Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Family
Dancing Queen (2012)
အချစ် ပာာသ ဇာတ်လမ်းလေးပါ ဒီကားလေးက တော်တော်စိတ်ဝင်စားစရာကောင်းတယ်ဗျ IDM 6.4 တောင်ရထားပါတယ်ငယ်ငယ်တုန်းကကျောင်းအတူတက်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် အမှတ်မထင်ပြန်တွေ့တယ် အိမ်ထောင်ကျသွားတယ်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့ကြတော့ အိမ်မက်တွေကိုအကောင်အထည်ဖော်ခွင့်မရခဲ့ရှာဘူးယောက်ျားအကြောင်းကစပြောရအောင်တနေ့ ယောက်ျားဖြစ်သူက သူများဝိုင်းတွန်းလို့ လူကယ်မိပြီး သူရဲကောင်းဖြစ်လာတယ် မီဒီရာတွေ သတင်းတွေမှာသူကနာမည်ကြီးလာတော့ နိုင်ငံရေးသမားတွေကလည်း မျက်စိကျလာပြီး နိုင်ငံရေးထဲဆွဲသွင်းတော့တယ်ဗျာ အဲ့မှာပြဿနာစတာပဲဗျ ယောက်ျားရဲ့ ငယ်ငယ်ကအိမ်မက်က သမ္မတဖြစ်ဖို့ဆိုတော့ အိမ်မက်တွေတကယ်ဖြစ်လာတဲ့အခါ ဘာဆက်ဖြစ်မလဲကြည့်လိုက်ပေါ့ဗျာမိန်းမအကြောင်းပြောရမယ်ဆိုရင် မိန်းမအိမ်မက်က အဆိုတော်ဖြစ်ဖို့ပါ ငယ်စဉ်က ရှင်ချွန်းရဲ့ မက်ဒေါနား ဆိုပြီးနာမည်ကြီးသူပါမိန်းမရဲ့ သူငယ်ချင်းက အဆိုပြိင်ပွဲ သူနဲ့အတူဝင်ပြိုင်ဖို့ပြောတယ်ဗျာ မိန်းမကမဖြစ်ပါဘူးပြောတော့ သူငယ်ချင်းက အိမ်ထောင်ရှင်မိန်းမတွေတော်တော်များများခံစားရတဲ့စကားလုံးတွေပြောသွားပြီးစည်းရုံးလိုက်တယ်(ဘာပြောတာလဲသိချင်ရင်ကြည့်လိုက်ပါ????????) သွားပြိုင်တော့ ပါတနာမကောင်းလို့အထုတ်ခံလိုက်ရတယ်ပေါ့ ဒါပေမဲ့ ငယ်သူငယ်ချင်းတစ်ယောက်က ရှင်ချွန်းရဲ့ မက်ဒေါနား ဆိုတာကိုမှတ်မိသွားပြီး အဖွဲ့ဖွဲ့ဖို့ကမ်းလှမ်းလိုက်တာပေါ့ အိမ်မက်နဲ့လက်တွေ့ထပ်တူကျချိန်မှာတော့ ပေါ်လာမယ့်ပြဿနာတွေကဘာဖြစ်မလဲ?အိမ်မက်နောက်ကိုလိုက်ရင် ချစ်တဲ့သူတွေကွဲကွာသွားမှာလား အိမ်မက်ကိုအရှုံးပေးပြီး ချစ်တဲ့သူကိုပဲရွေးမှာလား အိမ်မက်နောက်လည်းလိုက် ချစ်တဲ့သူနဲ့တူတူနေရမှာလားဇာတ်သိမ်းပိုင်းလေးတကယ်ချစ်စရာကောင်းပါတယ်ကြည့်ကြည့်ပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Nyein Chan Htet ပဲ ဖြစ်ပါတယ်)File Size : 850 MB / 400 MB Quality : Bluray 720P Running Time : 2hr 4minutes Format : Mp4 Genre : Comedy, ...
movie
Dancing Queen (2012)
6.1
Swallows and Amazons (2016) IMDb - 6.1/10_____Rotten - 94%ဂျွန်တို့မောင်နှစ်မလေးယောက်ဟာ ကျောင်းပိတ်ရက်ရှည်မှာ နယ်မြို့လေးတစ်မြို့ကိုအပန်းဖြေခရီးထွက်ခဲ့ရာမှာ…အိမ်နဲ့မနီးမဝေး ကျွန်းလေးတစ်ကျွန်းကို campထွက်ဖို့မိခင်ဆီမှခွင့်ပြုချက်ရခဲ့ရာမှ …ကျွန်းမှာ အုပ်စိုးနေတဲ့Amazonsတွေနဲ့ဘယ်လိုတွေတိုက်ခိုက်ပြီး ကျွန်းမှာစခန်းချနေထိုင်ကြမလဲ…တစ်ဖန်ကျွန်းမှာပုန်းအောင်းနေတဲ့… အစိုးရကအလိုရှိနေတဲ့ရုရှားသူလျှိုကြီးနဲ့လည်းပြဿနာဖြစ်ခဲ့ရာမှမောင်နှမတွေဘယ်လိုတိုင်ပတ်ကြမလဲ…အစကတကျက်ကျက်မတည့်ကြတဲ့မောင်နှမတွေ အုပ်ထိန်းသူမပါဘဲတစိမ်းနဲ့တိုက်ခိုက်ရတဲ့အခါဘယ်လိုညီညီညွတ်ညွတ် စည်းလုံးသွားကြသလဲ ဆိုတာပျော်ရွှင်ရယ်မောဖွယ်မိသားစုလိုက်ကြည့်ရှုသင့်တဲ့ ချစ်စရာmovieလေးတစ်ပုဒ်လို့ညွှန်းလိုက်ချင်ပါတယ်…ဂြှနျတို့မောငျနှဈမလေးယောကျဟာ ကြောငျးပိတျရကျရှညျမှာ နယျမွို့လေးတဈမွို့ကိုအပနျးဖွခေရီးထှကျခဲ့ရာမှာ…အိမျနဲ့မနီးမဝေး ကြှနျးလေးတဈကြှနျးကို campထှကျဖို့မိခငျဆီမှခှင့ျပွုခကြျရခဲ့ရာမှ …ကြှနျးမှာ အုပျစိုးနတေဲ့Amazonsတှနေဲ့ဘယျလိုတှတေိုကျခိုကျပွီး ကြှနျးမှာစခနျးခနြထေိုငျကွမလဲ…တဈဖနျကြှနျးမှာပုနျးအောငျးနတေဲ့… အစိုးရကအလိုရှိနတေဲ့ရုရှားသူလြှိုကွီးနဲ့လညျးပွူနာဖွဈခဲ့ရာမှမောငျနှမတှဘေယျလိုတိုငျပတျကွမလဲ…အစကတကကြျကကြျမတည့ျကွတဲ့မောငျနှမတှေ အုပျထိနျးသူမပါဘဲတစိမျးနဲ့တိုကျခိုကျရတဲ့အခါဘယျလိုညီညီညှတျညှတျ စညျးလုံးသှားကွသလဲ ဆိုတာပြောျရှှငျရယျမောဖှယျမိသားစုလိုကျကွည့ျရှုသင့ျတဲ့ ခစြျစရာmovieလေးတဈပုဒျလို့ညှှနျးလိုကျခငြျပါတယျ… Quality…..BluRay 1080p Duration…..01:36:00 Format…Mp4 File Size…(764 MB) Translator…..May Thazin Myint Encoder…..Moe Myint Lwin
movie
Swallows and Amazons (2016)
6.4
Mr. Bean’s Holiday (2007)
Mr. Bean's Holiday (2007)__________IMDb - 6.4/10အက်ရှင်တွေ အချစ်တွေ အကြမ်းတွေ များလာတော့ ဒီတစ်ခါ ပရိသတ်ကြီးပေါ့ပေါ့ပါးပါး လေးဖြစ်သွားအောင် Mr.Bean's Holidayလေး တင်ပေးလိုက်ပါတယ် Mr.Beanရယ်လို့ အသံကြားလိုက်ရုံနဲ့ ရုပ်ရှင် ခရေဇီတွေရော သာမန်ရုပ်ရှင်ပရိသတ်တွေပါ အလိုလို အူမြူးလာတတ်ကြပါတယ်။ဒီ Mr.Bean's holidays ဟာ ဆိုရင်လည်း ရုပ်ရှင် ပရိသတ်တွေ တော်တော်များများ အထူးနှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်ကားတစ်ကားပါ။ 'Old but gold' ဆိုတဲ့စကားဟာ ဒီ ဇာတ်ကားလေး အတွက်လည်း မှန်တယ်ခင်ဗျ။ မြန်မာစာတန်းထိုး နဲ့မှ ကြည့်ရတာ ဖီးလ် ပိုရှိတယ်ဆိုတဲ့ ချစ်ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးရဲ့ အစမှာတော့ Mr.Beanက ကံကောင်းတယ်ဗျ။ကန်းနက်စ် ကို ခရီးသွားဖို့ လက်မှတ်ရယ် ဗွီဒီယိုကင်မရာလေးတစ်လုံးရယ် ယူရို ၂၀၀ ရယ် မဲပေါက်ခဲ့တာကိုး (ဒါတောင်ဆရာသမားက တေ့လွဲ လွဲဦးမို့) ...
movie
Mr. Bean’s Holiday (2007)
7.6
The Little Mermaid (1989)
movie
1989
6.3
Oz the Great and Powerful (2013)
သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။ သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေး နဲ့ တွေ့ ဆုံခဲ့ပါတယ် အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲက နေကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက် မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင် ...
movie
Oz the Great and Powerful (2013)
2013
4.9
Scooby-Doo (2002)
စကူဘီဒူး ကားလေးတွေကိုတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်ကြမှာပါ.... ဒီကားလေးဟာလူငယ်စုံထောက်လေးတွေဖွဲ့စည်းထားတဲ့ ကင်းထောက်အဖွဲ့အကြောင်းကို ရသပေါင်းစုံရှု့ထောင့်ပေါင်းစုံကနေကြည့်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ထူးဆန်းတဲ့ အမှု့ကိစ္စများကိုဖြေရှင်းကိုင်တွယ်ပေးနေကျဖြစ်တဲ့ လူငယ်စုံထောက်အဖွဲ့ဟာ ချောက်ခြားဖွယ်ကောင်းတဲ့ ကျွန်းကိုမထင်မှတ်ပဲ လေးယောက်လုံးဖိတ်ကြားခြင်းခံခဲ့ရပါတယ်... အဲ့ကျွန်းပိုင်ရှင်ကတော့ အားလုံးသိကြတဲ့ ဟာသမင်းသားကြီး Mr.Bean ဖြစ်ပါတယ်.... အဲကျွန်းမှာတော့လူငယ်တွေအားလုံးဟာ သူရဲဝင်ပူးခံရသလို ထူးထူးဆန်းဆန်းဖြစ်နေကြပါတယ်... ဒါကြောင့် လူငယ်စုံထောက်အဖွဲ့ဝင်တွေဖြစ်တဲ့ ဖရက် ဗယ်မာ ဒက်ဖနီ နဲ့ ရှယ်ဂီတို့ဟာ ဒီကိစ္စဖြစ်စဉ်ကို ပေါ်ပေါက်အောင် စုံစမ်းကြမှာပဲဖြစ်ပါတယ်.... ရှယ်ဂီရဲ့ထုံးစံအတိုင်း တလွဲတွေလုပ်တတ်တာရယ် စကူဘီဒူးရဲ့ အစားမက်တာတွေရယ်က ဇာတ်လမ်းတစ်ခုလုံးကို မပျင်းရလေအောင် ရယ်မောပြီးကြည့်ရမှာဖြစ်ပါတယ်....Quality…..BluRay 720p Duration…..01:26:00 Format…Mp4 File Size…(620 MB , 378 MB) Encoder…..Moe Myint Lwin Translator…..Hnin Oo Wai
movie
Scooby-Doo (2002)
N/A
Max 2: White House Hero (2017)
တိရိစ္ဆာန်ချစ်တဲ့သူတွေအတွက် ၂၀၁၇ ထွက် ခွေးကားကောင်းကောင်းလေးပါ။ ဒီဇာတ်ကားထဲမှာ မာက်စ် ဟာ စစ်ဖက်ဆိုင်ရာဗုံးရှာဖို့အတွက် အထူးလေ့ကျင့် သင်ကြားပေးထားတဲ့ ခွေးလေးတစ်ကောင်ပါ။ စစ်တပ်တွေ တစ်တပ်ပြီးတစ်တပ်ပြောင်း တာဝန်ထမ်းဆောင်နေတဲ့ခွေးလေးပါ။ အမေရိကန်အစိုးရအနေနဲ့ နျူကလီယားလက်နက်တွေ ထိန်းချုပ်လျော့ပါးရေး အတွက် လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ရှရှားနဲ့စေ့စပ်ညှိုနှိုင်းရေးတွေလုပ်နေပါတယ် ။ ဒီညှိုနှိုင်းရေးအတွက် ရှရှားသမ္မတကိုယ်တိုင် အမေရိကန်ကို တစ်ပတ်တိတိ လာရောက်လည်ပတ်ရင်းနဲ့ စေ့စပ်ညှိုနှိုင်းကြမှာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အိမ်ဖြူတော်ရဲ့ ဗုံးရှာတဲ့ခွေးမလေး “ချာလီ”ဟာ မီးဖွားခွင့်ယူသွားလို့ “မာက်စ်”ဟာ အစားထိုးတာဝန်ယူဖို့ အိမ်ဖြူတော်ကို ရောက်လာပါတယ်။ အမေရိကန် သမ္မတအသစ် မှာ “တီဂျေ” လို့ခေါ်တဲ့ဆယ်ကျော်သက်အရွယ် သားလေးတစ်ယောက် ရှိသလို ရှရှားသမ္မတမှာလည်း အဲလက်ဇန်းဒါးလို့ခေါ်တဲ့ဆယ်ကျောက်သက် သမီးလေးတစ်ယောက်ရှိပါတယ်။ နှစ်နိုင်ငံညှိုနှိုင်းရေးကို နှောင့်ယှက်ဖျက်ဆီးချင်သူနေတွေကလည်း ရှိနေပါတယ်။ ဒီနှောင့်ယှက်ဖျက်ဆီးမှုကို ဆယ်ကျော်သက်ကလေး ၂ ယောက်ရယ် ခွေးတစ်ကောင်ရယ် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ ကလေးသရုပ်ဆောင် ၂ ယောက်ရဲ့ ချစ်စရာကောင်းပြီးသရုပ်ဆောင်ပိုင်နိုင်မှုနဲ့ ခွေးလေးရဲ့ လိမ္မာပါးနပ်မှုကြောင့် ဒီကားလေးဟာ ကြည့်ပြီးရင်းကြည့်ချင်လောက် အောင်ကို ...
movie
Max 2: White House Hero (2017)
2017
5.8
Return to Never Land (2002)
ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်... ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်... အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်...ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်... ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်... ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်... ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်... ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်...ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်.. ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး.. ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်.. တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့ ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်... အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ...ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ.. အဲတော့ ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ... သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား... Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်... ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....Quality…..BluRay 1080p Duration…..01:12:00 Format…Mp4 File Size…( 520 MB) Encoder…..Moe Myint Lwin Translator…..Moe Myint Lwin Download ...
movie
Return to Never Land (2002)
2002
7.3
Bambi (1942)
Bambi (1942)IMDb - 7.3/10_____Rotten - 90% Rating 7.3 ရရှိထားတဲ့ 1942 ခုနှစ်ကထွက်ရှိထားတဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့် သစ်တောကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့ နိမိတ်နဲ့ နောက်ထပ်သမင်လေးတစ်ကောင်မွေးဖွားလာပြီဆိုပြီး ဘမ်ဘီဆိုတဲ့ သမင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်... သူ့အတွက်သူငယ်ချင်းအသစ်တွေလည်းရလာခဲ့ပါတယ်... တစ်နေ့မှာ ဘမ်ဘီရဲ့ အမေသမင်မကြီးဟာ လူမုဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်... ဒါကြောင့် လူသားမျိုးနွယ်တွေရဲ့ ဖျက်ဆီးနေတဲ့ ဒီတောကြီးကို ဘမ်ဘီလေးအရွယ်ရောက်လာတဲ့အချိန်မှာ ကာကွယ်ပေးနိုင်မလား.... အဲ့ဒီမုဆိုးတွေကကောတောထဲကို ပြန်ပြီးလာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်... Animation အပိုင်းမှာကျော်ကြားလှတဲ့ Disney ဟာ ဒီ Animation ကားလေးထဲမှာလည်း ချစ်စရာကောင်းလှတဲ့ အကောင်လေးတွေနဲ့ လှပတဲ့ရှု့ခင်းများကိုလည်း ထပ်ပြီးအားဖြည့်ထားခဲ့ပါတယ်... ကျွန်တော်တို့ ကလေးဘဝတုန်းက အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ခဲ့ရပေမယ့် အခုခေတ် သားသားမီးမီးများ မြန်မာစာတန်းထိုးနဲ့ကြည့်ရှု့ခွင့်ရအောင် တင်ဆက်ပေးလိုက်ပါတယ်.... Duration…..01:10:00 Format…Mp4 File Size…(500 MB) Encoder…..Moe Myint Lwin Translator…..Myat Ko Ko (Jack Li)
movie
Bambi (1942)
1942
8.0
Beauty and the Beast (1991)
ဒီ Animation ကားလေးကတော့ 1991 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Rating အမြင့်ဆုံးရရှိခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်... ဒီကားလေးကိုလူတိုင်းနဲ့စိမ်းကြမယ်မထင်ပါဘူး... Disney ရဲ့ အအောင်မြင်ဆုံးခြေလှမ်းတစ်ခုဖြစ်စေခဲ့တဲ့ Animation ဖြစ်ခဲ့သလို အခုခေတ်ထိတိုင်အောင် ပရိတ်သတ်တွေရင်ထဲမှာ စွဲမြင်နေခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဇာတ်လမ်းလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် အရမ်းကိုမောက်မာတဲ့မင်သားလေးတစ်ပါးဟာ လူတိုင်းကိုမောက်မောက်မာမာနဲ့ဆက်ဆံခဲ့တာကြောင့် တစ်နေ့မှာ အဘွားအိုကြီးတစ်ယောက်ရောက်လာခဲ့ပြီးတော့ အရမ်းအေးလွန်းတာကြောင့် မင်းသားလေးရဲ့ရဲတိုက်မှာ ခဏလောက်တည်းခိုခွင့်တောင်းခဲ့ပါတယ်... ဒါပေမယ့် မင်းသားလေးဟာ ညစ်ပတ်စုတ်ပြတ်လှတဲ့ အဘွားအိုကြီးရဲ့ပုံစံကိုကြည့်ပြီးတော့ မောက်မောက်မာမာနဲ့နှင်ထုတ်ခဲ့ပါတယ်... အဲ့ဒီအချိန်မှာ အဘွားအိုကြီးကနေ နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားပြီးတော့ မင်းသားလေးရဲ့ရင်ထဲမှာချစ်ခြင်းတရားမရှိတာကိုသိသွားတဲ့ နတ်သမီးက မင်းသားလေးကို အလွန်ရုပ်ဆိုးတဲ့တောရိုင်းသတ္တ၀ါကြီးအဖြစ်ပြောင်းခဲ့ပါတယ်... သူတင်မကပဲ ရဲတိုက်ကြီးထဲမှာနေတဲ့ လူတွေအားလုံးကိုအသွင်ပြောင်းပြီးအပြစ်ပေးခဲ့ပါတယ်.. နတ်သမီးက သူ့ကို ပေးခဲ့တဲ့နှင်းဆီပန်းက တကယ်တော့ မှော်ဝင်နှင်းဆီပန်းပါ... အဲ့ဒီပန်းဟာ သူ့ရဲ့အသက် ၂၁ နှစ်ပြည့်မှာ ပွင့်မှာဖြစ်ပြီးတော့ တကယ်လို့ အဲဒီ ၂၁ နှစ်မွေးနေ့မတိုင်ခင် သူရင်ထဲအချစ်ရှိလာပြီးတော့ မိန်းကလေးတစ်ယောက်အဲချစ်နိုင်ခဲ့ရင် အဲ့ဒီသူချစ်ရတဲ့မိန်းကလေးကလည်း အဲဒီပန်းရဲ့နောက်ဆုံးပွင့်ဖတ်မကြွေခင် အချိန်မှာ သူ့ကိုပြန်ပြီးတော့ချစ်နိုင်ခဲ့ရင် သူ့အပေါ်ကိုပြုလုပ်ထားတဲ့ နတ်သမီးရဲ့ကျိန်စာက ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်... ဒီလိုမဟုတ်ပဲ မင်းသားလေးဟာ ဒီတိုင်းဆက်ပြီးနေဦးမယ်ဆိုရင်တော့ သူဟာထာဝရဒီရုပ်ဆိုးသတ္တ၀ါကြီးအနေနဲ့ပဲ ဆက်လက်ရှင်သန်သွားရမှာပါ... ကဲ ချစ်ခြင်းတရားက အရာရာကိုပြောင်းလဲသွားစေနိုင်လား... အချစ်ဆိုတာ ရိုင်းစိုင်းတဲသူကို သိမ်မွေ့အောင်လုပ်ပေးနိုင်မလားဆိုတာ.... ချစ်စရာ Animation ကာတွန်းပုံရိပ်လေးများနဲ့ အိပ်ရာဝင်ပုံပြင်လေးအဖြစ် အိပ်ခါနီး ကြည့်လိုက်ရအောင်လားဗျာ...Quality…..BluRay 1080p Duration…..01:24:00 Format…Mp4 File Size…(657 MB , 329 MB ) Encoder…..Moe ...
movie
1991
6.3
The Chronicles of Narnia 3 : The Voyage of The Dawn Treader
Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလ၀တ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ တတိယမြောက်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ပီတာနဲ့ဆူဆန် ...
movie
The Chronicles of Narnia 3 : The Voyage of The Dawn Treader
2010
7.4
Alice in Wonderland (1951)
Animation ကားကောင်းလေးတစ်ကားဖြစ်တဲ့ Alice In Wonderland စာ 1951 ခုနှစ်ကထွက်ရှိထားခဲ့ပြီးတော့ Movie ပြန်ရိုက်ရတဲ့အထိကိုအောင်မြင်မှု့ရရှိခဲ့ပါတယ်.... ဇာတ်လမ်း အကျဉ်းကိုပြောပြရမယ်ဆိုရင် ယုန်လေးတစ်ကောင်နောက်ကို စူးစမ်းပြီးလိုက်ခဲ့တဲ့ အဲလပ်လေးတစ်ယောက် သူစိတ်ကူးထားတဲ့ သူတကယ်ဖြစ်ချင်နေတဲ့ ထူးဆန်းပြီး အပြင်မှတကယ်မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲကိုရောက်ရှိသွားခဲ့ပါတယ်... မြင်မြင်သမျှအရာအားလုံးက သူမအတွက်တော့တကယ်ကိုအထူးဆန်းတွေချည်းပဲဖြစ်နေလို့ နောက်ဆုံးတော့ သူမအိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... အဲ...ဒါပေမယ့် သူမအိမ်ပြန်ဖို့လမ်းရှာနေတဲ့အချိန်မှာ အနီရောင်ဘုရင်မနဲ့စတွေ့ပါတော့တယ်... အနီရောင်ဘုရင်မကတော့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိသူပါ... ဒီလိုရက်စက်တဲ့ အနီရောင်ဘုရင်မလက်ထဲကနေ လွတ်မြောက်အောင် အဲလပ်လေးဘယ်လိုလုပ်မလဲ... သူမအိမ်ကောပြန်ရောက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားလေးဟာတော့ Animation ကြိုက်သူများအတွက်အထူးသင့်တော်တဲ့ ညအိပ်ရာဝင်ပုံပြင်ကားလေးပဲဖြစ်ပါတယ်.. မိဘများအနေနဲ့လည်းသားသားလေး မီးမီးလေးများကို အိပ်ခါနီးအချိန် ပြသပြီးချော့သိပ်လို့ရပါတယ်...Quality…..BluRay 1080p Duration…..01:15:00 Format…Mp4 File Size…(539 MB , 306 MB ) Encoder…..Moe Myint Lwin Translator…..Myat Ko Ko Download with VIP Link Download with Openload Download with Openload (Small Size)
movie
Alice in Wonderland (1951)
1951
6.8
Babe (1995)
ကဲ အားလုံး နောက်ကကြည့်ဖို့ 1995 ခုနှစ်ကထွက်ရှိခဲ့တဲ့ Babe ဆိုတဲ့ ၀က်လိမ္မာ ကား လေးကိုတင်ဆက်ပေးမယ် ဒီကားလေးက ၁၉၉၅ ခုနှစ်မှာ Best Movie Of the Year ဆုကိုရရှိခဲ့ပါတယ်တဲ့ ၁၉၉၀ ပတ်ဝန်းကျင်က မွေးခဲ့ကြတဲ့သူတွေဆို ဂျီးကပ်နေတဲ့ လေးထောင့် ဗီဒီိယို တိပ်ခွေကြီးတွေနဲ့ ကောင်းခန်းရောက်မှ တဂျစ်ဂျစ်နဲ့ လိုင်းတွေထနေတဲ့ပုံရိပ်တွေနဲ့ အတူကြည့်ရှူဖူးကြမှာပါ ကဲ ကျွန်တော် ဒီနေ့တင်ပေးမယ့် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘာတဲ့လဲဟေ့ Babe နော် ကဲအားလုံးနားထောင်ကြဗျာ ကြင်နာတတ်တဲ့ လယ်သမားကြီး ဟော့ဂတ်ဟာ ဒေသတွင်းတိရိစ္ဆာန်ပြိုင်ပွဲမှာ babe နဲ့အတူတူ ဆုရခဲ့ပါတယ်တဲ့ ကဲပရိတ်သတ်ကြီးရေ တနေ့ ခရစ္စမတ်ပွဲမှာ တော့ ဟော့ဂတ်တယောက်နောင် နှစ်မှာလဲ babe နဲ့ အတူတူ ထပ်မံအနိုင်ရဖို့ ဘာဘာညာညာကြွားပါ တော့တယ် ကဲ ပရိတ်သတ်ကြီးရေ babe ကကော ဒီတိုင်းနေမယ် ထင်သလား ဗျ မနေပါဘူးတဲ့ ပရိတ်သတ်ကြီးရေ babe ဆိုတဲ့ သောက်ကမျင်းဝက်ဟာ သူနဲ့ အတူတူနေတဲ့ တိရိစ္ဆာန်တွေဆီက အတုယူသင်ယူဖို့ကြိုးစားသတဲ့ ပရိတ်သတ်ကြီးရေ တော်တော် သောက်ကမျင်းတဲ့ ၀က်နော် ပရိတ်သတ်ကြီး ကဲ ပရိတ်သတ်ကြီးကော ဒီလိုသောက်ကမျင်း ၀က်တွေ့ဖူးကြလား အေး မတွေ့ဖူးရင် အခုချက်ချင်း ...
movie
Babe (1995)
1995
4.8
Surf’s Up 2: WaveMania (2017)
Rotten Tomatoes 68 percent ရထားတဲ့ 2017ခုနှစ်ထွက်animation,sport,comedyအမျိုးအစားကာတွန်းကားလေးပါခင်ဗျ နံပါတ်တစ်surf's up ရဲ့ဇတ်ကောင်ဖြစ်တဲ့ စွန့်စားရတာကြိုက်တဲ့codey ဟာရေလွှာလျှောစီးလောကကိုပြနိလာပြီးhang 5ဆိုတဲ့အဖွဲ့သားတွေနဲ့အတူ ကမ္ဘ္ဘာပေါ်မှာအကြီးမားဆုံးရေလှိုင်းတွေရှ်တဲ့tranchesဆိုတဲ့ကမ်းခြေကိုရှာပုံတော်ထွက်တဲ့ကားလေးဖြစ်ပါတယ် ဒီကားရဲ့ထူးခြားချက်လေးတစ်ခုကတော့ အသံသရုပ်ဆောင်ပေးထားတဲ့သရုပ်ဆောင်တွေဟာနှယ်နှယ်ရရမဟုတ်ပါဘူး Smackdown starတွေဖြစ်တဲ့john cena,triple h,undertakerတို့ဗျ.... အပြင်မှာသာလူကြမ်းကြီးတွေ ကားထဲမှာဘယ်လောက်ခွီလဲဆိုတာတော့ပြောမနေပါနဲ့...ပြောနေတာကြာပါတယ် မြန်မြန်လေးသာဒေါင်းကြည့် လိုက်ကြပါတော့ ဒီကားကို carey nyeinမှဘာသာပြန်ပေးထားပါတယ် File Size : 700 MB /300MB Quality : Webdl 720P Running Time : 1hr 24minutes Format : Mp4 Genre : Animation, Comedy, Family Encoder : Thanhtike Z
movie
Surf’s Up 2: WaveMania (2017)
2017
7.4
From Up on Poppy Hill (2011)
ဒီကားကတော့ 2011 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး 1963 ခုနှစ် ယိုကိုဟားမားကို အခြေပြုရိုက်ကူးထားပါတယ်.. ဒီကားရဲ့အဓိကထူးခြားချက်ကတော့ ဆွတ်ပျံ့ကြည်နူးစရာ သီချင်းနောက်ခံလေးတွေ တော်တော်များများပါရှိတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ Umi ဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးနဲ့ Shun ဆိုတဲ့ကောင်လေးတို့အကြောင်းပဲဖြစ်ပါတယ်.. Umi ဟာ အဖေဆုံးသွားပြီးနောက် အလုပ်များလွန်းတဲ့အမေနဲ့လဲ အတူမနေနိုင်ဘဲ အဖွားအိမ်မှာနေထိုင်ရတဲ့ လူကြီးဆန်ဆန်ရင့်ကျက်လှတဲ့ကောင်မလေးပါ.. သူ့အကျင့်ကတော့ အိမ်ရှေ့မှာ အမြဲတမ်း အလံလေးတွေ လွှင့်ထူထားတတ်တာပါပဲ... သူ့ညီမလေးကတော့ အလှအပမက်ပြီး ဆယ်ကျော်သက်ပီပီ စိတ်ကစားလွယ်လွန်းတဲ့ကလေးမလေး.. အဲဒီညီမလေးကြောင့်ပဲ Hero ဆန်ဆန် ရဲရင့်တည်ကြည်ပြီး အမှန်တရားဘက်ကရပ်တည်တတ်တဲ့ Shun နဲ့ စတင်တွေ့ဆုံခွင့်ရခဲ့ပါတယ်.. သူတို့ကျောင်းမှာ ကိုယ်ဝါသနာပါရာကလပ်အဖွဲ့တွေ စုဝေးနေထိုင်တဲ့ Latin Quarter ဆိုတဲ့အဆောက်အဦးကြီးတစ်ခု ရှိပါတယ်.. ကလပ်အဖွဲ့ဆိုတာကလဲ သင်္ချာကလပ်.. ဒဿနိကကလပ်.. ဓာတုဗေဒကလပ်.. ကဗျာကလပ်စသဖြင့် ဆယ်ကျော်သက်ကျောင်းသားတို့ရဲ့ အိမ်မက်တည်ရာ သူတို့ကမ္ဘာကြီးတစ်ခုပေါ့ဗျာ... ခက်တာက ...
movie
From Up on Poppy Hill (2011)
2011
6.0
My Big Fat Greek Wedding 2 (2016)
Thit San Khant ================= Download HD (810MB) Download Small (540MB)
movie
My Big Fat Greek Wedding 2 (2016)
2016
5.4
The Spy Next Door (2010)
movie
The Spy Next Door (2010)
8.1
The Road Runner Show (1966–1973)
90's Kid တွေ အသိဆုံးဖြစ်မှာပါ Coyote ဆိုတဲ့ မြေခွေး နဲ့ Road Runner ဆိုတဲ့ အပြေးသန်တဲ့ ကြက်ကလေး တို့ရဲ့ အရမ်းရယ်ရတဲ့ The Road Runner Show ကို အပိုင်းရှိသမျှ လက်လှမ်းမှီသမျှ အကုန်ပြန်စုစည်းပြီးတင်ပေးလိုက်ပါတယ်... နောက်လဲ ဒီလို Animation Show တစ်ချို့ကို ထပ်တင်ပေးသွားဖို့ရှိပါတယ် မမေ့သေးတဲ့ 90's Kid တွေ ရှိအုံးမယ် ထင်ပါတယ်...ကဲ ဆက်ကြည့်ပြီး ရယ်လိုက်ကြပါအုံး...Thit San KhantDownload List ============= EP 01 Ep 02 EP 03 EP 04 EP 05 EP 06 Ep 07 EP 08 EP 09 EP 10
movie
The Road Runner Show (1966–1973)
1966–1973
Hachiko Monogatari (1987)
ဟချိကိုရဲ့ဒိုင်ယာရီ ကျွန်တော်မွေးရပ်မြေကအကိတဆိုတဲ့ဂျပန်နိုင်ငံကဒေ သတစ်ခုကပါပဲကျွန်တော့်ကိုမွေးစားဖို့ဆိုပြီးတိုကျိုကလူ တွေဆီပို့လိုက်ကြတယ်ဗျရထားစီးရတယ်ကျွန်တော်ကို လှောင်အိမ်ထဲမှာအစာရယ်ရေရယ်ထည့်ပြီး၂ရက် လောက်ကြာတဲ့ခရီးကိုသူတို့တွေထည့်လိုက်ကြတာပေါ့ ဗျာပင်ပန်းသလားမမေးပါနဲ့ဗျာရာသီဥတုကလည်းအေး ရထားကလည်းဆောင့်လိုက်တာကျွန်တော်သတိတောင် မေ့သွားခဲ့တယ်ဘယ်အချိန်တိုကျိုရောက်လာလဲဆိုတာ တောင်ကျွန်တော်မသိတော့ပါဘူးအို့အို့နဲ့ကျွန်တော့်ကို ခေါ်သံကြားမှကျွန်တော်နိးလာခဲ့တယ်ဆာလည်းအတော်ဆာနေပြီကိုးဗျကျွန်တော့်ရှေ့မှာနွားနို့ပန်ကန်က သောက်ချင်စရာကြီးဗျအာ့နဲ့မစဉ်းစားတော့ပါဘူးဆာဆာနဲ့လွေးလိုက်တာပေါ့ကျွန်တော့်ကိုပြုံးကြည့်နေတဲ့ - [ ] နှုတ်ခမ်းမွေးစစနဲ့လူကြီးတစ်ယောက်သူ့အပြုံးကအေးချမ်းလိုက်တာကျွန်တော်မြင်မြင်ချင်းသိလိုက်ပြီသူကကျွန်တော့်ရဲ့သခင်ပါပဲသူကကျွန်တော့်ကိုဖတ်ထား လိုက်တယ်ကျွန်တော့်ရင်ထဲနွေးထွေးသွားတယ်ကျွန် တော့်ရဲ့အဖေလိုပဲခံစားရတယ်ဗျကျွန်တော့်ကိုမွေးထား တဲ့လူကစိုက်ပျိုးရေးအင်ဂျင်နီယာတစ်ယောက်ပဲဗျသူ့နာ မည်ကအုအဲနိုတဲ့မြို့မှာတော့သူ့ကိုမသိသူမရှိပါဘူးလေ အဲဒီနောက်သူဟာကျွန်တော့်ရဲသခင်ဖြစ်လာတော့တာ ပေါ့သူကကျွန်တော့်ကိုအတော်ချစ်ဆိုပဲဗျကျွန်တော့်ကို သူ့သားအရင်းလိုပဲဘယ်သွားသွားခေါ်တယ်ကျွန်တော့် အမွေးတွေထဲမှာကပ်နေတဲ့သန်းတွေကိုလည်းသူရှာပေးတယ်ရေလည်းတူတူချိုးကြတယ်ကျွန်တော်အရမ်းပျော် တာပေါ့သူဟာကျွန်တော့်ဘဝအတွက်အရေးပါဆုံးလူ တစ်ယောက်ပါပဲသူရုံးသွားရင်ဘူတာထိကျွန်တော်သူ့ကို လိုက်ပို့တယ်ရုံးဆင်းရင်ကျွန်တော်သူ့ကိုဘူတာမှာသွား ကြိုတယ်ကျွန်တော့်နာမည်ဟချိကိုဆိုတာလည်းသူပဲ ပေးခဲ့တာပါတစ်နေ့သောညနေမှာတော့သူ့ကိုကျွန်တော် စောင့်နေပေမဲ့သူပြန်မလာခဲ့ပါဘူးလူတွေပြောကြတာ တော့မတော်တဆသူသေဆုံးသွားတယ်တဲ့သေတယ် ဆိုတာဘာလဲခင်ဗျားတို့ကောသိလားကျွန်တော်က တော့ဘယ်သိမှာလဲဗျာကျွန်တော်ယုံတယ်သူတစ်နေ့နေ့ ဒီဘူတာလေးကနေပဲပြန်လာမှာသူကျွန်တော့်ကိုအရမ်းချစ်တာကျွန်တော်သိတယ်လေသူ့ဇနီးကျွန်တော့်သခင်မ ကတော့ကျွန်တော့်ကိုသူနဲ့အတူနေဖို့လာခေါ်ပါတယ်ဒါ ပေမဲ့ကျွန်တော့်မသွားပါဘူးကျွန်တော့်မှာတာဝန်ရှိသေးတယ်ကျွန်တော့်သခင်ပြန်အလာကိုစောင့်ရမယ်လေနှစ် တွေကြာပြီဗျကျွန်တော်စောင့်နေတာဒါပေမဲ့သခင်က တော့ပြန်မလာသေးပါဘူးကျွန်တော်ဇွဲမလျော့ပါဘူးကြုံ ရာစားသောက်နေထိုင်ရင်းသခင့်ကိုစောင့်နေတုန်းပါပဲ ဒီနေ့တော့နှင်းတွေအရမ်းကျနေတယ်ကျွန်တော်အရမ်းချမ်းနေခဲ့ပါပြီကျွန်တော့်မျက်လုံးတွေဝါးလာနေပြီဟော ဟိုမှာကျွန်တော့်သခင်ကိုမြင်နေရပြီသူကျွန်တော့်ဆီကို နောက်ဆုံးတော့ပြန်လာခဲ့ပါပြီကျွန်တော်အရမ်းပျော် တယ်ဗျာဝမ်းသာလိုက်တာဟုတ်ကဲ့ကျွန်တော်ဟာဟချိကိုဆိုတဲ့ခွေးတစ်ကောင်ပါ ဂျပန်လူမျိုးတွေဘာလို့ခွေးအရမ်းချစ်ရတာလဲကျွန်တော် အံ့သြမိဖူးပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်မှန်ကားလေးကိုကြည့် လိုက်တော့ကျွန်တော်နားလည်သွားခဲ့တယ်အတော် လည်းစိတ်မကောင်းဖြစ်မိတယ်ခွေးလေးနေရာကနေခံစားပြီးကျွန်တော်အညွန်းရေးပေးထားပါတယ်သေချာ တယ်ဒီကားလေးကchannelmyanmar ပရိတ်သတ် တွေကိုအလုံးစုံဆွဲဆောင်သွားနိုင်မယ်လို့ယုံကြည်ရင်း ဘာသာပြန်ရကြိုးနပ်အောင်ကြည့်လိုက်ကြပါဦးလို့ ဘာသာပြန် နဲ့ အညွန်းကိုတော့ ဟချီကိုနေရာမှခံစာပြီး ကိုစိုးထွေးက ရေးသားခဲ့တာပါ )DOWBLOAD LARGE FILE DOWNLOAD SMALL FILE
movie
Hachiko Monogatari (1987)
6.0
Legends of the Hidden Temple (2016)
IMDb 6 ရရှိထားပြီး ၂၀၁၆ ခုနှစ်ကထွက်ခဲ့တဲ့ ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက မိသားစုနဲ့ အတူတူကြည့်လို့ရပြီး ပေါ့ပေါ့ပါးပါး နဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ နွေရာသီ ပိတ်ရက်မှာ မိသားစု အလိုက် တောတွင်းခရီးသွားကြရင်း ကလေးတွေက နယ်ကျွံပြီး ထူးဆန်းတဲ့ ရှေးဟောင်း ဘုရားကျောင်းပျက်ကြီးထဲကိုရောက်သွားပြီး ထူးဆန်းတာတွေ သဘာဝလွန် ဖြစ်ရပ်တွေကိုကြုံတွေ့ လိုက်ရတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်လက်ဖြစ်ပျက်ကြမလဲ အသက်ရှင်ရင်ကော လွတ်မြောက်နိုင်ကြပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့Download From V.I.P Download Large File From cloudDownload Small File From Pcloud
movie
Legends of the Hidden Temple (2016)
2016
First
38
39
40
41
42
Last
Previous
Next