Channel Myanmar
Family
A Monster Calls (2016) 7.5
A Monster Calls (2016) A Monster Calls (2016)IMDb - 7.5/10_____Rotten - 86%    အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်.. သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်.. သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ.. အဲ့ဒါက ဘာအတွက်လဲဆိုတော့... .... ... ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး.. ဒီ Fantasy | Drama ကားလေးက စာရေးဆရာ ...
movie
A Monster Calls (2016)
2016
Tomorrowland ( 2015 ) 6.4
Tomorrowland ( 2015 ) IMDb 6.5 ရရှိထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး . မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ကာ ဒါရိုက်တာ  Brad Bird က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့ ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့ ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ ( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့ အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက် ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီး ထူးဆန်းတဲ့ သိပ္ပံပညာတွေအရမ်းခေတ်စားတဲ့ အနာဂါတ်မြို့တော်ထဲကိုရောက်သွားပါတော့တယ်။ အဲ့လိုပဲ ကေစီနယူတန် ကလည်း ထူးချွန်ဉာဏ်ထက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး . သူ့အဖေပါဝင်တဲ့ အစိုးရရဲ့ စီမံကိန်းတစ်ချို့ကို ...
movie
Tomorrowland ( 2015 )
Teen Beach 2 (2015) 6.4
Teen Beach 2 (2015)   ကဲ အခုတခါ ပိတ်ရက် အတွက်ကတော့ ပေါ့ပေါ့ ပါးပါး ကျောင်းသား ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ပေါ့ပေါ့ ပါးပါးလေးနဲ့ မြူးကြွတဲ့ တေးဂီတတွေနဲ့ အတူ အခုခေတ် လူငယ်တွေရဲ့ ခပ်နောက်နောက် အလေ့အထတွေကို နောက်ခံထားရိုက်ကူးထားပြီး လူငယ်တွေရဲ့ အချစ်ရေး ဘ၀ရေးရာတွေအတွက် ကိုပါ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဥ်းလေးကတော့ ဘရက်ဒီ နဲ့ မက်စ်တို့ ၂ယောက်ဟာ ကမ်းခြေမှာ လှိုင်းစီးကြရင်းနဲ့ ကောင်မလေး ခပ်လန်းလန်းတွေကို တွေ့ရှိသွားရာမှ နောက်ကွယ်မှာ ဘယ်လို ဇာတ်အရှူပ်တွေ ရှိနေတယ် ဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူ ကြရမှာဖြစ်ပါတယ်Download From V.I.P Link  Download From Pcloud
movie
Teen Beach 2 (2015)
2015
Two Brother (2004) 7.1
Two Brother (2004) ကဲ Old But Gold ကားတစ်ကားနဲ့ အခုတပတ် Monday ည အတွက် အပန်းဖြေကြည့်ရှူဖို့တင်ဆက်ပေးလိုက်ပါတယ် သင်က တိရိစ္ဆာန်ချစ်တတ်တဲ့လူတစ်ယောက်လား အထူးသဖြင့်မွေးဖို့မလွယ်တဲ့ကျားပေါက်လေးတွေကိုချစ်တတ်လား ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးရဲ့ အသည်းနှလုံးကို သိမ်းပိုက်သွားမှာ သေချာပေါက်ပါဘဲ ဒီကားလေးဟာဆိုရင် ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံစတင်တဲ့ တစ်ပတ်အတောတွင်းမှာတင် top 9 အထိရောက်ရှိခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲဖြစ်ပါတယ် ၁၉၂၀ပြည့်နှစ် ကယ်လီဖိုးနီးယားပြည်နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုနဲ့ ဇာတ်လမ်းကျောရိုးကိုယူထားပါတယ် အဓိကဇာတ်ဆောင်အနေနဲ့ကတော့ ဆွန်ဂါနဲ့ကူမာလို့ခေါ်တဲ့ ကျားလေး၂ကောင်အကြောင်း ဖြစ်ပြီးတော့ အရိုင်းသတ္တဝါ၂ကောင်နဲ့ လူသား၂ဦးကြားက ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့အတွက်ကြောင့် ကြည့်ပြီးရင်း ထပ်ကြည့်ချင်ကို ဖြစ်နေတော့မှာပါ ပြင်သစ်နဲ့ ထိုင်းဘက်က ကျားအကောင် ၃၀လောက်ကို သုံးထားတာဖြစ်ပြီးတော့ အကယ်ဒမီရလောက်တဲ့ ကျားတို့ရဲ့မာယာ ( သရုပ်ဆောင်ချက် ) တွေကိုလည်း မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ကယ်လီဖိုးနီးယားတောအုပ် ထဲက ဘုရားကျောင်းအပျက်တွေကြားမှာနေကြတဲ့ ကျားမကြီးနဲ့သူ့ရဲ့ သားလေး၂ကောင်၊ မုဆိုးအလုပ်နဲ့ တွက်ချေမကိုက်လို့ ဘုရားဆင်းတုတော်ဟောင်းတွေမှောင်ခိုဖို့ စိတ်ကူးနဲ့ ရောက်ရှိ လာတဲ့ မတ်ခရော်နီနဲ့ ထိပ်တိုက်ကိုတွေ့ပါတော့တယ် ...
movie
Two Brother (2004)
2004
Adventure In Babysitting (2016) 6.1
Adventure In Babysitting (2016) ဒီကားလေးကတော့ မိသားစုနဲ့ကြည့်ရန်အထူးသင့်တော်တဲ့ဟာသကားလေးပဲဖြစ်ပါတယ်... စကားအပြောအဆိုချိုသာတဲ့ Jenny တစ်ယောက်ကလေးထိန်းအလုပ်ကိုလုပ်ရာကနေ Lola ဆိုတဲ့သူ့အကျင့်နဲ့ဆန့်ကျင်ဘက်ရွယ်တူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်..Jenny ထိန်းရတဲ့ကလေးတွေကလည်း တစ်ယောက်တစ်မျိုး ဆိုးကြတဲ့ကလေးတွေပါပဲ.... နောက်ပိုင်းမှာမျှော်လင့်မထားတဲ့ အကြောင်းရာတွေကြောင့် သူထိန်းနေတဲ့ကောင်လေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်....ပိုက်ဆံအခက်ခဲကြောင့် သူမနေရာဝင်နေတဲ့ Lola နဲ့အတူ သူမတာဝန်ယူထားတဲ့ကလေး မပျောက်သွားစေရန် ကျန်တဲ့ကလေးများနဲ့အတူ လိုက်လံရှာဖွေရှာတာပဲဖြစ်ပါတယ်... အဲလိုလိုက်ရှာရင်ကနေ အမှတ်မထင် လူဆိုးတွေနဲ့ပတ်သတ်မိသွားပြီး လူဆိုးတွေရန်ကနေ လွတ်အောင် ကလေးတွေနဲ့အတူပြေးရင်းလွှားရင်းနဲ့ ဇာတ်လမ်းကိုသွက်သွက်လေးတင်ဆက်ထားပါတယ်...Jenny ကထိုပျောက်သွားတဲ့ကောင်လေးကို မိဘတွေပြန်မလာရင် ညအချိန်အရောက်အမှီရှာဖွေရမှာပဲဖြစ်ပါတယ်... သူတို့တွေရှာဖွေနိုင်မလား...လမ်းမှာတွေ့တဲ့လူဆိုးတွေရဲ့ရန်ကနေ လွတ်အောင်ဘယ်လိုထောင်ချောက်တွေသုံးပြီးထွက်ပြေးကြမလဲဆိုတာကတော့ ဒီဇာတ်ကားလေးထဲကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... (ဒီကားကို Thin Zaly Kyaw နဲ့  Pyae Phyo Hein တို့မှဘာသာပြန်တင်ဆက်ပေးထားပါတယ်)....  [ဒီကားလေးကတော့ မိသားစုနဲ့ကြည့်ရန်အထူးသင့်တော်တဲ့ဟာသကားလေးပဲဖြစ်ပါတယ်...စကားအပြောအဆိုချိုသာတဲ့ Jenny တစ်ယောက်ကလေးထိန်းအလုပ်ကိုလုပ်ရာကနေ Lola ဆိုတဲ့သူ့အကျင့်နဲ့ဆန့်ကျင်ဘက်ရွယ်တူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်..Jenny ထိန်းရတဲ့ကလေးတွေကလည်း တစ်ယောက်တစ်မျိုး ဆိုးကြတဲ့ကလေးတွေပါပဲ....နောက်ပိုင်းမှာမျှော်လင့်မထားတဲ့ အကြောင်းရာတွေကြောင့် သူထိန်းနေတဲ့ကောင်လေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်....ပိုက်ဆံအခက်ခဲကြောင့် သူမနေရာဝင်နေတဲ့ Lola နဲ့အတူ သူမတာဝန်ယူထားတဲ့ကလေး မပျောက်သွားစေရန် ကျန်တဲ့ကလေးများနဲ့အတူ လိုက်လံရှာဖွေရှာတာပဲဖြစ်ပါတယ်...အဲလိုလိုက်ရှာရင်ကနေ အမှတ်မထင် လူဆိုးတွေနဲ့ပတ်သတ်မိသွားပြီး လူဆိုးတွေရန်ကနေ လွတ်အောင် ကလေးတွေနဲ့အတူပြေးရင်းလွှားရင်းနဲ့ ဇာတ်လမ်းကိုသွက်သွက်လေးတင်ဆက်ထားပါတယ်...Jenny ...
movie
Adventure In Babysitting (2016)
2016
Millions 2004 7.0
Millions 2004  [ဒီ မီလီယမ် ဆိုတဲ့ကားလေးကတော့ 2004 ခုနှစ်က ထွက်ခဲ့တဲ့ IMBD rating 7 ထိ ရရှိထားတဲ့ ဒရာမာကားကောင်းလေးတစ်ကားပါ... ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဒမ်မီယမ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ.. ဇာတ်လမ်းအကျဉ်းကတော့.. တစ်ရက်မှာ ဒမ်မီယမ်ရယ် သူ့အဖေရယ် သူ့အစ်ကိုတို့ရယ်ဟာ အိမ်ပြောင်းလာခဲ့ကြပါတယ်.. ဒမ်မီယမ်လေးဟာ အရွယ်နဲ့မလိုက်အောင် ဘာသာရေးကို ယုံကြည်ပြီး အလှူအတန်းရက်ရောတတ်တဲ့ စိတ်ဓာတ်လေးရှိပါတယ်.. တစ်ရက်မှာ သူနေနေကျ မီးရထားလမ်းဘေးက နေရာလေးပေါ်ကို ငွေတွေ မီလီယံချီ ပါတဲ့ ငွေအိတ်ကြီးတစ်အိတ်ကျလာခဲ့တယ်.. ရိုးသားတဲ့ ဒမ်မီယမ်လေးဟာ ဘုရားသခင်က သူ လှူဒါန်းဖို့အတွက်ပေးခဲ့တာ လို့ပဲ ထင်နေခဲ့ပါတယ်.. ငွေအိတ်အကြောင်းကို သူ့အစ်ကိုကိုသာ ပြောပြခဲ့ပါတယ်.. နောက်ပိုင်းမှာ ဒမ်မီယမ်လေးဟာ ရောက်တဲ့နေရာတိုင်း ဆင်းရဲသားတွေကို ငွေတွေပုံအောပြီး ပေးနေခဲ့ပါတယ်.. ဒီလိုနဲ့.. တစ်နေ့မှာ ငွေအိတ်ကြီးက သူထင်သလို ဘုရားသခင်ကပေးခဲ့တာမဟုတ်ပဲ.. ဓားပြတစ်ယောက်ရဲ့ ခိုးရာပါအိတ်ဖြစ်နေတဲ့အခါမှာတော့... ...
movie
Millions 2004
2004
Cats And Dogs ( 2001) 5.1
Cats And Dogs ( 2001) ဒီကားလေးကတော့ဖြင့်အထူးတလည်ပြောစရာမလိုတော့ပါဘူး...ကျွန်တော်တို့ငယ်စဉ်ကလေးဘ၀ထဲကကြိုက်နှစ်သက်လာတဲ့ ချစ်စရာခွေးလေးတွေကြောင်လေးတွေပါတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်... ကားဟောင်းလေးပေမယ့် ပြန်ပြီးသိမ်းထားသင့်တဲ့ ငယ်စဉ်ဘ၀အမှတ်တရကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဒီကားလေးဟာ ကလေးလေးတွေကြားထဲမှာရေပန်းစားပုံတင်မက လူကြီးများပါနှစ်ခြိုက်အားပေးခဲ့ကြတဲ့ ရယ်စရာကားလေးတစ်ကားပဲဖြစ်ပါတယ်.... ဇာတ်လမ်းရဲ့ အစမှာတော့ ခွေးတွေကိုအမြဲအနိုင်လိုချင်စိတ်တွေရှိနေတဲ့ မစ္စတာတင်ကယ်ဆိုတဲ့ ကြောင်မိစ္ဆာလေး.... သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ အေးဂျင့်အသစ်နေရာမှာအစားထိုးခံလိုက်ရတဲ့ ခွေးကလေး လိုယူတို့..ဘယ်လို ပြိုင်ဆိုင်မှု့တွေနဲ့ချကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားလေးကိုငယ်ငယ်ကဘာသာပြန်များနဲ့ကြည့်ရှု့ခဲ့ရပေမယ့် စိတ်တိုင်းမကျခဲ့လို အခုတော့ အကောင်းဆုံးမွန်းမံဘာသာပြန်မှု့များနဲ့ ပြန်ပြီးတင်ဆက်လိုက်ပါတယ်ဗျ... ဒီကားလေးရဲ့အားသာချက်တွေကတော့ လူတွေရဲ့ညစ်နေတဲ့စိတ်တွေကို ကြောင်လေးတွေခွေးလေးတွေရဲ့ချစ်စရာစကားပြောအသံလေးများနဲ့ ပျော်အောင်လုပ်ပေးထားတယ်ဆိုတာ ကြည့်ရှု့မယ့်သူများအားလုံးသိကြရမှာဖြစ်ပါတယ်....  [ဒီကားလေးကတော့ဖြင့်အထူးတလည်ပြောစရာမလိုတော့ပါဘူး...ကျွန်တော်တို့ငယ်စဉ်ကလေးဘဝထဲကကြိုက်နှစ်သက်လာတဲ့ ချစ်စရာခွေးလေးတွေကြောင်လေးတွေပါတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်...ကားဟောင်းလေးပေမယ့် ပြန်ပြီးသိမ်းထားသင့်တဲ့ ငယ်စဉ်ဘဝအမှတ်တရကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီကားလေးဟာ ကလေးလေးတွေကြားထဲမှာရေပန်းစားပုံတင်မက လူကြီးများပါနှစ်ခြိုက်အားပေးခဲ့ကြတဲ့ ရယ်စရာကားလေးတစ်ကားပဲဖြစ်ပါတယ်....ဇာတ်လမ်းရဲ့ အစမှာတော့ ခွေးတွေကိုအမြဲအနိုင်လိုချင်စိတ်တွေရှိနေတဲ့ မစ္စတာတင်ကယ်ဆိုတဲ့ ကြောင်မိစ္ဆာလေး....သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ အေးဂျင့်အသစ်နေရာမှာအစားထိုးခံလိုက်ရတဲ့ ခွေးကလေး လိုယူတို့..ဘယ်လို ပြိုင်ဆိုင်မှု့တွေနဲ့ချကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်....ဒီကားလေးကိုငယ်ငယ်ကဘာသာပြန်များနဲ့ကြည့်ရှု့ခဲ့ရပေမယ့် စိတ်တိုင်းမကျခဲ့လို အခုတော့ အကောင်းဆုံးမွန်းမံဘာသာပြန်မှု့များနဲ့ ပြန်ပြီးတင်ဆက်လိုက်ပါတယ်ဗျ...ဒီကားလေးရဲ့အားသာချက်တွေကတော့ လူတွေရဲ့ညစ်နေတဲ့စိတ်တွေကို ကြောင်လေးတွေခွေးလေးတွေရဲ့ချစ်စရာစကားပြောအသံလေးများနဲ့ ပျော်အောင်လုပ်ပေးထားတယ်ဆိုတာကြည့်ရှု့မယ့်သူများအားလုံးသိကြရမှာဖြစ်ပါတယ်....] File size…(724.5 MB , 354 MB) Quality…BluRay 720p Format…mp4 Duration….01:27:15 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint Encoder….Moe Myint Lwin
movie
Cats And Dogs ( 2001)
2001
Imaginary Cat (2015) Complete 8.9
Imaginary Cat (2015) Complete ဇာတ်လမ်းလေးသည်စိတ်ဒဏ်ရာ ကိုယ်စီရခဲ့ကြသည်လူသား တစ် ဦးနှင့်လေလွှင့်ကြောင်လေးတစ်ကောင် တို့ကြားဖြစ်ပေါ်လာသည့် သံယောဇဉ်နှင့်ခံစားမှုတို့ ကိုဖော်ပြထားပါသည်။ အင်တာနက်ရုပ်ပြရေးဆွဲသူ တစ်ဦးဖြစ်ဖို့အတွက်ကြိုးစားနေ သည့်ဟွမ်ဂျိုးဟွမ်(ရိုဆန်ဟို)သည် စာအုပ်ဆိုင်တွင်အချိန်ပိုင်းအလုပ်ဖြင့် ငွေကြေးအခက်အခဲတွေ ကိုဖြေရှင်းနေရသူတစ်ဦးဖြစ် ပါသည်။ခေါင်းကြောမာသည့် အပြင်၊ကိုယ့်စိတ်ကူးတွေကိုပဲ ဦးစားပေးတတ်သည့် ဟွမ်ဂျိုးဟွမ်သည်အောင်မြင် သည့်ရုပ်ပြရေးဆွဲသူဖြစ်ဖို့ အတွက်အခက်အခဲတွေနှင့်ရင်ဆိုင်ခဲ့ရပါသည်။ တစ်နေ့မှာတော့လေလွှင့်ကြောင် ကလေး“Bok Gil” နှင့်ဆုံဆည်းလိုက်တဲ့ အခါမှာတော့သူ့ခံစားချက်တွေကိုပြောဖို့ အတွက်သူ့ဆီမှာ အဖော်ရှိ လာခဲ့ပါသည်။ကြောင်ကလေး“ Bok Gil ” အတွက်သူသည်အလုပ်ကိုကြိုး စားခဲ့သည်။ကြောင်ကလေးသည်သူ့သခင် ကိုစကားလုံးတွေဖြင့်နှစ်သိမ့်မပေးနိုင်ပေမဲ့သူ့ သခင်၏ဘ၀လေးပိုပြီးတော့သက်တောင့် သက်သာဖြစ်လာဖို့အတွက်တော့ အဖော်ကောင်းတစ်ဦး ဖြစ်လာခဲ့ပါသည်။ “Imaginary Cat” ဇာတ်လမ်းတွဲ သည်တောင်ကိုးရီးယားနိုင်ငံ အတွက်တော့ပထမဦးဆုံးကြောင် ကိုအဓိကထားပြီးရိုက်ကူးထားသည့် ဇာတ်လမ်းတွဲလေးဖြစ်ပါသည်။ ဇာတ်လမ်းထဲတွက်လူသားတွေရဲ့ အမြင်တွေအပြင်ကြောင်တစ်ကောင် ၏အတွေးတွေကိုလည်းထည့် သွင်းရိုက်ကူးထားပါသည်။ ဒီဇတ်လမ်းတွဲလေးကို ဘာသာပြန်ပေးထားသူကတော့ EinGyin Phyu ဖြစ်ပြီး အညွှန်းကိုတော့ Credit : News Watch(စောင့်ကြည့်သတင်းဂျာနယ်) သက်(ref: Korean drama) မှ ကူးယူ ဖော်ပြပါသည်။ Follow Me > Thit San Khant Download List ============ EP 01 EP 02 EP 03 EP 04 EP 05 EP 06 EP 07 EP 08 (End)
movie
2015
Awake (2007) 6.5
Awake (2007) ဒီရုပ်ရှင်ကားလေးကို ရုပ်ရှင်ကြည့်သူများ လက်ထဲ အရောက်ပို့ဖို့ အတွက် မျက်ရည်တွေ ၀ိုင်းပြီး ဘာသာပြန်ပေးခဲ့သူကတော့ Tariq L Walker ဖြစ်ပါတယ် ဘာသာပြန်ဖို့ စေခိုင်းသူကတော့ ကျနော်ပါ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်တယ်လို့ နှလုံးသားထဲကနေ သိနေလို့ပါ... ဒီရုပ်ရှင်ကားမှာ ကျနော် ကြည့်စေ သိစေချင်တဲ့ အကြောင်းရာက ချစ်ခြင်းမေတ္တာတရားပါ ဇတ်လမ်း ပုံစံ ကတော့ အောင်မြင်နေတဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ကလေ (Clay) ဟာ ဖခင် သေဆုံးမှု အပေါ် အမေ ဖြစ်သူရဲ့ အပြစ်မကင်းဟု မှတ်ယူပြီး အမေ နှင့် အစေးမကပ်တဲ့ သူဌေးသား တစ်ဦး ဖြစ်ကာ လက်ထပ် ယူတော့မယ့် ချစ်သူ ဆမ် လဲ ရှိနေပြီ ဖြစ်ပါတယ်.. ကလေ မှာ ချစ်ရသော ချစ်သူ ဆမ် အပြင် အချစ်ဆုံး သူငယ်ချင်းဖြစ်သော ဆရာဝန် ဖြစ်သူ ဂျက် လဲ ...
movie
Awake (2007)
2007
Charlotte web(2006) မြန်မာစာတန်းထိုး 6.4
Charlotte web(2006) မြန်မာစာတန်းထိုး ကလေး-လူကြီး။ ကျား-မ မရွေးကြည့်လို့ရတဲ့ ဇာတ်ကားလေးလာပါပြီ။ ဇာတ်ကားတစ်ကားရဲ့ အရသာကို အပြည့်အ၀ ပေးစွမ်းနိုင်မဲ့ကား... သိင်္ဂါရ ရသ၊ ဂရုဏာရသတွေ ထုံမွှမ်းထားတဲ့ကား...အများနဲ့ မတူတစ်မူထူးနေတာကတော့ ဇာတ်လိုက်ကျော်က ချစ်စဖွယ် ၀က်ကလေးဖြစ်နေတာပါပဲ။ ဒီဇာတ်ကားလေးက အကယ်ဒမီ ၁၁ ဆု လျာထားခံရပြီး.. ၉ ဆုရရှိခဲ့တဲ့ အကယ်ဒမီများရှင် ဇာတ်ကားလေးဖြစ်ပါတယ် အဓိက ကတော့.. 2006 ခုနှစ်ရဲ့ အကောင်းဆုံး... မိသားစု ရုပ်ရှင်ဆု အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု အကောင်းဆုံး ဇာတ်ဝင်တေးဆု စသည့်ဆု တွေကို တစ်ပွေ့တစ်ပိုက်ကြီးသိမ်းခဲ့ပါတယ်။ဇာတ်လမ်းကြောရိုးကတော့ နွေဦးပေါက်ဝက်ကလေးရဲ့ ရာသီကုန်မှာ ရောက်ရှိလာမဲ့ ကံကြမ္မာဆိုး ကြီးကို သူငယ်ချင်းတွေနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ..ဆက်လက်ရှု့စားပေးပါဦး။ Download And Watch With Pcloud  Full HD Download With VIP Link (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ...
movie
Charlotte web(2006) မြန်မာစာတန်းထိုး
2006
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး 7.4
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး IMDb rating 7.4/10 ရရှိထားပြီး Rotten Tomatoes 77% ရထားသော မိခင်တယောက်ရဲ့မေတ္တာကို ပြသထားတဲ့ ကားလေးတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ်ဗျ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဘန်ဟာ အငြိမ်းစား စာရေးဆရာတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်ကမှ သားတစ်ယောက်ကို ဆုံးရှုံးထားသူပါ လက်ရှိမှာတော့ အလုပ်လက်မဲ့ဖြစ်ကာ ပြုစုစောင့်ရှောက်ရေးအလုပ်လက်မှတ်လဲ ရရှိထားသူဖြစ်ပါတယ် ကံကောင်းစွာပဲ ပြုစုစောင့်ရှောက်ရမယ့်အလုပ်တစ်ခုရရှိခဲ့ပေမယ့် ကံဆိုးစွာပဲ သူပြုစုစောင့်ရှောက်ပေးရမယ့် ထရေဗာ ဆိုတဲ့ ကလေးဟာ အောက်ပိုင်းမသန်စွမ်းသူတစ်ယောက်ဖြစ်ပြီး ကလန်ကဆန် လုပ်တတ်တဲ့အကျင့်ရှိလို့ လာသမျှ ပြုစုစောင့်ရှောက်ရေးသမားတိုင်းနဲ့ မတည့်ပါဘူး အလုပ်လိုနေတဲ့ ဘန်နဲ့ ကလန်ကဆန်လုပ်တတ်တဲ့ ထရေဗာတို့တွေ့ပြီး ဘယ်လိုတွေဖြစ်ကြမှာလဲဆိုတာ ဘယ်လိုပုံစံမျိုးတွေ ပြုစုစောင့်ရှောက်ပေးရမလဲဆိုတာ တော့ ပရိတ်သတ်ကြီးက ဆက်လက်ရှူစားကြရမှာပါ ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ Poe Thinzar Kyaw ကရေးသားပေးထားတာပါဗျDownload On Pcloud
movie
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး
2016
Gulliver’s Travel (2010) မြန်မာစာတန်းထိုး 4.9
Gulliver’s Travel (2010) မြန်မာစာတန်းထိုး စာရေးဆရာကြီး Jonathan Swift ရဲ့ Gulliver's Travel ၀တ္ထုကို ပြန်လည်မှီငြမ်းကာရိုက်ကူးထားပြီး imdb rating 4.9 သာရရှိထားပေမယ့် အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ လီမြူရယ် ဂါလီဗာ ဟာ နယူးရောခ့်ဒေးလီး သတင်းစာတိုက်ရဲ့ စာပို့ဌာနမှာ ဆယ်နှစ်ကြာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ တကယ်တမ်းတော့ သူဟာ အဲ့ဒီနေရာကနေထုတ်ပယ်ခံရမှာကြောက်နေသူ အရှုံးသမားတစ်ယောက်ဖြစ်မှာကိုကြောက်ရွံ့နေသူတစ်ယောက်ပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ စာပို့ခန်းငယ်လေးထဲကို အလုပ်သမားရောက်လာချိန်မှာတော့ သူအထင်သေးထားတဲ့အလုပ်သမားသစ်က မမျှော်လင့်ပဲ သူ့ထက်ရာထူးတိုးသွားပြီး စိတ် ဓာတ်ကျနေချိန်မှာ သတင်းစာတိုက်ရှိ သူတိတ်တခိုးချစ်နေရတဲ့အယ်ဒီတာ မလေး ဒါစီ ဟာ ဘာမြူဒါတြိဂံဒေသတွင်းက ကျွန်းတစ်ကျွန်း ကိုလေ့လာရန်လွှတ်လိုက်ရာမှ လှေပျက်ကာ မမျှော်လင့်ပဲ ငလက်မလေးများနေထိုင်ရာ လီလီပွတ် ကျွန်းသို့ရောက်သွားပြီး အထင်မှားကာဖမ်းဆီးခြင်းခံထားရာကနေ သူ့ရဲ့ အမှတ်မထင် လုပ်ရပ်တွေကြောင့် သူရဲကောင်းဖြစ်ကာ သူကောင်းပြုခြင်းခံခဲ့ရာမှ သူ့ကို ချစ်သူတွေရှိလာသလို သူ့ကိုမုန်းသူတွေလည်းရှိလာပြီး သူ့ကိုမုန်းသူတွေက ဘယ်လိုတွေရန်ရှာချောက်တွန်းမလဲ သူကရော သူနေထိုင်တဲ့ မြို့ကိုပြန်ရောက်နိုင်ပါမလား ...
movie
Gulliver’s Travel (2010) မြန်မာစာတန်းထိုး
2010
Hon3y : Dare To Dance (2016) မြန်မာစာတန်းထိုး
Hon3y : Dare To Dance (2016) မြန်မာစာတန်းထိုး   Step-up ကားတွေကို ကြည့်ဖူးတဲ့သူတွေဆို ဒီကားလေးကိုလဲ ကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ် ဇာတ်လမ်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ ဇာတ်လမ်းထဲမှာ ပါထားတဲ့ အကတွေကို တကားလုံး ကြည့်ခြင်အောင်ဆွဲဆောင်သွားမှာပါ ကိတ်တောင်း မြို့မှာ တက္ကသိုလ်တက်နေတဲ့မီလီယာ မာတင်ဟာ တက္ကသိုလ်ရဲ့ တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေကြောင့် ကျောင်းကထွက်ပြီး သူ့ရဲ့ စွမ်းရည် အကနဲ့ ကြီးပွားဖို့ လမ်းစရှာရာမှ မာတင် ဟာ အောင်မြင်မှုရသွားမှလား ဘယ်လို အခက်အခဲတွေကိုကောကြုံတွေ့ရအုံးမလဲ ဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့   Download Vip Link   Download On Pcloud Large File   Download On Pcloud Small File
movie
Hon3y : Dare To Dance (2016) မြန်မာစာတန်းထိုး
Bean (1997) 6.3
Bean (1997) ကဲ ဒီတစ်ခါတော့ ပရိသတ်ကြီးအတော်များများ သဘောကျ ချစ်ခင်ကြတဲ့ မင်းသားကြီး ရိုဝင် အက်ကင်ဆန် ရဲ့ အထိမ်းအမှတ်ဇာတ်ကောင် Mr.Bean ရဲ့ ပေါက်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ၁၉၉၇ မှာထွက်ခဲ့တဲ့ ဒီကားကို အတော်များများ ကြည့်ဖူးကြမှာ မှန်ပေမယ့် ရုပ်သံအရည်အသွေးကောင်းကောင်း မြန်မာစာတန်းထိုးနဲ့ မရှိသေးတဲ့ အတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘဝမှာ မမျှော်လင့်ပဲ ဘယ်လိုအခက်အခဲတွေ ကြုံတတ်တယ်...မိသားစုဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာရယ်...တာဝန်ယူတတ်တဲ့စိတ်ဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်အဓိက ကျတယ်ဆိုတာတွေကို ဟာသတွေအများကြီးနဲ့ ချပြထားတာဖြစ်ပါတယ်ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ Mr.Bean တစ်ယောက် မထင်မှတ်ပဲ အမေရိကန်နိုင်ငံသို့ လုပ်ငန်းကိစ္စဖြင့် စေလွှတ်ခံရပြီး သူ့ရဲ့ထုံးစံအတိုင်း အလွဲတွေ ပေါက်ကရတွေ လုပ်မိပုံကို ရိုက်ကူးပြသထားပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပန်းချီကားကို ဘယ်သို့ဘယ်ပုံ ဖျက်ဆီးမိလဲဆိုတာ ရယ် Mr.Beanအနေနဲ့ သူ့အမှားတွေကို ပြန်လည်ချေဖျက်ပြပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ သလို လူတစ်ယောက်မှာ မိသားစုနဲ့ တာဝန်ယူစိတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ သင်ခန်းစာကိုပါ ကောင်းကောင်းကြီးပေးစွမ်းနိုင်ခဲ့တဲ့ ...
movie
Bean (1997)
1997
Soul Surfer (2011)
Soul Surfer (2011) လူတိုင်း၌ ထူးခြားသော အခွင့်အရေးတစ်ရပ်စီ ပိုင်ဆိုင် ထားကြသည်။ သို့သော် ထိုအခွင့်အရေးကို  ရယူအသုံးချနိုင်ရန်မှာ လူတစ်ဦးချင်းစီ စိတ်စွမ်းအားဖြင့်သာ သက်ဆိုင်မှုရှိ ကြောင်းကို  Soul Surfer  ဇာတ်ကား၌ ဖွင့်ဆိုခဲ့ပါသည်။ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးခဲ့သော ဇာတ်ကား ဖြစ်ပါသည်။ လက်တစ်ဖက်မရှိတော့ဘဲ ပရော်ဖက်ရှင်နယ် ရေလွှာလှိုင်းစီးသူဖြစ်လာခဲ့သည့် ဘတ်တနီဟမ်မယ်လ်တန် အကြောင်းကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။IMDb Rating (7.1/10) ရရှိထားပါတယ်။ဟမ်မယ်လ်တန်ကို ၁၉၉၀ပြည့်နှစ်၌ ရေလွှာလှိုင်းစီးသူ မိဘနှစ်ပါးမှ ဟာဝိုင်အီတွင် မွေးဖွားခဲ့သည်။ မိဘများနည်း တူ ရေလွှာလှိုင်းစီးခြင်းကို ဝါသနာထုံသူဖြစ်ပြီး ငယ်စဉ်ကတည်းကပင် ရေလွှာလှိုင်းစီးခဲ့သူ ဖြစ်ပါသည်။ ထိုစဉ်က တည်းက ဟမ်မယ်လ်တန်ကို အလားအလာရှိသော ရေလွှာ လှိုင်းစီးသူ ဆယ်ကျော်သက်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဒေသတွင်း ပြိုင်ပွဲများတွင်လည်းထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ကိုယ်လက်အင်္ဂါချို့ယွင်းမှုမရှိသော လူတစ်ဦးအဖြစ်လည်း ရပ်တည်ရှင်သန်နေခဲ့ပါသည်။၂၀ဝ၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့။  ဟမ်မယ်လ်တန်နှင့် သူငယ်ချင်းဖြစ်သူ အယ်လန်နာဘလန်ချက် နှင့် ရေလွှာလှိုင်းစီးထွက်ခဲ့သည်။ သူတို့နှင့်အတူ ဘလန်ချက်၏ ဖခင်လည်း လိုက်ပါခဲ့သည်။ ရေလွှာလှိုင်းစီးနေရင်းက ပင် ဟမ်မယ်လ်တန်ကို ငါးမန်တစ်ကောင်က ဝင်ဆွဲခဲ့သည်။ ...
movie
Soul Surfer (2011)
Sky High (2005) 6.2
Sky High (2005) ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File Size         : 710 MB Quality           : ...
movie
Sky High (2005)
The Sorcerer’s Apprentice (2010) 6.1
movie
2010
Daddy’s Home (2015) 6.2
Daddy’s Home (2015) Daddy's Home (2015)_____IMDb - 6.2/10  IMDb rating 6.2/10 ရရှိထားပြီး ဖခင်(ပထွေးတယောက်နဲ့ ဖခင်အရင်းတယောက်တို့ရဲ့ မိဘ မေတ္တာကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်) ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ Will Ferrell, Mark Wahlberg မင်းသားကြီး ၂ယောက်က ပါဝင်သရုပ်ဆောင်ထားတာ ဆိုတော့ ဇာတ်ကားက ကောင်းတယ် မကောင်းဖူးကတော့ မပြောတော့ပါဘူး ပရိတ်သတ်ကြီးကပဲ ကိုယ့်ဖာသာဒေါင်းယူကြည့်ပြီး ဆုံးဖြတ်ကြပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ခရစ်စမတ်ကျောင်းကပွဲအတွက် အဖေ ၂ယောက် အပြိုင်အဆိုင် ရွေးချယ်ခံရဖို့ကို ကြိုးစားကြပုံကို ရိုက်ကူးပြထားတာပါ။ ပထွေးဖြစ်သူ Mark Wahlberg ဟာ သူ့ မယားပါ ကလေးတွေကို နားလည်မှုရရှိရန် ကြိုးစားနေတုန်းမှာဘဲ မထင်မှတ်ထားတဲ့ ဆာရာ (Linda Cardellini) ရဲ့ အရင်ယောကျာ်း Will Ferrell, ရောက်ရှိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်လတ်ဖြစ်ပျက်ကြမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ(ဒီဇာတ်ကားမှာ ပထွေးတယောက်ရဲ့ ခံစားချက်ကို ထိထိမိမိပုံဖော်ပြထားလို့ ပထွေးဖြစ်အောင်ကြိုးစားကြည့်ကြပါလို့) File size...(620 MB)   Quality...720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay    အစမ်းကြည့်ရန် 
movie
Daddy’s Home (2015)
2015
The Golden Compass (2007) 6.1
movie
2007