Channel Myanmar

Family

Hello Ghost! ( 2023 ) 6
Hello Ghost! ( 2023 ) Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်... ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်... ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား... တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ... ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့...အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်... ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်...ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး... အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး.... အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး.... နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး... တို့ပေါ့...ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ် Filesize : 1.69 GB / 818 MB Quality : WEB-DL 1080p , 720p Format : mkv Genres : ...
movie

Hello Ghost! ( 2023 )

Life Hotel ( 2024 ) 6
Life Hotel ( 2024 ) အားလုံးအတွက် ဒီနေ့မှာတော့ ဘဝတစ်ကွေ့အကြောင်း ပုံဖော်ရိုက်ကူးပြထားတဲ့ Life Hotel ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... ထိခိုက်စေမှုနဲ့ ထောင်ကျထားတဲ့ မိဘကလည်း လျစ်လျူရှုထားတာခံနေရတဲ့ ထောင်ထွက်တစ်ယောက်... ထောင်သက်တမ်းလွတ်လို့ ထွက်လာချိန်မှာ အိမ်ကလည်း တာဝန်မယူသလို... မိသားစုကလည်း လက်မခံ... ထောင်မကျခင်ကတော့အစ်ကိုဆိုပြီး မြှောက်စားခဲ့တဲ့ ညီအစ်ကိုတွေလည်း ဆက်သွယ်တာတောင် လက်မခံကြတော့ဘူး...ဒီအသိုင်းအဝိုင်းကလည်း ပြစ်မှုမှတ်တမ်းဆိုတာ အရေးကြီးတော့ ပြစ်မှုမှတ်တမ်းရှိသူကို တော်ရုံ အလုပ်လက်မခံကြဘူး... နှိမ့်ချချင်ကြတယ်... ဒီတော့ ဇာတ်လိုက် စန်းချင်းတစ်ယောက် ဘယ်မှာ အလုပ်ရသွားလဲဆိုတော့ ဆေးရုံနားက လိုင်ဖူဟိုတယ်ဆိုတဲ့ ငွေကြေးမပြေလည်လို့ ဆေးရုံမတက်နိုင်တဲ့သူတွေကို ငှားပေးတဲ့ တည်းခိုခန်းမှာ အလုပ်ရသွားတယ်...ဒီအလုပ်ကို သူလုပ်တာ အကြောင်းရင်းတစ်ခုတော့ ရှိနေတယ်... ဒီတော့ စန်းချင်းတစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်ရင်း ဘာတွေရမှာလဲ... သူမူလဦးတည်ချက်အတိုင်း ပြည့်ဝနိုင်မှာလား .. စိတ်ကူးပြောင်းသွားမလား...ဒီလိုင်ဖူဟိုတယ်ကရော တကယ်ပဲ ရိုးရိုးဟိုတယ်တစ်ခုလား... နှလုံးသားကပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မလို့ နှလုံးသားလေးနဲ့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Filesize : 1.48 GB / 888 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama ...
movie

Life Hotel ( 2024 )

Catch That Kid (2004)
Catch That Kid (2004)  ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie

Catch That Kid (2004)

Big City Greens the Movie: Spacecation (2024) 6.4
Big City Greens the Movie: Spacecation (2024) Big Ciy Greens The Movie (2024)နာမည်အတော်အတန်ရှိရဲ့ စီးရီးအတွက် သီးသန့်ထုတ်ထားတဲ့ မူဗီပါ။ ပုံစံကတော့ The Simpsonsလိုပုံစံမျိုးကို လိုက်တုထားတယ်ပြောရမလားပဲ။ ဒါပေမဲ့ ဒီမှာကတော့ မိသားစုထဲက ပြဿနာလေးတွေနဲ့ အာကာသခရီးနဲ့ကိုပဲ အဓိကပုံဖော်ထားတာပါ။ ဘစ်စီးတီးဆိုတဲ့ မြို့ကြီးတစ်မြို့ရှိတယ်။ ကမ္ဘာ့လူဦးရေးအများဆုံးမြို့ကြီးတဲ့။ အဲဒီမြို့ကြီးရဲ့ အစွန်မှာ ဂရင်းမိသားစုဆိုတဲ့ မိသားစုတစ်ခုရှိတယ်။ သူတို့က ခြံလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တောင်သူတွေပေါ့။ နှစ်တိုင်း သူတို့က မြို့ပေါ်ကို ကုန်စိမ်းတွေပို့ရင်း အပန်းဖြေခရီးထွက်ကြတယ်။ အာကာသစခန်းတစ်ခုရဲ့စီအီးအိုဆီ ကုန်သွားပို့ရင်း အာကာသထဲ သွားရဖို့အကြောင်းဖန်လာတဲ့အကြောင်းပေါ့။ အကြောင်းဖန်လာပုံကတော့ အာကာသစခန်းက အာကာသထဲ လူတွေအတွက်ဟိုတယ်ဖွင့်ထားသလို စားဖို့သောက်ဖို့အတွက်လည်း အာကာသထဲ လယ်တွေယာတွေစိုက်ထားတယ်။ စက်ရုပ်တွေနဲ့ပဲ လုပ်ဖို့စီစဉ်ထားပေမဲ့ စက်ရုပ်တွေက ချို့ယွင်းချက်ဖြစ်ပြီး မရိတ်နိုင်နေလို့ လူတွေလွှတ်ဖို့ အကြောင်းဖန်လာတာပါပဲ။ အာကာသယာဉ်မှူးကို လယ်စိုက်တတ်အောင်သင်ပေးရတာထက် လယ်သမားကို အာကာသယာဉ်မှူးလုပ်ပေးရတာ ပိုလွယ်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ စီးအိုစီကြီးက သူတို့မိသားစုကို အာကာသထဲလွှတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ ရယ်တစ်ဝက်ရင်ဖိုတစ်ဝက်နဲ့ ကြည့်ရမယ့် ကြည့်ကောင်းတဲ့ကာတွန်းကားလေးပါပဲ။အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်Genre..... Animatino, Comedy, Family Quality…. 1080p | 720p File size… ...
movie

Big City Greens the Movie: Spacecation (2024)

2024
Super Nani (2014) 4.8
Super Nani (2014) Super Nani (2014)"တုနှိုင်းမဲ့မေတ္တာ" =============================3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ ...
movie

Super Nani (2014)

2014
Adi (2023) 5.5
Adi (2023) Adi (2023) "ရန်ငြှိုး"CM ပရိသတ်အတွက် ဒီတစ်ခါမှာဆိုရင် မလေယာလမ် မိသားစု/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နန်ဒူဟာ ဂီတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးနဲ့ စေ့စပ်ထားသူဖြစ်ပြီး လက်ထပ်ရဖို့အရေး စိတ်လှုပ်ရှားလို့မဆုံး ဖြစ်နေသူပါရုံးမှာ လက်မှတ်ထိုးတဲ့နေ့ အမျိုးတွေ တရုန်းရုန်းနဲ့ တက်ကြွလှုပ်ရှားဖွယ် နေ့လေးမှာမှ အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရှေ့မကြည့်နောက်မကြည့် မောင်းလာတာကို ဆဲလိုက်မိရာကနေ အချင်းများရန်သတ်ကြပြီး ရခါစဇနီးနုနုထွတ်ထွတ်လေးရှေ့မှာ အရိုက်ခံလိုက်ရတဲ့အတွက် ဇနီးအသစ်စက်စက်ရှေ့မှာ သိက္ခာကျသလိုခံစားသွားရတဲ့ မင်းသားဖြစ်သူက သူ့သိက္ခာအဖတ်ဆည်ဖို့အရေး ပြန်လက်စားချေဖို့ကြိုးစားရာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ ယောကျာ်းမာနအကြောင်းကို ဟာသနှောပြီး ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.9GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adi (2023)

2023
Mulan II : The Final War (2004) 5.6
Mulan II : The Final War (2004) Mulan II (2004) Genre – Animation, Comedy, Adventureဒီ ဒုတိယကားလေးမှာတော့ ချစ်သူ နှစ်ဦး ဖြစ်ကြတဲ့ Mulan နဲ့ ဗိုလ်ချုပ် Shang တို့ ပျော်ပျော်ပါးပါး လက်ထပ်မင်္ဂလာပွဲလေး ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ဒါပေမဲ့ နှစ်ယောက်သား ပျော်ပွဲလေး မဆင်နွဲရသေးခင်မှာတင် အင်ပါယာကြီးက သူတို့ကို မင်းသမီး ၃ ပါးကို ကိုယ်ရံတော်လုပ်ရမယ့် လျှို့ဝှက်တာဝန်တစ်ခု ဆောင်ရွက်ခိုင်းလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ Mushu တစ်ကောင်လည်း အကယ်၍သာ Mulan က Li မျိုးနွယ်နဲ့ လက်ထပ်လိုက်မယ်ဆို သူ့ရဲ့အစောင့်အရှောက် မိသားစုတာဝန်လေး ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အတွဲကြားကို ခလောက်ဆန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ မင်းသမီးလေးတွေက မချစ်မနှစ်သက်တဲ့လူတွေနဲ့ လက်ဆက်ရမှာကို Mulan အနေနဲ့လည်း ကိုယ်တွေ့ကြုံဖူးတဲ့အတွက် သဘောမတူရာကနေ အင်ပါယာအမိန့် ဖီဆန်ရမလားဆိုပြီး Shang နဲ့လည်း မေးခွန်းထုတ်စရာတွေ ဖြစ် ပြဿနာတက်တဲ့အချိန်မှာပဲ ...
movie

Mulan II : The Final War (2004)

2004
Mulan (1998) 7.7
Mulan (1998) Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie

Mulan (1998)

1998
Coco Farm (2023) 6.9
Coco Farm (2023)  ချစ်စရာ ကနေဒါ-ပြင်သစ် ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်၁၂ နှစ်အရွယ်ကောင်လေး မက်စ်တို့သားအဖက မွန်ထရီရယ်မြို့ကြီးကနေ ငွေကြေးအခက်အခဲကြောင့် နယ်မြို့လေးကို ပြောင်းခဲ့ရပါတယ်စွန့်ဦးထီထွင်လိုစိတ်ရှိသူ မက်စ်က နယ်မှာ ဘာမှလုပ်စရာမရှိဘဲ အကြံအိုက်နေချိန်မှာ သူ့ဝမ်းကွဲအစ်ကို ချားစ်တို့အိမ်မှာ ကျွေးတဲ့ ကြက်ဥကို အရသာတွေ့သွားပါတယ်အလုံးအရင်းနဲ့ မွေးမြူရေးလုပ်ငန်းစုကြီးတွေရဲ့ ကြက်ဥနဲ့ အရသာကွာခြားချက်ကို အဖြေရှာပြီး တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းကို မက်စ်၊ ချားစ်၊ youtuber ကောင်မလေးနဲ့ အလုပ်မရှိတဲ့ ဘီယာဗိုက် ဦးလေးကြီးတို့နဲ့ စထောင်လိုက်တယ်စထောင်ဖို့ကလည်း ပိုက်ဆံတွေ လိုက်ချေးထားရပြီး ရောင်းချဖို့ကျတော့လည်း ကြက်ဥလုပ်ငန်းအကြီးစားတွေကို မယှဥ်သာတာတွေ တခြားတခြားသော အခက်အခဲပေါင်းစုံတို့ကို ဘယ်လို ဝိုင်းဝန်းအဖြေရှာကြမလဲ ဆိုတာကတော့ .... File size…(1.2 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre... Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

Coco Farm (2023)

Person of the Year ( 2024 ) 5.8
Person of the Year ( 2024 ) လူဆိုတာ ချီးကျူးခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုပေမဲ့ အခုလို အင်တာနက်ခေတ်မှာ လူတွေရဲ့ သတိထားမှုခံရရင် ပိုက်ဆံရပါတယ်။ ဒါပေမဲ့ သာမန်လူတစ်ယောက်ကနေ လူအများလေးစားအားကျတဲ့ လူတစ်ယောက် ဖြစ်သွားတဲ့အခါ.......ရွှဲမင်ဟာ ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ သူ့ဘဝတစ်ဝက်ကို လောင်းကစားလုပ်ရင်း အရက်သောက်ရင်း ဆိုးသွမ်းလှည့်ဖြားရင်းနဲ့ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။ အဲဒါကြောင့် မိန်းမနဲ့သားရဲ့ အထင်သေးခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။တစ်ရက်မှာ အရက်မူးနေတဲ့ ရွှဲမင်က မီးလောင်မှုတစ်ခုနဲ့ ကြုံခဲ့ပြီး သူသတိရလာတဲ့ အချိန်မှာတော့ သူက မြို့ကလေးမှာ သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ လူတွေက သူ့ကို မီးလောင်တဲ့အချိန် လူ ၆ ယောက်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းလို့ ယုံကြည်နေကြပြီး နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့ပါတယ်။ဒါပေမဲ့ ရွှဲမင်ကတော့ သူ့ကိုယ်သူ အတုမှန်း သိနေခဲ့ပါတယ်။ အစကတော့ သားနဲ့မယားကို အထင်ကြီးစေချင်လို့ သူရဲကောင်းအဖြစ် လက်ခံခဲ့ပေမဲ့ လူတွေက ချီးကျူးလေ သူ့မှာ စိတ်မလုံလေ ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ သူဟာ စိတ်ဒုက္ခဒဏ်ကို မခံစားနိုင်တော့ဘဲ အမှန်တရားကို ထုတ်ဖော်ခဲ့ပါတယ်။သူရဲကောင်းကြီးကနေ လူလိမ်ကြီး ဖြစ်သွားတဲ့အခါ ရွှဲမင်တို့ မိသားစု ဘယ်လို မုန်တိုင်းမျိုးတွေနဲ့ ...
movie

Person of the Year ( 2024 )

Way Back Home (2013) 7.5
Way Back Home (2013) Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ်Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီးBae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင်ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း ...ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်ကဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့်သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့ မိသားစု ...
movie

Way Back Home (2013)

Veteran (2015) 7.0
Veteran (2015)  အက်ရှင်ဇာတ်ကားကောင်းကောင်းကို အခွီလေးနဲ့ရောကြည့်ချင်တဲ့လူတွေအတွက် မင်းသား Hwang Jung Min နဲ့Yoo Ah In တို အပြိုင်သရုပ်ဆောင်ထားတဲ့ Veteranဇာတ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။စုံထောက်လောကရဲ့ခွေးရူးလိုဖြစ်နေတဲ့ စုံထောက်ဆောဒိုချောဟာအမှုကြီးတစ်ခုဖြေရှင်းအပြီးမှာ ချမ်းသာတဲ့သူတွေ တက်ရောက်ကြတဲ့ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဂျိုထယ်အိုဆိုတဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ သားဖြစ်သူက ပါတီကိုဦးဆောင်တာဖြစ်ပြီး အဲဒီပါတီမှာကတည်းက ဂျိုထယ်အိုရဲ့နိုင်ထက်စီးနင်းအပြုအမူတွေကြောင့်စုံထောက်ဆောဒိုချောနဲ့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။နောက်ရက်အနည်းငယ်အကြာမှာတော့ စုံထောက်ဆောဒိုချောတိုအဖွဲကို အမှုဖြေရှင်းရာမှာကူညီပေးခဲ့တဲ့ ဒရိုင်ဘာဘဲ့ဆိုတဲ့လူကဂျိုထယ်အိုရဲ့ကုမ္ပဏီမှာ သေကြောင်းကြံစည်သွားပါတယ်။အဲဒီသတင်းကိုကြားတဲ့စုံထောက်ဆောဒိုချောက အဖြစ်မှန်ကိုဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ချမ်းသာတဲ့မျိုးဆက်က သားဖြစ်သူဂျိုထယ်အိုရဲ့ ကောက်ကျစ်တဲ့နည်းလမ်းတွေကြားမှာ စုံထောက်ဒိုချောတိုအဖွဲ အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားကြတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File size…2.09GB / 1GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Veteran (2015)

2015
Gold Or Shit / G For Gap ( 2024 ) 6
Gold Or Shit / G For Gap ( 2024 ) "လောကကြီးက ငါ့အပေါ်မကောင်းဘူး" "ငါဟာလူရာမဝင်တဲ့သူ" "ငါ့ကို အားလုံးက အပြစ်မြင်နေကြတယ်" "ငါဘာကြောင့် အသက်ရှင်နေရတာလဲ" ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်ဆိုရင် Gold or Shit (2024) ကိုကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..တရုတ်အနုပညာလောကရဲ့ နတ်ဘုရားလို့ဆိုနိုင်တဲ့ မင်းသား ဟူကယ်.. မင်းသမီး ထန်ယွမ်ယွမ်တို့ အဓိကပါဝင်ရိုက်ကူးထားတာကြောင့် သရုပ်ဆောင်ပိုင်းရော ရုပ်ရည်ပိုင်းလည်း စိတ်ပူစရာမလိုပါဘူးဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်.. ငယ်ငယ်တည်းက သူများနဲ့မတူ တစ်မူထူးခြားပြီး ထက်မြက်တဲ့ ဝူဒီဆိုတဲ့ အမျိုးသားတစ်ယောက်... မူလတန်း အလယ်တန်း အထက်တန်း တစ်လျှောက် ဆုတွေရပြီး ထူးချွန်ခဲ့တာကြောင့် အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မြို့ကြီးကို တစ်ယောက်တည်း ထွက်ပြီး ကြိုးစားခဲ့ပေမယ့်...အသက် ၃၅ နှစ်ကျော်သွားချိန်မှာတော့ သူ့မွေးရပ်ဇာတိကို အရှုံးတွေပိုက်ပြီး ပြန်လာခဲ့တယ်... ဘယ်အလုပ်အတွေ့အကြုံမှ မရှိခဲ့တဲ့ သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရသလို... ဒီအချိန်မှာ လုပ်ငန်းအသီးသီးမှာ အဆင်ပြေနေတဲ့ ကျောင်းနေဖက်တွေကိုပါတွေ့တော့ ဝူဒီတစ်ယောက်ဘယ်လိုတွေဆက်ဖြစ်မလဲ...အရှုံးသမားကံကြမ္မာက လွတ်မြောက်နိုင်မလား... ကျောင်းနေဖက်တွေရဲ့ အကူအညီနဲ့ သူဘဝတစ်ကွေ့ချိုး ပြောင်းလဲသွားမှာလား... တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့ Filesize : 753 MB / 458 MB Quality : WEB-DL 1080p , 720p Format : ...
movie

Gold Or Shit / G For Gap ( 2024 )

Anjaamai (2024) 7.5
Anjaamai (2024) Anjaamai (2024) "အကြောက်တရားမဲ့" IMDb - 7.6/10၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့ စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာ ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။ သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ ပုခုံးထမ်းတင်ပေးခဲ့။အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။ သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.14GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anjaamai (2024)

2024
Encounter Love ( 2024 ) 5.8
Encounter Love ( 2024 ) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ကျေးလက်အလှရှုခင်းတွေကို ခံစားလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မာစတာကျောင်းသူ တစ်ယောက်ကျိုးယွဲ့ဟာ သူ့ကောင်လေးနဲ့ အတူနေပြီး ကိုယ်ဝန်ရှိသွားခဲ့ချိန်မှာတော့ ကောင်လေးက လက်မခံခဲ့ပါဘူးအဲ့လိုနဲ့ပဲ မိဘတွေရှိတဲ့ ရွာကိုပြန်သွားတဲ့လမ်းမှာ လီဝေဆိုတဲ့ ကောင်လေးနဲ့ဆုံတွေ့ခဲ့ပါတယ် ကျိုးယွဲ့တစ်ယောက် ရွာထိပ်လမ်းမှ ာ အိမ်ရောက်ရင် အဖေရိုက်မှာကိုကြောက်ပြီး ငိုနေခဲ့တာကို လီဝေကမကြည့်ရက်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ထားဟန်ဆောင်ပြီး လိုက်သွားပေးခဲ့ပါတယ် သူ့အဖေကတော့ ထင်ထားတဲ့အတိုင်း သဘောမတူပေမယ့်လည်း နောက်ဆုံးမှာ သဘောတူပြီးတော့ ရွာမှာ မင်္ဂလာပွဲကျင်းပပေးဖို့ လုပ်ပါတော့တယ်လီဝေက တစ်ရက်ပဲကူညီပေးဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီလိုမျိုး လူကြီးတွေကပါ မင်္ဂလာပွဲစီစဉ်တာတွေနဲ့ကြုံရချိန်မှာတော့ ဘာတွေဆက်ဖြစ်မှာလဲ တကယ်လက်ထပ်ဖြစ်သွားမှာလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုလို့ရပါတယ်နော် Filesize : 684 MB , 394 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Romance , Drama , Family Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Encounter Love ( 2024 )

RV (2006) 5.6
RV (2006)  2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ မိသားစုအတွက်အလုပ်တွေပဲအားစိုက်လုပ်နေတဲ့ ဘော့ဘ်ဟာ သားသမီးတွေနဲ့ငယ်တုန်းကလို လက်ပွန်းတတီးမနေရတော့ဘဲ တဖြည်းဖြည်းဝေးကွာလာပါတယ်။ မိနိးမနဲ့လည်းအရင်လိုကြည်နူးမှုလေးတွေပြန်ယူရင်း ကျောင်းသွားတက်တော့မယ့် သားသမီးတွေနဲ့မခွဲရခင် ဟာဝိုင်အီကို အလည်အပတ်ခရီးသွားဖို့စီစဉ်ပါတယ်။ စီစဉ်ပြီးနောက်ရက်မှာပဲ အလုပ်ကအရေးကြီးအစည်းအဝေးတစ်ခုတက်ခိုင်းလို့ မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်းမပြုတ်အောင် ဘော့ဘ်တစ်ယောက်ကြံဖန်ရပါတော့တယ်။အပန်းဖြေထွက်ဖို့ RV ကားကြီးတစ်စီးငှါးလာပြီး လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ မင်းသားကြီး Robin Williams ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ရယ်မော ပျော်ရွှင်လိုက်ကြပါဦး။ မိသားစုနဲ့ အလုပ်ကြား ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ဖခင်တစ်ယောက်နေရာကိုမြင်နိုင်မှာဖြစ်သလို မိသားစုဝင်တွေကြားမေတ္တာကိုလည်းဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.6 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Genre... Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

RV (2006)

Dreamer: Inspired By a True Story (2005) 6.8
Dreamer: Inspired By a True Story (2005) ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p ...
movie

Dreamer: Inspired By a True Story (2005)