Channel Myanmar

Family

Titina(2022) 7.5
Titina(2022) Titina(2022)***********ဒီတစ်ခါတော့ Animation fan လေးတွေအတွက်ပါ.... Italian အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Umberto Nobile ဆိုသူဟာ တစ်နေ့မှာ အပြင်ထွက်ရင်းTitina ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်.. နောက်တစ်နေ့မှာတော့ ဝင်ရိုးစွန်းတွေကို Explore လုပ်တဲ့ Roald Armendson ဆိုတဲ့သူဟာမြောက်ဝင်ရိုးစွန်းက်ုသွားဖို့ Airship တစ်စင်းဆောက်ပေးဖို့ သူ့ဆီဖုန်းနဲ့ဆက်သွယ်လာပါတယ်....Airship ဆောက်ပေးရုံမကပဲ မြောက်ဝင်ရိုးစွန်းကိုပါ အတူလိုက်ပါခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ကိုပျော်မိတာပေါ့... ဒီလိုနဲ့တစ်နေ့ သူ့ရဲ့ Airship ကြီးဆောက်လုပ်ပြီးစီးတဲ့အခါမှာ Roald Armendson နဲ့အတူမြောက်ဝင်ရိုးစွန်းကိုခရီးနှင်ခဲ့ပါတယ်.အဲ့ဒီခရီးမှာ သူ့ခွေးလေး Titina လေးလည်း လိုက်ပါလာပါတယ် ...ဒီလိုနဲ့ Armendson နဲ့ Nobile တို့နှစ်ယောက် ဘယ်လောက်ရင်းနှီးသွားကြမလဲဆိုတာအပြင်Titina လေးရဲ့ ချစ်စရာကောင်းတာကိုပါ မြင်တွေ့ရမှာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး....File Size :(1.4GB) and (496MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:31:00 Genre : Animation, Adventure, Family Subtitle : Myanmar ...
movie

Titina(2022)

Church of Darkness (2022) 4.6
Church of Darkness (2022) Church Of Darkness (2022) ====================ဒီ Church Of Darkness ဆိုတဲ့ကားလေးကတော့ Horror အမျိုးအစား ကားလေးဖြစ်ပြီး လူငယ်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ ဒေးဗစ်ဆိုတဲ့ ခရစ်ယာန်ဘာသာ ယုံကြည်သူ ကောင်လေးတစ်ယောက် မစ်ရှင်ပွိုင့်ဆိုတဲ့ မြို့ကလေးကို စပြောင်းရွှေ့လာစဉ် အင်မတန်ထူးခြားတဲ့ အဆောက်အဦးတစ်ခုကို မြင်တွေ့မိရာကစတင်ထား ပါတယ်။ဒေးဗစ်ဟာ ဘာသာရေးကို ယုံကြည်သက်ဝင်သူဖြစ်သော်လည်း လူငယ်ဖြစ် သည့်အလျောက် ဘာသာရေးအပေါ် နားလည်မှုလွဲခြင်းများလည်းရှိနေပုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ ထူးဆန်းတဲ့ နတ်ဆိုးများကို ပူဇော်သည့် Wheelmakerဆိုတဲ့ ဂိုဏ်းတစ်ခုကြီးစိုးနေတဲ့ မစ်ရှင်ပွိုင့်မှာ ဒေးဗစ်တစ် ယောက်ဘာတွေကြုံတွေ့ရမလဲ။ ဘယ်လိုတွေစွန့်စားရမလဲဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ကြပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်)File Size..........(1.0 GB) / (411 MB) / (232 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Horror Translator.......Lwin Bo Encoder..........SWM
movie

Church of Darkness (2022)

2022
Chang Can Dunk (2023) 6.4
Chang Can Dunk (2023) Chang Can Dunk (2023)~ IMDb - 6.4/10, Rotten Tomatoes - 95% ~2023 ဒီလထဲမှာမှ လတ်လတ်ဆတ်ဆတ် Disney+ က​နေထွက်ထားတဲ့ အားကစား လူငယ်ဒရာမာကား​လေးနဲ့မိတ်ဆက်​​ပေးလိုက်ပါတယ်။၁၆ နှစ်အရွယ် အရပ် ၅​ပေ ၈လက်မ အာရှလူမျိုး ချန်း။ အာရှမိသားစုက ဆင်းသက်လာသူပီပီ အိမ်ကအ​မေက စာကိုပဲတစ်စိုက်မတ်မတ်လုပ် ပညာ​ရေးဘက်ကို အားသန်​နေ​သော်လည်း မိမိကိုယ်တိုင်က ဘက်စကက်​ဘောအားကစားကိုရူးသွပ်​နေတဲ့ ချန်းတစ်​ယောက်...အရပ် ၅​ပေ ၈လက်မဆိုတာ ဘက်စကက်​​ဘောအားကစားအတွက် ​သိပ်​ဘောင်မဝင်တာ​ကြောင့် မတ်ရဲ့ အနိုင်ကျင့်မှု​တွေ နှိမ်တာ​တွေကို ခံ​​နေရတဲ့ချန်း...တစ်​နေ့ ​ကျောင်းသူအသစ် ခရစ်စတီ ​ကျောင်းကို​ရောက်လာ​တော့ ချန်းနဲ့ မတ် အပြန်အလှန် ပိုးပန်းရင်း မခံချင်စိတ်နဲ့ ဘက်စကက်​ဘောအားကစားနည်းမှာ အခက်ခဲဆုံးနည်းတစ်ခုဖြစ်တဲ့ ခုန်သွင်းနည်း(Dunk) ကို လုပ်နိုင်မလုပ်နိုင် မတ်နဲ့​လောင်းလိုက်မိတဲ့အခါ...မတ်နဲ့  စိန်​ခေါ်ထားတာကို လုပ်နိုင်ဖို့ နည်းပြရှာရင်း ယူကျူ့​​ပေါ်က ဒီရွန်းဒ​ရေးနဲ့​တွေ့တဲ့အခါ ...
movie

Chang Can Dunk (2023)

2023
Far from Home: The Adventures of Yellow Dog(1995) 6.3
Far from Home: The Adventures of Yellow Dog(1995)   ခွေးကလူတွေရဲ့အကောင်းဆုံးအဖော်မွန် ဆိုတဲ့စကားပုံကိုကြားဖူးကြမှာပါ။ခွေးဆိုတဲ့သတ္တဝါကဘယ်သူတွေကိုယ့်ကိုစွန့်ခွာသွားသွား ကိုယ့်ဘေးမှာအမြဲတမ်းရှိနေမယ့်သတ္တဝါလေးတွေပါ။မိတ်ဆွေတွေထက် သစ္စာရှိတာကြောင့်မိတ်ဆွေစစ်လို့ခေါ်ဝေါ်ကြတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။ဒီကားလေးကတော့ ခွေးချစ်သူပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ခွေးကားဟောင်းလေးတစ်ခုဖြစ်ပါတယ်။၉၀ ခုနစ်ကကားလေးဖြစ်ပြီးတော့ ထိုအချိန်က နေထိုင်မှုဘဝ အဆင်အပြင်တွေကို​ခံစားရမှာပါ။တောတောင်ရေမြေသဘာဝ ကိုကြည့်ရှုလိုသူတွေအတွက်လည်း နောက်ခံမြင်ကွင်းကစိတ်ကျေနပ်စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အန်းဂတ်စ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးက တိရစ္ဆာန်တွေအပေါ်သနားကြင်နာတတ်ပြီး တစ်နေ့မှာတော့ သူ့နောက်ကိုလိုက်လာတဲ့ လမ်းပျောက်နေတဲ့ ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ကို မွေးစားလိုက်ပါတယ်။ခွေးလေးရဲ့နာမည်ကတော့ Yellow ပါ။ Yellow ကအန်းဂတ်စ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာပြီး သံယောဇဉ်လည်းတွယ်လာရင်း မိသားစုရဲ့အရေးပါသူတစ်ဉီးဖြစ်လာပါတယ်။ဒါပေမဲ့ သူရဲ့တကယ် သစ္စာရှိအနစ်နာခံပုံက အခုမှလာမှာပါ။တစ်ရက်မှာ အန်းဂတ်စ်ဟာ သူ့အဖေရဲ့ပင်လယ်ခရီးတစ်ခုကိုလိုက်သွားပါတယ်။ Yellow ကိုပါခေါ်သွားခဲ့တာပါ။အဲ့မှာ ရာသီဉတုပြင်းထန်တာနဲ့ကြုံပြီး လှိုင်းလုံးမိကာ သင်္ဘောမှောက်ပါတော့တယ်။အဲ့ဒီမှာ အန်းဂတ်စ်နဲ့ Yellow နှစ်ဉီး သူဆောက်ထားတဲ့လှေလေးပေါ်ပါသွားပြီး ကျွန်းတစ်ကျွန်းမှာသောင်တင်ခဲ့ပါတယ်။လူသူပြတ်နေတဲ့ တောခြုံကြားမှာ သူတို့အတူ သဘာဝရဲ့ဘေးအန္တရာယ်တွေနဲ့၊သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကိုရင်ဆိုင်ရပါတယ်။ကယ်ဆယ်သူတွေအလာကို စောင့်ဆိုင်းရင်း အန်းဂတ်စ်နဲ့ Yellow နှစ်ယောက်ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်ရပ်တည်သွားကြမလဲ။ အိမ်ကိုရောအရောက်ပြန်နိုင်မှာလား။ တစ်ဖက်က အန်းဂတ်စ်ရဲ့မိဘတွေဖြစ်တဲ့ ဂျွန်နဲ့ကတ်သရင်းတို့ကရော သူတို့ကိုရှာတွေ့နိုင်ပါမလား။ ခွေးတွေသစ္စာရှိတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ဒီကားလေးထဲမှာကြည့်ရှုခံစားလိုက်ပါ။သရုပ်ဆောင်တွေအနေနဲ့ကတော့ ...
movie

Far from Home: The Adventures of Yellow Dog(1995)

Mummies (2023) 5.9
Mummies (2023) Mummies (2023)~ TMDb - 66%, Rotten Tomatoes - 70% ~ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။ အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတို့ရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို့ အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖို့လိုတယ်လို့ ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။ အဲဒီအလောင်းတွေကို မံမီတွေလို့ခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လို့ခေါ်ရာကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။ဒီကာတွန်းထဲမှာတော့ မံမီအားလုံးဟာ တမလွန်မြို့ကြီးတစ်ခုမှာ ထာဝရအသက်ရှင်နေထိုင်ကြပါတယ်။ မံမီအားလုံးကို ဖာရိုးဘုရင်ကြီးက အုပ်ချုပ်ပါတယ်။ ဖာရိုးဘုရင်ကြီးရဲ့ သမီးတော် နက်ဖာအတွက် ကြင်ယာဖက်ရွေးဖို့ အချစ်နတ်ဘုရားမရဲ့ ...
movie

Mummies (2023)

2023
Balagam (2023) 8.2
Balagam (2023) Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB  / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein 
movie

Balagam (2023)

2023
Kanjoos Makhichoos (2023) 6.4
Kanjoos Makhichoos (2023) Kanjoos Makhichoos (2023) ****************************** မင်းသားကြီး ကုနားလ်ခေမူးပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 နဲ့ ဒီကားဟာဆိုရင် ရယ်စရာလည်းကောင်း စိတ်အပန်းဖြေစရာလည်းကောင်းပြီး တကယ်ကြည့်သင့်တဲ့ Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။စော်ဘွားတွေရဲ့မြို့တော်လက်ခနောင်းမှာ‌နေတဲ့ဂျန်မနာဆိုတဲ့လူက ကပ်စေးနှဲကော်တရာပါ ဘယ်လောက်တောင်လဲဆိုရင် အမွှေးတိုင်တစ်ထုပ်ကို တစ်နှစ်လောက်ထိချွေတာပြီးသုံးတဲ့လူမျိုးပါ ဒီ လိုကပ်စေးကုပ်တာကတော့အကြောင်းရှိပါတယ်။အဲဒါကတော့သူ့မိဘတွေကိုဘုရားဖူးလိုက်ပို့နိုင်ဖို့ပါပဲ ဒီလိုနဲ့ပိုက်ဆံစုတာပြည့်လို့မိဘတွေကိုဘုရားဖူးပို့ပြီးချိန်မှာတော့ သူတို့ဘဝတွေပြောင်းလဲသွားမဲ့ကိစ္စကြီးတစ်ခုဖြစ်သွားပါတယ် အဲဒါကတော့ကံဆိုးမိုးမှောင်ကျပြီး ဘုရားဖူးသွားတဲ့ သူ့မိဘနှစ်ပါးက မိုးကြီးလေကြီးထဲပါသွားလို့ပါပဲ။ ဒီလိုနဲ့သေဆုံးသူနစ်နာကြေးအနေနဲ့ အစိုးရကပိုက်ဆံပေးတော့ သုံးဖြုန်းပြီးကာမှ မိဘနှစ်ပါးလုံးမသေဘဲပြန်ရောက်လာတဲ့အခါမှာတော့... နစ်နာကြေးငွေတွေကိုသူတို့ဘယ်လိုဆပ်ကြမလဲ ပိုက်ဆံမရှိတော့တဲ့သူတို့ အစိုးရကိုဘယ်လိုကွက်ကျော်ရိုက်မလဲဆိုတာကြည့်လိုက်ကြပါဦး။ File size…2.1GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ BpL~ Thaik San ~Nyein Aye
movie

Kanjoos Makhichoos (2023)

2023
Spirited Away Live Stage Performance First Distribution(2022) 7.0
Spirited Away Live Stage Performance First Distribution(2022) Spirited Away Live Stage Performance First Distribution(2022)***********************************************************"Spirited Away" Live Stage Performance : First Stage Distribution Studio Ghibli ရဲ့ masterpiece တွေထဲက တစ်ခုဖြစ်တဲ့အပြင် ဆုတွေ ရရှိခဲ့တဲ့ ၂၀၀၁ ခုနှစ်ရဲ့ နာမည်ကျော်ဂျပန် anime ကားလေး Spirited Away ကို မကြည့်ဖူးတဲ့သူ မရှိသလောက်ပါပဲ။ အခုဟာက Spirited Away ကို တိုက်ရိုက် ထုတ်လွှင့်ပြီး ပြဇာတ်အနေနဲ့ ကပြခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဂျပန်လူမျိုးတွေရဲ့ ပြဇာတ်အငွေ့အသက်လေးကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဖန်တီးမှုတွေကိုလည်းအံ့ဩမှင်သက်ဖွယ် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်းအင်မတန် ချီးကျူးစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီဟီရိုဆိုတဲ့ ကလေးမလေးတို့ မိသားစုကနယ်မြို့လေးကို ပြောင်းလာရင်း လမ်းပျောက်ရာကနေ လှိုဏ်ဂူတစ်ခုထဲကို ဝင်ကြည့်ခဲ့တယ်။ဒီလိုနဲ့ပဲ စူးစမ်းရင်း ...
movie

Spirited Away Live Stage Performance First Distribution(2022)

Hong Kong Family ( 2022 ) 5.9
Hong Kong Family ( 2022 ) ဒီနေ့မှာတော့ မိသားစု တစ်စုအတွင်းမှာ တွေ့ကြုံလေ့ရှိတတ်တဲ့ အကြောင်းအရာတွေအကြောင်း ရိုက်ကူးထားတဲ့ ဟောင်ကောင် မိသားစု ရုပ်ရှင်ကားလေးကို CM က ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ ။ဟောင်ကောင် မိသားစုတစ်စုဟာ ဇာတိမြေကိုပြန်ပြီး ဆောင်းဦးရာသီ မိသားစု လက်စုံထမင်းစားပွဲတစ်ခုကို ကျင်းပခဲ့ပါတယ် ။ ဒါပေမဲ့ ဒီလက်စုံထမင်းစားပွဲဟာ သူတို့ ထင်သလို ချောချောမွေ့မွေ့ဖြစ်မနေခဲ့ပါဘူး ။ မိခင်ဖြစ်သူ နဲ့ သားဖြစ်သူမင် တို့ နားလည်မှုတွေ ဖြစ်ရင်း မင်ဟာအိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ် ။ဒါ့အပြင် သမီးဖြစ်သူ လင်ဟာလဲ ယောကျာ်းနဲ့ ပြဿနာတွေဖြစ်ကာ သူတို့ရဲ့ လူမမည် ကလေးတွေကိုပါ စိတ်ဒဏ်ရာရစေခဲ့ပါတော့တယ် ။ သ ားဖြစ်သူ မင် နဲ့ သမီးဖြစ်သူ လင် တို့ရဲ့ အခြေအနေကို ကြည့်ရင်း မိခင်ကြီးမှာ စိတ်မအေးချမ်းနိုင်ဖြစ်ခဲ့ပြီး ဒီမိသားစုရဲ့ ဆက်ဆံရေးဟာလဲ ၁၀ စုနှစ်တိုင်တိုင် အေးစက်လို့ နေခဲ့ပါတယ် ။ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ မင် တစ်ယောက် မိခင်ကြီးဆီကို ပြန်လာနိုင်ပါ့မလား ? အဆင်မပြေမှုတွေ ရင်ဝယ်ပိုက်ထားတဲ့ သူတို့ ...
movie

Hong Kong Family ( 2022 )

Gandhada Gudi (2023) 9.2
Gandhada Gudi (2023) Gandhada Gudi 2022 IMDb 9.2/10 Documentary /Dramaအိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူ အာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကို ခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့ မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။ File size…2.06GB/ 937MB Quality…1080p TRUE  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~ Yunni
movie

Gandhada Gudi (2023)

2022
My Heart Puppy (2023) 7.7
My Heart Puppy (2023) My Heart Puppy (2023)ဒီတစ်ခေါက် တင်ဆက်ပေးမှာတော့ အားလုံးမျှော်နေကြတဲ့ ခွေးလေးတွေနဲ့ မထင်မှတ်ဘဲ ခရီးသွားဖြစ်သွားတဲ့ ဇာတ်လမ်းလေးပေါ့နော်ဖြစ်ပုံကဒီလို... ခွေးလေးရွန်းနီကိုအရမ်းတန်ဖိုးထားပြီး ချစ်တဲ့ မင်ဆူက လက်ထပ်တော့မယ့်အချိန်မှာမှ ဆက်ပြီးမွေးထားဖို့ လုံးဝအဆင်မပြေနိုင်တော့တဲ့အခြေအနေတစ်ခုကြောင့် မွေးစားဖို့အတွက် သူ့အစ်ကိုဖြစ်တဲ့ ဂျင်းဂုကို အပူကပ်ရတာ...နှစ်ယောက်သား ရှာကြဖွေကြရင်းနဲ့ ဂျယ်ဂျူကျွန်းကို မွေးစားဖို့ပေးမယ်ဆိုပြီး အသွား.. လမ်းမှာတွေ့တဲ့စွန့်ပစ်ခွေးလေးတွေကိုလည်း တစ်ခါတည်းခေါ်သွားနဲ့ပေါ့အဲလိုနဲ့ အသွားကြီးသွားရပြီးမှ ဂျယ်ဂျူကျွန်းရောက်တဲ့အခါမှာရော မွေးစားတဲ့လူတွေ့သွားကြမလား ရွန်းနီလေးကိုရော မင်ဆူကခွဲခွာရက်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်My Sassy Girl နဲ့ နာမည်ကြီးပြီး လူသိများခဲ့တဲ့ မင်းသားကြီး Cha Tae Hyun, Hospital Playlist ထဲ ဘုန်းကြီးဆရာဝန်အနေနနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Yoo Yeon Seok တို့လို မင်းသားကြီးတွေပါဝင်ထားပြီးတော့ ချစ်စရာခွေးလေးတွေနဲ့ လုံးဝကို healing ဖြစ်စေမယ့် ရုပ်ရှင်လေးတစ်ကားပါပဲအညွှန်းကိုတော့ JoyZ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Family Quality…. ...
movie

My Heart Puppy (2023)

2023
Anak Rimau the Movie(2022) 6.7
Anak Rimau the Movie(2022) Anak Rimau the Movie(2022)***************************ဘောလုံးအကယ်ဒမီတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကိုကြည့်ပြီးသွားရင်စိတ်ထဲမှာ အတွေးထဲမှာ တစ်ခုခုတော့ တွေးနေမိမှာ အမှန်ပါပဲ။ နိုင်ငံရဲ့နေရာစုံကနေလာတဲ့ ဘောလုံးကန်ရတာကိုအရမ်းဝါသနာပါတဲ့ လူငယ်လေးတွေ Anak Rimau ဘောလုံးအကယ်ဒမီကိုရောက်ပြီးဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ။ အဲရစ်ဖ်ကတော့ ဆင်းရဲပြီး အမေနဲ့ အတူတူနေပါတယ်။ သူ့မှာ ဆိုးသွမ်းပြီးဦးတည်ရာမဲ့နေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ဒန်းနစ်ကတော့ ချမ်းသာပြီး သူ့အဖေကAnak Raimu Academy ရဲ့ အကြီးဆုံးစပွန်ဆာတစ်ယောက်ပါ။မာရို ကတော့စိတ်ဓာတ်ကြံခိုင်ပြီး စကေးရှိတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။ အဲ့လိုမတူညီတဲ့ ဘဝတွေ မတူညီတဲ့ နေရာဒေသက လာတဲ့သူတွေကို နည်းပြကြီးဇိုင်နာ ဘယ်လို ကိုင်တွယ်ပြီး အောင်မြင်တဲ့ဘောလုံး အသင်းတစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်သွားမလဲဆိုတာကတော့.........File Size :(2.6GB) and (1.3GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:2300 Genre : Sport , Family , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Anak Rimau the Movie(2022)

Dada(2023) 8.5
Dada(2023) Dada (2023)IMDb-8.5/10ရုံတင်ငွေငါးဆမကမြတ်ခဲ့တဲ့ 2023 နောက်ဆုံးထွက် ဆယ်ကျော်သက်အချစ်ရူးလေး မာနီနန်ကန်နဲ့ စင်ဒူတို့ရဲ့ ဘဝဇာတ်လမ်းလေးဇာတ်လမ်းအညွှန်း မာနီနဲ့ စင်ဒူတို့နှစ်ယောက်ဆယ်ကျော်သက်အရွယ်မှာပဲ အချစ်နယ်ကျွံပြီး ကိုယ်၀န်ရသွားချိန်မှာ နှစ်ဖက်မိဘကလည်းမထောက်ပံ့ ကိုယ်ထူကိုယ်ထရပ်တည်ကြရပါတော့တယ် ကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့၀င်ငွေဟာ အိမ်စရိတ် မီးဖွားစရိတ် ဘာမှမလုံလောက်ခဲ့ပေမယ့် အချစ်လတ်လတ်ဆတ်ဆတ်တွေနဲ့ ဒုက္ခပင်လယ်ကြား ပြုံးပျော်နေကြတုန်းပါပဲဒါပေမယ့် တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းကြမ်းခဲ ဘာညာသာရကာဆိုတာ ပိုးစိုးပက်စက်ဂျင်းဆိုတဲ့အကြောင်းကို ဇာတ်ကားလေးမှာ အောင့်သီးအောင့်သက်နဲ့ကြည့်ရှုရမှာပါ အခက်အခဲတွေကြားက မိတ်ဆွေတွေ အိမ်ထောင်ရေးမှာ ချစ်ကြည်နူးတစ်တီတူးပြီးရင် ကြုံတွေ့ရမဲ့လက်တွေ့ဘဝတွေ သားသမီးဆိုတာ ဘယ်လိုပျိုးထောင်ရလဲဆိုတဲ့ ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးပါးနဲ့ အတွေးများစေရမဲ့ ဇာတ်ကားလေးပါ က‌ဗျာဆရာတစ်ယောက်ရဲ့ စာသားလေးနဲ့ပဲ အညွှန်းကို အဆုံးသတ်ပေးပါရစေကျွန်တော်တို့အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်..... လောကဓံနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့ အချစ်ဟာ အငွေ့ပျံပြီး ရှောင်ပြေးသွားခဲ့တယ်...... File size…2.85GB  / 993MB Quality…1080p True WEB DL /720p Format…mp4 Duration…2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ Sai ThuRein
movie

Dada(2023)

2023
Five Hundred Miles ( 2023 ) 6
Five Hundred Miles ( 2023 ) ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား..... သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ..... ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy, Family , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Five Hundred Miles ( 2023 )

We Have a Ghost (2023) 6.1
We Have a Ghost (2023) We have a Ghostကယ်ဗင်တို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။တနေ့ အိမ်သစ်ပြောင်းကြတဲ့အခါ မထင်မှတ်ဘဲ ကယ်ဗင်တစ်ယောက် သရဲတစ်ကောင်ကို စတင်တွေ့ရှိခဲ့ပါတော့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မိခဲ့ရာက ထိုဗီဒီယိုကို အစ်ကိုကတွေ့ … ပြီးတဲ့နောက် ဖခင်ဆီရောက်သွားတဲ့အခါ...သရဲကလေး အားနက်စ်ဟာ ဝင်ငွေကောင်းတဲ့ ဆိုရှယ်မီဒီယာလောကရဲ့ သားကောင်ဖြစ်လာရပါတော့တယ်...ကယ်ဗင်ကတော့ အားနက်စ်ကို သနားနေပြီး သူ့အဖေရဲ့လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် အားနက်စ် ကျွတ်လွတ်ရေးကိုသာ ကြံစည်နေပါတော့တယ် …တစ်ဖက်မှာလည်း CIAမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပိတ်သိမ်းထားရတဲ့ Wizard Clipဆိုတဲ့ စီမံကိန်းဟာ အားနက်စ်ရဲ့နာမည်ကျော်ကြားလာမှုကြောင့် မြုပ်ရာကနေ ပြန်ပေါ်လာပါတော့တယ်...စီမံကိန်းရဲ့ မူလရည်ရွယ်ချက်ဟာ သရဲတွေရဲ့ တည်ရှိမှုကို ရှာဖွေဖော်ထုတ်မယ် ပြီးရင် ထိန်းသိမ်းမယ် အဲ့နောက် လက်နက်အဖြစ်အသုံးပြု ရနိုင် မရနိုင် ဆန်းစစ်ကြဖို့ပဲဖြစ်ပါတယ် …ဒါပေမယ့် စီမံကိန်းဟာ သရဲတစ်ကောင်မှ လက်ဆုပ်လက်ကိုင် မပြနိုင်တာနဲ့တင် နိဂုံးချုပ်ခဲ့ရပါတယ် ...
movie

We Have a Ghost (2023)

Biko(2022) 6.7
Biko(2022) Biko(2022)**********အစ်ဇ်ဝမ်က Single Father တစ်ယောက်ဖြစ်ပြီး သူ့သားလေးဘီကို ကိုပြုစုစောင့်ရှောက်နေရတယ်။ အခုတော့ အိမ်ငှားခတောင်မပေးနိုင်ဘဲ သားအဖနှစ်ယောက်လုံးအိမ်ပေါ်ကနှင်ချခံလိုက်ရတယ်။ ကုန်ကားမောင်းတော့ နှစ်ယောက်သားမြို့အပြင်မှာထွက်ပြီးကားပေါ်မှာပဲနေကြတယ်။ အစ်ဇ်ဝမ်ရဲ့ မိတ်ဆွေ ရှယ်ရီက ရုပ်ရှင်ရိုက်ကွင်းမှာ မန်နေဂျာလုပ်ပြီးအချိန်အားရင်တော့ ဘီကို ကိုလာကြည့်ပေးတယ်။ တစ်နေ့မှာ ရှယ်ရီက နာမည်ကြီးအဆိုတော် ဆာရာရဲ့ဗီဒီယိုသရုပ်ဆောင်မှာကလေးသရုပ်ဆောင်ရွေးပွဲကို ဘီကို ကိုခေါ်သွားပြီး ပြိုင်ခိုင်းတယ်၊ ဘီကို ကအရည်းအချင်းရှိလို့ နောက်ကြောင်းကိုဆာရာတစ်ယောက် စုံးစမ်းလိုက်တဲ့အခါမှတော့ သူနဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလက်ထပ်ခဲ့တဲ့အစ်ဇ်ဝမ်မှန်းသိသွားခဲ့တယ်။ အစ်ဇ်ဝမ် ဟာ စားဝတ်နေရေးအခက်အခဲကြောင့် ဘီကို ကိုသရုပ်ဆောင်လုပ်ဖို့ခွင့်ပြုပေးခဲ့ပေမယ့် ဆာရာနဲ့ နီးစပ်သွားမှာမလိုပါဘူး။ အကြောင်းကတော့ ဘီကို ဟာလွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မွေးခဲ့တဲ့ ဆာရာရဲ့သားအရင်းဖြစ်နေလို့ပါပဲ။ ဘယ်လောက်ရှောင်လွှဲနေပါစေ ဆာရာဟာ ဘီကို ကို သူ့သားအရင်းဖြစ်မှန်းသိသွားတဲ့အခါမှတော့......        File Size :(1.5GB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:38:00 Genre : Family, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo ...
movie

Biko(2022)

A Charlie Brown Valentine (2002) 7.1
A Charlie Brown Valentine (2002) A Charlie Brown Valentine (2002) ========================= IMDb Rating - 7.1/10"ကျွန်တော့်ကိုရှိလို့ရှိမှန်းတောင်မသိတဲ့ ကောင်မလေးအတွက် ချောကလက်ဝယ်ချင်လို့ပါ "..... Valentines' Day ကပြီးသွားပြီ ဆိုပေမယ့် Crush ကို Confess မလုပ်လိုက်ရတဲ့လူတွေအတွက် Relatable အဖြစ်ဆုံး ကာတွန်းဇာတ်လမ်းတိုလေးကို CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။Charlie Brown ဆိုတဲ့ ကောင်လေးကတော့ ရိုမန်တစ်ဆန်တာတွေ အပြောကောင်းတာတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုတာတွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ချည်းပဲ ပြည့်နှက်နေပြီး ရှက်တတ်လွန်းအားကြီးလို့ လူတောသိပ်မတိုးပါဘူး။ ဆံပင်နီနီနဲ့ကောင်မလေးတစ်ယောက်ကို ကြိတ်ကြိုက်နေပေမယ့် ဖွင့်ပြောရဲတဲ့သတ္တိမရှိတာကြောင့် အမြဲဝေ့လည် ကြောင်ပတ်နဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။Valentines' Day ဆိုတဲ့ အကြောင်းပြချက်အကြီးကြီးကို အသုံးချပြီး တောင် ဒိတ်ဖို့မပြောရဲသေးတဲ့ Charlie တစ်ယောက် Crush ဘက်က ကိုယ့်ကိုအော်တိုပြန်ကြိုက်လာမလားပဲ စိတ်ကူးယဉ်ရင်း အချိန်တွေသာ ကုန်လာတာပေါ့။ နောက်ဆုံး..... လူကိုယ်တိုင်မပြောရဲတောင် ဖုန်းကနေ တစ်ဆင့်ပြောဖို့ သတ္တိတွေမတရားမွေးပြီး ဖုန်းဆက်လိုက်တဲ့အခါမှာတော့ သူစိုးရိမ်နေသလို တစ်ဖက်ကဖုန်းပြန်ချသွားမှာလား၊ ဖုန်းရော လာကိုင်ပါ့ မလား၊ ကျောင်းကလူတွေအများကြီးထဲကမှ Valentine ကပွဲကို ဘယ်သူ နဲ့သွားလိုက်ရမလဲ ဆိုတာကို ဆယ်ကျော်သက်လေးတွေကြားထဲက ရတာ မလို လိုတာမရတဲ့ Valentines' ...
movie

A Charlie Brown Valentine (2002)

2002
I Want a Dog for Christmas, Charlie Brown (2003) 7.0
I Want a Dog for Christmas, Charlie Brown (2003) I Want a Dog for Christmas, Charlie Brown (2003) ==================================== IMDb Rating - 7.0/10"Peanuts" ဆိုတဲ့ကာတွန်းတွေထဲက ချာလီဘရောင်းဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့အချစ်တော်ခွေးလေးစနူပီဆိုတာကို တော် တော်များများပဲသိကြမှာပါ။ သူတို့နဲ့အတူ သူငယ်ချင်းတွေဖြစ် ကြတဲ့ လူစီတို့၊ လိုင်းနပ်စ်တို့ကိုပါတွဲမြင်ကြတယ်ဟုတ်။ ဒီ "I Want a Dog for Christmas, Charlie Brown" ဆိုတဲ့ဇာတ် လမ်းလေးထဲမှာတော့ လူစီနဲ့လိုင်းနပ်စ်တို့ရဲ့မောင်ငယ်လေးရီရန်းလ်ကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ဇာတ်ကြောင်းအပြင် တခြားရယ်စရာ၊ ကြည်နူးစရာလေးတွေနဲ့ အချစ်တော်ခွေးလေးစနူပီရဲ့မိသားစုအကြောင်းလေးတွေပါ တစ်ပိုင်း တစ်စပါတော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ပုဒ်ဆိုတာ တော့သေချာပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ရီရန်းလ်ဆိုတဲ့ကောင်လေးဟာ တစ်နေ့တစ်နေ့ သူ့အမေစက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီး နေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ဘုဂလန့်အစ်မဖြစ်သူလူစီနဲ့၊ စောင်တကားကားနဲ့အလုပ်ရှုပ်နေတတ်တဲ့အစ်ကိုဖြစ်သူ လိုင်းနပ်စ်တို့ အကြောင်းတွေလိုက်မေးတာပဲခံနေရတာတွေကနေစိတ်ညစ်ငြီးငွေ့နေ ရတာပေါ့။ အဲဒီမှာ ချာလီဘရောင်းနဲ့သူ့ခွေးလေးစနူပီတို့ကိုမြင်တော့ အားကျမိပြီး ရီရန်းလ်တစ်ယောက် သူနဲ့အတူတူဆော့ပေးနိုင်မယ့်ခွေးလေး တစ်ကောင်လိုချင်လာပါတယ်။ ဒီတော့လည်း မကြာခင်ကျရောက်တော့မယ့် ခရစ္စမတ်စ်ပွဲတော်မှာ ဆန်တာကလော့စ်ဘိုးဘိုးကြီးကိုစာရေးပြီးပူဆာဖို့ ကြံမိတယ်ပေါ့။ပြဿနာက သူ့အမေကလည်း ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်ဆိုပြီး ခွေးမွေးခွင့်ကိုဘယ်လိုမှမပြုသလို အစ်မလူစီကလည်း ဆန်တာကလော့စ် ဆိုတာ မိဘဖြစ်သူတွေသဘောမတူတဲ့အရာကိုလာပေးမှာမဟုတ်ဘူးဆိုပြီး ပြောတော့ ရီရန်းလ်လေးမှာစိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း ဆီခဏခဏသွားသွားပြီး စနူပီနဲ့ဆော့ဖို့ခေါ်တာကများများနေတော့ သူ့ကို ရှောင်ချင်နေကြပြန်သေးတယ်။ ...
movie

I Want a Dog for Christmas, Charlie Brown (2003)

2003
Spirited Away: Live on Stage-org(2022)) 7.0
Spirited Away: Live on Stage-org(2022)) Spirited Away: Live on Stage-org(2022))*************************************ဒီကားက live on stage ဆိုလို့ပျင်းစရာကောင်းတယ်လို့ထင်ရင်မှားသွားပါလိမ့်မယ်...Spirited Away ဆိုတဲ့Animeလေးကို လူတိုင်းမစိမ်းကြဘူးထင်ပါတယ်။အခုကားလေးကတော့ အဲဒီ Anime ကို ပြဇာတ်ရိုက်ထားတဲ့သဘောပါ..နယ်ဘက်ပြောင်းနေဖို့ထွက်ခဲ့ကြတဲ့ ချီဟီရိုတို့မိသားစုလေး လမ်းခရီးမှာ ညကြီးမိုးချုပ်လမ်းမှားသွားပြီးလှိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲဒီလှိုဏ်ခေါင်းကတစ်ဆင့်တခြားဘက်ထွက်လိုက်တဲ့အခါမှာတော့ အပန်းဖြေဥယျာဉ်လို နေရာကြီးတစ်ခုတွေ့လိုက်ရပါတယ်။စားပွဲပေါ်မှာတည်ခင်းထားတဲ့စားကောင်းသောက်ဖွယ်တွေကို ချီဟီရို့အဖေနဲ့အမေကခွင့်ပြုချက်မတောင်းဘဲအငမ်းမရစားမိလိုက်တဲ့အခါ ဝက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။တကယ်တော့ သူတို့ရောက်သွားတဲ့နေရာက ဝိဉာဉ်တွေ၊ နတ်ဘုရားတွေ အပန်းဖြေကြတဲ့ တစ်ဖက်ကမ္ဘာကတည်းခိုခန်းသဘောမျိုးပါ။မိဘတွေဝက်အဖြစ်ပြောင်းသွားပြီး ဝိဉာဉ်ကမ္ဘာထဲယောင်လည်လည်ဖြစ်နေတဲ့ချီဟီရို့ဆီ ဟခုလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရောက်လာပြီး အကူအညီပေးပါတော့တယ်.. ဟခုဆိုတာကရော သူနဲ့ဘယ်လိုပတ်သတ်လို့ကူညီပေးတာလဲ၊ ချီဟီရိုကရော သူ့မိဘတွေကိုကယ်တင်နိုင်ပါ့မလား..လူသားတွေကမ္ဘာဆီကိုရော ပြန်သွားနိုင်ပါ့မလား.. File Size :(2.9GB)(1.2GB) and (255MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…02:38:00 Genre : Adventure, Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Spirited Away: Live on Stage-org(2022))