Channel Myanmar

Family

Nightbooks(2021) 6.6
Nightbooks(2021) Nightbooks 2021IMDb 6.6/10ကလေးများအကြိုက် Dark Fantasy Netflix ကားလေးတစ်ကားလာပါပြီသရဲပုံပြင်အရမ်းကြိုက်တတ်တဲ့ အဲလက်စ်လေး သရဲကားတစ်ကားပိုင်မုန့်တစ်ခုနဲ့ မျှားခံရရုံနဲ့ရုပ်ချောချောစုန်းမကြီးရဲ့ထောင်ချောက်ထဲမိသွားပြီးသူ့ရဲဲ့တိုက်ခန်းထဲမှာ နေသွားရတော့ဖို့အကြောင်းဖန်လာပါတယ်အသက်မသေအောင် စုန်းမကြီးကို ညတိုင်း သရဲပုံပြင်တွေဖတ်ပြရင်းနဲ့သူ့လိုပဲ စုန်းမကြီးရဲ့တိုက်ခန်းထဲမှာ ပိတ်မိနေတဲ့ ယာစမင်းဆိုတဲ့အခိုင်းအစေကောင်မလေးနဲ့ ပေါင်းမိပြီးတော့အဲ့ဒီတိုက်ခန်းထဲကနေ လွတ်မြောက်အောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးကြမယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ် File size…1.66GB / 791 MB/ 405MB Quality…1080p WEB .264 5.1CH Format…MP4 Duration….1h 40mins Subtitle….Myanmar Subtitle(Hrad Sub) Encoder….YK Translated by Jerrica & Amelia
movie

Nightbooks(2021)

2021
Up (2009) 8.2
Up (2009) Up (2009) IMDb - 8.2/10_______Rotten - 98% Won 2 Oscars. Another 78 wins & 82 nominations ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ ...
movie

Up (2009)

2009
Move the Grave (2020) 7.2
Move the Grave (2020)  မြို့ပြပေါ်က သာမန်လူမှုဘဝတွေ ၊ လူတိုင်းမှာ ရှိတဲ့အခက်အခဲတွေကိုပါ ဇာတ်လမ်းထဲမှာပြသထားတဲ့အပြင် တောင်ကိုရီးယားရှေးလူကြီးတွေရဲ့ ရှေးရိုးစွဲမှုကိုလည်း ဖော်ပြထားပါတယ် ။ဇာတ်လမ်းအကျဉ်းဖခင်ရဲ့ အုတ်ဂူကို နေရာပြောင်းရွှေ့ဖို့အတွက် စာလေးတစ်စောင် ဟဲယောင်းဆီကို ဝင်လာခဲ့တယ် အကြီးဆုံးဖြစ်တဲ့ ဟဲယောင်းက ကျန်မောင်နှမတွေနဲ့အတူ မွေးရပ်မြေကို သွားရမှာပါဆုံခဲလှတဲ့ ဟဲယောင်း၊ဟဲယွန်း၊ဂွန်းအို့၊ဂွန်းဟီ နဲ့ ဆောင်းရာ ဆိုတဲ့ မောင်နှမ ၅ ယောက် လူစုံအောင်လုပ်ရင်း လမ်းခရီးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုက်ပြထားတဲ့အပြင် သူတို့ဖခင်ရဲ့ အုတ်ဂူကိုရော သေချာရွှေ့ပြောင်းဖြစ်မလားဆိုတာကို Move The Grave ဆိုတဲ့ မိသားစု ဇာတ်ကားလေးထဲမှာ ကြည့်ရှူ့ကြရမှာပါ ။ရိုးရိုးအေးအေးနဲ့ ကောင်းတဲ့ မိသားစု ဒရမ်မာကားကောင်းလေးကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက သင့်အတွက်ပါပဲ ။( အညွှန်းရေးသားထားသူကတော့ Seung ပါ )File Size__1.7 GB , 900 MB Quality__1080p,720p IMDb Rating__7.2/10 Format__mp4 Duration__01:30:00 Type__Comedy , Drama , ...
movie

Move the Grave (2020)

Cinderella (2021) 4.0
Cinderella (2021) Cinderella (2021)=============ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထင်ပါဘူး။ကဲ အခု သူပြန်လာပြီဗျ။ အားလုံးသိပြီးသားဖြစ်တဲ့ ဇာတ်လမ်းလေးကိုမှ တဖန် ဆန်းသစ်တဲ့ musical film အသွင်လေးနဲ့ပေါ့၊ဆန်းသစ်တဲ့ ဖက်ရှင်တွေ မြိုင်ဆိုင်တဲ့ ဂီတသံစဉ်တွေ ဇာတ်ဆောင်တွေရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်မှာပါ။ဒီကားလေးထဲမှာ Havana oh na na နဲ့ တစ်ခေတ်ထခဲ့တဲ့ သီချင်းပိုင်ရှင်မလေး Camila Cabello ကို ချစ်စရာကောင်းတဲ့စင်ဒရဲလားလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အရင်က သိခဲ့တဲ့ Fairy Godmother နေရာမှာ  Billy Porter က Fab G (fabulousgodmother) ဆိုပြီး ပါ၀င်ကာ LGBT society ကို supporting လုပ်ထားတာလည်း တွေ့ရပါတယ်။ OST တွေကလည်း တကယ်ကိုဘ၀င်တွေ့စရာမလို့ Camila ...
movie

Cinderella (2021)

2021
His (2020) 7.5
His (2020) His 2020ကိုယ်ကြိုက်ချင်တဲ့လူကို ကြိုက်ခွင့်ရှိတာက လူတယောက်ရဲ့ လွတ်လပ်ခွင့်တဲ့ ကဲ အဓိပ္ပါယ်လေးကတော့ ထိထိမိမိနဲ့ ရှင်းရှင်းလေးပါပဲကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ဆိုတဲ့ သဘောသဘာဝကြီးကတော့ လွတ်လပ်ခွင့်တွေကို အပြစ်တင် ဝေဖန်တတ်ကြစမြဲဒါပေမယ့်လည်း အဲ့ပတ်ဝန်းကျင်ကြီးမှာပဲ နေသားတကျဖြစ်အောင်နေရင်း ရှေ့ဆက်လျှောက်လှမ်းကြရတာပါပဲအဲ့လိုရှေ့ဆက်လျှောက်လှမ်းကြမယ့် ကောင်းလေးနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ဒီဂျန်ကားလေးထဲမှာ စီးမျောကြည့်ဖို့ အကျဉ်းချုပ်လေး ပြောပြရရင်ရွှမ်နဲ့ နာဂီဆာ တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝတည်းက ချစ်သူဖြစ်ခဲ့ကြပြီး တက္ကသိုလ်ထိလည်း ဆက်ဆံရေးလေးဟာ ချိုမြိန်နေခဲ့ပါတယ်ဘွဲ့ရခါနီး တနေ့မှာတော့ မထင်မှတ်စွာပဲ နာဂီဆာက ရွှမ်ကို လမ်းခွဲပြီး ထားပစ်ခဲ့ပါတော့တယ်စိတ်ဒဏ်ရာတွေကြောင့် ရွှမ်တယောက် လူတွေနဲ့ သိပ်မဆက်ဆံရတဲ့ ကျေးလက်ဒေသလေးမှာ ဇာတ်မြုှပ်နေခဲ့ပြီး နှစ်တွေကြာပြီးနောက်နာဂီဆာဟာ သူ့ရဲ့ချစ်စရာ သမီးလေး ဆိုရာကိုခေါ်ပြီး ရွှမ့်ဆီ ပြန်ရောက်လာတဲ့ခါ...ပျော်ရွှင်စရာအခိုက်အတန့်လေးတွေဖြစ်နေရင်တောင် သူတို့ရဲ့လွမ်းဆွတ်အားငယ်စရာ ခံစားချက်တွေကို သိမြင်ခံစားလာစေမယ့် မိသားစုဆန်ဆန် BLကားလေးဖြစ်လို့ ရင်ထဲတခုခု စွဲကျန်နေခဲ့မှာ အသေအချာပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie

His (2020)

Home (2021) 4.8
Home (2021) Home(2021)အိန္ဒိယ Family movie မျှော်နေတဲ့သူတွေအတွက် Sreenath Bhasi ပါဝင်သရုပ်ဆောင်ထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားကို ညွှန်းရမယ်ဆိုရင်တော့ 2013 တုန်းက ထွက်ရှိထားတဲ့ Philips and the Monkey Pen ဇာတ်ကား ရဲ့ ဒါရိုက်တာ Rojin Thomas ရဲ့ နောက်ထပ်လက်ရာမွန်တစ်ခုပါကျွန်တော်ကတော့ ဒီကားကိုကြည့်ရင်းကနေ Kapoor and Sons ဆိုတဲ့ဇာတ်ကားနဲ့ကို သွားအမှတ်ရမိတယ်ဗျ Kapoor and Sons ဇာတ်ကားကို ကြိုက်တဲ့သူတွေအဖို့တော့ ဒီကားကိုလည်းနှစ်ခြိုက်မယ်လို့ အာမခံနိုင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီဆိုတဲ့လူက မြို့မှာအလုပ်လုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဗျာ တစ်ရက်တော့ ရုပ်ရှင်အတွက်အေးဆေးအညွှန်းရေးချင်တာနဲ့ နယ်မြို့ကအိမ်လေးဆီပြန်သွားတယ်ခုခေတ်လူငယ်ဆိုတော့ အင်တာနက်ပေါ်မှာပဲ အချိန်ဖြုန်းနေတော့ အိမ်ကမိသားစုဝင်တွေက သဟဇာတမဖြစ်ကြဘူး ဒီလိုနဲ့ပဲ မိသားစုထဲဖြစ်တဲ့အလွဲတွေ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အလွဲတွေနဲ့ကြောင့် အန်တိုနီရဲ့မိသားစုတွေရော သူရော သဟဇာတဖြစ်အောင်ညှိရင်းကနေ နောက်ဆုံးဘယ်လိုတွေဆက်ဖြစ်သွားကြမှာလဲဆိုတာ ရသအစုံနဲ့ ကြည့်ရှူရမှာပါနောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Family ကားဖြစ်တာကြောင့် လူကြီးလူငယ်မရွေးကြည့်ရှူနိုင်ပါတယ်ခင်ဗျာအညွှန်းကတော့ Amelia ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ F&R Gurls ပဲ ဖြစ်ပါတယ်။File size…..2.8GB and 1.7GB and 558MB Quality….WEB-DL 1080p and 720p and 480p Format…mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie

Home (2021)

2021
Spin (2021) 5.8/10
Spin (2021) အိန္ဒိယအမေရိကန်ကပြားတစ်ယောက်အဓိကဇာတ်ကောင်အနေနဲ့ပါတဲ့Disney Channel ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။တစ်ကားလုံး အင်္ဂလိပ်စကားပြောတာမို့အိန္ဒိယကားမဟုတ်တဲ့အတွက် အကတွေအဆိုတွေဟာဇာတ်လမ်းအရ ယုတ္တိရှိရှိပဲ ပါတာမျိုးဖြစ်ပါတယ်။ရီယာဟာ အဖေဖြစ်သူရဲ့ဆန္ဒအရကွန်ပြူတာကုတ်ရေးပညာကိုကျောင်းမှာသင်ယူရင်းမိသားစုစားသောက်ဆိုင်အလုပ်ကိုကူညီနေရသူပါ။သူဟာ ကျောင်းပွဲတော်မှာဖျော်ဖြေမယ့်ဒီဂျေသမားကောင်လေး မက်စ်ကို သဘောကျရာကနေဒီဂျေသင်ယူဖို့ကြိုးစားရင်းBeat တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတာသိလိုက်ရပါတယ်။မက်စ်စပ်ထားတဲ့ သီချင်းကို ကျောင်းပွဲတော်စီစဉ်သူကသဘောမကျတဲ့အခါ ရီယာဟာပညာရေးနဲ့ မိသားစုအလုပ်တွေကြားကလုံးပမ်းရင်းသူ့အတွေးအမြင်သစ်တွေ ခံစားချက်သစ်တွေနဲ့ဆန်းသစ်တဲ့တီးလုံးတွေဖန်တီးဖို့မက်စ်ကိုကူညီပေးပါတော့တယ်။အိန္ဒိယမင်းသမီးဇာတ်ကောင်နဲ့အမေရိကန်ဇာတ်ကားတစ်ကားဖြစ်ပြီးအိန္ဒိယရိုးရာနဲ့ အနောက်တိုင်း DJ ကိုရောစပ်ပြသထားတဲ့musical အမျိုးအစားမို့ဆန်းသစ်တဲ့မြူးမြူးကြွကြွကားမျိုးကြိုက်သူတွေအတွက်တင်မကပဲDJ တီးလုံးဖန်တီးမှုတွေပါ အသားပေးဖော်ပြထားတဲ့ကားမို့ သာမန်မဟုတ်ပဲစိတ်ဝင်စားစရာကောင်း ရသပေါင်းစုံရစေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဘာသာပြန်ပေးထားသူတွေကတော့JimX , JoJoVa , Pyi T Nyein , Yoon Sandi Aung တို့ ဖြစ်ပြီးThit San Khant မှ Encode တင်ဆက်ပေးထားပါတယ် Quality - 1080P & 720P Web Dl Subtitle - Burmese Duration -  01:34:15 Format - MP4 File Size - 1.45 GB & ...
movie

Spin (2021)

2021
Sleeping Beauty (1959) 7.3
Sleeping Beauty (1959) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ယနေ့ထက်ထိတိုင်အောင်မြင်မှု့တွေရရှိနေတဲ့Animation ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....ဒီကားလေးနဲ့အတူစင်ဒရဲလား..စနိုးဝှိုက်နဲ့ တခြားသောDisney မင်းသမီးလေးကားများစွာလည်းထွက်ပေါ်လာခဲ့ပါတယ်...ဒီကားလေးဟာလူငယ်တွေများရေပန်းစားခဲ့ပြီး ယုံတမ်းပုံပြင်နဲ့အိပ်ရာဝင်ပုံပြင်အဖြစ်လည်း ဒီနေ့ထိတိုင်ကလေးငယ်တွေကြားရေပန်းစားခဲ့ပါတယ်...အားလုံးသိကြတဲ့အတိုင်းပဲ အိပ်ပျော်နေတဲ့မင်းသမီးလေးကိုတကယ့်ဖူးစာရှင်တစ်ဦးတည်းကသာနမ်းမှသာ ကျိန်စာတွေပျယ်သွားမှာပဲဖြစ်ပါတယ်...Disney ရဲ့ တင်ဆက်ခဲ့သမျှ Animation ကားတွေထဲက ကားကောင်းတစ်ကားအဖြစ်ပါဝင်နေပြီးတော့ရောင်းအားအကောင်းကားနဲ့စာအုပ်တွေအဖြစ်ပါထွက်ရှိခဲ့ပါတယ်...ကျွန်တော်တို့ငယ်ငယ်လေးတည်းက အရမ်းကိုနှစ်သက်ခဲ့ရတဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး..ဒါကြောင့် အိပ်ရာဝင်ပုံပြင်အဖြစ်ကော ယခုခေတ်ကလေးငယ်လေးတွေပါကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်...Quality…..BluRay 1080p DTS5.1Ch and 720p Duration…..01:15:00 Format…Mp4 File Size…1.21GB and 740MB Encoder…..Moe Myint Lwin  and YK   
movie

Sleeping Beauty (1959)

1959
Herbie Fully Loaded (2005) 4.8
Herbie Fully Loaded (2005) Walt Disney ရဲ့ နာမည်ကျော် ပြိုင်ကားလေး Herbie အကြောင်းပေါ့...ဒစ်စနေထုံးစံအတိုင်း ချစ်စရာ ပြိုင်ကားလေးနဲ့ ချစ်စရာကောင်းအောင် ရိုက်ပြထားပါတယ်...အဓိက ချစ်စရာလေးကတော့ လင်ဆေးလိုဟန်လေးပေါ့...:Pနာမည်ကျော် NASCAR ပြိုင်ကားမောင်းသူတွေလဲ Cameros အဖြစ်ပါဝင်ထားပါသေးတယ်...Budget $50 Million သာကုန်ကျခံရိုက်ကူးထားပေမယ့် Box Office မှာ $140 Million ကျော် ပြန်ရတဲ့ထိစီးပွားရေးအရအောင်မြင်ကျော်ကြားခဲ့ပါတယ်...။ဇာတ်လမ်းကတော့...မက်ဂီပေတန် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကအသက်ရှိနေတဲ့ ဘောက်ဝက်ဂွန် လိပ်ခုံးကားလေး နံပါတ် ၅၃ရဲ့ ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်..မက်ဂီရဲ့အဖေက ဒီကားကို ကားသင်္ချိုင်းကနေ  ယူလာပြီး သမီးဖြစ်သူကို ဘွဲ့လက်ဆောင်အဖြစ်ပေးခဲ့တာပေါ့..မက်ဂီက ပြိုင်ကားမောင်းတဲ့ ပေတန်မျိုးရိုးက ဆင်းသက်လာသူဖြစ်တဲ့အပြင်သူကိုယ်တိုင်ကလည်း ဝါသနာပါပေမယ့် အက်စီးဒင့်တစ်ခုကြောင့် အဖေဖြစ်သူက ကားထပ်မောင်းခွင့်ပိတ်ပင်ခံထားရတာပါ...ESPN သတင်း ချန်နယ်လ်မှာ အလုပ်ရတဲ့ မက်ဂီတစ် ယောက် လိပ်ခုံးကားလေးကို စမ်းမောင်းရင်းကားပြပွဲတစ်ခုမှာ NASCAR ချန်ပီယံဖြစ်တဲ့ ထရစ်ပ်မာဖီနဲ့ ယှဉ်ပြိုင်မောင်းရင်း အနိုင်ရသွားပါတယ်..ချန်ပီယံထရစ်ပ်က လိပ်ခုံးလေးက အနိုင်ရရကောင်းလားဆိုပြီး ...
movie

Herbie Fully Loaded (2005)

The Water Man (2021) 4.9
The Water Man (2021) The Water Man (2021)"မျှော်လင့်ချက်"စကားလုံးသေးသေးလေးပါပဲ။ ဒါပေမဲ့ အင်အားကြီးမားလွန်းတဲ့အရာပေါ့...မျှော်လင့်ချက် ဆိုတာမရှိရင် ဘာမှမအောင်မြင်နိုင်သလို မျှော်လင့်ချက် ပြင်းထန်ရင်လည်း အံ့ဩစရာကောင်းလောက်အောင်ကို မထင်ထားမိတာတွေ ဖြစ်တတ်ပါတယ်။Water Man (ရေလူသား ) လို့ခေါ်ဆိုကြပါတယ်... "မသေနိုင်တဲ့လူသား" ဆိုပြီး နာမည်ကြီးနေတဲ့ ဒဏ္ဍာရီလူသားတစ်ဉီးပါ။သူကတော့ အခုချိန်ထိ သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့အလောင်းကို မရမက လိုက်ရှာနေတဲ့သူပေါ့.. သူ့မှာရှိတဲ့ ကျောက်တုံးလေးက သေရာကနေပြန်ရှင်လာအောင် လုပ်နိုင်တဲ့အစွမ်းရှိလို့တဲ့။ အဲ့ဒါကြောင့်ပဲ သူတောင် သေရာကနေ ပြန်ရှင်လာခဲ့တာပါ။ရေလူသားရှိတဲ့ မြို့ထဲကို ဂန်းနားတို့မိသားစု ပြောင်းလာတာမကြာသေးပါဘူး။ ဂန်းနားအမေက တကယ်တော့ နောက်ဆုံးအဆင့်ကင်ဆာကုထုံး ခံယူနေရတဲ့သူပါ။ မကြာခင်သေတော့မယ့်သူပေါ့။ အမေဖြစ်သူ သေဆုံးမှာကို လက်မခံနိုင်တဲ့ ဆယ်ကျော်သက်ဂန်းနား တစ်ယောက် လမ်းသရဲမလေး ဂျို နဲ့ပေါင်းမိပြီး ရေလူသား ကိုရှာဖွေမယ့် အစီအစဉ်ဆွဲပါတော့တယ်။ဆယ်ကျော်သက်တွေရဲ့ စွန့်စားချင်စိတ်၊ စိတ်ကူးယဉ်စိတ်၊ ဖြူစင်တဲ့စိတ်ဓါတ်အပြည့်နဲ့ တောထဲဝင်သွားကြတဲ့ ဂန်းနား နဲ့ ဂျို ...
movie

The Water Man (2021)

In This Corner of the World (2016) 7.8
In This Corner of the World (2016) ယူရာနို ဆူဇူ........ဆူဇူဟာ စိတ်ကူးယဉ်ပြီး အတွေးလွန်တတ်တဲ့ မိန်းကလေးတစ်ယောက် ပုဲဆွဲတော်သလိုပုံဆွဲရတာကိုလည်း သူကြိုက်တယ် မိသားစုနဲ့အတူ ဟီရိုရှီးမားမြို့မှာနေပြီး ခပ်တည်တည်နေတတ်ပြီးစိတ်ဆက်တဲ့အကိုနဲ့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ ညီမတို့ကြားက ရိုးရိုးအေးအေးနေတတ်တဲ့ ကောင်မလေးပေါ့ သူမအသက် ၁၈ နှစ်ပြည့်တဲ့အချိန်မှာ မိဘတွေရဲ့ စီစဉ်မှုကြောင့် အိမ်ထောင်ပြုခဲ့ရပြီး ရောင်နောက်ဆံထုံးပါဆိုသလိုခင်ပွန်းဖြစ်သူရဲ့ ဇာတိ ရေတပ်အခြေစိုက်ရာ မြို့ဖြစ်တဲ့ ကူရဲယ်မြို့ကို လိုက်နေရပါတော့တယ် ဒုတိယကမ္ဘာစစ်ဖြစ်ပြီးဂျပန်နိုင်ငံမှာလည်း စစ်မီးတောက်လောင်နေတဲ့အချိန်ဖြစ်လို့ ဆူဇူ တစ်ယောက် အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာ၀န်ကျေပွန်ဖို့နဲ့ စစ်ပွဲကြီးအတွင်းမှာ အသက်ရှင် သန်နိုင်ဖို့ ကြိုးစားရပါတော့တယ်.....ဒီ anime ‌လေးဟာ အရင်ခေတ် ဂျပန်မိန်းကလေးတွေရဲ့ ဘ၀နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည်သူတွေ ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကို နူးနူးညံ့ညံ့လေးနဲ့ ထိရှခံစားရအောင် ဖော်ပြထားလို့ anime ကြိုက်သူ မဟုတ်ရင်တောင် ကြည့်ရှုသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ် Translated and ...
movie

In This Corner of the World (2016)

2016
Spirit Untamed (2021) 5.6
Spirit Untamed (2021) Spirit Untamed (2021)=================IMDb Rating - 5.6/102021 ခုနှစ်ထွက် Dreamworks ရဲ့ Animation ကားလေး မြင်းစီးပြီးပရိသတ်ရှေ့ရောက်လာပါပြီ...ချစ်တဲ့စိတ်ကို ချုပ်တည်းလို့မရသလို စွန့်စားချင်တဲ့စိတ်ကိုလည်း ချုပ်တည်းလို့မရနိုင်ပါဘူးနော်... အခုတော့ဒီဇာတ်ကားလေးမှာ Dream Work ကနေပြီးတော့ သွက်သွက်လက်လက် နဲ့ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်ကိုမွေးဖွားလိုက်ပြန်ပါပြီ။ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ နဲ့ အိမ်ထဲမှာပဲ ချက်ပြုတ်တတ်ရင်ရပြီဆိုတဲ့ Logicကိုလည်းရိုက်ချိုးပြချင်တဲ့ပုံပါပဲ။ကလေးသဘာဝ ဆော့ကစားချင်တဲ့အရွယ်မှာ အမိမဲ့ လပ်ကီးတစ်ယောက်ကတော့ ဇီဇာကြောင်အဒေါ်ဖြစ်သူရဲ့ဆုံးမမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိဖြစ်အောင် နေနေရပါတယ်။ ဒါပေမဲ့လည်း ဗီဇလေးက ပါလေတော့ အဘိုးရဲ့ပါတီပွဲမှာသောင်းကျန်းခဲ့တာမို့ ကြီးဒေါ်နဲ့အတူ အဖေရှိရာ တောရွာလေးထဲ ရောက်လာခဲ့ပါတော့တယ်။ထိုတောရွာလေးမှာ လပ်ကီးအမေရဲ့ အမှတ်တရတွေအများကြီး ရှိနေပြီး မြို့ပြမှာ နေခဲ့တဲ့မိန်းကလေးတစ်ယောက် တောရွာမှာနေရတဲ့အခါ မြင်းတစ်ကောင်နဲ့ ဘယ်လိုဗွေတွေဖောက်မလဲ၊ သူမမှတ်မိတဲ့ သူ့အမေရဲ့အကြောင်းကို ဘယ်လိုရှာဖွေမလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းဇာတ်ကွက်ကျကျလေးကြည့်ရမှာမို့ အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် . . .(ဒီဇာတ်လမ်းရဲ့ ...
movie

Spirit Untamed (2021)

2021
Skater Girl 2021 6.6
Skater Girl 2021 နက်ဖလစ်ရဲ့ Hindi ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ စကိတ်စီးတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့။ ပုံမှန်ဆို ကောင်မလေး စကိတ်စီးတာ ဘာမှတော့ မဆန်းပါဘူး။ ဒါပေမယ့် ဘာမှမတိုးတက်သေးတဲ့ ရှေးရိုးစွဲ ရွာတစ်ရွာက ကောင်မလေးတစ်ယောက် စကိတ်ပြိုင်ပွဲဝင်ဖို့ဆိုတာတော့ အတော်ကို မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ကလည်း အိန္ဒိယဘက်က ရွာတွေဘက်က မိန်းကလေးတွေကို နှိမ်ချထားတာတွေ ဇာတ်ခွဲတာတွေကို ပြထားတာပါပဲ။ လန်ဒန်မြို့ကနေ အိန္ဒိယသူလေးတစ်ယောက်က အကြောင်းတစ်ခုကြောင့် ရွာကလေးကိုရောက်လာတယ်။ သူ့ရဲ့မိတ်ဆွေဆီက စကိတ်ကို ကလေးတွေ ယူစီးရင်း အရမ်းသဘောကျသွားရင်းနဲ့ သူလည်း ကလေးတွေကို စကိတ်စီးနိုင်အောင်နည်းမျိုးစုံနဲ့အားပေးဖြစ်သွားတယ်။ စကိတ်အားကစားကနေ ကလေးတွေကို လွတ်လပ်ခွင့်နဲ့ ဇာတ်ခွဲခြားတာတွေ ပျောက်အောင်ကူညီခဲ့တယ်။ သားယောကျာ်းလေးတွေအတွက် အခက်အခဲ ဒီလောက်မရှိပေမယ့် ပရီရာဆိုတဲ့ မိန်းကလေး တစ်ယောက်က စကိတ်အားကစားကို ရူးသွပ်လာတဲ့အခါ.... File size…(1.5 GB) and (800 Mb) Quality….web 1080p and 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson  
movie

Skater Girl 2021

The Penthouse 3: The Beginning of the End (2021) 7.5

The Penthouse 3: The Beginning of the End (2021)

Charlie and the Chocolate Factory(2005) 6.7
Charlie and the Chocolate Factory(2005) Charlie and the Chocolate Factory(2005)IMDb....6.7,,,,Rotten...82%ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်းသူ့ချောကလက်တွေကိုနှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ်အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်....ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကိုသူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပါတယ်..။ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်...စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ.... မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ..လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီးဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
movie

Charlie and the Chocolate Factory(2005)

2005
The Anthem of the Heart (2015) 7.4
The Anthem of the Heart (2015) Anthem of the heartNaruse Jun ဆိုတဲ့ကောင်မလေးဟာ သူအမှတ်မထင်ပြောလိုက်တဲ့စကားကြောင့် သူ့မိဘတွေခွဲခွာသွားတာလို့ ယူဆထားပါတယ်။အဖေဖြစ်သူထွက်သွားလို့ ငိုနေချိန်မှာ ကြက်ဥလေးတစ်လုံးပေါ်လာကာ ရှေ့လျှောက်သူ့စကားတွေကြောင့် သူ့ဘဝမပျက်စီးရအောင်ဆိုပြီး စကားမပြောနိုင်အောင်ကျိန်စာခတ်လိုက်ပါတော့တယ်။အလယ်တန်းအရွယ်ရောက်လာတဲ့အခါ စန္ဒရားတီးတတ်သူ အတန်းဖော် ကောင်လေး Sakagami နဲ့ရင်းနှီးသွားပြီး Jun ဟာ စကားမပြောနိုင်ပေမယ့် သီချင်းဆိုလို့ရတယ်ဆိုတာ သိလိုက်ရပြီးနောက် သူပြောချင်တဲ့စကားတွေကို သီချင်းအဖြစ်ရေးဖို့ Sakagami ကို အကူအညီတောင်းပါတော့တယ်...  Translated by :Pyi T NyeinEncoded by : YKQuality : 1080p and 720pFile Size : 1.9Gb and 1.3GbDuration : 1h 59minsOriginal Name : Kokoro ga sakebitagatterund
movie

The Anthem of the Heart (2015)

2015
That Darn Cat (1997) 6.0
That Darn Cat (1997) [Unicode]That Darn Cat(1997)ဆရာသမားတို့ အိမ်ကမြောင်မြောင်လေးကအိပ်လိုက်စားလိုက်နဲ့ ကြွက်တောင် မခုတ်လို့ အသုံးမကျဘူးလို့ ထင်နေပါသလားဒီလိုဆိုရင်တော့ မှားမယ်နော်မြောင်မြောင်လေး စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်ဒီဇာတ်ကားလေးထဲ ကြည့်လိုက်ရအောင်... ဇာတ်လမ်းအစမှာတော့ ပြန်ပေးဆွဲတဲ့သူနှစ်ယောက်က သူဌေးမကြီးနဲ့ အိမ်ဖော်အဒေါ်ကြီးကို မှားပြီး ပြန်ပေးဆွဲတာကနေစထားပါတယ်ထိုမြို့ငယ်လေးက ဆယ်ကျော်သက်ကောင်မလေးဆီမှာ ဒီစီလို့ခေါ်တဲ့ မြောင်မြောင်လေးတစ်ကောင်ရှိပါတယ်ဒီစီက ဆရာသမားတို့အိမ်ကမြောင်မြောင်လိုပဲ အိပ်လိုက်စားလိုက်ပေါ့ဗျာအဲ့ဒီအပြင်ကို ည ၈ နာရီဒေါင်ခနဲထိုးတာနဲ့ တစ်မြို့လုံးလျောက်ပတ်တတ်သေးတယ်ဒီလိုပတ်ရင်းနဲ့ တစ်နေ့တော့.....အိပ်လိုက်စားလိုက် မြို့ပတ်လိုက်ပဲလုပ်နေတဲ့ ဒီစီလေးဆီကနေတွေ့တဲ့အရာတစ်ခုကနေပိုင်ရှင်ဆယ်ကျော်သက်ကောင်မလေးနဲ့ ထိုမြို့က လုပ်တိုင်းလွဲနေတဲ့ စုံထောက်တစ်ယောက်ဒီအမှု့ကို ဘယ်လိုမျိုး ဖော်ထုတ်ကြမလဲဆိုတာ ဟာသဆန်ဆန် ကြည့်ရမှာပါဒီကားကြည့်ပြီး အိမ်ကမြောင်မြောင်ကိုဒီစီလို အတင်းတွေအပြင်ပေးမသွားနေဖို့လည်း ကြိုပြောချင်ပါတယ်ဗျို့ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Amelia ပါ )Quality__1080p , 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Comedy , Family Subtitle__Myanmar Subtitle (Hardsub) Translated by Amelia Encoded by Naing Aung Latt
movie

That Darn Cat (1997)

1997
Monster House
Monster House Monster House (2006)Monster House ဆိုတဲ့ ဇာတ်ကား​လေးကို ကျွန်​တော်တို့ ငယ်ငယ်က ၆ကားတွဲအ​ခွေ​တွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီတုန်းက​တော့ စာပါ​တာ​တွေ​ရော စာမပါတာ​တွေ​ရောနဲ့ အင်္ဂလိပ်လို ကြည့်​ကောင်းကြည့်ခဲ့ရမှာပါ။ အခုတစ်ခါ​တော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကား​ကောင်း​လေးကို တစ်ခါပြန်ပြီး​တော့ ကြည့်လိုက်ကြရ​အောင်ပါ။အမြဲမှန်​ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်​နေတတ်တဲ့ DJ တစ်​ယောက်က သူ့အိမ်​ရှေ့အိမ်ကိုအမြဲစူးစမ်း​နေတတ်ပါတယ်။ အမြဲတိတ်ဆိတ်ပြီး​တော့ က​လေး​တွေကို မနှစ်သက်၊ က​လေး​တွေလာရင် ​မောင်း​ထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီး​Mr. Nebbercracker က က​​လေး​တွေတော်တော်မုန်းတဲ့သူဗျ ကလေးတွေကလည်းသူ့ကိုကြောက်ကြ သူ့ကိုကြည့်မရတဲ့ လူဆိုး​လေး​တွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ ​နှောက်ယှက်ကြ​နဲ့ က​လေး​တွေ အများဆုံးလမ်း​ပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာ​တော့တာပေါ့ဒါပေမယ့် သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့ DJ တို့ က​လေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာFile size… Quality….WEB-DL 1080p and 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia Encoder ..... August
movie

Monster House

2006
I Want to Eat Your Pancreas (2018) 7.9
I Want to Eat Your Pancreas (2018) I want to eat your pancreas (2018)Genres: Drama, RomanceJapanနိုင်ငံမှ စာရေးဆရာ Yoru Suminoက ရေးသားခဲ့ပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့Anime Movieလေးပဲဖြစ်ပါတယ်..ဇာတ်အိမ်ကိုပန်းကရိယရောဂါခံစားနေရတဲ့ Sakura ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့နေ့စဉ်ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးအပေါ် တည်ထားပါတယ်.သူမရဲ့ ဒိုင်ယာရီလေးထဲမှာ သူမရဲ့ နေ့စဉ်ဘ၀တွေ ၀မ်းနည်းမှုတွေ ပျော်ရွင်စရာတွေ ရေးထည့်ထားပြီးသူမရဲ့ ဒုတိယနှလုဲးသားလို့တောင်တင်စားလို့ရပါတယ်.တနေ့မှာတော့ သူမရဲ့ဒုတိယနှလုဲးသားလေးဟာဆေးရုံပြတင်းပေါက်ကနေ ပြုတ်ကျပြီး အတန်းဖော် Harukiဆိုတဲ့ကောင်လေးက ကောက်ရသွားခဲ့ပါတယ်. harukiဟာသူမရဲ့ဒုတိယနှလုံးသားဒိုင်ယာရီလေးကို ဖတ်ပြီးတဲ့အခါမှာတော့ .......  Translated by : Daniel LawweiEncoded by : YKFile size :1.89GBDuration : 1h 49minQuality : 1080p 5.1CH
movie

I Want to Eat Your Pancreas (2018)

2018
Yes Day (2021) 5.7
Yes Day (2021) Yes Day (2021)============IMDb Rating - 5.7/10ဒါကတော့ မိသားစု ဟာသကား စစ်စစ်လေးပါ။ သားသမီးသုံးယောက်ကို အမြဲ စိုးရိမ်လွန်ပြီးစည်းကမ်းတင်းကြပ်ထားတဲ့ အမေဟာ ကလေးတွေနဲ့ အဆင်မပြေတာ များလာတဲ့အခါ နည်းလမ်းတစ်ခုကို စမ်းကြည့်ဖို့ ကြိုးစားလာပါတယ်။ အဲဒါကတော့ YES DAY ဆိုတဲ့ နေ့ရက်တစ်ရက်ကလေးတွေကို ဖန်တီးပေးဖို့ပါပဲ။ အဲဒီနေ့မှာ ကလေးတွေ တောင်းဆိုသမျှကို No လို့ ငြင်းလို့မရပါဘူး။မိသားစု ၅ ယောက်အတူ ကလေး ၃ ယောက် တောင်းဆိုတဲ့ ပေါက်ကရတွေကို လိုက်ဖြည့်စည်းရင်းဘယ်လို တလွဲတွေဖြစ်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ ချစ်စရာကောင်းတဲ့ family ရုပ်ရှင်လေးပါ၊(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 26minSubtitle – Myanmar HardsubFormat – Mp4Genre ...
movie

Yes Day (2021)

2021