Channel Myanmar

Family

Puffin Rock and the New Friends (2023) 6.8
Puffin Rock and the New Friends (2023)  ပက်ဖင်းကျောက်ဆောင်ကျွန်းပေါ်က အူနာနဲ့ ဘာဘာဆိုတဲ့ ပက်ဖင်းငှက်မောင်နှမရဲ့ စွန့်စားခန်းတွေအကြောင်းတင်ဆက်ထားတဲ့ Puffin Rock ရဲ့ 2023 ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် အူနာ တို့နေတဲ့ ပက်ဖင်းကျောက်ဆောင်ကို တခြား ပက်ဖင်းငှက်မျိုးစိတ်တွေလာရောက်ခိုလှုံလာကြပါတယ်။ အသစ်ရောက်လာတဲ့ ပက်ဖင်း ငှက်အုပ်ထဲမှာ အစ်ဇဘယ်နဲ့ ရွှေရစ်ငှက် ဖီးနစ်ဆိုတဲ့ ငှက်ကလေးနှစ်ကောင်ပါလာကြပြီး အူနာတို့နဲ့ သူငယ်ချင်းတွေဖြစ်သွားကြပေမဲ့လည်း အစ်ဇဘယ်ကတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်အဟောင်းကိုပဲ လွမ်းနေရှာပါတယ်။ တစ်နေ့မှာတော့ မြေကျင်းထဲက ပက်ဖင်းငှက်ဥလေးတစ်လုံးပျောက်သွားတဲ့အတွက် အူနာတို့ သူငယ်ချင်းတစ်သိုက်ရော ၊ အရွယ်ရောက်ငှက်တွေပါလိုက်ရှာကြပေမဲ့ မုန်တိုင်းကလည်းကပ်လာနေတဲ့အခါမှာ အူနာတို့ရဲ့ ငှက်ဥပျောက်ရှာပုံတော်ခရီးက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.2 GB)/(610 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:20:00 Genre... Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

Puffin Rock and the New Friends (2023)

The Monkey King 3 (2018) 6
The Monkey King 3 (2018) The Monkey King 3 (2018)_____IMDb - 6/10  ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ...
movie

The Monkey King 3 (2018)

2018
The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

The Santa Clause (1994)
The Santa Clause (1994)  Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါဇာတ်လမ်းလေးကတော့...... စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ်ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ...... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Santa Clause (1994)

Where Your Heart Belongs (2022) 5.5
Where Your Heart Belongs (2022)  မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre... Family, Romance Subtitle….Myanmar Subtitle ...
movie

Where Your Heart Belongs (2022)

Brother Team / Kardes Takimi 2024
Brother Team / Kardes Takimi 2024  မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ….ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ...
movie

Brother Team / Kardes Takimi 2024

Treasure Planet (2002) 7.1
Treasure Planet (2002) ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ်မူရင်းဇာတ်လမ်းကတော့ "Treasure Island" တဲ့ခင်ဗျ... ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက "Treasure Planet" ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာRating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့... ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါအသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု... ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ...
movie

Treasure Planet (2002)

2002
Arthur and the Invisibles (2006) 6.0
Arthur and the Invisibles (2006)  ဒီကားလေးကတော့ တောင်းဆိုသူတွေလည်းများသလို CM မှာလည်း မတင်ဆက်ဖူးသေးတာကြောင့် ပရိသတ်ကြီး ပြန်လည်ခံစားရအောင် တင်ဆက်ပေးလိုက်ပါတယ်......မီနီမွိုင်းဆိုတဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကို ၁၀နှစ်သားလေး အာဿ က ကူညီရင်း သူတို့အဖိုးအိမ်ဖောက်ခွဲခံရမဲ့ဘေးကနေ ကယ်တင်ပေးတဲ့ ကားလေးပါ.....စွန့်စားမှုတွေ စိတ်ကူးယဉ်မှုတွေ အန်နီမေးရှင်းလေးတွေနဲ့ဆိုတော့ စိတ်ကိုကြည်နူးစေပြီး ငယ်ဘဝလေးကို ပြန်ရောက်သွားစေနိုင်မှာမို့ ကြည့်ရှုလိုက်ပါဦး......ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ်(1) Arthur and the Invisibles (2006) (2) Arthur and the Revenge of Maltazard (2009) (3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre... ...
movie

Arthur and the Invisibles (2006)

Ribbon (2017) 6.9
Ribbon (2017) Ribbon 2017 (နှောင်ကြိုးလေး)ကာရန်နဲ့ ဆာဟာနာတို့ဟာ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း အလုပ်ကိုယ်စီနဲ့ ကြိုးစားရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ပေါ့၊ ဒီလိုနဲ့ တစ်ရက်မှာ မမျှော်လင့်ဘဲ ဆာဟာနာ့မှာ ကိုယ်ဝန်ရှိလာပါတော့တယ်။သာမာန်မိသားစုတွေဖြစ်တဲ့အပြင် အလုပ်မှာ အရမ်းကြိုးစားပြီးတော့ နေရာတစ်နေရာရနေတဲ့ ဆာဟာနာဟာ ဒီကလေးကို မလိုချင်ခဲ့ပါဘူး။ ကိုယ်ဝန်ရတာကို သိသွားပြီးတဲ့နောက်မှာတော့ ကလေးအရမ်းလိုချင်တဲ့ ကာရန်တစ်ယောက်ကတော့ အပျော်ကြီးပျော်ခဲ့ပေမယ့် ကလေးမလိုချင်လို့ ဖျက်ချမယ်ဆိုတဲ့ ဆာဟာနာပြောတဲ့စကားသံကို ကြားပြီးနောက်မှာတော့ ကာရန်နဲ့ ဆာဟာနာတို့ဟာ ပြဿနာတွေ တက်ပါတော့တယ်။ဒီလိုနဲ့ လင်မယားနှစ်ယောက်လုံး ရုန်းကန်နေရတဲ့ကြား အိမ်ချေးငွေတွေ, ဆာဟာနာရဲ့ဖခင်ဖြစ်သူ ဆိုင်အသစ်ဖွင့်တဲ့အတွက် ကူညီလုပ်ကိုင်ပေးနေရတာတွေအပြင် ကလေးတစ်ယောက်ကို ပျိုးထောင်ရဖို့ မလွယ်လှတဲ့ ခေတ်ကြီးမှာ ကာရန်နဲ့ ဆာဟာနာတို့ ဒီကိုယ်ဝန်ကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ .......သူတို့ရဲ့ ဘဝကို ဘယ်လိုတွေ နပန်းလုံးရင်း နှစ်ပါးသွားကြမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 1.26GB / 662MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h ...
movie

Ribbon (2017)

The Book of Life (2014)
The Book of Life (2014) တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့... ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of Life ...
movie

The Book of Life (2014)

2014
The Monkey King (2014) 4.9
The Monkey King (2014) The Monkey King (2014)_____IMDb - 4.9/10  2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ . နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။ နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။ အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ ( Part 2 မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။ )   (ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Ko Nyein Saeyar Aung ပဲဖြစ်ပါတယ်။)   (ဒီဇာတ်ကားကို ကျွန်တော်ကိုယ်တိုင်ဘာသာပြန်ထားခြင်းဖြစ်ရာ အမှားအယွင်းနှင့် လိုအပ်ချက်များရှိပါက... ကျွန်တော့်မှာသာတာဝန်ရှိကြောင်းကြိုတင်အသိပေးပါရစေခင်ဗျာ...)  Filesize : 9.90 GB / 3.06 GB / 1.49 GB Quality : WEB-DL 4K HEVC , 1080p HEVC  , 720p HEVC Format ...
movie

The Monkey King (2014)

2014
4K HEVC
Dog Days (2024) 7.1
Dog Days (2024) Dog Days (2024) **************** အမေရိကန် ဇာတ်လမ်းတွဲဖြစ်တဲ့ Dog Days ကို Remake ပြန်ရိုက်ထားတာဖြစ်ပြီးလက်မှတ်ပေါင်း ၃ သိန်းကျော်ရောင်းရတဲ့အထိ ကြည့်ရှုမှုနှုန်းမြင့်တဲ့ ဒီကားလေးမှာတော့ကမ္ဘာကျော် ဗိသုကာပညာရှင် ဂျိုမင်ဆောအဖြစ် Oscar ဆုရှင်မင်းသမီးကြီး Youn Yuh-Jungအဆောက်အဦပိုင်ရှင် ဂိုမင်ဆန်းအဖြစ် Ehxuma ထဲမှ Yu Hae-Jinတိကုဆေးရုံအုပ် ဂျင်ယောင်းအဖြစ် Pale Moon ဇာတ်လမ်းတွဲထဲမှ Kim Seo-JungMoney Heist ဇာတ်လမ်းတွဲထဲမှ မင်းသားချော Lee Hyun-Woo , Kim Yunjin , Jung Sung-Hwa ,Daniel Henney စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအပြင်ချစ်စရာကောင်းတဲ့ ကလေးမလေး Yoon Chae-Na တို့ အဓိကပါဝင်ထားပြီး ဧည်သည်သရုပ်ဆောင်အဖြစ် Kim Go-Eun မှ ပါဝင်အားဖြည့်ပေးထားပြီးအာဝုလေးတွေကနေ တစ်ဆင့် တွေ့ဆုံဖို့ဖြစ်လာကြတဲ့ လူတွေအချင်းချင်း နှစ်သိမ့်ပေးကြပြီးတော့ခံစားချက်တွေ ဝေမျှကြတာကို ...
movie

Dog Days (2024)

Harold and the Purple Crayon (2024) 6.0
Harold and the Purple Crayon (2024)  Harold and the Purple Crayon ကတော့ ဟာသ၊ စွန့်စားခန်းနဲ့စိတ်ကူးယဉ်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ကလေးတွေရဲ့ဂန္ထဝင်ကာတွန်းဖြစ်တဲ့ Harold ကို အခြေခံရိုက်ကူးထားတာပါ။ကာတွန်းစာအုပ်ထဲကာဟာရိုးလ်ဟာ ခရမ်းရောင် ရောင်စုံခဲတံနဲ့သူဆွဲလိုက်တဲ့အရာတိုင်းက အသက်ဝင်လာပြီး ကာတွန်းကမ္ဘာထဲမှာကိုယ်ပိုင်စွန့်စားခန်းတွေထွက်လေ့ရှိပါတယ်။ ဟာရိုးလ်နဲ့အတူသူငယ်ချင်းတွေဖြစ်တဲ့သမင်နဲ့ဖြူကောင်အပြင် ဇာတ်ကြောင်းပြောသူပါရှိခဲ့ပေမယ့် တစ်နေ့မှာ ဇာတ်ကြောင်းပြောသူရဲ့ အသံကိုမကြားရတော့တဲ့အတွက် ဟာရိုးလ်တစ်ယောက် ပြင်ပကမ္ဘာကိုထွက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရောင်စုံခဲတံနဲ့ဆွဲတဲ့တံခါးကတစ်ဆင့် ပြင်ပကမ္ဘာအစစ်ကိုရောက်ရှိလာတဲ့ဟာရိုးလ်ဟာ တယ်ရီနဲ့မဲလ်တို့သားအမိနဲ့တွေ့ဆုံခဲ့ပြီး အပြန်အလှန်ကူညီကြရင်း ဟာရိုးလ်က သူ့အဖေလို့မှတ်ယူထားတဲ့ဇာတ်ကြောင်းပြောသူကို လိုက်လံရှာဖွေနေခဲ့ပါတယ်။မဲလ်ရဲ့အကူအညီနဲ့ စာကြည့်တိုက်တစ်ခုမှာသွားရှာရာကနေ စာကြည့်တိုက်မှူးဂယ်ရီက ဟာရိုးလ်ရဲ့ဘာမဆိုဖန်တီးနိုင်တဲ့ရောင်စုံခဲတံကိုလောဘတက်ပြီး အပိုင်သိမ်းဖို့ကြံစည်ပါတော့တယ်။ ဟာရိုးလ်ကရောင်စုံခဲတံနဲ့ လူတွေကိုပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပေမယ့်ဂယ်ရီကတော့ သူ့ရဲ့အမုန်းတွေ၊ လက်စားချေလိုစိတ်တွေအတွက်အသုံးချဖို့လုပ်ဆောင်လာတဲ့အခါ ဟာရိုးလ်တစ်ယောက် ကမ္ဘာအစစ်ထဲကသူချစ်တဲ့သူတွေကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…4.77GB / 2.27GB / 1.14GB Quality…WEB-DL 4K HEVC 1080p  / 720p Format…mkv / mp4 Duration….1h 30m Genre ….. Adventure , Family , ...
movie

Harold and the Purple Crayon (2024)

4K HEVC
Despicable Me (2010) 7.6
Despicable Me (2010) Despicable Me (2010) Genre – Animation, Adventure, Comedy IMDB – 7.6/10ဘနားနားလို့ခေါ်တဲ့ ပြည်သူ့အချစ်တော် Minion လေးတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Animation လေး ဖြစ်ပါတယ်။ Gru နေရာ အသံသရုပ်ဆောင်ကတော့ ဟာသမင်းသားကြီး Steve Carell ဖြစ်ပြီး တခြားနာမည်ကျော်တွေပဲ သရုပ်ဆောင်ပေးထားကြပါတယ်။ ဇာတ်လမ်းလေးကတော့ Gru ဆိုတဲ့ အင်မတန်မှ စိတ်ပုပ်ပြီး ဉာဏ်ကောင်းတဲ့ ပါရမီရှင် သူခိုးကြီးတစ်ယောက်ဟာ သူ့ တပည့်ကျော် Minion တွေနဲ့အတူ ကမ္ဘာတစ်လွှား ဒုစရိုက်မှုတွေ ကျူးလွန်နေခဲ့ပါတယ်။ နောက်ဆုံးပြောရမယ်ဆို သူများထက် နဖူးဂျိုပေါက်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကိုပါ ခိုးချင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မဟာရန်ဖက်လို့ ပြောလို့ရတဲ့ Vector ဆိုတဲ့ကောင်ကလည်း သူလုပ်သမျှကို လိုက်လိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေတော့ Gru တစ်ယောက် ခွေးဖြစ်နေတာပေါ့။ ဒါနဲ့ မိဘမဲ့ကလေးမလေး ၃ ...
movie

Despicable Me (2010)

4K HEVC
Tiger Cruise (2004) 5.8
Tiger Cruise (2004) Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူအချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကိုခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကိုအပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေနေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။  ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှုဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက်ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့အညွှန်းနဲ့ ...
movie

Tiger Cruise (2004)

Christmas on Cobbler Street (2023)
Christmas on Cobbler Street (2023)  IMDb - 7.1/10နော်ဝေမှာ ခုနစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာယူခဲ့တဲ့ ဒါရိုက်တာ Mikal Hovlandရဲ့လက်ရာ ခရစ္စမတ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် ရထားခိုးစီးလာရင်း မြို့ကလေးတစ်မြို့ကဘူတာမှာ ခုန်ဆင်းခဲ့ရာကစပါတယ်။ စစ်ပွဲကြီးပြီးကာစ ခရစ္စမတ်အချိန်ကာလကိုရောက်တော့မှာဖြစ်လို့ စစ်ပွဲကြီးအပြီး ပြန်လည်ကျင်းပရမဲ့ ခရစ္စမတ်ကို အားလုံးစောင့်မျှော်နေကြချိန်လည်းဖြစ်။ စစ်ပွဲပြီးကာစအချိန်ဆိုတော့ ရထားပေါ်မှာခိုးစီးရင်း ခုန်ချနေခဲ့တဲ့ ကလေးမလေးကို ရဲတွေကလည်း မသင်္ကာလို့ လိုက်ရှာနေကြပါတယ်။ခိုကိုးရာမဲ့နေတဲ့ အန်နာလေး အသိမပေးဘဲဝင်တည်းခိုမိတာကတော့ ဖိနပ်ချုပ်သမားကြီး အန်ဒါဆန်ရဲ့အိမ်။ အန်ဒါဆန်ဆိုတာက နှစ်နဲ့ချီအောင် အိမ်ထဲကအိမ်ပြင်မထွက်၊ ဘယ်သူနဲ့မှအဆက်အဆံမလုပ်တဲ့လူ့ဂွစာကြီး။ ဒီလိုနဲ့ အန်နာတစ်ယောက် လူ့ဂွစာကြီးမစ္စတာအန်ဒါဆန်ရဲ့ ဖိနပ်ချုပ်တဲ့အလုပ်ရုံလေးမှာ ခဏတာတည်းခိုဖို့ တောင်းဆိုရာကစ ကြည်နူးလွမ်းဆွတ်ဖွယ်ရာ ခရစ္စမတ်ရုပ်ရှင်လေးတစ်ကားဖြစ်လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre... Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Christmas on Cobbler Street (2023)

Oddball (2015) 6.5
Oddball (2015)  IMDb 6.4/10Rotten Tomatoes 87%ပေါ့ပေါ့ပါးပါးဖြစ်ပြီး ပိတ်ရက်မှာ မိသားစုတစ်စုလုံး အတူကြည့်ရှုခံစားနိုင်မဲ့ ဇာတ်ကားလေးရှာနေပါသလား? ဒါဆို ဒီရုပ်ရှင်ကလူကြီးမင်းတို့အတွက်ဖြစ်မှာပါ။နာမည်ကိုက အူကြောင်ကြောင်လေးလို့ အဓိပ္ပာယ်ရတဲ့ ခွေးလေးOddball ရဲ့ တစ်ရက်တာဟာ အလွဲပေါင်းတစ်သိန်းနဲ့ စတင်ပါတယ်။ခြံမွေးတိရစ္ဆာန်တွေကို စောင့်ကြပ်ရတဲ့ မာရန်မာခွေးမျိုးဖြစ်ပေမဲ့သူ့သခင်မွေးထားတဲ့ ကြက်တွေကို နည်းနည်းမှ မစောင့်ရှောက်ပေးတတ်တဲ့ ကောင်လေးပါ။တစ်နေ့ သူတို့နေထိုင်တဲ့ ဝါနမ်ဘိုးမြို့လေးရဲ့ အလယ်ကျွန်းလို့ခေါ်တဲ့နေရာလေးတစ်ခုမှာ ဒေသခံပင်ဂွင်းလေးတွေ မျိုးတုံးမဲ့ အခြေအနေကိုဆိုက်ရောက်လာပါတော့တယ်။ အဲဒီအခါမှာ ကြက်ခြံလယ်သမားကြီးဆွမ်ပီဟာ သူ့သမီး အမ်မလီနဲ့ မြေးမလေးဖြစ်သူ လစ်ဗီနဲ့အတူ ပင်ဂွင်းဘေးမဲ့စခန်းကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဖြစ်ရပ်မှန်အခြေပြုဇာတ်လမ်း ဖြစ်တဲ့အလျောက် ပျော်ရွှင်စရာဇာတ်ကွက်တွေကိုလည်း ကြည့်ရှုနိုင်ပြီး အသိပညာဗဟုသုတလည်းရရှိနိုင်မဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ File size…1.58GB / 812MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 35m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Oddball (2015)

Lolo and the Kid (2024)
Lolo and the Kid (2024)  အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

Lolo and the Kid (2024)