Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Family
6.9
Onde Mande / The Prize (2023)
Onde Mande / The Prize (2023)Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း ...
movie
Onde Mande / The Prize (2023)
2023
7.6
Check the Store Next Door 2 (2022)
Check the Store Next Door 2 (2022)Comedy, Drama, Romance ရုပ်ရှင်ကောင်းကောင်းလေးနဲ့ chill ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ပါ။ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ ကောင်မလေးဟာ ဘာလီမှာ ကားဘီးပေါက်နေရင်း အာဝင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ အာဝင်လည်း ဘီးပေါက်နေတဲ့ နာတာလီ့ကို ကူညီပေးရင်း သူတို့ နှစ်ယောက် ရင်းနှီးသွားခဲ့ပါတယ်။ ဒီလိုကနေ သူတို့ ချစ်သူတွေဖြစ်သွားကြပြီး ၂ နှစ်လောက် လက်တွဲလာခဲ့ကြပါတယ်။ အဲဒီနောက် သူတို့လည်း လက်ထပ်ပြီးကြတော့ ဘဝတစ်ခုကို ထူထောင်ဖို့ လုပ်ကြပါတယ်။ သို့သော် သာမန်လူတန်းစား အာဝင်တို့မိသားစုနဲ့ လူချမ်းသာ နာတာလီတို့ မိသားစုကြား မတူညီတာတွေ များကြသလို၊ စိတ်ဒဏ်ရာကိုယ်စီတွေနဲ့မို့ အချစ်တစ်ခု ဆက်ပြီး ရှင်သန်ဖို့ရာ ရုန်းကန်ကြရပါတော့တယ်။ Drama အမျိုးအစားဖြစ်တာမို့ အများကြီး ညွှန်းမနေတော့ပါဘူး။ ဇာတ်လမ်းအချိုးအကွေ့တွေကို ဝမ်းသာတစ်လှည့် ဝမ်းနည်း တစ်လှည့်နဲ့ ကြည့်ရှုလိုက်ပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ...
movie
Check the Store Next Door 2 (2022)
2023
The Lost Medallion: The Adventures of Billy Stone (2013)
The Lost Medallion : The Adventures of Billy Stone [2013] ( IMDb 4.8/10, RT 52%)ဒန်နီရယ်တစ်ယောက် ဘောလုံးပွဲကြည့်ဖို့ သွားရင်း မစ္စဆယ်လီ့အိမ်က မိဘမဲ့တွေအတွက် ပစ္စည်းပစ္စယတွေ လမ်းကြုံသွားပို့ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့နေ့ဟာ ကလေးတွေအတွက် ပုံပြင်ပြောပေးနေကျ အမျိုးသမီး နာမကျန်းနေတာကြောင့် ပုံပြောတာဝန်ဟာ ဒန်နီရယ့်အပေါ် ဆိုင်းမဆင့်ဗုံမဆင့် ကျရောက်လာပါတော့တယ်... ဒီလိုနဲ့ ဒန်နီရယ်ဟာလည်း ဘောလုံးပွဲကို ကြည့်ချင်သော်ငြား မိဘမဲ့ကလေးတွေရဲ့ စိတ်ဆန္ဒကို တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးလိုတာကြောင့် ပုံပြင်ပြောပေးဖို့ ရွေးချယ်လိုက်ပါတော့တယ်... ဒန်နီရယ်ဟာ ပုံပြောနေကျသူ မဟုတ်တာမို့ မိဘမဲ့ကလေးတွေဖြစ်ကြတဲ့ ဆွမ်းသွမ်းတဲ့ ဟူကို၊ ဘုရားသခင်ကို မေးခွန်းထုတ်နေတဲ့ အယ်လီ နဲ့ ဉာဏ်ကောင်းပါလျက် လူတောမတိုး နှုတ်ဆိတ်နေတဲ့ ဘီလီတို့ကို အခြေတည်ပြီး အက်ရှင်အပြည့်နဲ့ စွန့်စားခန်းတွေပါတဲ့ မှော်ဝင်လည်ဘယက် ရှာပုံတော်ကြီးအကြောင်း ပြောပြပါတော့တယ်... ဒန်နီရယ်ပြောပြတဲ့ ပုံပြင်အကြောင်းနဲ့ ဒီထဲက သင်ခန်းစာတွေကို ပရီတ်သတ်တို့ ကိုယ်တိုင် ရှုစားလိုက်ကြပါဦးနော်အညွှန်း ...
movie
The Lost Medallion: The Adventures of Billy Stone (2013)
2013
6.5
My Christmas Hero (2023)
My Christmas Hero (2023) ===================ခရစ္စမတ်စ်ကာလဟာနီကိုးလ်တို့မိသားစုအဖို့ နီကိုးလ်ရဲ့အဘွားဖြစ်သူ ဒိုရိုတီမရှိဘဲဆင်နွှဲရမယ့် ပထမဦးဆုံးသော ခရစ္စမတ်စ်လေးပါ။ နီကိုးလ်ရဲ့ အဘိုးဖြစ်သူဂျွန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ဂျွန် စစ်ပွဲတွင်းမှာ ကျဆုံးသွားခဲ့တာ နှစ်ပေါင်းမြောက်များစွာ ကြာပြီးတဲ့ထိတိုင်အောင်ကို ဒိုရိုသီကမမေ့နိုင် သေးဘဲ အမြဲတမ်းတပြီးချစ်နေခဲ့တာကြောင့် နီကိုးလ်နဲ့ နီကိုးလ်ရဲ့အမေတို့ နှစ်ယောက်လုံးဟာ ငယ်ငယ်လေးကတည်းကစပြီး ဒိုရိုသီ့ဆီကနေ အဘိုး ဖြစ်သူရဲ့အကြောင်းတွေ၊ အမှတ်တရတွေကိုကြားသိထားရပြီး အလွတ်တမ်း မှတ်မိနေခဲ့တာပေါ့။ဒီလိုနဲ့ ဒိုရိုသီဆုံးပါးသွားပြီးနောက်ပိုင်းမှာ နီကိုးလ်ရဲ့အမေဟာ အမေဖြစ်သူ ကိုသတိရတဲ့စိတ်၊ အဖေဖြစ်သူကိုလွမ်းဆွတ်တဲ့စိတ်တွေနဲ့ စိတ်ခံစားရသက် သာရအောင်လို့ စေတနာ့ဝန်ထမ်းအလုပ်တွေကိုပဲ ဆက်တိုက်မနားတမ်းလုပ် နေခဲ့ပါတယ်။ ဒါနဲ့ပဲ နီကိုးလ်တစ်ယောက် မကြာခင်ရောက်လာတော့မယ့် ခရစ္စမတ်စ်မှာ သူ့အမေဖြစ်သူကို ခံစားရသက်သာရအောင်လို့ အဘွားဆီကနေ တစ်စိတ်တစ်ပိုင်း အနည်းငယ်လောက်ပဲ သိထားခဲ့ရတဲ့ အဘိုးဖြစ်သူရဲ့စစ်ပွဲ တွင်းကအကြောင်းတွေကိုစုံစမ်းဖို့ကြံပါတော့တယ်။ ဒီတော့ သူအောင်မြင်နိုင် ပါ့မလား၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ "My Christmas Hero" ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.41 GB) / (548 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, ...
movie
My Christmas Hero (2023)
2023
7.1
Monica and Friends: Bonds (2019)
တစ်ခါတစ်လေမှာ ကလေးတွေဟာ လူကြီးတွေနဲ့ တွေးခေါ်ပုံချင်း အတော်လေးကွာခြားတတ်ပါတယ်။ လူကြီးတွေတန်ဖိုးထားတတ်တဲ့ ရွှေ၊ ငွေ၊ အသုံးအဆောင်ပစ္စည်း၊ တန်ဖိုးကြီးအရာတွေဟာ သူတို့အတွက် ဘာမှအသုံးမဝင်သလိုဖြစ်နေတတ်ပေမယ့် သာမန်စာရွက်လေးတစ်ရွက်၊ အရုပ်ကလေးတစ်ရုပ်၊ တိရစ္ဆာန်ကလေးတစ်ကောင်၊ အသေးအဖွဲလေးတစ်ခုဟာ သူတို့အတွက် အပျောက်ရှမခံနိုင်လောက်အောင် အဖိုးတန်နေ၊ အဓိပ္ပါယ်ရှိနေတတ်ပြန်ပါတယ်။ ဒါဟာ ကလေးအများစုမှာရှိတတ်တဲ့ ယေဘုယျစိတ်အလုပ်လုပ်ပုံ psychology ဖြစ်ပါတယ်။ အဲ့သဘောတရားနဲ့ ဆက်စပ်နေတဲ့ ၂၀၁၉ ခုနှစ်ထွက် ဘရာဇီး family adventure ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဟောလိဝုဒ်ဘရာဇီးရုပ်ရှင်ပွဲတော်ကာလမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Daniel Rezende ကရိုက်ကူးထားပြီး ကလေးသရုပ်ဆောင် Giulia Benite၊ Kevin Vechaitto၊ Laura Rauseo၊ Gabriel Moreira တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Mauricio de Sousa ရဲ့ Monica's Gang ကိုအခြေခံရိုက်ကူးထားတဲ့ ...
movie
Monica and Friends: Bonds (2019)
7.3
Hanukkah on Rye (2022)
Hanukkah on rye (2022) ================== IMDb rating - 7.3/10ဒီဇာတ်ကားကို Hallmark channel ရဲ့ 2022 ခုနှစ်ထွက် အကောင်းဆုံး Chanukah film လို့သတ်မှတ်ထားကြပါတယ်ဒီဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.... Hanukkah ရာသီရောက်ပြီဆိုတာနဲ့ Jewish deli ဆိုင်ဖြစ်တဲ့ Jake တို့ဆိုင်က လက်မလည်အောင်ရောင်းချရပါတယ်။ တစ် ဖက်မှာလည်း molly တို့ဆိုင်ကလည်း ထိုနည်းတူပါပဲ။ ဒီဆိုင် 2 ဆိုင်ရဲ့ အဓိကကွာခြားက တစ်ဆိုင်က ရှေးရိုးဆွဲပုံစံအတိုင်း ကျင့်သုံးပြီး နောက်တစ်ဆိုင်ကတော့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတာပါ။တစ်နေ့မှာတော့ Jake တစ်ယောက် ဆိုင်ခွဲတိုးချဲ့ဖို့ဆိုပြီး Molly တို့ ဆိုင်ဖွင့်ထားတဲ့နေရာအနီးမှာ လာရောက်ဖွင့်ဖို့လုပ်ရင်း Molly နဲ့ကံကြမ္မာဖန်လာခဲ့ပါတယ်။ Hanukkah ပွဲတော်လေးက Jake နဲ့ Molly တို့ရဲ့ ဖူးစာဖက်ကိုရှာတွေ့စေမလား...စီးပွားပြိုင်ဘက်မိသား စုကြားမှာ နှစ်ယောက်သား အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဒီဇာတ် လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.7 GB) / (623 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie
Hanukkah on Rye (2022)
2022
Spice World (1997)
Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ File size… 3.3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie
Spice World (1997)
1997
7.3
Wonka (2023)
Wonka (2023) ~ IMDb - 7.3/10, RT - 82%, Meta - 66% ~အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် ...
movie
Wonka (2023)
2023
4K HEVC
7.7
Philip’s (2023)
Philip's (2023) "ဖိလစ်တို့ မိသားစု"(function(f,b,n,j,x,e){})();IMDb 7.9 ရထားတဲ့ မလေယာလမ် စကားပြော မိသားစု family/drama လေးဖြစ်ပြီး မလေယာလမ်လှိုင်းသစ်ရဲ့ ဝါရင့်မင်းသားကြီး Mukesh က ဖိလစ်အဖြစ်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း ဖိလစ်တို့မိသားစုမှာ ဖိလစ်နဲ့ ဘေစီ ဘလက်စီ ဘစ်တီ ဆိုတဲ့ မိတဆိုးသားသမီးသုံးယောက် ပျော်ရွှင်စွာ နေထိုင်ကြတယ် ဒါပေမဲ့လည်း တစ်နေ့... ပူပင်ကြောင့်ကြမှုကင်းတဲ့ သူတို့မိသားစုလေးကို မမြင်နိုင်တဲ့ ကံကြမ္မာဆိုးတစ်ခုကတော့ စောင့်ကြိုနေပါတယ် သူတို့တွေ အဲဒီအဖြစ်အပျက်ကနေ ဘယ်လိုများ ကြံစည်ပြီး ရုန်းထွက်ကြမလဲ...သူတို့တွေ အရင်လို သာယာတဲ့မိသားစုဘဝလေး ပြန်ပြီး ပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့ spoil ဖြစ်သွားမှာစိုးလို့ ပရိသတ်ကြီးကပဲ ဒေါင်းကြည့်လိုက်ပါတော့...အိန္ဒိယကားတွေမှာ ဘတ်ဂျက်များ/ အက်ရှင် spectacle များများနဲ့ ဘောလိဝုဒ်ကားကြီးတွေ အီနေတဲ့သူတွေအတွက် အခုလို ဘတ်ဂျက်နည်း မလေယာလမ် ဒရာမာလေးက အအီပြေချဥ်ရည်ဟင်းတစ်ခွက်ဖြစ်မှာပဲ အသေအချာပါပဲအညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ်( ...
movie
Philip’s (2023)
2023
8.4
Hi Nanna (2023)
Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie
Hi Nanna (2023)
2023
4K HEVC
5.6
Imagine That (2009)
Imagine That ဆိုတာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော်သရုပ်ဆောင် Eddie Murphy ရဲ့ မိသားစု ဟာသဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်ဟာသဆိုပေမဲ့ ရယ်ရဖို့သက်သက်လည်း မဟုတ်ဘဲ မိသားစုတွေကြားမှာဖြစ်ပျက်တတ်တာလေးတွေကိုပါ ထည့်ရိုက်ထားတာမို့ရော ပုံမှန်မဟုတ်တဲ့fantasy စိတ်ကူးလေးတွေ နည်းနည်းပါတာရောကြောင့် စိတ်ဝင်စားပြီးကြည့်လို့ကောင်းမှာ အသေအချာပါပဲ.ဇာတ်လမ်းကိုကို အမြည်းကျွေးရမယ်ဆိုရင်ရင် Evan လို့ခေါ်တဲ့ Eddie Murphyသရုပ်ဆောင်တဲ့ character ဟာ သူတို့ အမေရိကန်နိုင်ငံမှာ ထူးချွန်တဲ့စတော့ရှယ်ယာဝယ်ရောင်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမနဲ့ကွဲနေပြီ Olivia လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်ချင်ပေမဲ့ဖခင်မဖြစ်တတ်တဲ့ Evan တစ်ယောက် သူ့ရဲ့အလုပ်ဘဝနဲ့ ဖခင်ဘဝကြားဘယ်လိုချိန်ခွင်လျှာ ညှိမလဲ ပြီးတော့ သူ့သမီးရဲ့ ကလေးသဘာဝအဖော်စောင်ကလေးက သူ့သမီးပြောသလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေမလားရှိနေရင်ရော Evan ဘယ်လိုအသုံးချမှာလဲ အသုံးသတ်မှာ သူ့အနေနဲ့ဖခင်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါ့မလား စတာတွေကို ဒီရုပ်ရှင်ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားတာမို့ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... File size…1.72 ...
movie
Imagine That (2009)
8.0
Antony (2023)
Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Antony (2023)
2023
5.5
Firehouse Dog (2007)
ဒီတစ်ခါတော့ ခွေးချစ်တတ်သူလေးတွေအကြိုက်တွေ့စေမယ့်မီးသတ်ခွေးလေး ဒူဝီအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်လေးကြည့်ရှုရမယ့်ကားလေးပါပဲ....။ဇာတ်လမ်းဇာတ်အိမ်လေးက ရိုးရိုးလေးနဲ့ ခွေးလေးဒူဝီရဲ့ ပါးနပ်မှုသွက်လက်မှုတွေကို သဘောကျမြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းထဲမှာဆိုရင် မီးသတ်ခွေးမဖြစ်ခင်က ခွေးလေးဒူဝီဟာဟောလိဝုဒ် ရုပ်ရှပ်ရှင်လောကမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့စူပါစတားခွေးလေးပေါ့...။သူ့ရဲ့အောင်မြင်လွန်းတဲ့ရုပ်ရှင်တွေကိုပြောပါဆိုရင် "Jurassic Bark"(ဂျူရက်စစ်ဟောင်သံ)တို့"The Fast & The Furriest"(လျှင်မြန်သူ ခွေးစုတ်ဖွား)တို့ပါတဲ့...။ဒီလို နာမည်ကျော် ဟောလိဝုဒ်စတားခွေးလေးဟာ တစ်ရက်မှာတော့ကံကြမ္မာဆိုးဝင်ပြီး ခွေးလေခွေးလွင့်ဘဝကိုရောက်ခဲ့ရပါတော့တယ်။သေကံမရောက်လို့ မီးသတ်တပ်ဖွဲ့တစ်ခုက ကယ်ဆယ်မွေးစားခံရပြီးနောက်လူတွေကို ကူညီရင်းပဲ မီးသတ်ခွေးလေးဖြစ်လာခဲ့တယ်ပေါ့။ခွေးလေးဒူဝီရဲ့ ဆန်းကြယ်လှတဲ့ ကံကြမ္မာအနိမ့်အမြင့် အဖုံဖုံကိုလိုက်ပါစီးမျှောခံစားကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ....။ File size…2.57 GB/1.35 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre …..Action , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Firehouse Dog (2007)
6.1
A Cat’s Life (2023)
IMDb 6.1/10ဒီတစ်ခါမှာတော့ ကြောင်ချစ်သူလေးတွေ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းလေးကတော့ ကလီးမန့်စ် လို့ ခေါ်တဲ့ ကလေးမလေးတစ်ယောက်နဲ့ရု လို့ နာမည်ပေးထားတဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဇာတ်လမ်းပါပဲ ။တိရစ္ဆာန်နဲ့ လူတွေကြားက သံယောဇဥ်ကို ရိုးရိုးလေး ရိုက်ပြထားတဲ့ဒီဇာတ်လမ်းလေးမှာ ကလီးမန့်စ် နဲ့ ရု တို့ အချင်းချင်း အမှီသဟဲပြုရင်းဘယ်လို အတူတူအရွယ်ရောက်လာကြသလဲဆိုတာကို မြင်တွေ့ရမှာပါ.အချိန်တန်လို့ အရွယ်ရောက်တာ ပိုစောတဲ့ ရု က ဟိုးတောအုပ်ထဲကိုထွက်သွားတဲ့အခါ ကလီးမန့်စ်တစ်ယောက် ဘယ်လိုကျန်ခဲ့ရမလဲ ။ရု လေး ကလီးမန့်စ်ဆီ ပြန်ရောက်လာမှာလား ဆိုတာကိုတော့My Cat and I , The Great Adventure of Rrou လို့ အမည်ရတဲ့ဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ရအောင်နော် ။ ကြာချိန် တစ်နာရီကျော်လေးပဲရှိတဲ့ ဒီဇာတ်လမ်းလေးက တိုတိုနဲ့ ရင်ထဲကို နွေးစေမှာပါ .. File ...
movie
A Cat’s Life (2023)
7.5
Tholvi F.C (2023)
Tholvi F.C.(2023) "တက်နိုင် ဖျားရောက်"IMDb - 8.4/10တစ်နာရီကျော်အတွင်းမှာ အခက်အခဲကိုယ်စီနဲ့ ကျရှုံးနေရတဲ့ လူတွေရဲ့ဘ၀ကို ဟာသလေးနှောပြီးရိုက်ကူးသွားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Tholviဆိုတာ အရှုံးသမားတွေတဲ့။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရသမျှ အခက်အခဲတိုင်းမှာ ရှုံနိမ့်နေကြရသူတွေပေါ့။သေချာနေတဲ့အလုပ်ကို ပစ်ပြီး ကိုယ်ပိုင်ဆိုင်လေးကနေ ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့အထိရည်ရွယ်ထားတဲ့သူ...။ Crypto Currencyကို အနာဂတ်အတွက်စိတ်ကူးယဉ်ပြီး ရှိသမျှပိုက်ဆံရင်းနှီးမြှုပ်နှံထားတဲ့သူ...။ ဘောလုံးသမားအိပ်မက်ကို အကြောင်းကြောင်းကြောင့် စွန့်လွှတ်လိုက်ရပြီး နည်းပြလုပ်နေတဲ့သူ...။ စာကြည့်တိုက်မှာ အလုပ်လုပ်ရင်း ၀တ္ထုတွေရေးပြီး စာအုပ်တိုက်တွေစီပို့နေတဲ့သူ...။ အရင်းအနှီးမရှိဘဲ ဇာတ်လမ်းတွေလိုက်ရှာရင်း ဒါရိုက်တာလုပ်ရုပ်ရှင်ဖန်တီးချင်တဲ့သူ...။...စတဲ့ တစ်ခုခုကို ကြိုးစားနေကြရင်း ရှုံးနိမ့်နေကြတဲ့သူတို့တွေ။ သူတို့တွေရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ရဲ့ အရှုံးကို တွန်းလှန်နိုင်လိုက်မှာလားဆိုတာကိုတော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးကပါ ကြည့်ရှုဝေဖန်ပေးကြပါဦးလားခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.5GB / 738MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Tholvi F.C (2023)
2023
7.8
October Sky (1999)
IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။"ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား"အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို ...
movie
October Sky (1999)
7.3
Punch (2011)
တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုကခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူကဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီတောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်ရောဆင်းရဲတာကြောင့်ပါအလှောင်ခံရပြီးပေပေတေတေလမ်းပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ဘိတ်ချေး ကောင်လေးတစ်ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲမသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအမေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကိုအောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu
movie
Punch (2011)
6.3
Major Payne (1995)
Major Payne (1995) Genre – Adventure, Comedy, Family IMDB – 6.3/10 မေဂျာပိန်းဆိုတာက အမေရိကန်စစ်တပ်က အားထားရတဲ့ အထူးရှယ် လူသတ်လက်နက်ကြီးပေါ့။ ဒါပေမဲ့ နောက်ထပ် စစ်မြေပြင်တွေ မရှိတော့တဲ့အခါမှာ မေဂျာပိန်းအတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတော့တယ်။ အရပ်သားဘဝနဲ့ ကြိုးစားနေကြည့်တော့လည်း အဆင်မပြေမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေရရော။ ဒီလိုနဲ့ အထက်အရာရှိကို တောင်းပန်ပြီး စစ်တပ်နဲ့ သက်ဆိုင်ရာ အသတ်အဖြတ်အလုပ်လေး တောင်းကြည့်တော့ အကယ်ဒမီကျောင်းတစ်ခုက ပရိုဂရမ်နဲ့ ဗိုလ်လောင်းလေးတွေကို နည်းပြလုပ်ရမယ်ဆိုပြီး အလုပ်တစ်ခု ရသွားခဲ့တယ်။ ဖြစ်ချင်တော့ ဗိုလ်လောင်းတွေဆိုတာက တကယ့်ကို နှပ်ချေးတွဲလောင်း ၆ နှစ်သားလောက်ကစပြီး ဆယ်ကျော်သက်အရွယ်ထိ အရွယ်စုံ လူစုံ ပေါင်းစုံ စုဝေးထားတဲ့ မျှော်လင့်ချက်မဲ့ ဗရုတ်သုတ်ခ ကလေးတစ်သိုက် ဖြစ်နေပါတယ်။ အဲဒီမှာတင် စည်းကမ်းတင်းကြပ်လွန်းတဲ့ မေဂျာပိန်းတစ်ယောက် ကလေးတစ်သိုက်ကို ဘယ်လိုတွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားမလဲ၊ အကြံပေးဆရာမလေးရဲ့ အကူအညီကို ဘယ်လိုယူပြီး ပြောင်းလဲသွားမလဲ၊ သံမဏိစိတ်ဓာတ်နဲ့ အသည်းမာတဲ့ မေဂျာပိန်းတစ်ယောက် သူ့တပ်ဖွဲ့မှာ ဘုနဲ့ဘောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ၉၀ ခုနှစ် ကာလရဲ့ မိသားစု ဟာသကားလေးပဲ ဖြစ်ပါတယ်။ File size… ...
movie
Major Payne (1995)
1995
Glisten and the Merry Mission (2023)
Glisten and the Merry Mission (2023) ============================ IMDb Rating - 6.5/10CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံလုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ "Merry Mission" ပါတဲ့။ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ...
movie
Glisten and the Merry Mission (2023)
2023
8.0
The Nightmare Before Christmas (1993)
ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို့ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတို့ဆီ ယူဆောင်လာပါပြီ။ဇာတ်ကားနာမည်လေးကတော့ The Nightmare BeforeChristmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေသန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်းiMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဟော်လိုဝင်းလို့ခေါ်တဲ့မြို့လေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြို့လေးပါ။အဲဒီမြို့မှာ ဂျက်လို့ခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြို့လုံးရဲ့အလေးစားခံပုဂ္ဂိုလ်လို့ပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တနေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြားမတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာကခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ...
movie
The Nightmare Before Christmas (1993)
1993
4K HEVC
First
6
7
8
9
10
Last
Previous
Next