Channel Myanmar

Fantasy

Evil Dead II (1987) 7.8
Evil Dead II (1987)    Evil Dead II (1987) ~ IMDb 7.7 / Rotten Tomatoes 95% ~ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့ နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ်။ Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ် တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ်။ ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက် ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲ ...
movie

Evil Dead II (1987)

1987
Detective Dee’s Ghost Blood Hand ( 2020 ) 6
Detective Dee’s Ghost Blood Hand ( 2020 ) ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာ သက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။ အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်က တလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ် လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားက ဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက် လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK
movie

Detective Dee’s Ghost Blood Hand ( 2020 )

Detective Dee : Deep Sea Dragon Palace ( 2020 ) 5.9
Detective Dee : Deep Sea Dragon Palace ( 2020 ) သက္ကရာဇ်(၆၈၈)ခုနှစ်မှာ တထန်ပြည်ကြီးမှာ(၁၀)လကြာအောင် မိုးခေါင်ရေရှားမှုကြီးကြုံတွေ့နေရပါတယ်။ ဝူကျယ်ထျန်းကမိုးခေါ် ဆုတောင်းပွဲကျင်းပဖို့ကွေးရွှီးတိုင်းပြည်ကနဂါးပုလဲကိုဆက်သခိုင်းခဲ့ပါတယ်။ပင်လယ်ရေကြောင်းလမ်းကနေပြီးပို့လာတဲ့အချိန်မှာ ရေသူမျိုးနွယ်တွေရုတ်တရက်ပေါ်လာပြီး အစောင့်တပ်သားတွေကို သတ်ဖြတ်ကာနဂါးပုလဲလုံးကိုလုယူသွားခဲ့ပါတယ်။အဲဒီအချိန်မှာအချစ်ကိုဆုံးရှုံးလိုက်ရလို့အသဲကွဲနေတဲ့ စုံထောက်ကြီးဒီဟာသေရည်တွေသောက်ပြီး ဆောင်ကြာမြိုင်မှာလေလွင့်နေခဲ့ပါတယ်။ မိဖုရားကြီးကနဂါးပုလဲလုံးကိုရှာဖို့ စုံထောက်ကြီးဒီးကိုအချိန်(၃)ရက်သာပေးလိုက်တဲ့အခါဆုတောင်းပွဲအတွက်ကွေးရွှီးကလာတဲ့သူတော်စင်မလေးဟာ သူ့ရဲ့ချစ်ရသူလေးနဲ့ရုပ်အရမ်းတူနေတာကိုတွေ့လိုက်ရတဲ့အခါ. စုံထောက်ကြီးဒီတစ်ယောက် ရေသူမျိုးနွယ်တွေလုယက်သွားတဲ့ နဂါးပုလဲလုံးကို(၃)ရက်အတွင်းဘယ်လိုရှာဖွေမလဲ...... ရေသူမျိုးနွယ်ဆိုတာရဲ့နောက်ကွယ်ကအမှန်တရားဟာ ဘာတွေဖြစ်နေမလဲဆိုတာကိုကြည့်ရှုအားပေးလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Detective Dee : Deep Sea Dragon Palace ( 2020 )

Enthada Saji (2023) 5.4
Enthada Saji (2023) Enthada Saji (2023)IMDb - 6.2/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ စိတ်ကူးယဥ်ဆန်ပြီးရယ်ရတာကို သဘောကျတဲ့သူတွေကို အကြိုက်တွေ့စေမယ့် မင်းသား Kunchacko Bobanနဲ့မင်းသမီးNivetha Thomasတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Enthada Saji ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ဆာဂျီမိုဟာ ရည်မှန်းချက်မရှိပဲလေလွင့်ပျင်းရိနေတဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ် သူ့သူငယ်ချင်းတွေတောင် မင်္ဂလာဆောင်ပြီးသွားကြပေမယ့် သူကတော့စေ့စပ်စွဲတစ်ခါပျက်ဖူးတဲ့အပြင် အခုချိန်ထိလည်း Faဖြစ်နေတာမို့ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးလို့ စနောက်လှောင်ပြောင်ခံနေရသူလေးပါ ဆာဂျီမိုဟာဒီလိုဒဏ်တွေကို သည်းမခံနိုင်တော့တာမို့ ချက်ကျောင်းမှာအမြဲလိုလိုသွားညည်းညူလေ့ရှိပါတယ်တစ်နေ့မှာတော့သူ့ညည်းညူတာတွေကို ကြားရတာများလာတဲ့အရှင်က ရုပ်တုထဲကနေအပြင်ကိုထွက်လာရာကနေ ဆာဂျီမိုရဲ့ဘဝဟာလည်းပြောင်းလဲသွားပါတော့တယ် ဆာဂျီမိုရဲ့ပျော်ရွှင်ခြင်းအခိုက်အတန့်တွေကြားမှာ ချက်ကျောင်းရဲ့ရုပ်တုဟာလည်းထူးဆန်းစွာပျောက်ကွယ်သွားတဲ့အချိန်မှာ အရှင်နဲ့သူထပ်ဆုံနိုင်ပါ့မလား ဒီလိုရုပ်တုထဲကထွက်လာတဲ့အရှင့်နောက်ကွယ်မှာလည်း ဘယ်လိုပဟေဠိတွေရှိနေမလဲဆိုတာ စိတ်ကူးယဥ်ဆန်စွာတခြားကားတွေနဲ့မတူပဲကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.92GB/ 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Yunni~Khin Khin
movie

Enthada Saji (2023)

2023
Van Helsing (2004) 6.1
Van Helsing (2004) ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ...
movie

Van Helsing (2004)

2004
4K HEVC
Detective Dee and Plague of Chang’an ( 2021 ) 6
Detective Dee and Plague of Chang’an ( 2021 ) ထူးဆန်းထွေလာစုံထောက်ကြီးဒီးရဲ့မှုခင်းဇာတ်လမ်းပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ ချန်အန်မြို့တော်ကပ်ဘေးအမှုကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ပန်းချီဆရာကြီးရဲ့နှစ်နှစ်ကြာအောင်ကြိုးစားအားထုတ်ထားတဲ့ လက်ရာမြောက်နံရံပန်းချီကားကို ဂုဏ်သရေရှိလူကြီးမင်းတွေလာကြည့်ကြတဲ့အချိန်မှာ ပန်းချီဆရာရဲ့လက်ထောက်လေးဟာ ထူးထူးဆန်းဆန်းသေနေတာကိုတွေ့လိုက်ကြရပါတယ်။ငရဲဘုံအကြောင်းရေးထားတဲ့ကျမ်းထဲကအတိုင်း လူတွေဟာအဖြစ်ဆိုးနဲ့သေကြတဲ့အခါ ချန်အန်းမြို့တော်ကြီးမှာ ဒါဟာမကောင်းတဲ့သူတွေကိုကောင်းကင်ကြီးက ပြစ်ဒဏ်ခတ်ခြင်းပဲဆိုပြီး ကောလဟာလတွေပြန့်သွားပါတယ်။စုံထောက်ကြီးဒီးတစ်ယောက် အမှုကိုလိုက်စုံစမ်းရင်းနဲ့ လူသတ်သမားထောင်ချောက်ဆင်တာကိုခံလိုက်ရပြီး တရားခံအဖြစ်နဲ့အဖမ်းခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုမှန်ပေါ်အောင်ဘယ်လိုများလိုက်ရမလဲ...... ဆန်းကြယ်တဲ့လူသေမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်ကြီးရှိနေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Detective Dee and Plague of Chang’an ( 2021 )

Deep Sea Rescue ( 2023 ) 5.9
Deep Sea Rescue ( 2023 ) နည်းပညာတွေတိုးတက်လာတာနှစ်တွေကြာလာပြီဆိုပေ့မယ် ကမ္ဘာကြီးကိုလူတွေဟာလေ့လာလို့မကုန်နိုင်သေးပါဘူး။ ဆန်းကြယ်တဲ့ရေအောက်ကမ္ဘာအကြောင်းကို Sci-fi လေးတွေ ကြိုက်သူတွေအတွက် သည်းထိတ်ရင်ဖိုsurvival ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့……ပင်လယ်ရေနက်ထဲက Hydrothermal zoneမှာရှိတဲ့သတ္တု၊ဒြပ်ထုတွေရှာဖွေလေ့လာဖို့ စူးစမ်းသူအမှတ်ဆိုတဲ့ ရေငုပ်သင်္ဘောလေးဟာ ပင်လယ်ရေနက်ထဲကို ငုပ်ဆင်းလာတဲ့အချိန်မှာ မထင်မှတ်တဲ့ ပင်လယ်အောက်ခြေမြေဆီလွှာ အပြောင်းအလဲကြောင့် ရေငုပ်သင်္ဘောဟာ ပင်လယ်အောက်ရေတံခွန်ထဲကျသွားပြီး သင်္ဘောပျက်ကကြိုးတွေနဲ့ ငြိနေတာကြောင့် ရေပြင်ပေါ်ပြန်မတက်နိုင်ဖြစ်သွားပါတယ်။သူတို့အတွက်တစ်ခုထဲသောရွေးချယ်စရာက ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ဖို့ပါပဲ…… ရေငုပ်သင်္ဘောထဲမှာလူလေးယောက်အတွက် အောက်စီဂျင်အကန့်အသတ်၊ လျှပ်စစ်ဓာတ်အားအကန့်အသတ်တွေရှိတာကြောင့် အသက်ရှူတိုင်း စက္ကန့်တိုင်းဟာတန်ဖိုးကြီးပြီး အရေးကြီးလာတဲ့အခါ …… Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Deep Sea Rescue ( 2023 )

TEKKEN: Blood Vengeance (2011) 5.7
TEKKEN: Blood Vengeance (2011) Tekkenဆိုတာ Bandai Namcoက ထုတ်လုပ်ထားတဲ့ Fightinggameဖြစ်ပြီး Street fighters, KOFတို့နည်းတူ gameအတွဲ​တွေ၊ animations​တွေ များစွာထွက်ရှိထားတဲ့ နာမည်ကြီးfranchiseပါ။ ဒီ animation movieက​ ၂၀၁၁ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Final Fantasyစတိုင် animation​တွေ၊ တိုက်ခိုက်​ပုံတွေနဲ့ ခပ်ကြမ်းကြမ်း​ရိုက်ကူးထားတာပါ။ ငယ်ငယ်က ကြည့်ခဲ့ဖူး၊ကြိုက်ခဲ့ဖူးသူ​တွေ​ရော၊မကြည့်ဖူး​သေးတဲ့သူ​တွေပါ ခံစားကြည့်ရှုနိုင်​​​ဖို့ ပြန်လည်တင်ဆက်​ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းက Tekken-verseထဲက main character​တွေဖြစ်တဲ့ကာဇမ ဂျင်၊ ခဇုယနဲ့ မီရှီမာ ဟဲဟချိ ​သားအဖမြေးအဘိုး၃​ယောက်ရဲ့အားပြိုင်မှုကိုကြည့်ရမှာပါ။ ဟဲဟချိရဲ့မူတာရီစမ်းသပ်မှုမှာ မ​သေဘဲရှင်ကျန်ခဲ့တဲ့ ​ကျောင်းသားတစ်​ယောက်ကို ဂျင်နဲ့ ခဇုယတို့၂​ယောက်ရည်ရွယ်ချက်ကိုယ်စီနဲ့ သူလျှိုတွေလွှတ်ကာ ရှာ​ဖွေရင်း ကျိုတိုမြို့ရဲ့​ကျောင်းတစ်ခုမှာ ရှာ​​တွေ့ပြီး​နောက်ပိုင်း အနီးကပ်​ထောက်လှမ်းရင်းသူတို့မထင်ထားတဲ့ ကစားပွဲတစ်ခုထဲဝင်​မိပြီးသား ဖြစ်သွားပါတယ်။စမ်းသပ်ခံကျောင်းသားကို လိုချင်ရတဲ့အ​ကြောင်းရင်း​၊ မထင်ထားတဲ့လှည့်ကွက်​တွေ၊ အမိုက်စားbattleနဲ့ animation​တွေကို ကြည့်ရှုရင်းငယ်ဘဝကို တ​ကျော့ပြန်​​အောက်​မေ့လိုက်ကြတာ​ပေါ့။  File size…  1.8 GB /  940 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 40m Genre .....  Action , Sci-fi Subtitle…. Myanmar ...
movie

TEKKEN: Blood Vengeance (2011)

2011
The Thousand Faces Of Dunjia 2 ( 2023 ) 6.1
The Thousand Faces Of Dunjia 2 ( 2023 ) အေးချမ်းနေသလိုထင်ရတဲ့လောကကြီးမှာ လူသားတွေပဲနေထိုင်နေတာမဟုတ်ပါဘူး။ တစ်လျှောက်လုံးမှာ မိစ္ဆာကြီးငယ်တွေက လူယောင်ဆောင်ပြီး လူတွေကြားမှာရှင်သန်နေထိုင်နေခဲ့ကြပါတယ်။ ကောင်းတဲ့သူတွေရှိသလို ဆိုးသွမ်းတဲ့သူတွေလဲရှိပါတယ်။ ဒီအရာအားလုံးကိုစီစဉ်တကျဖြစ်အောင်ထိန်းသိမ်းပေးနေတာကတော့ လျို့ဝှက်ပြီးရပ်တည်နေတဲ့ဝုယင်ဂိုဏ်းဆိုတဲ့လျို့ဝှက်ဂိုဏ်းတစ်ခုပါ။မိစ္ဆာမကြီးထျန်းရှဲဟာ မကောင်းဆိုးဝါးနတ်စွမ်းအင်ထိုက်ဆွေ့ကို အသုံးချပြီးမိစ္ဆာတိုင်းပြည်ကိုတည်ထောင်ဖို့ကြံစည်နေပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲထိုက်ဆွေ့ဟာဝူရင်းဆိုတဲ့ ကလေကချေတစ်ယောက်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဝုယင်ဂိုဏ်းသားလေးဖုန်းရှောင်ရှောင်ကဝူရင်းကိုရှာတွေ့သွားပြီး ထိုက်ဆွေ့ကိုသူ့ကိုယ်ထဲကနေထုတ်ဖို့ကြံစည်ခဲ့ရာ ဝူရင်းက စိတ်ကူးပြောင်းသွားပြီး ထိုက်ဆွေ့ကိုထိန်းချုပ်ပြီး လောကကြီးကိုကယ်တင်မယ့် သူရဲကောင်းတစ်ယောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သာမန်လူသားဖြစ်တဲ့ဝူရင်းတစ်ယောက် ထိုက်ဆွေ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပါ့မလား...... မိစ္ဆာခေါင်းဆောင်ကြီးထျန်းရှဲကိုရောဘယ်လိုအနိုင်ယူကြမလဲ...... ဝူရင်းနဲ့ဝုယင်ဂိုဏ်းသားဖုန်းရှောင်ရှောင်ကရောဘယ်လို ဇာတ်လမ်းတွေရှိခဲ့တာလဲဆိုတာ လှပဝေဆာတဲ့CGI Effect ကောင်းတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုက်ဆွေ့ကိုပုံဖော်ထားတာMCUရဲ့Venonနဲ့နည်းနည်းဆင်ပေမယ့် မတူညီတဲ့ဟန်နဲ့ဇာတ်လမ်းလေးမလို့ တစ်မျိုးတော့ကြည့်ကောင်းမှာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Thousand Faces Of Dunjia 2 ( 2023 )

Kate & Leopold(2001) 6.7
Kate & Leopold(2001) Kate & Leopold(2001)********************ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်‌ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူးတောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကိုဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့်သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။ File Size : ...
movie

Kate & Leopold(2001)

The Portable Door (2023) 6.3
The Portable Door (2023) The Portable Door (2023) =================== IMDb Rating - 6.3/10"တိုက်ဆိုင်မှု" ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့ ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ် နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင် ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ မျိုးပေါ့။ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော...အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter က "တိုက်တိုက်ဆိုင်ဆိုင်" JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။ ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။ CEO Humphrey Wells က ...
movie

The Portable Door (2023)

2023
Ella Enchanted (2004) 6.3
Ella Enchanted (2004) Ella Enchanted (2004)ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် ...
movie

Ella Enchanted (2004)

2004
Lamya’s Poem (2021)
Lamya’s Poem (2021) ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ ...
movie

Lamya’s Poem (2021)

Renfield(2023) 6.7
Renfield(2023) Renfield(2023)*************ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှအကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီးသူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ ...
movie

Renfield(2023)

4K HEVC
Sliding Doors (1998) 6.7
Sliding Doors (1998) ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်,ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင်ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိစိတ်ကူးယဉ်မိကြသေးတာပဲ။ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီးအိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီးရည်းစားကဖောက်ပြန်နေတာမိလိုက်ရင်ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး File size…  3.25GB / 1.12GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Romance , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Sliding Doors (1998)

1998
Perfect Creature (2006) 5.4
Perfect Creature (2006) ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size…  1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Perfect Creature (2006)

2006
Revice Forward: Kamen Rider Live & Evil & Demons (2023)
Revice Forward: Kamen Rider Live & Evil & Demons (2023) Revice Forward: Kamen Rider Live & Evil & Demons (2023)၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲ Kamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ‌ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်‌ပေါက်လာပြီး က‌လေးတွေကို ပြန်‌ပေးဆွဲခဲ့ပါတယ်။ ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ? Alicorn ...
movie

Revice Forward: Kamen Rider Live & Evil & Demons (2023)

2023
Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)

Storm City ( 2023 ) 6
Storm City ( 2023 ) ကမ္ဘာကြီးဟာသစ်တောတွေပြုန်းပြီး အပူချိန်မြင့်တက်လာပြီး ဝင်ရိုးစွန်းကရေခဲတွေအရည်ပျော်လာတာနဲ့အမျှ ရာသီဥတုကလဲ ကြမ်းတမ်းလာပြီး မုန်တိုင်းတွေမကြာခဏဖြစ်လာပါတယ်။အရာရာကိုထိန်းချုပ်ချင်တဲ့လူသားတွေဟာ နည်းပညာတွေတိုးတက်လာနဲ့အမျှ သဘာဝတရားကြီးကိုပါထိန်းချုပ်ဖို့ကြိုးစားလာတယ်။ သုတေသနဌာနတစ်ခုဟာ ရာသီဥတုကိုထိန်းချုပ်ဖို့ ပရိုဂရမ်ရေးဆွဲထားပြီး မှန်းဆထားတာထက် နှစ်နှစ်ကြိုစောပြီးဖြစ်လာတဲ့မုန်တိုင်းကြီးကိုထိန်းချုပ်ပြီး မြို့ကြီးကိုထိန်းချုပ်ကြိုးကိုင်ဖို့ကြိုးစားလာပါတယ်အဲဒီအချိန်မှာ ခေါင်းမာတဲ့အဖေကြီးတစ်ယောက်၊ သုတေသနဌာနကသားဖြစ်သူနဲ့ အဖေကိုဆန့်ကျင်နေတဲ့သမီးဖြစ်သူတို့ (၃)ယောက်သား တစ်မြို့လုံးကိုကယ်တင်ဖို့ကြိုးစားတဲ့ ကပ်ဘေးအန္တရာယ်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Storm City ( 2023 )