Channel Myanmar

Fantasy

The Machinery of Dreams (2021) 5.2
The Machinery of Dreams (2021) The Machinery of Dreams (2021) ========================ကားတိုက်မှုကြောင့် သူ့အမေ ထိခိုက်သွားပြီး ဆေးရုံတက်နေရ တာကြောင့် ရှစ်နှစ်သမီးလေး လီလီဟာ သူ့အဒေါ်မာသာ အဘွား ဘက်သ်တို့နဲ့အတူ နေရဖို့ အကြောင်းဖန်လာပါတယ်။သူ့အဘွားဘက်သ်က ပုံပြင်ကောင်းကောင်းလေးတွေ ပြောတတ် သူတစ်ဦးပါ တစ်နေ့မှာတော့ လီလီ့ကို လယ်သမားနဲ့ မီးနတ်သူငယ် ဆိုတဲ့ ပုံပြင်‌လေး ပြောပြပါတယ်။ ပုံပြင်အရ သူ့အမေနေပြန်ကောင်း လာဖို့ နှလုံးသားတစ်စုံကို ရှာရပါမယ်။ နှလုံးသားကို မီးနတ်သူငယ်က သုံးပိုင်းခွဲပြီး လောကသုံးခုက လူသုံးယောက်ဆီမှာ ပေးထားပါတယ်။ သူ့အမေနေပြန်ကောင်းဖို့ ဘာမဆိုလုပ်မယ့် လီလီလေး လောကသုံး ခုကို ခရီးသွားပြီး နှလုံးသားအစိတ်အပိုင်းတွေ ရှာပါတော့တယ်။လီလီလေး ခရီးမှာ ဘာအလှည့်အပြောင်းတွေ ကြုံရဦးမလဲ ဘာသင်ခန်း စာတွေ သင်ယူရမလဲ သူ့အမေရော ပြန်သတိရလာပါ့မလား စတာတွေ ကို ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ သင်ယူစရာ သင်ခန်းစာတွေ အများကြီး ရမှာမို့ အားလုံး ခံစားကြည့်ကြဖို့ တိုက်တွန်း လိုက်ရင်း တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်)File Size..........(1.3 ...
movie

The Machinery of Dreams (2021)

2000
The Old Ways(2020) 6.4
The Old Ways(2020) IMDb - 6.4/10 Rotten tomatoes - 95%Horror ကားကောင်းကိုမှ သဘောကျတဲ့ CM ပရိသတ်တွေအတွက် 2020 တုန်းကထွက်ရှိထားတဲ့ မက်ဆီကန် horror ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်ကနေလာတဲ့ မက္ကဆီကိုလူမျိုး သတင်းထောက် ခရစ္စတီးနားတစ်ယောက် ရိုးရာယုံကြည်မှုတွေကိုသတင်းရေးဖို့အတွက် သူ့ရဲ့ဘိုးဘွားတွေရှိရဲ မွေးရပ်မြေ မက္ကဆီကို ကိုပြန်လာပြီး လေ့လာနေတဲ့အချိန်မှာ မသွားသင့်တဲ့နေရာတစ်ခုကို သွားလိုက်မိလို့ ဒေသခံတွေပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်။ ပြန်ပေးဆွဲခံရတဲ့အကြောင်းအရင်းကတော့ သူ့ကိုနတ်ဆိုးဝင်ပူးနေလို့ပါတဲ့။ ဒီလိုနဲ့ ခရစ္စတီးနားဆီကနေ နတ်ဆိုးကိုနှင်ဖို့လုပ်ကြရင်း နတ်ဆိုးကိုပဲအောင်မြင်စွာနှင်နိုင်မလား မအောင်မြင်ပဲ နတ်ဆိုးကဆက်ရှိနေမလား ခရစ္စတီးနားတစ်ယောက်ရောဘယ်လိုဆက်ဖြစ်မလဲဆိုတာကို သည်းထိပ်ရင်ဖိုနဲ့ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.18GB/ 419.9MB Quality…Web-DL  1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Drama  , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

The Old Ways(2020)

The Magician(2015) 7.0
The Magician(2015) The Magician(2015)****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက်ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲကသမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့်ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့...............File Size :(2.4GB)(892MB) and (306MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Fantasy,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

The Magician(2015)

Ghost Blowing Lamp of the Popeye Man ( 2022 ) 6
Ghost Blowing Lamp of the Popeye Man ( 2022 ) ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင် မင်းမျိုးနွယ် မှူးကြီးမတ်ရာတွေ သေဆုံးတဲ့အခါ သူတို့နဲ့အတူ ရတနာပစ္စည်းတွေထည့်သွင်း သင်္ဂြိုလ်ကြတယ်။ ဆင်းရဲသူတွေကိုကူညီဖို့ အများကောင်းကျိုးအတွက်ရှေးဟောင်းသင်္ချိုင်း တွေကိုဖောက်ထွင်းယူတဲ့ ရှန့်လင်ဂိုဏ်းလိုအဖွဲ့အစည်းတွေရှိသလို …… ကိုယ့်ရဲ့အတ္တလောဘဇောနဲ့ ရှေးဟောင်းသင်္ချိုင်း တွေကို ဖောက်ထွင်းဖို့ကြိုးစားတဲ့သူတွေလဲရှိကြတယ်။ရှန့်လင်ဂိုဏ်းရဲ့နာမည်ကိုအသုံးချပြီး မသေဆေးကိုရှာဖွေဖို့ မြေအောက်နန်းတော်ကိုဖောက်ထွင်းဖို့ကြိုးစားတဲ့အခါ ရှေးဟောင်းင်္သချိုင်းထဲမှာဘယ်လိုအရာတွေစောင့်နေမလဲ…… ရတနာတွေအပြင်ဘာတွေကိုမြှုပ်နှံထားသေးလဲ…… မရိုးနိုင်တဲ့သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်လမ်းတွေကြားထဲကနေ ဘယ်လိုမတူတဲ့ဇာတ်ကွက်တွေမြင်ရဦးလဲဆိုတာ ဆက်လက်စောင့်ကြည့်ခံစားပါ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Ghost Blowing Lamp of the Popeye Man ( 2022 )

Stay Alive(2006) 5.0
Stay Alive(2006) IMDb – 5/10 Rotten Tomatoes – 10% Audience Score -55%ကျွန်တော်တို့ချာတိတ်ဘဝ ၂၀၀၀ ခုနှစ်အလွန်များက တစ်နာရီကို ၂၀၀ကျပ်ဖြင့် PS2 ၊ ၎င်းနောက် တစ်နာရီ ၄၀၀/၅၀၀ကျပ်ဖြင့် PS3 စသည်ဖြင့် ကားသခိုး၊ ပီအီးအက်စ်၊ လတ်ဖိုးဒတ် စတဲ့ Console ဂိမ်းများဆော့ရင်း လူငယ်ဘဝကိုဖြတ်သန်း ခဲ့ကြဖူးသည်။ 2006 ခုနှစ်၌ထွက်ရှိသောအဆိုပါရုပ်ရှင်သည်ထိုအချိန်အခါများကို တစ်ဖန်ပြန်လည်အောက်မေ့ စေခဲ့သည်။ ဟတ်ချ်ဟုခေါ်သည့် အလုပ်အားချိန်များတွင် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့ရင်း အချိန်ကုန်ဆုံးသည့် သာမာန်ရုံးဝန်ထမ်း ဂိမ်မာတစ်ယောက်ရှိလေသည်။ ထိုအလုပ်သည်လည်း အလုပ်ရှင်မှ ဂိမ်းဆော့သူတစ်ယောက်ဖြစ်သည်နှင့် ဂိမ်းနှင့်ပတ်သက်သည်များကို မသိတာရှိလျှင် မေးမြန်းရအောင် ခန့်ထားခြင်းဖြစ်သည်။ ဟတ်ချ် ၏ဘော်ဒါများသည်လည်း ဂိမ်းကိုအင်မတန်နှစ်ခြိုက်စွဲလန်းစွာ ဆော့ကစားကြသူ လူလတ်ပိုင်းများဖြစ်သည်။ တစ်ညသား၌ ဟတ်ချ်၏ဘော်ဒါ လူးမစ်ဆိုသည်၏ဖုန်းတစ်ခု ဝင်လာခဲ့သည်။ သားကြီးဒီဂိမ်းကကျွတ်ဆင်ကြီးကွာ ခြောက်ခြားစရာကြီး တူတူဆော့ရအောင်အိမ်လာခဲ့ကွာ ဘာညာပြောလာလေသည်။ ဟတ်ချ်မှာစိတ်မပါ၍သူ့ဘော်ဒါအား ရှော်ထုတ်လိုက်သည်။ နောက်တစ်ရက်၌ လူမစ်နှင့်သူ၏သူငယ်ချင်းနှစ်ယောက် နေအိမ်၌ပင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည်ဟု သတင်းရလေသည်။ လူးမစ်၏ အသုဘ၌ ဟတ်ချ်တစ်ယောက် မသေခင်လူးမစ်ဆော့နေသည့် Stay Alive ဆိုသည့်အဆိုပါဂိမ်းကို လက်ဝယ်ရရှိ ...
movie

Stay Alive(2006)

Beasts of the Southern Wild (2012) 7.2
Beasts of the Southern Wild (2012) Beasts of the Southern Wild (2012)~ IMDb - 7.2/10, RT - 86%, Meta - 86% ~ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့...လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့... “အို... ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ... ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ... ဘာကိုများ မှုနေရဦးမလဲ...” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား... ဝေးသေးတယ်။အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ... ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ...
movie

Beasts of the Southern Wild (2012)

2012
Made for Each Other(2023) 6.7
Made for Each Other(2023) Made for Each Other(2023)*************************Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီးထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်.. တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်....သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ... အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ် တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီကအဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ် အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့..... File Size :(1.8GB) and (695MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:24:00 Genre : Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Made for Each Other(2023)

Five Hundred Miles ( 2023 ) 6
Five Hundred Miles ( 2023 ) ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား..... သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ..... ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy, Family , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Five Hundred Miles ( 2023 )

The Painted Wall of Liaozhai ( 2023 ) 5.9
The Painted Wall of Liaozhai ( 2023 ) လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ......သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား...... နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ...... လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Romance Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Painted Wall of Liaozhai ( 2023 )

[18+] Entrails of a Beautiful Woman (1986)
[18+] Entrails of a Beautiful Woman (1986) Entrails of a Beautiful Woman (1986)ဟိုအရင် သုံးကားတွဲ-ခြောက်ကားတွဲ-ရှစ်ကားတွဲ DVD တွေခေတ်ထတဲ့ကာလတုန်းက အာရှ NC အခွေတွဲတွေမှာ မကြာခဏပါလာတတ်တဲ့ ဇာတ်ကားတွေထဲ အပါအဝင်ဖြစ်တဲ့ကားတွေပါ။Pink Film တွေကနေ Subgenre တစ်ခုအဖြစ် "Splatter-Eros" ဆိုပြီး ပွဲထွက်လာခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ကြမ်းတမ်းရက်စက်တဲ့ အခုတ်အထစ်အသတ်အဖြတ်တွေကို ညစ်ညမ်းမှုနဲ့ရောစပ်သမထားတဲ့ ဇာတ်ကားမျိုးတွေပါပဲ။ ရုံတင်စဉ်ကနဲ့ တချို့အခွေတွေမှာတော့ ဝါးပြီး ဆင်ဆာဖြတ်ထားပေမယ့် အခုကားတွေမှာတော့ ကြည်တောက်ရှင်းဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ယာဂူဇာဂိုဏ်းဝင်တစ်စုဟာ မိန်းကလေးငယ်တွေကို ဖြားယောင်းသွေးဆောင်ပြီး ငွေလိမ်လည်မှုတွေ လူကုန်ကူးမှုတွေကျူးလွန်နေကြပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မပျောက်ဆုံးမှုကိုစုံစမ်းတဲ့မိန်းကလေးတစ်ယောက်ကို ဂိုဏ်းသားတွေက မူးယစ်ဆေးထိုးပြီး အဓမ္မကျင့်ရာကနေ အဲ့ဒီမိန်းကလေးဟာ ထွက်ပြေးလွတ်မြောက်ပေမယ့် ဆေးအရှိန်နဲ့စိတ်ကုဆရာဝန်မတစ်ဦးရှေ့မှာ သတ်သေသွားခဲ့ပါတယ်။ကောင်မလေးဆီက အကြောင်းစုံသိလိုက်ရတဲ့ ဆရာဝန်မလေးဟာ အဲဒီဂိုဏ်းသားတွေကို ကလဲ့စားချေဖို့ပြင်ဆင်ပါတော့တယ်။ ဒါပေမယ့်လဲ သူ့ထက် ပါးနပ်တဲ့ဂိုဏ်းဝင်တွေဆီမှာ သူကိုယ်တိုင်ကြမ္မာဆိုးကြုံလိုက်ရာကနေ လိင်တံသဏ္ဍာန် မိစ္ဆာကောင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဂိုဏ်းသားတွေကိုအမဲဖျက်ပါတော့တယ်။ ...
movie

[18+] Entrails of a Beautiful Woman (1986)

1986
Kwaidan (1964) 7.9
Kwaidan (1964) Kwaidan (1964)~ IMDb - 7.9/10, Rotten Tomatoes - 91% ~ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း...ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု...တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု...နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း...ရှေးခေတ်ဂျပန် ...
movie

Kwaidan (1964)

1964
Eraserhead (1977) 7.3
Eraserhead (1977) Eraserhead (1977)~ IMDb - 7.3/10, Rotten Tomatoes - 91% ~ဒေးဗစ်လင့်ချ်ကို ဒီဘက်ခေတ်ရဲ့ အရေးအပါဆုံး ရုပ်ရှင်ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒီပွဲဦးထွက်ကား Eraserhead ကစလို့ လင့်ချ်ရိုက်သမျှကားတိုင်းဟာ အနုပညာအရ အောင်မြင်ခဲ့တာတွေချည်းပါပဲ။ သူ မအောင်မြင်ခဲ့တဲ့ Dune ကိုတောင်မှပဲ လက်ရှိ Dune ထက် ပိုကြိုက်တဲ့လူတွေ ရှိပါသေးတယ်။ဒေးဗစ်လင့်ချ်ရဲ့ Eraserhead ဟာ သူ့အပြတွေအရတော့ Kafkaesque တော်တော်ဖြစ်တဲ့၊ ကာဖကာတော်တော်ဆန်တဲ့ ရုပ်ရှင်လို့ပြောရမှာပဲ။ ဆန်းတော့လည်း မဆန်းဘူး။ Eraserhead ရဲ့ Script ကိုရေးတဲ့နေရာမှာ လင့်ချ်ဟာ ဖရန့်ကာဖကာရဲ့ The Metamorphosis စာတွေရဲ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ အရှိတရားနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောပြွမ်းထားပြီး ပရိသတ်ကို Visual ကိုပဲ အဓိကထားပြီး သူပြောချင်တဲ့ အကြောင်းအရာကိုပြောပြထားတယ်။သူ့ဇာတ်အိမ်ကိုတော့ နားမလည်နိုင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အဖွင့်နဲ့ဖွင့်ထားပြီး အရှိတရားဆန်တဲ့ ...
movie

Eraserhead (1977)

1977
The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
The Mummy (2017) 5.7
The Mummy (2017) အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie

The Mummy (2017)

2017
4K HEVC
The Mummy: Tomb of the Dragon Emperor (2008) 5.2
The Mummy: Tomb of the Dragon Emperor (2008) ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy: Tomb of the Dragon Emperor (2008)

2008
The Mummy Returns (2001) 6.3
The Mummy Returns (2001) IMDb (6.3/10)..Rotten Tomatoes (47%)1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးထားသလို ရှေ့ဇာတ်ကားက မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် The Rock မှအင်အားဖြည့်ပါဝင်ထားပါတယ်။Action, Adventure, Fantasy အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Mummy ဇာတ်ကားတွေက ဖျော်ဖြေမှုအပေးနိုင်ဆုံးပါပဲ။ရှေ့ကထွက်ထားတဲ့ The Mummy (1999) ဇာတ်ကားကိုကြည့်ပြီးမှ အခု The Mummy Returns (2001)ကို ဆက်လက်ကြည့်ရှုသင့်ပါတယ်...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ File size…(4.4 GB) /(1.4 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:09:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy Returns (2001)

2001
The Mummy (1999) 7.0
The Mummy (1999) IMDb (7/10)....Rotten Tomatoes(56%)ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး... အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ File size…(4.3 GB) /(1.2 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:04:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy (1999)

1999
[19+]Day Dream(1981)
[19+]Day Dream(1981) [19+]Day Dream(1981)*********************အကြမ်းပတမ်းအိပ်ခန်းနှင့်သတ်ဖြတ်ခန်းများပါသဖြင့်မိသားစုနှင့်အတူမကြည့်သင့်ပါ..... ဇာတ်ကားကတော့ နာမည်နဲ့လိုက်အောင်ပဲ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်နေတဲ့ ကိုလူချောရဲ့အိပ်မက်ကို ရိုက်ပြထားတာပါသွားနဲ့ပတ်သက်ပြီး ဝေဒနာခံစားရသူတွေ ဆုံစည်းကြတဲ့ သွားဆေးခန်းမှာ ကူရာဟာရှီနဲ့ မိန်းမလှလေး ချီအဲကိုတို့ ကိုယ့်အလှည့်ရောက်အောင် အတူတူထိုင်စောင့်ကြရပါတယ်အရင်ဝင်သွားတဲ့ ချီအဲကိုရဲ့ သွားကုသရာမှာ နာလို့ညည်းသံတွေကို ကိုယ်တော်က တမျိုးတဖုံ စိတ်ဝင်စားမိပြီး စပ်စုမိတဲ့နောက်မှာတော့ သွားနှုတ်ဖို့အတွက် မေ့ဆေးလား ထုံဆေးလားမသိတာကို အပေးခံလိုက်ရပါတယ်အဲမှာ စိတ်စွဲပြီး ဘယ်လိုအိပ်မက်တွေ ဆက်မက်မလဲဆိုတာသိချင်ရင်တော့ ကူရာဟာရှီနဲ့အတူတူ လိုက်မက်ကြည့်ကြဖို့အကြံပေးချင်ပါတယ်...File Size :(2.2GB) and (836 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:50:00 Genre : Adult,Fantasy, Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[19+]Day Dream(1981)