Channel Myanmar

Family

Sneakerella (2022) 4.2
Sneakerella (2022) Sneakerella (2022) ===============ဒစ်စနေးရဲ့ ဂီတ ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ သီချင်းတွေနဲ့ စကားပြောလှလှလေးတွေရယ် ဇာတ်လမ်းကောင်းလေးရယ်နဲ့ တန်ဆာဆင်ထားတာပါပဲ။ သရုပ်ဆောင်အကုန်လုံးလည်း ချစ်ဖို့ကောင်းပါတယ်။ ကြည့်ရင်းတစ်ချိန်လုံးပြုံးနေရမယ့် ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းနာမည် စနိကရဲလားဆိုတာ စင်ဒရဲလားရဲ့ ခေတ်သစ်ပုံပြင်အနေနဲ့ ရိုက်ထားတာပါ။ ဖန်ဖိနပ်လေးအစား စနိကာလေးတစ်ရံ ဖြစ်လာပြီး မင်းသမီးလေးက ဆင်းရဲသားလေးကို လိုက်ရှာရတဲ့ ဇာတ်လမ်းလေးပေါ့။ အဲလ်ဆိုတဲ့ ကောင်လေးဟာ စနိကာဖိနပ်တွေကိုအရမ်းချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ အမေဆုံးပါးသွားပြီးနောက်မှာ ပထွေးဖြစ်သူရယ်၊ ပထွေးရဲ့သားနှစ်ယောက်ရယ်နဲ့ ဖိနပ်ဆိုင်လေးမှာ အနှိမ်ခံဘဝနဲ့ ဆက်အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာအောင်မြင်တဲ့ဖိနပ်ဒီဇိုင်နာဖြစ်ရမယ့် အိပ်မက်တွေရယ် ဖိနပ်ဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးတစ်အုပ်ရယ် ရှိနေတာပေါ့။ တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် ကောင်မလေးတစ်ယောက်နဲ့ တွေ့မိလာတဲ့အခါမှာ... ငြိမ့်ငြိမ့်မြူးမြူးလေးနဲ့ကြည့်ရမယ့် Disney movie ကောင်းလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - (2.4GB) / (1.13 GB) Quality – Web-Rip 1080p / 720p Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre ...
movie

Sneakerella (2022)

Take Care of My Mom (2022) 5
Take Care of My Mom (2022) Take care of my Mom (2022)"မိသားစုလိုမျိုး သူစိမ်း ၊ သူစိမ်းလိုဖြစ်နေတဲ့ မိသားစု"ဆိုတာမျိုး မြင်ဖူကြားဖူးကြုံဖူးပါသလား? အသက် ၈၅ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ ရွေးချယ်မှုက ဘာများဖြစ်မလဲ ။ အဘွားဂျောင်မာအင်ကတော့ ဒယ်ဂူမှာနေထိုင်တဲ့ အသက် ၈၅ နှစ်အရွယ် အဘွားတစ်ဦးပါ။ အကြာကြီးနေမှ ဒယ်ဂူကို ပြန်လာမယ်ဆိုတဲ့ သားဖြစ်သူရဲ့စကားကြောင့် ဟိုဟိုဒီဒီပြင်ဆင်နေရင်းကနေ မတော်တဆ လက်ကျိုးသွားခဲ့တဲ့အခါ ကိုယ့်ကြောင့် သားဖြစ်သူကို ဒုက္ခမဖြစ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ သားဖြစ်သူရဲ့တာဝန်ဝတ္တရားတို့အတိုင်း မိခင်ဖြစ်သူအတွက် အစစအရာအရာ အဆင်ပြေအောင် လုပ်ပေးဖို့ကြိုးစားပေမယ့်လည်း အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ စိတ်ကို သားဖြစ်သူကရော ဘယ်လိုနားလည်အောင် ကြိုးစားမလဲ? သူကြိုးစားခဲ့သမျှကရော မိခင်ဖြစ်သူအတွက် အကောင်းဆုံးတွေကိုပဲ ဖြစ်စေမှာလား ဒါမှမဟုတ် အဆင်မပြေမှုတွေပဲ ဖြစ်လာမှာလား? မိဘဘက်က ခံစားရတဲ့စိတ်ခံစားချက်တွေနဲ့ သားသမီးဘက်ကမြင်တဲ့ အမြင်တွေကို နှစ်ဖက်မျှပြီး ရိုက်ကူးပုံဖော်ထားတာမို့ မိသားစုရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် တကယ်ကို ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားတစ်ကားဖြစ်မယ့်အပြင် လက်တွေ့ဘဝက သက်ကြီးရွယ်အိုမိဘတွေရဲ့ ခံစားချက်တွေ ၊ မိဘတွေအတွက် တတ်နိုင်သလောက်လုပ်ပေးချင်မိတဲ့ သားသမီးတို့ရဲ့ ...
movie

Take Care of My Mom (2022)

2022
Aadavaallu Meeku Johaarlu (2022)
Aadavaallu Meeku Johaarlu (2022) Aadavallu Meeku Johaarlu IMDb-6.9/10အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ်အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကိုအကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူးဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ်ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ.....လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး ...
movie

Aadavaallu Meeku Johaarlu (2022)

2022
Koati (2021) 7.2
Koati (2021) IMDb Rating (7.2)အသစ်ထွက်ရှိလာတဲ့ Animation ကာတွန်းကားလေး တင်ဆက်လိုက်ပါတယ်...ဇာတ်လမ်းကတော့....Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ... စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ File size…(1 GB)/(640 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:31:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Chit Tee , Htet Kyaw Myo
movie

Koati (2021)

Pinocchio: A True Story (2022) 4.4
Pinocchio: A True Story (2022) Pinocchio A True Story (2021)အီတလီ ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ သစ်သားရုပ်ကလေးကနေ အသက်ဝင်လာတဲ့ Pinocchio အကြောင်း ကြားဖူးကြမှာပါဒီဇာတ်ကားလေးမှာတော့ သစ်သားရုပ်ကလေး Pinocchio နဲ့ သူ့အဖော် မြင်းလေး Tibalt တို့ ကမ္ဘာကြီးကို လျှောက်ပတ်ကြည့်ဖို့ ထွက်လာခဲ့ရာကနေ မာဂျီရာဖိုကိုရဲ့ ဆပ်ကပ်အဖွဲ့ကိုရောက်သွားပြီး စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရပုံကို တင်ဆက်ထားတာပါလိမ်ပြောရင် နှာခေါင်းကြီးရှည်ထွက်လာမယ် ဆိုတဲ့ အကြောင်းအရာတွေကနေ ကွဲထွက်ပြီးPinocchio နဲ့ သူ့ရဲ့ မိတ်ဆွေ မြင်းလေး Tibalt တို့ရဲ့ စွန့်စားခန်းတွေ လူသားဆန်မှုတွေကို ဖော်ကျူးထားတာဖြစ်တဲ့အတွက် Pinocchio ပရိသတ်တွေအနေနဲ့ တမူထူးခြားတဲ့ အရသာကို ခံစားရမှာပါစိမ်းစိမ်းစိုစို ကာတွန်းရုပ်လေးတွေနဲ့ အရောင်အသွေးစုံစုံလင်လင်တင်ဆက်ထားတာကြောင့် စိတ်အပန်းဖြေတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ကာတွန်းကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Animation, Family, Fantasy Quality….WEB-DL 1080p and 720p and 480p File size...1.65GB and 683MB and 267MB Format...mp4 Duration….1h ...
movie

Pinocchio: A True Story (2022)

2022
Captain Nova (2021) 7.1
Captain Nova (2021) Captain Nova 2021 IMDb 7.1Netflix မှာ အသစ်ထွက်ရှိလာတဲ့ နယ်သာလန်နိုင်ငံက ဒက်ခ်ျစကားပြော Adventure,Sci-Fi အမျိုးအစား ဒီဇာတ်ကားဟာ ထင်မထားရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပါ။Finch တို့ဘာတို့လို ဇာတ်လမ်းအေးအေးနဲ့ ဇိမ်ခံပြီးကြည့်ရမယ် ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ညောင်းညက်ညောပါတယ်။ဇာတ်လမ်းအကျဉ်လေးကို ပြောရမယ်ဆိုရင်ကမ္ဘာကြီးဟာ လူသားတွေရဲ့ လောဘကြောင့် ပူနွေး‌စုတ်ပြတ်ကပ်စိုက်နေတဲ့ ခေတ်ကာလတစ်ခုကနေ စပါတယ်။ ဒီလိုဖြစ်သွားစေရတဲ့အကြောင်းအရင်းကလည်း ကိုယ်နေတဲ့ကမ္ဘာကို ကိုယ်ပြန်ဖျက်‌စီးနေတဲ့ လူသားတွေကြောင့်ပဲဆိုပါတော့။ဒီတော့ ဒီလိုဖြစ်သွားတဲ့ကပ်ဆိုးကြီးကို ပြန်လည်ကယ်တင်ဖို့ နိုဗာဆိုတဲ့ အမျိုးသမီးလေးကို ဒီလိုကပ်ဆိုးကြီးစတင်ခဲ့ရာ အတိတ်တစ်ချိန်စီပြန်ပို့ရင်း၊ ပို့ရမယ့်နေရာနဲ့အချိန် သေးသေး‌လေး လွဲမှားကျရောက်သွားတဲ့အခါ ကမ္ဘာမြေပေါ်မှာ ဘယ်လိုအခက်အခဲတွေ ကြုံရမယ်၊ သူ့ကိုစေခိုင်းလိုက်တဲ့ မစ်ရှင်ကိုရော အောင်မြင်နိုင်ပါ့မလား၊ ဘယ်လိုမျိုး အလှည့်အပြောင်းတွေနဲ့ဆိုတာ......။ File size…(1.3 GB)/(550 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:25:o6 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Captain Nova (2021)

Better Nate Than Ever (2022) 6.3
Better Nate Than Ever (2022) Better Nate than Ever (2022)IMDb - 6.1လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခု​တော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့​​တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်​လေးတည်းကသိပြီး အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစား​ရှာ​ဖွေ​နေဆဲသူ​တွေလည်း ရှိတာ​ပေါ့၊နိတ်ဆိုတဲ့​ ကောင်​လေးက​တော့ အလယ်တန်း​ကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစား​နေသူ​​ပေါ့၊ ဘ​ရော့​ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်​တွေကို အဓိက​နေရာမှာ ကပြပြီး ဘ​ရော့​ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်​ကောင်မာန်ကြီးလို့ ​တောင်ကြီးဖြိုမယ် ကြံ​ပေမယ့် ဆရာသမား​လေး နိတ်ခမျာ ​ကျောင်းကပွဲမှာ ဖြတ်​လျှောက်​နေရာက​တောင် အ​ရွေးမခံရ​အောင်ကို ပါရမီရှိပြီး စန်းပိတ်​နေတဲ့သူ​ပေါ့၊ တစ်​နေ့​တော့ နယူး​ယောက်​ရွှေမြို့​တော်ကြီးရဲ့ ဘ​ရော့​ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူ​ရွေးပွဲအ​ကြောင်း သိလိုက်တဲ့​နောက် သူ​နေထိုင်ရာ ပစ်ဘာ့ဂျ်မြို့​လေးက​နေ NYအထိ မိဘမသိ​​အောင် အိမ်​ပြေး​လေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်​လျှောက်လှမ်းခဲ့ပါ​တော့တယ်၊Disney က​နေ အသစ်ထွက်ရှိထားတဲ့ Family, Musical, ...
movie

Better Nate Than Ever (2022)

2022
Checkered Ninja 2 (2021) 7.2
Checkered Ninja 2 (2021) Checkered Ninja 2 (2021) အညွှန်း2018 တုန်းကထွက်ခဲ့တဲ့ Checkered Ninja ရဲ့ ဒုတိယကားလေး လာပါပြီ။အဲလက်စ်ကတော့ သူ့ရဲ့ နင်ဂျာရုပ်လေး ပျောက်သွားတယ်ပဲ ထင်နေခဲ့ပေမဲ့ လက်တွေ့မှာတော့ မီးရှို့ဖျက်ဆီးခံလိုက်ရပါပြီ။ သူတို့ မျက်မြင်သက်သေဖြစ်ခဲ့တဲ့ အမှုက ဗီလိန်ကလည်း သက်သေတွေ မခိုင်လုံတဲ့အတွက် အချုပ်ကနေ လွတ်လာတော့မှာပါ။အဲလက်စ်ကတော့ သူ့အမေကို နင်ဂျာရုပ်နဲ့ ဆင်တူ အရုပ်လေးတစ်ရုပ်ထိုးပေးဖို့ ပူဆာပါတော့တယ်ဒီလိုနဲ့ ဗီလိန်ကြီး ထောင်ဒဏ်ကို ရှောင်လွှဲနိုင်ခဲ့ပြီး လွတ်လာချိန်မှာတော့ ...အဲလက်စ်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာ ဇာတ်လမ်းလေးထဲ အတူတူ အဖြေရှာကြည့်ကြပါစို့။ File Size          : 1.8GB,  776MB, 400MB Quality            : 1080p WEBRip AC3 5.1CH, ...
movie

Checkered Ninja 2 (2021)

Cheaper by the Dozen (2003) 5.9
Cheaper by the Dozen (2003) Cheaper By the Dozen (2003) =========================Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ ... သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ...
movie

Cheaper by the Dozen (2003)

Cheaper by the Dozen 2 (2005)
Cheaper by the Dozen 2 (2005) Cheaper By the Dozen 2 (2005) ======================2003 ခုနှစ်မှာထွက်ခဲ့တဲ့ Cheaper By the Dozen ရဲ့အဆက်ကားဖြစ်ပါတယ် ဒီကားမှာလည်း ပထမကားလို လူ ၅ သောင်းကျော်ပေးတဲ့ Rating မှာ ၅.၅ ဆက်လက်ရရှိထားပြီး ဇာတ်လမ်းပေါ့သွားတာမျိုးမရှိဘဲ လူကြိုက်များဆဲကားလေးဖြစ်ပါတယ်။ ပထမကားကို ကြည့်ထားရင်တောာ့ ဒီကားကိုပါ ဆက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအရ ဘိတ်ကာ မိသားစုဝင် သမီးကြီးဖြစ်တဲ့ နိုရာဟာလည်း အိမ်ထောင်ကျကိုယ်ဝန်ရပြီး ဟူစတင်ကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ် လော်ရိန်းကလည်း နယူးရောက်ကိုပြောင်းရွှေ့ကာ တစ်ခြားမိသားစုဝင်ကလေး ၁၀ ယောက်ကလည်း ကျောင်းကိုယ်စီတက်နေကြပါပြီ သားသမီးတွေ ကြီးပြင်းလာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတော့မှာကို လက်မလွှတ်နိုင်ဖြစ်နေတဲ့ ဖခင်ကြီး တွန်ဘိတ်ကာဟာ နောက်ဆုံးတစ်ကြိမ်အဖြစ် အားလုံးကိုစုရုံးကာ သူတို့အရင်ကပျော်ပွဲစားထွက်ခဲ့ဖူးတဲ့ ဝန်နက်ကာရေကန်ကြီးကို အလုပ်သမားနေ့ပိတ်ရက်မှာ အပန်းဖြေခရီးထွက်ဖို့ စီစဉ်လိုက်ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီရေကန်အနီးတစ်ဝိုက်မှာ တွန်ရဲ့လူငယ်ဘဝက ပြိုင်ဘက်ဟောင်းကြီး ဂျင်မီမားတော့နဲ့ အတူ မိသားစုဝင် ၈ ယောက်နေထိုင်ကြတာဖြစ်ပါတယ်.... ဒီလိုနဲ့ ဘိတ်ကာနဲ့ မားတော့ မိသားစုကြီး ၂ ခုရဲ့ အားပြိုင်ကြပုံကို ရယ်ရယ်မောမော ဟာသများစွာနဲ့ အလွဲအလွဲအချော်ချော်ဖြစ်ပုံကို မိသားစုနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။( ...
movie

Cheaper by the Dozen 2 (2005)

Cheaper by the Dozen (2022) 4.1
Cheaper by the Dozen (2022) Cheaper by the Dozen (2022)Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Paul Baker (Zach Braff) နဲ့ Kate ...
movie

Cheaper by the Dozen (2022)

2022
The Kid (1921) 8.3
The Kid (1921) အသံတိတ်ရုပ်ရှင်တွေဘက်ကို ခဏလောက် ပြန်လှည့်ရအောင်ပါ CM ပရိသတ်ကြီးရေ...အသံတိတ်ရုပ်ရှင်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာအင်္ဂလိပ်လူမျိုး ဟာသဇာတ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ Charlie Chaplin ပါပဲ။ဘာစကားမှ မပြောဘဲ လူတွေကို ရယ်အောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုတာတော်ရုံ ပါရမီရှိရုံနဲ့ မရပါဘူး။ ဒါပေမဲ့ ဂုရုကြီး Charlie Chaplin ကိုတော့ မြင်လိုက်တာနဲ့အလိုလိုရယ်ချင်ပြီး သဘောကျကြပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင်ပရိသတ်ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်နေခြင်းပါ။ ဒီတော့ ကျွန်တော်တို့ CM ကနေတစ်ခါက နာမည်ကြီးခဲ့တဲ့ The Kid, Modern Times နဲ့ City Lightsအသံတိတ်ရုပ်ရှင် သုံးကားကို Charlie Chaplin အလွမ်းပြေအနေနဲ့ရောပရိသတ်ကြီးလည်း ရယ်‌မောပျော်ရွှင် စိတ်အပန်းပြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…4GB / 1.4GB Quality…1080p BluRayx264 / 720p Format…mp4 Duration….1h 8mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by ...
movie

The Kid (1921)

1921
Rescued by Ruby (2022) 7.2
Rescued by Ruby (2022) K9 ဆိုတဲ့ အနံ့ခံခွေးတပ်ဖွဲ့ကို အရမ်းကိုဝင်ချင်နေတဲ့ ဒန်နီရယ် ဘယ်အိမ်ကမှာမမွေးစားနိုင်အောင်ဆိုးလို့ ဂေဟာမှာ သောင်တင်နေတဲ့ ရူဘီဆိုတဲ့ ခွေးမလေးအကြောင်းဖြစ်ရပ်မှန်ရိုက်ထားတဲ့ကားလေးပါပဲ ဟော့ဒေါဆိုရင် မနေနိုင်မထိုင်နိုင် အရမ်းကြိုက်တဲ့ ခွေးမလေးရူဘီဟာ သူ့ရဲ့သခင်အမှန်ကိုမတွေ့ရသေးခင်အထိ မွေးစားတဲ့အိမ်တွေမှာ စကားနားမထောင်ဘဲ လုပ်ချင်တာတွေလုပ်လို့ ဂေဟာမှာသောင်တင်နေတာပါ ဒန်နီရယ်ကလည်း K9ကိုဝင်ချင်လွန်းလို့ စာမေးပွဲ ၈ကြိမ်ဖြေပြီးတဲ့အထိ မအောင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ တစ်နေ့တော့ ဘယ်သူမှ မမွေးစားတဲ့ ရူဘီကို ဂေဟာက လက်စသတ်ဖို့လုပ်နေတုန်း အကြောင်းအရာတိုက်ဆိုင်ပြီး ဒန်နီရယ်တဲ့တွေ့သွားကြတဲ့အခါ ဘာတွေဖြစ်လာမလဲ ရူဘီ့ကို ဒန်နီရယ်က သူများတွေနဲ့မတူဘဲ လေ့ကျင့်ပေးနိုင်မလား ရူဘီကရောဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ ကြည်နူးမှုလေးနဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ တချို့ကားတွေလို့ ခွေးလိမ္မာလေးက အစစအရာရာလိမ္မာတာမဟုတ်ဘဲ ခက်ခက်ခဲခဲသင်ကြားပေးရတဲ့ကားဆိုတော့ ကြည့်ရတာတန်မှန်လို့ မျှော်လင့်ပါတယ်  File size…(1.88 GB)/(904.61 MB )/(519.19 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Biography, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Rescued by Ruby (2022)

Gulliver Returns (2021) 5.6
Gulliver Returns (2021) ကလေးဘဝတုန်းက "ဂါလီဗာနဲ့ လူပုလေးများ"ဆိုတဲ့ အိပ်ရာဝင် ပုံပြင်ကို မကြားဖူးတဲ့သူမရှိပါဘူး လူပုလေးတွေနေတဲ့ ကျွန်းကိုရောက်ရှိသွားခဲ့တဲ့ ဂါလီဗာရဲ့အကြောင်းပေါ့ ဒီ Animationမှာတော့ ဂါလီဗာဟာ သူအရင်က ရောက်ရှိဖူး၊ အကူအညီပေးဖူးတဲ့နိုင်ငံတစ်ခုကို ပြန်လည်ရောက်ရှိသွားတဲ့အကြောင်း ရိုက်ကူးထား တာပါ။အားလုံးသိထားတဲ့အတိုင်း ဂါလီဗာဟာ လူဘီလူးကြီး ဖြစ်ရမယ်၊ အဲဒီနိုင်ငံက တိုင်းသူပြည်သားတွေက ပိစိလေးတွေ ဖြစ်နေရမယ်၊ ဒါဟာ သမာရိုးကျပုံပြင်ပါပဲ၊ ထိုနိုင်ငံကို ဂါလီဗာ လာကူခဲ့စဉ်က သမိုင်းမှတ်တမ်းမှာလည်း ဒီအတိုင်းပါပဲ၊ဒါပေမဲ့နှစ်ပေါင်း၄၀ကြာထွက်သွားပြီးမှ ပြန်ရောက်လာတဲ့ ဂါလီဗာကြောင့် ထိုနိုင်ငံသားတွေ ဦးနှောက်ခြောက်ရပါတော့တယ်၊ ရှေးလူကြီးတွေရဲ့ ရှေ့ဖြစ်အဟောအရ နှစ်ပေါင်း ၄၀ကြာချိန်မှာ ဂါလီဗာပြန်ရောက်လာတာမှန်ပေမယ့် သူတို့မှတ်တမ်းထဲကလို ဧရာမလူဘီလူကြီးမဟုတ်ဘဲ သူတို့ရဲ့ရွယ်တူ ကောင်လေးတစ်ယောက် ဖြစ်နေလို့ပါ။ကိုယ့်နိုင်ငံဆီ ဟောကိန်းအတိုင်းပြန်ရောက်လာတဲ့သူ၊ သူ့ကိုယ်သူဂါလီဗာလို့ တွင်တွင်ပြောနေတဲ့သူက တစ်သက်လုံးထင်လာသလို လူဘီလူးကြီး ဟုတ်မနေတာကြောင့် အတု အယောင်ဆောင်ဆိုပြီး မယုံကြသလို ဂါလီဗာကိုယ်တိုင်လည်း ဆွမ်းခံရင်းငှက်သင့်ဆိုတဲ့အတိုင်း လူဘီလူးအယောင်ဆောင်မှုနဲ့ ကွပ်မျက်ခံရမယ့် ကိန်းကိုဆိုက်သွားပါတယ်။ဒါပေမဲ့ အကောင်းထဲကအဆိုးလို့ ပြောရမလိုပဲ ဂါလီဗာကွပ်မျက်ခံရခါနီးမှ နိုင်ငံကြီးကို စစ်အင်အားနဲ့ တိုက်ခိုက်သိမ်းပိုက်ခံရမယ့် အခြေအနေတစ်ခုပေါ်လာတဲ့အခါ ဂါလီဗာအတုဆိုတဲ့ ...
movie

Gulliver Returns (2021)

Super Machi (2022) 9.1
Super Machi (2022) Super Machi (2022)အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကိုကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင်အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာအလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်...ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့...ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင်လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိမိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်းရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကိုရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ ...
movie

Super Machi (2022)

2022
Night at the Museum (2006) 6.4
Night at the Museum (2006) Night At The Museum (2006) ~ IMDb Rating - 6.4/10 ~စားပွဲထိုးလေးတွေ ဆူညံပြေးလွှားနေတဲ့ လက်ဖက်ရည်‌ဆိုင်လေးတစ်ခုမှာ လယ်ရီ ဒဲလ်လေ နဲ့ ကျွန်တော်ဆုံတယ်။ ကိုယ်စီပြောစကားတွေနဲ့ အသက်ဝင်နေတဲ့ ပတ်ဝန်းကျင်လေးမှာ နံရံကပ်တီဗွီပေါ်က သူတို့ရဲ့ အမူအယာတွေ၊ စကားသံတွေ၊ လှုပ်ရှားသက်ဝင်မှုတွေကို အရမ်းအာရုံစိုက်ပြီး ကြည့်ခဲ့ရတယ်ပေါ့ဗျာ။ ဘာသာပြန်စာတန်းကလည်း သူစိတ်ပါတဲ့နေရာမှ ထ ထ ပေါ်လာတာဆိုတော့ ဟိုတစ်စ ဒီတစ်စ ပါပဲ။IMDb 6.4 ရယ်၊ Rotten Tomato 44% ရရှိထားပါတယ်။ ဟာသမင်းသားကြီး Ben Stiller က အဓိကသရုပ်ဆောင်ထားပါတယ်။ Box Office မှာ ၅၇၄.၅ သန်းပြန်လည်ရရှိပြီး ၂၀၀၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစု အပျော်ကြည့်လေးပေါ့။ အလုပ်လက်မဲ့တစ်‌ေယာက်၊ တီထွင်သူလိုလိုနဲ့ အိမ်ထောင်ကွဲ၊ သားတစ်ယောက်ကို ...
movie

Night at the Museum (2006)

2006
Night at the Museum: Battle of the Smithsonian (2009) 6
Night at the Museum: Battle of the Smithsonian (2009) Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်‌ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie

Night at the Museum: Battle of the Smithsonian (2009)

2009
Night at the Museum: Secret of the Tomb (2014) 6.2
Night at the Museum: Secret of the Tomb (2014) Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47%   ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the  Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။  အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie

Night at the Museum: Secret of the Tomb (2014)

2014
The Invisible Thread (2022)
The Invisible Thread (2022) The Invisible Thread (2022)ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။သို့ပေမဲ့ ထူးဆန်းတာတစ်ခုက ...
movie

The Invisible Thread (2022)

A Fairy Tale After All (2022) 7.6
A Fairy Tale After All (2022) A Fairy Tale After All (2022)=====================IMDb Rating - 7.6/10Musical/Family Friendly Genre ကိုနှစ်သက်တဲ့ ပရိတ်သတ်များအတွက်တော့ ကြည့်ရှူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ စကိုင်းနဲ့ ဘရတ်စ်တန်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် အအရာရာပြောင်းလဲ သွားခဲ့တဲ့မောင်နှမနှစ်ယောက်ပေါ့။ အမြဲအလုပ်များနေတဲ့မိခင်ကို သားငယ် ဘရတ်စ်တန်က နားမလည်ပေးနိုင်သလို၊ အကြီးမလေးစကိုင်းခမျာလည်း ပြိုလဲနေ ပေမယ့်အကုန်အဆင်ပြေချင်ဟန်ဆောင်နေရတာပါ။ ဖခင်ဖြစ်သူပြောပြခဲ့တဲ့ နတ်သမီးပုံပြင်တွေကို သူသိပ်နှစ်ခြိုက်ခဲ့ပေမယ့် လက်တွေ့ဘဝက အဲဒီလိုဖြစ်မလာတဲ့ အခါ ပုံပြင်တွေကို မယုံကြည်တော့ပဲ ရှောင်ပြေးနေခဲ့ရာက နတ်သမီးပုံပြင်တစ်ခုထဲ သူကိုယ်တိုင်ရောက်သွားချိန်မှာတော့….(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်)File Size - (899 MB) / (439 MB) / (284 MB) Quality – WebRip 1080p / 720p/480p Duration - 1h 12mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Family, ...
movie

A Fairy Tale After All (2022)

2022