းနဲ့ ကြိုးစားပမ်းစားအလုပ်လုပ်နေရတဲ့ ရှောင်နျောင် ပန်းချီအယ်ဘမ်တစ်ခုထုတ်ဝေချင်ပေမဲ့ မထုတ်ဝေနိုင်သေးတဲ့ အိုက်လင်ဒီမိန်းကလေးသုံးယောက်လုံးဟာ ရှောင်ချုံးလိုခေါ်တဲ့သူဆီကနေ လျို့ဝှက်အေ့ဂျင်လုပ်ဖို့ဖိတ်ခေါ်ခံလိုက်ရပြီး နိုင်ငံ့ရတနာကျောက်စိမ်းခေါင်းလောင်းကို သုတေသနဓာတ်ခွဲခန်းကနေ ခိုးသွားတဲ့ အစ်ကိုဟောက်နောက်ကို နောက်ယောင်ခံလိုက်ခိုင်းခဲ့ပါတယ် ။အစ်ကိုဟောက်ပုန်းခိုနေတဲ့နေရာကိုသိပြီး လေးယောက်သား ကျောက်စိမ်းခေါင်းလောင်းကိုပြန်ယူဖို့လုပ်တဲ့အချိန် မထင်မှတ်ထားတွေဖြစ်သွားပြီး ဟိုဘက်ခေတ်ကိုရောက်သွားကြပါတော့တယ် ။ နန်းတွင်းကိုရောက်သွားတဲ့ အိုက်လင်နဲ့ရှောင်နျောင်တို့လည်း အသက်အဖြတ်များတဲ့ နန်းတွင်းကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ ? သူတို့ထက်ပိုကံဆိုးပြီး ဆောင်ကြာမြိုင်ရောက်သွားတဲ့ သာ့ဟွားသောရော ဘယ်လိုနည်းနဲ့ ဒီဘက်ခေတ်ကိုပြန်ရောက်လာအောင်လုပ်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ပေးကြပါအုံးနော် ။ Filesize : 893 MB /498 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie

Top Agent ( 2018 )

Legend (1985) 6.3
Legend (1985) Legend (1985) IMDB: 6.3/10 Rotten Tomatoes: 41% Metacritic: 30% Genre: Dark FantasyLegend (1985) ရုပ်ရှင်ဟာ Gladiator, The Martian, Alien တို့လို နာမည်ကြီးကားတွေကိုရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Ridley Scott ရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ ဒါတင်မကသေးပဲမင်းသားကလည်း အချစ်တော် Tom Cruise ဖြစ်တာကြောင့်ကြည့်ရတာ တန်မှာဖြစ်ပါတယ်။ဇာတ်ညွှန်း အမှောင်သခင်ကြီးမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေကိုထာဝရပျောက်ကွယ်သွားအောင်ပြုလုပ်ပြီး အမှောင်ထုနဲ့ ကမ္ဘာကြီးကိုကြီးစိုးဖို့ဖြစ်ပါတယ်။ နေကိုထာဝရ ဝင်စေချင်ရင် ကမ္ဘာပေါ်မှာကျက်စားနေတဲ့ ယူနီကွန်းမှောင်နှံကိုသတ်မှပဲရမှာပါ။ ပြဿနာက သူဟာ နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါ့ကြောင့် သူ့ရဲ့လက်ပါးစေထဲမှာမှ အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ ဘလစ်ဇ် ဆိုတဲ့မှင်စာတစ်ကောင်ကိုခေါ်ပြီး ယူနီကွန်းနှစ်ကောင်ကိုသတ်ဖို့ ကမ္ဘာမြေပေါ်ကိုလွှတ်လိုက်ပါတော့တယ်။ လီလီဆိုတာ တိုင်းပြည်တစ်ခုရဲ့ အိမ်ရှေ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ ငယ်ရွယ်တယ်၊အပြစ်ကင်းစင်တယ်၊ ချစ်ဖို့ကောင်းတယ်၊ ဟန်ဆောင်မှုမရှိဘူး။ ဂျက်ခ်ဟာတောထဲမှာနေထိုင်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ခ် ဟာလီလီကို ယူနီကွန်းတွေကိုတွေ့ရဖို့ခေါ်သွားခဲ့ပေမယ့်လီလီက မထင်မှတ်ထားတာကိုလုပ်ခဲ့ပြီး ယူနီကွန်းတစ်ကောင်ကိုလက်နဲ့ထိလိုက်ပါတယ်။ကံမကောင်းစွာနဲ့ မှင်စာပစ်လိုက်တဲ့အဆိပ်မြားကလည်း ယူနီကွန်းအထီးကိုထိခဲ့ပါတယ်။ကမ္ဘာကြီးတစ်ခုလုံးရေတွေခဲသွားပြီး အမှောင်ထုကြီးကကြီးစိုးသွားပါတော့တယ်။မင်းသမီးလေး ...
movie

Legend (1985)