Channel Myanmar

Fantasy

Giant Snake Incident at Yellow River ( 2023 ) 5.9
Giant Snake Incident at Yellow River ( 2023 ) " ဟွမ်မြစ်အတွင်းက ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူသားစား မြွေကြီးရဲ့ ဒဏ္ဍာရီလေးတစ်ပုဒ် "ဟွမ်မြစ်ရဲ့နံဘေးမှာ ဆိတ်ငြိမ်အေးချမ်းတဲ့ ခေတ်လွန်ရွာလေးတစ်ရွာတည်ရှိပါတယ် ။ ဒီလိုအေးချမ်းလှတဲ့ ရွာလေးဆီကို ခေါင်းတလားကြီးတစ်လုံးနဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးက ရောက်ရှိလို့လာခဲ့ပါတော့တယ် ။ထူးဆန်းတဲ့ အရာတွေ မကြာခဏ ဖြစ်ပြီး လူတွေကလဲ တစ်ဦးပြီး တစ်ဦးပျောက်ဆုံးလို့ လာခဲ့ချေပါတယ် ။ ဒီဘေးအန္တရာယ်ကြီးကို ကျောက်မိသားစုကနေပြီး နှိမ်နင်းဖို့ သွားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာခြင်းမရှိခဲ့ပါဘူး ။ ဒီကိစ္စဖြစ်ပြီး နှစ် ၂၀ ကြာတဲ့နောက်မှာ အလားတူ ကိစ္စရပ်မျိုး ပြန်လည်ဖြစ်ပျက်လာခဲ့သောအခါ...?ကျောက်အိမ်တော်ရဲ့ မျိုးဆက်ကို ဆက်လက် လက်ခံမဲ့ သခင်လေးကျောက်ပိုင်တစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကို နှိမ်နင်းဖို့ ခရီးစတင်ထွက်ခဲ့ပါတော့တယ် ။ ဒီတော့ မြစ်ထဲက မကောင်းဆိုးဝါး မြွေကြီးကို နှိမ်နင်းနိုင်ပါ့မလား ? ဘယ်လိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့ရဦးမှာလဲ ? ဆိုတာ သခင်လေး ကျောက်ပိုင်ရဲ့ စွန့်စားရေး ခရီးစဥ်လေးကို အတူတူ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : ...
movie

Giant Snake Incident at Yellow River ( 2023 )

Red Lights (2012) 6.2
Red Lights (2012) Red Lights (2012)ကျွန်တော်တို့တွေအသည်းစွဲ Peaky Blinders ရဲ့ Thomas Shelby မင်းသားဖြစ်တဲ့ Cillian Murphy... ဆယ်စုနှစ်တစ်ခုလောက်ချစ်ခဲ့ကြရတဲ့ မမ၊ နောက်ဆယ်စုနှစ်တွေမှာလည်း ဆက်ချစ်ရဦးမယ့် မမ Elizabeth Olsen... Avatar နဲ့ Aliens ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ရင့်ကျက်တည်ကြည်ခန့်ငြားနေဆဲ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ Sigourney Weaver... ၈၀ခုနှစ်တွေကတည်းကနေ ခုချိန်ထိ ဂန္ထဝင်တွင်နေဆဲ တွင်နေမယ့် အနှိုင်းမဲ့မင်းသားကြီး Robert De Niro...ခုလို Cast အလန်းကြီးတွေအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~Professor Dr. Margret Matheson ဟာ Psychologist တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ Physicist တစ်ယောက် ဖြစ်တဲ့ Tom Buckley နဲ့အတူ သဘာဝလွန်ဖြစ်ရပ်ဆိုတဲ့ အောက်လမ်း၊ အထက်လမ်း၊ မှော်ဆရာ၊ တန်ခိုးရှင် ဆိုပြီး မဟုတ်မမှန်လုပ်ကြံလိမ်ညာနေကြသူတွေကို ဖော်ထုတ်ကြပါတယ်။ ...
movie

Red Lights (2012)

2012
Taoist Priest In The Tomb ( 2023 ) 6
Taoist Priest In The Tomb ( 2023 ) ရှေးခေတ်မင်းဆက်ရဲ့ သင်္ချိုင်းမြေကြီးတစ်ခုဖြစ်တဲ့ လော့ထျန်းဟွမ်းနယ်မြေကြီး ။ ထူးဆန်းတဲ့အရာတွေကြောင့် ချိတ်ပိတ်ခဲ့တာ ကြာပေမဲ့ သင်္ချိုင်းတူးဖော်သူတွေကြောင့် လော့ထျန်းဟွမ်းရဲ့ လျှို့ဝှက်ချက်ကြီးက ပြန်လည်နိုးထလာခဲ့တဲ့အခါ ။ သူနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ရွာငယ်လေးတွေမှာလဲ ကြောက်မက်ဖွယ်ရာကိစ္စတွေဖြစ်ခဲ့ပြီး လူတွေဟာလဲ တစ်စ တစ်စနဲ့ ပျောက်ဆုံးလို့လာခဲ့ပါတယ် ။ ဒီကိစ္စတွေနဲ့ တစ်ချိန်က ပတ်သတ်ခဲ့တဲ့ ကျူးချွဲ့တစ်ယောက် ... ?❏ သူ့ရဲ့ ရွာသူရွာသား မိတ်ဆွေတွေကို ကယ်တင်ဖို့ ❏ သူတို့နေထိုင်ရာ နယ်မြေ အဒွန့်ရှည်စေဖို့ ❏ လော့ထျန်းဟွမ်း ကိစ္စကြီးမှာ သေဆုံးသွားကြပြီတဲ့ ဖခင်အတွက် ပြန်လည်လက်စားချေဖို့“သူဘယ်လိုတွေ လုပ်ဆောင်မလဲ ? လော့ထျန်းဟွမ်းရဲ့လျှို့ဝှက်ချက်ကြီးကို သူဖြေရှင်းနိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ ရုပ်ရှင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ အခုပဲကြည့်ရှူလိုက်ရအောင်ပါနော် ။” [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Mystery , Fantasy Runtime : 1h ...
movie

Taoist Priest In The Tomb ( 2023 )

The Extraordinary Adventures of Adèle Blanc-Sec (2010) 6.3
The Extraordinary Adventures of Adèle Blanc-Sec (2010) IMDb Rating (6.3/10)ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ဇာတ်လမ်းကတော့....အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်...သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie
movie

The Extraordinary Adventures of Adèle Blanc-Sec (2010)

The Five Devils (2022) 6.6
The Five Devils (2022) The Five Devils (2022)~ IMDb - 6.6/10, RT - 80%, Meta - 65% ~Blue Is the Warmest Colour ထဲက မင်းသမီး Adèle Exarchopoulos က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဗစ်ကီလို့ခေါ်တဲ့ ၈နှစ်သမီးလေးဟာ ရေကူးနည်းပြမေမေ မီးသတ်သမားဖေဖေတို့နဲ့ အတူတူနေထိုင်ပါတယ်။ အမေဖြစ်သူနဲ့ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်လွန်းပြီး ဗစ်ကီလေးဟာလည်း အမေမှ အမေ ဆိုပြီးဖြစ်နေသူလေးပေါ့။ ဒါပေမဲ့ သူ့အမေမသိတာ ၂ချက်ရှိပါတယ်။ တစ်ခုကတော့ ဗစ်ကီလေးဟာ ကျောင်းမှာ အလှောင်ခံလေးဖြစ်တယ်ဆိုတာနဲ့ နောက်တစ်ခုကတော့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်နေတယ်ဆိုတာပါပဲ။ အဲဒီစွမ်းအင်ကတော့ အနံ့တွေကို ခွဲခြမ်းစိတ်ဖြာစုဆောင်းနိုင်ပြီး သူကြိုက်ရာအနံ့တစ်ခုကိုရွေးချယ်လို့ ကာလကို ပြန်လည်ပုံဖော်နိုင်တာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရနံ့ထဲမှာ အမှတ်တရတွေရှိတတ်ပြီး ဗစ်ကီလေးက ပြန်ထုတ်ကြည့်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ယူဆလို့ရမယ်ထင်ပါတယ်။ဒီလို ...
movie

The Five Devils (2022)

2022
Tales of Nobody (2023) 5
Tales of Nobody (2023) Tales of Nobody (2023)အတိတ်နဲ့လက်ရှိကြားက လက်ရှိကြားကစည်းကို ဖြတ်ကျော်သွားခဲ့တဲ့ မိန်းကလေးအီဆွန်းမိခင်ရဲ့အကြိမ်ကြိမ်နောက်အိမ်ထောင်ပြုမှုတွေကြားကနေ ခြောက်ယောက်မြောက်ဖခင်ပါ ရရှိလာခဲ့တဲ့ အီဆွန်းကတော့ မိခင်ပျောက်ဆုံးသွားပြီးတဲ့နောက် ဘဝကြီးကို ရေစုန်မြောရင်း နေထိုင်လာခဲ့သူပါ။သူ့မိခင်နဲ့မတူအောင် မိခင်ကောင်း ဇနီးကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပြီး သူ့ရဲ့ဘဝကြီးကို အဘက်ဘက်ကနေ ပြောင်းလဲခဲ့ပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ခဏတာပျော်ပါးတတ်တဲ့ အချစ်နဲ့ပဲ တွေ့ဆုံရဖန်များလာတဲ့ အီဆွန်းဟာ နောက်ဆုံးမှာ သူ့ရဲ့ဘဝကြီးကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ ကံကြမ္မာရဲ့အခွင့်အရေးပေးမှုကြောင့် အီဆွန်းတစ်ယောက် အတိတ်နဲ့လက်ရှိကြားကစည်းကို ဖြတ်ကျော်ပြီး သူ့ရဲ့ဘဝကြီးကို ပြန်လည်ကြည့်ရှုသုံးသပ်ခွင့် ရသွားခဲ့တဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်လာမလဲ။ သူဟာတကယ်ပဲ ဘဝကြီးကို အရှုံးပေးလိုက်တော့မှာလား... ဒါမှမဟုတ် ဘယ်လိုအပြောင်းအလဲတွေများ ဆက်ဖြစ်လာဦးမလဲဆိုတာ အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကတော့ Rollacosta ထဲကမင်းသမီး Jeong Ga-Eun နဲ့ မင်သား Kwak Pil Je တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. ...
movie

Tales of Nobody (2023)

2023
Switch (2023) 7.2
Switch (2023) Switch (2023)ဟိုးအရင်ကတည်းက ကိုယ်တွေကြိုက်ခဲ့ရတဲ့ မင်းသားကြီး Kwon Sang Woo ရဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးထွက်လာပါပြီနော် ဘတ်ဂန်းဟာ ချစ်သူကိုလက်လွှတ်လိုက်ရတဲ့နောက် အရမ်းကိုနာမည်ကြီးပြီး ပေါ့ပျက်ပျက်နေတတ်တဲ့ သရုပ်ဆောင်ဖြစ်လာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းဂျိုယွန်းကတော့ သူ့ဘေးမှာမန်နေဂျာအဖြစ်နဲ့ အမြဲထောက်ပံ့ပေးခဲ့ပါတယ် ဘတ်ဂန်းဟာ အရမ်းအောင်မြင်နေပေမဲ့ စိတ်ထဲမှာတော့ နောင်တတရားတွေရှိနေခဲ့တယ်.. အဲဒီတော့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့်လားပဲ သူအရင်ကလက်လွှတ်ခဲ့ရတဲ့ဟာတွေကို ပြန်ရလာပြီး နာမည်ကြီးဘဝကိုတော့ ဂျိုယွန်းကိုပေးလိုက်ရတော့တာပဲSwitch ဆိုပေမဲ့ အရင်ကြည့်နေကျ တခြားရုပ်ရှင်တွေလို ဝိညာဉ်ချင်း ခန္ဓာကိုယ်ချင်းလဲတာမဟုတ်ဘဲ ဘဝချင်းပါလဲသွားတဲ့ ဇာတ်လမ်းမို့ တစ်မျိုးတစ်ဖုံထူးခြားနေတာတော့ အမှန်ပါပဲ နာမည်ကြီးရာကနေ အရာမဝင်တော့တဲ့ဘဝရောက်သွားတဲ့ ဘတ်ဂန်းနဲ့ နာမည်ကြီးဖြစ်သွားတဲ့ဂျိုယွန်းတို့ရဲ့ အလွဲတွေကိုတော့ ရုပ်ရှင်ထဲမှာကြည့်ရင်း ရယ်မောလိုက်ကြပါဦးနော်Cast အနေနဲ့ကတော့ Kwon Sang Woo အပြင် မင်းသားကြီး Oh Jung Se, မင်းသမီး Lee Min Jung တို့လည်းပါဝင်ထားပါသေးတယ်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, ...
movie

Switch (2023)

Inostrancevia ( 2023 ) 5.8
Inostrancevia ( 2023 ) လွန်ခဲ့တဲ့ နှစ် ၂၀ ခန့် အမည်မသိကျွန်းတစ်ကျွန်းပေါ်မှ ထူးဆန်းစွာ လူတွေ ပျောက်ဆုံးနေမှု...!အဲဒီ ကျွန်းဟာ သာမန်မြေပုံတွေမှာလဲ အမှတ်အသားအတိအကျ သတ်မှတ်ထားခြင်းမရှိသလို သွားရောက်တဲ့ လူတိုင်း သေဆုံးနေကြသည်မို့ လူသူအရောက်ပေါက်နည်းလို့နေခဲ့ပါတယ် ။ ဒါကို စူးစမ်းချင်နေကြတဲ့ တက္ကသိုလ်ကျောင်းသားအဖွဲ့ဟာ သူတို့ဘွဲ့မရခင် အဲဒီကျွန်းပေါ်ကို သွားရောက်ဖို့ ခရီးထွက်လာခဲ့ကြပါတယ် ။ ပထမရောက်တဲ့နေ့မှာ အေးအေးဆေးဆေး ရှိပေမဲ့ နောက်တစ်နေ့မှာတော့ သူတို့အဖွဲ့အတွင်းမှာ လူတွေသေပျောက်မှု ဖြစ်ပေါ်လာခဲ့တဲ့အခါမှာ...?သူတို့တွေ ဒီသေပျောက်မှုကို လိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတော့တယ် ။ ဒီတော့...?❏ ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို မယုံကြည်တဲ့ တက္ကသိုလ်ကျောင်းသားတွေ ဒီလိုမျက်မြင်ကိုယ်တွေ့ ရင်ဆိုင်လာရတဲ့အခါမှာ ဘယ်လိုမျိုး တုန့်ပြန်ကြမှာလဲ ? ❏ စူးစမ်းချင်စိတ် အပြည့်ရှိတဲ့လူငယ်တွေပီပီ ဒီမကောင်းဆိုးဝါးကို နှိမ်နင်းဖို့ဘယ်လိုမျိုးနည်းလမ်းတွေ ရှာကြမလဲ ? ❏ ဒီထူးဆန်း လျှို့ဝှက်လှတဲ့ ကျွန်းပေါ်ကနေရော အသက်ရှင်လျက် ထွက်လာနိုင်ကြပါ့မလား ? ဆိုတာ သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရှုအဖြေရှာ လိုက်ရအောင်လားရှင် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL ...
movie

Inostrancevia ( 2023 )

(21+)Mary! Mary! (1977) 5.7
(21+)Mary! Mary! (1977) လိင်ကိစ္စဆိုတာ ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးမှ မလိုလားအပ်တဲ့ နောင်တရစရာတွေ ရှိမလာမှာဖြစ်ပါတယ် အိမ်ထောင်ရှင်တွေ ကြားထဲ ချစ်သူရည်းစားတွေကြားထဲ ပွင့်ပွင့်လင်းလင်းရှိဖို့ ပညာယူရမဲ့ ဆင်ဆာ ဖြတ်မထားပဲ ပြူးပြူးပြဲပြဲ ပြထားတဲ့ ဇာတ်လမ်းလေးမေရီ မေရီ နာမည်လေးလှသလို အချိုးစားကလည်းပြေပြစ်တယ် ခက်တာက သူ့အိပ်ထောင်ဖက်မှာ အားနည်းချက်ရှိနေပါတယ် အဲဒါကတော့ သူက Premature Ejaculation လို့ခေါ်တဲ့ သုတ်စောလွှတ်တဲ့ ပြဿနာတက်နေတာပါအဲဒါကို သူတို့ နှစ်ယောက်အဖြေရှာရင်း မှော်ဆန်စွာပဲ စီစဉ်သူဆိုတဲ့ စွမ်းအားရှင်တစ်ယောက်နဲ့ အပေးအယူ လုပ်ပြီးလိုက်ချိန်မှာတော့ အရမ်းကို ရင်ခုန်ချင်စရာ မမကြီးတွေ တင်းပြည့်ကျပ်ပြည့်ကြီးတွေ ကြည့်ရမှာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1.8GB / 915MB Quality…1080p  / 720p Format…mp4 Duration….1h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(21+)Mary! Mary! (1977)

1977
Legions (2022) 5.1
Legions (2022) Legions (2022) ============Horror ဇာတ်ကားကောင်း ကြိုက်သူများအတွက် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ဇာတ်ကားတစ်ကား တင်ဆက်ပေး လိုက်ပါတယ်။အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ် ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီး လေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ် အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တို နီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူး ထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီး အယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစား လာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လို တားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ဒီဇာတ်ကားက မိစ္ဆာတွေ နတ်ဆိုးတွေ အပနှင်တာတွေပါတဲ့ Horror ကားမျိုးကြိုက်နှစ်သက်တွေအတွက် ...
movie

Legions (2022)

2022
Lord Eagle ( 2022 ) 5.6
Lord Eagle ( 2022 ) ရွှယ်ရင်း အရှင်သခင်လို့ အမည်တွင်တဲ့ တုန်းပေါ်ရွှယ်ရင်းဟာ မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အကျဥ်းချခြင်းခံနေရတဲ့ မိခင်ကို ကယ်တင်ဖို့ ကြိုးစားနေသူ တစ်ဦးပါ ။အဲဒီအချိန်မှာပဲ ရွှယ်ယင်း(နှင်းသိန်းငှက်နတ်ဘုရား)မျိုးနွယ်စုရဲ့ မျိုးဆက်ဖြစ်တဲ့ ယွီကျင့်ချို ၊ ပြီးတော့ မိန်းကလေး ခုန်းယိုးယွဲ့ နှင့် တစ်ခြားအဖွဲ့သားတွေ အတူပူးပေါင်းကာ မတရားမှုတွေရဲ့ အဖြစ်မှန်ကိုရှာဖွေပြီး / တာဝန်ကို လုပ်ကိုင်ဖြေရှင်းကြဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီတော့...-❏ တစ်လမ်းလုံး အခက်အခဲတွေ အဆက်မပြတ် ကြုံတွေ့လာကြပြီးနောက်မှာ အောင်မြင်မှုတွေကိုအရယူနိုင်ကြပါ့မလား ? ❏ သူတို့ရှာနေတဲ့ အမှန်တရားတွေကိုရှာတွေ့ပြီး အညှိုးတွေ လက်စားချေမှုတွေကို ခဝါချနိုင်မလား ? ❏ အခက်အခဲကြားတွေထဲကမှ စစ်မှန်တဲ့ ချစ်ခြင်းတရားလေးကိုရော ရှာတွေ့သွားနိုင်မလား / မိခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ...
movie

Lord Eagle ( 2022 )

Mr Illusion ( 2023 ) 6.1
Mr Illusion ( 2023 ) CM မှ အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမဲ့ ကားလေးကတော့ Mr. Illusion ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မင်ကော်ခေတ်မှာ ပုံရိပ်ယောင်ပညာဂိုဏ်းမှ ကပ်ဆိုးစိုက်ခဲ့ပါတယ်။ ရေဂိုဏ်းပုံရိပ်ယောင်ပညာရှင် ဖေကျင့်ကျစ်က ရတနာ ရှင်းယွင်တောင်ဝှေးကို လုဖို့အတွက် လူအများအပြားကို သတ်ခဲ့ပါတယ်။နောက်ဆုံးမှာ ထိုအချိန်က မီးဂိုဏ်းဂိုဏ်းချုပ်ဖြစ်သူ ဆရာခုန်းခုန်းက ပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက် ဆရာခုန်းခုန်းက မိဘမဲ့ကလေး ကျိုးဖေးဖန်ကိုခေါ်ပြီး အရပ်လေးမျက်နှာခရီးထွက်ခဲ့ပါတယ်။နှစ် ၂၀ ကျော်ကြာပြီးနောက် ရေဂိုဏ်းမှ ကျန်ရစ်သူနဲ့ သစ်ဂိုဏ်းဂိုဏ်းချုပ်တို့က ဖေကျင့်ကျစ်ကို ကယ်တင်ခဲ့ပြီး ဂိုဏ်း ၅ ဂိုဏ်းကို ပြန်လည်အုပ်ချုပ်ဖို့ စီစဉ်ပါတော့တယ်။မီးဂိုဏ်းဂိုဏ်းချုပ် လော့ရှာဖေးနဲ့ တပည့်ကျိုဖေးဖန်၊ ချိုးချီတို့ အတူတကွ ပြန်လည်တိုက်ခိုက်ကြတဲ့အခါ...... ကြမ်းတမ်းယုတ်မာတဲ့ လူဆိုးတွေကို သူတို့ အနိုင်ရနိုင်ပါ့မလား ...... ကျိုဖေးဖန်ရဲ့ ဘဝကရော ဒီကပ်ဆိုးကြီးနဲ့ ဘယ်လို ဆက်နွယ်နေမလဲ ...... ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : ...
movie

Mr Illusion ( 2023 )

The Westward: The City of Shadows ( 2023 ) 5.9
The Westward: The City of Shadows ( 2023 ) ဆရာတော် ၊ ဝူခုန်း နဲ့ ပါးကျဲ့ တို့ရဲ့ စွန့်စားရေး ခရီးစဥ်တွေကို အားလုံးရင်းနီးပြီးသားဖြစ်ကြမှာပါ ။ ဒီတစ်ခါမှာတော့ စွန့်စားခန်းတွေကို Animation အနေနဲ့ ဆန်းသစ်ပြီး ကြည့်ရှုလိုက်ရအောင်ပါနော် ။ထန်စန်း နဲ့ သူရဲ့တပည့်တွေဖြစ်ကြတဲ့ ဝူခုန်း ၊ ပါးကျဲ့ ၊ ရှားဝူကျင့် ၊ အောင်ရွှယ် တို့ဟာ လောကကြီးအတွင်းက ခါးသီးမှုတွေ ရက်စက်မှုတွေကို ရပ်တန့်ပစ်ဖို့အတွက် အဆုံးမရှိတဲ့ ထာဝရမီးလျှံကို သယ်ဆောင်ဖို့ တစ်ခြားနယ်မြေတစ်ဖက်ဆီကို ခရီးဆက်လာခဲ့ကြပါတယ် ။ဒါပေမဲ့ ခရီးလမ်းမှာပဲ အရမ်းကိုမှ ထူးဆန်းလှတဲ့ ဒဏ္ဍာရီလာ ကျီလဲ့ရှန့် မြို့တော်ကို တွေ့ရှိခဲ့ပြီး အဲ့ဒီမြို့တော်အတွင်း ဝင်ရောက်လာခဲ့ပါတယ် ။ ထန်စန်းအပါအဝင် သူ့ရဲ့တပည့်တွေအားလုံးဟာ အမှောင်ထုဝိဉာဥ်မြို့တော် မြို့သခင်နဲ့ တွေ့ဆုံခဲ့ပြီး ပုံရိပ်ယောင်တွေထဲကို နစ်မြောဝင်ရောက်သွားခဲ့ကြပါတော့တယ် ။ နောက်ဆုံးမှာတော့ ထန်စန်းတစ်ယောက် ပုံရိပ်ယောင်တွေထဲ အကြိမ်ကြိမ် နစ်မြောပြီး ရုံးမထွက်နိုင်ဖြစ်လာတဲ့ အချိန်မှာတော့ ....?❏ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ ? ❏ အမှောင်ထုဝိဉာဥ်မြို့တော်သခင်ကိုရော သူတို့တွေ အနိုင်ယူနိုင်ပါ့မလား ? ❏ အဆက်မပြတ် ...
movie

The Westward: The City of Shadows ( 2023 )

Short Peace (2013) 6.8
Short Peace (2013) Short Peace (2013) ============== IMDb Rating - 6.8/10ဂျပန်ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေကို Anime ပုံစံနဲ့ကြည့်ချင်တဲ့ သူတွေအတွက် လုံးဝရှယ်ဖြစ်နေတဲ့ Anime တစ်ခုနဲ့မိတ်ဆက် ပေးပါမယ်။Code Geass, Gintama, Inuyasha, Colourful တို့လို Anime တွေရဲ့ပဲ့ကိုင်ရှင် Studio Sunrise ရဲ့လက်ရာဖြစ်တဲ့အပြင် IMDb Rating 6.8/10 ရထားတာမို့ အတော်လေးမိုက်ပါတယ်။ "Short Peace" ဆိုတဲ့ Anime လေးထဲမှာ သူ့နာမည်အတိုင်း ပုံပြင်တို လေးပုဒ်ပါပါတယ်။ ၃ပုဒ်က ဂျပန်ရှေးဟောင်းပုံပြင်တိုလေးတွေ ဖြစ်ပြီး နောက်ဆုံးကတော့ ကမ္ဘာပျက်ခေတ်က စစ်ပွဲဇာတ်လမ်းတို လေးပါ။ဂျပန်ဒဏ္ဍာရီပုံပြင်တို‌(၃)ပုဒ်ကတော့ - ဆုခုမိုဂါမိ (ရှေးပစ္စည်းဝိညာဉ်)၊ ဟိနော့ယောဂျင်း(မီးသတိပေး)နဲ့ ဂမ်ဘို ဖြစ်ပါတယ်။ နောက်ဆုံးကတော့ စစ်ကားပေါ့ဗျာ။Animation Art Style ကလည်း တစ်ပုဒ်နဲ့တစ်ပုဒ်မတူဘဲ အတော်လေး လည်းလှပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ချင်းစီကလည်း စိတ်ဝင်စားစရာ ကောင်းတာမို့ တစ်ကားလုံးပျင်းချိန်ကိုမရှိပါဘူး။ Japan Anime Fan မဟုတ်တဲ့သူတွေကိုတောင် အကြိုက်တွေ့စေမှာဖြစ်လို့ Anime fan တွေ အတွက်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြ ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe ...
movie

Short Peace (2013)

2013
Slayers (2022)
Slayers (2022) Slayers (2022)သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့…ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့‌ကလည်း Zack ...
movie

Slayers (2022)

2022
Sleepwalkers(1992) 5.3
Sleepwalkers(1992) Sleepwalkers(1992)=================IMDb 5.3 / Rotten Tomatoes 29%နာမည်ကျော်ရုပ်ရှင်ကားတွေဖြစ်တဲ့ The ShawshankRedemption, IT တို့ကို ရေးသားခဲ့သူ King of Horror လို့တင်စားခံရတဲ့စာရေးဆရာ Stephen King ရဲ့ လက်ရာကောင်းရုပ်ရှင်ကားလေး တစ်ကားကိုCM ပရိတ်သတ်ကြီးအတွက် ယူဆောင်လာပါတယ်.သဘာဝလွန်ဇာတ်ကားတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မယ့် ဒီရုပ်ရှင်ကားလေးထဲမှာတော့ အများအမြင်မှာ သားအမိလိုနေ​ပေယ့်နောက်ကွယ်မှာ ချစ်သူတွေလိုဖြစ်နေကြတဲ့ သွေးစုပ်ဖုတ်ကောင် နောက်ဆုံးမျိုးဆက် နှစ်ယောက် အပျိုစင်ရဲ့သွေးနဲ့မှ အာသာပြေမယ့် မိခင်ရဲ့ဆာလောင်မွတ်သိပ်မှုအတွက် သားဖြစ်သူ ချားစ်တစ်ယောက် ထန်ညာ လို့ခေါ်တဲ့အပျိုစင်မလေးအနား ချဉ်းကပ်ပါတော့တယ် တစ်ဖန် ဆရာတစ်ယောက်က ချားစ်ရဲ့သရုပ်မှန်ကို ရိပ်မိသွားတဲ့အခါ...ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ထန်ညာ့အပေါ််ချားစ်တစ်ယောက် ဘယ်လိုခံစားချက်တွေ ဖြစ်လာမလဲ မိခင်အတွက် သူထန်ညာ့ကို တကယ်သတ်ပစ်မှာလား ဆရာကရော ဘာဆက်လုပ်မလဲဆိုတာ...သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် Horror / Teen ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်... File size…1.70GB / ...
movie

Sleepwalkers(1992)

Teen Wolf: The Movie (2023) 6.4
Teen Wolf: The Movie (2023)    ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ ...
movie

Teen Wolf: The Movie (2023)

A Sealed Book ( 2022 ) 6
A Sealed Book ( 2022 ) ဟိုးတစ်ချိန်တစ်ခါက လောကကြီး တစ်ခုလုံးဟာအလင်းရောင်တွေ ပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းသွားခဲ့ပါတယ် ။ ဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေဟာ အမှောင်ထုဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းပြချက်ကို ရှာဖို့ကြိုးစားခဲ့ကြပါတယ် ။အဲ့ဒီအထဲကမှ ရဲအရာရှိလေး ရှောင်ဝူလဲ အပါအဝင်ပါ ။ အမှောင်ထုဖုံးလွှမ်းရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီး သူဟာ လောကရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာပါ ။ သူတို့တွေ ခရီးဆက်လာခဲ့ပြီး လမ်းတစ်ထောက်မှာတော့ အမှောင်ထုဖုံးလွှမ်းရခြင်းဟာ ရှေးခေတ် ထူးဆန်းလှတဲ့ ကောင်းကင်ဘုံစာအုပ်ကြောင့်ဖြစ်ပြီး အဲ့ဒီစာအုပ်ဟာ မြေအောက်နန်းတော်ကနေ ပျောက်ဆုံးနေခဲ့ပါတယ် ။မြေအောက်နန်းတော်က လူတွေဟာ မသေမျိုးတွေဖြစ်ပြီး အဲ့ဒီထူးဆန်းစာအုပ်ဟာလဲ အဘယ်သူကမှ ရယူနိုင်ခြင်းမရှိတဲ့ အခါမှာ ...? ❏ လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးကို သူတို့တွေ ဖြိုဖျက်နိုင်ပါ့မလား ? ❏ ဒီကိစ္စကြီးဟာ ရှောင်ဝူ နဲ့ပါ သက်ဆိုင်နေတဲ့အခါ နောက်ကွယ်က အမှန်တရားဟာ ဘာများဖြစ်မလဲ ❏ သူရဲကောင်းဖြစ်ချင်ရှာတဲ့ ရှောင်ဝူတစ်ယောက် အဖြစ်မှန်ကို ရှာပေးပြီး လောကအတွက် အလင်းဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie

A Sealed Book ( 2022 )

The One Hundred (2022)
The One Hundred (2022) The One Hundred (2022)"The One Hundred " ဆိုတဲ့ဇာတ်ကားလေးကတော့ ၂၀၂၂ မှထွက်ရှိထားတဲ့ ထူးခြားဆန်းကြယ်ထိုင်းကားလေးပဲဖြစ်ပါတယ်မင်းသမီး ဖိန်းက YouTuber တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားခရီးအပြန် ဟိုတယ်တစ်ခုမှာ ကွာရန်တင်း ၁၄ ရက်ဝင်ရတာနဲ့အစပြုထားပါတယ်ဒီကားလေးကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားဆဲ ၂၀၂၀ ခုနှစ် ဝန်းကျင်ပုံစံကို ရိုက်ကူးထားတာပါတစ်နေ့မှာတော့ သူနာပြုမလေး မေ ဟာ သူ့အမေလှမ်းခေါ်တာနဲ့ ဂျူတီကို သူ့ရဲ့လက်အောက်က သင်တန်းသူလေး ကတ် ကို အစားပေးထားခဲ့ရပါတယ် ဒါပေမဲ့ ကတ်ဟာ သာမန်မဟုတ်ဘဲ အကြီးဆုံးကင်းခြေများ ဝင်ပူးခံထားရပြီးမကောင်းဆိုးဝါးဖြစ်နေခဲ့တာပါမင်းသားဖြစ်သူ လီအိုကတော့ တိုက်ကွမ်ဒိုကစားသမားတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာရှိနေတဲ့သူပါ မကောင်းဆိုးဝါးဖြစ်နေတဲ့ကတ်ဟာ ဟိုတယ်မှာ တည်းခိုသူတွေ ဝန်ထမ်းတွေကို ဒုက္ခပေးသတ်ဖြတ်လာပါတော့တယ်ဒါပေမဲ့ မြင်လိုက်တဲ့သူက ဖိန်းနဲ့ လာအိုအပြင် မရှိပါဘူး ဘယ်သူကမှ သူတို့ပြောတာကို မယုံခဲ့ကြပေမယ့် အခြေအနေတွေက ပိုပြီးဆိုးလာတဲ့အခါ ...Horror Vibe နဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့်ကားလေးမို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါရစေရှင့်အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin နဲ့ ...
movie

The One Hundred (2022)

2022
Fist of Fury: Soul ( 2021 ) 6.1
Fist of Fury: Soul ( 2021 ) ဝူလင်အဖွဲ့အစည်းမှာ ရွှယ်မုံ့လုံကြောင့် သူရဲကောင်းတွေ အများကြီးဆုံးရှူံးခဲ့ရတယ်။ ကျင်းဝူခေါင်းဆောင် ဟော်ချန်ခုံးလည်း တိုက်ပွဲကနေ စွမ်းအားတစ်ဝက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဟော်က သူ့ရဲ့စွမ်းအားကို လျို့ကျင်းဆီကို လွှဲပြောင်းပေးပြီး အမြစ်ဖြတ်သုတ်သင်မှုကနေ ကာကွယ်ပေးခဲ့တယ်၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ လျို့ကျင်းက အရည်အချင်းရှိပြီးတော့ ဟော်ကျားချွမ်က ဆရာ့ဆီကနေ ကွန်ဖူးသင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရှုံးနိမ့်ကိုလည်း ထွက်သွားရပြန်တယ်။လမ်းမှာ ထန်းပိုင်ပိုင်ဆိုတဲ့လူနဲ့တွေ့ပြီးတော့ ဆရာရှာဖို့အတွက် ဟေးယွီဟွေ့ဂိုဏ်းထဲကို ရောက်လာပြီး ရွှယ်မုံ့လုံနဲ့တွေ့ဆုံခဲ့တယ် လျို့ကျင်းကိုရှာနေတဲ့ရွှယ်မုံ့လုံနဲ့ အဖေကိုသတ်သွားတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုဖို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်နော် [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Fist of Fury: Soul ( 2021 )